← Chapters

ကြီးမားသည့် ရရှိမှုများ၊ လင်းနယ်မြေမှ သတင်း(၂)

Vol. 24 Ch. 350

ကြီးမားသည့် ရရှိမှုများ၊ လင်းနယ်မြေမှ သတင်း(၂)

Vol. 24 Ch. 350

ထို့အပြင် နှင်းဝက်ဝံ၏ ခန္ဓာကိုယ်အတွင်း၌ပင် နေထိုင်နေသေးသည်။

ပိုမိုနက်ရှိုင်းစွာ သွားရောက်လေလေ စိတ်ဝိညာဉ်ဆေးပင်များကို ပိုမိုတွေ့ရလေ ဖြစ်သည်။ အဆင့်ခြောက် စိတ်ဝိညာဉ်ဆေးပင်များမှာ အများဆုံး ဖြစ်သည်။ အဆင့်ငါး စိတ်ဝိညာဉ်ဆေးပင်အချို့ ရှိပေမယ့် ပမာဏနည်းပါးဆဲ ရှိ၏။

ရှေ့ရှိ ကြီးမားသည့် ချိုင့်ကြီးအတွင်းတွင် မည်သည့် နှင်းပွင့်များမှ ရှိမနေပေ။ အောက်ခြေတွင် မာကြောသည့် ရေခဲလွှာတစ်ခုသာ ရှိနေ၏။ ရေခဲအောက်တွင် တစ်ဝက် ပိုင်းဖြတ်ခြင်း ခံထားရသည့် ခန္ဓာကိုယ်တစ်ခုကို တွေ့မြင်နိုင်သည်။

မုန့်ချုံက လက်သီးချက်ဖြင့် ရေခဲလွှာကို ထိုးခွဲလိုက်သည်။ ခြောက်သွေ့နေသည့် အလောင်းကို ကြည့်ကာ မျက်မှောင်ကြုတ်သွား၏။ အလောင်းက ခြောက်သွေ့ကာ အသက်ဓါတ် အဆီအနှစ်တို့ အားလုံး ဓါးချက်တစ်ချက်တည်းဖြင့် ခမ်းခြောက်သွားသည့်နှယ် ရှိသည်။ မျက်နှာမှာ မမှတ်မိနိုင်လောက်အောင် ရှိနေ၏။

ယိုယွင်းနေသည့် အဝတ်များအောက်တွင် ဖားတစ်ကောင်နှင့် တူညီသည့် သေးငယ်သည့် မီးခိုး‌ရောင် အိတ်ငယ်တစ်ခု ရှိသည်။

“သိုလှောင်အိတ်ပဲ”

မုန့်ချုံက ဝမ်းသာသွားသည်။ သိုလှောင်အိတ်ကို ဖြတ်ယူကာ ဖွင့်လိုက်၏။ အတွင်းထဲတွင် အများကြီး မရှိပေ။ ပုလင်းနှင့်ဘူး အနည်းငယ်၊ စိတ်ဝိညာဉ်ပုံဆောင်ခဲ အချို့နှင့် ကျောက်စိမ်းတံဆိပ်တစ်ခုသာ ရှိ၏။

“ဆိုးတာပဲ”

မုန့်ချုံက သက်ပြင်းချသည်။ နတ်ဆိုးအရှင်သခင်ကြီးကို လာရောက်် သတ်ဖြတ်ကြသည့် ထိုစွမ်းအားကြီး ပုဂ္ဂိုလ်များသည် အန္တရာယ်ကြီးမားကောင်းကို နားလည်ကြပြီး အကျိုးဆက်ကို စဉ်းစားကာ မည်သည့် အဖိုးတန် ပစ္စည်းမှ ယူဆောင်လာခဲ့ခြင်း မရှိပေ။ ဆေးနှင့် စိတ်ဝိညာဉ်ပုံဆောင်ခဲ အချို့ကိုသာ ယူဆောင်လာခဲ့၏။

မုန့်ချုံက ကျောက်စိမ်းတံဆိပ်ကို ထုတ်ကာ ကျစ်ယွင်ကို ပေးလိုက်သည်။

“ဒါက နင်ရှာနေတဲ့ ယွီလင့်လား..”

ကျစ်ယွင်က ယူကာ ကြည့်လိုက်၏။ ခေါင်းကိုယမ်းကာ ပြောသည်။

“ဒါက ငါရှာနေတဲ့ ယွီလင့်မဟုတ်ဘူး။ နင်ပဲ ယူထားလိုက်။ လင်းယွီဂိတ်တံခါးကို ဝင်ပြီးရင် ဒီပစ္စည်းက အသုံးဝင်နိုင်တယ်”

မုန့်ချုံက ကျောက်စိမ်းတံဆိပ်ကို ပြန်ယူကာ သိုလှောင်အိတ်ကို ခါးတွင် ချိတ်လိုက်သည်။ သူတု့သည် အတွင်းပိုင်းသို့ ဆက်လက် ဝင်ရောက်ကြ၏။ လမ်းတစ်လျှောက်တွင် ပြန့်ကြဲနေသည့် အလောင်းအစအန များစွာတို့ကို တွေ့ရသည်။ အားလုံးတို့သည် အလွန် ယိုယွင်းကာ ပျက်စီးနေ၏။ သိုလှောင်အိတ်များပင် ပျက်စီးနေသည့်ပုံ ရှိသည်။

မုန့်ချုံမှာ ဆုံးရှုံးမှုတို့အတွက် တိတ်တဆိတ် နှမြောတသ ဖြစ်နေ၏။

နောက်ထပ် အလောင်းတစ်ခုကို တွေ့လိုက်ရသည်။ အမျိုးသမီးအလောင်းတစ်ခု ဖြစ်ဟန်တူ၏။

“ဒီတစ်ယောက်ကတော့ သေခဲ့တာ တော်တော်ဆိုးဆိုးရွားရွားပဲ”

မုန့်ချုံက မှင်သက်သွားသည်။ အလောင်းသည် ထိပ်ဦးမှ အောက်အထိ အပိုင်းခံထားရ၏။ လုပ်ဆောင်ခဲ့သည့်လူမှာ မည်သူဖြစ်ဖြစ် တမင်လုပ်ခဲ့တာ သိသာပေသည်။

သူသည် အလောင်းဆီမှ သိုလှောင်အိတ်ကို ဖြုတ်ကာ အတွင်းထဲသို့ ကြည့်လိုက်သည်။ ကျောက်စိမ်းတံဆိပ် တစ်ခုနှင့် ဗူးအချို့၊ စိတ်ဝိညာဉ်ပုံဆောင်ခဲ အချို့တို့ ရှိ၏။ ကျန်တာတော့ ဘာမှမရှိပေ။

ကြည့်ရသည်မှာ သိုင်းသမားအားလုံး၏ လက်နက်အားလုံးတို့ တိုက်ပွဲအတွင်းတွင် ပျက်စီးခဲ့ဟန် ရှိသည်။

“ဒီတစ်ခါတော့ ဘယ်လောက် အကျိုးများလိုက်လဲ”

မုန့်ချုံမှာ စိတ်အားထက်သန်စွာ ရှိနေ၏။ ဤသည်မှာ အလွန်တန်သည့် ခရီးတစ်ခု ဖြစ်သည်။ ထို့အပြင် ဒီသိုင်းသမားများ သယ်ဆောင်လာသည့် သိုလှောင်အိတ်များမှာ အဆင့်မြင့်အိတ်များ ဖြစ်ကြသည်။ အဆင့်မြင့် ဖားများဖြင့် ပြုလုပ်ထားခြင်း ဖြစ်၏။

အတွင်းပိုင်း ကျယ်ပြန့်မှုမှာ နှင်းဝက်ဝံတစ်ကောင်၏ ခန္ဓာကိုယ်အား ဝင်ဆံ့နိုင်လောက်သည်။

“သိုလှောင်အိတ်ကို ထောက်ငှပြီး အခြားအခကြေးငွေတွေကို နင့်ဆီက မယူတော့ဘူး”

မုန့်ချုံက ကျစ်ယွင်ကို ပျော်ရွှင်စွာ ကြည့်သည်။

“ဒါဆိုလည်း ကျေးဇူးအများကြီး တင်ပါတယ်”

ကျစ်ယွင်လည်း ပျော်ရွှင်စွာ ပြုံး၏။

လျှိုမြောင်၏ အဆုံးသို့ ရောက်ရှိချိန်၌ မုန့်ချုံတစ်ယောက် စုစုပေါင်း သိုလှောင်အိတ် သုံးခုတို့ကို ရရှိလာခဲ့သည်။ နှလုံးသားထဲတွင် သက်ပြင်းချမိ၏။ အတွင်းဘက်နယ်မြေတွင် အလွန့်အလွန် ရှားပါးလွန်းလှသည့် သိုလှောင်အိတ်ကို တစ်ခါတည်း သုံးလုံး ရရှိလာပြီးနောက် အရမ်းကြီး မရှားပါးဟု ခံစားလာရ၏။

ထိုအဆုံးနေရာတွင် တောင်နံရံပေါ်ရှိ ဦးခေါင်း၌ အချွန်တစ်ခုဖြင့် စိုက်ကာ ကပ်နေသည့် အလောင်းတစ်ခုကို တွေ့ရသည်။ ခရမ်းနုရောင် ဝတ်စုံက ကြည့်ရသည်မှာ အလွန် တောက်ပလွန်းလှ၏။

ကျစ်ယွင်က အမြန်သွားရောက်ကာ အလောင်းဆီသို့ ချည်းကပ်ပြီးနောက် လေးစားစွာ ဒူးထောက်သည်။ အကြိမ်အနည်းငယ် ဦးချ၏။ ထို့နောက် အလောင်းကို ရှာဖွေကာ သိုလှောင်အိတ်တစ်ခုကို တွေ့ရသည်။

အတွင်းထဲတွင် ခရမ်းရောင် ကျောက်စိမ်းပြားတစ်ခု ရှိ၏။

“တွေ့ပြီ”

သူမသည် အလွန် စိတ်လှုပ်ရှားစွာဖြင့် သိုလှောင်အိတ်ကို လေးနက်စွာ သိမ်းဆည်းလိုက်သည်။ ထို့နောက် မူလသိုလှောင်အိတ်အား မုန့်ချုံကို ပေးလိုက်၏။

“မုန့်ချုံ.. ငါနင့်ကို ဘယ်လို ကျေးဇူးတင်ရမှန်းတောင် မသိတော့ဘူး။ နင့်ရဲ့ လိုက်ပို့မှုကြောင့်သာ မဟုတ်ရင် ဒီနေရာကို ဘယ်အချိန်မှ ရောက်နိုင်မလဲ မသိဘူး”

“ဒါက ကတိပေးထားတဲ့ အိတ်ပါ။ အတွင်းထဲမှာ စိတ်ဝိညာဉ်ဆေးပင်တွေနဲ့ စိတ်ဝိညာဉ် လက်မှတ်တွေ ရှိတယ်”

မုန့်ချုံက တုံ့ဆိုင်းခြင်းမရှိပဲ အိတ်ကို လက်ခံလိုက်သည်။ ခရမ်းရောင်ဝတ်စုံနှင့် အလောင်းကို ကြည့်ကာ မေး၏။

“ဒါက နင့်ရဲ့ ဘိုးဘေးလား”

ကျစ်ယွင်က ခေါင်းကိုယမ်းသည်။

“မဟုတ်ဘူး.. ဒါပေမယ့် ပစ္စည်းအချို့တော့ ချန်ထားခဲ့တယ်။ သူ့ရဲ့ ကျောက်စိမ်းတံဆိပ်နဲ့ဆို စိတ်ဝိညာဉ်နယ်မြေကို ဘာအတားအဆီးမှ မရှိပဲ ငါဝင်လို့ရပြီ”

“မုန့်ချုံ.. အဲ့ဒီအချိန်ကျရင် နင်ငါနဲ့ လိုက်ခဲ့ပါလား”

မုန့်ချုံက ခေါင်းကိုယမ်းကာ ပြောသည်။

“အဲ့အကြောင်းကို နောက်မှပဲ ပြောတာပေါ့။ နင့်ကိုကြည့်ရတာ စိတ်ဝိညာဉ်နယ်မြေနဲ့ ပက်သက်ပြီး အများကြီး သိပုံပဲ”

ကျစ်ယွင်က ပြုံးကာ ပြော၏။

“အခွင့်အရေးတစ်ခုကြောင့် ပစ္စည်းအချို့ ရခဲ့ရုံပါပဲ။ နင့်ကိုပေးတဲ့ သိုလှောင်အိတ်ထဲမှာ စာအုပ်တစ်အုပ်လည်း ပါတယ်။ အဲ့ဒါကို ဖိတ်ပြီးရင် လျှို့ဝှက်ချက်အချို့ကို နင်သိလာလိမ့်မယ်”

မုန့်ချုံက ကျစ်ယွင်ပေးသည့် သိုလှောင်အိတ်ကို ဖွင့်ကြည့်သည်။ အတွင်းထဲတွင် အမှန်တကယ်ကို စာအုပ်တစ်အုပ် ရှိနေ၏။ သို့ပေမယ့် သူက ချက်ချင်းကြီး ထုတ်ကြည့်ခြင်း မရှိပါ။

ကျစ်ယွင်က ကြွင်းတစ်ခုကို တူးသည်။ ခရမ်းရောင်ဝတ်စုံဝတ် အလောင်းအား မြေမြှုပ်ပေးချင်ပုံ ရှိ၏။

မုန့်ချုံက လက်ကိုမြှောက်ကာ လက်သီးဖြင့် ထိုးလိုက်ပြီး မြေပြင်ပေါ်တွင် အပေါက်ကြီးတစ်ခု ဖြစ်လာစေ၏။

“မုန့်ချုံ.. နင်က တကယ့်ကို လူကောင်းတစ်ယောက်ပဲ”

ကျစ်ယွင်က စိတ်ဝိညာဉ်ရှားစွာဖြင့် ပြောပြီးနောက် လက်ကိုဆန့်ကာ ဆွဲဖက်ချင်ဟန် တူသည်။ မုန့်ချုံက သူမကို ဖမ်းကာ ခရမ်းရောင်ဝတ်စုံဝတ် အလောင်းရှေ့သို့ လွှင့်ပစ်လိုက်၏။

“ဟန့်”

ကျစ်ယွင်က နှစ်ကြိမ်လောက် နှာခေါင်းရှုံ့ပြီးနော်က အလောင်းကို မလာခဲ့သည်။ မြေကြီးထဲတွင် မြှုပ်၏။

မုန့်ချုံက လျှိုမြောင်ကို စစ်ဆေးစွာ ကြည့်ရှုသည်။ ပိုမိုကြည့်လေလေ ဒီနေရာကို အနည်းငယ် ထူးဆန်းသည်ဟု ပိုမို ခံစားရလေ ဖြစ်လာခဲ့၏။ သို့ပေမယ့် မည်သည်တို့ ထူးဆန်းနေသည်ကို စဉ်းစားမရနိုင် ဖြစ်နေပါသည်။

ခရီးစဉ်က ဒီနေရာတွင် အဆုံးသတ်ကာ ရရှိမှုများက

မနည်းပေ။

“သွားကြရအောင်”

ကျစ်ယွင်က အလောင်းကို မြေမြှုပ်ပြီးနောက် ပြောသည်။

နှစ်ယောက်သားသည် လာရာလမ်းအတိုင်း ပြန်ခဲ့ပြီး နှင်းဝက်ဝံ၏ အလောင်းနေရာသို့ ပြန်လည် ရောက်ရှိလာခဲ့၏။ မုန့်ချုံက သိုလှောင်အိတ်တစ်ခုကို ထုတ်ကာ အတွင်းထဲသို့ အစစ်အမှန် စွမ်းအင်အား ထိုးသွင်းလိုက်သည်။ အိတ်ကို ဖွင့်ပြီးနောက် နှင်းဝက်ဝံ၏ အလောင်းကို ထည့်လိုက်၏။

ယခုမျှ ကြီးမားသည့် နှင်းဝက်ဝံကြီးကို သိုလှောင်အိတ်အတွင်းသို့ ထည့်ပြီးသည့်တိုင်အောင် အိတ်မှာ သေးငယ်နေဆဲ ရှိသည်။ အနည်းငယ် ဖောင်းလာရုံသာ ရှိ၏။ မုန့်ချုံတစ်ယောက် မနေနိုင်ပဲ သက်ပြင်းချမိသည်။

သိုလှောင်အိတ်သည် သိုင်းလောကတွင် သွားလာလှုပ်ရှားရန်အတွက် တကယ့်ကို မရှိမဖြစ် ပစ္စည်းဖြစ်၏။

လှံကိုလည်း သိမ်းလိုက်သည်။ ဤသည်မှာ နတ်ဆိုးအမဲလိုက် တိုက်ပွဲပြင်တွင် တစ်ခုတည်းသော ကျန်ရစ်သည့် စွမ်းအားကြီးလက်နက် ဖြစ်၏။

နှစ်ယောက်သား လျှိုမြောင်အတွင်းမှ လျှောက်ထွက်ရုံ ရှိသေး ရုတ်တရက် တောင်ကြားတစ်ဖက်မှ အသံတစ်ခုနှင့်အတူ လှိုင်းတစ်ခု ပေါ်လာခဲ့၏။

မုန့်ချုံက မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။ ဒီအချိန်၌ တောင်ထွတ်သည် လှိုင်းဂယက်တစ်ခု၏ ဖုံးလွှမ်းခြင်းကို ခံထားရပုံ ရှိ၏။ လှိုင်း၏ တွန့်ခေါက်မှုနှင့်အတူ တောင်ထွတ်မှာ ပျောက်ကွယ်တော့မည့်ဟန် ရှိသည်။

“ဘာဖြစ်တာလဲ”

“ဖြစ်နိုင်တာက လင်းယွီဂိတ်တံခါး ပွင့်လာတာများလား”

ကျစ်ယွင်၏ ပုံစံက ပြောင်းလဲသွားပြီး ပြောသည်။ ထို့နောက် ကိုယ့်ကိုယ်ကိုယ် ရေရွတ်၏။

“မဖြစ်နိုင်ဘူး.. စိတ်ဝိညာဉ်နယ်မြေရဲ့ ဂိတ်တံခါးက ဒီအချိန်မှာ မပွင့်လောက်ဘူး”

“စိတ်ဝိညာဉ်နယ်မြေ ပွင့်ရင် ဘာဖြစ်မှာလဲ”

မုန့်ချံက ကျစ်ယွင်ပေးခဲ့သည့် သိုလှောင်အိတ်ကို ဖွင့်ကာ စာအုပ်ကို ထုတ်ရင်းက မေးသည်။

“စိတ်ဝိညာဉ်နယ်မြေက အတွင်းဘက်နယ်မြေရဲ့ မူလအစလို့ ဆိုကြတယ်။ စစ်မှန်တဲ့ သိုင်းပညာ လောကတစ်ခုပေါ့။ အတွင်းဘက်နယ်မြေကတော့ စွန့်ပစ်ဒေသ တစ်ခုပဲ ဖြစ်တယ်။ လင်းယွီဂိတ်တံခါးက အတွင်းဘက်နယ်မြေနဲ့ လင်းယွီတို့အကြား လမ်းကြောင်းတစ်ခုပဲ”

“လင်းယွီဂိတ်တံခါး ပွင့်တဲ့ အချိန်မှာပဲ စိတ်ဝိညာဉ်နယ်မြေကို ဝင်ရောက်နိုင်တယ်။ စိတ်ဝိညာဉ်နယ်မြေရဲ့ စွမ်းအားကြီး ပုဂ္ဂိုလ်တွေပဲ အတွင်းဘက်နယ်မြေကို ဝင်ရောက်နိုင်ကြတယ်”

“အတွင်းဘက်နယ်မြေက လူတွေကတော့ လင်းယွီဂိတ်တံခါးကို မဖွင့်နိုင်ဘူး။ လင်းယွီဘက်ကပဲ အဲ့ဒါကို လုပ်နိုင်တယ်။ နတ်ဆိုးအရှင်သခင်ကြီးက လင်းယွီကနေ အတွင်းဘက်နယ်မြေကို ထွက်ပြေးလာခဲ့တာ”

ကျစ်ယွင်က ညို့မှိုင်းစွာ ပြောသည်။

ထိုအချိန်၌ မုန့်ချုံမှာ စာအုပ်ငယ်ကို ဖတ်ရှုရှင်းမှ မှင်သက်နေပြီ ဖြစ်၏။ ဒီစာအုပ်ငယ်ကို လင်းယွီမှ အတွင်းဘက်နယ်မြေသို့ ဝင်ရောက်ခဲ့သည့် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက် ချန်ထားခဲ့ခြင်း ဖြစ်သည်။ ကြည့်ရသည်မှာ တောင်ကြားအတွင်းရှိ ခရမ်းရောင်ဝတ်စုံဝတ် လူအတွက် အမွေအနှစ်အချို့ ချန်ရစ်ခဲ့ဟန် တူ၏။

ကျစ်ယွင်က ၎င်းကို အခွင့်အရေးတစ်ခုကြောင့် ရရှိခဲ့ခြင်း ဖြစ်သည်။

စာအုပ်အတွင်းတွင် လျှိုမြောင်၏ အခြေအနေကို ဖော်ပြထားသည်။ နတ်ဆိုးအမဲလိုက်ခြင်း တိုက်ပွဲပြင်အကြောင်း မိတ်ဆက်မှုအချို့လည်း ပါရှိ၏။ လင်းယွီနှင့် ပက်သက်သည့် အကြောင်းအချို့လည်း ပါဝင်သည်။ လင်းယွီ၏ ရည်ရွယ်ချက်လည်း အပါအဝင် ဖြစ်၏။

မုန့်ချုံတစ်ယောက် ဖတ်လေလေ သူ၏ မျက်နှာက ပိုမိုလေးနက်လေလေ ဖြစ်လာခဲ့သည််။ မျှော်လင့်မှုတစ်ခုလည်း ပေါ်လာခဲ့၏။ အတွင်းဘက်နယ်မြေမှာ သေးငယ်လွန်းလေသည်။ လင်းယွီသာလျှင် စစ်မှန်စွာ ကျယ်ပြောသည့် သိုင်းလောကတစ်ခု ဖြစ်၏။

“လင်းယွီ”

မုန့်ချုံက လှိုင်းထနေသည့် တောင်ထွတ်ကို ကြည့်သည်။ နှလုံးသားထဲတွင် စိတ်လှုပ်ရှားစွာ ခံစားရ၏။

“အခု မပြန်သေးဘူး။ လင်းယွီကနေ အတွင်းဘက်နယ်မြေကို ဘယ်လို စွမ်းအားကြီးလူ ရောက်လာမလဲလို့ ကြည့်ဦးမယ်”

“ဒီစာအုပ်ထဲက အတိုင်းသာဆိုရင် လင်းယွီက လူတွေက ဘယ်လောက်တောင် စွမ်းအားကြီးလိုက်မလဲ။ အတွင်းဘက်နယ်မြေတစ်ခုလုံးကို အနိုင်ယူပြီး သူတို့ရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်သွားစေနိုင်မှာ”

“သူတို့တွေက အတွင်းဘက်နယ်မြေက လူတွေကို ကျွန်တွေ၊ ဝက်တွေ၊ ခွေးတွေလို ဆက်ဆံရလောက်အောင် တကယ်ပဲ မြင့်မားထည်ဝါနေတာလား”

စာအုပ်ထဲတွင် ပြောထားသည်မှာ အတွင်းဘက်နယ်မြေမှ လင်းယွီသို့ ဝင်ရောက်ခဲ့သည့် လူများသည် တစ်ခါတည်း ဖမ်းဆီးခြင်း ခံရကာ ကျွန်များ၊ ဝက်များ၊ ခွေးများကဲ့သို့ မည်ကဲ့သို့ ခစားရကြောင်းကို ဖော်ပြထားသည်။ လင်းယွီရှိ အဓိကအင်အားစုများ၏ မျက်လုံးထဲတွင် အတွင်းဘက်နယ်မြေရှိ လူများမှာ တိရစ္ဆာန်များနှင့် မခြားပေ။

အတွင်းဘက်နယ်မြေရှိ အဆင့်မြင့် စစ်ဘုရင်များပင်လျှင် လင်းယွီသို့ ဝင်ရောက်ပြီးနောက် ဒူးထောက်ကာ ကျွန်သဖွယ် ခစားမှု မပြုလျှင် သတ်ဖြတ်ခံရခြင်း(သို့) အတွင်းဘက်နယ်မြေသို့ ပြန်လည် မောင်းထုတ်ခံရခြင်းတို့ ကြုံရသည်။

‘အတွင်းဘက်နယ်မြေက လူတွေက လင်းယွီကို ဝင်ရောက်ပြီးရင် ဝက်တွေ၊ ခွေးတွေလို ဆက်ဆံခံရတာပေါ့’

အတွင်းဘက်နယ်မြေတွင် စွမ်းအားကြီးမားသည့် အင်အားစုများကို ထိန်းချုပ်သည့် ခေါင်းဆောင်ကြီးများသည် လင်းယွီ၌ ထိုကဲ့သို့သော လူမဆန်သည့် ဆက်ဆံမှုအား ခံကြရသည်။ ထိုကြောင့် သူတို့အနေနှင့် သည်းခံနိုင်ကြမည် မဟုတ်ပေ။

ဤနည်းအားဖြင့် လင်းယွီသို့ ဝင်ရောက်သူများသည် အများအားဖြင့် အသတ်ခံကြရသည်။ အချို့လူများသည် ဆန္ဒရှိခြင်း မရှိပဲ ကျွန်များ ဖြစ်လာရ၏။

ယွီလင့်ကို ကိုင်ဆောင်ထားသည့် လူကိုသာလျှင် လူအဖြစ် ဆက်ဆံမည် ဖြစ်သည်။

ပါရမီ မလစ်ဟင်းပါက ယွီလင့်အား ထုတ်လုပ်ထားသည့် အဖွဲ့အစည်းအတွင်းသို့ ခေါ်ဆောာင်ခြင်း ခံရကာ လင်းယွီမှ အင်အားစုတစ်ခု၏ အဖွဲ့ဝင် ဖြစ်လာနိုင်၏။

နတ်ဆိုးအရှင်သခင်ကြီး၏ ကိစ္စ မတိုင်ခင်တွင် ယွီလင့်မှာ အတွင်းဘက်နယ်မြေ၏ စွမ်းအားကြီးမားသူများ ယှဉ်ပြိုင်လုယူကြသည့် ရတနာတစ်ခု ဖြစ်ခဲ့သည်။ ယခုအချိန်၌ ယွီလင့်အကြောင်းကို သိရှိသည့် လူအားလုံးနီးပါးတို့ သေဆုံးကုန်ပြီ ဖြစ်၏။

ထိုအကြောင်းကြောင့် ကျစ်ယွင်သည် ဒီနေရာသို့ လာရောက်ပြီး ယွီလင့်ကို ရှာခဲ့ခြင်း ဖြစ်သည်။

လင်းယွီဂိတ်တံခါးသည် အလွန့်အလွန် နည်းပါးသည့် လူများးသာ သိကြသည့် လျှို့ဝှက်ချက်တစ်ခု ဖြစ်သည်။ အထူးသဖြင့် နတ်ဆိုးအရှင်သခင်ကြီး၏ အဖြစ်အပျက် အပြီးတွင် လင်းယွီရှိ စွမ်းအားကြီးသူများက လင်းယွီဂိတ်တံခါး၏ မှတ်တမ်းများကို ဖျောက်ဖျက်ပစ်ခဲ့၏။

ထိုအကြောင်းကြောင့်လည်း အတွင်းဘက်နယ်မြေ၏ လက်ရှိ အထွတ်အထိပ် စစ်ဘုရင်များ အနေနှင့် လင်းယွီဂိတ်တံခါး၏ တည်ရှိမှုအကြောင်းကို မသိကြခြင်း ဖြစ်သည်။

All Chapters