အစီအစဉ်အသစ်လား
Vol. 64 Ch. 950
လုချန်း၏ မေးခွန်းကို ကြားသောအခါ ချူးယုချင်သည် စကားမပြောပဲ တစ်ဖန် တိတ်ဆိတ်သွားပြန်သည်။
လုချန်းက သူတို့၏ ကလေးများကို မမုန်းတီးသရွေ့ သူမအတွက် အဆင်ပြေသည်။
လုချန်းက သူမကို သတ်လိုသည်ဖြစ်စေ၊ သူ၏ ကျင့်စဉ်မီးဖိုအဖြစ် အကျဉ်းချထားလိုသည်ဖြစ်စေ သူမ၏ စိတ်နှလုံးထဲ လက်ခံနိုင်သည်။
ချူးယုချင် စကားမပြောသည်ကို မြင်သောအခါ လုချန်းကလည်း သူမ၏ လှပသော မျက်နှာကို တိတ်ဆိတ်စွာ ကြည့်နေပြီး ဘာမှမပြောခဲ့ပေ။
အခန်းသည် ရုတ်တရက် တိတ်ဆိတ်သွားရာ ဘေးအခန်းမှ ချူးချင်လီပင်လျှင် မယုံနိုင်စွာ အံ့အားသင့်သွား၏။ ယနေ့ ပဋိပက္ခ အဘယ်ကြောင့် ဤမျှ လျင်မြန်စွာ ရပ်တန့်သွားရသည်ကို သူမ အံ့ဩမိသည်။ လုချန်း မစွမ်းဆောင်နိုင်တော့၍လားဟုပင် သူမတွေးလိုက်သည်။
အကယ်၍ ပုံမှန်အတိုင်းသာဆိုလျှင် အခုချိန် လောက်တွင် ချူးယုချင် တစ်ယောက် ကောင်းကင်နှင့်မြေကြီးကို တိုင်တည်ကာ ငိုယိုအော်ဟစ်နေဆဲ ဖြစ်ရမည်။
အလွန်ထူးဆန်းနေသည်။
ထိုအခိုက်အတန့်တွင် ချူးယုချင် သူမ၏ မျက်လုံးများကို မှိတ်ထားပြီး လုချန်းက သူမအား သေဒဏ် အမိန့်ချမှတ်မည်ကို စောင့်ဆိုင်းနေသည်။
လှပသော အမျိုးသမီး၏ ကံကြမ္မာကို အရှုံးပေးလိုက်သည့် အမူအရာကို မြင်သောအခါ လုချန်း ရုတ်တရက် ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
လုချန်း၏ ရယ်သံကို ကြားသောအခါ ချူးယုချင်က မျက်လုံးများကို ဖွင့်ကာ သူ့ကို နားမလည်နိုင်စွာ ကြည့်လိုက်သည်။
ထို့နောက် လုချန်းက
“ဒေါ်လေးချူး။ ကျွန်တော်သိချင်တာက ဒေါ်လေးရဲ့ပင်မကိုယ်က အပျိုစင်ဖြစ်နေသေးလား ဆိုတာပဲ။”
ဒါက…
လုချန်း အဘယ်ကြောင့် ဤသို့ မေးသည်ကို ချူးယုချင် မသိသော်လည်း သူမက
“ဖရိုဖရဲ ဝိညာဉ်ခန္ဓာရဲ့ ကြီးထွားရင့်ကျက်မှုက အရမ်းနှေးတယ်။ မင်းရဲ့ဖခင်က ဒေါ်လေးရဲ့ပင်မကိုယ်ပေါ်မှာ စိတ်ဝိညာဉ်ဆေးဝါးတွေ အများကြီးသုံးခဲ့ပေမဲ့ ရင့်ကျက်ဖို့အတွက် နှစ်သောင်းနဲ့ချီပြီး ကြာနိုင်တယ်။ ဒါကြောင့် ဒေါ်လေးရဲ့ပင်မကိုယ်က အပျိုစင်ဖြစ်နေတုန်းပဲ ဖြစ်လိမ့်မယ်။”
“သူရဲ့အပျိုစင်ဘဝကို အချိန်မတိုင်ခင် ယူသွားခဲ့ရင် သူရဲ့ ဖရိုဖရဲ ဝိညာဉ်ခန္ဓာက ပျက်စီးသွားလိမ့်မယ်။ ဒါကြောင့်လည်း မင်းက သူရဲ့ကျင့်စဉ်ဖော်ဖြစ်ဖို့ သဘောမတူခဲ့တဲ့အတွက် သူ မင်းကို မုန်းတီးခဲ့တာ။”
“သူရဲ့ကစဉ့်ကလျား ဝိညာဉ်ခန္ဓာသာ ပျက်စီးသွားခဲ့ရင် မင်းရဲ့အဖေက သူရဲ့ထူးခြားတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံကို ရှာတွေ့မှာမဟုတ်သလို သူလည်း ရှန်ယွဲ့ နန်းတော်မှာ အကျဉ်းချခံရမှာ မဟုတ်ဘူး။”
ချူးယုချင်၏ ပါးပြင်ကို ပွတ်သပ်ရင်း လုချန်းက
“ဒီလောက်လှတဲ့မိန်းမရဲ့ ချစ်ရေးဆိုမှုကို ကျွန်တော်ဘာလို့ လက်မခံခဲ့မိပါလိမ့်။”
ချူးယုချင်က
“ ဒေါ်လေးကို ဘယ်လိုလုပ်ဖို့ စီစဉ်ထားလဲ”
လုချန်းက ချူးယုချင်၏ မေးခွန်းကို မဖြေပဲ
“ ကျွန်တော်ဆုံးဖြတ်ပြီးပြီ။ ကျွန်တော် အမြန်ဆုံး အင်အားကြီးလာအောင်လုပ်ရမယ်။ ပြီးရင် ဒေါ်လေးရဲ့ပင်မကိုယ်ကို ကျွန်တော့်ရဲ့ကျင့်စဉ်မီးဖိုအဖြစ် အကျဉ်းချရမယ်။ သူ့စိတ်ထဲမှာ ကျွန်တော့်အကြောင်းပဲ တွေးနိုင် တော့တဲ့အထိ သူ့ကို နေ့တိုင်းညှဉ်းပန်းနှိပ်စက်မယ်။ သူ့စိတ်ကို မွှေနှောက်ပစ်မယ်။ ဒါမှမဟုတ်ရင် ကျွန်တော့်ရင်ထဲက အညှိုးကို ဖြေဖျောက်နိုင်မှာမဟုတ်ဘူး။”
လုချန်း၏ စကားကို ကြားသောအခါ အမည်မသိ ထူးဆန်းသော ပျော်ရွှင်မှုတစ်ခုကို ချူးယုချင် ရုတ်တရက် ခံစားလိုက်ရပြီး သူမ၏ ခန္ဓာကိုယ်ပင် တင်းမာသွားသည်။
လုချန်းသည်လည်း ချူးယုချင်၏ တုံ့ပြန်မှုကို ခံစားမိပြီး သူမ အမှန်တကယ် စိတ်လှုပ်ရှားနေသည်ကို မြင်သောအခါ ချူးယုချင်လည်း ထိုသို့သော စိတ်မျိုးရှိသည် တွေ့ရှိလိုက်ရ၍ကို အံ့အားသင့်ကာ ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြန်သည်။
သူမက ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံယူလိုနေတာလား...
လုချန်း ခဏတာ ရပ်တန့်သွားပြီး သူ၏အကြည့်က ချူးယုချင်အပေါ်တွင် စူးစိုက်နေကာ သူ၏နှုတ်ခမ်းများက လှောင်ပြောင်သော အပြုံးတစ်ခုအဖြစ် အနည်းငယ် ကွေးတက်သွားသည်။
“ဒီကိုယ်ပွားအတွက်ကတော့…”
ချူးယုချင် ရုတ်တရက် အလွန်စိတ်လှုပ်ရှားသွားသည်။ လုချန်းက သူမကို မည်သို့ဆက်ဆံမည်ကို မသေချာတော့ပေ။
ထို့နောက် လုချန်းက ကိုင်းညွှတ်ကာ ချူးယုချင်၏ နားနားသို့ ကပ်ပြီး
“ဒေါ်လေးရဲ့ပင်မကိုယ်က ကျွန်တော့်ကို အဲ့လိုလုပ်ခဲ့တယ်။ အခု ဒေါ်လေးရဲ့ ပင်မကိုယ်ဆီ မသွားနိုင်သေးတော့ ဒေါ်လေးကပဲ သူ့ရဲ့အပြစ်ဒဏ်ကို ခံယူရလိမ့်မယ်။”
ချူးယုချင် တစ်စုံတစ်ခု ပြောရန်အပြုတွင် လုချန်းက သူမ၏ နှုတ်ခမ်းများကို ပိတ်ဆို့လိုက်ပြီး သူ၏ ကလဲ့စားချေခြင်းကို စတင်လိုက်သည်။
ထိုအခိုက်အတန့်တွင်။
ချူးချင်လီသည် အိပ်ရာပေါ်တွင် မတ်မတ်ထိုင်ကာ ဘေးအခန်းမှ လှုပ်ရှားမှုများကို ဂရုတစိုက် နားထောင်ရင်း လုချန်းနှင့် ချူးယုချင်တို့ ဘာတွေပြောနေကြသည်ကို ကြားနိုင်ရန် ကြိုးစားနေသည်။
ယနေ့ည တိုက်ပွဲ အဘယ်ကြောင့် ဤမျှ လျင်မြန်စွာ ပြီးဆုံးသွားသည်ကို သူမ သိချင်နေရုံသာ ဖြစ်သည်။
လုချန်း မစွမ်းဆောင်နိုင်တော့ဟု သူမ အမှန်တကယ် ထင်နေစဉ်မှာပင် ရုတ်တရက် ချူးယုချင်၏ ကောင်းကင်နှင့် မြေကြီးကို တိုင်တည် ငိုယိုအော်ဟစ်သံများ ဘေးအခန်းမှ တစ်ဖန် ထွက်ပေါ်လာ၏။ ဤတစ်ကြိမ်တွင် လုချန်း၏ ဟိန်းဟောက်သံများကိုလည်း ကြားလိုက်ရသည်။
“အဆိပ်ပြင်းတဲ့မိန်းမ။ မင်းငါ့ကို ဒီလောက်ဒုက္ခပေးခဲ့တာ။ ဒီနေ့ ငါမင်းကို သတ်မယ်။”
“မင်းကြီး..... ကျွန်မ မှားမှန်းသိပါပြီ”
“ကျွန်မ နောက်ထပ် မလုပ်ရဲတော့ပါဘူး…”
………
ချူးချင်လီသည် အနည်းငယ် နားမလည်နိုင်ဖြစ်နေသည်။ သူတို့ ယနေ့ ဘာပြဇာတ်များ ကပြနေကြသနည်းဟု တွေးနေမိသည်။
အဘယ်ကြောင့် သူမ ဤပြဇာတ်ကို အရင်က တစ်ခါမှ မကြားဖူးခဲ့သနည်း။
အစီအစဉ်အသစ်လား..
ချူးချင်လီ အနည်းငယ် မကျေမနပ်ဖြစ်သွားသည်။ သူမ၏အစ်မနှင့် လုချန်းတို့က သူမကို မပါဝင်စေပဲ အစီအစဉ်အသစ်တစ်ခုကို တင်ဆက်နေကြသည့်အတွက် စိတ်တိုနေသည်။
…….
လုချန်းနှင့် ချူးယုချင်တို့၏ အစီအစဉ်အသစ်သည် တစ်ညလုံး ဆက်လက်ဖြစ်ပွားခဲ့သည်။ နောက်တစ်နေ့ မိုးလင်းစပြုချိန် ကောင်းကင် မီးခိုးရောင်သန်းလာချိန်အထိ ဖြစ်သည်။ ထိုအချိန်တွင် ချူးယုချင်လည်း ရွှံ့ပုံတစ်ပုံကဲ့သို့ လုံးဝ ပျော့ခွေသွားခဲ့သည်။
သို့သော် သူမ၏ စိတ်နှလုံးထဲတွင် မည်သည့်အညှိုးအတေးမှ မရှိပေ။ ဆန့်ကျင်ဘက်အနေဖြင့် လုချန်း သူမအပေါ် ပို၍ကြမ်းတမ်းလေ အပြစ်ဖြေခြင်းတစ်မျိုး ဖြစ်သည်ဟု ပို၍ခံစားရလေလေဖြစ်သည်။
သူမ၏ ပင်မကိုယ်က လုချန်းအပေါ် အလွန်ထိခိုက်စေခဲ့သည် မဟုတ်ပါလား။ သူမက သူ၏ ဧကရာဇ်ဖြစ်မည့် လမ်းကိုပင် ဖျက်ဆီးခဲ့သည်။
လုချန်းက သူမကို အမှန်တကယ် ကျင့်စဉ်မီးဖိုအဖြစ် ဆက်ဆံလျှင်ပင် သူမ ဘာမှပြောမည် မဟုတ်ပေ။ အထူးသဖြင့် လုချန်းက သူမကို ကျင့်စဉ်မီးဖိုသက်သက်အဖြစ် အမှန်တကယ် မမှတ်ယူသောကြောင့်လည်း ဖြစ်သည်။ လုချန်းသည် ယခင်ကထက် ပို၍ကြမ်းတမ်းသော်လည်း နဂါးဖီးနစ်ယင်ယန်ကျင့်စဉ်ကို အသုံးချနေဆဲဖြစ်ပြီး သူမ၏ ကျင့်စဉ်အဆင့်လည်း မြင့်တက်လာခဲ့သည်။
ထိုအချက်ကို ကြည့်လျှင် လုချန်းထံ၌ သူမအပေါ် အမှန်တကယ် အညှိုးအတေး မရှိကြောင်း ရှင်းလင်းသည်။
ခဏနားပြီးနောက် ချူးယုချင် သက်သာရာရသွားပြီး အားနည်းစွာဖြင့်
“မင်းကြီး... မင်းကြီး...”
ချူးယုချင်၏ စကား မဆုံးမီမှာပင် လုချန်းက
“ဘာ ‘မင်းကြီး’ လဲ။ အရင်က ကျွန်တော့်ကို ဘယ်လိုခေါ်ခဲ့လဲ။ အဲ့ဒီအတိုင်းပဲ ဆက်ခေါ်ပါ”
ဟု ဖြတ်ပြောလိုက်သည်။
ချူးယုချင်သည် ကိုယ်ပွားတစ်ဦးမျှသာ ဖြစ်သဖြင့် လုချန်း သူမကို အမှန်တကယ် မုန်းတီးစိတ် မဖြစ်ပေ။ သူ၏ အမြင်အရ သူသည် ချူးယုချင်နှင့် ငယ်စဉ်ကတည်းက အတူတကွ ကြီးပြင်းလာခဲ့ပြီး သူမသည် ဘဝတစ်လျှောက်လုံး သူ့ကို စေ့စပ်သေချာစွာ ဂရုစိုက်ခဲ့ပေးသည်။ အိပ်ရာထဲအထိပင် သူ၏လိုအပ်ချက်များကို ဂရုစိုက်ပေးခဲ့ပြီး သူ့အတွက် ကလေးနှစ်ယောက် မွေးဖွားပေးခဲ့သည်။ သူ သူမအပေါ် မည်သို့ မုန်းတီးစိတ် ရှိနိုင်မည်နည်း။
ဟုတ်ပါသည်။ ဒါကလည်း သူ၏ အတိတ်ဘဝမှ မှတ်ဉာဏ်များ မရသေးသောကြောင့်လည်း ဖြစ်နိုင်သည်။ သူ၏ ကံကြမ္မာနှင့် သွေးမျိုးဆက်စွမ်းအား လျော့နည်းသွားရခြင်းကို ဆုံးရှုံးမှုကြီး တစ်ခုဟု သူသေချာ နားမလည်သေးသဖြင့် သိပ်ဂရုမစိုက်ခြင်းလည်း ဖြစ်သည်။
လုချန်း၏ ပြင်းထန်သော လေသံကြောင့် လန့်သွားသဖြင့် ချူးယုချင်က အနည်းငယ် ချီတုံချတုံဖြစ်စွာဖြင့်
“ချန်းလေး မင်း...”
ချူးယုချင် စကားဆက်ရန် ချီတုံချတုံ ဖြစ်နေသည်။
ဤအခိုက်အတန့်တွင် လုချန်းက ထထိုင်လိုက်ပြီး ချူးယုချင်၏ မျက်လုံးများကို ကြည့်ကာ
“ဒေါ်လေးချူး။ ကောင်းကင်ပြောင်းလဲခြင်းကျောက်တုံးအကြောင်း ကျွန်တော့်ကို ပြောပြပါ။ အဲ့ဒါကို ကျွန်တော် တော်တော်စိတ်ဝင်စားတယ်။”
လုချန်း၏ စကားကို ကြားသောအခါ ချူးယုချင်က
“ကောင်းကင်ပြောင်းလဲခြင်းကျောက်တုံးက အတိုင်းအတာတစ်ခုအထိ အကြောင်းအကျိုးတရားကို လွှမ်းမိုးနိုင်ပြီး လူတစ်ယောက်ရဲ့ဘဝကံကြမ္မာကို ထိန်းချုပ်နိုင်တဲ့ အထူးကျောက်တုံးတစ်တုံးပဲ။”
“သာမန်အားဖြင့် ကောင်းကင်ပြောင်းလဲခြင်းကျောက်တုံးက လူတစ်ယောက်ရဲ့စိတ်နှလုံးထဲက အနက်ရှိုင်းဆုံးဆန္ဒတွေအပေါ် အခြေခံပြီး ဘဝလမ်းကြောင်းတွေကို ဖန်တီးပေးတယ်။”
“တချို့လူတွေက အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တစ်ဦးရဲ့ အကူအညီကို လေးလေးနက်နက် ဆန္ဒရှိကြတယ်။ ဒါကြောင့် ကောင်းကင်ပြောင်းလဲခြင်းကျောက်တုံးရဲ့ လွှမ်းမိုးမှုအောက်မှာ သူတို့ရဲ့နောက်ဘဝမှာ သူတို့ဘေးနားမှာ အစွမ်းထက်တဲ့ ဝိညာဉ်တစ်ခု ပေါ်လာနိုင်တယ်။”
“တစ်ချို့တွေကတော့ သူတို့ရဲ့အရင်ဘဝမှာ သူတို့အင်အားကြီးခဲ့တယ်လို့ ဆန္ဒရှိနိုင်တယ်။ ဒါကြောင့် ကောင်းကင်ပြောင်းလဲခြင်းကျောက်တုံးက မှတ်ဉာဏ်အတုတွေကို ဖန်တီးပြီး အဲ့ဒီလုပ်ကြံဖန်တီးထားတဲ့ အမှတ်တရတွေအပေါ် အခြေခံပြီး လူတစ်ယောက်ကို အင်အားကြီးလာအောင် လုပ်ဆောင်ပေးနိုင်တယ်။”
လုချန်းက
“ ဒေါ်လေးပြောခဲ့တာက ဒေါ်လေးရဲ့ပင်မကိုယ်က ကောင်းကင်ပြောင်းလဲခြင်းကျောက်တုံးကိုသုံးပြီး ကျွန်တော့်ထဲမှာ နတ်ဆိုးဂိုဏ်းကလို့ ထင်စေမယ် အတိတ်ဘဝမှတ်ဉာဏ်တွေ ထည့်သွင်းခဲ့တယ်ဆို။”
“ဒါဆို ကျွန်တော်က မိန်းမတွေနဲ့ အတူအိပ်ဖို့ပဲ အမြဲတမ်းတွေးနေတာက အဲ့ဒါကြောင့်ပဲလား”
ချူးယုချင်က
“ဟုတ်တယ်။ အစတုန်းက ကောင်းကင်ပြောင်းလဲခြင်းကျောက်တုံးရဲ့ လွှမ်းမိုးမှုအောက်မှာ မင်းမှာ မင်းရဲ့ကိုယ်ပိုင် ကြီးထွားမှုလမ်းကြောင်းရှိခဲ့တယ်။ ဒါပေမဲ့ ဒေါ်လေးရဲ့ ပင်မကိုယ်က ကောင်းကင်ပြောင်းလဲခြင်းကျောက်တုံးကို ထိန်းချုပ်ခဲ့တယ်။”
လုချန်းက ပြုံးလျက်
“အဲ့ဒါဆို ကျွန်တော့်ဖခင်က ဝင်မစွက်ဖက်ခဲ့ဘူးလား။”
ချူးယုချင်က
“သူက မင်းတို့ရဲ့ဝိညာဉ်ပုတီးစေ့တွေကို ကမ္ဘာအသီးသီးထဲကို နေရာချပြီးတဲ့နောက်မှာ ကျန်တာတွေကို တခြားသူတွေကို လွှဲအပ်ပြီး ကျင့်စဉ်ကျင့်ဖို့ တကိုယ်တည်း သီးခြားသွားနေခဲ့တယ်။ အဲ့ဒါက ဒေါ်လေးရဲ့ ပင်မကိုယ်ကို အခွင့်အရေးရစေခဲ့တယ်။”
“နောက်ပြီး ဒေါ်လေးရဲ့ပင်မကိုယ်က မင်းရဲ့ဝိညာဉ်ပုတီးစေ့ကို ဖျက်ဆီးခဲ့တာမဟုတ်ဘူး။ သာမည ပြုပြင်ပြောင်းလဲမှုလေးတစ်ခုက ဧကရာဇ်ရှန်ဝူကို သိပ်ပြီး စိုးရိမ်ပူပန်စေမှာမဟုတ်ဘူး။ ဧကရာဇ်ရှန်ဝူရဲ့ စရိုက်အရဆိုရင် သူက ဒါကို မင်းအတွက် ကောင်းမွန်တဲ့ လေ့ကျင့်မှုတစ်ခုလို့တောင် ထင်နိုင်တယ်။”
လုချန်း အနည်းငယ် စကားမဲ့သွားသည်။ ဧကရာဇ်ရှန်ဝူက တကယ်ပဲ သူရဲ့ ဖခင်လား။
သို့သော်လည်း ဒါက သဘာဝတော့ကျသည်။ ထိုလူသည် သူ၏ သားတော်အားလုံးကို သတ်ပြီးနောက် သူတို့၏ ဝိညာဉ်ပုတီးစေ့များကို ကမ္ဘာအသီးသီးသို့ ကြဲဖြန့်ခဲ့သည်။ သူ၏ မျက်လုံးထဲတွင် မိသားစုသံယောဇဉ်အတွက် နေရာမရှိပေ။
အလွန် ရက်စက်ကြမ်းကြုတ်သော လူတစ်ယောက်ပင်။
ထိုအခိုက်အတန့်တွင် လုချန်း တိတ်ဆိတ်သွားသည်။ ကောင်းကင်ပြောင်းလဲခြင်းကျောက်တုံးနှင့် ဘဝသံသရာ ကျောက်တုံး နှစ်ခုစလုံးသည် ကျောက်တုံးများဖြစ်ကြ၏။ ထိုကျောက်တုံးနှစ်ခု တစ်နည်းနည်းဖြင့် ဆက်စပ်မှု ရှိ မရှိ သူတွေးနေမိသည်။
ချူးယုချင်၏ ပင်မကိုယ်က သူ့ထဲတွင် နတ်ဆိုးဂိုဏ်း တပည့်တစ်ဦး၏ မှတ်ဉာဏ်ကို ထည့်သွင်းခဲ့သော်လည်း အမှန်တကယ်တော့ ထိုသို့သော မှတ်ဉာဏ်များ သူ့ထံတွင် လုံးဝမရှိပေ။ သူသည် အမြဲတမ်း စနစ်၏ လမ်းညွှန်မှုကို လိုက်နာခဲ့သည်။
ထိုသို့တွေးမိသောအခါ လုချန်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ စနစ်က အမှန်တကယ် မရှိသည့် အတုအယောင် အရာတစ်ခုလား။ ကောင်းကင်ပြောင်းလဲခြင်းကျောက်တုံးက ဖန်တီးထားသော ထင်ယောင်ထင်မှားမှုတစ်ခု ဖြစ်နိုင်လား။
အဘယ်ကြောင့်ဆိုသော် သူ ကမ္ဘာပေါ်တွင် ရှိစဉ်က စနစ်ယန္တရားများအကြောင်း ဝတ္ထုများထဲ မကြာခဏ ဖတ်ခဲ့ဖူးသည်။ ထို့ကြောင့် ကောင်းကင်ပြောင်းလဲခြင်းကျောက်တုံးက သူ၏ အတွင်းစိတ်က စနစ်ဆိုသော အရာတစ်ခုကို လက်ခံနိုင်သည်ဟု ယူဆကာ သူ့ကို အင်အားကြီးလာစေရန် လမ်းညွှန်ပေးမည့် စနစ်တစ်ခုကို ဖန်တီးခဲ့ခြင်း ဖြစ်နိုင်လား။
ချန်ယွမ်ကမ္ဘာမှ လုချန်းက တစ်ကယ်ပဲ သူနှင့် တစ်စုံတစ်ရာ ပတ်သက်မှု ရှိနေလား။
အကယ်၍ သူတို့ ပတ်သက်မှုရှိပါက ချူးယုချင်၏ ပင်မကိုယ်က ကောင်းကင်ပြောင်းလဲခြင်းကျောက်တုံးကို အသုံးပြု၍ ထည့်သွင်းခဲ့သော မှတ်ဉာဏ်များသည် အဘယ်ကြောင့် အကျိုးသက်ရောက်မှု မရှိခဲ့သနည်း။
အကယ်၍ သူတို့ ပတ်သက်မှုမရှိပါက ချူးယုချင်၏ ကိုယ်ပွား အဘယ်ကြောင့် သူ၏ ဘေးသို့ ရောက်လာခဲ့ရသနည်း။
ယခု ထျန်းချန်ကမ္ဘာရှိ အရာအားလုံးကို သူ မည်သို့ နားလည်အောင် လုပ်ရမည်နည်း။
ဤအရာအားလုံးက ကောင်းကင်ပြောင်းလဲခြင်းကျောက်တုံး၏ လက်ချက်လား။
သို့မဟုတ် ကောင်းကင်ပြောင်းလဲခြင်းကျောက်တုံးကို အကျိုးသက်ရောက်မှုမရှိအောင် ပြုလုပ်ပြီး ဧကရာဇ်ရှန်ဝူက ပြင်ဆင်ပေးထားသော အရင်းအမြစ်များကို အသုံးပြုကာ သူ့ကို အင်အားကြီးလာအောင် ပြုလုပ်နေသည့် ပိုမိုအစွမ်းထက်သော အင်အားတစ်ခု ရှိနေလား။
ယခု လုချန်း၏ စိတ်ထဲတွင် မေးခွန်းများဖြင့် ပြည့်နှက်နေသော်လည်း စနစ်ကို သူ မမေးမြန်းခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ယခုအခြေအနေတွင် စနစ်က သူ၏ မေးခွန်းတစ်ခုကိုမှ ဖြေနိုင်မည် မဟုတ်ကြောင်း သူ ကောင်းစွာသိသောကြောင့် ဖြစ်သည်။
လုချန်း ထိုသို့ တွေးမိစဉ်မှာပင် စနစ်၏ အသိပေးချက် ရုတ်တရက် ထွက်ပေါ်လာသည်။
“ကျေးဇူးပြုပြီး စိတ်ချပါ သခင်။ စနစ်က သင့်အပေါ် မကောင်းတဲ့ရည်ရွယ်ချက် မရှိပါဘူး”
ထိုစကားကို ကြားသောအခါ လုချန်း၏ အတွင်းစိတ်ထဲ ရယ်မောလိုက်သည်။ စနစ်က ထိုသို့ ပိုပြောလေလေ နောက်ကွယ်တွင် ပိုကြီးမားသော ကြံစည်မှုတစ်ခု ရှိနေသည်ဟု သူပို၍ သံသယဝင်လေ ဖြစ်သည်။
“အခု အများကြီးတွေးနေတာ အသုံးမဝင်ဘူး။ ငါ့မိန်းမတွေကို အမြန်ဆုံး ရင်သွေးကမ္ဘာတွေ မွေးခိုင်းတာ ပိုကောင်းတယ်။”
သူ ထိုသို့ တွေးနေသော်လည်း လုချန်း သူ့ကိုယ်သူ မထိန်းနိုင်ပဲ စနစ်ကို
“စနစ်။ ရိုးရိုးသားသားပြောစမ်းပါ။ ဘာလို့အရင်က ကလေးတွေမွေးဖို့ဖြစ်ပြီး အခု ရင်သွေးကမ္ဘာတွေမွေးဖို့ ဖြစ်သွားရတာလဲ။”
စနစ်သည် အဆင့်မြှင့်တင်ရုံသာဖြစ်ပြီး ပြောင်းလဲသွားခြင်း မဟုတ်ပေ။ လွန်ခဲ့သောတစ်ကြိမ် သူမေးခဲ့စဉ်က စနစ်က သူ့ကို အဆက်မပြတ် ကလေးများ ထုတ်လုပ်ခိုင်းခဲ့သည်မှာ လျှို့ဝှက်ဆန်းကြယ်သော အင်အားတစ်ခု၏ လွှမ်းမိုးမှုကြောင့်ဟု ပြောခဲ့သည်။
သို့ဆိုလျှင် ယခု သူ့ကို ရင်သွေးကမ္ဘာများ မွေးဖွားစေလိုသည်မှာ မည်သူ၏ စိတ်ကူးနည်း။
လုချန်း အနည်းငယ် စိတ်လှုပ်ရှားလာသည်ကို ခံစားမိသောကြောင့် ထင်၏။ စနစ်က အကြံပြုသည်မှာ
“စနစ်က အရင်က သခင့်ကို အသိပေးခဲ့ပြီးသားပါ။ အရင်မျိုးပွားနည်းလမ်းက အရမ်းခေတ်နောက်ကျနေခဲ့ပါတယ်။ နောက်ပြီး သင်က ဒီကမ္ဘာကို ဝိညာဉ်ပုတီးစေ့ကနေတစ်ဆင့် ရောက်လာခဲ့ပြီး သင့်ရဲ့ ခန္ဓာကိုယ်မှာ ဧကရာဇ်ရှန်ဝူရဲ့ သွေးမျိုးစက် ရှိနေတဲ့အတွက် တိုက်ရိုက်ရင်သွေးမွေးဖွားခြင်းက သင့်ရဲ့ အင်အားတိုးမြှင့်နိုင်စွမ်းကို ပြင်းထန်စွာ ကန့်သတ်ပါတယ်။”
“သခင့်ရဲ့ မိဖုရားတွေက ရင်သွေးကမ္ဘာတွေ မွေးဖွားမယ်ဆိုရင် အဲ့ဒီရင်သွေးကမ္ဘာတွေထဲက သက်ရှိအားလုံးဟာ သင့်ရဲ့ရင်သွေးတွေဖြစ်လာမှာဖြစ်ပြီး သင် ကလည်း အဲ့ဒီသက်ရှိတွေဆီက ကံကြမ္မာ တုံ့ပြန်မှုကို ရရှိမှာဖြစ်ပါတယ်။”
လုချန်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူပြောသလို ကလေးများမွေးဖွားခြင်းကြောင့်ရတဲ့ တိုးတက်မှုက တကယ်ပဲ အလွန်နည်းနေတဲ့ အတွက်ကြောင့်လား။