← Chapters

ကြီးမားသည့် ရရှိမှုများ၊ လင်းနယ်မြေမှ သတင်း

Vol. 24 Ch. 349

ကြီးမားသည့် ရရှိမှုများ၊ လင်းနယ်မြေမှ သတင်း

Vol. 24 Ch. 349

လျှိုမြောင်အတွင်းတွင် နှင်းများက ဂယက်ထနေပြီး ဆယ်ပေရှိသည့် ရွှေရောင် လူ့ဘီလူးကြီးက နှင်းဝက်တံနှင့် ပြင်းထန်စွာ တိုက်ခိုက်နေ၏။ မျက်စိတစ်မှိတ် အတွင်းတွင် နှင်းဝက်ဝံကို လွင့်ပျံထွက်သွားစေသည်။

မလှမ်းမကမ်းရှိ ကျစ်ယွင်မှာ လုံးဝ ကြောင်တောင်နေ၏။

မုန့်ချုံသည် ကြမ်းကြုတ်သည့် လူ့ဘီလူးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်လား။ ဤသည်မှာ မည်ကဲ့သို့သော သိုင်းပညာ ဖြစ်သနည်း။ ကြားပင် ကြားဖူးခြင်း မရှိပေ။

ဒီအချိန်၌ ထိုကြီးမားသည့် ဝက်ဝံကြီးမှာ မုန့်ချုံ၏ အပြိုင်ဘက် မဟုတ်ပုံ ပေါ်၏။ ဒေါသတကြီး မာန်ဖီကာ မုန့်ချုံ၏ လက်မောင်းကို ကိုက်ဖျက်သည်။ သို့ပေမယ့် သွားရာပင် ကျန်ရစ်ခြင်း မရှိပေ။ အဲ့ဒီအစား သွားများပင် ကျိုးထွက်ကုန်၏။

“သေလိုက်တော့”

မုန့်ချုံက ဝက်ဝံ၏ ဦးခေါင်းပေါ်သို့ လက်သီးတစ်လုံးဖြင့် ထိုးလိုက်သည်။

ထိုအချိန်၌ လှိုင်းထမှုက ပြန်လည် ရောက်ရှိလာ၏။ ၎င်းသည် အလွန် ကြမ်းတမ်းစွာဖြင့် သူ့ဆီသို့ ပြေးဝင်လာကာ စူးရှသည့် ဓါးတစ်ချောင်းနှယ် အတွေးများအတွင်းသို့ ထိုးဖောက်ဝင်ရောက်ရန် ကြိုးစားသည်။

“ဟန့်”

မုန့်ချုံက အေးစက်စွာ နှာခေါင်းရှုံ့သည်။ ကြီးစိုးသည့် ဓါးဆန္ဒတစ်ခု ထွက်ပေါ်လာပြီး လေနှင့်မိုးကြိုး၏ အစစ်အမှန် အဓိပ္ပာယ််နှင့်အတူ အရပ်မျက်နှာ အားလုံးတို့ဆီသို့ ပြန့်လွင့်သွားသည်။

ထိုအချိန်၌ သူ၏စိတ်ထဲတွင် ဆရာဖြစ်သူ၏ နတ်ဘုရားသတ်ဖြတ်ခြင်း ဓါးချက်အား သရုပ်ပြသည့် အခိုက်အတန့်လည်း ပေါ်လာခဲ့၏။ ဆက်တိုက် မြင်ယောင်မှုနှင့် အားလှိုင်းများက သူ့ကို တဖြည်းဖြည်း ဉာဏ်အလင်းပွင့်မှု အချို့အား ရရှိလာစေသည်။ နတ်ဘုရားသတ်ဖြတ်ခြင်း ဓါးချက်၏ သဘောတရားအား နားလည်လာသည့်နှယ် ရှိ၏။

ထိုအခိုက်အတန့်တွင် လျှိုမြောင်ရှိ အေးစက်မှုနှင့် ယှက်နွယ်ကာ ကြီးစိုးသည့် ဓါးဆန္ဒနှင့် လေနှင့်မိုးကြိုးတို့၏ အစစ်အမှန် အဓိပ္ပာယ်တို့က တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ မုန့်ချုံ၏ ခေါင်းထဲတွင် အလင်းတစ်ချက် လက်သွား၏။

သူသည် ဉာဏ်အလင်းပွင့်မှုတစ်ခုသို့ ဝင်ရောက်သွားသဖွယ် ခံစားရသည်။ သို့ပေမယ့် အနည်းငယ် လိုအပ်နေသေးသည့်ဟန် ရှိ၏။

ထူးဆန်းသည့် လှိုင်းထမှု၏ တည်ရှိမှုက အားနည်းလာပြီး မမြင်နိုင်သည့် လှိုင်းများက ဆုတ်ခွာသွားတော့မှာ ဖြစ်သည်။ ထိုအချိန်၌ မုန့်ချုံက သူ၏ လေနှင့်မိုးကြိုး အစစ်အမှန် အဓိပ္ပာယ်ကို အားလျှော့ကာ တိုက်ခိုက်မှုကို ခုခံနိုင်ရုံသာ ရှိသည့်နှယ် ဟန်ဆောင်လိုက်သည်။

ဓါးဆန္ဒမှာလည်း စတင် အားယုတ်လာခဲ့၏။

“အုမ်း”

ထိုအချိန်၌ ထူးဆန်းသည့် လှိုင်းထမှုက ရုတ်တရက် ပြန်လည် ပြင်းထန်လာခဲ့သည်။ မု့န်ချုံမှာ ဉာဏ်အလင်းများတွင် ဆက်လက်လေ့လာနေ၏။ သို့ရာတွင် သူ၏ မျက်နှာမှာတော့ ဆက်လက် တောင့်ခံနိုင်ခြင်း မရှိသည့်နှယ် စိတ်ဓါတ်ကျစွာ ရှိနေပါသည်။

အခိုက်အတန့် တစ်ခုတွင် နတ်ဘုရားသတ်ဖြတ်ခြင်း ဓါးသိုင်းက သူ၏ စိတ်ထဲ၌ ရှင်းလင်းလာခဲ့၏။ အရိုးထဲအထိ အေးစိမ့်မှုက ထိုဓါးသိုင်းနှင့် ရစ်ပတ်ကာ အနှိုင်းမဲ့သည့် ဓါးဆန္ဒနှင့် ပေါင်းစပ်သွားသည်။

ဒီဓါးချက်သည် အသိစိတ်သို့ ထိုးဖောက်ကာ စိတ်ဝိညာဉ်ကို ဖျက်ဆီးနိုင်ပုံ ရှိ၏။

“ဒါကို နတ်ဘုရားအဆုံးသတ် ဓါးချက်လို့ ခေါ်ရမယ်”

မုန့်ချုံ၏ မျက်လုံးများက ရုတ်တရက် ပြူးကျယ်လာပြီး ကြောက်စရာကောင်းစွာ ရယ်သည်။

“မင်းဘာသာ ဘာကောင်ကြီဂပဲဖြစ်ဖြစ် ဒီနေ့မှာ အပြီးတိုင် သုတ်သင်ပြမယ်။ အရင်ကလည်း တစ်ယောက်ကို သတ်ပြီးပြီဆိုတော့ နောက်တစ်ယောက် သတ်လည်း ကိစ္စတော့ မရှိပါဘူး”

မုန့်ချုံက လက်ကိုမြှောက်ကာ အစောပိုင်းက လွင့်စင်သွားခဲ့သည့် ဆေဘာက ဆင့်ခေါ်ခြင်းကို ခံလိုက်သည့်အလား အရိုင်းဆန်စွာ ပျံသန်းလာခဲ့သည်။ လက်ထဲသို့ ကျရောက်၏။

“ငါ့ရဲ့ ဆေဘာကို ငါကသာ မစွန့်လွှတ်ဘူးဆိုရင် ဘယ်သူကမှ ယူသွားလို့ မရဘူး။ မင်းကိုယ်မင်း ဘာထင်နေလဲ။ ခွန်အားချင်း ပြိုင်ချင်နေလို့သာ အခွင့်အရေး ပေးလိုက်တာ”

လက်ထဲရှိ ဆေဘာနှင့် ဒီအခိုက်အတန့်တွင် ကြီးစိုးခြင်း ဓါးဆန္ဒ၏ ဖိအားက မြင့်တက်လာခဲ့သည်။ ဓါးတစ်ချက်က လောကကြီးကို ဖိနှိပ်နိုင်သည့်နှယ် ရှိ၏။

ထူးဆန်းသည့် လှိုင်းထမှုက ရုတ်တရက် ဆုတ်ခွာသွားသည်။ ထိတ်လန့်တကြား ဖြစ်သွားပုံ ရှိ၏။

“ပြေးချင်တာလား”

မုန့်ချုံက နှင်းဝက်ဝံ၏ ခန္ဓကိုယ်ကို ကြည့်သည်။ ထူးဆန်းသည့် လှိုင်းထမှုမှာ ထိုအထဲတွင် ပုန်းအောင်းနေ၏။ နှင်းဝက်ဝံ၏ အသွေးအသားထဲတွင် တည်ရှိနေဟန် ရှိသည်။

“သေလိုက်တော့”

ဓါးချက်က ကျဆင်းလာခဲ့သည်။ နှင်းဝက်ဝံ၏ ခန္ဓာကိုယ်ပေါ်တွင် မည်သည့်ဒဏ်ရာမှ ပေါ်လာခြင်း မရှိပါ။ သို့ပေမယ့် အရိုးထဲအထိ အေးစက်မှုနှင့် အနှိုင်းမဲ့သည့် ဓါးဆန္ဒက ထွက်ပေါ်လာကာ မိုးကြိုး၏ စွမ်းအားနှင့် နှင်းဝက်ဝံ၏ ခန္ဓာကိုယ်အတွင်းသို့ ထိုးဖောက်သွား၏။

“နတ်ဘုရားအဆုံးသတ်ခြင်း ဓါးချက်”

“အုန်း”

ထူးဆန်းသည့် အကြွင်းအကျန်ဝိညာဉ်မှာ ချက်ချင်းပင် ပျောက်ကွယ်သွားသည်။ အားလှိုင်းတို့ တဖြည်းဖြည်း လွင့်ပါးသွား၏။ ဝက်ဝံ၏ အလောင်းပေါ်၌ ရေးတေးတေး လှိုင်းတစ်ခု ထွက်ပေါ်လာမှုကို မုန့်ချုံ တွေ့လိုက်ရသည်။

တစ်လှိုင်းပြီးတစ်လှိုင်း ဆက်လက် ပြိုလဲနေပြီး နတ်ဘုရားအဆုံးသတ်ခြင်း ဓါးချက်အောက်တွင် ပျက်စီးသွားခဲ့၏။

ထို့အပြင် ထိုလှိုင်းများ၏ ဖွဲ့စည်းပုံမှာ လူတစ်ယောက်၏ သဏ္ဍာန်နှင့် တူ၏။

“နောက်ဆုံးတော့ လွတ်လပ်သွားပြီ။ ယွီလင့်က သိုလှောင်အိတ်မှာ ရှိတယ်..”

လွတ်ငြိမ်းမှုနှင့် စိတ်သက်သာရာ ရမှုတို့ဖြင့် ပြည့်နှက်နေသည့် သက်ပြင်းချသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

“ဟူး…”

အရာအားလုံး တိတ်ဆိတ်သွားခဲ့၏။

မုန့်ချုံမှာ ဆေဘာကို ကိုင်ကာ ရပ်နေရင်းမှ လဲကျနေသည့် ဝက်ဝံကိုကြည့်သည်။ အချိန်အတော်ကြာအောင် တိတ်ဆိတ်နေ၏။

ကျစ်ယွင်က အပြေးရောက်လာ၏။ လူ့ဘီလူးတစ်ကောင်ကဲ့သို့ ရှိနေသည့် မုန့်ချုံကို ကြည့်ကာ အဝတ်ဗလာ ဖြစ်နေပုံကို တွေ့လိုက်ရပြီး သူမ၏ မျက်နှာက အနီရောင်ပြောင်းသွားသည်။

“မုန့်ချုံ.. နင်က အရမ်းကို သန်မာတာပဲ”

အနီးသို့ လျှောက်သွားကာ လက်ကလေးကို ဆန့်ပြီး ထိကြည့်၏။

မုန့်ချုံ၏ ပုံစံက ပြောင်းလဲသွားသည်။ ရွှေခန္ဓာ ပြောင်းလဲမှုကို အမြန် ဖယ်ရှားလိုက်ပြီး မူလအသွင်သို့ ပြန်ရောက်သွား၏။ သို့ပေမယ့် ချက်ချင်းပင် နေရခက်စွာ ခံစားလိုက်ရသည်။ သူ၏ အဝတ်အစားများသည် ပျက်စီးနေပြီး ဖြစ်၏။ ယခုအချိန်၌ ကိုယ်လုံးတီး ဖြစ်နေပါသည်။

“နင့်မှာ အဝတ်အချို့ ပါလား။ နည်းနည်းလောက် ငှားပေးဦး”

မုန့်ချုံက လက်ဆန့်လျှက်ရှိသည့် ကျစ်ယွင်ကို ကြည့်ကာ မဲမှောင်သည့် မျက်နှာဖြင့် မေးသည််။

ကျစ်ယွင်၏ အသွင်က စိတ်ပျက်သွား၏။ သိုလှောင်အိတ်အတွင်းမှ ပန်းရောင်ဝတ်စုံ တစ်ခုကို ထုတ်ကာ ပြောသည်။

“ရှင်နဲ့တော်တာဆိုလို့ ဒါပဲ ရှိမယ်။ ဒီအဝတ်ကို ယွင်ဟွမ်ပိုးမျှင်နဲ့ ယက်လုပ်ထားတာ။ လူ့ဘီလူးလို ပေါင်းသွားရင်တောင် ပျက်စီးမသွားဘူး”

မုန့်ချုံက အဝတ်ကို အမြန်ယူသည်။ အမျိုးသမီးဝတ်စုံ ဖြစ်နေခြင်းအား ဂရုစိုက်နိုင်ခြင်း မရှိပေ။ ချက်ချင်း ဝတ်လိုက်၏။

“ဒီတစ်ကြိမ် ပြန်ပြီးရင် ထန်းပေါင်စံအိမ်ကို သွားပြီး ယွင်ဟွမ်ပိုးမျှင်နဲ့ ယက်လုပ်ထားတဲ့ အဝတ်တွေ ဝယ်ရမယ်”

မုန့်ချုံက စဉ်းစားသည်။

“နင်လိုက်ရှာနေတဲ့ ယွီလင့်က သိုလှောင်အိတ်ထဲမှာ ရှိတယ်။ အိတ်က ဝက်ဝံပေါ်မှာလား မသိဘူး”

မုန့်ချုံက နှင်းဝက်ဝံဆီသို့ သွားရောက်သည်။ ခါးကိုညွှတ်ကာ စတင်ရှာဖွေ၏။

“နင့်ရဲ့ သိုလှောင်အိတ်ကိုရော ဒီကနေပဲ ရှာတွေ့ခဲ့တာလား”

မုန့်ချုံက သိလိုစွာ မေးသည်။

မင်းသမီးကျစ်ယွင်မှာ ကျစ်ယွင်နိုင်ငံ၏ မင်းသမီး ဖြစ်

ကာ ထိပ်တန်း ပါရမီရှင်တစ်ယောက် ဖြစ်ပေမယ့် သူမအတွက် သိုလှောင်အိတ်တစ်အိတ်ကို တတ်နိုင်ရန် မဖြစ်နိုင်ပေ။ ဘာပဲဖြစ်ဖြစ် ခွန်အားမှာ အားနည်းနေ၏။

“ဟုတ်တယ်”

ကျစ်ယွင်က ခေါင်းညှိတ်သည်။

မုန့်ချုံတစ်ယောက် နားလည်လိုက်၏။ ထိုသိုလှောင်အိတ်မှာ နတ်ဆိုးအရှင်သခင်ကြီးအား ဝိုင်းဝန်းတိုက်ခိုက်ခဲ့သူများ ကျန်ခဲ့တာ ဖြစ်ပေလိမ့်မည်။ သူက စိတ်လှုပ်ရှားလာခဲ့၏။ နတ်ဆိုးအရှင်သခင်ကြီးကို ဝိုင်းဝန်းသတ်ဖြတ်ခဲ့သူများမှာ တစ်ယောက််တည်း မဟုတ်ပေ။ သူတို့အားလုံးတွင် အိတ်တစ်ခုစီသာ ပိုင်ဆိုင်ထားပါက အိတ်များစွာတို့ ရှိနေမှာပါ။

သို့ပေမယ့် တိုက်ပွဲအတွင်းတွင် သိုလှောင်အိတ်အချို့ ပျက်စီးသွားနိုင်သည့် အချက်ကိုလည်း လစ်လျူရှုထားလို့ မရပေ။

နှင်းဝက်ဝံ၏ ခန္ဓာကိုယ်ကို လှန်လောကြီးနောက် သိုလှောင်အိတ်ကို ရှာတွေ့ခြင်း မရှိပါ။ ထို့ကြောင့် လျှိုမြောင်၏ အနက်ပိုင်းသို့ ဆက်လက်ဝင်ရောက်သွား၏။

အတွင်းထဲသို့ ပိုမိုဝင်ရောက်လေလေ တိုက်ပွဲ၏ အကြွင်းအကျန် ပုံရိပ်များက ပိုမို ကြောက်စရာကောင်းလေ ဖြစ်လာခဲ့သည်။ ချိုင့်တစ်ခုချင်းစီတိုင်း၊ မြောင်းတစ်ခုစီတိုင်းက တိုက်ပွဲ၏ မည်မျှ ပြင်းထန်ခဲ့မှုကို ပြသနေ၏။

ထိုသက်ပြင်းချမှုကို မုန့်ချုံ ပြန်တွေးမိလိုက်သည။ မည်ကဲ့သို့သော စွမ်းအားကြီးပုဂ္ဂိုလ်မျိုး ဖြစ်၍ ယခုကဲ့သို့ အသိစိတ်အချို့ ကျန်ရစ်နိုင်ဆဲ ရှိသည်လဲ။

All Chapters