← Chapters

မျက်နှာမကောင်းပါလား

Vol. 64 Ch. 954

မျက်နှာမကောင်းပါလား

Vol. 64 Ch. 954

လုချန်း၏ စကားကို ကြားသောအခါ မုယန်စီက အေးစက်စွာ စပြောလိုက်သည်။

“ကျွန်မကို လာဆွနေတာလား။ ရှင်က ကျွန်မကို အဲ့ဒီလိုကိစ္စမျိုး လုပ်စေချင်တယ်လို့ တကယ်ထင်နေတာလား။”

“ရယ်စရာကောင်းလိုက်တာ။”

“ကျွန်မကတော့ ရှင့်မှာ အဲ့ဒီလိုလုပ်နိုင်တဲ့ အစွမ်းအစမရှိဘူးလို့ ထင်တာပဲ။”

“ဒီလိုအခြေအနေမျိုးမှာ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်တဲ့ ယောကျာ်းဆိုတာ ကျွန်မတစ်ခါမှ မကြားဖူးဘူး။”

လုချန်းက ခပ်ရေးရေး ပြုံးလိုက်ပြီးနောက် သူမ၏ စွဲမက်ဖွယ် မျက်ဝန်းများကို စိုက်ကြည့်ကာ ပြောလိုက်သည်။

“ ကိုယ့်ကို ဆက်ပြီးတော့ လာဆွ‌နေပါလား။ ဒီနေ့ မင်းရဲ့ပန်းတိုင်ကို ရောက်မလားဆိုတာ ကြည့်ရတာပေါ့။”

လုချန်း၏ စကားကို ကြားသောအခါ မုယန်စီ စကားဆက်မပြောတော့ချေ။ သူမ၏ စကားများက လုချန်းက သူမအား စော်ကားရန် လှုံ့ဆော်နေသကဲ့သို့ ဖြစ်နေကြောင်း သူမလည်း ခံစားလိုက်ရသည်။

အမှန်တကယ်တော့ သူမ၌ ထိုသို့သော ရည်ရွယ်ချက် မရှိခဲ့ပါ။ အမြဲတမ်း သူမထံ လာ၍ စနောက်ကာ မသက်မသာဖြစ်အောင် လုပ်တတ်သော လုချန်းကို လှောင်ပြောင်ချင်ရုံသာ ဖြစ်သည်။

မုယန်စီ တိတ်ဆိတ်သွားသည်ကို မြင်သောအခါ လုချန်းက

“ဘာဖြစ်တာလဲ။ ကိုယ့်မိဖုရားက စကားမပြောတော့ဘူးပဲ။ မင်းသာ ဆက်ပြောနေမယ်ဆိုရင် မင်းရဲ့စကားတွေကြောင့် ကိုယ်တကယ် စိတ်ပါလာပြီး မင်းနဲ့ ယောကျာ်းမိန်းမ ကိစ္စကို လုပ်ဖြစ်သွားနိုင်တယ်။”

လုချန်း၏ စကားကို ကြားသောအခါ မုယန်စီ ဒေါသထွက်လာသည်။ သူမက တိုက်ရိုက်ပင်

“လုပ်ချင်ရင် လုပ်လိုက်လေ။ ရှင်က ကျွန်မကို ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီး ရှင့်ကို တောင်းပန်အောင် လုပ်နိုင်မယ်လို့ ထင်နေရင်တော့ အိပ်မက်မက်နေတာပဲ။”

ထိုမိန်းမလှ၏ ဒေါသထွက်ပြီး ရှက်သွေးဖြာနေသော အမူအရာကို မြင်သောအခါ လုချန်း၏ အတွင်းစိတ်မီးများ ချက်ချင်း တောက်လောင်လာသည်။ မုယန်စီ၏ ဒေါသက သူမကို ပို၍ပင် ဆွဲဆောင်မှုရှိစေသည်ဟု ဆိုရပေမည်။

ထိုအခိုက်အတန့်တွင် လုချန်းက မုယန်စီအား ဆိုဖာပေါ်သို့ ချပေးလိုက်ပြီးနောက် သူမအပေါ်သို့ မှီကာ ညင်သာစွာ ဖိချလိုက်သည်။

မုယန်စီက သူမ၏ ခေါင်းကို ဘေးသို့ လှည့်လိုက်သည်။ ထိုလူယုတ်မာသည် သူမထံ အကြိမ်များစွာ လာခဲ့သော်လည်း ထိုသို့သော ကိစ္စမျိုးကို မလုပ်ခဲ့သောကြောင့် လုချန်းက ယနေ့ညတွင် သူမကို ထိတွေ့လိမ့်မည်ဟု သူမ မယုံကြည်သေးပေ။ ထို့ကြောင့် သူမ၌ မျှော်လင့်ချက်များစွာ မရှိတော့ချေ။

သူမ တစ်စုံတစ်ခုကို မျှော်လင့်မိသွားပြီးနောက် အရေးကြီးသော အခိုက်အတန့်တွင် ထိုလူယုတ်မာ ထွက်ပြေးသွားမည်ကို စိုးရိမ်နေမိသည်။ ထိုသို့ဖြစ်ပါက သူမကို ပို၍ပင် ဆိုးရွားစွာ ခံစားရစေမည် ဖြစ်သည်။

မျှော်လင့်ချက် ကြီးမားလေလေ စိတ်ပျက်မှုက ကြီးမားလေလေ ဖြစ်သည်။

စိတ်ကို တည်ငြိမ်အောင်ထားပြီး ထိုကဲ့သို့သော ကိစ္စမျိုးနှင့်ပတ်သက်၍ မည်သည့်အတွေးမှ မတွေးခြင်းက ပိုကောင်းပေမည်။ သို့မှသာ လုချန်း ထွက်ပြေးသွားသည့်တိုင် သူမ၏ နှလုံးသားထဲမှ ဂနာမငြိမ်ဖြစ်မှုကို လျင်မြန်စွာ ချိုးနှိမ်နိုင်မည် ဖြစ်သည်။

မုယန်စီ ထိုသို့ တွေးနေစဉ်တွင် လုချန်း၏ လက်က သူမ၏ ဝတ်စုံ‌ပေါ်သို့ ရောက်သွားသည်။ မုယန်စီ၏ ခန္ဓာကိုယ် အနည်းငယ် တုန်ယင်သွားသော်လည်း သူမ၏ ဦးခေါင်းကို လွှဲထားဆဲဖြစ်ပြီး လုချန်းကို ကြည့်ရန် ငြင်းဆန်နေသည်။

ထို့နောက် လုချန်းက မေးလိုက်သည်။

“ကိုယ် နည်းနည်း သိချင်တာလေးရှိတယ်။ မင်း ဒီကမ္ဘာကို ဘယ်လိုရောက်လာတာလဲ။ ကိုယ့်ကို ပြောပြလို့ရမလား။”

မုယန်စီက အေးစက်စွာ ပြောလိုက်သည်။

“ ဘာရည်ရွယ်ချက်ရှိလို့ မေးတာလဲ။”

“မင်းက ကိုယ့်မိန်းမ ဖြစ်နေပြီဆိုတော့ ကိုယ်က မင်းအကြောင်းကို ပိုသိသင့်တာပေါ့။”

ဤတစ်ကြိမ်တွင် မုယန်စီ အမှန်အတိုင်း ဖြေလိုက်သည်။

“ကျင့်စဉ်လောကမှာတုန်းက ကျွန်မ ပန်းနီရထားတစ်စင်းကို တွေ့ခဲ့တယ်။ အဲ့ဒါကို ရတနာတစ်ခုလို့ ကျွန်မ ထင်ခဲ့တာ။ ဒါပေမဲ့ အဲ့ဒါက ကျွန်မကို အာကာသလှိုင်းလုံးထဲ ဆွဲခေါ်သွားပြီး ဒီကမ္ဘာကို ရောက်လာခဲ့တာပဲ။”

ထိုစကားကို ကြားသောအခါ လုချန်းက ပြုံးလျက် ပြောလိုက်သည်။

“တစ်ခါတလေ လောဘအရမ်းကြီးတာက မကောင်းဘူးနော်။”

မုယန်စီက ဘာမှပြန်မဖြေပဲ နှာခေါင်းရှုံ့လိုက်သည်။ အကယ်၍ ပန်းနီ ရထားနောက် လိုက်ခြင်းက ဤအခြေအနေသို့ ရောက်စေမည်ကို သူမ ကြိုသိခဲ့ပါက သူမ လုံးဝ လိုက်ခဲ့မည် မဟုတ်ပေ။

ထို့ပြင် ထိုပန်းနီရထား ရှိနေခဲ့သော တည်နေရာသည် အန္တရာယ်ရှိသော နေရာတစ်ခု မဟုတ်ခဲ့ချေ။ တစ်စုံတစ်ယောက်၏ အကြံအစည်တွင် ထောင်ချောက်မိကာ ဤကမ္ဘာသို့ ပို့လိုက်ခြင်း ခံရသည်ဟုပင် သူမ ခံစားနေရသည်။

မုယန်စီ တစ်စုံတစ်ခုကို ထပ်ပြောမည်ပြုစဉ်တွင် ရုတ်တရက် စုတ်ဖြဲသံကို ကြားလိုက်ရပြီးနောက် လေအေးတစ်ချက် တိုက်ခတ်ကာ အေးစိမ့်သွားသော ခံစားချက်ကို ရလိုက်သည်။

သို့သော် သူမသည် ဂရုမစိုက်ခဲ့ပေ။ လုချန်းက သူမ၏ အဝတ်အစားများကို အကြိမ်များစွာ စုတ်ဖြဲခဲ့သော်လည်း ဤလူယုတ်မာ တကယ်တမ်း တိုက်ပွဲဝင်သည်ကို သူမ တစ်ခါမှ မမြင်ခဲ့ဖူးချေ။

လုချန်းက ဆက်မေးလိုက်သည်။

“ချန်ယွမ်ကမ္ဘာအကြောင်း မင်းကြားဖူးလား။”

ဤမေးခွန်းကို ကြားသောအခါ မုယန်စီ ခဏခန့် အံ့အားသင့်သွားသည်။ လုချန်းက ရုတ်တရက် ထိုသို့ မေးလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ စိတ်တည်ငြိမ်သွားပြီးနောက် မုယန်စီက

“အဆင့်မြင့် ကျင့်စဉ်လောကက ကျင့်စဉ်ကျင့်သူတိုင်း ရှန်ယွဲ့မင်းဆက်ရှိတဲ့ ချန်ယွမ်ကမ္ဘာကို သိကြတယ်။”

ရှန်ယွဲ့မင်းဆက်သည် မရေမတွက်နိုင်သော အဆင့်မြင့် ကျင့်စဉ် ကမ္ဘာများကို ဝါးမျိုခဲ့သည်။ ကျင့်စဉ်ကမ္ဘာများမှ ကျင့်စဉ်ကျင့်သူများသည် ရှန်ဝူဧကရာဇ်အကြောင်း ပြောမိတိုင်း သူတို့၏ မျက်နှာများ ဖြူဖျော့သွားကြသည်။

ထိုဧကရာဇ်သည် အပြစ်တင် ဝေဖန်၍ မရသော ပုဂ္ဂိုလ် ဖြစ်၏။ ကွယ်ရာတွင် ရှန်ဝူဧကရာဇ်အကြောင်း သူတို့ ပြောသည့်အခါတွင်ပင် ရိုင်းစိုင်းသော စကားလုံးများကို မပြောရဲကြပေ။ မဟုတ်ပါက သူတို့ စကားဆုံးသည်နှင့် တစ်ပြိုင်နက် ထိုနေရာတွင်ပင် ပေါက်ကွဲ၍ သေဆုံးသွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

မုယန်စီ သိနေသည်ကို မြင်သောအခါ လုချန်းက

“တကယ်တော့ ကိုယ့်ရဲ့ တကယ့်ဇစ်မြစ်အရ ကိုယ်က ရှန်ဝူဧကရာဇ်ရဲ့ သားတော်ပဲ။”

လုချန်း ထိုသို့ ပြောလိုက်သည်နှင့် မုယန်စီလုံးဝ မှင်တက်သွားသည်။ သူမ၏ ခေါင်းကို လှည့်ကာ လုချန်း၏ မျက်လုံးများကို တည့်တည့် စိုက်ကြည့်လိုက်ပြီး သူ သူမကို နောက်နေသလားဆိုသည်ကို ခွဲခြားသိမြင်ရန် ကြိုးစားလိုက်သည်။

သို့သော် လုချန်း၏ မျက်နှာသည် အပြုံးဖြင့် ပြည့်နေပြီး လုံးဝ နောက်နေပုံ မပေါ်ချေ။ ထို့ပြင် ဤကမ္ဘာတွင် ရှန်ဝူဧကရာဇ်၏ သားတော်အဖြစ် ဟန်ဆောင်ရဲသူ တစ်ယောက်မှ ရှိမည်မဟုတ်ဟု မုယန်စီက ယုံကြည်သည်။

ဒါဆို လုချန်းက သူ့ရဲ့သားတော် အမှန်တကယ် ဖြစ်နိုင်တယ်ဆိုတဲ့ သဘောလား။

လုချန်းက ရှန်ယွဲ့မင်းဆက်ရဲ့ မင်းသားတစ်ပါးလား။

ဧကရာဇ်ကြီးရဲ့ သားတော်တောင် ဖြစ်နေတာလား။

လုချန်း၏ ဂုဏ်ပုဒ်ကို တွေးလိုက်ရုံဖြင့် မုယန်စီ၏ ခန္ဓာကိုယ် အလိုအလျောက် တုန်ယင်လာသည်။ သူမသည် ဧကရာဇ်ကြီး၏ သားတော်တစ်ပါးကို မထီမဲ့မြင် ပြုမိနေပြီလား။

မုယန်စီ၏ မျက်နှာသည် ဖြူဖျော့သွားပြီး သူမ၏ နဖူးပေါ်တွင် ချွေးစေးများ ထွက်ပေါ်လာသည်။ မျှော်လင့်ချက်ဖြင့် သူမက အတည်ပြုမေးလိုက်သည်။

“ရှင်… ရှင် ကျွန်မကို နောက်နေတာမလား။ ဟုတ်တယ်မလား။”

လုချန်းက ပြုံးလျက်

“ကိုယ်က မင်းကို နောက်စရာလိုတယ်လို့ ထင်လို့လား။ မင်းကို နောက်တာက ကိုယ့်အတွက် ဘာအကျိုးရှိမှာမို့လို့လဲ။ မင်းက ကိုယ့်မိန်းမ ဖြစ်နေပြီ။ ကိုယ်က မင်းကို ဘယ်အချိန်မဆို ပိုင်ဆိုင်နိုင်တယ်။ ဒီဂုဏ်ပုဒ်ကိုသုံးပြီး မင်းကို လိမ်လည်ဖို့ လိုအပ်ပါ့မလား။”

“ကိုယ် မင်းကို ပြောပြရတဲ့ အကြောင်းရင်းက ကျင့်စဉ်လောကမှာ မင်းရဲ့အဆင့်အတန်းက ရှန်ဝူဧကရာဇ်ရဲ့ သားတော်တစ်ပါးထက် ပိုမြင့်သလားဆိုတာ သိချင်လို့ပဲ။”

လုချန်း၏ စကားကြောင့် မုယန်စီ စကားမပြောနိုင် ဖြစ်သွားသည်။

တကယ့်ကို ရယ်စရာပဲ။

သူမက ဘယ်သူမို့လို့လဲ။

သူမ၏ အဆင့်အတန်းသည် ရှန်ဝူဧကရာဇ်၏ သားတော်ကို မဆိုထားနှင့်၊ ဧကရာဇ်၏ အမှုထမ်းတစ်ပါးလောက်ပင် မြင့်မားနိုင်မည် မဟုတ်ပေ။

လုချန်းသာ သူ၏ ဂုဏ်ပုဒ်ကို ထုတ်ဖော်လိုက်ပါက အလယ်အလတ်တန်းစား အင်အားစုတစ်ခုမှ နတ်သမီးတစ်ပါးသာဖြစ်သော သူမကို မဆိုထားနှင့် အဆင့်မြင့် ကျင့်စဉ်လောကများ၏ သခင်ကြီးများပင်လျှင် သူ့ကို တွေ့လျှင် ဂါရဝပြုရပေမည်။

လုချန်းက ဆက်ပြောသည်။

“ နောက်ပြီး ရှန်ဝူဧကရာဇ်ရဲ့ သားတော်အဖြစ် ဟန်ဆောင်ရဲတဲ့သူ တစ်ယောက်မှ ရှိမှာမဟုတ်ဘူးလို့ ကိုယ်ထင်တယ်။”

မုယန်စီ တိတ်ဆိတ်သွားသည်။

ဟုတ်ပါသည်။ သေချင်နေသူမှလွဲ၍ မည်သူမှ ရှန်ဝူဧကရာဇ်၏ သားတော်အဖြစ် ဟန်ဆောင်ရဲမည် မဟုတ်ပေ။

မုယန်စီ ယခု လုချန်းကို မည်သို့ ရင်ဆိုင်ရမည် မသိပဲ အနည်းငယ် လမ်းပျောက်နေသည်။

အစပိုင်းတွင် လုချန်းကို လေ့ကျင့်ရန် ထွက်လာသော ကျင့်စဉ်မိသားစုတစ်ခုမှ သခင်ငယ်လေးတစ်ဦးဟုသာ သူမ ထင်ခဲ့သည်။ သူ၏ နောက်ခံက ဤမျှ ကြီးမားလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။

လုချန်းက သူမကို သဘောကျခြင်းသည် ယခုမှစ၍ သူမသည် သူ့အတွက် အစေခံမတစ်ယောက်သာ ဖြစ်နိုင်တော့မည်ဟု အဓိပ္ပာယ်ရသည်။

လုချန်း၏ မြင့်မားသော အဆင့်အတန်းနှင့်ဆိုလျှင် သူမ၏ အဆင့်အတန်းသည် သူ့အတွက် အစေခံတစ်ယောက် ဖြစ်ရန်သာ အရည်အချင်း ပြည့်မီပေမည်။

မုယန်စီ စိတ်ဓာတ်ကျစွာ လှဲလျောင်းနေပြီး စကားတစ်ခွန်းမှ မပြောရဲပဲ လုချန်း၏ မျက်နှာသာပေးမှုကို လက်ခံရန် စောင့်ဆိုင်းနေသည်။

မုယန်စီ ထိုသို့ ကြောက်လန့်နေသည်ကို မြင်သောအခါ လုချန်းက သူ၏လက်ကို မြှောက်ကာ သူမ၏ ပါးပြင်ကို ညင်သာစွာ ပွတ်သပ်ရင်း ပြုံးလျက်

“ဘာဖြစ်နေတာလဲ ချစ်သူ။ မျက်နှာမကောင်းပါလား။ ကိုယ်က အစောတုန်းက မင်းရဲ့ ခေါင်းမာတဲ့အကြည့်ကို ပိုသဘောကျတယ်။”

မုယန်စီကတော့ ဆက်လက်၍တိတ်ဆိတ်နေဆဲဖြစ်သည်။

လုချန်းက

“ကိုယ်က ရှန်ဝူဧကရာဇ်ရဲ့ သားတော်ဆိုပေမဲ့ တကယ်တမ်းတော့ သူ့ရဲ့ မျက်နှာသာပေးခြင်းကို မခံရဘူး။ မင်း ကိုယ့်ကို အဲ့လောက်တောင် ကြောက်နေစရာ မလိုပါဘူး။”

မုယန်စီ၏ စိတ်နှလုံးထဲ အားကိုးရာမဲ့သလို ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။ ထိုသူသည် ရှန်ဝူဧကရာဇ်၏ သွေးမျိုးဆက် ဖြစ်သည်။ ထိုသူသည် ကြယ်တာရာများနှင့်ကောင်းကင်ကို စိုးမိုးထားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ လုချန်းက ရှန်ဝူဧကရာဇ်၏ မျက်နှာသာပေးခြင်း မခံရသည့်တိုင် သူမ သူ၏ရှေ့တွင် မဆင်မခြင် ပြုမူရဲမည် မဟုတ်ပေ။

မုယန်စီ တိတ်ဆိတ်နေဆဲဖြစ်သည်ကို မြင်သောအခါ လုချန်းက သူမကို ဆက်မစနောက်တော့ပဲ ကိုင်းညွှတ်ကာ သူမ၏ နှုတ်ခမ်းများကို တိုက်ရိုက် နမ်းလိုက်သည်။

မုယန်စီလည်း မလှုပ်ရှားရဲပဲ လုချန်းကို သူအလိုရှိသလို ပြုမူခွင့်ပေးထားသည်။

ဤသို့ နာခံလွန်းခြင်းက လုချန်းအတွက် ပျင်းစရာကောင်းရမည် ဖြစ်သော်လည်း မကြာမီ သူမ၏ ယခင်အခြေအနေသို့ ပြန်ရောက်လာမည်ဟု သူယုံကြည်သည်။

သူ၏ ကျွမ်းကျင်သော အနမ်းများအောက်တွင် မုယန်စီ လျင်မြန်စွာ စိတ်ဆန္ဒပြင်းပြလာပြီး လုချန်း၏ အဆင့်အတန်းကို တဖြည်းဖြည်း မေ့သွားကာ သူနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန်ကိုသာ သိတော့သည်။

လုချန်းက သူမ၏ စိတ်ဆန္ဒကို အချိန်အတော်ကြာအောင် ဆွပေးခဲ့ပြီးနောက် သူက အခုလေးတင် ထုတ်ဖော်ခဲ့သော အဆင့်အတန်းကြောင့် ဖြစ်ပေါ်လာသော ထိတ်လန့်မှုတို့နှင့် ပေါင်းစပ်သွားကာ သူမ ယခု သူ့လက်ထဲတွင် လုံးလုံးလျားလျား ကျရှုံးသွားတော့သည်။

အချိန်မည်မျှ ကြာသွားသည်မသိ မုယန်စီ ရုတ်တရက် ညည်းသံတစ်ချက် ပြုလိုက်ပြီး သူမ၏ လှပသော မျက်ဝန်းများမှ ကြည်လင်သော မျက်ရည်နှစ်စက် မထိန်းနိုင်စွာ စီးကျလာလဲ။

နောက်ဆုံးတော့...

သူမ ဒီလူယုတ်မာရဲ့ မိန်းမ ဖြစ်သွားခဲ့ပြီ...

လုချန်း၏ အဆင့်အတန်းကို သိသွားပြီးနောက် မုယန်စီသည် မဆင်မခြင် ပြုမူရဲခြင်း မရှိသော်လည်း ဒါက သူမ၏ စိတ်ထဲတွင် သူ့ကို မကျိန်ဆဲရဲဟု အဓိပ္ပာယ်မရပေ။

လုချန်းက ရှန်ဝူဧကရာဇ်၏ သားတော်ဖြစ်သည့်တိုင် သူ့အပေါ်၌ မကျေနပ်ချက်များ စိတ်ထဲတွင် ရှိနေဆဲဖြစ်ပြီး သူ့ကိုစိတ်ထဲ ကျိန်ဆဲနေခဲ့သည်။

မကြာမီတွင် မုယန်စီလည်း လုချန်း၏ နည်းလမ်းအမျိုးမျိုးတွင် နစ်မျောကာ ကိုယ့်ကိုယ်ကို ပျောက်ဆုံးသွားတော့သည်။ သူက သူ၏ အဆင့်အတန်းကို အစောပိုင်းက ထုတ်ဖော်ခဲ့သောကြောင့် လားမသိ သူမ၏ တစ်ကိုယ်လုံးရှိ စိတ်ခံစားမှုများ မငြိမ်မသက် လှုပ်ရှားနေပြီး ကြောက်ရွံ့မှုနှင့် စိတ်လှုပ်ရှားမှုတို့ ရောပြွန်းသွားကာ သူမနှင့် လုချန်း၏ အတွေ့အကြုံကို အမြင့်ဆုံးသို့ ရောက်ရှိစေခဲ့သည်။

……..

တစ်ချိန်တည်းမှာပင်။

မြူခိုးဒေသ။

မြူခိုးမှော်ဂိုဏ်း၌။

အမျိုးသမီးတစ်ဦးသည် တောင်ထိပ်တစ်ခုပေါ်တွင် ရပ်ကာ အဝေးသို့ ငေးကြည့်နေသည်။

သူမသည် တိမ်တိုက်ကဲ့သို့ ခမ်းနားသော ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ ပေါ့ပါးသော ပိုးသားဝတ်စုံသည် လေနှင့်အတူ လွင့်နေကာ လူ့ပြည်သို့ ဆင်းသက်လာသော နတ်သမီးတစ်ပါးနှင့် တူလှသည်။ သူမ၏ ဝတ်စုံအရောင်သည် တောင်ထိပ်များပေါ်မှ အရုဏ်ဦးကဲ့သို့ တောက်ပနေပြီး သူမ၏ ကျက်သရေရှိပြီး လှုပ်ရှားသက်ဝင်သော ကိုယ်ဟန်ကို ပိုမိုပေါ်လွင်စေသည်။

သူမ၏ အလှသည် အသက်ရှုမှားလောက်ဖွယ် ဖြစ်သည်။ သူမ၏ မျက်ခုံးများသည် လခြမ်းကွေးများကဲ့သို့ ဖြစ်ပြီး သူမ၏ မျက်လုံးများသည် ဆောင်းဦးရာသီ ရေပြင်ကဲ့သို့ ကြည်လင်လှသည်။

သူမသည် တောင်ထိပ်ပေါ်တွင် ရပ်နေပြီး သူမ၏ ကိုယ်ဟန်အနေအထားသည် ထင်းရှူးပင်ကဲ့သို့ မတ်နေကာ မြင့်မြတ်ပြီး လျှို့ဝက်ဆန်းကြယ်သော အငွေ့အသက်ကို ထုတ်လွှတ်နေသည်။ သူမသည် ကမ္ဘာကြီးတစ်ခုလုံးကို အပေါ်မှ ကြည့်နေသကဲ့သို့ ထင်ရပြီး သူမ၏ အကြည့်တွင် ဖော်ပြနေသော ယုံကြည်မှုနှင့် တည်ငြိမ်မှုတို့က လူများကို လေးစားစွာဖြင့် အရှုံးပေးစေသည်။

လေသည် သူမ၏ ဆံပင်ရှည်များကြားမှ တိုက်ခတ်သွားပြီး သူမ၏ ပိုးသားကဲ့သို့သော ဆံနွယ်များသည် တောင်ထိပ်များပေါ်မှ တိမ်တိုက်များကဲ့သို့ လွင့်မျောကာ သက်ဝင်လှုပ်ရှားနေသည်။ တောင်ထိပ်၏ နောက်ခံတွင် သူမ၏ ပုံရိပ်အား ရင်သပ်ရှုမောဖွယ် ပန်းချီကားတစ်ချပ်ကဲ့သို့ စွဲဆောင်မှုရှိပြီး မမေ့နိုင်စရာ ဖြစ်စေသည်။

ဤအခိုက်တွင် အမျိုးသမီးတပည့်အချို့ ထိုအမျိုးသမီး၏ နောက်တွင် ပေါ်လာပြီး တညီတညွတ်တည်း

“အကြီးအကဲ စုကို ဂါရဝပြုပါတယ်ရှင်။”

စုဟန်ယန်က ခေါင်းအသာငြိမ့်လိုက်ပြီးနောက် ပြောလိုက်သည်။

“မင်းတို့ကို ဒီကိုခေါ်လိုက်တာက မင်းတို့ကို အပ်နှင်းချင်တဲ့ လျှို့ဝှက်တာဝန်တစ်ခု ရှိလို့ပဲ။”

ထိုအရာကို ကြားသောအခါ အမျိုးသမီးတပည့်များ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အကြီးအကဲ စု ရည်ညွှန်းသော လျှို့ဝှက်တာဝန် မည်သည့်အရာ ဖြစ်နိုင်သည်ကို သိလိုစိတ်ပြင်းပြနေကြသည်။

သူတို့သည် ညီညွတ်ခြင်း အဆင့်ရှိ တပည့်များဖြစ်ပြီး စွမ်းအားအနည်းငယ်သာ ရှိသည်။ ယခုတာဝန်က လျှို့ဝှက်ထားရမည်ဟု ဆိုပါက အလွန်အရေးကြီးရမည်ဖြစ်သည်။ အကြီးအကဲစုက အဘယ်ကြောင့် ဤမျှ အရေးကြီးသော တာဝန်ကို သူတို့အား ပေးအပ်လိုသည်ကို သူတို့ နားမလည်နိုင်ခဲ့ကြပေ။

အမျိုးသမီးများ ဇဝေဇဝါဖြစ်နေကြစဉ် အကြီးအကဲ စုက

“မင်းတို့အားလုံးက ငါ့တပည့်တွေ ဖြစ်လာတာ နှစ်ပေါင်းများစွာ ကြာပြီ။ ဒါကြောင့် မင်းတို့အပေါ် ငါ့ရဲ့ယုံကြည်မှုက ကြီးတယ်။”

အကြီးအကဲ စု၏ စကားကို ကြားသောအခါ တပည့်များလည်း သူမ၏ ဆိုလိုရင်းကို ချက်ချင်း သဘောပေါက်သွားပြီး လက်များကို ဆုပ်ကာ ဂါရဝပြုလျက် နောက်တစ်ကြိမ် ထပ်ပြောလိုက်ကြသည်။

“ကျွန်မတို့ အသက်နဲ့လဲပြီး အကြီးအကဲ စုနောက်ကို လိုက်ပါ့မယ်။”

၎င်းသည် လျှို့ဝှက်တာဝန်ဖြစ်ပြီး အကြီးအကဲ စုက သူမ၏ ရပ်တည်ချက်ကို ဤမျှ ရှင်းလင်းစွာ ပြောကြားခဲ့သောကြောင့် မြူခိုးမှော်ဂိုဏ်းအတွင်းရှိ အခြားသူများအား သိစေလို့ မဖြစ်ပေ။ သဘာဝကျစွာပင် တပည့်များဘက်ကလည်း အကြီးအကဲ စု အပေါ်ရှိ သူတို့၏ သစ္စာစောင့်သိမှုကို ဖော်ပြရန် လိုအပ်သည်။

All Chapters