လျှိုမြောင်နှင်းဝံပုလွေ၊ သုံးပေရွှေခန္ဓာ(၂)
Vol. 24 Ch. 348
မုန့်ချုံက လျှိုမြောင်၏ အနက်ပိုင်းသို့ ကြည့်သည်။ ကျစ်ယွင်က အပြေးရောက်လာ၏။ သူမ၏ ကျောက်စိမ်းကဲ့သို့ မျက်နှာက နီရဲနေပြီး မုန့်ချုံ၏ ခန္ဓာကိုယ်ပေါ်၌ စတင်တွယ်ကပ်သည်။
သူ၏ ထွားကြိုင်းသည့် ကြွက်သားများမှာ ကြမ်းကြုတ်မှုတို့ဖြင့် ပြည့်နက်နေပြီး သူမ၏ နှလုံးသားကို အခုန်မြန်စေ၏။
"ဖက်.."
မုန့်ချုံက သူမ၏ လက်ကို ပုတ်ထုတ်ရင်းက မျက်မှောင်ကျုံ့သွားသည်။
"နင်ရဲ့လက်တွေကို ငြိမ်ငြိမ်နေ.."
ကျစ်ယွင်က ပြုံး၏။
"မုန့်ချုံ... အဆင့်မြင့်တက်သွားတဲ့အတွက် ဂုဏ်ယူပါတယ်.."
"ရတယ်... သွားကြရအောင်.."
မုန့်ချုံသည် လျှိုမြောင်အတွင်းသို့ ဆက်လက် ဝင်ရောက်သွား၏။ မကြာခင် သူသည် တောင်နံရံတစ်ခု၏ အောက်မှ အဆင့်ငါး စိတ်ဝိဉာဉ်ဆေးပင်တစ်ပင်ကို တွေ့လိုက်ရသည်။
စိတ်ဝိဉာဉ်ဆေးပင်မှာ ကျောက်သလင်းကဲ့သို့ ကြည်လင်ပြီး ဖြူဖွေးနေသည့် နှင်းမြေပြင်နှင့် အရောင်စပ်နေကာ လွဲချော်သွားရန် လွယ်ကူလှသည်။
ကျစ်ယွင်က ထိုစိတ်ဝိဉာဉ်ဆေးပင်ကို တူးယူ၏။ သူတို့သည် ရှေ့ဆက်လျှောက်သွားရင်းမှ ပိုမိုများပြားသည့် အဆင့်ငါး စိတ်ဝိဉာဉ်ဆေးပင်များကို အောင်မြင်စွာ ရှာဖွေတွေ့ရှိခဲ့သည်။
"မဟုတ်သေးဘူး... အဆင့်ငါး စိတ်ဝိဉာဉ်ဆေးပင်တွေက အရမ်းရှားပါးတယ် မဟုတ်ဘူးလား။ ဘာလို့ ဒီနေရာမှာ အများကြီး ရှိနေရတာလဲ.."
မုန့်ချုံက မျက်မှောင်ကျုံ့သွားပြီး ပြောသည်။
"အဲ့ဒါက နတ်ဆိုးအရှင်သခင်ကြီးကို ဒီနေရာမှာ လိုက်လံသတ်ဖြတ်ခဲ့တဲ့လူတွေ သယ်ဆောင်လာတဲ့ စိတ်ဝိဉာဉ်ဆေးပင် အစေ့တွေ ကျသွားလို့ ဖြစ်လိမ့်မယ်။ အချိန်ကြာလာပြီးတဲ့နောက်မှာ အဲ့ဒါတွေက အဆင့်ငါးစိတ်ဝိဉာဉ်ဆေးပင်တွေအဖြစ် ကြီးထွားလာခဲ့တာ.."
ကျစ်ယွင်က ခန့်မှန်းချက်ပြု၏။
မုန့်ချုံက သူမကိုကြည့်သည်။ ဒီမိန်းမသည် ကိစ္စများစွာကို သိရှိပြီး နတ်ဆိုးအမဲလိုက်ခြင်း တိုက်ပွဲပြင်နှင့် ပတ်သက်သည့် အတွင်းပိုင်း အကြောင်းအရာအချို့ကိုလည်း နားလည်လောက်မှာပါ။
"ဒီနေရာမှာ နင်က ဘာလာရှာတာလဲ.."
မုန့်ချုံက လေးနက်စွာမေး၏။
"ယွီလင့်.."
ကျစ်ယွင်၏ ပုံစံက လေးနက်သွားသည်။
"ယွီလင့်နဲ့ဆိုရင် လင်းယွီဂိတ်တံခါးကို ဝင်လို့ရပြီ။ မုန့်ချုံ.. အချိန်ကျလာရင် နင်ငါနဲ့လိုက်ခဲ့လေ.."
သူမက မုန့်ချုံကို မျှော်လင့်သည့်အကြည့်ဖြင့် ကြည့်၏။
"အဲ့အကြောင်းကို ပြီးမှ ပြောတာပေါ့.."
မုန့်ချုံက အသာသာပြန်ကြားသည်။ လင်းယွီဂိတ်တံခါး၏ အကြောင်းကို သူ့အနေနှင့် နားလည်ခြင်းမရှိပါ။
ခန့်မှန်းချက်အရ လက်ရှိ သူ၏ခွန်အားမှာ လုံလောက်ခြင်း မရှိသေးပေ။
ယွီလင့် "ကျောက်စိမ်းတံဆိပ်ပြား.." အကြောင်းမှာတော့ သူ့အနေနှင့် ဆက်လက် မေးမြန်းနေရန် အရမ်းကြီး စိတ်ဝင်စားခြင်း မရှိပေ။
"တစ်ခုခု မှားယွင်းနေတယ်.."
မုန့်ချုံက ရုတ်တရက် ရပ်တန့်သွားသည်။ သူ၏ မျက်လုံးများက စူးစိုက်သွားပြီး ရှေ့သို့ တည့်မတ်စွာ ကြည့်နေ၏။
အရှေ့ဘက်တွင် စွမ်းအင်စုတစ်ခု ရှိနေ၏။ နှင်းပြင်ထဲ၌ ကြီးမားသည့် ခြေရာများကိုလည်း သတိထားမိလိုက်သည်။ ဤသည်မှာ သားရဲတစ်မျိုးမျိုး၏ ခြေရာဖြစ်ပေလိမ့်မည်။
"အဲ့ဒါကဘာလဲ.."
ကျစ်ယွင်၏ မျက်နှာက ပြောင်းလဲသွား၏။
သူမတို့ ပေါ်လာသည်နှင့် လျှိုမြောင်၏ အနက်ပိုင်းရှိ သားရဲက တစ်ခုခုကို အာရုံခံမိပုံပေါ်ပြီး အသံပြုသည်။
မကြာခင်တွင် မြင်ကွင်းအတွင်း၌ လူသားသဏ္ဍာန် သားရဲကြီးတစ်ကောင် ပေါ်လာခဲ့၏။ ဤသည်မှာတော့ ဝက်ဝံတစ်ကောင် ဖြစ်သည်။ မြင့်မားစွာ လျှောက်လှမ်းလာရင်းမှ အဖြူရောင်အမွှေးများက နှင်းရောင်နှင့် ရောစွက်နေကာ လမ်းလျှောက်နေသည့် နှင်းလုံးကြီးတစ်ခုနှင့် တူညီနေပါတော့သည်။
ဝက်ဝံကြီးသည် နှစ်မီတာလောက် မြင့်မားပြီး ဘီလူးတစ်ကောင်သဖွယ် ရှိနေ၏။ မုန့်ချုံကို ပိုမိုလေးနက်သွားစေသည်မှာ ထိုဝံပုလွေသည် လက်တစ်ဖက်၌ လှံတိုတစ်ချောင်းကို ကိုင်ထားခြင်း ဖြစ်သည်။
တကယ်တော့ လှံက တိုနေခြင်း မဟုတ်ပါ။ ဝံပုလွေ၏ ကြီးမားသော ခန္ဓာကိုယ်ကြောင့်သာ သေးငယ်သွားပုံပေါ်ခြင်း ဖြစ်၏။
"မုန့်ချုံ... ငါတို့တွေ ပြေးကြမလား.."
ကျစ်ယွင်၏ မျက်နှာက ပြောင်းလဲသွားပြီး ပြောသည်။
"နင်နောက်ဆုတ်နေ.."
မုန့်ချုံက ဆေဘာကို ဆွဲထုတ်ကာ လေးနက်စွာပြောသည်။ ဒီဝက်ဝံနှင့် ပတ်သက်ပြီး တစ်ခုခုမှားယွင်းနေကြောင်းကို သူသတိထားမိ၏။ ၎င်း၏ မျက်လုံးများထဲတွင် သားရဲတစ်ကောင်ကဲ့သို့ အကြည့်မျိုး ရှိမနေပါ။
"ဒါပေမယ့်..."
ကျစ်ယွင်မှာ အလွန် စိုးရိမ်နေ၏။
ဝကိဝံ၏ ပိုမိုပိုမိုကာ နီးကပ်လာပြီး ကြမ်းကြုတ်သည့် အရှိန်အဝါကို ခံစားရလာပြီးနောက် ကျစ်ယွင်မှာ နောက်ဆုတ်ရန်သာ တတ်နိုင်၏။ မုန့်ချုံအတွက် ဝန်တစ်ခု ဖြစ်လာမည်ကို စိုးရပါသည်။
အကွာအဝေးတစ်ခုဆီသို့ ရောက်ရှိပြီးနောက် သေးငယ်သည့် စာအုပ်ကိုထုတ်ကာ လှန်လောကြည့်သည်။
"ဒီနေရာမှာ ဝက်ဝံတစ်ကောင် ရှိနေမယ်လို့ မပြောထားပါဘူး.."
"ဘုန်း.."
ဝက်ဝံက ပြေးတက်လာရင်းက လက်ထဲရှိ လှံတိုကို မလိုက်သည်။ လှံ၏ ထိပ်ချွန်က အေးစက်သည့် အလင်းဖြင့် တောက်ပနေပြီး စူးရှသည့် အငွေ့အသက်တစ်ခု ဖြတ်သန်းလာခဲ့သည်။ လှံအလင်းက ထူထဲသည့် နှင်းများကို ဖြတ်သန်းကာ မုန့်ချုံဆီသို့ ထိုးစိုက်လာခဲ့၏။
"ဘုန်း.."
မုန့်ချုံ၏ ခန္ဓာကိုယ်မှ ကြီးစိုးသည့် အရှိန်အဝါတစ်ခု ထွက်ပေါ်လာခဲ့သည်။ ဆေဘာကို လွှဲရမ်းကာ လှံအလင်းကို တစ်ချက်တည်းနှင့် ဖျက်စီးလိုက်သည်။ သူသည် နောက်ဆုံးမည့်အစား ရှေ့သို့တက်ကာ တစ်ခါတည်း ရင်ဆိုင်တိုက်ခိုက်၏။
ထုံးရွှမ်အဆင့်သို့ ရောက်ရှိပြီးနောက် စွမ်းရည်များကို လေ့ကျင့်ရန်အတွက် ပြည့်စုံသည့် အခွင့်အရေးတစ်ခု ရောက်ရှိလာခဲ့ပါပြီ။ ထို့အပြင် ဒီနှင်းဝက်ဝံနှင့် ပတ်သက်ပြီး တစ်ခုခုမူမမှန်ပေ။ သူသာ သတ်ဖြတ်ပြီးပါက အမြတ်များစွာ ရလာနိုင်၏။
နှင်းဖြူရောင် အမွှေးများကို ခွာကာ ဆရာဖြစ်သူအား လက်ဆောင်အဖြစ် ပေးပါက ကောင်းပေလိမ့်မည်။
ဤသည်မှာ မုန့်ချုံ၏ အတွေးများ ဖြစ်၏။
ဝံပုလွေမှာ မုန့်ချုံ၏ ခွန်အားကြောင့် အံ့သြသွားပုံပေါ်သည်။ လှံအလင်းက ထပ်မံမြင့်တက်လာပြီး ကြယ်ကဲ့သို့ ထိုအလင်းက အလွန် လျှင်မြန်လှသည်။
လျှပ်တပြက်အတွင်းတွင် လှံချက်၁၀၀လောက် ထွက်ပေါ်လာခဲ့၏။
မုန့်ချုံက ဒေါသတကြီး မာန်ဖီပြီးနောက် လေမိုးကြိုးတို့၏ အစစ်အမှန် အဓိပ္ပါယ်နှင့်အတူ ဆေဘာအလင်းက ဖြာထွက်နေပါသည်။ သူသည် ဆက်တိုက်ခုတ်ပိုင်းနေပြီး ဝက်ဝံကို တိုက်ခိုက်၏။
သို့ပေမယ့် ဝက်ဝံမှာ မြင့်မားကာ သန်မာလှသည်။
လွှမ်းမိုးထားသည့် ခန္ဓာကိုယ်ကြောင့် အားသာချက်အချို့ ရှိနေ၏။
မုန့်ချုံမှာ ကြံ့ခိုင်ထွားကြိုင်းနေပြီး ဖြစ်သည်။ သို့ပေမယ့် ဝက်ဝံ၏ ရှေ့တွင် ကလေးငယ်တစ်ယောက်ကဲ့သို့ ရှိနေ၏။ ဓားနှင့်လှံတို့၏ ထိရိုက်ချက်က ကျယ်လောင်သော အသံများကို ထွက်ပေါ်နေစေသည်။မုန့်ချုံမှာ သူ၏ လက်ဝါးတို့ တုန်ခါနေမှုကို ခံစားရ၏။ ဆေဘာမှာလည်း အနည်းငယ် တုန်ခါနေပါသည်။
သူ၏ မျက်နှာက ပြောင်းလဲသွားသည်။ ဒီဝက်ဝံ၏ လှံမှာ သာမန်ရတနာတစ်ခု မဟုတ်ပေ။ တိုက်ပွဲမှာ ပိုမိုပိုမိုကာ ပြင်းထန်လာခဲ့၏။ မုန့်ချုံ၏ ဆေဘာအလင်းက ကောင်းကင်သို့ ဖြတ်သန်း သွားသည်။ ကြီးစိုးလှသည့် ဆေဘာဆန္ဒက ဖြတ်သန်း တိုက်ခိုက်လာ၏။
သို့ရာတွင် ဝက်ဝံကြီးဆီမှလဲ ကြီးမားသည့် ဖိအားတစ်ခု ထွက်ပေါ်လာခဲ့သည်။ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ စွမ်းအားကဲ့သို့ သူ၏ စိတ်ဝိဉာဉ်အသိစိတ်ကို ဖိနှိပ့်ရန် ကြိုးစား၏။
သို့ရာတွင် ၎င်းကို ကြီးစိုးခြင်းဆေဘာဆန္ဒက ချေဖျက်ကာ အလုပ်ဖြစ်ခြင်း မရှိပေ။
'တစ်ဝက်တစ်ပြက် ကောင်းကင်လူသားအဆင့် ဝံပုလွေလား..'
မုန့်ချုံက မျက်မှောင်ကျုံ့သွားသည်။ ဒီစွမ်းအားသည် ယင်လုံ့စံအိမ်သခင်က ထုတ်လွှတ်တုန်းက စွမ်းအားထက် ပိုမိုကာပင် သန့်စင်၏။ သူ၏ စိတ်ဝိဉာဉ် အသိစိတ်အပေါ် ပိုမိုတိုက်ရိုက်ကျသည့် ဖိအားအား ဖြစ်ပေါ်စေသည်။
သို့ပေမယ့် မည်သို့ပင် ဆိုစေကာမူ အားနည်းနေပုံ ပေါ်၏။ ထို့အပြင် သူ့အတွက် ရင်းနှီးသည့် ခံစားချက်တစ်ခုလည်း ပေးစွမ်းနေပါသည်။ ယခုကဲ့သို့သော စိတ်ပိုင်းဆိုင်ရာ ဖိနှိပ့်မှုမျိုးနှင့် လှိုင်းထမှုမျိုးကို သူတွေ့ဖူး၏။
"မင်းက ဘယ်သူလဲ.."
ဝက်ဝံကို ဆေဘာဖြင့် ခုတ်ပိုင်းရင်းက မုန့်ချုံကညှို့မှိုင်းစွာ မေးသည်။ ဝက်ဝံကြီးသည် ပေါ်လာကတည်းက သားရဲတစ်ကောင်ကဲ့သို့ ခေါင်းကိုမော့ကာ မာန်ဖီခြင်းမပြုပေ။ ဤသည်မှာ တစ်ခုခု မှားယွင်းနေပါပြီ။ ဉာဏ်အလင်းက ပိုမိုပိုမိုကာ ပြင်းထန်လာပြီး ဝက်ဝံ၏ အရှိန်အဝါက ပိုမိုသန်မာလာခဲ့၏။
သူ၏ မျက်လုံးများသည် ဓားကဲ့သို့ စူးရှလာပြီး ပိုမိုကြမ်းကြုတ်စွာဖြင့် တိုက်ခိုက်လာခဲ့သည်။ သူ၏ ခွန်အားတို့အား ပြန်လည်ရရှိလာသည့်နှယ် ရှိ၏။
ဝက်ဝံကြီး၏ ပတ်ဝန်းကျင်ရှိ အရှိန်အဝါတို့မှာလည်း ပိုမိုထူထဲလာခဲ့သည်။ မုန့်ချုံသည် ဖိအားကို ခံစားလာရ၏။
"ဘုန်း.."
ရုတ်တရက် ဝက်ဝံကြီးက လှံကို လွှဲရမ်းကာ မုန့်ချုံ၏ ဆေဘာနှင့် ထိပ်တိုက်ရင်ဆိုင်မိစေသည်။ ထိုအခိုက်အတန့်၌ ၎င်းသည် တွက်ချက်ထားသည့်ပုံ ပေါ်ပြီး ရုတ်တရက် အခြားလက်သည်း တစ်ဖက်ဖြင့် ရိုက်ချလိုက်၏။
ထိုရိုက်ချက်သည် မုန့်ချုံကို ဦးတည်ချက်မရှိပါ။ ဓားနှင့်လှံတို့၏ ဆုံချက်ပေါ်သို့ ဖြစ်၏။
"ဘုန်း.."
မုန့်ချုံမှာ ကြီးမားသော အားတစ်ခု ဆေဘာအတွင်းမှ ဝင်ရောက်လာမှုကို ခံစားလိုက်ရသည်။ လှံက တုန်ခါနေပြီး သူ၏ဆေဘာကို လွင့်စင်ထွက်သွားအောင် ကြိုးစား၏။
ဝက်ဝံကြီးတွင် ကြွယ်ဝသည့် တိုက်ခိုက်မှု အတွေ့အကြုံ ရှိပါသည်။ ၎င်းသည် မရေမတွက်နိုင်သည့် တိုက်ပွဲများစွာကို ကြုံတွေ့ခဲ့သည့် စွမ်းအားကြီးမားသူတစ်ယောက်နှယ် ရှိနေ၏။ တိုက်ပွဲအတွင်းတွင် ရန်သူ၏ လက်နက်အား လုယူနိုင်သည့် အတတ်တို့ကိုပင် တတ်မြောက်ထားသည်။
မုန့်ချုံ၏ ပုံစံက မပြောင်းမလဲရှိနေ၏။ သူသည် လေမိုးကြိုးအားဖြင့် လက်သီးတစ်ချက်ကို ထုတ်လွှတ်လိုက်သည်။ လှဲကို တည့်မတ်စွာ ထိမှန်ပြီး လျှပ်တပြက်အတွင်းတွင် ဓားနှင့်လှံတို့ လက်ထဲမှ နှစ်ခုလုံး လွင့်စင်သွားကြ၏။
ဝက်ဝံကြီးက ၎င်းနှင့်ပတ်သက်ပြီး ဂရုစိုက်ခြင်း မရှိပါ။ ဝံပုလွေလက်အစုံဖြင့် ရိုက်ချလာ၏။ စွမ်းအားကြီးမားသည့် လက်ဝါးအားက တောင်ကြီးတစ်ခုသဖွယ် မုန့်ချုံဆီသို့ ဖိနှိပ့်လာခဲ့သည်။ နှင်းများကို လွင့်စင်သွားစေ၏။
မုန့်ချုံက လက်သီးနှစ်ဖက်ကို ပြန်ထိုးသည်။ ဝက်ဝံကြီး၏ လက်များနှင့် ထိပ်တိုက်တွေ့ဆုံ၏။
လျှိုမြောင်တစ်လျှောက်လုံး တိုက်ပွဲ၏ အသံများဖြင့် ပဲ့တင်ထပ်နေပါသည်။ မြေပြင်ပေါ်တွင် ကြီးမားသည့် အပေါက်ကြီးများ ပေါ်လာကြ၏။
ဝက်ဝံကြီးမှာ မြင့်မားကာ သန်မာလှသည်။ ထွားကြိုင်းသည့် ခန္ဓာကိုယ်နှင့် ကြီးမားသည့် ခွန်အားရှိ၏။ သူသည် အသာစီးရနေပြီး လက်ဝါးချက်ကို ဆက်တိုက် ရိုက်ထုတ်ကာ ခြေထောက်များနှင့် ကန်ရန်အတွက် အခွင့်အရေးကိုလည်း ရှာနေပါသည်။
မည်သို့ပင်ရှိစေကာမူ ဤသည်မှာ ဝက်ဝံတစ်ကောင် တိုက်ခိုက်သည့် အသွင်အပြင် မဟုတ်ပေ။ မုန့်ချုံ၏ အရှိန်အဝါက မြင့်တက်လာပြီး သူ၏ မျက်လုံးများက အေးစက်လာခဲ့သည်။
သူသည် ဝက်ဝံ၏ ဖိအားနှင့် လှိုင်းထမှုတို့ကို ရင်းနှီးလှသည်ဟု ပိုမိုပိုမိုကာ ခံစားလာရ၏။ အခိုက်အတန့်တစ်ခုတွင် သူ၏ စိတ်ထဲ၌ ဂူကောင်တစ်ကောင်၏ အသွင်က ပေါ်လာခဲ့သည်။ အကြီးအကဲဝူ၏ ပုံရိပ်က ပေါ်လာခဲ့၏။
အကြီးအကဲဝူက အလွန်အားနည်းကာ ဂူကောင်မှာလည်း သန်မာခြင်း မရှိပေမယ့် ထုတ်လွှတ်သည့် ဖိအားနှင့် လှိုင်းထမှုမှာတော့ ဝံပုလွေနှင့် တူညီလုနီးပါး ရှိနေပါသည်။ ဒီဝံပုလွေ၏ ခန္ဓာကိုယ်ကို တစ်ယောက်ယောက်က ဝင်စီးထား၏။
မုန့်ချုံက ဒေါသတကြီး အော်လိုက်ပြီးနောက် အေးစက်စွာ ပြောသည်။
"မင်းဘာသာမင်း ဘယ်သူပဲဖြစ်ဖြစ် ဒီနေ့မှာ သေရမယ်.."
ဒီအချိန်၌ သူသည် ဒေါသတို့ဖြင့် ပြည့်နက်နေပါသည်။
အကြီးအကဲဝူနှင့် တိုက်ပွဲတုန်းကတွင်လည်း သေလုနီးပါး ဖြစ်ပွားခဲ့၏။ ယခုလည်း တစ်ဖက်လူသည် ရှင်းမပြနိုင်စွာဖြင့် သူ့ကို တစ်ခါတည်း သတ်ဖြတ်လိုလေသည်။
"စွမ်းအားကြီးမားတဲ့ သားရဲခန္ဓာကို မှီခိုပြီး... အသာစီးရနိုင်မယ်လို့ ထင်နေတာလား.."
တစ်ဖက်လူ၏ တဖြည်းဖြည်း နီးကပ်လာမှုကို ကြည့်ကာ ရည်ရွယ်ချက်ကို သတိထားမိပြီးနောက် မုန့်ချုံ သိလိုက်သည်။ ရန်သူသည် ကြံ့ခိုင်ထွားကြိုင်းသည့် သားရဲခန္ဓာကို အသုံးပြုကာ သူ့ကို အနီးကပ် တိုက်ခိုက်နေလို၏။
"ဘုန်း.."
ထိုအချိန်၌ မုန့်ချုံ၏ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းက ထွက်ပေါ်လာခဲ့သည်။
"ခန္ဓာကိုယ်ခွန်အားနဲ့ အနီးကပ် ယှဉ်ပြိုင်ချင်တာလား။ ငါက ဘယ်သူ့ကိုမှ မကြောက်ဘူးကွ.."
ရွှေခန္ဓာသွေးကြောမှတ်များက လှည့်လည်နေပြီး လျှပ်တပြက်အတွင်း သွေးကြောမှတ်များ အတွင်းတွင် ပျိုးထောင်ထားသည့် စွမ်းအားတို့အား လှုံ့ဆော်လိုက်၏။
ဝက်ဝံကြီး၏ အံ့ဩနေသည့် အကြည့်အောက်တွင် မုန့်ချုံ၏ ခန္ဓာကိုယ်က ကြီးထွားလာပြီး အဝတ်များက လျှပ်တပြက်အတွင်း ပျက်စီးသွားခဲ့သည်။ ခန္ဓာကိုယ်တဝိုက်တွင် ရွှေရောင်အလင်းက လှည့်လည်နေကာ ကြီးမားသည့် ကြွက်သားများ၌ ကြမ်းကြုတ်သည့် စွမ်းအားတို့ ပြည့်နှက်နေပါသည်။
သူ၏ မျက်လုံးများက အရိုင်းဆန်ပြီး ဂတုံးပြောင်က တောက်ပနေ၏။ မုန့်ချုံက ဒေါသတကြီး မာန်ဖီပြီးနောက် လက်သီးကိုဆုတ်ကာ ဝက်ဝံကို ခေါင်းငုံ့ကြည့်သည်။
သုံးမီတာ ရွှေခန္ဓာအား အသုံးပြုမှုနှင့်အတူ အခြေအနေက ပြောင်းပြန် ဖြစ်သွား၏။ သူသည် ပိုမိုအရပ်ရှည်သည်။ ပိုမိုသန်မာသည်။ ပိုမို စွမ်းအားကြီးမားသည်။
ဝက်ဝံကြီးမှာ မှင်သက်သွား၏။ သူ၏ ခန္ဓာကိုယ်က အကြိမ်အနည်းငယ် တုန်ခါနေပြီးနောက် မျက်လုံးများ၌ ထိတ်လန့်မှုတို့ ပေါ်လာခဲ့သည်။ သို့ပေမယ့် ကြမ်းကြုတ်မှုအချို့လည်း ရှိနေ၏။
"လာခဲ့... အနီးကပ် တိုက်ခိုက်ကြမယ်.."
မုန့်ချုံက အပြုံးတစ်ခုဖြင့် ပြောသည်။ သူ၏ လက်သီး၌ လေနှင့်မိုးကြိုးတို့ လှိုင်းထလာပြီး ပြင်းထန်စွာဖြင့် ထိုးနှက်၏။
"ဝေါင်း.."
ဝက်ဝံကြီးက ပထမဆုံးအကြိမ် အော်၏။ခြေချောင်းလက်ချောင်း အားလုံးတို့ မြေပြင်ပေါ်သို့ လေးဘက်ထောက်သွားပြီး မုန့်ချုံဆီသို့ ပြေးဝင်လာခဲ့သည်။
မုန့်ချုံ၏ မျက်နှာက အေးခဲသွား၏။ ရေးတေးတေး ခံစားနေရသည့် လှိုင်းထမှုသည် ဝံပုလွေ၏ ခန္ဓာကိုယ်မှ ပျောက်ကွယ်သွားသည့်ပုံ ပေါ်၏။ အခြားတစ်နေရာတွင် သွားရောက် ပုန်းအောင်းနေသည်လား။
"အန္တရာယ်.."
သို့ပေမယ့် သူက ကြောက်ရွံ့ခြင်းမရှိပါ။ သုံးမီတာ ရွှေခန္ဓာကို အသုံးပြုပြီးနောက် ယခုအချိန်၌ သူသည် ပြိုင်ဘက်ကင်းနေပြီး ဖြစ်၏။