← Chapters

ဘယ်လိုနေလဲ

Vol. 64 Ch. 955

ဘယ်လိုနေလဲ

Vol. 64 Ch. 955

သူမ၏နောက်မှ အမျိုးသမီးတပည့်များအားလုံး ဤသို့ အသိတရားရှိသည်ကို မြင်သောအခါ စုဟန်ယန် နောက်ဆုံးတွင် စိတ်အေးသွားပြီး ပြောလိုက်သည်။

“ငါပေးမယ့် တာဝန်က သိပ်ကို ရိုးရှင်းတယ်။ မင်းတို့က ထျန်းချန်ကမ္ဘာကို ဝင်ရောက်မယ့် ဒီတပည့်အုပ်စုနောက်ကို လိုက်သွားရမယ်။ ထျန်းချန်ကမ္ဘာကို ရောက်တာနဲ့ ငါ့ရဲ့ တပည့်နှစ်ယောက်ကို ရှာပြီး သူတို့ကို ရုပ်ဖျက်ပြီး တစ်နေရာရာမှာ ပုန်းခိုင်းလိုက်ပါ။”

“ပြီးတော့ ဒီစာနှစ်စောင်ကို သူတို့ဆီ ပေးလိုက်။”

ထိုသို့ပြောရင်း စုဟန်ယန်က သူမ၏ လက်ရှည်အင်္ကျီထဲမှ ကြိုတင်ရေးသားထားသော စာနှစ်စောင်ကို ထုတ်ယူလိုက်သည်။

စုဟန်ယန်၏ စကားကို ကြားသောအခါ အမျိုးသမီးတပည့်များ ခဏခန့် မှင်တက်သွားကြသည်။

အထူးသဖြင့် စုဟန်ယန်က အလွန်သတိကြီးပြီး ဂရုတစိုက်ရှိပုံ ပေါက်သောကြောင့် အလွန်အရေးကြီးသော တာဝန်တစ်ခုဟု သူတို့ ထင်ခဲ့ကြသည်။ သို့သော် တာဝန်က အရေးပါပုံ မရပေ...

ဒါကို အရေးကြီးသော တာဝန်တစ်ခုဟု သတ်မှတ်နိုင်ပါသလား။

စုဟန်ယန်၏ တပည့်နှစ်ယောက်ကို ပုန်းခိုင်းဖို့လား။

သူတို့ ဘာလို့ ပုန်းဖို့ လိုအပ်တာလဲ။

သူတို့ နားမလည်ခဲ့ကြပေ။

သို့သော် သူတို့ ဘာမှ မမေးကြပါ။ စုဟန်ယန်က

“ဒီကိစ္စပြီးသွားရင် မင်းတို့ကို ငါ့ရဲ့တပည့်ရင်းတွေအဖြစ် လက်ခံမယ်။”

ထိုစကားများကို ကြားသောအခါ အမျိုးသမီးတပည့်များ ချက်ချင်းပင် စိတ်လှုပ်ရှားသွားကြသည်။ စုဟန်ယန်၏ တပည့် ဖြစ်ရခြင်းသည် မည်သူမဆို ရရှိနိုင်သော အခွင့်အရေး မဟုတ်ပေ။

စုဟန်ယန်သည် မြူခိုးမှော်ဂိုဏ်း၏ ယင်ယန်နယ်ပယ် အဆင့် စွမ်းအားရှင်နှစ်ဦးထဲမှ တစ်ဦးဖြစ်ပြီး အမျိုးသမီးတစ်ဦးလည်း ဖြစ်သောကြောင့် မရေမတွက်နိုင်သော အမျိုးသမီးတပည့်များက သူမကို ဆရာအဖြစ် သတ်မှတ်လိုကြသည်။ ကံမကောင်းစွာဖြင့် သူမသည် အစပိုင်းတွင် မြူခိုးဒေသမှ ဒေသခံ နှစ်ဦးကိုသာ သူမ၏ တိုက်ရိုက်တပည့်များအဖြစ် လက်ခံခဲ့သည်။

အမျိုးသမီးတပည့်များ သတိပြန်ဝင်လာကြပြီး စိတ်လှုပ်ရှားစွာဖြင့် တညီတညွတ်တည်း ပြောလိုက်ကြသည်။

“ကျေးဇူးတင်ပါတယ် အကြီးအကဲ စု။ ကျွန်မတို့ စာတွေကို တပည့်အစ်မနှစ်ယောက်ဆီကို သေချာပေါက် ပို့ပေးပါ့မယ်။”

စုဟန်ယန်က

“ငါ့စကားကို မှတ်ထား။ ထျန်းချန်ကမ္ဘာကို ဝင်ပြီးရင် သိုသိုသိပ်သိပ်နေ။ ဘယ်အင်အားစုနဲ့မှ ပဋိပက္ခမဖြစ်စေနဲ့။ မင်းတို့ရဲ့ အစ်မနှစ်ယောက်ကို ရှာတွေ့ဖို့ပဲ လိုတယ်။”

အမျိုးသမီးများ နောက်တစ်ကြိမ် တညီတညွတ်တည်း ပြောလိုက်ကြသည်။

“ဟုတ်ကဲ့ပါ အကြီးအကဲ စု။”

စုဟန်ယန်က

“ကောင်းပြီ။ ပြင်ဆင်ပြီးတော့ ထျန်းချန်ထဲကို သွားကြတော့။”

ထို့နောက် အမျိုးသမီးတပည့်တစ်ဦးက စုဟန်ယန်၏ လက်ထဲမှ စာများကို ယူကာ

“တပည့်တို့ကို သွားခွင့်ပြုပါဦး။”

သူမ၏ စကားဆုံးသည်နှင့် တောင်ထိပ်မှ ထွက်ခွာသွားကြသည်။

အမျိုးသမီးတပည့်များ တောင်ထိပ်မှ ထွက်ခွာသွားပြီးနောက် စုဟန်ယန်လည်း တောင်ထိပ်တွင် ရပ်နေလျက် အဝေးမှ မြူခိုးများကို ငေးကြည့်ကာ သူမဘာသာ တိုးတိုးလေး ရေရွတ်လိုက်သည်။

“နောက်မကျသေးဘူးလို့ မျှော်လင့်ရတာပဲ။”

အမှန်တော့ အစကတည်းက သူမ၏ တပည့်နှစ်ယောက်ကို သတိပေးရန် တစ်စုံတစ်ယောက်ကို စေလွှတ်ဖို့ စုဟန်ယန် စဉ်းစားခဲ့သည်။ သို့သော် ပထမ တပည့်နှစ်သုတ်ကို ဟန်ယွမ်ခိုင်က ကိုယ်တိုင် စီစဉ်ခဲ့သောကြောင့် သူမက တစ်စုံတစ်ယောက်ကို အတင်းအကျပ် ထည့်သွင်းလိုက်ပါက ဟန်ယွမ်ခိုင် သတိထားမိမည်ကို စိုးရိမ်ခဲ့သည်။

ဟန်ယွမ်ခိုင် လက်လျှော့လိမ့်မည်ဟု သူမ ဘယ်တုန်းကမှ မယုံကြည်ခဲ့ပေ။ ဟန်ယွမ်ခိုင်က သူမကို ထိုသို့သောပုံစံဖြင့် စကားပြောခဲ့ကတည်းက သူသည် သူမ၏ တပည့်ရင်းနှစ်ယောက်ကို အားအင်စုပ်ယူစရာ ခန္ဓာများအဖြစ် အသုံးပြုရန် ရည်ရွယ်ထားသည်မှာ သေချာသည်။

ထို့ပြင် သူမ၏ တပည့်နှစ်ယောက်ကို ဖမ်းဆီးရန် ဟန်ယွမ်ခိုင် လူလွှတ်ထားပြီဟု သူမ ခံစားနေရသည်။ သူမ၏ တပည့်များသည် အတော်လေး အင်အားကြီးသော်လည်း သူတို့သည် အဆင့်နိမ့်ကမ္ဘာမှ ဇာတိဖွားများဖြစ်ပြီး ပါရမီ အကန့်အသတ်ရှိကြသည်။

ထို့ပြင် ထျန်းချန်သည် မပြည့်စုံသော ကမ္ဘာတစ်ခုဖြစ်သောကြောင့် ကောင်းကင်လူသား စွမ်းအားရှင်တစ်ဦး ဖြစ်လာရန် အလွန်ခက်ခဲသည်။ သူတို့နှစ်ဦးစလုံး ကောင်းကင်လူသား စွမ်းအားရှင်အဖြစ်သို့ မရောက်လောက်သေးဟု သူမ ခန့်မှန်းမိသည်။

ကောင်းကင်လူသား စွမ်းအားရှင်များ မဖြစ်သေးသည့်အပြင် ထျန်းချန်ကမ္ဘာရှိ စိတ်ဝိညာဉ် စွမ်းအား အကန့်အသတ်ကြောင့် သူတို့သည် သူတို့၏ အင်အားအပြည့်အဝကို ထုတ်လွှတ်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ဟန်ယွမ်ခိုင် စေလွှတ်လိုက်သော တပည့်များနှင့် ယှဉ်ပြိုင်နိုင်စရာ အကြောင်းရှိမည် မဟုတ်ပေ။

ထိုသို့ တွေးမိသောအခါ စုဟန်ယန်၏ စိတ် ထဲ ပို၍ပင် စိုးရိမ်လာသည်။ သူမ၏ တပည့်နှစ်ယောက် ဖမ်းဆီးခံထားရပြီး ဖြစ်နိုင်သည်ဟုပင် သူမ သံသယဝင်နေသည်။

အကယ်၍ သူတို့ ဖမ်းဆီးခံခဲ့ရပါက ဟန်ယွမ်ခိုင်က မြူခိုးဒေသ၏ ကန့်သတ်ချက်များ မပျောက်မချင်း သူတို့ကို ဖွက်ထားလိမ့်မည်။ သူမ ထျန်းချန်တိုက်ကြီးသို့ ဝင်ရောက်သည့်အချိန်တွင် သူမ၏ တပည့်နှစ်ယောက်ကို နောက်တစ်ကြိမ် ပြန်တွေ့ရန် ခက်ခဲသွားမည်ကို သူမ စိုးရိမ်မိသည်။

စုဟန်ယန် အနည်းငယ် သက်ပြင်းချလိုက်သည်။ သူမ၏ ဆရာတူအစ်ကိုအပေါ် သူမ အမှန်တကယ် စိတ်ပျက်မိသည်။ ကျင့်စဉ်လောကတွင် အင်အားကြီးသူသာ ရှင်သန်နိုင်သည်ဟူသော အချက်ကို သူမ နားလည်သော်လည်း သူမ၏ ဆရာတူအစ်ကိုသည် ယခင်က ဤသို့သော လူစားမျိုး မဟုတ်ခဲ့ပေ။ ထိုစဉ်က သူ့၌ လူသားဆန်မှု အနည်းငယ် ရှိနေသေးသည်။

ယခု ဟန်ယွမ်ခိုင်သည် သူ၏ကိုယ်ပိုင် ရည်မှန်းချက်များအတွက် သူအလိုရှိသလို ပြုမူတတ်ပြီး အရင်ကလို တည်ကြည်ဖြောင့်မတ်သော ကျင့်စဉ်ကျင့်သူတစ်ဦး၏ ပုံရိပ် လုံးဝ ပျောက်ဆုံးသွားခဲ့သည်။

ဒါက ဟန်ယွမ်ခိုင်၏ မူလပင်ကိုယ်စရိုက် ဟုတ်မဟုတ်ကိုပင် စုဟန်ယန် သံသယဝင်လာသည်။

အပြင်လူများအပေါ်တွင်သာ ထိုသို့စိတ်မျိုးထားပါက သူမ နားလည်နိုင်သေးသည်။ သို့သော် သူသည် သူ၏ ကိုယ်ပိုင်လူများကိုပင် ချမ်းသာမပေးခဲ့ပေ။ ဝူကျန်းဝမ်နှင့် လီချင်ရို့တို့သည် သူမ၏ တပည့်ရင်းများ ဖြစ်ကြသော်လည်း ဟန်ယွမ်ခိုင်က သူတို့အပေါ် စိတ်စွဲလန်းနေဆဲ ဖြစ်သည်။

ဤကိစ္စကြောင့် မြူခိုးမှော်ဂိုဏ်းမှ ထွက်ခွာရန်ပင် စုဟန်ယန် စတင်စဉ်းစားလာသည်။ ဂိုဏ်းသည် မမှတ်မိနိုင်လောက်အောင် ပြောင်းလဲသွားခဲ့သောကြောင့် သူမ ဆက်နေပါက နောက်ဆုံးတွင် သူမ၏ ကျင့်စဉ်စိတ်ဓာတ်ပင် ပျက်စီးသွားမည်ဟု သူမ ခံစားလိုက်ရသည်။

……..

လုချန်းက သူ၏ ဂုဏ်ပုဒ်ကို မုယန်စီအား ထုတ်ဖော်ပြသပြီးနောက် သူမလည်း အလွန်လိမ္မာယဉ်ကျေးလာပြီး ဆွဲဆောင်မှုရှိလာသည်။ လုချန်း မည်မျှပင် ပြင်းထန်ပါစေ သူမ ခံနိုင်ရည်ရှိပြီး လုချန်းကို သာယာဖွယ်ရာ တုံ့ပြန်မှုအချို့ပင် ပေးခဲ့သည်။

တစ်ချိန်တည်းမှာပင် လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်ကို မုယန်စီ လည်ပတ်ပေးနေသည်။ ဧကရာဇ်ကြီး၏ သားတော်တစ်ပါးကို မည်သူက စော်ကားရဲမည်နည်း။

သို့သော် နောက်ဆုံးတွင် မုယန်စီသည် မိန်းမတစ်ယောက်သာ ဖြစ်သည်။ လုချန်း၏ နည်းလမ်းအမျိုးမျိုးကို ရင်ဆိုင်ရသောအခါ သူမ၏ ကိုယ်ပိုင်အသိစိတ်ကို ထိန်းသိမ်းရန် ခက်ခဲလှသည်။ မကြာမီပင် သူမ လုပ်နိုင်သည်မှာ ငိုကြွေးမြည်တမ်းခြင်းသာ ဖြစ်တော့သည်။

…….

တစ်ချိန်တည်းမှာပင်။

ချင်းချိုနန်းဆောင်။

လျှိုချင်းချိုသည် အဆောင်ငယ်လေးထဲတွင် တရားထိုင်နေစဉ် အစေခံတစ်ဦးက စိတ်လှုပ်ရှားစွာဖြင့် အဆောင်အတွင်းသို့ ဝင်လာပြီး လျှိုချင်းချိုထံ အလျင်အမြန် အစီရင်ခံလိုက်သည်။

“သခင်မ။ သတင်းကောင်းပါ။ မင်းကြီးက သခင်မ မုရဲ့ နေရာကို သွားပြီး ညအိပ်တည်းခိုနေပါတယ်။”

ထိုအရာ ကြားသောအခါ လျှိုချင်းချိုက ခပ်ပေါ့ပေါ့ ပြောလိုက်သည်။

“ဒါက သူ့ရဲ့ ပထမဆုံးအကြိမ်မှ မဟုတ်တာ။ ပြီးတော့ သူ့ရဲ့ အလည်အပတ်တွေက အဲ့မိန်းမကို နှိပ်စက်တာနဲ့ တစ်ခါမှ အဆုံးမသတ်ခဲ့ဘူး။”

လျှိုချင်းချိုသည် မုယန်စီ သနားစဖွယ် ငိုကြွေးမြည်တမ်းသည်ကို မြင်ချင်သောကြောင့် လုချန်း မုယန်စီ၏ အဆောင်သို့ သွားသည်ဟု ကြားလျှင် သူမအား ချက်ချင်း အကြောင်းကြားရန် သူမ၏ အစေခံများကို အထူးညွှန်ကြားထားခဲ့သည်။

ယခင်အကြိမ်အနည်းငယ်က အစေခံများက လုချန်း မုယန်စီ၏ အိပ်ဆောင်သို့ သွားလည်ကြောင်း ပြောပြသောအခါ အတွင်း၌ ဘာဖြစ်နေသည်ကို စုံစမ်းရန် သူမ၏ စိတ်ဝိညာဉ် စွမ်းအားကို ချက်ချင်း ထုတ်လွှတ်ခဲ့သည်။ ရလဒ်အနေဖြင့် လုချန်းသည် အများဆုံး နမ်းရှုံ့ထိတွေ့ရုံသာ ပြုလုပ်ခဲ့ပြီး ပိုမိုရင်းနှီးသော ဆက်ဆံမှုများ တစ်ခါမှ မလုပ်ခဲ့သဖြင့် လျှိုချင်းချိုကို အလွန်စိတ်ပျက်စေခဲ့သည်။

ထိုမိန်းမ စိတ်ဓာတ်ကျသည်အထိ နှိပ်စက်ခံရပြီး မျက်လုံးများတွင် အလင်းရောင်ကင်းမဲ့သွားသည်ကို မြင်ရန် အစက မျှော်လင့်ခဲ့သော်လည်း လုချန်းက ထိုသို့ဖြစ်အောင် မလုပ်ခဲ့ပေ။

ယနေ့ လုချန်း သွားလည်ခြင်းကလည်း သူမကို စနောက်ရန်သာ ဖြစ်နိုင်သည်ဟု လျှိုချင်းချို ယူဆလိုက်သည်။

လျှိုချင်းချို ထိုသို့ တွေးနေစဉ်တွင် အစေခံက အလျင်အမြန် ထပ်ပြောသည်။

“သခင်မ။ ဒီတစ်ခါတော့ ငိုသံတွေ ထွက်နေတယ်။”

ထိုအရာ ကြားသောအခါ လျှိုချင်းချိုက “ဟင်” ဟု မေးခွန်းထုတ်သံ ပြုလိုက်ပြီး မုယန်စီ၏ အိပ်ဆောင်တွင် ဘာဖြစ်နေသည်ကို စုံစမ်းရန် သူမ၏ စိတ်ဝိညာဉ် စွမ်းအားကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။

မုယန်စီ၏ အိပ်ဆောင်သည် သူမ၏ အဆောင်နှင့် ကပ်လျက်တွင် ရှိသောကြောင့်အတွင်းမှ အဖြစ်အပျက်များကို စုံစမ်းရန် သူမအတွက် အလွန်လွယ်ကူသည်။

မကြာမီပင် မုယန်စီ၏ အခန်းထဲမှ လုချန်း၏ လှုပ်ရှားမှုများကို အာရုံခံမိပြီး သူတို့နှစ်ဦး ထိုကိစ္စများတွင် ပါဝင်နေသည်ကို ခံစားမိသောအခါ လျှိုချင်းချိုက မဲ့ပြုံးပြုံးကာ

“သူက တကယ့်ကို ကလေကချေမပဲ။”

သူမသည်လည်း နှိပ်စက်ခံရသည့်အခါ ငိုကြွေးမြည်တမ်းသော်လည်း မုယန်စီလောက်တော့ ဟန်မဆောင်ခဲ့ပေ။

ထို့နောက် လျှိုချင်းချိုသည် ထလိုက်ပြီး အိမ်နီးချင်း အိပ်ဆောင်၏ အမိုးပေါ်သို့ တိုက်ရိုက် ပျံတက်သွားကာ အခန်းအတွင်းမှ ထွက်လာသော အသံများကို စူးစိုက်နားထောင်လိုက်သည်။

“မင်းကြီး။ ကျွန်မကို ချမ်းသာပေးပါ...”

“ကျွန်မတော် မှားမှန်းသိပါပြီ...”

“ချစ်သူ။ အင်း...”

“ကိုယ့်ရဲ့ ဇနီးချောလေး။ မင်းရဲ့ ခန္ဓာကိုယ်က တကယ်ကို နူးညံ့တာပဲ။ ဝါဂွမ်းလေးလိုပဲ။”

မုယန်စီ၏ အသံများကို ကြားပြီး သူမ၏ အခြေအနေကို အာရုံခံမိသောအခါ လျှိုချင်းချို ကျေနပ်မှုတစ်ခုကို ခံစားလိုက်ရသည်။

မည်သို့ပင်ဖြစ်စေ သူတို့သည် တစ်ချိန်က မဟာမိတ်များဖြစ်ခဲ့ကြ၏။ မဟာမိတ်များဆိုသည်မှာ အခက်အခဲများကို အတူတကွ မျှဝေခံစားရမည် မဟုတ်ပါလား။

သူမတစ်ယောက်တည်းသာ ဒုက္ခခံရမည် ဆိုပါက တရားမျှတမည် မဟုတ်ပေ။

လျှိုချင်းချိုသည် ဆက်မတွေးတော့ချေ။

လုချန်း၏ စိတ်နေစိတ်ထားနှင့် စွမ်းရည်များကို ထည့်သွင်းစဉ်းစားပါက မုယန်စီ သူမ၏ အသက်တစ်ဝက်ခန့် ဆုံးရှုံးရမည်မှာ သေချာသည်။

ထို့နောက် သူမ၏ ခြေဖျားဖြင့် အသာကန်ကာ သူမ၏ကိုယ်ပိုင် အိပ်ဆောင်သို့ ပြန်လည်ပျံသန်းသွားပြီး သူမ၏ စိတ်ဝိညာဉ် စွမ်းအားကို ရုပ်သိမ်းကာ အိမ်နီးချင်း အ‌ဆောင်မှ အဖြစ်အပျက်များကို ဆက်မချောင်းမြောင်းတော့ချေ။

ထိုသို့သောအရာများကို အနည်းငယ်သာ ကြည့်ခြင်းက ပိုကောင်းသည်။ အလွန်အကျွံကြည့်ခြင်းက သူမ၏ ခန္ဓာကိုယ်အား ဂနာမငြိမ်ဖြစ်အောင် လှုံ့ဆော်နိုင်သည်။ ထိုသို့ဖြစ်ပါက သူမပါ ဒုက္ခရောက်သွားနိုင်သည်။

အချိန်အတန်ကြာပြီးနောက် လုချန်း၏ လက်က မုယန်စီ၏ ဆီးနှင်းကဲ့သို့ ဖြူဖွေးသော အသားပေါ်တွင် လျှောက်သွားနေပြီး သူမ၏ ခန္ဓာကိုယ်ကို ပွတ်သပ်နေကာ

“ကိုယ့်ရဲ့ ချစ်သူလေး။ ဘယ်လိုနေလဲ။”

မုယန်စီက ညင်သာစွာ အသက်ရှူရင်း မြူဆိုင်းသော မျက်လုံးများဖြင့် ကြည့်ရင်း လုချန်း၏ မေးခွန်းကို ပြန်မဖြေပဲ တိတ်ဆိတ်နေသည်။

ဤလူယုတ်မာထံမှ ရုန်းမထွက်နိုင်ပဲ သူ၏ အ‌စေခံမတစ်ယောက် အမှန်တကယ် ဖြစ်သွားနိုင်သည်ဟု ယခု သူမ ခံစားနေရသည်။ ထို့ပြင် ဤလူယုတ်မာသည် ဧကရာဇ်ကြီး၏ သားတော်ဖြစ်သောကြောင့် သူမ၏ တစ်သက်တာလုံး သူ၏ အားအင်စုပ်ယူရာ ခန္ဓာအဖြစ် အမှုထမ်းရမည်ကို သူမ စိုးရိမ်မိသည်။

ထိုသို့ တွေးမိသောအခါ ဤကမ္ဘာသို့ ကျရောက်ခဲ့ရခြင်းက သူမအတွက် အလွန်ကံဆိုးသည်ဟု မုယန်စီ ခံစားလိုက်ရသည်။ ဧကရာဇ်ကြီး၏ သားတော်တစ်ဦး၏ လက်ထဲသို့ ကျရောက်ခဲ့ရခြင်းက ပို၍ပင် ကံဆိုးသည်ဟု ခံစားလိုက်ရသည်။

သူမသာ သာမန်အမျိုးသမီးတစ်ဦး ဖြစ်ပါက ဧကရာဇ်ကြီး၏ သားတော်၏ ချစ်သူဖြစ်လာနိုင်ခြင်းအား ဝမ်းမြောက်နိုင်သော်လည်း သူမကတော့ ထိုသို့မဟုတ်ပေ။ ဧကရာဇ်ကြီး သားတော်များ၏ အမျိုးသမီးများကို စောင့်ကြိုနေသော ကံကြမ္မာကို သူမ ကောင်းစွာ သိသည်။

သူတွင့် အမျိုးသမီးများ မရှားပါးသောကြောင့် သူမကို အပျော်သဘောဖြင့် ကစားမည်ဖြစ်သည်။ အကယ်၍ သူ သူမကို ငြီးငွေ့သွားပြီး အသိတရားအနည်းငယ်ရှိလျှင် သူမကို စွန့်ပစ်ကာ ထွက်သွားရန် ပြောလိမ့်မည်။ အကယ်၍ သူ့တွင် ကြင်နာတတ်သော စိတ်နှလုံးမရှိပါက အခြားသူများအား ပေးအပ်မည့် လက်ဆောင် ပစ္စည်းတစ်ခုအဖြစ် သဘောထားပေလိမ့်မည်။

ထို့အပြင် လုချန်းကဲ့သို့သော ဧကရာဇ်ကြီး၏ သားတော်များအတွက် အမွေဆက်ခံခွင့်အတွက် တိုက်ပွဲက အလွန်ရက်စက်ကြမ်းကြုတ်လေ့ရှိသည်။ နောက်ဆုံးတွင် မင်းသားတစ်ပါးသာလျှင် ရှန်ဝူဧကရာဇ်၏ ရာထူးကို ဆက်ခံရန် ရှင်သန်ကျန်ရစ်ပေမည်။ ကျန်ရှိသော မင်းသားများနှင့် သူတို့ပတ်ဝန်းကျင်မှ အမျိုးသမီးများ အများစုက‌ တော့ လုံးဝရှင်းလင်းဖယ်ရှားခံရဖွယ်ရှိသည်။

မိဖုရားခေါင်ဖြစ်ရန် မုယန်စီ ရည်မှန်းထားဆဲဖြစ်၏။ သူမ ထိုမျှ လျင်မြန်စွာ သေဆုံးသွားဖို့ ဆန္ဒလုံးဝမရှိပေ။

All Chapters