← Chapters

ဟွမ်ရှီ ချန်ဖုန်း ချူကော

Vol. 135 Ch. 1742

ဟွမ်ရှီ ချန်ဖုန်း ချူကော

Vol. 135 Ch. 1742

လောကပေါင်းကူးရွှေသင်္ဘော ပျံသန်းနေစဉ် အလင်းစက်များက ပတ်ပတ်လည်တွင် အဆက်မပြတ် လင်းလက်နေပြီး ရွှေသင်္ဘောကို အလွန်လျင်မြန်သော အရှိန်ဖြင့် လိုက်မီလာကြသည်။ လန်ယွီတျန်း၏ ဘေးတွင် သူ့နှင့် ချွတ်စွပ်တူသော ကောင်းကင်လက်နက် လန်ယွီတျန်းများ တစ်ယောက်ပြီးတစ်ယောက် ပေါ်လာကြသည်။

ဤကောင်းကင်လက်နက်လန်ယွီတျန်းများကို သွေးယဇ်ပလ္လင်များ ရှာဖွေရန်အတွက် လန်ယွီတျန်းကိုယ်တိုင် ထိန်းချုပ်ထားခဲ့ခြင်းဖြစ်သည်။ ယခုအခါ ယဇ်ပလ္လင်များကို ရှာဖွေတွေ့ရှိပြီး၍ တိုက်ပွဲကြီး ဖြစ်ပေတော့မည်။ ထို့ကြောင့် လန်ယွီတျန်းက သူ့အင်အားကို မြှင့်တင်ရန် ဤကောင်းကင်လက်နက်များအား ပြန်ဆင့်ခေါ်လိုက်ခြင်းပင်။

သုံးယောက်ထဲတွင် သူ၏ သိုင်းအဆင့်မှာ အားအနည်းဆုံးဖြစ်ကာ ရှန့်ကျွင်းနှင့် ချင်မူတို့ကို လုံးဝမယှဉ်နိုင်ပေ။

သို့သော် သူ၏အခြေခံသည် အခိုင်မာဆုံးဖြစ်၏။ ကမ္ဘာပေါ်တွင် အခိုင်မာဆုံးသော တာအိုအခြေခံအုတ်မြစ်ရှိသူ အနည်းအကျဉ်းထဲမှ တစ်ဦးဖြစ်သည်ဟု ဆိုနိုင်သည်။ လောကပေါင်းကူးရွှေသင်္ဘောနှင့် ကောင်းကင်လက်နက်ဆယ်ယောက်ကျော် ပါရှိသည့်အတွက် ဤတိုက်ပွဲသည် အန္တရာယ်များသော်လည်း တိုက်ခိုက်နိုင်စွမ်း လုံးဝမရှိသည်တော့ မဟုတ်ပေ။

လောကပေါင်းကူးရွှေသင်္ဘော၏ အရှိန်မှာ ပို၍ပို၍ မြန်ဆန်လာသည်။ မကြာမီ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပိုက်နက်မှ ပျံသန်းထွက်ခွာပြီး ကမ္ဘာဦးဘုံနယ်စပ်သို့ ရောက်လာသည်။

သူတို့အရှေ့တွင် ဘီးပျံခံတပ်ဟုခေါ်သော နေရာတစ်နေရာ ရှိသည်။

ကမ္ဘာဦးဘုံသည် ကျန်ရှိသော ကောင်းကင်ဘုံများ၊ ကမ္ဘာလောကများအနက် အစည်ကားဆုံး၊ အတိုးတက်ဆုံးဟု ဆိုနိုင်သည်။ သို့သော် ထာဝရငြိမ်းချမ်းရေးအင်ပါယာ တည်ရှိလာသည့်အခါ ကမ္ဘာဦးဘုံ၏ လူအင်အား၊ သယံဇာတအရင်းအမြစ် အားလုံးကို ထာဝရငြိမ်းချမ်းရေးအင်ပါယာက စုပ်ယူသွားသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာနှင့် အလှမ်းဝေ၍ ခေါင်လေလေ၊ ဖွံ့ဖြိုးတိုးတက်မှု ပို၍နည်းပါးလေဖြစ်သည်။

ဘီးပျံခံတပ်ဆိုသည်မှာ ထိုကဲ့သို့သော နေရာပင် ဖြစ်သည်။

ဘီးပျံခံတပ်ဟု ခေါ်ဆိုရခြင်းအကြောင်းမှာ ဤနေရာ၊ ကမ္ဘာဦးဘုံ၏ နယ်စပ် ကောင်းကင်ယံတွင် ကောင်းကင်ဘုံခြောက်ဘုံ စုဝေးနေပြီး ဘီးပုံသဏ္ဌာန် ဖွဲ့စည်းထားသောကြောင့် ဖြစ်သည်။ ကြယ်တာရာများက ကောင်းကင်ဘုံခြောက်ဘုံအကြားတွင် ဘီးအသွင်သဏ္ဍာန်ကဲ့သို့သော ရောင်ခြည်ဖြာထွက်သည့် ကွင်းဆက်များ ဖြစ်တည်နေသည်။

နဂါးဟန်ခေတ်၊ ချိမင်ခေတ်နှင့် ချုံဧကရာဇ်ခေတ်တို့တွင်လည်း ဤနေရာ၌ ရှေးဟောင်းခံတပ်များ ရှိခဲ့ကြသည်။ ကောင်းကင်နတ်ဘုံသည် ကမ္ဘာဦးဘုံကို မျက်စိဒေါက်ထောက် စောင့်ကြည့်ရန်နှင့် ကမ္ဘာဦးဘုံတွင် ပုန်ကန်မှု ဖြစ်ပွားပါက ကောင်းကင်နတ်ဘုံစစ်တပ်ကြီး ဆင်းသက်ရန်အတွက် အခြေစိုက်စခန်းအဖြစ် ၎င်းခံတပ်များအား အသုံးပြုခဲ့၏။

သို့သော် ချုံဧကရာဇ်ခေတ်အကုန်တွင်မူ အသုံးမပြုတော့ပေ။ ခိုင်ဧကရာဇ်ခေတ်တွင်မူ ယန်ယွင်ရှီနှင့် ပိုင်ယွီကျင့်တို့ ဤနေရာတွင် တိုက်ခိုက်ခဲ့ကြဖူးသည်။ ယောက်ျားအသွင်ဆောင်ထားသော ယန်ယွင်ရှီသည် ခိုင်ဧကရာဇ်၏ ကောင်းကင်ဆရာသခင်ကျစ်ရှီ ဖြစ်ကာ အထွေထွေဗဟုသုတမျိုးစုံတွင် ကျွမ်းကျင်၏။

အမျိုးသမီးနှစ်ဦးက ဤနေရာတွင် ဝင်္ကပါအခင်းအကျင်းများဖြင့် အချင်းချင်း စမ်းသပ်ခဲ့ကြသည်။ ရလဒ်အနေဖြင့် ကောင်းကင်ဆရာသခင်ကျစ်ရှီ ရှုံးနိမ့်ခဲ့သော်လည်း ပိုင်ယွီကျင့်မှာ ထိုအချိန်မှစ၍ ယန်ယွင်ရှီကို သဘောကျသွားခဲ့သည်။ နှစ်ဦးသား ‘အချစ်အမှတ်တရပစ္စည်း’ များပင် လဲလှယ်ခဲ့ကြဖူးလေသည်။

ထိုအချိန်တုန်းက ကောင်းကင်နတ်ဘုံ၏ အမြင်အကျယ်ဆုံး၊ စိတ်သဘောထားအပွင့်လင်းဆုံး အချိန်ဟု ဆိုနိုင်သည်။ ခိုင်ဧကရာဇ်ခေတ်၏ အစွမ်းထက်သိုင်းပညာရှင်များနှင့် ကောင်းကင်နတ်ဘုံမှ နတ်ဘုရားမိစ္ဆာများအကြား အပြန်အလှန်ဆက်ဆံရေးများစွာ ရှိခဲ့ကြသလို၊ ကောင်းကင်နတ်ဘုံကလည်း ပြုပြင်ပြောင်းလဲမှုကို ဤမျှ ဆန့်ကျင်ခြင်း မရှိခဲ့ပေ။

ယန်ယွင်ရှီနှင့် ပိုင်ယွီကျင့်တို့ ထွက်ခွာသွားပြီးနောက် ဤဘီးပျံခံတပ်မှာ လုံးဝစွန့်ပစ်ခံလိုက်ရကာ လူသူကင်းမဲ့သွားသည်။ အကြောင်းမှာ ကောင်းကင်ဆရာသခင်နှစ်ဦးက ဝင်္ကပါအစီအရင်များစွာ ချန်ထားခဲ့သောကြောင့် ဤနေရာမှာ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော တားမြစ်နယ်မြေ ဖြစ်လာခဲ့ခြင်းကြောင့်ပင်။ ထို့ကြောင့် မည်သူမျှ ဤနေရာသို့ မဝင်ရောက်ရဲတော့ပေ။

ဘီးပျံခံတပ်ထဲတွင် ဝင်္ကပါအစီအရင်အမျိုးမျိုး ပျံ့နှံ့တည်ရှိနေကြသည်။ ဝင်္ကပါအမှတ်အသားများ၊ သံကြိုးများ ရောယှက်နေကြသည်။ ကောင်းကင်ဆရာသခင်နှစ်ပါး၏ တိုက်ပွဲအပြီး နှစ်ပေါင်းနှစ်သောင်းလေးထောင် ကြာမြင့်သွားသော်လည်း ဝင်္ကပါတို့၏ စွမ်းအားမှာ အနည်းငယ်မျှ လျော့ကျသွားခြင်း မရှိပေ။

ဤအခိုက်အတန့်တွင် ဘီးပျံခံတပ်ထဲ၌ ဝင်္ကပါအစီအရင်ကြီးတစ်ခု လည်ပတ်လာပြီး သစ်ပင်များ အစုလိုက်အပြုံလိုက် ထွက်ပေါ်လာသည်။ သစ်ပင်များသည် တောအုပ်သဖွယ် စုဖွဲ့သွားကာ သစ်ပင်တစ်ပင်စီတိုင်းမှာ နတ်ဘုရားမိစ္ဆာများပမာ အသက်ဝင်နေကြ၏၊။ သူတို့သည် အမြစ်များအား မြေကြီးထဲမှ ဆွဲနှုတ်နိုင်သည့်အပြင် အကိုင်းအခက်များအား ဓားသဖွယ် အသုံးပြု၍ ပြိုင်ဘက်များကို သတ်ဖြတ်နိုင်ကြသည်။ လိမ်ကောက်နေသော အကိုင်းအခက်များမှာ ဝင်္ကပါအစီအရင်ထဲသို့ ဝင်ရောက်လာသူတိုင်းကို လည်ညှစ်သတ်ဖြတ်ပစ်မည့် မြွေနဂါးများအလားပင်။

သစ်ပင်ထောင်ပေါင်းများစွာ၏ အလယ်တွင် သစ်ပင်တစ်ပင်သည် အလွန်မြင့်မားစွာ ထိုးထွက်နေကာ အခြားသစ်ပင်များထက် များစွာသာလွန်နေသည်။ တောင့်တင်းခိုင်မာသော အဆိုပါသစ်ပင်အိုကြီးကား တစတစ လူအသွင် ဖြစ်လာ၏။ သစ်ပင်ထိပ်ဖျားကလည်း အရုပ်ဆိုးဆိုးလူတစ်ယောက်၏ ရှုပ်ပွနေသော ဆံပင်နှင့် တူသည်။ ကိုယ်လုံးမှာ ကြီးမားပြီး ခေါင်းကမူ သေးငယ်နေသည်။ သစ်ပင်ထိပ်ဖျားသည် ကိုယ်လုံးလောက်ပင် မထူပေ။

ဤ ထူးဆန်းသော သစ်ပင်၏ ပတ်လည်တွင် အရွယ်အစားမျိုးစုံသော သစ်မိစ္ဆာကြီးများ ရှိနေကြသည်။

ယန်ယွင်ရှီနှင့် ပိုင်ယွီကျင့်တို့နှစ်ယောက်လုံးသည် ဝင်္ကပါအစီအရင်ပညာရပ်တွင် အံ့ဩဖွယ်ကောင်းစွာ အောင်မြင်မှုများ ရရှိထားကြသည်။ ဝင်္ကပါအစီအရင်များကို အသုံးပြု၍ နတ်ဘုရားမိစ္ဆာအမျိုးမျိုး ဖန်တီးကာ ဝင်္ကပါစွမ်းအားကို မြှင့်တင်တတ်ကြသည်။

ဘီးပျံခံတပ်ထဲတွင် အလားတူအစီအရင်များစွာ ရှိနေသည်။ ဝိညာဉ်ဆင့်ခေါ်အတတ်လည်း ပါဝင်သည်။ ဝိညာဉ်ဆင့်ခေါ်အတတ်မှာ အနောက်ကမ္ဘာမြေသူများသာ တတ်မြောက်သည့် ဆန်းကြယ် ကောင်းကင်နတ်သိုင်းမဟုတ်ပေ။ အနောက်ကမ္ဘာမြေ၏ အစစ်အမှန်ကောင်းကင်နန်းတော်မှာ ကောင်းကင်နတ်ဘုံမှ အရင်းခံသည် မဟုတ်ပါလော။

ထို့ပြင် ဝိညာဉ်ဆင့်ခေါ်အတတ်သည် ကောင်းကင်နတ်ဘုံမှ အခြေခံခြင်းလည်း မဟုတ်ပေ။ ခိုင်ဧကရာဇ်ခေတ်မှ ဆင်းသက်လာခြင်းဖြစ်သည်။ ခိုင်ဧကရာဇ်ခေတ် ပြုပြင်ပြောင်းလဲရေးကာလ၏ အောင်မြင်မှုများထဲမှ တစ်ခုဖြစ်သည်။

ထိုသစ်မိစ္ဆာကြီးသည် ပို၍ကြီးမားသည်မှလွဲ၍ ကျန်သစ်မိစ္ဆာများနှင့် သိပ်ကွာခြားခြင်းမရှိပေ။ သို့သော် အနီးကပ်ကြည့်လိုက်လျှင် ဤသစ်မိစ္ဆာကြီး၏ ရုပ်ပိုင်းဆိုင်ရာဖွဲ့စည်းပုံမှာ ကျန်သစ်မိစ္ဆာများနှင့် လုံးဝကွဲပြားခြားနားသည်ကို သတိထားမိလိမ့်မည်။

သစ်မိစ္ဆာကြီး၏ ရုပ်ခန္ဓာကား ဝင်္ကပါအစီအရင်မှ ဖြစ်ပေါ်လာသော အမှတ်အသားများဖြင့် တည်ဆောက်ထားခြင်းမဟုတ်ဘဲ မယုံနိုင်လောက်အောင် သေးငယ်သော အစီအရင်စာလုံးများဖြင့် ထွင်းထုထားခြင်း ဖြစ်သည်။ နှစ်ပေါင်းမရေမတွက်နိုင်အောင် သန့်စင်၍ ပုံသွင်းခြင်းကို ခံခဲ့ရသကဲ့သို့ အလွန်ပင် လက်ရာမြောက်လှသည်။

စကြဝဠာပျက်စီးခြင်းကပ်ဘေးကြီးမှ ချန်ထားခဲ့သော အမာရွတ်များကိုပင် ၎င်း၏ခန္ဓာထက်တွင် တွေ့မြင်နိုင်သည်။ ပျက်စီးခြင်းကပ်ဘေး၏ ဖရိုဖရဲချီစွမ်းအင်တိုက်စားခြင်းမှ ကျန်ခဲ့သော အမာရွတ်များဖြစ်၍ သူ၏တာအိုခန္ဓာကိုယ်ပေါ်တွင်ပင် ဖျောက်ဖျက်မရခဲ့ပေ။

သူသည်ကား ဘိုးဘေးနန်းတော်၏ ခန်းမ ၇၂ ခုထဲမှ ချန်ဖုန်းခန်းမ၏ ခန်းမသခင် ပေတည်း။

သူ၏ ရုပ်ခန္ဓာမှာ လင်ကွမ်းခန်းမသခင်၏ ခန္ဓာကိုယ်ကဲ့သို့ ရှေးနတ်ဘုရားတစ်ပါးကို မွေးဖွားပေးနိုင်သော အဆင့်သို့ မရောက်သော်လည်း သာမန်မဟုတ်သည်မှာတော့ သေချာသည်။

ထို့ထက်ပို၍ ကြောက်စရာကောင်းသည်မှာ သူ၏ တာအိုသစ်ပင်နှင့် တာအိုသစ်သီးတို့လည်း တစ်ချိန်တည်း ဆင်းသက်လာခြင်းဖြစ်သည်။

သူ၏တာအိုသစ်သီးကား အခြားသူများနှင့် မတူပေ။ သစ်သီးသည် သူ၏ ခေါင်းထိပ်ရှိ သစ်ပင်ထိပ်ဖျားမှ တွဲလောင်းကျနေ၏။

ချန်ဖုန်းခန်းမသခင်သည် တာအို ရခဲ့သော သစ်ပင်ကြီးတစ်ပင် ဖြစ်၏။ နတ်ဘုရားအဆင့်အထိ ကျင့်ကြံရင်း လေ၊ မိုး၊ ဆင်းရဲဒုက္ခမျိုးစုံ ဖြတ်ကျော်ပြီးနောက်ဆုံးတွင် သူသည် မဟာတာအိုကို အန္တိမဟင်းလင်းပြင်၌ ခတ်နှိပ်ပြီး တာအိုသိုင်းပညာရှင်တစ်ပါး ဖြစ်လာခဲ့၏။

သူ၏ တာအိုလမ်းစဉ်မှာ ဒဏ္ဍာရီပင် တွင်ခဲ့သည်။ သူ တာအိုသိုင်းပညာရှင်တစ်ပါး ဖြစ်လာသည့်အခါ မီလော့နန်းတော်အရှင်သခင်ပင် အံ့ဩသွားပြီး သူ့ကို လမ်းညွှန်ရန် ကိုယ်တိုင်ရောက်လာခဲ့လေသည်။ “မင်းရဲ့ မဟာတာအိုကို အန္တိမဟင်းလင်းပြင်မှာ ခတ်နှိပ်ပြီး တာအိုသစ်ပင် ဖြစ်လာစေမယ့်အစား မင်းကိုယ်တိုင် အန္တိမဟင်းလင်းပြင်မှာ ခတ်နှိပ်လိုက်တာ ပိုကောင်းတယ်”

ချန်ဖုန်းခန်းမသခင်မှာ မီလော့နန်းတော်သခင်၏ လမ်းညွှန်မှုကြောင့် အသိဉာဏ်ပွင့်သွားခဲ့သည်။ ထို့ကြောင့် မိမိကိုယ်ကို တာအိုသစ်ပင်အဖြစ် အသုံးပြု၍ အန္တိမဟင်းလင်းပြင်၌ ခတ်နှိပ်ကာ တစ်မူထူးခြားသော တာအိုသိုင်းပညာရှင်တစ်ပါး ဖြစ်လာခဲ့သည်။

သူ၏ရုပ်ခန္ဓာသည် တာအိုသစ်ပင်ဖြစ်ပြီး တာအိုသစ်သီးမှာ သူ့ခေါင်းပေါ်တွင် သီးနေသည်။ သူ ပျက်စီးခြင်းကပ်ဘေးကို ဖြတ်ကျော်သည့်အခါ ရင်ဆိုင်ရသော အန္တရာယ်မှာလည်း အခြားတာအိုအရှင်များထက် သေးငယ်ခဲ့သည်။ သူ၏အောင်မြင်မှုများက မီလော့နန်းတော်မှ သခင်လေးအချို့ကိုပင် မနာလိုဖြစ်စေခဲ့သည်။

“ငါ့အမြစ်တွေ အပြည့်အဝ မဆင်းသက်သေးဘူး”

ချန်ဖုန်းခန်းမသခင်သည် သူ၏အရည်အချင်းကို ဖုံးကွယ်ထားပြီး အခြားသစ်မိစ္ဆာများနှင့် ရောနေအောင် ဟန်ဆောင်ထားသည်။ “ဒါပေမဲ့ မကြာတော့ပါဘူး... အများဆုံး နှစ်နှစ်ကြာရင် ...ငါ အပြည့်အဝ ဆင်းသက်နိုင်တော့မယ်...ဆင်းသက်ပြီးရင် ဒီစကြဝဠာခေတ်ကို လွယ်လွယ်ကူကူ ရယူနိုင်ပြီ…”

ဘုန်း

ရွှေရောင်အလင်းတန်းတစ်တန်းက အလင်း၏ အမြန်နှုန်းထက်ပင် ပိုမိုမြန်ဆန်စွာ ပျံသန်းလာပြီး ဘီးပျံခံတပ်ရှိ အစီအရင်အားလုံးကို ဖြိုခွင်းသွားသည်။ အစီအရင်မှန်သမျှကား ထိုရွှေရောင်အလင်းတန်းကြောင့် ကြေမွပျက်စီးသွားချေပြီ။

ရွှေရောင်အလင်းတန်းထဲတွင် သင်္ဘောတစ်စင်းရှိသည်။ သင်္ဘောကြီးသည် ချန်ဖုန်းခန်းမသခင်ကို တည့်တည့်မတ်မတ် ဝင်တိုက်ကာ သစ်ပင်ကြီးကို အမြစ်နှင့်အတူ နုတ်ယူသွားသည်။ ခန်းမသခင်၏ အမြစ်များသည် အပြည့်အဝ မဆင်းသက်သေးသော်လည်း အများအပြား ပေါ်ထွက်နေပြီး မြေကြီးထဲတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေပြီဖြစ်သည်။

ဤအခိုက်အတန့်တွင် ဤအမြစ်အချို့မှာ အားဖြင့် ဆွဲနုတ်ခံရသောကြောင့် ပြတ်တောက်ကုန်ကြသည်။ သင်္ဘော၏ ဝင်တိုက်အားက သူ့ကို မြေကြီးပေါ်သို့ ဖိချကာ သင်္ဘောအောက်တွင် ဆွဲယူသွားသည်။ မြောင်းအနက်ကြီးတစ်မြောင်းမှာ မြေကြီးတွင် ဖြစ်ပေါ်လာပြီး မီးတို့ပင် တောက်လောင်လာသည်။ လျှပ်ပန်းလျှပ်နွယ်တို့ကလည်း အရပ်လေးမျက်နှာအား ပစ်ခွင်းနေ၏။

ဝေါ

ရွှေသင်္ဘောက ကမ္ဘာဦးဘုံအပြင်သို့ တိုက်ချသွားပြီးနောက် ကောင်းကင်တစ်လျှောက် ပွတ်ဆွဲသွားသည်။ ရွှေသင်္ဘောအပေါ်တွင် ကောင်းကင်လက်နက်လန်ယွီတျန်းများက ကောင်းကင်နတ်သိုင်းများကို အသက်သွင်းနေကြသည်။ အသက်ဝင်လာသည့် ကောင်းကင်နတ်သိုင်းအားလုံးမှာ ထိုက်ငါးပါးကောင်းကင်နတ်သိုင်းများ ဖြစ်ကြသည်။ ကောင်းကင်နတ်သိုင်းမျိုးစုံသည် သင်္ဘောပေါ်မှ တဖွဲဖွဲ ကျဆင်းလာကာ ချန်ဖုန်းခန်းမသခင်အား တိုက်ခိုက်တော့၏။

ထိုအချိန်က ရှန့်ကျွင်း အထည်ဆိုင်ထဲသို့ ဝင်ပြီး ပန်းချီကားထဲသို့ ပစ်ဝင်လိုက်သည့် အခိုက်အတန့်လည်း ဖြစ်သည်။

လန်ယွီတျန်းက အခွင့်အရေးကို အရယူလိုက်သည်။ သူသည် မည်သည်ကိုမျှ မစဉ်းစားဘဲ သင်္ဘောအောက်တွင် တရွတ်တိုက် ပါလာခဲ့သော ချန်ဖုန်းခန်းမသခင်ထံသို့ ကောင်းကင်နတ်သိုင်းများ ပစ်လွှတ်နေ၏။ သူ၏အစွမ်းမှာ ချင်မူနှင့် ရှန့်ကျွင်းတို့အောက် နိမ့်ကျပြီး အတွေ့အကြုံမှာလည်း မရင့်သန်ပေ။ သို့သော် သူ၏အခြေခံသည် ခိုင်မာသည့်အလျောက် လမ်းစဉ်၊ ကျင့်စဉ်၊ ကောင်းကင်နတ်သိုင်းများနှင့် ပတ်သက်လာလျှင် အသုံးချတတ်မှုက ပိုမြင့်မားသည်။

မျက်တစ်ခတ်အတွင်း ချန်ဖုန်းခန်းမသခင်အား မရေမတွက်နိုင်သော ကောင်းကင်နတ်သိုင်းများ ထိမှန်သွားချေပြီ။ ကောင်းကင်နတ်သိုင်းအမျိုးမျိုးတွင် မတူညီသော ကျင့်စဉ်၊ လမ်းစဉ်တို့ ကိန်းဝပ်နေသည့်အတွက် ဓာတ်သတ္တိများ မတူပေ။ ၎င်းတို့က သူ၏ ကိုယ်ထဲသို့ တစ်ချိန်တည်း ကျူးကျော်ဝင်ရောက်လာပြီး မတူညီသော ပျက်စီးမှုများ ဖြစ်ပေါ်လာစေသည်။

ချန်ဖုန်းခန်းမသခင် ပျာယာခတ်လာသည်။

ပို၍ပင် ကြောက်စရာကောင်းသည်မှာ လောကပေါင်းကူးရွှေသင်္ဘော၏ ဖိအား ဖြစ်သည်။ ရွှေသင်္ဘောက သူ့ကို ဝင်တိုက်ချလိုက်သဖြင့် ပျက်စီးခြင်းကပ်ဘေးပင် မဖျက်ဆီးနိုင်သော သူ၏ ခန္ဓာကိုယ်သည်ပင် ကြေမွလုမတတ် ဖြစ်သွားရသည်။ “လောကပေါင်းကူးရွှေသင်္ဘောလား... သခင်လေးခုနစ်လား”

ရုတ်တရက် လောကပေါင်းကူးရွှေသင်္ဘော ပြင်းထန်စွာ တုန်ခါသွားသည်။ တာအိုသစ်သီးက လေထဲသို့ မြောက်တက်သွားပြီး အလင်းတန်းများ ဖြန့်ကျက်လိုက်ရင်း ဟင်းလင်းပြင်အလွှာအထပ်ထပ်ဖြင့် ချိတ်ဆက်နေသော ပုံရိပ်ယောင်များစွာ ဖွဲ့တည်လိုက်သည်။ သင်္ဘော၏ အရှိန်သည် တဖြည်းဖြည်း နှေးကွေးလာ၏။

“သခင်လေးခုနစ်၊ မင်းရဲ့ အစွမ်းက ငါ ထင်ထားတာထက် အများကြီး အားနည်းနေပါလား”

ချန်ဖုန်းခန်းမသခင်၏ အသံက သင်္ဘောအောက်မှ ထွက်ပေါ်လာသည်။ လောက‌ပေါင်းကူးရွှေသင်္ဘော၏ အရှိန်မှာ တစတစ နှေးကွေးလာပြီး နောက်ဆုံးတွင် ရပ်တန့်သွားသည်။

“လင်းကွမ်ကို သတ်နိုင်ခဲ့တော့ မင်းရဲ့ အစွမ်းက သိပ်ကြောက်စရာကောင်းမယ် ထင်ခဲ့တာ.... မင်းရဲ့ ကောင်းကင်နတ်သိုင်းတွေက ငါ့အရေပြားမှာ ခြစ်ရာလေး ထင်တယ် ဆိုရုံပဲ ရှိတာပါလားကွ”

“ကျုပ်အစ်ကိုကြီးသာဆိုရင် ခင်ဗျား သေနေလောက်ပြီ”

ဤစကားကို ကြားသောအခါ ချန်ဖုန်းခန်းမသခင် ထိတ်လန့်သွားသည်။ သူက ဖြည်းညင်းစွာ ထရပ်လိုက်ပြီး လောကပေါင်းကူးရွှေသင်္ဘောအရှေ့တွင် ပေါ်လာသည်။ အောက်သို့ ငုံ့ကြည့်လိုက်သည့်အခါ ‘လူ’ အက္ခရာပုံစံဖြင့် စီတန်းနေသော ရုပ်ချင်းတူသည့် လူငယ်တစ်စုကို တွေ့လိုက်ရသည်။

“သခင်လေးခုနစ် မဟုတ်ဘူးလား” ချန်ဖုန်းခန်းမသခင် မှင်သက်သွားသည်။ သူက သင်္ဘောဦးပိုင်းရှိ လန်ယွီတျန်းကို သေချာစွာ စစ်ဆေးပြီး ချီးကျူးလိုက်၏။ “မင်းရဲ့ ကျင့်ကြံခြင်းအခြေခံက မဆိုးဘူးပဲ... မင်းရဲ့ ဦးနှောက်ထဲက တုန်ခါမှုတွေကနေ မင်းရဲ့ ဉာဏ်ပညာကို ငါ မြင်နိုင်တယ် ... ဆရာသာ ဒီမှာရှိရင် မင်းကို အရမ်းသဘောကျမှာ...မီလော့နန်းတော်ရဲ့ အဖွဲ့ဝင်တစ်ယောက်တောင် ဖြစ်လာနိုင်တယ်... မင်းနဲ့ ငါ တိုက်ခိုက်တာ ရပ်ပြီး ငြိမ်းချမ်းရေးယူရအောင်.... ငါ မင်းကို မီလော့နန်းတော်ရဲ့ တခြားသခင်လေးတွေနဲ့ မိတ်ဆက်ပေးနိုင်တယ်.... ပြီးတော့ အနာဂတ်မှာ ကြီးကျယ်တဲ့ကိစ္စတွေအတွက် အတူတိုင်ပင်ကြံစည်နိုင်တယ်”

လန်ယွီတျန်းက ခေါင်းခါသည်။ “မလိုအပ်ဘူး... ကျုပ်အစ်ကိုကြီးက မီလော့နန်းတော်ရဲ့ သခင်လေးခုနစ်ပဲ”

ချန်ဖုန်းခန်းမသခင်က ဂရုမစိုက်ပေ။ “သခင်လေးခုနစ်က ငါတို့မီလော့နန်းတော်ရဲ့ အမှိုက်လေ... ဒါက လူတိုင်းသိတဲ့ အမှန်တရားပဲ... ကောင်လေး၊ မင်း လမ်းမှားလျှောက်နေပြီ... မင်းရဲ့ လမ်းကို မပြင်ရင် အသက်အန္တရာယ်ရှိနိုင်တယ်... မင်း ငါ့ကို ချောင်းမြောင်းတိုက်ခိုက်တာကို ငါ ခွင့်လွှတ်ပေးမယ်... ငါနဲ့ လိုက်ခဲ့ ... ငါ မင်းကို ဘိုးဘေးနန်းတော်ရဲ့ ကျောက်စိမ်းမြို့တော်ဆီ ခေါ်သွားပြီး သခင်လေးတွေနဲ့ တွေ့ပေးမယ်”

လန်ယွီတျန်းသည် ဝင်္ကပါအခင်းအကျင်းထဲ၌ ရပ်လျက် ခေါင်းယမ်း၏။ “မသွားဘူး၊ ခင်ဗျားလည်း သွားလို့မရဘူး”

ချန်ဖုန်းခန်းမသခင်က ခေါင်းတခါခါဖြင့် သက်ပြင်းချသည်။ “မင်းလို အရည်အချင်းရှိတဲ့လူတွေကို ငါ အတိတ်မှာ အများကြီးတွေ့ခဲ့ဖူးတယ်... သေရွာကိုလည်း ပို့ပေးခဲ့ဖူးတယ်... ဒီနေ့ နောက်တစ်ယောက်ကို သေရွာထပ်ပို့ရဦးမှာပေါ့လေ”

ကမ္ဘာဦးဘုံ၊ ရွှင်ပျော်ပျော်ကျေးရွာ၏ အပျက်အစီးများသည် ကျိုးပဲ့လွင့်စင်သွားသည့် ဓားများအလား ဓားသင်္ချိုင်းပမာ မြေကြီးတွင် စိုက်ဝင်နေ၏။

ဤဓားတာအိုတောအုပ်သည် တိရီယွဲ့နှင့် အပေါင်းအပါများ၏ အသက်သွင်းမှုအောက်တွင်၊ လန်ယွီတျန်း၏ ဦးဆောင်မှုနှင့်အတူ ကောင်းကင်နတ်ဘုံ၏ စစ်သည်တော်များအား တစ်ချက်တည်းဖြင့် သတ်ဖြတ်ခဲ့သော ဓားနှလုံးသား ရွှင်‌ပျော်ပျော်ကျေးရွာ၏ သင်္ချိုင်းပင် ဖြစ်၏။

ဤနေရာတွင် ရစ်ဝဲနေသော ဓားတာအိုစွမ်းအားမှာ အလွန်ပြင်းထန်သဖြင့် လူအနည်းငယ်သာ ခြေချဝံ့ကြသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာစစ်တပ်မှာမူ ကောင်းကင်ဧကရာဇ်ဟောင်ကို လိုက်လံသတ်ဖြတ်နေသောကြောင့် ဤနေရာကို ဂရုမစိုက်အားပေ။

ဓားတာအိုတောအုပ်ထဲတွင် ဝမ်းနည်းဖွယ်သီချင်းတစ်ပုဒ်ကို ညည်းနေသကဲ့သို့ အသံခပ်သဲ့သဲ့ ပျံ့လွင့်နေသည်။ ထိုဘာသာစကားသည် ရှေးကျလွန်းသောကြောင့် နားမလည်နိုင်ပေ။ သီချင်းသံ တစ်ခါတစ်ရံ ကြေကွဲစရာကောင်းသည်။ တစ်ချက်တစ်ချက် ခက်ထန်လာသည်။ တစ်ခါတရံ ကရုဏာသက်နေသယောင် ထင်ဟပ်သည်။ တစ်ချက်တစ်ချက်တွင်မူ ကဲ့ရဲ့ပြစ်တင်နေသည့်နှယ် ပျံ့လွင့်လာ၏။

သီချင်းမှာ ထူးဆန်းလှပြီး ဟိုတစ်စ သည်တစ်စ စိုက်ဝင်နေသော ဓားကြီးများအတွင်းမှ ထွက်ပေါ်နေခြင်း ဖြစ်သည်။

လူရိပ်တစ်ခုသည် မှန်ကဲ့သို့တောက်ပသော နက်လက်နက်တစ်ခု၏ မျက်နှာပြင်ပေါ်တွင် လမ်းလျှောက်နေ၏။ သူက ဓားတစ်ချောင်းမှ နောက်တစ်ချောင်းသို့ ခုန်ကူးနေသည်။ သူ့အသွင်မှာ မှန်ထဲတွင် လမ်းလျှောက်ရင်း သီဆိုနေသော ဝိညာဉ်ပမာ ထင်ရလေသည်။

ဤအခိုက်အတန့်တွင် နတ်လက်နက်၏ မှန်ထဲတွင် လျှောက်နေသော ပုံရိပ်သည် ရပ်တန့်သွားပြီး အဝေးသို့ လှမ်းကြည့်လိုက်သည်။ ထိုနေရာတွင် နားသယ်၌ ဆံပင်ဖြူနေသော လူငယ်တစ်ယောက်က လက်နောက်ပစ်လျက် လမ်းလျှောက်လာနေသည်။

“သခင်လေးခုနစ်”

မှန်ထဲမှ လူ အံ့ဩသွားသည်။ သူက မှန်ထဲတွင် ချဉ်းကပ်လာသော ချင်မူကို ဦးညွှတ်အရိုအသေပြုကာ နှုတ်ဆက်လိုက်သည်။ “ချူကောခန်းမသခင်၊ သခင်လေးခုနစ်ကို ဂါဝရပြုပါတယ်”

All Chapters