← Chapters

သွေးနတ်ဆိုး၏ဘဝ၊ ကောင်းကင်လူသား အဆင့်သုံးဆင့်

Vol. 24 Ch. 352

သွေးနတ်ဆိုး၏ဘဝ၊ ကောင်းကင်လူသား အဆင့်သုံးဆင့်

Vol. 24 Ch. 352

ကန်မှာ စိတ်ဝိညာဉ်ပုံဆောင်ခဲ သွေးကြောတစ်ခု၏ အထက်တွင် ဆောက်လုပ်ထားခြင်း ဖြစ်သည်ဟု ရွှီယန် ပိုမိုသေချာလာခဲ့သည်။ ဤသည်မှာ ကောင်းကင်လူသား သင်္ချိုင်းဖြစ်ရာ စိတ်ဝိညာဉ်ပုံဆောင်ခဲ သွေးကြောတစ်ခု ရှိနေလျှင်လည်း ထူးဆန်းခြင်း မရှိပါ။

အခိုက်အတန့် တစ်ခုတွင် သူသည် အရှိန်အဝါတို့ မြင့်မားလာမှုကို ခံစားလိုက်ရပြီး ထုံးရွှမ်အဆင့်၏ အသေးစား ကျွမ်းကျင်မှုအဆင့်သို့ ချိုးဖျက်သွားခဲ့၏။

“ထုံးရွှမ်းအဆင့်ရဲ့ အသေးစား ကျွမ်းကျင်မှု အဆင့်ကိုတော့ ရောက်ပြီ။ အကြီးစား ကျွမ်းကျင်မှုအဆင့်က အကွာအဝေးတစ်ခု လှမ်းသေးပေမယ့် ဒီကန်ရဲ့ အထောက်အပံ့ မရှိရင်တောင် အရမ်းကြာမှာတော့ မဟုတ်လောက်ဘူး”

ရွှီယန်သည် ကန်ထဲမှ ထွက်လာခဲ့၏။ သုယွီယင်း၏ ခန္ဓာကိုယ်ရှိ ချို့ယွင်းချက်များမှာ လုံးဝ ကောင်းမွန်လာခဲ့သည်။ သူမ၏ အရှိန်အဝါလည်း မြင့်တက်လာခဲ့၏။

‘သိုင်းသခင်အဆင့်’

သူ၏ အကြည့်က ခန်းမ၏ ပတ်ဝန်းကျင်သို့ လှည့်လည်သွားသည်။ စိတ်ဝိညာဉ်မြူတို့ ပျောက်ကွယ်သွားပြီးနောက် ရွှီယန်၏ မြင်ကွင်းအား အနှောက်အယှက် မဖြစ်တော့ပေ။ ကန်၏ အနောက်ဘက်ရှိ ကျောက်နံရံတစ်နေရာတွင် အပေါက်တစ်ခု ဖြစ်နေကြောင်းကို တွေ့လိုက်ရသည်။ အတွင်းထဲတွင် အခေါင်းတစ်ခုအား ထားရှိထား၏။

သူသည် မနေနိုင်ပဲ သိလိုသွားသည်။ အခေါင်းကို သင်္ချိုင်းအတွင်း၌ ထားရှိခြင်း မပြုပဲ အဘယ်ကြောင့် အပေါက်ထဲတွင် ထည့်ထားရသနည်း။

“သခင်လေးရွှီ”

သုယွီယင်းမှာ နိုးထလာခဲ့သည်။ သူမ၏ မျက်လုံးများက စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်နေ၏။ ခန္ဓာကိုယ် ပြဿနာတို့အား ဖြေရှင်းပြီးနောက် ခွန်အားမှာ ကြီးစွာ တိုးတက်လာခဲ့သည်။ ပိုမို အရေးကြီးသည်မှာ သူမ၏ ပါရမီတို့လည်း သိသာစွာ တိုးတက်လာသည်ဟု ခံစားရခြင်း ဖြစ်၏။

ကန်အတွင်းမှ ထွက်လာပြီးနောက် ကျင့်စဉ်ဖြင့် ခန္ဓာကိုယ်ပေါ်ရှိ ရေများကို အငွေ့ပျံစေလိုက်သည်။ အဝတ်များကို ပြန်လည်ဝတ်ဆင်၏။

“ဒီသင်္ချိုင်းက ဘယ်သူ့ဟာလဲ”

ရွှီယန်က အခေါင်းဆီသို့ လျှောက်သွားရင်းက မေးသ်ည။ သူသည် ကောင်းကင်လူသားများနှင့် ပက်သက်၍လည်း အလွန် စိတ်ဝင်စားနေ၏။

“သူက ကျွန်မရဲ့ ဘိုးဘေး ဖြစ်လိမ့်မယ်။ ဒါပေမယ့် သိပ်တော့ မသေချာဘူး။ ဒီနေရာကို ကျွန်မတို့ ဘိုးဘေးက ခန္ဓာကိုယ် ချို့ယွင်းချက်တွေကို ဖာထေးဖို့ ချန်ခဲ့တာလို့ပဲ သိတယ်။ အခြားအကြောင်းတော့ အများကြီး မသိဘူး။ နောက်ပိုင်း မျိုးဆက်တွေကို သူလက်ဆင့်မကမ်းခဲ့တဲ့ လျှို့ဝှက်ချက်အချို့တော့ ရှိပုံပဲ”

သုယွီယင်းက ဖြေကြား၏။

“ပြီးတော့ နောက်ထပ် အရေးကြီးတဲ့ အရာတစ်ခုလည်း ရှိနေလောက်တယ်။ ဘာကြောင့်လဲလို့တော့ ကျွန်မလည်း သေချာမသိဘူး”

စဉ်းစားမှုအချို့ ပြုလုပ်ပြီးနောက် သူမက ထပ်ပေါင်းပြောသည်။

“အဲ့ဒါက ဘာလဲ”

ရွှီယန်က သိလိုစွာ မေးသည်။

“အဲ့ဒါက ကျောက်စိမ်းတံဆိပ်ပြား တစ်ခုပါ”

နှစ်ယောက်သားသည် ပြောရင်းနှင့် အခေါင်းပေါက်ဆီသို့ ရောက်လာခဲ့သည်။

အခေါင်းမှာ မဲနက်နေပြီး မည်သည့် ပစ္စည်းဖြင့် ပြုလုပ်ထားသည်ဟု မရှင်းလင်းပေ။ အခေါင်း၏ မျက်နှာပြင်‌ပေါ်တွင် သွေးနှင့် ရေးထားပုံပေါ်သည့် သေးငယ်သည့် စာလုံးများ ရှိ၏။

“ဒီနေရာတွင် သွေးနတ်ဆိုးကို မြှုပ်နှံခဲ့သည်။ ကျေးဇူးတရား(သို့) ရန်ကြွေးတို့ ဒီနေရာတွင် အဆုံးသတ်ခဲ့ပြီ… နိမ့်ကျစွာ မွေးဖွားပြီး စွန့်ပစ်ဒေသတွင် သေဆုံးခဲ့သည်”

အခေါင်း၏ အဖုံးပေါ်ရှိ စာလုံးများ၏ ရှေ့တွင် ကျောက်စိမ်းတံဆိပ်ပြားတစ်ခု ရှိသည်။

“သွေးနတ်ဆိုးလား”

ရွှီယန်က ကျောက်စိမ်းတံဆိပ်ပြားကို ကောက်ယူကာ သုယွီယင်းကို ပေးသည်။ အံ့ဩစွာ ပြော၏။

“နင့်ရဲ့ ဘိုးဘေးက သွေးနတ်ဆိုးလား”

သုယွီယင်းက ကျောက်စိမ်းတံဆိပ်ကို သိမ်းဆည်းရင်းက ခေါင်းကိုယမ်းသည်။

“မဟုတ်ဘူး။ မဟုတ်လောက်ပါဘူး… သွေးနတ်ဆိုးကို ကျွန်မတို့ ဘိုးဘေးက မြှုပ်နှံခဲ့တာလို့ ထင်တယ်”

သူမက ခဏတာ ရပ်တန့်သွားပြီးနောက် ထပ်ပေါင်းပြောသည်။

“တိတိကျကျ ပြောရရင် သွေးနတ်ဆိုးကို ကျွန်မအဖွားရဲ့ အမေက မြှုပ်ခဲ့တာ”

ရွှီယန်က အပေါက်ကို ကြည့်လိုက်ပြီးနောက် နံရံပေါ်တွင် ပုံအချို့အား ဆွဲထားကြောင်းကို တွေ့လိုက်ရသည်။ လူတစ်ယောက်၏ ဘဝအား ပုံဖောက်ထားပုံ ရှိ၏။

ရှင်းလင်းစွာပင် ထိုပုံများသည် သွေးနတ်ဆိုး၏ ဘဝကို ပုံဖော်ထားခြင်း ဖြစ်ပေလိမ့်မည်။

ဒီနေရာမှာ ကောင်းကင်လူသား သင်္ချိုင်းဖြစ်ရာ သံသယဝင်စရာ မကောင်းလောက်အောင် နတ်ဆိုးအရှင်သခင်ကြီးမှာ ကောင်းကင်လူသားတစ်ယောက် ဖြစ်မှာပါ။

ရွှီယန်သည် မနေနိုင်ပဲ ဒီကောင်းကင်လူသား၏ ဘဝကို သိလိုသွားသည်။ နံရံပေါ်ရှိ ပုံများကို အနီးကပ် စူးစမ်းကြည့်၏။

ပထမပုံတွင် ရွာငယ်တစ်ခု၌ အမျိုးသမီးတစ်ယောက်၏ ကလေး မွေးဖွားပုံကို ပြသထားသည်…..

ပုံတစ်ခုချင်းစီကို ကြည့်သွားရင်းမှ ရွှီယန်တစ်ယောက် သွေးနတ်ဆိုး၏ ဘဝကို နားလည်လာခဲ့၏။ မနေနိုင်ပဲ ခံစားချက်တို့ မြင့်တက်လာခဲ့သည်။

မိသားစုကြီး တစ်ခု၏ တရားမဝင် ကလေးတစ်ယောက်ဖြစ်ကာ အသိအမှတ် ပြုမှုအား ခံရခြင်းမရှိပဲ စော်ကားမှု မျိုးစုံတို့ကို ခံခဲ့ရ၏။ ဂိုဏ်းတစ်ခုသို့ ဝင်ရောက်ကာ ကျင့်ကြံမှု ပြုရာတွင်လည်း ရလဒ်အနေနှင့် အစော်ကား ခံခဲ့ရသည်။

နောက်ပိုင်းတွင် သူ့ကို အမျိုးသမီးတစ်ယောက်က ကယ်တင်ခဲ့၏။ သူသည် ထိုအမျိုးသမီးအား ချစ်ကျွမ်းဝင်ခဲ့မိသည်။ သို့ပေမယ့် ထိုအမျိုးသမီးသည် အခြားတစ်ယောက်ကို နှစ်သက်နေ၏… ကိစ္စများစွာတို့ ဖြစ်ပွားပြီးနောက် သူသည် သူမနှစ်သက်သည့် အမျိုးသားကို သတ်ဖြတ်ခဲ့သည်။

မုန်းတီးမှုနှင့် ချစ်ရသူတွက် လက်စားချေလိုမှုတို့ဖြင့် ပြည့်နှက်နေသည့် သူမသည် သူ၏ ရင်ဘတ်ကို ဓါးဖြင့် ထိုးစိုက်ခဲ့၏။ သို့ပေမယ့် နောက်ဆုံးတွင် စိတ်ပျော့သွားခဲ့ဟန် တူသည်။ ဓါးကိုလွှတ်ကာ ထွက်ခွာသွားခဲ့၏။

ဒဏ်ရာအပြင်းအထန် ရရှိထားသည့် သွေးနတ်ဆိုးမှာ လိုက်လံသတ်ဖြတ်ခြင်း ခံရပြီး‌ ပျောက်ကွယ်သွားခဲ့သည်။

ရွှီယန်သည် မြေပြင်ပေါ်တွင် ဒူးထောက်နေသည့် အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရသည်။ လူတစ်စု၏ အနိုင်ကျင့်ခြင်းကို ခံနေရပုံ ပေါ်၏။ ထိုလူများမှာ သူမချစ်သူ၏ မိသားစုဝင်များ ဖြစ်ကြသည်။ သူတို့သည် သူမအား သွေးနတ်ဆိုးကို လွှတ်ပေးလိုက်မှုနှင့် သွေးနတ်ဆိုးနှင့် မရှင်းလင်းသည့် ဆက်ဆံရေးတို့အတွက် စော်ကားခဲ့ကြသည်။

အမျိုးသမီးငယ် တစ်ယောက်က မတ်တပ်ရပ်ကာ သူမကို ကာကွယ်ပေးခဲ့၏။ နောက်ထပ် ပုံထဲတွင် အမျိုးသမီးငယ်ကို လူအုပ်က ဝိုင်းဝန်း ဖိနှိပ်ကြသည်။ သူမက ရှေ့သို့တက်ကာ ရန်ကြွေးအားလုံးတို့ကို ရှင်းလင်းရန် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့၏။ ထိုအခိုက်အတန့်၌ သွေးနတ်ဆိုး ပေါ်လာခဲ့သည််။

သွေးနတ်ဆိုးသည် လူအများ၏ ဝိုင်းဝန်းတိုက်ခိုက်မှု အကြားမှ အလောင်းကို သယ်ဆောင်ထွက်ပြေးသည်။ အမျိုးသမီးငယ်က သွေးနတ်ဆိုးကို ကျေနပ်မှု မရှိစွာဖြင့် သူ၏ ထွက်ပြေးလွတ်မြောက်မှုအတွက် ကူညီပေး၏။

နောက်ထပ်မြင်ကွင်းတွင် ထိုအမျိုးသမီးငယ်အား စိတ်လွတ်နေသည့် သွေးနတ်ဆိုးက သူချစ်ရသူအဖြစ် အထင်မှားကာ မြေပြင်ပေါ်သို့ တွန်းချလိုက်သည်….

နောက်ဆုံးပုံအနည်းငယ်တွင် မြို့များ၊ အလောင်းပုံမား၊ သွေးပင်လယ်များနှင့် ဆေဘာဓါးတစ်ချောင်းကို ကိုင်ဆောင်ကာ ရပ်နေသည့် လူတစ်ယောက်တို့ကို ဖော်ပြထားသည်။

ဂိုဏ်းပေါင်းများစွာတို့ ပျက်စီးကာ သွေးဆာနေသည့် လူတစ်စုက နေရာတိုင်းတွင် သတ်ဖြတ်မှုတို့ကို ပြုလုပ်ခဲ့ကြ၏။ သွေးအဆီအနှစ်တို့ကို ဝါးမြိုကာ ကျင့်ကြံမှုပြုကြသည်။ ဒုတိယမြောက် နောက်ဆုံးပုံတွင် စွမ်းအားကြီးမားသည့် လူတစ်စုက တန်ပြန် တိုက်ခိုက်ကာ သွေးဆာနေသည့် လူများနှင့် သွေးနတ်ဆိုးကို ဝိုင်းဝန်း သုတ်သင်ခဲ့ကြသည်။ ဂိတ်တံခါးတစ်ခုမှ တစ်ဆင့် ထွက်ပြေးခဲ့ရ၏။

နောက်ဆုံးပုံတွင် တောင်တစ်ခုအတွင်း၌ အတိတ်က အမျိုးသမီးငယ် ပေါ်လာပြီး သွေးနတ်ဆိုး၏ ဦးခေါင်းကို တစ်ချက်တည်း သတ်ဖြတ်ခဲ့ပုံ ရှိ၏။

“ဒါက…”

ရွှီယန်မှာ အံ့ဩမိသလို ပဟေဋိလည်း ဖြစ်သွားသည်။ နောက်ဆုံးပုံရှိ တောင်များမှာ ဆုံးမဲ့တောင်များ ဖြစ်သည့်ဟန် ရှိသည်။

“သွေးနတ်ဆိုး.. ဖြစ်နိုင်တာက… နတ်ဆိုးဂိုဏ်းက နတ်ဆိုးအရှင်သခင်ကြီးများလား”

နတ်ဆိုးဂိုဏ်းမှ ခေါင်းဆောင်သည် ရုတ်တရက် ပျောက်ဆုံးသွားခဲ့၏။ လက်စသတ်တော့ သူသည် အသတ်ခံခဲ့ရခြင်း ဖြစ်လေသည်။ သွေးနတ်ဆိုးမှာ နတ်ဆိုးဂိုဏ်း၏ အရှင်သခင် ဖြစ်နေ၏။ သူသည် အတွင်းဘက်နယ်မြေမှ မဟုတ်ပေ။

“ပြောကြတာတော့.. ကျွန်မအဖွားရဲ့ အမေက ဒဏ်ရာအပြင်းအထန် ရနေတာတဲ့။ အဖွားရဲ့ အဖေက သူမကို ကယ်တင်ခဲ့တာ။ အဲ့လိုနဲ့ သူတို့နှစ်ယောက် ပေါင်းဖက်ဖြစ်ခဲ့တာ…”

သုယွီယင်းက ညင်သာသည့် အသံဖြင့် ပြောသည်။

“မင်းအဖွားရဲ့ အမေက ကောင်းကင်လူသား တစ်ယောက်ပဲ။ အဲ့ဒါဆို အဖွားရဲ့ အဖေကရော….”

ရွှီယန်က စကားမဆုံးခင် ရပ်တန့်သွားသည်။

“ဖြစ်နိုင်တာက.. ကျေးဇူးကို ပြန်ဆပ်တာ ဖြစ်လိမ့်မယ်”

စဉ်းစားမှုအချို့ ပြုလုပ်ပြီးနောက် သုယွီယင်းက ဆက်လက်ပြောသည်။

“ကျွန်မပြောတဲ့ အဖွားရဲ့ အမေဆိုတာ ဘုရင်ခံသု အိမ်တော်ဘက်က မဟုတ်ဘူး။ အမေ့ရဲ့ မျိုးဆက်ဘက်ကပဲ။ အမေ့တုန်းကလည်း အတူတူပဲ။ ဘိုးဘေးစဉ်ဆက် အမျိုးသမီးတွေချည်း မွေးဖွားခဲ့တာ။ ကြည့်ရတာ ကောင်းကင်လူသား သွေးမျိုးဆက်က အရမ်းစွမ်းအားကြီးလို့ ဖြစ်မယ်”

ရွှီယန်က ခေါင်းညှိတ်သည်။ သူသည် သွေးနတ်ဆိုး၏ ဘဝကို ကြည့်ရှုပြီးနောက် သက်ပြင်းချမိ၏။ အခေါင်းပေါ်တွင် ရေးထားသည့်အတိုင်းပင်။ နိမ့်ကျစွာ မွေးဖွားပြီး ဒီစွန့်ပြစ်ဒေသတွင် မြေချခဲ့ရသည်။ ဒီနေရာသည် သူ၏ နားခိုရာ နေရာဖြစ်၏။

အပေါက်အတွင်းမှ ထွက်လာပြီးနောက် အပြင်ဘက်ရှိ သင်္ချိုင်းခန်းမ၏ အမိုးပိုင်းတွင် စာကြောင်းနှင့် ပုံအချို့တို့ ရှိနေကြောင်းကို ရွှီယန် သတိထားမိလိုက်သည်။

“ဒါကဘာလဲ”

သင်္ချိုင်း၏ထိပ်တွင် ရေးဆွဲထားသည်မှာ တောင်၊ စံအိမ်၊ မျှော်စင်၊ ရေကန်နှင့် ကန်ဘေးရှိ စံအိမ်များ ဖြစ်သည်။

လှပသည့် မြင်ကွင်းတစ်ခုကို ဖြစ်ပေါ်စေ၏။

စံအိမ်အတွင်းတွင် အမျိုးသမီးတစ်ယောက် ရပ်နေပြီး တစ်ခုခုကို ပြန်လည်တွေးတောနေဟန် ရှိသည်။ တောင်၏ဘေးတွင် စကားလုံး သုံးခုတို့ကို ထွင်းထား၏။

“ထိုက်မြောင်ကျုံး”

သုယွီယင်းက ကျောက်စိမ်းတံဆိပ်ကို ထုတ်ကြည့်ပြီးနောက် ၎င်းအပေါ်တွင် ထိုက်မြောက် ကျောက်စိမ်းအမိန့်ပြားဟူ၍ ထွင်းထားကြောင်းကို တွေ့လိုက်ရသည်။

‘စိတ်ဝိညာဉ်နယ်မြေမှာ ကောင်းကင်လူသားအဆင့် သုံးခု ရှိတာလား”

ရွှီယန်က အံ့ဩသွားသည်။

ပုံ၏ဘေးတွင် ကောင်းကင်လူသား၏ အကြောင်းကို မိတ်ဆက်ထားသည့် စာသားများ ပါရှိ၏။

“ကောင်းကင်လူသားကို အဆင့်သုံးခု ခွဲထားတယ်။ အဆင့်တစ်ခုချင်းစီတိုင်းက ခြားနားတဲ့ အထူးပြုမှုတွေ ရှိတယ်။ ပထမက စိတ်ဝိညာဉ်စုစည်းခြင်း၊ ဒုတိယက စိတ်ဝိညာဉ်ပေါင်းစပ်ခြင်းနဲ့ တတိယက စိတ်ဝိညာဉ်သန့်စင်ခြင်း… ပထမအဆင့်ကို ကောင်းကင်လူသားငယ်၊ ဒုတိယအဆင့်ကို ကောင်းကင်လူသားကြီးနဲ့ တတိယအဆင့်ကို စိတ်ဝိညာဉ်သန့်စင်ခြင်း ကောင်းကင်လူသားလို့ ခေါ်ကြတယ်…..”

“စိတ်ဝိညာဉ်စုဆောင်းခြင်းမှာ ကိုယ့်ကိုယ်ကိုယ်ရဲ့ အတွင်းမှာ ရှိတဲ့ စိတ်ဝိညာဉ်ကို အာရုံခံပြီး စုဆောင်းရတယ်။ စုစည်းရတယ်။ စိတ်ဝိညာဉ်ပေါင်းစပ်ခြင်းမှာ စိတ်ဝိညာဉ်ကို ဝိညာဉ်နဲ့ ပေါင်းစပ်ရတယ်။ တစ်ခုတည်းဖြစ်အောင် လုပ်ရတယ်။ စိတ်ဝိညာဉ်သန့်စင်ခြင်း အဆင့်မှာ စိတ်ဝိညာဉ်နဲ့ ဝိညာဉ်ကို သန့်စင်တယ်...”

“ဝိညာဉ်က ထာဝရ တည်မြဲပြီး ခန္ဓာကိုယ်အတွင်းမှာ တည်ရှိတယ်..”

ကျောက်သားပေါ်ရှိ စာသားများသည် မည်သည့် သိုင်းပညာအတတ်ကိုမှ ဖော်ပြထားခြင်း မဟုတ်ပါ။ ကောင်းကင်လူသားအဆင့်၏ သဘောတရားများကို မိတ်ဆက်ခြင်းသာ ရှိ၏။

ကောင်းကင်လူသားကို အဆင့်သုံးဆင့် ခွဲခြားထားပြီး ပုံမှန်အားဖြင့် ကောင်းကင်လူသားငယ်၊ ကောင်းကင်လူသားကြီးနှင့် စိတ်ဝိညာဉ်သန့်စင်ခြင်း ကောင်းကင်လူသားဟူ၍ ခေါ်ဆိုကြ၏။

စိတ်ဝိညာဉ်သန့်စင်ခြင်း ကောင်းကင်လူသား အဆင့်မှာ ဝိညာဉ်ကို ကျင့်ကြံခြင်းဖြစ်သည်။ ဝိညာဉ်သာ ရှင်ကျန်နေပါက အခြား ခန္ဓာကိုယ်အတွင်းတွင် နေထိုင်နိုင်၏။

ဤသည်ကို ဖတ်ရှုပြီးနောက် ရွှီယန်၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာခဲ့သည်။ မုန့်ချုံ၏ အကြီးအကဲဝူနှင့် ကြုံတွေ့ခဲ့သည့် ကပ်ဘေးကို သူမှတ်မိလိုက်သည်။

ခန္ဓာကိုယ် ဝင်စီးခြင်းအကြောင်းကို ဆရာ ပြောခဲ့ဖူး၏။ သူသိရှိခဲ့သည့် အရာအားလုံးတို့ကို ခြုံငုံသုံးသပ်ကြည့်ပြီးနောက် ထိုဖြစ်ရပ်မှာ စိတ်ဝိညာဉ်သန့်စင်ခြင်း ကောင်းကင်လူသား၏ အခြား ခန္ဓာကိုယ်အား ဝင်စီးထားခြင်း ဖြစ်သည့်ပုံ ရှိသည်။

“သွေးနတ်ဆိုး.. နတ်ဆိုးအရှင်သခင်ကြီးလို့ ပြောရမှာပေါ့”

ထိုအချိန်၌ ရွှီယန်တစ်ယောက် အံ့ဩစွာ ခံစားလိုက်ရသည်။ အစပိုင်းတွင် သွေးနတ်ဆိုးသည် လုံးဝ သေဆုံးသွားခြင်း မဟုတ်ပါ။

ဝိညာဉ်တစ်စိတ်တစ်ပိုင်းမှာ လွတ်မြောက်နိုင်ခဲ့၏။ အမည်မသိ အကြောင်းပြချက်ကြောင့် အကြီးအကဲဝူ၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ရန် ရွေးချယ်ခဲ့သည်။

ကံကောင်းစွာပင် သူ၏ ဝိညာဉ်သည် အလွန်အားနည်းပြီး မုန့်ချုံ၏ ဓါးထုတ်ချိန်၌ ဓါးဝိညာဉ်၏ နိုးထမှုနှင့် ဓါးဆန္ဒအား နားလည်သဘောပေါက်မှုတို့ ပေါင်းကာ လုံးဝ သေဆုံးခဲ့ရသည်။

သွေးနတ်ဆိုး၏ အဆုံးမဲ့တောင်များ၌ သတ်ဖြတ်ခြင်း ခံခဲ့ရပုံအရ အကြီးအကဲဝူမှာ ဝူနိုင်ငံရှိ သိုင်းသမားများနှင့် အဆုံးမဲ့တောင်အတွင်းသို့ ဝင်ရောက်ချိန်၌ ဝင်စီးခြင်း ခံခဲ့ရခြင်း ဖြစ်ပေလိမ့်မည်။

ထိုသုံးသပ်ချက်မှာ အမှန် ဖြစ်သည်ဟု ရွှီယန် ယုံကြည်၏။

ကောင်းကင်လူသားအဆင့် သုံးခု၏ မိတ်ဆက်မှုကို ဆက်လက်ဖတ်ရှုရှင်းနှင့် မည်သည့် ကျင့်စဉ်မှ မပါရှိလျှင်တောင် တန်ဖိုးရှိလှသည်ဟု ရွှီယန် နားလည်လိုက်သည်။

“ကောင်းကင်လူသားအဆင့်ရဲ့ ပထမအဆင့်က စိတ်ဝိညာဉ်ကို အာရုံခံပြီး ပျိုးထောင်ရတာ… ဒီဗိုင်းဆန္ဒ အဆင့်ကတော့ သဘောတရားအရဆို ကောင်းကင်လူသားအဆင့်ရဲ့ ပထမအဆင့်နဲ့ တူညီတယ်။ ဒါပေမယ့် ဒီဗိုင်းဆန္ဒ အဆင့်မှာ ဒီဗိုင်းဆန္ဒကို ကျင့်ကြံမှုနဲ့ ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ ဆန္ဒကို ဒီဗိုင်းဆန္ဒအဖြစ် ပြောင်းလဲမှု ပါဝင်တယ်..”

ရွှီယန်က စိတ်ထဲတွင် တွေးတောသည်။

ကောင်းကင်လူသား အဆင့်၏ ပထမအဆင့်တွင် လူတစ်ယောက်အနေနှင့် စိတ်ဝိညာဉ်ကို အာရုံခံကာ ပျိုးထောင်ရန် လိုအပ်သည်။ စိတ်ဝိညာဉ်အဆီအနှစ်၏ ခွန်အား ပိုမိုသန်မာလေလေ ကောင်းကင်လူသား၏ ပထမအဆင့်မှ ခွန်အားမှာ ပိုမိုသန်မာလေလေ ဖြစ်သည်။ ဒီဗိုင်းဆန္ဒ အဆင့်တွင်တော့ သိုင်းပညာ ဒီဗိုင်းဆန္ဒကို ကျင့်ကြံမှုနှင့် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ ဆန္ဒကို စုစည်းရန် လိုအပ်သည်။

မိမိ၏ ဆန္ဒမှာ ကောင်းကင်ဆန္ဒ ဖြစ်ကာ မိမိ၏ အသွင်မှာ ကောင်းကင်အသွင် ဖြစ်သည်။

ဒီဗိုင်းဆန္ဒအဆင့်သည် ကောင်းကင်လူသား အဆင့်ထက် ပိုမိုကျယ်ပြောကာ များစွာ သန်မာ၏။

“ငါ့ရဲ့ ဓါးဆန္ဒက ကောင်းကင်လူသား ပထမအဆင့်ရဲ့ ခွန်အားကို ခုခံနိုင်တယ်။ သူ့ရဲ့ စိတ်ဝိညာဉ်အဆီအနှစ်က အကန့်အသတ်ရှိတယ်။ ဒါပေမယ့် ဒီဗိုင်းဆန္ဒ အဆင့် သိုင်းသမာားကတော့ ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ ဆန္ဒကို စုစည်းထားတယ်။ ဒီဗိုင်းဆန္ဒ ရောက်ရှိတဲ့ နေရာတိုင်းမှာ ကောင်းကင်ဆန္ဒ ဖြစ်လာတယ်။ ဒါက ပထမအဆင့် ကောင်းကင်လူသားတစ်ယောက် နှိုင်းယှဉ်နိုင်တဲ့အရာ မဟုတ်ဘူး”

ရွှီယန်သည် ဉာဏ်အလင်းပွင့်မှုတစ်ခုအား ခံစားလာရ၏။ ကောင်းကင်လူသား အဆင့်သုံးဆင့်တွင် စစ်မှန်စွာ စွမ်းအားကြီးသည်မှာ တတိယအဆင့် ဖြစ်သည်။

ပထမနှစ်ခုမှာ ကောင်းကင်လူသား အဆင့်၏ အခြေခံ ကျင့်ကြံမှုသာ ဖြစ်၏။ စိတ်ဝိညာဉ်သန့်စင်ခြင်း ကောင်းကင်လူသားများသာလျှင် ကောင်းကင်လူသားဟူသည့် ဘွဲ့အမည်နှင့် အမှန်တကယ် ထိုက်တန်ပါသည်။

All Chapters