← Chapters

အဆင်မပြေရင် အတင်းမကြိုးစားပါနဲ့

Vol. 64 Ch. 953

အဆင်မပြေရင် အတင်းမကြိုးစားပါနဲ့

Vol. 64 Ch. 953

အဓိကအင်အားကြီးသုံးဖွဲ့မှ ကိုယ်စားလှယ်များသည် ဆွေးနွေးမှုတစ်ရပ် ပြုလုပ်ပြီးနောက် နောက်ဆုံးတွင် ရှနိုင်ငံက ကျင်းပသော ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ကူချီကျိန့်နှင့် ပိုင်လီချန်တို့လည်း ဆွမ်ဧကရာဇ်က မည်သို့သော အကြံအစည်မျိုး ကြံစည်နေသည်ကို သိလိုစိတ်ပြင်းပြနေကြသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် တောင်းဆိုမှုများ မြင့်တက်နေသည့် အခြေအနေတွင် ရှနိုင်ငံတော်၏ စစ်ရေးဌာနကတော့ အလွန်အမင်း အလုပ်များနေခဲ့သည်။ တပ်မတော်သစ်ကို တည်ထောင်ပြီးနောက် ရှနိုင်ငံတော်၏ စစ်တပ်သည် သူတို့၏ ရွေးချယ်ရေးလုပ်ငန်းစဉ်ကို စတင်ခဲ့၏။ အစွမ်းထက်ဆုံး စစ်သားများသာ နဂါးတပ်မတော်သို့ ဝင်ရောက်နိုင်မည်ဖြစ်သည်။

တပ်မတော်သစ်သို့ ဝင်ရောက်ရန်အတွက် စစ်သားများသည် ပြင်းထန်သော ကျင့်ကြံမှုများနှင့် ပင်ပန်းခက်ခဲသော လေ့ကျင့်မှုများကို စတင်ခဲ့ကြသည်။

လက်ရှိတွင် နဂါးတပ်မတော်သို့ ဝင်ရောက်ရန် အရည်အချင်းမပြည့်မီသော စစ်သားများပင်လျှင် စိတ်ကြွဆေးထိုးခံထားရသကဲ့သို့ လေ့ကျင့်နေကြသည်။

သူတို့၏စိတ်ထဲတွင် ရှင်းလင်းစွာ သိရှိနေသည်က နဂါးတပ်မတော်၏ ပထမအသုတ်သည် လူအနည်းငယ်သာ လိုအပ်သော်လည်း နဂါးတပ်မတော်၏ အင်အားကို မလွဲမသွေ တိုးချဲ့မည်ဖြစ်သည်။

လုချန်း၏ ပုံမှန်လုပ်ထုံးလုပ်နည်းများအရ အစပိုင်း လူအနည်းငယ်ကိုသာ စုဆောင်းခြင်းက အစပျိုးခြင်းမျှသာ ဖြစ်ကြောင်း သေချာသည်။ နန်းတွင်းပတ်ဝန်းကျင်တစ်ခုလုံးက ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အလေးပေးနေသော်လည်း စစ်သားများကမူ ထိုအရာကို ဂရုမစိုက်ကြပေ။ သူတို့၏ ပင်ကိုယ်အသိစိတ်က စစ်ပွဲ မကြာမီ ဖြစ်ပွားတော့မည်ဟု ပြောနေခဲ့သည်။

ရှေ့တန်းသို့သွားရောက်ပြီး မြူခိုးဒေသမှ ရန်သူများကို တိုက်ခိုက်နိုင်ရန်အတွက် သူတို့၏အင်အား ပိုမိုတိုးတက်လာရမည်ဖြစ်သည်။ သာမန်လူများသည် ကျင့်စဉ်ကျင့်သူများကို မတိုက်ခိုက်နိုင်‌သော်လည်း သူတို့၏စွမ်းအားကို အနည်းဆုံး အဆင့်ကိုးအထိ ကျင့်ကြံထားရမည်ဖြစ်သည်။

အဆင့်ကိုးသည် နဂါးတပ်မတော်သို့ ဝင်ရောက်ရန် အခြေခံအကျဆုံး လိုအပ်ချက်ဖြစ်ပြီး ၎င်းက နဂါးတပ်မတော် အနာဂတ်တွင် မည်သို့လုပ်ဆောင်ရန် စီစဉ်ထားသည်ကို ညွှန်ပြနေခဲ့သည်။

စစ်ရေးဌာနသည် လုချန်း၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင် ရှိသောကြောင့် အရပ်ဘက်အရာရှိအများစုကတော့ စစ်တပ်အတွင်းမှ အပြောင်းအလဲများကို သတိမပြုမိကြပေ။ အရေးပါသော ဝန်ကြီးအနည်းငယ်သာ သိရှိကြသည်။

......

ရှနိုင်ငံ။

ရန်ခရိုင်။

နန်းတော်။

လုချန်းသည် စစ်ရေးပြုပြင်ပြောင်းလဲမှုနှင့် ပတ်သက်၍ ဗိုလ်ချုပ်များ တင်ပြသော စာလွှာများကို လှန်လှောကြည့်ရှုရင်း သူ့ဘာသူ တီးတိုးပြောလိုက်သည်။

" ပညာရှင်တွေနဲ့ဆိုင်တဲ့ကိစ္စတွေက ပညာရှင်တွေကိုင်တွယ်ဖို့ တကယ်လိုအပ်တာပဲ။"

လုချန်းသည် တပ်မတော်သစ်တစ်ခုကို ဖန်တီးရန် စဉ်းစားခဲ့သော်လည်း သူ့တွင် စစ်ရေးစွမ်းရည် များများစားစား မရှိပေ။ တပ်မတော်သစ်ကို ဖန်တီးပြီးနောက် ၎င်းကို မည်သို့လေ့ကျင့်ရမည်ကို သူ မသိခဲ့ပေ။

သို့သော်လည်း သူ၏လက်အောက်တွင် မည်သို့လေ့ကျင့်ရမည်ကို သိသော စစ်ဗိုလ်ချုပ်များစွာရှိရာ လုချန်းက သူတို့၏ ဦးနှောက်များကို စုစည်းရန် အစီရင်ခံစာများ ရေးသားစေခဲ့သည်။ ထို့နောက် ထိုဗိုလ်ချုပ်များထံမှ စာလွှာများကို စုစည်းပြီး စစ်တပ်အသစ်အတွက် လေ့ကျင့်ရေးနည်းလမ်းများကို ဖွဲ့စည်းချမှတ်ခဲ့သည်။

လုချန်း စာဖတ်ခြင်း၌ နစ်မြောနေစဉ် တံခါးဝမှ နန်းတွင်းအစေခံတစ်ဦး၏ အသံထွက်ပေါ်လာသည်။

"မင်းကြီး။ တပ်မှူးချင် ဝင်ခွင့်တောင်းနေပါတယ်။"

လုချန်းက ခပ်အေးအေးပင်

"သူ့ကို ဝင်ခိုင်းလိုက်။"

ထို့နောက် ချင်ယူရှန် စာကြည့်ခန်းထဲသို့ ဝင်ရောက်လာပြီး လုချန်းအား ဦးညွှတ်လိုက်သော်လည်း လုချန်း၏အာရုံက သူ၏လက်ထဲမှ စာလွှာပေါ်တွင်သာ ရှိနေခဲ့သည်။

လုချန်းက မော့မကြည့်ပဲ မေးလိုက်သည်။

"ဘာကိစ္စရှိလို့လဲ တပ်မှူးချင်။"

ချင်ယူရှန်က ထောက်လှမ်းရေး အစီရင်ခံစာတစ်စောင်ကို ထုတ်ယူပြီး လုချန်း၏ စားပွဲပေါ်တွင် တင်လိုက်ပြီးနောက်

"လင်ဟူဂိုဏ်းနဲ့ မြူခိုးမှော်ဂိုဏ်းက တပည့်တွေက ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ဖို့ စီစဉ်နေပါတယ်။"

လုချန်း ထိုအကြောင်းကို များများစားစားမတွေးခဲ့ပေ။ ထိုအင်အားစုနှစ်ခုက ငြိမ်းချမ်းရေးဆွေးနွေးပွဲကို သေချာပေါက် တက်ရောက်မည်ဖြစ်သောကြောင့် ဒါက သူ့အတွက် အရေးကြီး ထောက်လှမ်းရေးသတင်းမဟုတ်ပေ။

လုချန်းသည် ဆက်လက်၍

"တခြားကိစ္စရော။"

ချင်ယူရှန်က

"မကြာသေးခင်က ဝန်ကြီးဟောင်နဲ့ လေဝမ်တတို့ အဆက်အဆံ ရှိနေကြတာကို ကျွန်တော်တို့ သတိပြုမိပါတယ်။ ပြီးတော့ ဝန်ကြီးဟောင်က လင်ဟူဂိုဏ်းရဲ့ အင်အားစုနဲ့ ဆက်သွယ်ဖို့ တာဝန်ယူထားသူပါ။ ကျွန်တော်တို့ရဲ့ သူလျှိုတွေက သူတို့ ဆက်စပ်ကိစ္စတွေ ဆွေးနွေးတာကို တွေ့ရခဲပေမဲ့ သူတို့ စကားပြောတိုင်း စာကြည့်ခန်းထဲမှာပဲဖြစ်ပြီး ဝန်ကြီးဟောင်ရဲ့ စာကြည့်ခန်းထဲမှာ မီးဖိုတစ်ခု အမြဲတမ်း လောင်ကျွမ်းနေပါတယ်။"

ချင်ယူရှန်၏စကားကိုကြားသောအခါ

လုချန်းက စာဖတ်ခြင်းအား ရပ်တန့်လိုက်ပြီး ချင်ယူရှန်ကို မော့ကြည့်ကာ ပြုံးလိုက်သည်။

"ဝန်ကြီးဟောင်က အဲ့ဒီလောက်တောင် အအေးကြောက်တာလား။ ပူအိုက်တဲ့ရာသီမှာ စာကြည့်ခန်းထဲ မီးမွှေးထားရအောင်။"

လုချန်း နောက်နေခြင်းဖြစ်ကြောင်း

ချင်ယူရှန် နားလည်သည်။ သူက

"သူက မကြာသေးခင်က အပြစ်ရှိတဲ့ကိစ္စတစ်ခုခု လုပ်ခဲ့မိလို့ စိတ်မလုံခြုံမှုပဲ အားနည်းနေတယ်လို့ ခံစားနေရတာ ဖြစ်နိုင်ပါတယ်။"

ထို့နောက် ချင်ယူရှန်က

"မင်းကြီး။ ဝန်ကြီးဟောင်ကို စောင့်ကြည့်မှု တိုးမြှင့်ရမလား။"

လုချန်းက

"မလိုဘူး။ ကျွန်တော် ပိုင်ကွမ်းယုဆီ စာတစ်စောင် ရေးထားတယ်။ နောက်ကျရင် အထူးကိုယ်ရံတော်တစ်ယောက်ကို ပိုင်ကွမ်းယုဆီ ပို့ခိုင်းလိုက်။"

ချင်ယူရှန်က ချက်ချင်း ဦးညွှတ်ကာ

"ဟုတ်ကဲ့။ ကျွန်တော် နားလည်ပါပြီ။"

လေဝမ်တနှင့် ဟောင်မင်ဟွေတို့ကြားမှ ပူးပေါင်းကြံစည်မှုကို လုချန်း သိနှင့်ပြီးဖြစ်သော်လည်း ထိုအကြောင်းကို သူ များများစားစား ဂရုမစိုက်ခဲ့ပေ။

အကြောင်းမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြီးဆုံးသည်နှင့်တစ်ပြိုင်နက် တန်ခိုးရှင် တစ်သောင်းဂိုဏ်းမှလွဲ၍ မြူခိုးဒေသမှ အင်အားစုများ စေလွှတ်လိုက်သော တပည့်အားလုံး ချေမှုန်းခံရမည်ဖြစ်သည်။

ထိုအချိန်တွင် လင်ဟူဂိုဏ်းမှ စေလွှတ်လိုက်သော တပည့်သစ်များသည်လည်း ထိုနည်းတူ ချေမှုန်းခံရမည်သာဖြစ်သည်။

ထို့နောက် လုချန်းက စာတစ်စောင်ကို ထုတ်ယူပြီး ချင်ယူရှန်ထံ ပစ်ပေးလိုက်ရာ သူက လျင်မြန်စွာ ဖမ်းယူလိုက်သည်။

လုချန်းလည်း သူ၏ဦးခေါင်းကို တစ်ဖန်ပြန်ငုံ့ကာ စာလွှာကို ကြည့်ရင်း

"တခြားကိစ္စမရှိရင် ခင်ဗျား သွားနိုင်ပြီ။"

ချင်ယူရှန်က

"ဟုတ်ကဲ့။ ကျွန်တော့်ကိုမျိုး ခွင့်ပြုပါ။"

ထို့နောက် ချင်ယူရှန် စာကြည့်ခန်းမှ ထွက်ခွာသွားခဲ့သည်။

...

ညအချိန်။

သွေးနီရောင် နေဝင်ဆည်းဆာသည် ကောင်းကင်တွင် တောက်ပနေပြီး တိမ်တိုက်များကို နီရဲသောအရောင်ဖြင့် ချယ်ထားခဲ့သည်။ နေဝင်ဆည်းဆာ၏ အလင်းရောင်အောက်တွင် နန်းတော်အတွင်းရှိ လူတိုင်း၏ အသားရောင်အား ကြေးဝါရောင်အသွေးသို့ ပြောင်းလဲသွားခဲ့သည်။

ဤအချိန်တွင် လုချန်း သူ၏ကုလားထိုင်မှ ထရပ်လိုက်ပြီး ပျင်းရိစွာ အကြောဆန့်လိုက်သည်။ ထို့နောက် သူက တံခါးဝရှိ နန်းတွင်းအစေခံအား

"ဒီည ငါ မိဖုရားမုဆီ သွားမယ်။ သတင်းပို့စရာမလိုဘူး။"

လုချန်း မုယန်စီထံ သွားရောက်သည့်အခါတိုင်း နန်းတွင်းအစေခံများကို သတင်းမပို့စေခဲ့ပေ။ မုယန်စီ၏ အခန်းထဲတွင် ရုတ်တရက်ပေါ်လာပြီး သူမကို အံ့အားသင့်စေလို၍ဖြစ်သည်။

ဤကာလအတွင်း သူမကို စိတ်ဆွနေခဲ့ပြီးနောက် ယခု မုယန်စီ သူ့အပေါ် လုံးဝစွဲလန်း နေခဲ့ပြီဖြစ်သည်။ သူ မုယန်စီ၏ အဆောင်သို့ သွားရောက်သည့်အခါတိုင်း သူ မစတင်မီမှာပင် မုယန်စီက သူ၏အပေါ်သို့ တိုက်ရိုက်ခုန်တက်လာတတ်သည်။

သူမသည် ယခု လုချန်းကို အငမ်းမရ စားသုံးလိုသော်လည်း သူ၏ခန္ဓာကိုယ်နှင့် ထိတွေ့ပြီးနောက် သူမ ချက်ချင်း အားနည်းသွားတတ်သည်ကို တွေ့ရှိခဲ့ရပြီး လုချန်း၏မိန်းမဖြစ်ရန် အတင်းအကျပ်ကြိုးစားခြင်းက လွယ်ကူသောကိစ္စမဟုတ်ကြောင်း သဘောပေါက်ခဲ့သည်။

ထိုအချိန်တွင် လုချန်း တံခါးဝသို့ ရောက်ရှိလာပြီး မိုးကုတ်စက်ဝိုင်းပေါ်မှ နေဝင်ဆည်းဆာကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့ဘာသူ တီးတိုးပြောလိုက်သည်။

"အချိန်တန်ပြီ။"

မုယန်စီကို အချိန်အတော်ကြာ စိတ်ဆွထားခဲ့ပြီးဖြစ်ရာ သူမကို ချိုမြိန်သောအရသာ အနည်းငယ် ပေးရန် အချိန်တန်ပြီဖြစ်သည်။

......

တစ်ချိန်တည်းတွင်။

မုယန်စီ၏အဆောင်။

လက်ရှိတွင် မုယန်စီသည် စားပွဲတစ်ခုတွင် ထိုင်နေပြီး လက်ဖက်ရည်ကို ညင်သာစွာ သောက်သုံးနေကာ မျိုးရိုးကောင်းသော မိန်းကလေးတစ်ဦး၏ ပုံရိပ်ကို အပြည့်အဝ ဖော်ကျူးနေခဲ့သည်။

မကြာသေးမီကာလအတွင်း သူမသည် မိမိကိုယ်ကို တည်ငြိမ်အောင်ပြုလုပ်ရန် နည်းလမ်းများရှာဖွေနေခဲ့ပြီး ထိုလူယုတ်မာအကြောင်းကို မစဉ်းစားမိအောင် ကြိုးစားနေခဲ့သည်။

လက်ဖက်ရည်သောက်ခြင်းက ကောင်းမွန်သောနည်းလမ်းတစ်ခုဖြစ်ကြောင်း သူမ တွေ့ရှိခဲ့၏။ ဤနေ့ရက်များအတွင်း သူမ အမှန်တကယ်ပင် ပိုမိုတည်ငြိမ်လာခဲ့ပြီး သူမ၏စိတ်နှလုံး ယခင်ကဲ့သို့ မငြိမ်မသက် ဖြစ်မနေတော့ပေ။

အနည်းဆုံးတော့ သူမသည် ကျင့်ကြံနေစဉ် စိတ်လှုပ်ရှား မနေတော့ပေ။ အရင်က သူမ မျက်စိမှိတ်၍ လေ့ကျင့်သည့်အခါတိုင်း လုချန်း၏ပုံရိပ်များ သူမ၏စိတ်ထဲတွင် ပြည့်နှက်နေပြီး သူမ၏ကျင့်ကြံမှုအပေါ် အာရုံစိုက်နိုင်ခြင်း မရှိခဲ့ပေ။

လက်ဖက်ရည်ကို ညင်သာစွာ တစ်ငုံသောက်ပြီးနောက် မုယန်စီက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး

"ငါ့ကို သူ့ရဲ့ မိန်းမ အစေခံတစ်ယောက် လုံးလုံးဖြစ်အောင် လုပ်မယ်လို့ တွေးနေတာ။ ရယ်စရာကောင်းလိုက်တာ။"

မုယန်စီ လုချန်း၏ ရည်ရွယ်ချက်များကို ကောင်းစွာနားလည်၏။ ဤလူ သူမကို အချိန်ဆွဲထားခဲ့တာက သူမ၏အတွင်းစိတ်အနက်ရှိုင်းဆုံးမှ ဆန္ဒများကို လုံးဝဆွဲထုတ်လိုသောကြောင့်ဖြစ်သည်။ သူမကိုယ်သူမ မကယ်တင်နိုင်ပဲ ထိုလူ၏ကစားစရာအဖြစ် ထာဝရ ဖြစ်သွားစေရန်ဖြစ်သည်။

သူ၏ အကြံအစည်ကို သိရှိပြီးနောက် သူမသည် မိမိကိုယ်ကို တည်ငြိမ်အောင် ကြိုးစားနေခဲ့ပြီး ယခု သူမ၏ အတွင်းစိတ်များ ငြိမ်သက်လာသော အခြေအနေကို ရရှိခဲ့ပြီဖြစ်သည်။ သို့သော်လည်း လုချန်း၏ လာရောက်လည်ပတ်မှုတိုင်းက သူမကို ခဏတော့ စိတ်အနှောင့်အယှက် ဖြစ်စေဆဲဖြစ်သည်။

ဤအချိန်တွင် သူမ၏နောက်မှ ရင်းနှီးသောအသံတစ်ခု ထွက်ပေါ်လာသည်။

"ကိုယ့်မိဖုရားက အခုရက်ပိုင်း တော်တော်ပျင်းနေပုံရတယ်။ ကျင့်စဉ်တောင် မကျင့်တော့သလိုပဲ။"

"အရင်က မင်းကိုလာရှာတိုင်း မင်းက အိပ်ရာပေါ်မှာ အမြဲတမ်း လေ့ကျင့်နေတာ။ ဘာလို့ ဒီရက်ပိုင်း လက်ဖက်ရည်သောက်တာကို လုပ်နေရတာလဲ။"

လုချန်း၏အသံကိုကြားသောအခါ မုယန်စီက သူမ၏ဦးခေါင်းကို မလှည့်ပဲ လက်ဖက်ရည်ကိုသာ ဆက်သောက်နေခဲ့သည်။ ခဏအကြာတွင် သူမက ခပ်အေးအေးပင်

" နေ့စဉ်မရေမတွက်နိုင်တဲ့ ကိစ္စတွေနဲ့ အလုပ်များနေတဲ့ မင်းကြီး ပါလား။ ဒီနေ့ ဘာကိစ္စ ကျွန်မရဲ့အဆောင်ကို ရောက်လာရတာလဲ။"

လုချန်းသည် ပြုံး၍

"ကိုယ့်မိဖုရားကို လွမ်းလို့ လာတာပေါ့။"

မုယန်စီက ညင်သာစွာ ရယ်မောလိုက်သည်။ "ကျွန်မကို လွမ်းလို့လား။ ဘာအတွက် လွမ်းရတာလဲ။"

ထို့နောက် လုချန်းက မုယန်စီ၏နောက်သို့ ရောက်လာပြီး ထိုင်ကာ သူမ၏ခါးကို ပွေ့ဖက်လိုက်သည်။

"ဒါက ဘာသဘောလဲ။ မိဖုရားက ကိုယ့်ကို မကြိုဆိုချင်ဘူးထင်တယ်။"

မုယန်စီက

"ကြိုဆိုပါတယ်။ ဘယ်လိုလုပ် မကြိုဆိုပဲ နေနိုင်မှာလဲ။ ကျွန်မက မင်းကြီးရဲ့ မျက်နှာသာမရတဲ့ မိဖုရားတစ်ယောက်ပါ။ မင်းကြီးကို မကြိုဆိုရဲပဲ နေပါ့မလား။ ကျွန်မက မင်းကြီးကို မကြိုဆိုရင် မင်းကြီးက ကျွန်မရဲ့အဆောင်ကို လာမလည်တော့ဘူးဆိုရင် ဘယ်လိုလုပ်မလဲ။"

မုယန်စီ၏ သရော်လှောင်ပြောင်သံပါသော လေသံကိုကြားသောအခါ လုချန်း၏ နှုတ်ခမ်းထောင့်များသည် အနည်းငယ် မြင့်တက်သွားခဲ့သည်။ မုယန်စီ၏ နှလုံးသားထဲတွင် မကျေနပ်မှုများစွာ စုပုံနေပုံရသည်။

အမှန်စင်စစ် သူမသည် ပြန်ရောက်လာသည်မှာ အချိန်အတော်ကြာပြီဖြစ်သော်လည်း သူက သူမကို လက်ဖျားနှင့်ပင် မထိခဲ့ပေ။ ယခု သူမ သူ၏အပေါ်တွင် နက်ရှိုင်းသော မကျေနပ်မှုများ ရှိနေလောက်ပြီဖြစ်သည်။

ဤအချိန်တွင် လုချန်းက မုယန်စီ၏ ချောမွေ့သောကျောပြင်ကို ပွတ်သပ်လိုက်ပြီးနောက်

"ကိုယ့်မိဖုရားက အခုတလော လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်ကို လေ့ကျင့်နေလား။"

မုယန်စီက အေးစက်စွာ တုံ့ပြန်လိုက်သည်။

"မလေ့ကျင့်ဘူး။ အဲ့ဒီကျင့်စဉ်ကို လေ့ကျင့်ဖို့ လိုလို့လား။ ကျွန်မက မျက်နှာသာမရတဲ့ မိန်းမတစ်ယောက်ပါ။ လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်ကို လေ့ကျင့်တာက အလကားပဲ။"

လုချန်း၏ မိဖုရားတောင်တွင် နေထိုင်နေတာ ကြာပြီဖြစ်သဖြင့် လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်၏ ရည်ရွယ်ချက်ကို မုယန်စီ ကောင်းစွာသိရှိနေသည်။

ထို့နောက် လုချန်း၏လက်က မုယန်စီ၏ဝမ်းဗိုက်‌ပေါ်သို့ ဖြည်းညှင်းစွာ ရွေ့လျားသွားပြီး သူမ၏နားနားကပ်၍ တီးတိုးပြောလိုက်သည်။

"ဘာတွေပြောနေတာလဲ။ မင်းက ကိုယ့်မိန်းမပဲ။ ဘယ်လိုလုပ် မျက်နှာမရတဲ့သူ ဖြစ်နိုင်မှာလဲ။"

မုယန်စီက လှောင်သံဖြင့် ရယ်မောလိုက်သည်။

"ဪ။ ကျွန်မက ရှင့်မိန်းမဆိုတာကို ရှင် မှတ်မိသေးသားပဲ။"

ဘယ်လိုယောက်ျားမျိုးက သူ့မိန်းမအား သူမရဲ့အဆောင်ထဲမှာ တစ်ယောက်တည်း ပင်ပန်းဆင်းရဲစွာ နေစေမှာလဲ...

မုယန်စီ၏ စိတ်ထဲ လုချန်းအပေါ် မကျေမနပ်မှုများဖြင့် ပြည့်နှက်နေသော်လည်း သူမ ထိုအခြေအနေနှင့် ကျင့်သားရအောင် နေထိုင်နိုင်ခဲ့ပြီဖြစ်သည်။ ဤယောက်ျားမရှိလျှင်ပင် သူမဘာသာ ကောင်းစွာနေထိုင်နိုင်သည်။

သူမသည် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီးဖြစ်ကာ ယခင်ကလည်း ယောက်ျားမရှိပဲ အသက်ရှင်ခဲ့သည်။ ပြည့်စုံသောဘဝကို နေထိုင်ရန် ယောက်ျားတစ်ယောက်နှင့် အတူရှိရမည်ဟု မည်သူက ပြောခဲ့သနည်း။

ထိုအတွေးဖြင့် သူမ၏ လှုပ်ရှားနေသော ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ကြိုးစားရင်း အသက်ပြင်းပြင်းရှူလိုက်သော်လည်း သူမ တည်ငြိမ်အောင် ကြိုးစားလေလေ သူမ၏အတွင်းမှ မငြိမ်သက်မှုများကို နှိမ်နင်းရန် ခက်ခဲလေလေဖြစ်နေသည်ကို တွေ့ရှိခဲ့ရသည်။

ထို့ပြင် လုချန်း၏ လက်များက သူမ၏ခန္ဓာကိုယ်ပေါ်တွင် လှည့်လည်သွားလာနေသဖြင့် သူမ လျင်မြန်စွာ စိတ်လှုပ်ရှားလာခဲ့ပြီး မကြာမီတွင် သူမ၏ဖြူဖွေးသော အသားအရေပေါ်တွင် ပန်းရောင်အသွေး တစ်ခု ပေါ်လာခဲ့ကာ သူမ၏မျက်လုံးများ အနည်းငယ် ဝေဝါးသွားခဲ့သည်။

မုယန်စီ သူမ၏နှုတ်ခမ်းကို ကိုက်လိုက်၏။

မဟုတ်ပါ။ သူမကိုယ်သူမ တိတ်ငြိမ်အောင် ထိန်းသိန်းရမည်ဖြစ်သည်။

သူမ တည်ငြိမ်နေရမည်။

ထိုအချိန်တွင် လုချန်း ရုတ်တရက် ထရပ်လိုက်ပြီး သူမကို သူ၏ရင်ခွင်ထဲသို့ ဆွဲပွေ့လိုက်သည်။ ပြုတ်ကျမည်ကို စိုးရိမ်သဖြင့် မုယန်စီ၏လက်များက လုချန်း၏လည်ပင်းကို အလိုအလျောက် သိုင်းဖက်လိုက်သည်။

ထို့နောက် လုချန်းက ခန်းမအလယ်ရှိ ဆိုဖာခုံ ဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။ ထိုစဉ် မုယန်စီက အေးစက်စွာ လှောင်ပြောင်လိုက်သည်။

"အဆင်မပြေရင် အတင်းမကြိုးစားပါနဲ့ မင်းကြီး။"

ထိုလူယုတ်မာ လာတိုင်း သူမကို စနောက်ပြီး ထွက်သွားတတ်သည်။ မုယန်စီ၏ အမြင်တွင် ယနေ့လည်း ထိုနည်းတူ ပြုလုပ်မည်ဖြစ်သောကြောင့် သူ့အား အစွမ်းမရှိဟု သူ့ကို ပြောင်ပြောင်တင်းတင်း လှောင်ပြောင်ခဲ့ခြင်းဖြစ်သည်။

အကယ်၍ လုချန်း အဆင်ပြေနေပါက အဘယ်ကြောင့် အရေးကြီးသော အချိန်တိုင်း ထွက်ပြေးမည်နည်း။

မုယန်စီ၏ လှောင်ပြောင်မှုကို လုချန်း ဒေါသမထွက်ခဲ့ပေ။ ထိုအစား သူက ပြုံးကာ

"ကိုယ့်မိဖုရားက စိန်ခေါ်နေတာလား။"

"စိန်ခေါ်တဲ့နည်းဗျူဟာတွေက ကိုယ့်အပေါ်မှာ အလုပ်မဖြစ်ဘူး။"

All Chapters