← Chapters

ပင်မခန္ဓာကို လက်စားချေဖို့ ရှာမတွေ့ရင်တော့

Vol. 64 Ch. 951

ပင်မခန္ဓာကို လက်စားချေဖို့ ရှာမတွေ့ရင်တော့

Vol. 64 Ch. 951

လုချန်း မျက်မှောင်ကြုတ်သည်ကိုမြင်သောအခါ ချူးယုချင်၏ အတွင်းစိတ်ထဲချက်ချင်း တင်းမာသွားခဲ့သည်။ သူမသိသမျှ အရာအားလုံးကို လုချန်းအား ပြောပြပြီးဖြစ်သဖြင့် သူ့အတွက် သူမ တန်ဖိုးမရှိတော့ဟု တွေးမိလိုက်သည်။

စနစ်ထံမှ အသုံးဝင်သောအရာ အဖြေတစ်ခုမရခဲ့သဖြင့် လုချန်း ၎င်းနှင့်ဆက်ဆံရသည်ကို စိတ်ပျက်လာခဲ့သည်။ ထို့နောက် ချူးယုချင်ဘက်သို့လှည့်ကာ

“ဒေါ်လေးချူးရဲ့ ပင်မခန္ဓာကိုယ်လုပ်ခဲ့တဲ့ အရာတွေက ဒေါ်လေးနဲ့ ဘာမှမဆိုင်ပါဘူး။ ကိုယ့်ကိုယ်ကို အပြစ်တင်ဖို့လည်း မလိုပါဘူး။”

“ကျွန်တော့်မျက်စိထဲမှာတော့ ဒေါ်လေးက ကျွန်တော့်ရဲ့ ဒေါ်လေးချူး ဖြစ်နေတုန်းပဲ။ကျွန်တော်ကလည်း ဒေါ်လေးရဲ့ ချန်းလေး ဖြစ်နေတုန်းပါပဲ။”

လုချန်း၏ စကားများကိုကြားသောအခါ ချူးယုချင်၏မျက်လုံးများတွင် မျက်ရည်များ ချက်ချင်းဝဲလာခဲ့ပြီး မကြာမီတွင် သူမ၏လှပသော ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာခဲ့လေသည်။

သူမ၏အတိတ်ဘဝက မှတ်ဉာဏ်များကို ပြန်လည်ရရှိခဲ့သည့်အချိန်မှစ၍ သူမ စိုးရိမ်ပူပန်မှုများဖြင့် နေထိုင်ခဲ့ရသည်။ လုချန်းက သူမကို မကျေမနပ်ဖြစ်သွားမည် သို့မဟုတ် သူတို့၏ကလေးများအပေါ် ဒေါသထွက်မည်ကို သူမ ကြောက်ရွံ့ခဲ့သည်။

သူမ၏ ပင်မခန္ဓာကိုယ် လုပ်ခဲ့သည်များကို သိရှိပြီးသည့်နောက်မှာပင် သူက သူမအား မိသားစုဝင်တစ်ယောက်ကဲ့သို့ ဆက်ဆံလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။

လှပသောမိန်းမတစ်ယောက် မျက်ရည်ကျနေသည်ကိုမြင်သောအခါ လုချန်းက ချက်ချင်း လက်လှမ်းလိုက်ပြီး ချူးယုချင်၏ မျက်ဝန်းထောင့်မှ မျက်ရည်များကို ညင်သာစွာ သုတ်ပေးရင်း ပြောလိုက်သည်။

“အခု အားလုံးအဆင်ပြေသွားပြီ။ အရာအားလုံးက အတိတ်မှာ ကျန်ခဲ့ပါပြီ။ ကျွန်တော် ဒေါ်လေးကို စွန့်ပစ်သွားမှာကိုလည်း စိတ်မပူပါနဲ့။”

“ဒေါ်လေးက ကျွန်တော့်ရဲ့ မိန်းမပဲ။ ကျွန်တော်က ဒေါ်လေးကို ဘယ်လိုလုပ် စွန့်ပစ်နိုင်မှာလဲ။”

“ဒေါ်လေးက ဒုတိယခန္ဓာကိုယ် ဖြစ်ပေမဲ့ ကျွန်တော့်အပေါ် ဘာအမှားမှ မလုပ်ခဲ့ပါဘူး။ ပြီးတော့ ကျွန်တော် ကြီးပြင်းလာတဲ့တစ်လျှောက်လုံး ကျွန်တော့်ဘေးမှာ အမြဲရှိနေခဲ့တယ်။”

လုချန်း၏ နှစ်သိမ့်စကားများကို ကြားရသောအခါ ချူးယုချင်၏ မျက်ဝန်းမှ မျက်ရည်များ ပို၍ပင် စီးကျလာခဲ့သည်။ သို့သော် သူမ ရှိုက်ကြီးတငင် ငိုကြွေးခြင်း တော့ မရှိခဲ့ပေ။ သူမကိုယ်သူမ ထိန်းချုပ်နေခဲ့သော်လည်း သူမ၏မျက်လုံးများကတော့ သစ္စာဖောက်ကာ မျက်ရည်များ ဆက်လက်ကျဆင်းနေခဲ့သည်။

ထို့နောက် လုချန်းလည်း များများစားစား မပြောတော့ပဲ သူမ၏မျက်ရည်များကို တိတ်ဆိတ်စွာ ဆက်လက်သုတ်ပေးနေခဲ့သည်။ အချိန်အတော်ကြာပြီးနောက်တွင်မှ ချူးယုချင် နောက်ဆုံးတွင် စိတ်တည်ငြိမ်သွားခဲ့သည်။

သူမ၏ လက်ကိုမြှောက်ကာ မျက်ဝန်းထောင့်မှ မျက်ရည်များကို သုတ်လိုက်ပြီး လုချန်း၏ မျက်လုံးများကို

“ကျေးဇူးတင်ပါတယ် ချန်းလေး။”

လုချန်းက ပြုံး၍ တုံ့ပြန်လိုက်သည်။ “ကျွန်တော်ကသာ ဒေါ်လေးကို ကျေးဇူးတင်ရမှာပါ။ ဒီကိုယ်ပွား ခန္ဓာကိုယ်သာ ကျွန်တော့်ဆီ ရောက်မလာခဲ့ရင် ကျွန်တော်ရဲ့ ဇစ်မြစ်ကို ဘယ်တော့မှမသိလိုက်ရပဲ အဆုံးသတ်သွားနိုင်တယ်။”

“နောက်ပြီး ပင်မခန္ဓာကိုယ်ကို လက်စားချေဖို့ ရှာမတွေ့နိုင်ခင် ကိုယ်ပွားကို အနိုင်ကျင့်လို့ ရတာပေါ့။”

ထိုစကားကိုကြားသောအခါ လှပသောမိန်းမ၏ ပါးပြင်များ ပို၍ပင် နီမြန်းသွားခဲ့ပြီးနောက်

“ခုနကပဲ ပင်မခန္ဓာကိုယ်လုပ်ခဲ့တာတွေ...ဒေါ်လေးနဲ့မဆိုင်ဘူးလို့ ပြောခဲ့တယ် မဟုတ်လား...”

လုချန်းက ရယ်မောကာ

“ဟုတ်တယ်လေ။ ဒေါ်လေးနဲ့မဆိုင်ဘူး။ ဒါပေမဲ့ ဘယ်သူက ဒေါ်လေးကို သူ့နဲ့တစ်ပုံစံတည်း တူနေစေတာလဲ။ ဒါ့ကြောင့် ပင်မခန္ဓာကိုယ်ကို မဖမ်းမိမချင်း ဒေါ်လေးက သူ့ကိုယ်စား ကျွန်တော့်အလိုကို ဖြည့်ဆည်းပေးရမှာပဲ။

ဤတွင် လုချန်း၏မျက်နှာပေါ်၌ နောက်‌ပြောင်လိုသော အပြုံးတစ်ခု ပေါ်လာခဲ့ပြီး ချူးယုချင်က ရှက်ရွံ့စွာဖြင့်

“ဒေါ်လေး... နားလည်ပါပြီ။”

စကားပြောပြီးနောက် သူမက လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်ကို ချက်ချင်းအသက်သွင်းလိုက်ရာ ခဏအကြာတွင် လုချန်း ပို၍ လန်းဆန်းတက်ကြွလာသည်ဟု ခံစားလိုက်ရသည်။

လုချန်းက အနည်းငယ်ပြုံးလိုက်ပြီး ချူးယုချင်၏ နှုတ်ခမ်းများကို နမ်းရှိုက်ရန် ကိုင်းညွှတ်လိုက်သည်။

ချူးယုချင် စိုးရိမ်ပူပန်နေဆဲဖြစ်ကြောင်း သူသိ၏။ သူမအပေါ် အနည်းငယ်ပို၍ ကြမ်းတမ်းစွာဆက်ဆံပြီး လက်စားချေလိုဟန်ပြမှသာ သူမ၏ အပြစ်ရှိသလိုခံစားနေရမှုနှင့် စိုးရိမ်ပူပန်မှုများ ပျောက်ကွယ်သွားမည်ဖြစ်သည်။

ထို့နောက်တွင် လုချန်းလည်း ချူးယုချင်အပေါ် လက်စားချေမှုအား ပြင်းထန်စွာ ပြုလုပ်ကာ သူမ၏ စိတ်နှလုံးထဲမှ စိုးရိမ်ပူပန်မှုများကို ပျောက်ကွယ်စေခဲ့သည်။

……

ချန်ယွမ်ကမ္ဘာ။

ကျင်းဘုရင်၏ နယ်မြေ။

အစည်းအဝေးခန်းမ။

ရွှေရောင်ဆံပင်နှင့် ရွှေရောင်ပိုးထည်ဝတ်ရုံ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် တောက်ပသော ရွှေကုလားထိုင်ပေါ်တွင် ထိုင်နေခဲ့သည်။

ထိုအမျိုးသားသည် အရပ်နှစ်မီတာကျော်ရှည်ပြီး သူ၏ ကြွက်သားများကလည်း အလွန်အမင်းထွားကျိုင်းလျက်ရှိသည်။ သူ၏ဝတ်ရုံက ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားသော်လည်း သူ၏ကြွက်သားများ ဖုထစ်နေသည်ကို ရှင်းလင်းစွာမြင်နေနိုင်ပြီး သူမည်မျှ သန်မာကြံ့ခိုင်ကြောင်း ပြသနေခဲ့သည်။

ထိုအချိန်တွင် အနက်ရောင်ဝတ်ရုံနှင့် အမျိုးသားတစ်ဦး ခန်းမထဲသို့ရောက်လာပြီး လက်နှစ်ဖက်ဖြင့် စာလိပ်တစ်လိပ်ကိုကိုင်ကာ ကြမ်းပြင်ပေါ်တွင် ဒူးထောက်လိုက်သည်။

“မင်းသား။ ဒါက မင်းသားတွေရဲ့ စမ်းသပ်မှုတွေနဲ့ပတ်သက်ပြီး စုဆောင်းထားတဲ့ အချက်အလက်တွေပါ။”

ထိုစကားကိုကြားသောအခါ နံပါတ်ငါး မင်းသား လုယန်ဟွာက လက်ကိုဝေ့ယမ်းလိုက်ရာ နောက်တစ်ခဏတွင် စာလိပ်က သူ၏လက်ထဲသို့ ပျံသန်းရောက်ရှိလာခဲ့သည်။

စာလိပ်ကို ဖြန့်လိုက်သည်နှင့် ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး မင်းသားအသီးသီး၏ စမ်းသပ်မှုအခြေအနေများကို ပြသနေခဲ့သည်။

အခြားမင်းသားများ၏ စမ်းသပ်မှုအခြေအနေများကို သုံးသပ်ပြီးနောက်

လုယန်ဟွာက မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။

“အားလုံးက အသုံးမကျတဲ့ကောင်တွေပဲ။ ငါက ချန်ယွမ်ကမ္ဘာကိုတောင် ပြန်ရောက်နေပြီ။ ဒီငတုံးတွေက သူတို့ရဲ့ စမ်းသပ်မှုကမ္ဘာတွေကနေတောင် မထွက်ခွာနိုင်သေးဘူး။”

“ဒီလို အရည်အချင်းမရှိတဲ့ကောင်တွေက အဲ့ဒီရာထူးအတွက် ငါနဲ့လာပြိုင်ဖို့

ဘာအခွင့်အရေးရှိမှာလဲ။”

သူစကားပြောနေစဉ် လုယန်ဟွာ၏အကြည့်က ထျန်းချန်ကမ္ဘာမှ စမ်းသပ်မှု အကြောင်းအသေးစိတ် အချက်များပေါ်သို့ ကျရောက်သွားသည်။ ပြသထားသော အချက်အလက်များကို မြင်သောအခါ သူ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

ထို့နောက် လုယန်ဟွာက မေးလိုက်သည်။

“လုချန်းက ဘယ်လိုဖြစ်တာလဲ။”

လုယန်ဟွာ၏အမြင်တွင် လုချန်းသည် သူ၏ အကြီးမားဆုံး ပြိုင်ဘက်ဖြစ်သည်။ သူ၏မှတ်ဉာဏ်ကို ပြန်လည်ရရှိ ကတည်းက လုချန်း ချန်ယွမ်ကမ္ဘာသို့ ပြန်ရောက်နေပြီလားဟု သူစိုးရိမ်နေခဲ့သည်။

သို့သော် စုဆောင်းရရှိသော ထောက်လှမ်းရေးသတင်းများအရ လုချန်းသည် မကြာသေးမီကမှ ကောင်းကင်လူသားအဆင့်သို့ ရောက်ရှိခဲ့ပုံရသည်။ ကောင်းကင်လူသားအဆင့်သို့ ယခုမှဝင်ရောက်လာသူအနေနှင့် ထျန်းချန်ကမ္ဘာမှ ထွက်ခွာရန်မဆိုထားနှင့် သူတို့၏ခမည်းတော်မှ ပြင်ဆင်ပေးထားသော နတ်လှေကိုပင် ထိန်းချုပ်နိုင်ဦးမည် မဟုတ်ပေ။

သူ သိချင်သည်က တစ်ချိန်က မင်းသားအားလုံးထဲတွင် အစွမ်းထက်ဆုံးဖြစ်ခဲ့သော လုချန်းက ယခု ဘာလို့ အသုံးမကျဆုံးဖြစ်ရတာလဲဆိုသည့် အကြောင်းအရင်းဖြစ်သည်။

လုယန်ဟွာ၏ မေးခွန်းကိုကြားသောအခါ အနက်ရောင်ဝတ်ရုံနှင့် လူက

“မင်းသား။ ကျွန်တော် စုဆောင်းရရှိတဲ့ သတင်းတွေအရ မင်းသားလုချန်းရဲ့ စမ်းသပ်မှုကို တခြားသူတွေက နှောင့်ယှက်ခဲ့တဲ့အတွက် သူက အဆင့်မတက်နိုင်ခဲ့ပါဘူး။ နောက်ပြီး ရှန်ဝူဧကရာဇ်ကလည်း မင်းသားလုချန်းကို လုံးဝလက်လျှော့လိုက်ပြီလို့ ပြောခဲ့ပါတယ်”။

ဟမ်...

ထိုလူ၏စကားကိုကြားသောအခါ လုယန်ဟွာသည် ပို၍ပင် နားမလည်နိုင်ဖြစ်သွားခဲ့သည်။

လုချန်းကို လက်လျှော့လိုက်ပြီလား။

သူ၏ခမည်းတော် ဧကရာဇ်သည် လုချန်း၏အင်အားကို ကောင်းကောင်း သိထားပေလိမ့်မည်။ မင်းသားအားလုံးထဲတွင် လုချန်းမှလွဲ၍ သူတို့အားလုံးကို တစ်ဦးတည်းဖြင့် စိန်ခေါ်နိုင်သော အင်အားကို ပိုင်ဆိုင်ထားသူ မရှိပေ။ သို့ပါလျက်နှင့် စမ်းသပ်မှုတစ်ခုကြောင့် သူ့ကို စွန့်ပစ်လိုက်တာလား။

သူ၏ ဖခင် တကယ်ပဲ ထိုသို့တွေးနေတာလား။

ခဏခန့် စဉ်းစားပြီးနောက် လုယန်ဟွာက

“လုချန်းက ထျန်းချန်ကမ္ဘာကို သွားပြီးကတည်းက ဘာတွေလုပ်နေလဲ။”

အနက်ရောင်ဝတ်ရုံနှင့် လူက

“မင်းသားလုချန်းဟာ ပြန်လည်မွေးဖွားလာပြီးကတည်းက မိန်းမကိစ္စမှာ ပျော်မွေ့နေပြီး နေ့ရက်တိုင်းကို သူတို့နဲ့အတူ အိပ်ရာထဲမှာ ကုန်ဆုံးနေခဲ့ပါတယ်။ ပြီးတော့ မျိုးဆက်တော်တော်များများကိုလည်း မွေးဖွားခဲ့ပါတယ်။”

လုချန်း မျိုးဆက်များ မွေးဖွားခဲ့သည်ကို ကြားသောအခါ လုယန်ဟွာသည် ချက်ချင်းပင် ဟားတိုက်ရယ်မောလိုက်သည်။

“ဟားဟားဟား။ ဖခင်က သူ့ကို စွန့်ပစ်တာ အံ့ဩစရာမရှိတော့ဘူး။”

“ ဪ ။ လုချန်း မင်းက ရမ္မက်နွံထဲ နစ်မွန်းနေရုံတင်မကဘူး။ မျိုးဆက်ပါ ပွားရဲသေးတယ်။ မင်း ဧကရာဇ် ဖြစ်လာဖို့ အခွင့်အရေးကို မပြောနဲ့ မင်းရဲ့ အထွတ်အထိပ်အင်အားကိုတောင် ပြန်မရနိုင်လောက်တော့ဘူးလို့ ငါလောင်းရဲတယ်။”

“ငါက မင်းကို ပြိုင်ဘက်တစ်ယောက်လို့ တစ်ချိန်က သတ်မှတ်ခဲ့မိတာ။ ငါ တကယ်ပဲ မျက်စိကန်းခဲ့တာပဲ။”

ထို့နောက် လုယန်ဟွာက

“ဒီအသုံးမကျတဲ့ကောင်အကြောင်း ဆက်ပြောနေစရာမလိုတော့ဘူး။ လျှို့ဝှက်လဝန်းနန်းတော်ရဲ့ သူတော်စင်မလေးအကြောင်း ပြောကြရအောင်။ သူတို့ အဲ့ဒီသူတော်စင်မလေးကို ရှာတွေ့ပြီလား။”

ထိုနတ်ဝိညာဉ်ခန္ဓာအကြောင်း တွေးလိုက်ရုံနှင့်ပင် လုယန်ဟွာ၏စိတ်ထဲ စိတ်လှုပ်ရှားမှုလှိုင်းများ ဖြတ်သန်းသွားခဲ့သည်။

နတ်ဝိညာဉ်ခန္ဓာသည် ဖရိုဖရဲဝိညာဉ်ခန္ဓာနှင့် မယှဉ်နိုင်သော်လည်း များစွာကွာခြားခြင်းမရှိပေ။ အကယ်၍ သူမကို သူ၏ကျင့်စဉ်မီးဖိုအဖြစ် အသုံးချနိုင်ပါက သူ၏ကျင့်ကြံမှုအရှိန် သိသိသာသာ တိုးတက်လာမည်မှာ သေချာသည်။

ကံမကောင်းစွာဖြင့် လျှို့ဝှက်လဝန်းနန်းတော်၏ ထိုသူတော်စင်မလေးက သူမအတွက် ကောင်းသောအရာကို မသိပဲ ထွက်ပြေးသွားခဲ့၏။ ကမ္ဘာတစ်ခုလုံးက သူမကို ရှာဖွေနေသော်လည်း အရိပ်အယောင်မျှပင် မတွေ့ရှိခဲ့ရပေ။

ထိုအမျိုးသမီးသည် မူလက ဥပ‌ဒေ နိယာမ အလုံးစုံ နယ်ပယ်အဆင့်ဖြစ်ပြီး အခြားကမ္ဘာများသို့ ခရီးသွားနိုင်သော စွမ်းရည်ကို အမှန်ပင် ပိုင်ဆိုင်ထားသည်။ သို့သော် လျှို့ဝှက်လဝန်းနန်းတော်က သူမ၏စွမ်းအားကို ချိပ်ပိတ်ထားခဲ့ပြီး သူမအား မူလအစကမ္ဘာ၏နယ်ပယ် အဆင့်တွင်သာ ကန့်သတ်ထားခဲ့သည်။ ယုတ္တိနည်းအရဆိုလျှင် သူမ သူမ၏ကမ္ဘာမှ လွတ်မြောက်နိုင်ခဲ့မည်မဟုတ်ပေ။

သို့သော်လည်း သူမကို ဘယ်လိုရှာရှာ ရှာမတွေ့ခြင်းက သူမ ထိုကမ္ဘာမှ ထွက်ခွာသွားခဲ့ဖွယ်ရှိကြောင်း ညွှန်ပြနေသည်။

အနက်ရောင်ဝတ်ရုံနှင့် လူက

“ကျွန်တော်တို့ ယွမ်ရှန်ရှန်နဲ့ပတ်သက်တဲ့ သတင်းတချို့ ကြားသိရပေမဲ့ အတည်မပြုနိုင်သေးပါဘူး။”

လုယန်ဟွာက တိုက်ရိုက်မေးလိုက်သည်။ “သူ ဘယ်မှာရှိလဲဆိုတာ ကျုပ်ကို ပြော”

အနက်ရောင်ဝတ်ရုံနှင့် လူက

“ထျန်းကျိနန်းဆောင်နဲ့ လျှို့ဝှက်လဝန်းနန်းတော်ရဲ့ နန်းတော်သခင်တို့ရဲ့ ပူးပေါင်းတွက်ချက်မှုတွေအရ ယွမ်ရှန်ရှန်ဟာ ထျန်းချန်ကမ္ဘာကို သွားခဲ့နိုင်‌ခြေ ရှိပါတယ်။ ဒါပေမဲ့ သူ အဲ့ဒီကမ္ဘာမှာ ရှိနေသေးလားဆိုတာတော့ မသေချာပါဘူး။”

“ဟမ်... “

“ထျန်းချန်ကမ္ဘာလား။”

အနက်ရောင်ဝတ်ရုံနှင့် လူ၏ အဖြေကိုကြားသောအခါ လုယန်ဟွာ သူ၏လက်ကို နောက်တစ်ကြိမ် ဝေ့ယမ်းလိုက်ရာ သူ၏ရှေ့ရှိ စာလိပ်မှ ရွှေရောင်အလင်းတန်းတစ်ခု ထုတ်လွှတ်လိုက်ပြီး လုချန်းရှိနေသော စမ်းသပ်မှုကမ္ဘာ၏အမည်ကို ပြသလိုက်သည်။

လုယန်ဟွာက

“ဒါဆို ယွမ်ရှန်ရှန်က လုချန်းရှိနေတဲ့ စမ်းသပ်မှုကမ္ဘာကို သွားခဲ့တာပေါ့။”

အနက်ရောင်ဝတ်ရုံနှင့် လူက

“ဟုတ်ပါတယ်။”

လုယန်ဟွာ ခဏခန့် စဉ်းစားလိုက်၏။ သူ၏မျက်နှာအမူအရာအရ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်နေပုံရသည်။ ၎င်းသည် နတ်ဝိညာဉ်ခန္ဓာဖြစ်၏။

အကယ်၍ သူမသာ ရမ္မက်နွံထဲ၌ နစ်မွန်းနေသော လုချန်း၏လက်ထဲသို့ ကျရောက်သွားပါက အလွန်ကြီးမားသော ဖြုန်းတီးမှုတစ်ခု ဖြစ်သွားပေလိမ့်မည်။

သို့သော် ထျန်းချန်ကမ္ဘာသည် လုချန်း၏ စမ်းသပ်မှုကမ္ဘာဖြစ်သည်။ အကယ်၍ သူက ထိုနေရာသို့ လူလွှတ်လိုက်ပါက လုချန်း၏စမ်းသပ်မှုကို ဝင်ရောက်စွက်ဖက်သကဲ့သို့ ဖြစ်သွားနိုင်ပြီး သူ၏ဖခင်က သူ့အား အပြစ်တင်မည်လားဆိုတာက မသေချာပေ။

လုယန်ဟွာသည် ထပ်စဉ်းစားလိုက်သည်။ သူ၏ဖခင်က လုချန်းကို လက်လျှော့ပြီးပြီ ဖြစ်သဖြင့် သူတစ်စုံတစ်ယောက်ကို လွှတ်လိုက်လျှင်ပင် သူ၏ဖခင်က များများစားစား ပြောလိမ့်မည်မဟုတ်ပေ။

တော်ဝင်မျိုးနွယ်သည် ရက်စက်တတ်ပြီး ရှန်ဝူဧကရာဇ်သည် ပို၍ပင် ရက်စက်၏။ သူက ထိုကဲ့သို့ ရှုံးနိမ့်သူတစ်ဦးကို အရေးစိုက်မည်မဟုတ်ပေ။

စဉ်းစားပြီးနောက် လုယန်ဟွာက

“လျှို့ဝှက်လဝန်းနန်းတော်ကို အမိန့်ပေးလိုက်။ ထျန်းချန်ကမ္ဘာဆီ ချက်ချင်းလူလွှတ်ပြီး ယွမ်ရှန်ရှန် အဲ့ဒီမှာ ရှိနေသေးလားဆိုတာ အတည်ပြုခိုင်းလိုက်။”

အနက်ရောင်ဝတ်ရုံနှင့် လူက

“လျှို့ဝှက်လဝန်းနန်းတော်က ထျန်းချန်ကမ္ဘာကို နှစ်တစ်ရာကြာ ရှာဖွေနေခဲ့ပေမဲ့ ထျန်းချန်ကမ္ဘာရဲ့ တည်နေရာအမှတ်အသားတွေကို ကာရံထားတဲ့အတွက် သူတို့ အဲ့ဒီနေရာကို အခုထိရှာမတွေ့သေးပါဘူး။”

လုယန်ဟွာက

“မင်းကတော့ ထျန်းချန်ကမ္ဘာရဲ့ တည်နေရာကို သိနိုင်တယ် မဟုတ်လား။”

အနက်ရောင်ဝတ်ရုံနှင့် လူက

“ကျွန်တော်မှာ အဲ့ဒီလို အရည်အချင်းမရှိပါဘူး မင်းသား။ ရှန်ဝူမိဖုရားခေါင်နဲ့ ရှန်ဝူဧကရာဇ်ကလွဲလို့ ဘယ်သူမှ မင်းသားအသီးသီးရဲ့ စမ်းသပ်မှုကမ္ဘာတွေရဲ့ တည်နေရာကို မသိပါဘူး။ ကျွန်တော်စုဆောင်းရရှိတဲ့ အချက်အလက်တွေက ကောင်းကင်ကိုယ်ရံတော်တွေထဲက ကောင်းကင်ပြောင်းလဲခြင်းကျောက်တုံးနဲ့ အဆက်အသွယ်ရှိတဲ့သူတွေဆီက ရတာပါ။”

အနက်ရောင်ဝတ်ရုံနှင့် လူ၏ အဖြေကိုကြားသောအခါ လုယန်ဟွာ၏ မျက်နှာညိုမှောင်သွားခဲ့သည်။ ထိုအဖြေကို သူ ကျေနပ်ခြင်းမရှိကြောင်း ရှင်းလင်းစွာပြသနေခဲ့သည်။

ခဏကြာ စဉ်းစားပြီးနောက် လုယန်ဟွာက ပြောသည်။

“ရှန်ဝူမိဖုရားခေါင်နဲ့ ဆက်သွယ်ဖို့ နည်းလမ်းရှာ။ သူက ကောင်းကင်ပြောင်းလဲခြင်းကျောက်တုံးကို သုံးနိုင်တယ်။ ပြီးတော့ ထျန်းချန်ကမ္ဘာရဲ့ တိကျတဲ့ တည်နေရာအမှတ်အသားတွေကို သူ သေချာပေါက် သိလိမ့်မယ်။”

အနက်ရောင်ဝတ်ရုံနှင့် လူက

“ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ မင်းကြီးက သခင်လေး ရှန်ဝူမိဖုရားခေါင်နဲ့ အရမ်းရင်းနှီးနေတာကို သိသွားရင် သူက...”

အနက်ရောင်ဝတ်ရုံနှင့် လူက သူ၏စကားကို ဆက်မပြောခဲ့ပေ။ အကျိုးအပြစ်ကို လုယန်ဟွာ နားလည်လိမ့်မည်ဟု သူယုံကြည်သည်။ လက်ရှိ ရှန်ဝူဧကရာဇ် တန်ဖိုးအထားဆုံး အရာသည် ဖရိုဖရဲဝိညာဉ်ခန္ဓာ ဖြစ်သည်။

အကယ်၍ သူ၏သားတော်က ဖရိုဖရဲဝိညာဉ်ခန္ဓာကို ပိုင်ဆိုင်သော မိဖုရားခေါင်နှင့် အလွန်ရင်းနှီးနေပုံရပါက သူ၏သားက ဖရိုဖရဲဝိညာဉ်ခန္ဓာအပေါ် ရည်ရွယ်ချက်များရှိသည်ဟု သံသယဝင်မှာ သေချာသည်။ ဖရိုဖရဲဝိညာဉ်ခန္ဓာကို အသုံးချပြီး စွမ်းအားကို မြှင့်တင်ကာ နောက်ဆုံးတွင် သူ့အား နန်းချရန် ကြံစည်နေသည်ဟုပင် တွေးပေလိမ့်မည်။

ရှန်ဝူဧကရာဇ်၏ သံသယစိတ်က အလွန်နက်ရှိုင်းလှ၏။ သူ၏စမ်းသပ်မှုကို အပြီးသတ်၍ ချန်ယွမ်ကမ္ဘာသို့ ပြန်ရောက်ပြီးသည့်တိုင် လုယန်ဟွာသည် နေပြည်တော်သို့ တစ်ကြိမ်တစ်ခါပင် သွားရောက်ရန် မဝံ့ရဲသေးပေ။ သူ၏ပိုင်နက်နယ်မြေအတွင်း၌သာ အကျဉ်းကျသကဲ့သို့ နေထိုင်ခဲ့ရသည်။

လုယန်ဟွာက

“ကိစ္စမရှိဘူး။ ကျွန်တော်က ရှန်ဝူမိဖုရားခေါင်ကို ကိုယ်တိုင်ဆက်သွယ်မှာမဟုတ်ဘူး။ ထျန်းချန်ကမ္ဘာရဲ့ တည်နေရာအမှတ်အသားတွေကို သိရတာနဲ့ ရှန်ဝူမိဖုရားခေါင်နဲ့ အဆက်အသွယ်အားလုံးကို ချက်ချင်းဖြတ်တောက်လိုက်မယ်။”

လုယန်ဟွာသည် ဖရိုဖရဲဝိညာဉ်ခန္ဓာကို တပ်မက်သော်လည်း ရှန်ဝူဧကရာဇ်နှင့် ယှဉ်ပြိုင်သည်အထိတော့ မိုက်မဲမည့်သူ မဟုတ်ပေ။

All Chapters