← Chapters

ဒီဗိုင်းဆန္ဒအဆင့်အား ဉာဏ်အလင်းပွင့်ခြင်း၊ လင်းနယ်မြေ၏ ဂိတ်တံခါးပွင့်လာခြင်း

Vol. 24 Ch. 353

ဒီဗိုင်းဆန္ဒအဆင့်အား ဉာဏ်အလင်းပွင့်ခြင်း၊ လင်းနယ်မြေ၏ ဂိတ်တံခါးပွင့်လာခြင်း

Vol. 24 Ch. 353

ရွှီယန်က ကျောက်နံရံပေါ်ရှိ ကောင်းကင်လူသား အဆင့်ခွဲသုံးခု၏ မိတ်ဆက်ခြင်းကို ဆက်လက်ကြည့်ရှု၏။ ကောင်းကင်လူသားအဆင့်၏ ကျင့်ကြံမှု နည်းလမ်းများမှာ ဒီဗိုင်းဆန္ဒအဆင့်နှင့် ခြားနားပေမယ့် သူ့အနေနှင့် ၎င်းမှတစ်ဆင့် ကိုးကားချက်အား ယူနိုင်၏။ ဖြစ်နိုင်သည်မှာ ဒီဗိုင်းဆန္ဒအဆင့်၏ ကျင့်ကြံခြင်း နည်းလမ်းကို ပြီးပြည့်စုံစွာ နားလည်လာအောင် ကူညီပေးနိုင်လောက်သည်။

"ပထမဆုံးအဆင့်က စိတ်ဝိညာဥ်ကို ပျိုးထောင်ဖို့ပဲ.. အဲ့ဒါကို အားကောင်းအောင် လုပ်ရမယ်.. အဓိကအချက်က မိမိကိုယ်ရဲ့ စိတ်ဝိညာဉ်ကို အာရုံခံနိုင်ဖို့ပဲ"

ရွှီယန် ရုတ်တရက် အမှတ်ရလိုက်သည်။ ယင်လုံ့စံအိမ်၏ ရတနာနယ်မြေကို ဖျက်ဆီးချိန်၌ အတွင်းထဲတွင် ကျောက်တုံးတစ္ဆေမြက်ပင် ရှိသည်။ ကျောက်တုံးတစ္ဆေမြက်၏ အာနိသင်မှာ စိတ်ဝိညာဉ်ကို အားဖြည့်ပေးခြင်းဖြစ်သည်။

"အထွတ်အထိပ် စစ်ဘုရင်တစ်ယောက်သာ ကျောက်တုံးတစ္ဆေမြက်ကို အသုံးပြုပြီး ကျင့်ကြံရင် စိတ်ဝိညာဉ်စွမ်းအင်ကို အာရုံခံနိုင်ပြီး စိတ်ဝိညာဉ်ကို စုစည်းလာနိုင်ကြတယ်"

ဖြစ်နိုင်သည်မှာ အတွင်းဘက်နယ်မြေရှိ တဝက်တပြတ် ကောင်းကင်လူသား အားလုံးတို့လည်း တူညီသည့် နည်းလမ်းဖြင့် သူတို့၏ စိတ်ဝိညာဉ်စွမ်းအင်များကို စုစည်းလာနိုင်ခဲ့တာ ဖြစ်ပေလိမ့်မည်။

သူတို့သည် အပြင်ဘက် ပစ္စည်းများအပေါ်တွင် မှီခိုပြီး ကောင်းကင်လူသားအဆင့် ကျင့်စဉ်လည်း လစ်ဟင်းနေကြသည်။ ထို့အပြင် အတွင်းဘက်နယ်မြေ၏ သက်ဆိုင်ရာ ကန့်သတ်ချက်များဖြင့် ကောင်းကင်လူသားအဆင့်သို့ အပြီးတိုင် ချိုးဖျက်ရန် မဖြစ်နိုင်ကြပေ။

တဝက်တပြတ် ကောင်းကင်လူသား အဆင့်တွင် လူတစ်ယောက်အနေနှင့် စိတ်ဝိညာဉ်စွမ်းအင်ကို အာရုံခံကာ ပျိုးထောင်နိုင်၏။ သို့ပေမဲ့ စုစည်းနိုင်ခြင်း မရှိပေ။

ထိုအကြောင်းကြောင့် တဝက်တစ်ပြက် ကောင်းကင်လူသားများသည် သိပ်သည်းမှုအားနည်းကာ လုံလောက်ခြင်းမရှိပေ။ ခွန်အားက အပေါ်ယံဆန်လှ၏။

ထိုအကြောင်းပြချက်များကို နားလည်လာပြီးနောက် ရွှီယန်၏ မျက်လုံးများက လင်းလက်လာခဲ့သည်။ သူသည် နားလည်သဘောပေါက်မှု အလင်းတစ်ခုအား တွေ့လိုက်ရပုံပေါ်၏။ စိတ်ထဲတွင် အလင်းတချက် လက်သွားပြီးနောက် ဒီဗိုင်းဆန္ဒ အဆင့်၏ ကျင့်စဉ်များက စတင် ပုံပေါ်လာခဲ့သည်။

"သခင်မလေးသု.. ကျွန်တော့မှာ ဉာဏ်အလင်းအချို့ ရလာလို့.. ဒီအချိန်အတွင်း ခဏလောက် ငြိမ်နေပေးပါ"

ရွှီယန်က တင်ပဉ္စင်ခွေထိုင်ကာ ထိုဉာဏ်အလင်းပွင့်မှုကို ဖမ်းဆုပ်ပြီး ဒီဗိုင်းဆန္ဒအဆင့်၏ ကျင့်ကြံမှုကို စတင်လေ့လာသည်။

ထိုပုံကို တွေ့ရပြီးနောက် သုယွီယင်းက တိတ်ဆိတ်စွာဖြင့် ခြေလှမ်းအနည်းငယ် ဆုတ်ခွာသွားသည်။ မြေပြင်ပေါ်တွင် ထိုင်ကာ ကျင့်ကြံမှုတွင် နစ်မြောသွားသည့် ရွှီယန်ကို ကြည့်ရှုနေ၏။ သူမ၏ နှလုံးသားက အခုန်မြန်လာကာ မျက်နှာက မကြာခဏ နီမြန်းသွားတတ်သည်။ အတွေးထဲတွင် နစ်မြုပ်သွားလေ့လည်း ရှိ၏။

ကောင်းကင်လူသားအဆင့်၏ အဆင့်ခွဲသုံးခု အခြေအနေများက ရွှီယန်၏စိတ်ထဲတွင် ပေါ်လွင်နေပါသည်။ ဒီဗိုင်းဆန္ဒ အဆင့်၏ ကျင့်ကြံခြင်းနည်းလမ်းများလည်း ပုံပေါ်လာခဲ့၏။

"စိတ်ဝိဉာဥ်စွမ်းအင်ကို စုစည်းဖို့ အရင်ဆုံး အာရုံခံနိုင်ဖို့ လိုအပ်တယ်။ သိုင်းပညာ ဒီဗိုင်းဆန္ဒက နှလုံးသားထဲမှာ၊ ငါ့ရဲ့ ဓားဆန္ဒထဲမှာ.. ပြီးတော့ ထုံးရွှမ်ရဲ့ နားလည်သဘောပေါက်မှုထဲမှာ ရှိတယ်"

"သိုင်းပညာ ဒီဗိုင်းဆန္ဒ စုစည်းဖို့ကို ငါနားလည်တယ်။ ဒါပေမယ့် ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ ဆန္ဒက ဘာလဲ.. ဒီဗိုင်းဆန္ဒကို ဘယ်လို သန့်စင်ရမှာလဲ.."

"စင်္ကြာဝဠာက ကျယ်ပြောပြီး လူသားတွေကတော့ သေးသိမ်တယ်.. စကြာဝဠာနဲ့ ဆက်သွယ်ခြင်းအားဖြင့် လူတစ်ယောက်ကို စကြာဝဠာရဲ့ ပြောင်းလဲမှုတွေကို နားလည်လာစေနိုင်တယ်.. ဓားဆန္ဒက တောင်နဲ့မြစ်အဖြစ် ပြောင်းလဲပြီး အတွင်းထဲမှာ စကြာဝဠာကို ဖော်ဆောင်တယ်.. ငါ့ရဲ့ ဆန္ဒက ကောင်းကင်ရဲ့ ဆန္ဒပဲ.. ကောင်းကင်ရဲ့ ဆန္ဒက ငါ့ရဲ့နှလုံးသားထဲမှာ ရှိတယ်"

ရွှီယန် နားလည်သဘောပေါက် နေချိန်တွင် ဒီဗိုင်းဆန္ဒအဆင့်၏ သိုင်းပညာနည်းလမ်းသည် တဖြည်းဖြည်း ရှင်းလင်းလာခဲ့သည်။

သိုင်းပညာ ဒီဗိုင်းဆန္ဒကို မည်သို့ စုစည်းရမည်.. စကြဝဠာ၏ ဆန္ဒကို ကိုယ်ပိုင်အဖြစ်သို့ မည်သို့ ပြောင်းလဲရမည်... ဆက်လက်ပြီးနီဝမ်နန်းတော်ကို မည်သို့ဖွင့်ရမည်နှင့် ဝိညာဉ်အခြေကို မည်သို့ ပျိုးထောင်ရမည်.. စသည့် အချက်များအားလုံး တဖြည်းဖြည်း ရှင်းလင်းလာခဲ့၏။

ထုံးရွှမ်အဆင့်မှ ဒီဗိုင်းဆန္ဒအဆင့်သို့ ကူးပြောင်းခြင်းသည် ကြီးမားသော ခုန်တက်ကျော်လွှားမှု တစ်ခုဖြစ်သည်။

ဒီဗိုင်းဆန္ဒအဆင့်၏ ကျင့်ကြံမှု၏ အခြေခံသည် အဓိကအားဖြင့် နီဝမ်နန်းတော်ကို ဖွင့်လှစ်ကာ ဝိညာဉ်အခြေကို ပျိုးထောင်ခြင်းအပေါ်၌ မူတည်၏။

ထိုနန်းတော်ဖွင့်သည်နှင့် တစ်ပြိုင်နက် လူတစ်ဦး၏ ဝိညာဉ်သည် နီဝမ်နန်းတော်ရှိ ဝိညာဉ်အခြေသို့ စုစည်းရောက်ရှိလာမည်ဖြစ်သည်။

သိုင်းပညာ ဒီဗိုင်းဆန္ဒကို စုစည်းခြင်း၊ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ ဆန္ဒကို ပြောင်းလဲခြင်း၊ ၎င်းကို တစ်ခုတည်းသော ဒီဗိုင်းဆန္ဒအဖြစ်သို့ စုစည်းခြင်း....

ဒီဗိုင်းဆန္ဒရှိရာ နေရာတွင် ကောင်းကင်၏ ဆန္ဒ ရှိသည်။ ကောင်းကင်၏ ဆန္ဒကို မည်သူမှ မလွန်ဆန်နိုင်ပေ။

ဒီဗိုင်းဆန္ဒအဆင့်၏ ခွန်အားသည် ဒီဗိုင်းစွမ်းအား ကြီးမားမှုကို ဖော်ဆောင်သည့် နယ်ပယ်ကို ကျော်လွန်နေပြီး ကောင်းကင်လူသားငယ်တစ်ဦး၏ စွမ်းအားနှင့် လုံးဝ နှိုင်းယှဉ်ခြင်း မရှိပေ။

ရွှီယန်သည် သိုင်းပညာအား နားလည်မှုတို့ ရှင်းလင်းလာလေလေ ဒီဗိုင်းဆန္ဒအဆင့်၏ နက်နဲမှုကို ပိုမို သက်ပြင်းချမိလေလေဖြစ်လာခဲ့သည်။ အတွေးတစ်ချက်ဖြင့် ရန်သူများ ပြာမှုန့်အဖြစ်သို့ ပျက်စီးသွားနိုင်၏။

သုယွီယင်းမှာ ရွှီယန်ကို စိုက်ကြည့်နေဆဲရှိသည်။ ရွှီယန်သည် ဝိညာဉ်ရောင်ခြည်တစ်ခုဖြင့် လွှမ်းခြုံနေသည့်ပုံ ပေါ်ပြီး သူမကို ပိုမို စိတ်ဝင်စားလာစေခဲ့သည်။

သူသည်... ဉာဏ်အလင်း ပွင့်သွားသည်လား...

ထိုစကားက သူမ၏ စိတ်ထဲတွင် ပေါ်လာသည်။ ဒီဗိုင်းဆန္ဒအဆင့်၏ သိုင်းပညာနည်းလမ်းကို နားလည်ခြင်းသည် တစ်ရက်နှစ်ရက်အတွင်း လုပ်ဆောင်နိုင်သည့်အရာ မဟုတ်ပေ။

ရွှီယန်သည် မြေပြင်ပေါ်တွင် တင်ပျဥ်ခွေထိုင်နေပြီး သူ၏ အသက်ရှူသံမှာ နက်ရှိုင်းကာ စိတ်ဝိညာဉ်စွမ်းအင်များက ပတ်ပတ်လည်တွင် စုဝေးနေသည်။

တစ်ခါတစ်ရံ ဓားဆန္ဒများ ထွက်ပေါ်လာတတ်ပြီး တစ်ခါတစ်ရံ သူ၏ ပတ်ပတ်လည်တွင် လေညှင်းတစ်ခု တဖြည်းဖြည်း တိုက်ခတ်နေသည်။ သူသည် သိုင်းပညာဉာဏ်အလင်းပွင့်မှုတွင် လုံးဝ နစ်မြောနေ၏။

ရွှီယန်တစ်‌ယောက် သူ၏ အတွေးများမှ ထွက်လာချိန်တွင် လေကို ပြင်းပြင်းရှူသွင်းလိုက်ပြီး စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်နေသည်။ သူသည် ဒီဗိုင်းဆန္ဒအဆင့်၏ ကျင့်ကြံခြင်းနည်းလမ်းကို နားလည်ခဲ့ပြီဖြစ်သည်။

ကျင့်ကြံခြင်းနည်းစနစ်ကို အပြည့်အဝ နားလည်ခဲ့ပါပြီ။

ထုံးရွှမ်အဆင့်အား ပြီးမြောက်ရန်သာ စောင့်ဆိုင်းရန် ကျန်တော့၏။ သူ၏ အခြေခံခွန်အားကို စုဆောင်းပြီးနောက် နီဝမ်နန်းတော်ကိုဖွင့်ကာ ဝိညာဉ်အခြေကို ပျိုးထောင်ပြီး သိုင်းပညာ ဒီဗိုင်းဆန္ဒကို စုစည်းမည်။ ဒီဗိုင်းဆန္ဒအဆင့်သို့ တစ်ရှိန်ထိုး ချိုဖျက်ဝင်ရောက်နိုင်၏။

"နီးလာပြီ။ သိပ်မဝေးတော့ဘူး"

ရွှီယန်က ကိုယ့်ကိုယ်ကိုယ် တီးတိုးရေရွတ်သည်။

ထုံးရွှမ်အဆင့်အား တစ်နှစ်အတွင်း ပြီးပြည့်စုံသောအဆင့်သို့ ရောက်ရှိနိုင်မည်လား...

ထို့နောက် အခြေခံခွန်အားကို စုဆောင်းရန်အတွက် ခြောက်လ အချိန်ယူမည် ဖြစ်သည်။ ထိုအခါ ဒီဗိုင်းဆန္ဒအဆင့်သို့ ချိုးဖျက်ဝင်ရောက်သည့်အခါ မိမိကိုယ်ကို ပိုမိုသန့်စင်ပြီး ပြောင်းလနိုင်မည် ဖြစ်သည်။

ထိုကျင့်ကြံမှု အရှိန်အဟုန်သည် အလွန်လျှင်မြန်ဆဲ ရှိ၏။

"ဖြစ်နိုင်တာက တစ်နှစ်တောင် မကြာနိုင်ဘူး ထင်တယ်"

ရွှီယန်သည် မျှော်လင့်မှု အပြည့်ဖြင့် ပြည့်နေ၏။

ဒီဗိုင်းဆန္ဒအဆင့်သည် သိသာထင်ရှားသော အဆင့်မြှင့်တက်မှု ဖြစ်သည်။ ဒီဗိုင်းဆန္ဒအဆင့်သို့ ဝင်ရောက်ပြီးမှသာလျှင် ဓားဆန္ဒ၏ ဆန်းကြယ်မှုကို စစ်မှန်စွာ ပြသနိုင်မည် ဖြစ်၏။

နှလုံးသားဓား အဆင့်... ထိုနှလုံးသားဓား အဆင့်အား မည်သို့ ချိုးဖျက်ရမည်ကိုလည်း သူစဉ်းစားသင့်သည်။

စကြဝဠာရှိ အရာအားလုံးကို ဓားအဖြစ်သို့ ပြောင်းလဲနိုင်မည် ဖြစ်၏။ မည်မျှစွမ်းအားကြီးမားသော ဓားတာအို အဆင့်လေလဲ..

"ဒီဗိုင်းဆန္ဒအဆင့်.. သိုင်းပညာ ဒီဗိုင်းဆန္ဒကို စုစည်းရမယ်.. ငါ့ဆန္ဒက ကောင်းကင်၏ရဲ့ ဆန္ဒဖြစ်တယ်။ ဒီဗိုင်းဆန္ဒက အရာအားလုံးကို ဓားအဖြစ် ပြောင်းလဲနိုင်မှာလား.. ငါ.. ဓားတာအိုဆိုင်ရာ နားလည်မှုကို ခိုင်မာအောင် လုပ်ဖို့နဲ့ နှလုံးသားဓားအဆင့်ကို ဘယ်လို ထိုးဖောက်ရမှာကို နားလည်သဘောပေါက်ဖို့လည်း အချိန်ယူသင့်သည်"

ရွှီယန်က ကိုယ့်ကိုယ်ကို စဉ်းစားသည်။

"ဒီမှာ ကိစ္စပြီးပြီ.. သခင်မလေးသု... သွားကြစို့။"

ရွှီယန်က မတ်တပ်ရပ်ကာ ပြောသည်။

"အိုး.. ကောင်းပြီလေ"

သုယွီယင်းသည် အတွေးထဲတွင် ပျောက်ဆုံးနေပုံ ရ၏။ သူမ၏ မျက်လုံးများတွင် အနည်းငယ်သော ရှုပ်ထွေးမှု အရိပ်အယောင်တို့ ရှိနေပြီး မျက်နှာက ရဲနေသည်။ အသံတိုးတိုးဖြင့် အလျင်စလို ပြန်ဖြေ၏။

သူတို့သည် ကောင်းကင်လူသား၏ သင်္ချိုင်းဂူ၌ အကျိုးအမြတ်များစွာ ရရှိခဲ့ကြသည်။ သုယွီယင်းသည် သူမ၏ လိုအပ်ချက်ကို ပြည့်စုံစေခဲ့ပြီး ရွှီယန်က ထုံးရွှမ်အဆင့်၏ အသေးစားကျွမ်းကျင်မှု အဆင့်သို့ ချိုးဖျက်ဝင်ရောက်ခဲ့ကာ ကောင်းကင်လူသား၏ အဆင့်သုံးဆင့်အကြောင်းကို ပိုမို နားလည်လာခဲ့သည်။ သူသည် ဒီဗိုင်းဆန္ဒအဆင့်၏ ကျင့်ကြံခြင်းနည်းလမ်းကိုပင် နားလည်ခဲ့၏။

ကောင်းကင်လူသား၏ သင်္ချိုင်းဂူမှ ထွက်ခွာလာပြီးနောက် ရွှီယန်က လက်ကို ဝှေ့ယမ်းလိုက်ပြီး သင်္ချိုင်းဂူ၏ ဝင်ပေါက်ကို လုံးဝ ပိတ်ဆို့လိုက်သည်။

ဒီနေရာသည် ပုံမှန်အတိုင်း တောထဲရှိ ကုန်းတစ်ခုအဖြစ် ပြန်ဖြစ်သွားခဲ့ပြီး စွမ်းအားကြီးမားသည့် သိုင်းပညာရှင် ကောင်းကင်လူသားတစ်ဦးကို ဒီနေရာတွင် မြှုပ်နှံထားသည်အား ပြင်ပလူများ ယုံကြည်ရန် ခက်ခဲပေလိမ့်မည်။

လင်းနယ်မြေတွင် သူသည် သွေးနတ်ဆိုးဟု လူသိများပြီး လူပေါင်းများစွာကို သတ်ဖြတ်ခဲ့သူဖြစ်သည်။

အတွင်းနယ်မြေတွင် သူသည် အလွန်ကြီးမားသော နတ်ဆိုးအရှိန်အဝါနှင့် နတ်ဆိုးဂိုဏ်း၏ နတ်ဆိုးသခင်ကြီး ဖြစ်သည်။

နိမ့်ကျစွာ မွေးဖွားလာပြီး တောထဲတွင် မြှုပ်နှံခံရခြင်းသည် အမှန်တကယ်ပင် သူ၏ နောက်ဆုံး နားခိုရာ ဖြစ်သည်။

ရွှီယန်နှင့် သုယွီယင်းသည် ကောင်းကင်လူသား၏ သင်္ချိုင်းဂူမှ ထွက်ခွာပြီးနောက် လူသူမရှိသော တောင်မှ ထွက်ကာ သစ်တောများကြားတွင် လမ်းလျှောက်လာကြသည်။

ဤသည်မှာ ယန်နိုင်ငံ၏ ဒေသ ဖြစ်၏။

All Chapters