← Chapters

အမျိုးသမီးဝတ်စုံ ဝတ်ဆင်ထားသည့် အမျိုးသားအား လက်နက်ချခြင်း

Vol. 5 Ch. 70

အမျိုးသမီးဝတ်စုံ ဝတ်ဆင်ထားသည့် အမျိုးသားအား လက်နက်ချခြင်း

Vol. 5 Ch. 70

“အင်း … ညီနောင်တို့ရာ … ငါတို့အနေနဲ့ တခြားတစ်ခုခု ကြိုးစား ကြည့်ကြမယ်လေ …”

အန်လင်းသည် မျက်ရည်များ ကျကာဖြင့် ပေါက်ကွဲချင် နေလေသည်။ သူသည် ထိုရှောင်းဟုန်အား သေသည်အထိ ရိုက်နှက် ပစ်ချင်နေသည်။

ထိုအကြံပြုချက်အား ကြားသည့်အခါတွင် ကျင့်ကြံသူ အားလုံးတို့သည် တစ်ညီတစ်ညာတည်း ခေါင်းခါ ကြတော့သည်။ သူတို့၏ မျက်လုံးများထဲတွင် မျှော်လင့်ချက် အရိပ်အယောင်များ သန်းလျက်ရှိသည်။

“လက်ရှိမှာတော့ ဖြေရှင်းနိုင်တဲ့နည်း တစ်နည်းပဲရှိတယ် …” တာအိုသခင် တိမ်တိုက်စူးစမ်းက ဖြည်းညင်းစွာဖြင့် ပြောသည်။

“အန်လင်း … ငါတို့အားလုံး နင့်ကို ယုံတယ် …” သာယာသည့် အသံပိုင်ရှင် နတ်သမီးလေး၏ နူးညံ့လှပသည့် မျက်နှာလေးသည် နီမြန်း နေလေသည်။ သူမသည် အလွန်သာယာသည့် အသံဖြင့် ပြောသည်။

“ဒီပြဿနာက ပြိတ္တာဧကရာဇ်ရဲ့ အကြံအစည်နဲ့ သက်ဆိုင်နေတာရယ် … ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးကို ဆောင်ယူပေးဖို့ တာဝန်က မင်းပုခုံးပေါ်မှာ ရှိနေတယ် …” ဓားအင်မော်တယ် မြစ်စိမ်းက လေးနက်စွာ ပြောသည်။

“ဒါ … ဒါပေမဲ့လည်း …”

ထိုပြဿနာနှင့် အချိန်အတော်ကြာ နပန်းလုံးပြီးနောက်တွင် အန်လင်း မျက်လုံးများသည် တဖျပ်ဖျပ် လက်လာသည်။ ထိုအခြေအနေအား ရှောင်ရှားရန် အတွက် ပြောင်မြောက်သည့် နည်းလမ်း တစ်ခုအား ရုတ်တရက် တွေးလိုက်မိသည်။ “အွန်လိုင်းကနေ လှပတဲ့ အမျိုးသမီးပုံတွေကို ကြည့်မယ်ဆိုရင်ကော … ဒါမှမဟုတ် ရှောင်းဟုန်ကို ညစ်ညမ်း ရုပ်ရှင်တွေ ပြလိုက်ရမလား …”

ထိုစကားအား ကြားသည့်အခါတွင် ရှောင်းဟုန်သည် အလေးအနက် ထားကာဖြင့် ခေါင်းခါလိုက်သည်။ “သခင်ရေ … ညှို့ယူဖမ်းစားခြင်း နည်းစနစ်ကို သုံးမယ်ဆိုရင် ရှောင်းဟုန်က သုံးဖက်မြင်ဖို့ လိုအပ်ပါတယ်နော် … မဟုတ်ရင် ပုံရိပ်တွေ ဖန်တီးလို့ ရမှာ မဟုတ်တော့ဘူး …”

အန်လင်းက လက်မလျှော့ချင်သေးပေ။ “ဒါပေမဲ့ ငါ့မှာ အမျိုးသမီး ဝတ်စုံတွေမှ မရှိတာကို …”

သူပြောပြီးသည့် နောက်မှာပင် ထျန်းလင်းလင်းနှင့် အခြားသော အမျိုးသမီးများသည် အဝတ်အစားများအား ထုတ်ကာ သူ့ကို ပေးလာကြသည်။ ထိုဝတ်စုံများသည် အလွန် ဆွဲဆောင်မှုရှိသည့် ဝတ်စုံများ ဖြစ်ကြသည်။

သူတို့၏ အမြန်နှုန်းမှာ ကြောက်ဖို့ ကောင်းလှသည်။

စုရှောင်လန် သည်ပင်လျှင် ဝတ်စုံပြည့် သုံးစုံ ထုတ်ပေးကာ သူ့အား ပိုမိုရွေးချယ်ခွင့်ကို ပေးနေသည်။

ဟောင်ရှန့်ရှန့်သည် ဘစ်ကနီရေကူးဝတ်စုံ တစ်စုံအား ထုတ်ပေးလာသည်။

ဘစ်ကနီ …

နင့်ဘာသာနင် ဝတ်နေလိုက် …

အန်လင်းမှာ ဒေါသ ထွက်လွန်းသဖြင့် ရင်ကျပ်ရောဂါပင် ရပေတော့မည်။

ဘယ်က သောက်ကျင့်မကောင်းတဲ့ အမျိုးသမီး ကျင့်ကြံသူက ဟိုပေါ်ဒီပေါ် ဝတ်စုံတွေကို မဝတ်နိုင်ဘူးလို့ ပြောခဲ့တာတုန်း …

အခုတော့ ငါ့ကို ဘစ်ကနီ ထုတ်ပေးတယ်တဲ့လား …

နင့်မှာ အသိစိတ်လေးဘာလေး မရှိဘူးလား …

အမျိုးသမီးကျင့်ကြံသူ အားလုံးတို့သည် ခေါင်းငုံ့ ထားကြသည်။ သူတို့၏ အမျိုးသမီး ဝတ်စုံဝတ် ခေါင်းဆောင်အား ဦးစားပေး နေသကဲ့သို့ပင်။

အမျိုးသား ကျင့်ကြံသူ အားလုံးတို့သည် တည်ကြည်သည့် အမူအရာများ ရှိကြပြီး သူတို့ မျက်လုံးများထဲတွင် ရိုးသားမှုဖြင့် အန်လင်းအား ကြည့်လိုက်ကြသည်။ ဆိုလိုသည်မှာ ငါတို့ရဲ့ အမျိုးသမီးဝတ်စုံဝတ် ခေါင်းဆောင်အား လေးစားပါတယ် …။

“အန်လင်း …”

အန်လင်းသည် ငြင်းပယ် လိုသေးသော်လည်း ချောင်ပိတ် ရိုက်ခံနေရသည်ဟု ခံစားနေရသည်။

အချိန်အတော်ကြာ စဉ်းစားပြီးသည့် နောက်တွင် အံကြိတ်ကာ သူ့ဘဝ၏ အရေးအကြီးဆုံးသော ဆုံးဖြတ်ချက်အား ချမှတ် လိုက်တော့သည်။

သေလိုက်ပါတော့ဟေ့ …

အမျိုးသမီး ဝတ်စုံတွေသာ မဟုတ်ရင် ငါက ဘာပဲဖြစ်ဖြစ် ဝတ်မှာရယ် …

ကမ္ဘာကြီးကို ကာကွယ်ဖို့အတွက် ဝတ်တာ … လူသားမျိုးနွယ်ကို ကာကွယ်ဖို့အတွက် ဝတ်တာ

အန်လင်းသည် သူခံစားနေရသည့် စိတ်ဖိစီးမှုမှ ကင်းဝေးနိုင်စေရန် ထိုစာကြောင်းကိုသာ အဆက်မပြတ် ရွတ်နေလေသည်။ ထို့နောက်တွင် သူ့ရှေ့တွင် ရှိနေသည့် ဝတ်စုံများထဲမှ စတင် ရွေးချယ်တော့သည်။

သူ့လက်များမှ တုန်ရီနေပြီး သူ့အရှေ့တွင် ရှိနေသည့် အလွန်ဖော်ပြ ထားလျက်ရှိသည့် ဝတ်စုံများအား ကြည့်နေလေသည်။

ဘာလို့ အဲလောက်တောင် ပေါ်နေရတာတုန်း …

အမျိုးသမီး ကျင့်ကြံသူတွေ အဲလိုဝတ်တာ တစ်ခါမျှပင် မမြင်ဖူးခဲ့ချေ … ထိုဝတ်စုံများအား ဘာအတွက်ကြောင့် ဝယ်ယူခဲ့ကြသနည်း …

အကြည့်ခံချင်လို့ …

***

သူက လုံခြုံမှု အရှိဆုံးဖြစ်သည့် အဝတ်တစ်ထည်အား ကောက်ယူလိုက်သည်။

ထိုသည်မှာ အနက်ရောင် ခါးပေါ်အင်္ကျီနှင့် အနက်ရောင် စကပ်တိုတို့ ဖြစ်ကြသည်။

ဘယ်လိုဝတ်ရမည်နည်း။ အနက်ရောင်သည် ပန်းရောင် ထက်စာလျှင် ပိုကောင်းသည့်အတွက် ရွေးလိုက်ရခြင်း ဖြစ်သည်။

အန်လင်း၏ ခန့်ညားသည့် မျက်နှာတွင် ရှက်ရွံ့မှုကြောင့် နီရဲနေလေသည်။

ဟူး … ဘယ်သူမဆို အခြားသူတွေရှေ့ အမျိုးသမီးဝတ်စုံ ဝတ်ရရင် ရှက်ကြမှာပဲလေ …။

ကျင့်ကြံသူ အားလုံးတို့သည် အန်လင်းအား ကျောခိုင်းကာ အဝေးသို့ ကြည့်နေကြသည်။ သို့ပေမဲ့လည်း ဘာလို့များ အမျိုးသမီး ကျင့်ကြံသူ အားလုံးတို့သည် မှန်များအား ကိုင်ဆောင်ကာ အလှပြင်နေကြတာတုန်း …။

ကောင်းပါပြီ။ သူတို့အားလုံးက ရုတ်တရက်ကြီး တစ်ချိန်တည်းမှာ အလှပြင်ချင်လာတာ ဖြစ်လိမ့်မည်။ အန်လင်းအတွက် ပြောစရာ မရှိချေ။

ဒါပေမဲ့ အမျိုးသား များသည်လည်း ဘာလို့များ မှန်ကို ကြည့်နေကြတာတုန်း …။

သူတို့လည်း ရုတ်တရက်ကြီး မှန်ကြည့်ချင် လာကြလို့လား …

သူတို့ဖုန်းများအား ထုတ်ကာ ဆယ်လ်ဖီရိုက်နေကြသူများပင် ရှိနေသေးသည်။

သူတို့ ဓာတ်ပုံများထဲတွင် အန်လင်းသည် လှပသည့် နောက်ခံ တစ်ခုအနေဖြင့် ပါဝင်လျက်ရှိသည်။ ထိုဓာတ်ပုံများသည် သိမ်းထားသင့်သည့် အမှတ်တရပုံများပင် ဖြစ်သည်။

အန်လင်း မျက်လုံးများထဲတွင် မျက်ရည်များ ဝဲလာသည်။

ရှက်ရွံ့မှုဖြင့် အဝတ်များအား ဝတ်လိုက်သည်။

သူ့ခန္ဓာကိုယ်တွင် ဝတ်ဆင် လိုက်သည့်အခါ အနက်ရောင် ခါးပြတ် ဝတ်စုံသည် သူ၏ ပေါင်မုန့်တုံးများအား လှစ်ဟပ်ပြလျက် ရှိနေသည်။

ထိုအင်္ကျီသည် အလွန်သေးငယ် လွန်းသည့်အတွက် သူ့ခါးမှာ ပေါ်လျက် ရှိနေသည်။

စကတ်တိုအား ဝတ်လိုက်သည့် အခါတွင် သူ၏ ရှည်လျားကာ ဖြူဖွေးသည့် ခြေထောက်များသည် နေရောင်အောက်တွင် ထင်းလျက် ရှိနေသည်။

မျက်စိတောင် ကျိမ်းတယ် …

ဟူး … ထားလိုက်ပါတော့လေ …

“ရှောင်းဟုန် … မြန်မြန်လေး မှတ်တမ်းတင်စမ်း …” အန်လင်း မျက်လုံးထဲတွင် ခြိမ်းခြောက်သည့် အရိပ်အယောင်များနှင့် ဖြစ်သည်။

ထိုအဝတ်များအား ဝတ်ဆင်ထား ရခြင်းသည် တစ်စက္ကန့် သည်ပင်လျှင် သူ့အား ပြင်းထန်စွာ ညင်းပန်းနေခြင်း ဖြစ်သည်။

ရှောင်းဟုန်၏ သေးငယ်သည့် ခန္ဓာကိုယ်လေးမှာ အနည်းငယ် တုန်ယင်လျက် ရှိသည်။ အန်လင်း၏ တောင်းဆိုချက်အရ  သူမသည် ဆွဲဆောင်မှုရှိသည့် အမျိုးသမီး တစ်ဦးပုံစံကို မြင်ယောင်ရတော့သည်။

သုံးဖက်မြင် ပုံရိပ် စတင်ပါပြီ … ရုပ်ပုံအား အသေးစိတ် ဖတ်ရှုပါမည် …

အန်လင်းမှာ ရင်သားကြီးဖို့ လိုအပ်တယ် … D-cup မဟုတ်ဘူး … E-cupက ပိုကောင်းတယ် …

ခါးကတော့ ပိန်တာကြောင့် အနေတော်ပဲ … တင် … တင်က ကြီးဖို့ လိုအပ်တယ် … ပိုပြီးတော့ ကွေးရမယ် …

ခြေထောက်တွေက ချောမွေ့ ရှည်လျားပြီး သေးသွယ်ဖို့ လိုအပ်တယ် … လက်မောင်း တွေကောပဲ ရှည်လျားပြီး တင့်တယ်ရမယ် … မျက်လုံးတွေကောပဲ နှင်းလိုမျိုး ကြည်လင်နေရမယ် …

အချိန်က တရွေ့ရွေ့နှင့် ကုန်ဆုံးနေပြီး နှစ်တစ်ရာခန့် ကုန်ဆုံး သွားသလိုပင် …

***

ပုံရိပ်အား အောင်မြင်စွာ မှတ်တမ်းတင်ပြီးသည့် နောက်တွင် အန်လင်းသည် သူ၏အဝတ်အစာ များအား ပြန်လဲလိုက်သည်။

ကျင့်ကြံသူ အားလုံးသည်လည်း ပြန်လှည့် လာကြသည်။

အမျိုးသား ကျင့်ကြံသူများသည် သူ့အား အားနာသည့်ပုံဖြင့် ကြည့်နေကြပြီး အမျိုးသမီး ကျင့်ကြံသူများသည် သူ့အကြည့်အား ရှောင်ရှားကာ မျက်နှာတွင် ရှက်သွေးဖြာ နေကြသည်။

ဟာ … သူတို့မျက်လုံးထဲက အကြည့်တွေက ဘာတွေတုန်း …

သူက နောက်တစ်ဖန် စိတ်မချမ်းမြေ့ဖွယ်နှင့် ကြုံတွေ့ ရတော့မည်ဟုပင် ခံစားနေရသည်။

ရွှမ်ယွမ်ချန်သည် လျှောက်လှမ်းလာပြီး သူ့ပုခုံးအား ပုတ်လိုက်သည်။ သူ့မျက်လုံးထဲတွင် အားပေးနှစ်သိမ့်မှု အပြည့်နှင့် ဖြစ်သည်။

စုရှောင်လန် သည်လည်း သူ့ဘေးတွင် လာရပ်ကာ “အဆင်ပြေ သွားလိမ့်မယ် … အချိန်ကြာလာရင် ဒါတွေအားလုံးက မေ့သွားကြမှာ … အားလုံးက အတိတ်တွေ ဖြစ်သွားလိမ့်မယ် … (အခုတော့ အဲဒီပုံစံကြီးက ငါ့တို့စိတ်ထဲမှာ စွဲနေကြပါပြီနော် …)”

“မစိုးရိမ်ပါနဲ့ ငါက တစ်ချက်ပဲ ကြည့်ခဲ့တာရယ် … နင့်ရင်ဘတ်က ငါ့ထက်တောင် ကြီးနေသေးတယ် …” ထျန်းလင်းလင်းက လေးနက်စွာ ပြောသည်။

“အန်လင်း …”

သူက ထျန်းလင်းလင်းအား အသေရိုက်သတ် ပစ်ချင်နေမိသည်။

ကျင့်ကြံသူ အားလုံးတို့သည် အန်လင်းအား တည်ကြည်စွာဖြင့် ကြည့်လာကြပြီး အန်လင်း၏ စိတ်ခံစားချက်အား အထောက်အပံ့ ပြုလိုကြသည်။ သူကြုံတွေ့ခဲ့သည့် စိတ်ဒဏ်ရာအား မေ့ပျောက် စေလိုကြသည်။

သို့သော်လည်း အန်လင်းသည် ထိုအမျိုးသမီး အဝတ်အစားများအား ဝတ်ဆင်ခဲ့ရသည့် အဖြစ်အပျက်ကို မည်သည့်အခါတွင်မှ မေ့သွားတော့မည် မဟုတ်ပေ။

***

လိုအပ်သည့် အချက်အလက်များအား စုဆောင်းပြီးသည့် နောက်တွင် ရှောင်းဟုန်သည် ယုတ်မာ ရိုင်းစိုင်းသည့် ပြိတ္တာဘုရင်အား ညှို့ယူ ဖမ်းစားခြင်း နည်းစနစ်ကို အသုံးပြု လိုက်တော့သည်။

သူခံစားခဲ့ရသည့် ညင်းပန်းမှုများမှ စိတ်အခြေအနေ ပြန်လည် သက်သာလာသည့် အခိုက်အတန့်မှာပင် ပြိတ္တာဘုရင်၏ မျက်လုံးများသည် ဗလာ ဖြစ်သွားပြန်သည်။ ထို့နောက်တွင် သူသည် ဆွဲဆောင်မှု ပြင်းထန်သည့် နတ်မိမယ် အန် အား မြင်တွေ့လိုက်ရသည်။

ပြိတ္တာဘုရင်၏ မျက်နှာတွင် အောက်တန်းကျသည့် အပြုံးတစ်ခု ပေါ်လာသည်။ သူ့တစ်ကိုယ်လုံး သည်လည်း စိတ်ဆန္ဒများကြောင့် ပူလောင်လာသည်။

ပြိတ္တာဘုရင်၏ အမူအရာမှ တစ်ဆင့် ကျင့်ကြံသူများသည် ညှို့ယူဖမ်းစားခြင်း နည်းစနစ်မှာ အခြေခံအားဖြင့် အောင်မြင်သွားပြီဟု သတ်မှတ် လိုက်ကြသည်။

ထို့နောက်တွင် ပြိတ္တာဘုရင်သည် အသက်ရှူသံ ပြင်းထန် လာလေသည်။

ပုံရိပ်ယောင် ကမ္ဘာထဲတွင် သူ့အား မြှူဆွယ် ကျီစယ်နေသည့် နတ်မိမယ် အန်အား လိုက်ဖမ်းလျက် ရှိနေသည်။

သို့ပေမဲ့လည်း နတ်မိမယ် အန်သည် အမျိုးသမီး ဟန်ရှိသည့် အမျိုးသားတစ်ဦး ဖြစ်နေသည့် အတွက် သူ့အနေနှင့် ချစ်စကားများ ပြောခွင့်မရချေ။

ထိုခံစားချက်သည် ဝမ်းနည်းစရာ ကောင်းလှသည်။ သူ့ခန္ဓာကိုယ် အတွင်းတွင် ရမ္မက် မီးတောက်များ လောင်ကျွမ်း လာတော့သည်။ ပြိတ္တာဘုရင်၏ အမူအရာအား ကြည့်နေရင်း ကြည့်နေရင်းဖြင့် အန်လင်းမှာ ဆက်မကြည့်နိုင်တော့ လောက်အောင် ဖြစ်မိသည်။

သူ့ဆန္ဒများအား မဖြည့်ဆည်းနိုင်သည့် အတွက်ကြောင့် သူ၏ ရမ္မက်မီးတောက် များသည် အကန့်အသတ် မဲ့လာပြီး သူ့ခန္ဓာကိုယ်အနှံ့ တောက်လောက်လျက် ရှိနေသည်။

ပြိတ္တာဘုရင်သည် အလွန်အမင်း တောက်လောင်လျက် ရှိသည်။ သို့သော်လည်း သူ၏ ရမ္မက်အား ဖြည့်ဆည်းနိုင်ခြင်း မရှိချေ။

နာကျင်မှုနှင့် စိတ်အားငယ်မှု …။

သူ့အမူအရာသည် တဖြည်းဖြည်း ကြမ်းတမ်းလာပြီး ခန္ဓာကိုယ် တစ်ခုလုံး တုန်ယင်လာသည်။

***

“ဘယ်သူက ကူညီပေးနိုင်မလဲ … ကူညီကြပါ …”

“ဘာပဲပြောပြော ငါနားထောင်ပါ့မယ် … တောင်းပန်ပါတယ် … တကယ် တောင်းပန်ပါတယ် …”

ပြိတ္တာဘုရင်သည် အဆက်မပြတ် ညည်းညူကာ တောင်းဆိုလျက် ရှိသည်။

ယုတ်မာ ရိုင်းစိုင်းသည့် ပြိတ္တာဘုရင် … လူမဆန်သည့် ညင်းပန်းမှုများနှင့် ရင်ဆိုင်ခဲ့ရသော်လည်း မယိုင်မလဲခဲ့သူ … နောက်ဆုံးတော့ လက်နက်ချလေပြီ။ အမျိုးသမီးဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသား တစ်ဦးကြောင့် လက်နက်ချ ရလေပြီ။

“ငါကူညီပေးနိုင်တယ် … ဒါပေမဲ့ ငါ့ရဲ့ စကားလုံးတိုင်းကို နင်က နားထောင်ပြီး လိုက်နာဖို့ လိုအပ်တယ် …” ရှောင်းဟုန်က ပြောသည်။

ပြိတ္တာဘုရင်၏ မျက်နှာတွင် ရုတ်တရက် ဆိုသလို ဝိရောဓိများ ဖြစ်လာသည်။ သို့သော်လည်း ထိုအမူအရာသည် လျင်မြန်စွာပင် လေးစားပြီး နာခံမှုရှိသည့် အသွင်သို့ ပြောင်းသွားသည်။

“ကောင်းပါပြီ … လက်ခံပါတယ် …”

ပြိတ္တာဘုရင်သည် ကတိပေးပြီးသည့် နောက်တွင် သူ့မျက်နှာမှာ ရုတ်တရက် ဆိုသလို မည်းမှောင်လာပြီး မည်သည့် အမူအရာမျှ ရှိမနေတော့ချေ။

ထိုသည်မှာ ညှို့ယူဖမ်းစားခြင်း နည်းစနစ်သည် တတိယအဆင့်သို့ ရောက်ရှိသွားသည့် လက္ခဏာ ဖြစ်သည်။ နာခံလိုက်နာသည့် အဆင့် …။

**

All Chapters