← Chapters

ဇကာသဖွယ် ပေါက်ထွက်ကုန်ခြင်း

Vol. 135 Ch. 1746

ဇကာသဖွယ် ပေါက်ထွက်ကုန်ခြင်း

Vol. 135 Ch. 1746

“သခင်လေးခုနစ်”

ချန်ဖုန်းခန်းမသခင်က ရပ်လိုက်ရာ လောကပေါင်းကူးရွှေသင်္ဘောလည်း ရပ်တန့်သွားသည်။

ချန်ဖုန်းခန်းမသခင်မှာ အသက်ပြင်းပြင်း ရှူလိုက်သဖြင့် သူ၏ခေါင်းပေါ်မှ သစ်ပင်ထိပ်ဖျားရှိ တာအိုသစ်သီးက တောက်ပလာသည်။ တာအိုသစ်သီးထဲမှ မဟာတာအိုမှာ နိုးထလာပြီး ဦးနှောက်၏ သွေးကြောများကဲ့သို့ လှိုင်းတွန့်နေသည်။

ယခု အခြေအနေမှာ သူ့အတွက် အတော်လေး အရေးနိမ့်နေသည်။ သူ၏အမြစ်များမှာ လောကပေါင်းကူးရွှေသင်္ဘောတွင် ချည်နှောင်ခံထားရသောကြောင့် ဆွဲယူ၍ ချင်မူနှင့် ရင်ဆိုင်တိုက်ခိုက်ရန်မှာ အတော်လေး အဆင်မပြေပေ။

သခင်လေးခုနစ်နှင့် ရင်ဆိုင်တိုက်ခိုက်ရာ၌ တစ်ချက်လေး ပေါ့ဆသွားသည်နှင့်် အသက်အန္တရာယ်‌ပေးနိုင်လေရာ ဤမျှကြီးမားသော သင်္ဘောကြီးကို ဆွဲထားရင်း မည်သို့ တိုက်ခိုက်ရမည်နည်း။

ပို၍အရေးကြီးသည်မှာ လောကပေါင်းကူးရွှေသင်္ဘောကို မည်သူမျှ မထိန်းချုပ်နိုင်ခဲ့သော်လည်း ချင်မူကမူ မီလော့နန်းတော်သို့ ပထမဆုံးအကြိမ် ရောက်လာကတည်းက ဤသင်္ဘောကို ခိုးယူသွားခဲ့သည်။ တိုက်ခိုက်နေစဉ်အတွင်း ဤသင်္ဘောက သခင်လေးခုနစ်၏ ထိန်းချုပ်မှုအောက်တွင် လှုပ်ရှားလာပါက မိမိမှာ အမှန်တကယ် ဒုက္ခရောက်ရပေလိမ့်မည်။

ချင်မူက မှင်သေသေ မျက်နှာအမူအရာဖြင့် ပြောသည်။ “ချန်ဖုန်းခန်းမသခင်၊ ခင်ဗျား ကျုပ်ကိုယ်စား သခင်လေးသုံးနဲ့ သခင်လေးလေးကို စကားတစ်ခွန်း ပါးပေးပါ”

ချန်ဖုန်းခန်းမသခင်မှာ ဤစကားကို ကြားသောအခါ ကြက်သီးမွေးညင်းများ ထသွားတော့သည်။

မီလော့နန်းတော်မှ လူအများရှေ့တွင် ချူကောခန်းမသခင် သေဆုံးသွားစဉ်က သခင်လေးခုနစ်က သူ့ကို စကားပါးခိုင်းလိုက်ကြောင်း ပြောခဲ့သည်။ ထို့နောက် အားလုံးအရှေ့တွင် ဦးခေါင်းကွဲ၍ တာအိုသစ်သီး ကြေမွကာ မရှုမလှ သေဆုံးသွားခဲ့သည်။

ယခု ချင်မူသည် သူ့ကို သခင်လေးနှစ်ပါးဆီ စကားပါးခိုင်းပြန်ရာ အဆုံးသတ်ကို မြင်ယောင်နေမိလေပြီ။

စစ်ဗျူဟာတွင် နှလုံးသားကို တိုက်ခိုက်ခြင်းက စစ်တပ်ကို တိုက်ခိုက်ခြင်းထက် ပိုမိုထိရောက်သည်။

ချင်မူ၏ နှလုံးသားတိုက်ကွက်က မည်သည့်ကောင်းကင်နတ်သိုင်းမဆိုထက် ပို၍ကြောက်မက်ဖွယ်ကောင်းသည်။

ချန်ဖုန်းခန်းမသခင်ကလည်း ပြတ်သားသူပင်။ ချက်ချင်းပင် ၁၆ စင်းမြောက် စကြဝဠာ မဟာပျက်စီးခြင်းကပ်ဘေးတွင် ကျန်ရှိနေသော အမြစ်များကို အာရုံခံလိုက်ကာ သူ၏ခန္ဓာကိုယ်အား ၁၆ စင်းမြောက် စကြဝဠာဆီသို့ အတင်းဆွဲယူလိုက်သည်။

သစ်ပင်၏ အဓိကအစိတ်အပိုင်းသည် သစ်ပင်ထိပ်ဖျားလည်း မဟုတ်၊ ပင်စည်လည်း မဟုတ်၊ အကိုင်းအခက်များလည်း မဟုတ်ဘဲ အမြစ်များ ဖြစ်သည်။ သူ၏အမြစ်များမှာ အပြည့်အဝ မဆင်းသက်ရသေးချေ။ ယခုတွင် မရေမတွက်နိုင်သော အမြစ်များက အားထုတ်၍ သူ့အား ကြယ်တာရာကောင်းကင်မှ ပြန်လည်ဆွဲယူနေသည်။

သူ၏ အစွမ်းတို့သည် အလွန်တရာ အားကောင်းပြီး ကျင့်ကြံခြင်းလမ်းစဉ်မှာလည်း အလွန်ထူးခြား၏။ သူ၏တာအိုနှင့် ခန္ဓာကိုယ်မှာ တစ်သားတည်း ဖြစ်နေသည်။ အမြစ်များ ခွန်အားထုတ်လွှတ်လိုက်သည့်အခါ ကြယ်တာရာကောင်းကင်တွင်ပင် ဖရိုဖရဲမြစ်၏ ပုံရိပ်ယောင် ထင်ဟပ်လာပြီး လှိုင်းများ လှုပ်ခတ်နေသည်။

ရွှေသင်္ဘောမှာလည်း သူ၏ ဆွဲယူမှုကြောင့် ၁၆ စင်းမြောက် စကြဝဠာ၏ ဖရိုဖရဲမြစ်ထဲသို့ ပါသွားသည်။

ချန်ဖုန်းခန်းမသခင်အနေဖြင့် တာအိုနှလုံးသား တုန်လှုပ်နေသော အခြေအနေတွင် ချင်မူကို မျက်နှာချင်းဆိုင် တိုက်ခိုက်၍ အနိုင်ယူရန် ခက်ကြောင်း သိလေသည်။ ထို့ကြောင့် ဆင်းသက်ရန် လက်လျှော့လိုက်တော့သည်။

၁၇ စင်းမြောက် စကြဝဠာသို့ ဆင်းသက်ရန်မှာ အလွန်ခက်ခဲသည်သာမက သွေးယဇ်ပူဇော်ရန် လိုအပ်သည်။ ၁၆ စင်းမြောက် စကြဝဠာ၏ မဟာပျက်စီးခြင်းကပ်ဘေးဆီသို့ စွမ်းအင်တချို့ ယဇ်ပူဇော်ခဲ့ရသော်လည်း မဆင်းသက်တော့ဘဲ ပြန်သွားရန်မှာ သူ့အတွက် ပို၍လွယ်ကူသည်။

၁၆ စင်းမြောက် စကြဝဠာ မဟာပျက်စီးခြင်းကပ်ဘေးတွင် စွမ်းအင် ရှားပါးနေခြင်း မရှိချေ။ ထိုမျှသာမက သူ၏အမြစ်များမှာ ကျောက်စိမ်းမြို့တော်၏ ဖရိုဖရဲမြစ်ထဲတွင် လွင့်မျောနေဆဲ ဖြစ်သည်။ သူ၏ခန္ဓာကိုယ်ကို အတင်းအကြပ် ပြန်ဆွဲယူလိုက်ရုံဖြင့် ဖရိုဖရဲမြစ်ထဲမှ စွမ်းအင်များ အဆက်မပြတ် စီးဝင်လာပြီး အစားထိုးပေးနိုင်သေးသည်။

သူ၏ခန္ဓာကိုယ်သည် ၁၆ စင်းမြောက် စကြဝဠာ၏ ဖရိုဖရဲမြစ်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားပြီး ပြင်းထန်သော ဖရိုဖရဲချီစွမ်းအင်တို့က ဟင်းလင်းပြင်မှ ဒလဟော စီးထွက်လာကြ၏။

တာအိုသိုင်းပညာရှင်တစ်ဦး၏ စွမ်းအားသည် ကြီးမားလှသောကြောင့် ကူးပြေင်းရမည့် စွမ်းအင်မှာလည်း အလွန်များပြား၏။ သူ အစားထိုးခြင်းလုပ်လိုက်သည်နှင့် ဖရိုဖရဲမြစ်မှာ တာကျိုးသွားသကဲ့သို့ပင်။ ဖရိုဖရဲချီစွမ်းအင်တို့က အရပ်လေးမျက်နှာသို့ ပျံ့နှံ့၍ နဂါးငွေ့တန်းများအပေါ် ဖုံးလွှမ်းသွားသည်။ ကြယ်တာရာများသည်ပင် စိစိညက်ညက် ကြေကုန်သည်။

ထိုအခိုက်အတန့်တွင် ချင်မူက ထိုက်ယီပုဆိန်သိုင်းကွက်ကို အသက်သွင်းလိုက်သည်။ ထိုက်ယီတာအိုက ပုဆိန်အဖြစ် ပြောင်းလဲကာ ဟင်းလင်းပြင်ကို ခုတ်ချလိုက်၏။

ချန်ဖုန်းခန်းမသခင်မှာ ဤပုဆိန်သိုင်းကွက်ကို မြင်သောအခါ မျှော်လင့်ချက်ကင်းမဲ့သွားသည်။ ၁၆ စင်းမြောက် စကြဝဠာမှ သိုင်းပညာရှင်များသည် တာအိုရရှိသည် ဖြစ်စေ၊ မရရှိသည် ဖြစ်စေ ထိုက်ယီ လောကသစ်ပင်ကို ခုတ်လှဲခဲ့သည့် မြင်ကွင်းကို မြင်တွေ့ခဲ့ဖူးကြလေသည်။

ထိုက်ယီသည် ၁၇ စင်းမြောက် စကြဝဠာသို့ ပထမဆုံး ခိုး၀င်လာသူအနေဖြင့် ဝင်ရောက်ပြီးနောက် ပထမဆုံး လုပ်ဆောင်ခဲ့သည်မှာ ခိုး၀င်လာသူများအတွက် ကြားခံလောကသစ်ပင်ကို ပုဆိန်ဖြင့် ခုတ်လှဲပြီး မီးရှို့ပြာချကာ ရှင်သန်နိုင်မည့်လမ်းအား ဖြတ်တောက်ပစ်ခဲ့၏။

ယခု ချင်မူ သုံးလိုက်သည့် ကောင်းကင်နတ်သိုင်းမှာ အံ့ဩဖွယ်ကောင်းစွာဖြင့် ထိုက်ယီ၏ သစ်ပင်ခုတ်သိုင်းကွက်ပင် ဖြစ်သည်။

ဤကောင်းကင်နတ်သိုင်းမျိုးက မရေမတွက်နိုင်သော အင်အားကြီးသိုင်းပညာရှင်တို့၏ တာအိုနှလုံးသားတို့ကို ပျက်စီးပြိုလဲစေခဲ့သည်။

ပို၍ ကြောက်မက်ဖွယ်ကောင်းသည်မှာ ရှေးခေတ်ကတည်းက တာအိုသိုင်းပညာရှင်အားလုံးနီးပါးသည် တာအိုသစ်ပင်ကို ကျင့်ကြံကြ၏။ တာအိုသစ်ပင်ဆိုသည်ကား လောကသစ်ပင်ကို တုပထားခြင်းပင် ဖြစ်၏။ ဤတိုက်ကွက်က လောကသစ်ပင်ကိုပင် ခုတ်လှဲနိုင်ရာ တာအိုသိုင်းပညာရှင်တို့၏ တာအိုသစ်ပင်ကိုလည်း ခုတ်လှဲနိုင်ချေသည်။

ချန်ဖုန်းခန်းမသခင်ကိုယ်တိုင်ကား တာအိုရရှိထားသော နတ်သစ်ပင် မဟုတ်လော။ သူ၏ခန္ဓာကိုယ်က တာအိုသစ်ပင်နှင့် တစ်သားတည်း ဖြစ်နေသည်။ သူ၏ ခန္ဓာကိုယ်က တာအို ဖြစ်သည့်အတွက် တာအိုပန်းပွင့်က ခန္ဓာကိုယ်ပေါ်တွင် ပွင့်နေသည်။

ချင်မူ့တိုက်ကွက်က သူ့အပေါ် မည်မျှဖိနှိပ်လိမ့်မည်ကို မှန်းဆကြည့်နိုင်ပေသည်။

စွမ်းအင်အစားထိုးနေသည့် အမြန်နှုန်းမှာ မြန်သော်လည်း ချင်မူ၏ နတ်ပုဆိန်ထက်တော့ မည်သို့နည်းနှင့်မှ မမြန်နိုင်ပေ။

“သခင်လေးခုနစ်၊ မင်း ငါ့ကို လွတ်လမ်း မပေးရင် မင်းလည်း မလွတ်စေရဘူး”

ချန်ဖုန်းခန်းမသခင်သည် မလွတ်မြောက်နိုင်တော့မှန်း သိလိုက်ရသဖြင့် ‌ပူဆွေးဒေါသထွက်စွာ အော်ဟစ်လိုက်သည်။ “ငါနဲ့အတူ အတိတ်ဆီ ပြန်လိုက်ခဲ့”

ရုတ်တရက် ကောင်းကင်ထက်ရှိ ဖရိုဖရဲမြစ်ပုံရိပ်ထဲမှ မရေမတွက်နိုင်သော အမြစ်များ ဖြာထွက်လာကာ ချင်မူ့အား ရစ်ပတ်ချုပ်‌နှောင်ရန် ကြိုးစားလိုက်သည်။

သူသည် ဤကပ်ဘေးမှ လွတ်မြောက်နိုင်ရန် ခက်ခဲမည်ကို သိသောကြောင့် ရှောင်ပြေးရန် မကြိုးစားတော့‌ချေ။ ထိုအစား မဟာတာအိုကောင်းကင်နတ်သိုင်းကို အသက်သွင်းရန် အစွမ်းကုန် ကြိုးစားလိုက်သည်။ မရေမတွက်နိုင်သော အမြစ်များက ချင်မူကို တင်းကြပ်စွာ ရစ်ပတ်ချည်နှောင်၍ ၁၆ စင်းမြောက် စကြဝဠာ၏ ဖရိုဖရဲမြစ်ထဲသို့ ဆွဲခေါ်သွားချေပြီ။

သူ၏အမြစ်များက မဟာတာအိုမှ ဖွဲ့တည်လာခြင်းဖြစ်ပြီး သူ၏ကိုယ်ပိုင်မဟာတာအိုကို ထင်ဟပ်ပုံဖော်ထားခြင်း ဖြစ်သည်။ အမြစ်တစ်ခုချင်းစီက သူ၏အောင်မြင်မှုများကို ကိုယ်စားပြုပြီး သူ့မဟာတာအို၏ သစ်ကိုင်းအခွဲများဟု ဆိုနိုင်သည်။ မာကြောပြီး အထွတ်အထိပ်စွမ်းအင်များ ကိန်းဝပ်နေသည်။

သူ ကျင့်ကြံထားသည်က မဟာတာအိုတစ်မျိုးတည်း မဟုတ်ချေ။ အချိန်ကြာသည်အထိ မဟာပျက်စီးခြင်းကပ်ဘေးကြီး သုံးခုကို ကြုံတွေ့ခဲ့သော်လည်း သူ့ကို မဖျက်ဆီးနိုင်ခဲ့ပေ။ ထိုအစား သူ၏အမြစ်များက ဖရိုဖရဲအခြေအနေတွင် အမြစ်တွယ်ကာ ဖရိုဖရဲထဲမှ စွမ်းအားကို စုပ်ယူနိုင်ခဲ့သည်။ ယင်းဖြစ်စဉ်သည် သူရုပ်ခန္ဓာကို ပြိုင်ဘက်ကင်းအောင် တည်ငြိမ်စေပြီး သူ၏ တာအိုသိုင်းကွက်များကိုလည်း ပိုပို၍ ရင့်ကျက်လာစေခဲ့သည်။

ဝှီး ဝှီး

တာအိုသစ်သီးနှစ်လုံးက သူ့ခေါင်းရှိ သစ်ပင်ထိပ်မှ ပျံထွက်သွားပြီး တာအိုစွမ်းအင်တို့ ဖော်ထုတ်သည်။ မဟာတာအိုတံဆိပ်သည် ထွက်ပေါ်လာပြီး ကခုန်လှုပ်ရှားနေ‌သော အမြစ်များအပေါ် ဖြာကျတောက်ပသွား၏။

ဤတိုက်ကွက်က ချင်မူကို ချုပ်နှောင်လိုက်ရာ ချင်မူအနေဖြင့် လုံးဝ မလွတ်မြောက်နိုင်မည် မဟုတ်ချေ။

သူတို့နှစ်ယောက်လုံး လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများကို အထွတ်အထိပ်အထိ အသက်သွင်းလိုက်ကြသည်။ ချင်မူ၏ ထိုက်ယီပုဆိန်က ချန်ဖုန်းခန်းမသခင်၏ ခြေထောက်နှစ်ချောင်းကို ခုတ်ဖြတ်သွားပြီး ဖရိုဖရဲမြစ်ထဲမှ ထွက်ပေါ်လာသော အမြစ်များက ချင်မူ၏ ကမ္ဘာဦးဖရိုဖရဲခန္ဓာကိုယ်ကို ထိုးဖောက်လိုက်ကာ သွေးများ ရဲခနဲ ပန်းထွက်လာစေသည်။

ဝှစ်… ဝှစ်… ဝှစ်

မရေမတွက်နိုင်သော အမြစ်များသည် ချင်မူကို ရစ်ပတ်ကာ ဖရိုဖရဲမြစ်ထဲသို့ အားကုန်ဆွဲခေါ်နေ၏။

ချင်မူမှာ ချူကောခန်းမသခင်နှင့် တိုက်ပွဲတွင် ဒဏ်ရာရခဲ့သည်။ ထို့ကြောင့် ချန်ဖုန်းခန်းမသခင်၏ အမြစ်များအနေဖြင့် ချင်မူ၏ တာအိုဒဏ်ရာများအတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားနိုင်ခြင်း ဖြစ်သည်။ မဟုတ်လျှင် ချင်မူ့ ကမ္ဘာဦးဖရိုဖရဲရုပ်ခန္ဓာ၏ ခွန်အားကြောင့် ချင်မူ၏ ရုပ်ခန္ဓာကို ထိုးဖောက်ရန် လွယ်ကူမည်မဟုတ်။

ရုတ်တရက် လောကပေါင်းကူးရွှေသင်္ဘောက နှိုင်းယှဉ်၍မရနိုင်အောင် ကြီးမားလာသည်။ ၎င်းက ချင်မူ၏ အရှေ့တွင် ကာဆီးကာ ဖရိုဖရဲမြစ်မှ ဆွဲအားကို ခုခံထားသည်။

ချန်ဖုန်းခန်းမသခင်၏ ခန္ဓာကိုယ်မှာ ချင်မူ၏ ပုဆိန်တစ်ချက်ဖြင့် ခြေထောက်နှစ်ချောင်း ဖြတ်တောက်ခံရပြီးနောက် ခြောက်သွေ့လာသည်။ အကိုင်းအခက်နှင့် သစ်ရွက်များ ကြွေကျလာကာ ခန္ဓာကိုယ်မှာ ညှိုးခြောက်လာ၏။ ခြေလက်များက လျင်မြန်စွာ သစ်သားအဖြစ်သို့ ပြောင်းလဲနေကြသည်။

သူ၏မျက်လုံးထဲမှ တာအိုအလင်းရောင်လည်း မှိန်ကျသွားသည်။ မူလက လှုပ်ရှားသက်ဝင်နေသော မျက်လုံးနှစ်လုံးမှာ ချက်ချင်းပင် သစ်သားအဖြစ်သို့ ပြောင်းလဲသွားကာ လှုပ်ရှား၍ မရတော့ချေ။

သူ၏ တာအိုသစ်သီးနှစ်လုံးသည်လည်း သူ့ဦးခေါင်းရှိ သစ်ပင်ထိပ်ဖျားမှ ကြွေကျလာပြီး တစ်လုံးက ချင်မူ၏နောက်ကျောကို ထိမှန်သွား၍ နောက်တစ်လုံးက လောကပေါင်းကူးရွှေသင်္ဘောကို ထိမှန်သွားသည်။

ဘုန်း…ဘုန်း…

တာအိုသစ်သီးထဲတွင် ပါ၀င်သော တာအိုအင်အား ချင်မူကို ထိမှန်သည့် အခိုက်အတန့်မှာပင် အားအင်အပြည့် ပေါက်ကွဲထွက်လာသည်။ မရေမတွက်နိုင်သော တာအိုသင်္ကေတများက လှပစွာ ထွက်ပေါ်လာကာ ချက်ချင်းပင် ပိုက်ကွန်အဖြစ် ယှက်ဖွဲ့သွား၏။ သစ်မြစ်များဖြင့် ဖွဲ့စည်းထားသော ကောင်းကင်ဘုံအလားပင်။

ထို့နောက် တာအိုသစ်သီးများ တိုက်မိပြီး ဒုတိယကောင်းကင်ဘုံ၊ တတိယကောင်းကင်ဘုံ၊ စတုတ္ထကောင်းကင်ဘုံတို့ တစ်ပြိုင်နက်တည်း ဖြန့်ကျက်သွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင်ဘုံ ၃၆ ဘုံက တာအိုသစ်သီးထဲမှ ထွက်ပေါ်လာချေပြီ။ များစွာသော အမြစ်များသည် ချင်မူ၏ ကောင်းကင်ရတနာနယ်ပယ်ကိုပင် ထိုးဖောက်ဝင်ရောက်သွားသည်။ ချင်မူ၏ ကောင်းကင်ရတနာ နယ်ပယ်အားလုံးနှင့် ကောင်းကင်ဘုံအသီးသီးသို့ နက်ရှိုင်းစွာ ဝင်ရောက်သွားပြီး ၃၃ ဘုံမြောက် ကောင်းကင်ဘုံသို့အထိ ထိုးဖောက်နေ၏။

သူ့တာအိုသစ်သီးများ၏ စွမ်းအားက ချင်မူ၏ မူလဝိညာဉ်ကိုပင် ထိုးဖောက်ဝင်ရောက်သွားချေပြီ။

မီလော့နန်းတော်မှ ချန်ဖုန်းခန်းမသခင်မှာ အပြည့်အဝ မဆင်းသက်ရသေးသော်လည်း အသက်စွန့်တိုက်ခိုက်သည့်အခါ သူ ပြသနိုင်သော စွမ်းဆောင်ရည်တို့က တစ်လောကလုံးကို တုန်လှုပ်သွားစေရန် လုံလောက်ပေသည်။

ထိုအချိန်တွင် ကျန်တာအိုသစ်သီးတစ်လုံးက လောကပေါင်းကူးရွှေသင်္ဘောကို ထိမှန်သွားသည်။ တာအိုသစ်သီးထဲမှ တာအိုအဆင့် ၃၆ ဆင့်က ပေါက်ကွဲထွက်လာကာ ကောင်းကင်ဘုံ ၃၆ ဘုံ အဖြစ်သို့ ပြောင်းလဲ၍ ရွှေသင်္ဘောကို ချုပ်နှောင်ကာ ဖရိုဖရဲမြစ်ထဲသို့ ပျံသန်းသွားသည်။

“သခင်လေးခုနစ်၊ ငါက သခင်လေးသုံးနဲ့ သခင်လေးလေးတို့ရဲ့ အမိန့်အတိုင်း ဆောင်ရွက်‌နေတာ”

ချန်ဖုန်းခန်းမသခင်၏ ခန္ဓာကိုယ်မှာ သစ်သားအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားပြီး သစ်သားသည်လည်း မီးလောင်လာသည်။ သို့သော် သူ၏မျက်နှာတွင် ပျော်ရွှင်၀မ်းမြောက်မှုတို့ ထင်ဟပ်နေသည်။ “မင်းကို ပြန်ပို့ပေးမယ်”

ဝုန်း… ဝုန်း… ဝုန်း…

သူ၏ ခန္ဓာကိုယ်ကား မီးတောက်များထဲတွင် ပေါက်ကွဲသွားသည်။ ချင်မူ၏ ပုဆိန်တစ်ချက်က ထိုက်ယီသစ်ခုတ်သိုင်းကို အသုံးပြုရုံသာမက မရဏလေကိုပင် အသုံးပြု၍ သူ၏ခန္ဓာကိုယ်ကို မီးရှို့ခဲ့၏။ အမြစ်များ၏ အထောက်အပံ့ မရှိတော့သည့်အခါ မရဏလေက သူ၏ခန္ဓာကိုယ်ကို စတင်ဝါးမြိုလေနေပြီ။

နှစ်ဦးသား နည်းလမ်းမှန်သမျှ ထုတ်သုံး၍ တိုက်ခိုက်ကြရာ အလွန်ပင် ရက်စက်ကြမ်းကြုတ်‌သော တိုက်ပွဲဖြစ်နေတော့သည်။

ချင်မူ့ခန္ဓာကိုယ်မှာ ဆွဲယူခံနေရသည့်အပြင် ခန္ဓာကိုယ်အတွင်းမှ မဟာတာအိုနှင့် ချီစွမ်းအင်တို့မှာ ချက်ချင်းပင် အမြစ်များဖြင့် ချုပ်နှောင်ခံထားရသည်။ သူ့မှာ ၁၆ စင်းမြောက် စကြဝဠာ၏ ဖရိုဖရဲမြစ်ထဲသို့ လျှောကျနေတော့သည်။

လောကပေါင်းကူးရွှေသင်္ဘောမှာလည်း ဆွဲယူခံနေရသည်။ ၁၆ စင်းမြောက် စကြဝဠာ၏ မဟာပျက်စီးခြင်းကပ်ဘေးထဲသို့ လျှောကျပေတော့မည်။

ကျင့်ကြံခြင်းအခြေခံအရ ချင်မူမှာ ချန်ဖုန်းခန်းမသခင်ကဲ့သို့သော ပုဂ္ဂိုလ်ဖြင့် မယှဉ်နိုင်ချေ။ အမြစ်များဖြင့် တင်းကြပ်စွာ ချုပ်နှောင်ခံထားရသည့်အတွက် ၁၆ စင်းမြောက် စကြဝဠာမဟာပျက်စီးခြင်းကပ်ဘေးမှ လာသော စွမ်းအားကို ခုခံနိုင်ရန် မလွယ်လှပေ။

ထိုစဉ် ထိုက်ယီ၏ ခေါင်းတလားက ချင်မူ၏ ကောင်းကင်ရတနာထဲမှ ပျံတက်လာ၏။

ချင်မူက နောက်ဆုံးလက်ကျန် ခွန်အားကို အသုံးပြု၍ ထိုက်ယီ‌ခေါင်းတလားနှင့် တာအိုအစီအရင်သံချောင်း ငါးဆယ်ကို အသက်သွင်းလိုက်သည်။ နတ်သံတို့၏ စွမ်းအားက ချက်ချင်းပင် ပေါက်ကွဲထွက်လာသည်။

တာအိုအသုဘခေါင်းတလားမှာ မီလော့နန်းတော်၏ ရန်သူတော် ဖြစ်သည့် ထိုက်ယီကို ချုပ်နှောင်ရန် သခင်လေးတစ် ကိုယ်တိုင် သွန်းလုပ်ထားခြင်းပင်။ တာအိုအစီအရင်သံများကို အတင်းအကြပ် ဆွဲထုတ်ပါက တာအိုအသုဘခေါင်းတလား၏ စွမ်းအားကို အသက်၀င်လာစေပြီး အခေါင်းဖွင့်ရန် ကြိုးစားသူကို အပြင်းအထန် ဒဏ်ရာရစေရုံသာမက အခေါင်းထဲ၌ အကျဉ်းချခံထားရသော ထိုက်ယီကိုပါ အပြင်းအထန် ဒဏ်ရာရစေမည် ဖြစ်ကြောင်း ချင်မူ သိထားပြီးဖြစ်သည်။

တာအိုအသုဘခေါင်းတလား၏ စွမ်းအားကို ထိတွေ့ပါက သူ့ကိုယ်သူနှင့် အခြားသူများကိုပါ ထိခိုက်စေနိုင်၏။ သေရေးရှင်ရေး အခြေအနေ မဟုတ်သရွေ့ ဤနည်းလမ်းကို သူ အသုံးပြုမည် မဟုတ်ချေ။

ယခုတွင် ချူကောခန်းမသခင်နှင့် တိုက်ပွဲတုန်းက ဒဏ်ရာများ မကျက်သေးရာ ချန်ဖုန်းနှင့် တိုက်ခိုက်ရာ၌ အနိုင်ယူနိုင်ရန် ယုံကြည်ချက် မရှိချေ။

တာအိုအသုဘခေါင်းတလား၏ စွမ်းအားမှာ ပေါက်ကွဲထွက်လာပြီး ဝီခနဲ အသံနှင့်အတူ အလင်းရောင်များ အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားသည်။ ၎င်းဖြတ်သန်းသွားသည့် နေရာတိုင်းရှိ ချင်မူ့ကောင်းကင်ရတနာနှင့် ခန္ဓာကိုယ်ထဲရှိ အမြစ်များမှာ အပေါက်ဗလပွ ထသွားတော့သည်။

ချင်မူ ညည်းညူလိုက်ရသည်။ သူ၏မူလဝိညာဉ်၊ ကောင်းကင်နန်းတော်၊ ကောင်းကင်ရတနာများထဲရှိ ကောင်းကင်ဘုံတို့မှာ သံများဖြင့် ထိုးဖောက်ခံလိုက်ရသကဲ့သို့ လေ တရှူးရှူး ထွက်နေ၏။

တစ်ချိန်တည်းမှာပင် တာအိုအသုဘ ‌နတ်ခေါင်းတလား၏ စွမ်းအားက သူ့ရုပ်ခန္ဓာကို ဖြတ်သန်းကာ အပြင်သို့ ထွက်သွားသည်။ သွေးများ အရပ်လေးမျက်နှာသို့ ပန်းထွက်သွားပြီး သူ့ရုပ်ခန္ဓာမှာ ဇကာသဖွယ် ပေါက်သွားဖြင့် နေရာတိုင်းသို့ အလင်းတန်းများ ဖြာကျနေတော့သည်။

ဝာာအိုအသုဘခေါင်းတလား၏ စွမ်းအားမှာ အမှန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။

ဝာာအိုအသုဘခေါင်းတလား၏ စွမ်းအား ငြိမ်သက်သွားသောအခါ ချင်မူ့တစ်ကိုယ်လုံး သွေးများ ပန်းထွက်လာသည်။ သူက ဖရိုဖရဲမြစ်ထဲသို့ ပြန်လည်ကျုံ့ဝင်သွားတော့မည့် အမြစ်များကို လှမ်းဆွဲလိုက်သည်။

“ခင်ဗျားကို စကားပြန်ပါးခိုင်းလိုက်ရင် ကျုပ်က အပြင်ပန်းမှာသာ အားကောင်းပြီး အတွင်းမှာ အားနည်းနေမှန်း သခင်လေးသုံးနဲ့ သခင်လေးလေး သိသွားမှာပေါ့”

ချင်မ ထိုအမြစ်များကို အားကုန်သုံး၍ ဆောင့်ဆွဲလိုက်သည်။ ထိုအခါ ဖရိုဖရဲမြစ်မှာ ပြင်းထန်စွာ တုန်ခါသွားပြီး ပေါက်ကွဲထွက်လာသော ဖရိုဖရဲချီစွမ်းအင်တို့လည်း လျင်မြန်စွာ ပြန်လည်ကျုံ့ဝင်သွားသည်။ ချန်ဖုန်းခန်းမသခင်၏ ကြီးမားလှသော အမြစ်များမှာ သူ့လက်ချက်ဖြင့် ဆွဲထုတ်ခံလိုက်ရချေပြီ။

အမြစ်များသည် ရုတ်တရက် အလုံးတစ်လုံးအဖြစ် ကျုံ့၀င်သွားပြီးနောက် အရပ်လေးမျက်နှာသို့ ပေါက်ကွဲထွက်သွား၏။ မရေမတွက်နိုင်သော အမြစ်များက ကြယ်တာရာကောင်းကင်သို့ ဖြာထွက်သွားကာ အမြစ်တွယ်ရန် ကြိုးစားနေကြသည်။

ချင်မူက လက်ကိုလှုပ်ခါ၍ ထိုက်ယီခေါင်းတလားကို အမြစ်တို့၏ အလယ်ဗဟိုသို့ ပစ်လိုက်သည်။ ထို့နောက် လက်‌ချောင်းများ ခါကာ ထိုက်ယီခေါင်းတလား၏ သံချောင်းတစ်ရာအား တစ်ချောင်းပြီးတစ်ချောင်း ထိတို့လိုက်၏။

ထိုစဉ် အမြစ်များအပေါ်၌ မျက်လုံးများစွာ ပေါ်ထွက်လာပြီး မျက်ဆံများကျုံ့လျက် ပျံသန်းလာသော ထိုက်ယီခေါင်းတလားဆီသို့ ကြည့်နေကြသည်။

နတ်ခေါင်းတလားထဲမှ အလင်းရောင်များ ပေါက်ကွဲထွက်လာချေပြီ။

All Chapters