← Chapters

ဘယ်လို ကလဲ့စားချေသင့်လဲ

Vol. 64 Ch. 949

ဘယ်လို ကလဲ့စားချေသင့်လဲ

Vol. 64 Ch. 949

သူမ အကူအညီမဲ့နေသည်ဟု ချူးယုချင် ခံစားလိုက်ရ၏။ လုချန်း၏ရှေ့တွင် သူမ ခုခံနိုင်စွမ်း လုံးဝမရှိချေ။ လုချန်းက သူမကို ဘာပဲလုပ်ချင်လုပ်ချင် သူမက မသိစိတ်ဖြင့် ပူးပေါင်းဆောင်ရွက်မိပြီး မည်သို့ခုခံရမည်ကို လုံးဝမသိတော့ပေ။

ဟုတ်ပါသည်။ သူမ၏ ခုခံမှု မည်သို့ပင်ဖြစ်စေ အချည်းနှီးသာ ဖြစ်ပေမည်။

လုချန်းကို အားပေးတိုက်တွန်းရန် သူတို့၏ အတိတ်ဘဝများအကြောင်းကို စောစောစီးစီး ပြောပြရန် သူမ စဉ်းစားခဲ့သော်လည်း လုချန်းက သူမကို ဖမ်းမိသွားပြီးနောက်တစ်ဖန် သာယာမှုတွင် နစ်မျောနေပြန်သည်။

ရွေးချယ်စရာမရှိသဖြင့် လုချန်း၏အလိုအတိုင်း နစ်မျောခွင့်ပြုလိုက်ရပြီး သူ့ကို အမြန်ဆုံး ငြိမ်သက်သွားစေရန် လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်ကို ချက်ချင်း အသုံးပြုလိုက်သည်။

လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်၏ အကူအညီဖြင့် လုချန်း အတော်အတန် ကျေနပ်သွားသည်။ ထိုအခိုက်အတန့်တွင် လုချန်းက ချူးယုချင်၏ နူးညံ့လှပသော မျက်နှာကို ကြည့်ကာ အသက်ပြင်းပြင်း အနည်းငယ်ရှူလိုက်ပြီးနောက် ပြုံးလျက်

“ကဲ။ ဒေါ်လေးချူး ဘာပြောချင်တာလဲ”

လုချန်း၏ စကားကို ကြားသောအခါ ချူးယုချင် တဖြည်းဖြည်း သတိပြန်ဝင်လာသည်။ လုချန်း၏ စိတ်ပိုင်းဖြတ်ထားသော မျက်လုံးများကို ကြည့်ရင်း သူမ ရုတ်တရက် ကြောက်ရွံ့လာသည်။

အကယ်၍ သူမသာ အရာအားလုံးကို လုချန်းအား အမှန်အတိုင်း ပြောပြလိုက်ပြီး လုချန်းက သူမကို အမှန်တကယ် မုန်းတီးသွားပါက သူမ ဘာလုပ်ရမည်နည်း။

သူ၏ မုန်းတီးမှုကို ခံရခြင်းက အရေးမကြီးပေ။ အဘယ်ကြောင့်ဆိုသော် ဒါတွေက သူမ၏ ပင်မကိုယ်၏ လုပ်ရပ်များဖြစ်ပြီး ဤကိုယ်ပွားက အပြစ်ဒဏ်ကို ခံယူသင့်သောကြောင့် ဖြစ်သည်။

သို့သော် လုချန်းက သူမ၏ ကလေးများကိုပါ မနှစ်သက်ခြင်း ဖြစ်လာပါက.....

ဒါက သူမ၏ ကလေးများအတွက် ကောင်းသော ကိစ္စ မဟုတ်ပေ…

ထိုသို့တွေးမိသောအခါ ချူးယုချင် ချီတုံချတုံ ဖြစ်သွားသည်။

ချူးယုချင် စကားမပြောသည်ကို မြင်သောအခါ လုချန်း တစ်စုံတစ်ခုကို နားလည်သွားပုံရ၏။ ချူးယုချင်၏ အသစ်ပြောင်းထားသော ကိုယ်ရေးအချက်အလက်ကို တစ်ချက်ကြည့်လိုက်ရာ ချူးယုချင် သူမ၏ အတိတ်မှတ်ဉာဏ်များကို ပြန်လည်ရရှိသွားကြောင်း တွေ့ရှိလိုက်ရသည်။

ချူးယုချင် သူ့ကို ပြောပြလိုသည့် အရာများမှာ သူမ၏ ပင်မကိုယ်၏ လုပ်ရပ်များ သို့မဟုတ် သူတို့၏ အတိတ်ဘဝများအကြောင်း ဖြစ်နိုင်ခြေများသည်။

ချူးယုချင် စကားမပြောသေးသည်ကို မြင်သောအခါ လုချန်းသည် သူ၏လက်ကို မြှောက်ကာ သူမ၏ မျက်နှာကို ညင်သာစွာ ပွတ်သပ်ပြီး ပြုံးလျက်

“ဒေါ်လေးချူး စဉ်းစားလို့ မပြီးသေးဘူးဆိုရင် ဒီအကြောင်းကို မပြောပဲ နေလိုက်ကြရအောင်။ ဒါက အရေးကြီးတဲ့ ကိစ္စတစ်ခုခုတော့ မဟုတ်လောက်ပါဘူး။”

ထိုစကားကို ကြားသောအခါ ချူးယုချင်၏ ဦးနှောက် အနည်းငယ် တုန်ခါသွားသည်။ သူမသည် သူမ၏ ငွေဖြူရောင် သွားများကို ခိုင်မာစွာ ကိုက်လိုက်ပြီး

“မဟုတ်ဘူး။ ဒေါ်လေး ပြောရမယ်။ မင်းဒီလိုမျိုး ဆက်ပြီး ယိုယွင်းပျက်စီးနေတာကို မကြည့်ရက်နိုင်တော့ဘူး။”

လုချန်းက နားမလည်ဟန်ဆောင်ကာ

“ဆက်ပြီး ယိုယွင်းပျက်စီးနေတယ် ဟုတ်လား။ အဲ့ဒါ ဘာကိုဆိုလိုတာလဲ။”

ချူးယုချင်က အသက်ပြင်းပြင်းရှူကာ လုချန်း၏ မျက်လုံးများကို စေ့စေ့ကြည့်ရင်း

“မင်းတစ်ချိန်လုံး မိန်းမတွေအကြောင်းပဲ တွေးနေရတဲ့အကြောင်းရင်းက မင်းရဲ့တကယ့်ဆန္ဒ အစစ်အမှန်ကြောင့် မဟုတ်ဘူး။ မင်းရဲ့အရင်ဘဝတုန်းက မင်းဒီလိုမဟုတ်ခဲ့ဘူး။ မင်းက လွှမ်းမိုးမှုတချို့ကြောင့် ဒီလိုဖြစ်သွားတာ။”

ထိုစကားကို ကြားသောအခါ လုချန်းက ပို၍ပင် နားမလည်ဟန်ပြလိုက်သည်။

“အရင်ဘဝ ဟုတ်လား။ ဒေါ်လေးချူးဘာတွေပြောနေတာလဲ။”

ချူးယုချင်က ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည့်အလား အသက်ကို နောက်တစ်ကြိမ် ပြင်းပြင်းရှူပြီး

“ချန်းလေး။ ဒေါ်လေးကို ကတိပေးပါ။ နောက်ပိုင်း ဒေါ်လေး ဘာပဲပြောပြော မင်းမှတ်ထားရမှာက မင်း ဒေါ်လေးကို မုန်းတီးရင်တောင်မှ တို့ရဲ့ကလေးတွေက အမြဲတမ်း အပြစ်ကင်းတယ်ဆိုတာပါပဲ။”

လုချန်းက ပြုံးလျက်

“ ဒေါ်လေးက ကျွန်တော့်မိန်းမပဲ။ ဒေါ်လေး ကို ကျွန်တော် ဘယ်လိုလုပ် မုန်းတီးနိုင်မှာလဲ။ ပြီးတော့ ကျွန်တော်ဘယ်လိုလူစားမျိုးလဲဆိုတာ ဒေါ်လေးသိသားပဲ။ ကျွန်တော့်ရဲ့ သားသမီးတွေကို ဘယ်တော့မှ ဆိုးဆိုးရွားရွား ဆက်ဆံမှာမဟုတ်ဘူး။”

သူ၏ကလေးများက သူ၏ ကံကြမ္မာနှင့် သွေးမျိုးဆက်စွမ်းအားကို အမွေဆက်ခံနေကြသည်ကို လုချန်း သိထားသော်လည်း ထိုကိစ္စကို သူ့ စိတ်ထဲမထားပေ။ ဒါကလည်းကံကြမ္မာနှင့် သွေးမျိုးစက်စွမ်းအားက သူ့ဆီယူဆောင်လာပေးသော အကျိုးကျေးဇူးများကို သူ မခံစားခဲ့ရသောကြောင့် ဖြစ်နိုင်သည်။

သူသိသည်က ထိုကလေးများသည် သူ၏ သွေးသားများ ဖြစ်ကြ၏။ သူ၏ သွေးသားကို သူ မည်သို့မှ မုန်းတီးနိုင်မည် မဟုတ်ပေ။

လုချန်းက ထိုသို့ ပြောလိုက်သည်ကို မြင်သောအခါ ချူးယုချင်လည်း လျှို့ဝှက်မထားတော့ပေ။ သူမက

“ချန်းလေး။ မင်းမှာ ထူးခြားတဲ့ ဇာတ်ကြောင်းတစ်ခုရှိတယ်”

ဟု တိုက်ရိုက် ပြောလိုက်သည်။

လုချန်းက

“ထူးခြားတဲ့ ဇာတ်ကြောင်း ဟုတ်လား”

လုချန်း၏ နားမလည်နိုင် ဖြစ်‌နေဟန်ကို မြင်သောအခါ လုချန်း သူ၏အတိတ်ဘဝမှတ်ဉာဏ်များကို တကယ် ပြန်မရသေးဟု ချူးယုချင် ကောက်ချက်ချလိုက်သည်။ ထို့နောက် သူမက

“မင်းရဲ့အရင်ဘဝမှာ မင်းက ချန်ယွမ်ကမ္ဘာ ရှန်ဝူမင်းဆက်က ရှန်ဝူဧကရာဇ်ရဲ့ သား တော်တစ်ပါးဖြစ်ခဲ့တယ်။”

လုချန်းက တုန်လှုပ်သွားဟန်ပြလိုက်သည်။

“အရင်ဘဝ ဟုတ်လား။”

“ဒေါ်လေးချူး ဘာတွေပြောနေတာလဲ။ ဒေါ်လေးက ကျွန်တော့်ရဲ့ အရင်ဘဝအကြောင်း သိလို့လား။”

“အရင်ဘဝတုန်းက ကျွန်တော်က ဘယ်လိုလူစားမျိုးလဲ။”

ချူးယုချင်က ညင်သာစွာ သက်ပြင်းချကာ

“မင်းအတွက် လက်ခံဖို့ခက်ခဲမှန်း ဒေါ်လေးသိပါတယ်။ ဘာလို့လဲဆိုတော့ ဒါက မင်းမှတ်မိနေတဲ့ အရင်ဘဝနဲ့ မတူလို့ပဲ။ အကြောင်းရင်းကို နောက်မှ နောက်မှဒေါ်လေး ရှင်းပြပါ့မယ်။”

လုချန်း ယခုလို တုန်လှုပ်သွားရသည့် အကြောင်းရင်းက ကောင်းကင်ပြောင်းလဲခြင်း ကျောက်တုံးက သူ့ထံတွင် မှတ်ဉာဏ်အတုများကို ထည့်သွင်းထားသောကြောင့် ဖြစ်သည်ဟု ချူးယုချင် ယူဆသည်။ သူသည် နတ်ဆိုးဂိုဏ်းမှ တပည့်တစ်ဦးသာ ဖြစ်သည်ဟု လုချန်း သူ့ကိုယ်သူ ထင်နေဆဲဖြစ်နိုင်ခြေများ၏။ ထို့ကြောင့် သူက ရှန်ဝူဧကရာဇ်၏ သားတော်ဖြစ်ကြောင်း ပြောလိုက်သောအခါ အလွန်တုန်လှုပ်သွားခြင်း ဖြစ်သည်။

ချူးယုချင်က ဆက်လက်၍

“မင်းရဲ့အရင်ဘဝမှာ မင်းက ကျင့်စဉ်ကိုပဲအာရုံစိုက်တဲ့သူ။ လောကီရေးရာတွေကို ဂရုမစိုက်ပဲ ဧကရာဇ်အဆင့်တစ်ပါးဖြစ်ဖို့ဆိုတဲ့ တစ်ခုတည်းသော ရည်မှန်းချက်နဲ့ နေခဲ့တဲ့သူပဲ။”

လုချန်းက

“နောက်ဆုံးတော့ ကျွန်တော် ဧကရာဇ်ဖြစ်သွားလား။”

ချူးယုချင်က

“မဖြစ်ခဲ့ဘူး။ အစကက မင်းက မင်းသားအားလုံးထဲမှာ အင်အားအကြီးဆုံးဖြစ်ပြီး နှစ်တစ်သောင်းအတွင်း ဧကရာဇ်ဖြစ်လာနိုင်ခြေရှိခဲ့တယ်။ ဒါပေမဲ့ ရှန်ဝူဧကရာဇ်က တစ်နေ့မှာ သူ့ရဲ့မင်းသားအားလုံးကို ရုတ်တရက်ခေါ်ယူပြီး အားလုံးကိုသတ်ပစ်ခဲ့တယ်။ ပြီးတော့ သူတို့ရဲ့ဝိညာဉ်တွေကို ဝိညာဉ်ပုတီးစေ့တွေထဲမှာ အကျဉ်းချပြီး ကမ္ဘာအသီးသီးထဲကို ပြန်လည်ဝင်စားဖို့နဲ့ စမ်းသပ်မှုတွေ ခံယူဖို့ လွှင့်ပစ်ခဲ့တယ်။”

လုချန်းက

“ရှန်ဝူဧကရာဇ်က ဘာလို့အဲ့လိုလုပ်ရပ်မျိုး လုပ်ရတာလဲ။”

ချူးယုချင်က

“သူဘာလို့အဲ့လိုလုပ်ခဲ့လဲဆိုတာတော့ ဘယ်သူမှ မသိဘူး။ ဘယ်သူမှလည်း မမေးရဲဘူး။”

ထိုအခိုက်တွင် ချူးယုချင်က လုချန်း၏ မျက်နှာအမူအရာကို တစ်ချက်ကြည့်လိုက်ပြီး သူ၏ အံ့အားသင့်နေသော မျက်နှာကို မြင်သောအခါ သူမ၏ ငွေဖြူရောင် သွားများကို ညင်သာစွာ ကိုက်လိုက်ပြီးနောက်

“အစက မင်းရဲ့ ဝိညာဉ်ပုတီးစေ့က ဒီကမ္ဘာထဲကို စနစ်တကျ လွှင့်ပစ်ခံခဲ့ရတာပါ။ ပြီးတော့ မူလလမ်းကြောင်းအတိုင်းဆိုရင် မင်းက လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကတည်းက ပြန်လည်မွေးဖွားခဲ့သင့်တာပါ။”

လုချန်းက

“ဒါဆို ဘာလို့ ကျွန်တော်က လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်ကမှ ပြန်မွေးဖွားခဲ့ရတာလဲ။”

ချူးယုချင်က

“မင်းရဲ့အရင်ဘဝမှာ ကွေ့ရိဂိုဏ်းက သူတော်စင်မက မင်းကို အလွန်လေးစားပြီး မင်းရဲ့ကျင့်စဉ်ဖော်ဖြစ်ချင်ခဲ့တယ်။ ဒါပေမဲ့ မင်းက သူ့ကို အကြိမ်ကြိမ်ငြင်းပယ်ခဲ့တယ်။ နောက်ပိုင်းမှာ ရှန်ဝူဧကရာဇ်က သူ့မှာ ဖရိုဖရဲ ဝိညာဉ်ခန္ဓာရှိတာကို တွေ့ရှိသွားတော့ သူ့ကို နန်းတော်ထဲ ပို့ခိုင်းခဲ့ပြီး နောက်ပိုင်း သူက မိဖုရားခေါင် ဖြစ်လာခဲ့တယ်။”

“ ဒါတွေအားလုံးဟာ မင်းသူ့ကို ငြင်းပယ်ပြီး သူရဲ့အပျိုစင်ဘဝကို မရယူခဲ့လို့ ဖြစ်ရတာလို့ အဲ့ဒီမိန်းမက ယုံကြည်ခဲ့တယ်။ ဒါကြောင့် သူလည်း ရှန်ဝူဧကရာဇ်နဲ့ လက်ထပ်ပြီး သူရဲ့ကျင့်စဉ်မီးဖိုဖြစ်ဖို့ အတင်းအကျပ်စေခိုင်းခံခဲ့ရတယ်။”

“မင်းကို ကလဲ့စားချေဖို့အတွက် သူက ကောင်းကင်ပြောင်းလဲခြင်းကျောက်တုံးရဲ့ အစွမ်းကိုသုံးပြီး မင်းထဲမှာ မှတ်ဉာဏ်အတုတွေ ထည့်သွင်းခဲ့တယ်။ မင်းရဲ့အရင်ဘဝတုန်းက မင်းက နတ်ဆိုးဂိုဏ်းက တပည့်တစ်ဦးဖြစ်ပြီး နဂါးဖီးနစ်ယင်ယန်ကျင့်စဉ်ကို အားကိုးပြီး ကျင့်ကြံနိုင်တယ်လို့ မင်းကို ယုံကြည်စေခဲ့တယ်။ ပြီးတော့ သူက ဒီကမ္ဘာရဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေကို မြူခိုးဒေသထဲမှာ ပိတ်လှောင်ထားပြီး ဒီကမ္ဘာမှာ ကောင်းကင်နတ်ဆိုးတစ်ကောင်ကိုတောင် ထားထားခဲ့တယ်။”

“မင်းက ရှန်ဝူဧကရာဇ်ရဲ့ မျိုးဆက်တစ်ဦးဖြစ်ပြီး ထူးခြားတဲ့ သွေးမျိုးဆက်ရှိတယ်။ ဒါ့ကြောင့် ကလေးမယူသင့်ဘူး။ မင်းကလေးတစ်ယောက်ရလိုက်တာနဲ့ မင်းရဲ့ကလေးက မင်းရဲ့ကံကြမ္မာနဲ့ သွေးမျိုးစက်စွမ်းအားကို ခွဲဝေယူသွားပြီး နောက်ဆုံးမှာ မင်းကို တိုးတက်ဖို့ ခက်ခဲလာစေလိမ့်မယ်။”

“သာမန်အားဖြင့်ဆိုရင် မင်းရဲ့အရည်အချင်းတွေနဲ့ မင်းက နှစ်တစ်သောင်းမပြည့်ခင်မှာ မင်းရဲ့အင်အားကို ပြန်လည်ရရှိနိုင်ခဲ့ရမှာ။ ဒါပေမဲ့ အခုတော့...”

ထိုသို့ပြောပြီး ချူးယုချင် ဆက်မပြောပဲ ချီတုံချတုံဖြစ်နေသည်။

သူမ၏ အမြင်တွင် လုချန်း၏ လောလောဆယ် အခြေအနေအရ နှစ်တစ်သောင်းအတွင်း သူ၏ အင်အားအထွတ်အထိပ်ကို ပြန်လည်ရရှိရန် မဆိုထားနှင့် နှစ်တစ်သိန်းအတွင်းပင် ဖြစ်နိုင်ဖွယ် မရှိပေ။

ထိုအချက်က ချူးယုချင်၏ အတွင်းစိတ်ထဲတွင် အလွန်အပြစ်ရှိသည်ဟု ခံစားရစေသည်။

ချူးယုချင်၏ စကားကို ကြားပြီးနောက် လုချန်းက ပြုံးကာ

“ဒီ ကွေ့ရိဂိုဏ်းက သူတော်စင်မက တကယ်ကို အညှိုးကြီးတာပဲ။”

ထိုစကားကို ကြားသောအခါ ချူးယုချင် အနည်းငယ် တုန်လှုပ်သွားသည်။ လုချန်းသည် သူ၏ ပင်မကိုယ်ကို စတင် မုန်းတီးနေပြီ ဖြစ်သည်။

လုချန်းက

“ဒါဆို ဒေါ်လေး ပြောချင်တာက ကျွန်တော်နေ့တိုင်း မိန်းမတွေနဲ့ ရင်းရင်းနှီးနှီးနေတာက သူ့ကြောင့်ပေါ့ ဟုတ်လား။”

ချူးယုချင် တိတ်ဆိတ်နေသည်။ သူမ ဘာမှ ပြန်မဖြေခဲ့ပေ။

လုချန်းက ပြုံးကာ

“ဒါဆို ဒီလိုမျိုးဆက်ဆံခံရတာကို ခံစားခွင့်ပေးတဲ့အတွက် ကျွန်တော်သူ့ကို ကျေးဇူးတောင်တင်သင့်တာပေါ့။”

လုချန်း လှောင်ပြောင်နေသည်ဟု ချူးယုချင် ထင်လိုက်ပြီး ဆက်လက်စကားမပြောရဲတော့ပေ။ သူမက ရှန်ဝူမိဖုရားခေါင်၏ ကိုယ်ပွားဖြစ်ကြောင်း လုချန်းအား ပြောပြသင့် မပြောပြသင့် စဉ်းစားရင်း သူမ၏ စိတ်ထဲ အလွန် ရှုပ်ထွေးနေသည်။

ထိုအခိုက်အတန့်တွင် လုချန်းက

“ဒေါ်လေးချူး။ အဲ့ဒီရှန်ဝူမိဖုရားခေါင်က လှလား။”

ချူးယုချင် ခဏခန့် မှင်တက်သွားသည်။ လုချန်းက ထိုမေးခွန်းမျိုးကို မေးလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။ သို့သော် သူမ သတိပြန်ဝင်လာပြီးနောက် ချူးယုချင်က

“ ဒေါ်လေးနဲ့ အရမ်းတူတယ်။”

လုချန်းက

“ဒါဆို သူက အလှပဂေးကြီးပေါ့။ ထူးဆန်းလိုက်တာ။ အရင်ဘဝတုန်းက ဘာလို့သူရဲ့ ချစ်ရေးဆိုမှုကို ကျွန်တော် လက်မခံခဲ့တာလဲ။”

ချူးယုချင်က

“မင်းရဲ့အရင်ဘဝမှာ မင်းက ကျင့်စဉ်ထဲမှာပဲ စိတ်ကိုမြှုပ်နှံထားပြီး အချစ်ရေးကိစ္စတွေကို စိတ်မဝင်စားခဲ့ဘူး။”

လုချန်းက

“ဒါဆို အရင်ဘဝက ကျွန်တော်က နည်းနည်းတော့ အ တဲ့ပုံပဲ။ ဖရိုဖရဲ ဝိညာဉ်ခန္ဓာနဲ့ တက်တက်ကြွကြွ ချစ်ရေးဆိုနေတဲ့သူတော်စင်မ တစ်ယောက်ကိုတောင် ကျွန်တော်က လက်မခံခဲ့ဘူး။”

“ကျွန်တော်ရဲ့အရင်ဘဝက အဖေက ဖရိုဖရဲ ဝိညာဉ်ခန္ဓာကို ဒီလောက်စိတ်ဝင်စားခဲ့တာ။ အဲ့ဒီ ဝိညာဉ်ခန္ဓာက တကယ်ကို ထူးခြားပြီး လူတစ်ယောက်ရဲ့စွမ်းအားကို တိုးမြှင့်ပေးနိုင်မှာပဲ။ “

“ကျွန်တော့်ရဲ့အရင်ဘဝက အမြင်က တကယ်ကို တိမ်လွန်းခဲ့တာပဲ။”

ဒါက...

လုချန်း ထိုသို့ ပြောလိမ့်မည်ဟု ချူးယုချင် မမျှော်လင့်ခဲ့ပေ။ လုချန်းက သူမ၏ ပင်မကိုယ်ကို မုန်းတီးခြင်းမရှိပဲ သူ၏ ကိုယ်ပိုင်အမှားများကို ပြန်လည်သုံးသပ်လာသောကြောင့် သူမ ရုတ်တရက် ဘာပြောရမယ်မှန်း မသိတော့ပေ။

ထို့နောက် လုချန်းက ချူးယုချင်၏ မျက်လုံးများကို ကြည့်ကာ ပြုံးလျက်

“ဒေါ်လေးချူး။ အဲ့ဒီ ကွေ့ရိဂိုဏ်းက သူတော်စင်မက ကျွန်တော့်ကို ဒီလိုအရာတွေ လုပ်ခဲ့တယ် ဆိုတော့ သူ့ကို ဘယ်လိုနည်းလမ်းနဲ့ ကလဲ့စားချေတာက သင့်တော်မယ်လို့ ဒေါ်လေးထင်လဲ။”

ချူးယုချင် တစ်ဖန် တိတ်ဆိတ်သွားပြန်သည်။

သူမသည် ရှန်ဝူမိဖုရားခေါင်၏ ကိုယ်ပွားဖြစ်သောကြောင့် ဤမေးခွန်းကို သူမ မဖြေနိုင်ပေ။

ထို့နောက် လုချန်းက

“ကျွန်တော်ထင်တာတော့ ကျွန်တော်သူ့ကို အကျဉ်းချပြီး ကျင့်စဉ်မီးဖိုအဖြစ် တစ်သက်လုံး အသုံးချသင့်တယ်လို့ ထင်တယ်။ ဒီအပြစ်ဒဏ်ကို ဒေါ်လေးဘယ်လိုထင်လဲ။”

ချူးယုချင် မဖြေခဲ့သော်လည်း သူမ၏ စိတ်နှလုံးထဲတွင်မူ ဒါက သူပေးလိုသော အပြစ်ဒဏ် အမှန်တကယ်ဖြစ်ပါက သူမ လုချန်း၏ ကျင့်စဉ်မီးဖိုအဖြစ် တစ်သက်လုံး ဆန္ဒအလျောက် နေထိုင်သွားမည်ဟု တွေးတောနေသည်။

လုချန်းက

“ဒေါ်လေးချူး။ ဒေါ်လေးရဲ့ တကယ့် ဇစ်မြစ်အစစ်အမှန်ကို ကျွန်တော်သိချင်တယ်။ ဒီအကြောင်းတွေအားလုံးကို ဒေါ်လေးက ဘယ်လိုသိနေတာလဲ။”

ချူးယုချင် ခဏခန့် တိတ်ဆိတ်သွားပြီး နောက်ဆုံးတွင် သူမဝန်ခံလိုက်သည်။

“ဘာလို့လဲဆိုတော့ ဒေါ်လေးက အဲ့ဒီကွေ့ရိဂိုဏ်း သူတော်စင်မရဲ့ ကိုယ်ပွားဖြစ်နေလို့ပဲ။”

“ဘာ....”

လုချန်းက ချက်ချင်းပင် တုန်လှုပ်သွားဟန်ပြလိုက်သည်။

ချူးယုချင်က သက်ပြင်းချကာ

“ ဒေါ်လေးရဲ့ပင်မကိုယ်က မင်းရဲ့ကျဆုံးမှုကို မျက်မြင်တွေ့ မြင်နိုင်ဖို့အတွက် ဒီကိုယ်ပွားကို ဖန်တီးခဲ့တာ။ ဒါကြောင့် သူက မင်းရဲ့မွေးဖွားခြင်းကို စောင့်ဆိုင်းဖို့အတွက် မင်းရဲ့ အမေအနားမှာနေဖို့ ဒေါ်လေးကို စေလွှတ်ခဲ့တယ်။”

“ဒါပေမဲ့ ဒီကမ္ဘာကို ဒေါ်လေးရောက်ပြီး မကြာခင်မှာပဲ ဒေါ်လေးရဲ့ပင်မကိုယ်နဲ့ အဆက်အသွယ်ပြတ်သွားခဲ့ပြီး ဒေါ်လေးရဲ့ မှတ်ဉာဏ်တွေလည်း လျှို့ဝှက်ဆန်းကြယ်တဲ့ အင်အားတစ်ခုကြောင့် ပိတ်ဆို့ခံခဲ့ရတယ်”

ထိုသို့ပြောပြီး လုချန်းကို တောင်းပန်သော မျက်လုံးများဖြင့် ကြည့်လိုက်ကာ

“ချန်းလေး။ မင်း ဒေါ်လေးကို ဘယ်လိုပဲ ကလဲ့စားချေဖို့ ရွေးချယ်ပါစေ ဒေါ်လေးလက်ခံတယ်။ ဒါပေမဲ့ တို့ရဲ့‌ ကလေးတွေအပေါ်မှာ ဘာရန်ငြိုးမှ မထားပါနဲ့။ သူတို့က အပြစ်ကင်းပါတယ်။”

လှပသော အမျိုးသမီး၏ သနားစဖွယ် အမူအရာကို မြင်သောအခါ လုချန်း၏ သိမ်းပိုက်လိုစိတ်များ ပြင်းထန်စွာ တိုးပွားလာ၏။ ယခု ချူးယုချင်သည် သူ၏ရန်သူ၏ ကိုယ်ပွားဖြစ်သည်ကို သိရှိသွားသောကြောင့် သူမကို သေသည်အထိ ညှဉ်းပန်းနှိပ်စက်ချင်စိတ် ဖြစ်နေသည်။

ထိုအခိုက်အတန့်တွင် လုချန်းက ချူးယုချင်၏ ပါးပြင်ကို ညင်သာစွာ ပွတ်သပ်ကာ ပြုံးလျက်

“ဒေါ်လေးချူးက ကျွန်တော့် ရန်သူရဲ့ ကိုယ်ပွားဖြစ်နေလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူး။ အခု ဒေါ်လေး ကျွန်‌တော့်လက်ထဲမှာ ရောက်နေပြီဆိုတော့ ဘယ်လို ကလဲ့စားချေသင့်တယ်လို့ ဒေါ်လေးထင်လဲ။”

All Chapters