ထပ်ပြေးဦးမှာလား
Vol. 64 Ch. 956
မုယန်စီ တိတ်ဆိတ်နေသည်ကို မြင်သောအခါ လုချန်းက သူ၏ကိုယ်ကို အနည်းငယ် လှုပ်လိုက်ရာ နောက်တစ်ခဏတွင် မုယန်စီ ညည်းညူသံတစ်ချက် ပြုလိုက်သည်။ ထို့နောက် သူမ၏ လှပသော မျက်ဝန်းများက လုချန်း၏ နောက်ပြောင်ကျီစယ်သော အပြုံးမျက်နှာကို စိုက်ကြည့်လိုက်သည်။
လုချန်းက ဆက်မေးလိုက်သည်။
“ဇနီးလေး။ နောက်နောင် ထွက်ပြေးဦးမှာလား။”
မုယန်စီက အသက်ကို ပြင်းပြင်းရှူကာ ညင်သာစွာ ပြောလိုက်သည်။
“မပြေးတော့ပါဘူး။”
ဘာကို ပြေးစရာ ရှိတော့မည်နည်း။ လုချန်း၏ ထိန်းချုပ်သည့် နည်းများ မရှိလျှင်ပင် ဧကရာဇ်ကြီး၏ သားတော်တစ်ပါးဖြစ်သူ သူ့အတွက် သူမကို ရှာဖွေရန် လွယ်ကူပေလိမ့်မည်။
အကယ်၍ သူမ အမှန်တကယ် ထွက်ပြေးသွားပါက နောက်ပိုင်းတွင် သူမ၏ ကိုယ်ပိုင်အင်အားစုများကိုပင် ဒုက္ခရောက်စေနိုင်သည်။ လုချန်းက သူမ၏ အဖွဲ့အစည်းကို ဖျက်ဆီးရန် တစ်စုံတစ်ယောက်ကို စေလွှတ်ကောင်း စေလွှတ်ပေလိမ့်မည်။
ထို့ပြင် သူမ၏ ခန္ဓာကိုယ် လုချန်းနှင့် မခွဲခွာနိုင်တော့ကြောင်း သူမ သဘောပေါက်လာသည်။ အရှက်မဲ့သော မိန်းမ၊ ကိုယ်ကျင့်တရား ပျက်ပြားသော မိန်းမတစ်ယောက်ကဲ့သို့ ယခု သူမ ခံစားနေရသည်။
သို့သော် သူမ ထိုအကြောင်းကို ဂရုမစိုက်တော့ပါ။ အကယ်၍ သူမ အရှက်မရှိသော မိန်းမတစ်ယောက် ဖြစ်သွားမည်ဆိုလျှင်လည်း မတတ်နိုင်ပေ။ ယခုလောလောဆယ်တွင် ဤလူနှင့် အတူရှိနေခြင်းက သူမကို အားနည်းစေခြင်း မရှိသည့်အပြင် လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်နှင့် နဂါးဖီးနစ်ယင်ယန်ကျင့်စဉ်တို့၏ အကူအညီဖြင့် သူမ၏ အဆင့်ကို အတိုင်းအတာတစ်ခုအထိ တိုးတက်လာစေခဲ့သည်။
ဧကရာဇ်ကြီး၏ သားတော်နှင့် အတူရှိနေခြင်း၏ အန္တရာယ်သည် အမှန်တကယ် ကြီးမားသော်လည်း အကျိုးကျေးဇူးများကလည်း အလားတူပင် ကြီးမားလှသည်။
လုချန်းက သူ၏ မိန်းမများအပေါ် ကောင်းသည်ဟုလည်း သူမ ခံစားရသည်။ တစ်ခါတစ်ရံတွင် သူသည် အလွန်ကြမ်းတမ်းနိုင်သော်လည်း ဒါက အိပ်ရာထဲတွင်သာ ဖြစ်သည်။ သူ့တွင် ရက်စက်တတ်သော အငွေ့အသက် လုံးဝမရှိချေ။
လုချန်းသည် သူ၏ ဇနီးများနှင့် စကားပြောသောအခါ မောက်မာသော လေသံကို အသုံးမပြုဘဲ မိမိကိုယ်ကို “ကိုယ်” ဟု ရည်ညွှန်းသည်။
ထိုအချက်က လုချန်း အမှန်တကယ် ဧကရာဇ်ကြီး၏ သားတော်ဟုတ်မဟုတ် သူမအား တွေးတောစေသည်။ သူသည် သူမ စိတ်ကူးထားသော မင်းသားများနှင့် လုံးဝ ကွဲပြားနေသည်။
ဧကရာဇ်ကြီး၏ သားတော်များသည် လူအသက်ကို တန်ဖိုးမရှိဟု ရှုမြင်သူများ၊ နှလုံးသားမရှိသော လူသတ်သမားများ၊ နိမ့်ကျသူအားလုံးအပေါ် လျစ်လျူရှုသူများ ဖြစ်သည်ဟု ဖြစ်သည်ဟု သူမ ထင်ခဲ့သည်။လုချန်းကဲ့သို့သော သူတစ်ယောက်က သူ၏ မိန်းမများအပေါ် ဤမျှ ကြင်နာရန် မဖြစ်နိုင်ပေ။
မြူဆွယ်သော လေသံဖြင့် မုယန်စီက မေးလိုက်သည်။
“မင်းကြီးက နောင်ကျရင် မင်းကြီးရဲ့ မိဖုရားတွေကို စွန့်ပစ်မှာလား။”
မုယန်စီ၏ အရည်လဲ့နေသော မျက်ဝန်းများနှင့် သူမ၏ မြူဆွယ်သော အမူအရာကို မြင်သောအခါ လုချန်းက သူ၏ လက်ကို မြှောက်ကာ မုယန်စီ၏ နှာတံကို ညင်သာစွာ ဆွဲညှစ်လိုက်ရင်း ပြုံးလျက်
“မင်းက ဒီဇာတ်ကောင်ကို မြန်မြန်ဆန်ဆန်ပဲ လက်ခံလိုက်တာပဲ။ ဧကရာဇ်ကြီးရဲ့ သားတော်ဆိုတဲ့ ဂုဏ်ပုဒ်က တကယ်ပဲ အသုံးဝင်ပုံရတယ်။”
“ဒါပေမဲ့ ကိုယ်အရင်က ပြောခဲ့ဖူးတယ်။ ကိုယ်က မင်းရဲ့ ခေါင်းမာတဲ့ပုံစံကို ပိုသဘောကျတယ်။ မင်းက ဒီလောက်တောင် နာခံတတ်နေရင် နည်းနည်းတော့ ပျင်းစရာမကောင်းဘူးလား။”
ထိုစကားကို ကြားသောအခါ မုယန်စီ မှင်တက်သွားသည်။ လုချန်း စိတ်မမှန်ဘူးလားဟု သူမ တွေးမိသည်။ သူကိုယ်တိုင်က သူ၏ ဂုဏ်ပုဒ်ကို ထုတ်ဖော်ခဲ့ပြီး ယခုမူ ထိုသို့သော စကားများ ပြောနေသည်။
သူ ရှန်ဝူဧကရာဇ်၏ မျက်နှာသာပေးခြင်း မခံရဟု လုချန်း ပြောသည်မှာ အံ့ဩစရာမရှိပေ။ ဤသို့သော ခပ်ကြောင်ကြောင် အတွေးအခေါ်များရှိသော မင်းသားတစ်ပါးကို မည်သူက မျက်နှာသာပေးနိုင်မည်နည်း။
သူမ ထိုသို့ တွေးနေသော်လည်း မုယန်စီက အပြုံးဖြင့် ပြန်ဖြေလိုက်သည်။
“မင်းကြီး။ မင်းကြီး ပျော်နေသ၍ မင်းကြီးရဲ့ မိဖုရားက မင်းကြီးအလိုရှိသလို လုပ်ပေးပါ့မယ်။”
လုချန်းက မုယန်စီ၏ မေးစေ့ကို ပင့်လိုက်ကာ သူမ၏ ရဲနေသော ပါးပြင်များကို စိုက်ကြည့်ရင်း ပြုံးလျက်
“ဒါဆို မင်းရဲ့အရင်က အမူအကျင့်အတိုင်း ဆက်နေပါ။”
ဒီလူ တကယ်ပဲ ဦးနှောက်မကောင်းဟု မုယန်စီ စိတ်ထဲမှ တွေးလိုက်သည်။
ထို့နောက် မုယန်စီက
“မင်းကြီးက နောက်နေတာပါ။ အရင်က မင်းကြီးရဲ့ မိဖုရားက မင်းကြီးရဲ့ ဂုဏ်ပုဒ်ကို မသိခဲ့လို့ မင်းကြီးကို မလေးမစား ပြုမိနိုင်ပါတယ်။ ဒါပေမဲ့ အခု မင်းကြီးရဲ့ မိဖုရားက သိသွားပြီဆိုတော့ မင်းကြီးကို အရင်လို ဘယ်လိုဆက်ဆံရဲမှာလဲ။”
ခြိမ်းခြောက်သော လေသံဖြင့် လုချန်းက
“အခု မင်း ကိုယ့်ရဲ့ ဂုဏ်ပုဒ်ကို သိသွားပြီဆိုတော့ ကိုယ့်လို အဆင့်အတန်းမျိုးက လူတွေက မနာခံတာကို အမုန်းဆုံးဆိုတာကိုလည်း နားလည်သင့်တယ်။”
“မင်းသာ မနာခံဘူးဆိုရင် မင်းရဲ့ကံကြမ္မာက ဘယ်လိုဖြစ်လာမယ်လို့ ထင်လဲ။”
ထိုစကားကို ကြားသောအခါ မုယန်စီ အနည်းငယ် မှင်တက်သွားသည်။ နောက်တစ်ခဏတွင် သူမ၏ စိတ်နှလုံးထဲမှ မီးတောက်များသည် ချက်ချင်း တောက်လောင်လာသည်။
ဒီလူက ဘာမို့လို့လဲ။
သူက ရှန်ဝူဧကရာဇ်ရဲ့ သားတော်ဖြစ်တော့ရော ဘာဖြစ်လဲ။
သူမ၏ အင်အားစုများထံ ဘယ်တော့မှ ပြန်မသွားပဲ ကြယ်တာရာများကြားတွင် လှည့်လည်သွားလာနိုင်သည်။
ထိုအတွေးဖြင့် မုယန်စီက
“ဧကရာဇ်ကြီးရဲ့ သားတော်ဖြစ်လို့ ရှင့်ကို မျက်နှာသာပေးနေတာ။ ရှင် အတိအကျ ဘာလိုချင်နေတာလဲ။”
မုယန်စီ၏ မကျေမနပ်ဖြစ်နေသော မျက်နှာကို မြင်သောအခါ လုချန်းက ရယ်လျက်
“အင်း။ ဒီလိုမှပေါ့။”
သူမ၏ စိတ်ထဲတွင် မုယန်စီ ကျိန်ဆဲလိုက်သည်။
“အရူး။”
ထိုစဉ်မှာပင် လုချန်းက ဆက်လက်၍
“မင်း ကိုယ့်ကို ပြန်ပြောပြီးပြီ။ အခု မင်းကို အပြစ်ပေးဖို့ ကိုယ် ဘာလုပ်သင့်တယ်လို့ ထင်လဲ။”
ဒါက....
မုယန်စီသည် အနည်းငယ် ဇဝေဇဝါဖြစ်သွားသည်။ ဒီလူက သူမကိုထိုပုံစံဖြင့် စကားပြောခိုင်းပြီး ယခု သူမကို အပြစ်ပေးချင်နေတာလား။
မုယန်စီ လုံးဝ စကားမပြောနိုင် ဖြစ်နေစဉ်တွင် လုချန်းက ရုတ်တရက် ကိုင်းညွှတ်ကာ သူမ၏ နှုတ်ခမ်းများကို ပိတ်လိုက်ပြီး သူမအပေါ် နည်းလမ်းအမျိုးမျိုးကို ဆက်လက်အသုံးပြုခဲ့သည်။ မကြာမီတွင် အခန်းတွင်း၌ မုယန်စီ၏ အော်ဟစ်သံများဖြင့် ပဲ့တင်ထပ်သွားသည်။
လုချန်း သူမကို အပြစ်ပေးပြီးနောက် မုယန်စီ လုံးဝ ပင်ပန်းနွမ်းနယ်သွားပြီး လုချန်းအတွက် ကစားစရာ တစ်ခုထက် မပိုတော့ဟု ခံစားလိုက်ရသည်။
ထိုအခိုက်တွင် လုချန်းက မုယန်စီကို စိုက်ကြည့်ရင်း သူမ၏ ဖရိုဖရဲဖြစ်နေသော ဆံပင်များကို ညင်သာစွာ ပွတ်သပ်ပေးနေသည်။ မုယန်စီ အနည်းငယ် သက်သာလာသောအခါ အားနည်းစွာဖြင့်
“ရှင်သတ္တိရှိရင် ကျွန်မကို သတ်လိုက်လေ။”
“ကျွန်မ... အဆင့်မြင့်တဲ့သူတစ်ယောက် မဟုတ်ရင်တောင် ... အစော်ကားတော့ခံမှာတော့ မဟုတ်ဘူး။”
မုယန်စီ၏ ခေါင်းမာမှုကို မြင်သောအခါ လုချန်းက ပြုံးလျက်
“ကောင်းပြီ။ ကိုယ်နားလည်ပြီ။”
သူ၏ စကားဆုံးသည်နှင့် လုချန်းက နောက်တစ်ကြိမ် ကိုင်းညွှတ်ကာ မုယန်စီ၏ နှုတ်ခမ်းများကို ပိတ်လိုက်သည်။
“အွန်း အွန်း...”
ခေါင်းမာသော မိန်းမများနှင့် ဆက်ဆံခြင်းက လုချန်း အတွေ့အကြုံအရှိဆုံး အရာဖြစ်သည်။
……..
မျက်စိတစ်မှိတ်အတွင်း ရက်ပေါင်းများစွာ ကုန်လွန်သွားသည်။
အဓိက အင်အားစုများနှင့် တွေ့ဆုံရန် စီစဉ်ထားသော ရှနိုင်ငံတော်မှ အရပ်ဘက်အရာရှိများလည်း နဂါးနက်မြို့သို့ ထွက်ခွာသွားကြသည်။ အစပိုင်းတွင် သူတို့ မထွက်ခွာမီ လုချန်းက တစ်စုံတစ်ခု ကြေညာရန် နန်းတွင်းအစည်းအဝေးတစ်ခု ကျင်းပလိမ့်မည်ဟု သူတို့ ထင်ခဲ့ကြသော်လည်း သူတို့ ထွက်ခွာသည့်တိုင် လုချန်းက နန်းတွင်းအစည်းအဝေး မခေါ်ယူခဲ့ပေ။
နောက်ပိုင်းတွင် လုချန်းက မိန်းမတစ်ယောက်၏ အိပ်ရာထဲတွင် အမြဲရှိနေပြီး ရက်ပေါင်းများစွာ အခန်းထဲမှ မထွက်ပဲ ကာမစည်းစိမ်ထဲတွင်သာ တာဝန်မဲ့စွာ နစ်မြောနေကြောင်း သတင်းများ ပျံ့နှံ့လာသည်။
ဆွမ်ဧကရာဇ်က အမှန်တကယ် လက်နက်ချရန် ရည်ရွယ်ထားသောကြောင့် ယခုလို အကျင့်ပျက်နေခြင်းဖြစ်ကြောင်း ထိုသတင်းက အရပ်ဘက်အရာရှိများအား ယူဆစေသည်။
မည်သို့ပင်ဖြစ်စေ သူသည် နိုင်ငံများကို စုစည်းပြီးခါ အချိန်၌ပင် အလွန် အင်အားကြီးမားသည့် ရန်သူများနှင့် ရင်ဆိုင်နေရသည်။ ထို့ပြင် ရန်တစ်ဦးတည်း မဟုတ်ပဲ အင်အားကြီး ဂိုဏ်းကြီများစွာ ဖြစ်သည်။ ဒါက ဆွမ်ဧကရာဇ်အတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခု အမှန်ပင် ဖြစ်သည်။
ထို့ကြောင့် သူ၏ စိုးရိမ်သောကများကို မေ့ပျောက်ရန် ကာမဂုဏ် သာယာမှုများတွင် နှစ်မြုပ်နေလိုခြင်း ဖြစ်နိုင်သည်။
ဆွမ်ဧကရာဇ် အကျင့်ပျက်ယွင်းလာပြီး စိတ်ဓာတ်ကျနေကြောင်း သိရှိပြီးနောက် နဂါးနက်မြို့သို့ ဦးတည်နေသော အရပ်ဘက်အရာရှိများစိတ်ထဲတွင် အခြားသော အတွေးများ စတင်ဝင်လာကြသည်။
ဆွမ်ဧကရာဇ်သည် စိတ်ဓာတ်ကျနေပြီဖြစ်သောကြောင့် ရှနိုင်ငံတော်အတွက် အမှန်တကယ် ထွက်ပေါက်မရှိတော့ဟု အဓိပ္ပာယ်ရသည်။ ဆွမ်ဧကရာဇ်ထံတွင် မြူခိုးဒေသမှ အင်အားစုများကို ရင်ဆိုင်ရန် လျှို့ဝှက်လက်နက်များ မကျန်တော့ပေ။ ထို့ကြောင့် သူတို့သည်လည်း သခင်အသစ်တစ်ဦး ရှာဖွေရန် စတင်စဉ်းစားသင့်သည်။
ထိုသို့သော အတွေးမျိုးက အရပ်ဘက်အရာရှိအများစု၏ အတွေး ဖြစ်သည်။
……..
ထိုအချိန်တွင်။
ယန်စီနန်းဆောင်၌။
မုယန်စီ၏ အခန်းအတွင်း။
သူမသည် လုချန်း၏ ရင်ဘတ်ပေါ်တွင် လှဲလျောင်းနေပြီး သူမ၏ လက်များက သူ၏ ခါးကို ရစ်ပတ်ထားကာ သူမ၏ ဆံပင်များက အိပ်ရာပေါ်တွင် ဖြန့်ကျနေသည်။
လုချန်းက မုယန်စီ၏ ကျောပြင်ကို ညင်သာစွာ ပွတ်သပ်ပေးနေပြီး တစ်စုံတစ်ခု ပြောမည်ပြုစဉ် မုယန်စီက အရင်စကားပြောလိုက်သည်။
“မင်းကြီးက တကယ်ပဲ ရှန်ဝူဧကရာဇ်ရဲ့ သားတော်ပါပဲ။”
မုယန်စီ၏ ချီးကျူးသကဲ့သို့သော စကားကို ကြားသောအခါ လုချန်းက ပြုံးလျက် မေးလိုက်သည်။
“ဒါဆို ကျေနပ်ရဲ့လား။”
မုယန်စီက ချက်ချင်း ပြန်ဖြေလိုက်သည်။
“ကျေနပ်ပါတယ်။”
မုယန်စီ မကျေနပ်ကြောင်း ဖော်ပြရန် မရဲပေ။ လုချန်း နောက်တစ်ကြိမ် ဒေါသထွက်မည်ကို သူမ စိုးရိမ်နေသည်။
မုယန်စီ အနည်းငယ် ထိုင်လိုက်ပြီး သူမ၏ လက်များက လုချန်း၏ ခါးနှစ်ဖက်ကို ထောက်ထားကာ လုချန်းကို ကြည့်ရင်း မေးလိုက်သည်။
“မင်းကြီး ကျွန်မကို ဘယ်လိုဆက်ဆံဖို့ စီစဉ်ထားလဲ။”
ရိုးရိုးသားသားပြောရလျှင် သူမ လုချန်း၏ အတွေးများကို လုံးဝ နားမလည်နိုင်ခဲ့ပေ။ လုချန်းနှင့် ရက်ပေါင်းများစွာ တိုက်ပွဲဝင်ပြီးနောက် သူ လုံးဝ အောင်နိုင်သွားကြောင်း သူမ သိခဲ့ပြီဖြစ်သည်။ လုချန်းက သူမကို အနာဂတ်တွင် မည်သို့ ဆက်ဆံမည်ကိုသာ သူမ သိချင်နေသည်။
လုချန်းသည် သူ၏ လက်ကို မြှောက်ကာ မုယန်စီ၏ ပါးပြင်ကို ပွတ်သပ်ရင်း
“အခုကစပြီး ကိုယ့်ဘေးမှာပဲ လိမ်လိမ်မာမာနေ။ ထွက်သွားဖို့ မစဉ်းစားနဲ့။”
မုယန်စီက
“မင်းကြီး သိသင့်ပါတယ်။ ကျွန်မ မင်းကြီးကို ထားပြီး မသွားနိုင်တော့ပါဘူး။ ဒါကြောင့် မင်းကြီး ပြောသည်ဖြစ်စေ၊ မပြောသည်ဖြစ်စေ ကျွန်မက မင်းကြီးရဲ့ ဘေးမှာပဲ မင်းကြီးရဲ့ သဘောအတိုင်း နေရမှာပါ။”
လုချန်းက ရယ်မောကာ
“မင်း စကားလုံးသုံးတဲ့ပုံစံကို ကြည့်ပါဦး။
‘ကိုယ့်ရဲ့ သဘောအတိုင်း’ ဆိုတာက ဘာကိုဆိုလိုတာလဲ။ ကိုယ်က မင်းကို ကျင့်စဉ်အတွက် ကူညီပေးနေတာ။ မင်းမျက်စိထဲမှာ ဒါက မင်းကို အသုံးချ နေတာလို့ ဘယ်လိုမြင်သွားရတာလဲ။”
မုယန်စီက မကျေမနပ်ဖြင့်
“မင်းကြီးက ကျွန်မရဲ့ ခန္ဓာကိုယ်ကို အသုံးချနေသလား မချဘူးလားဆိုတာ မင်းကြီး အသိဆုံးပါ။”
အကယ်၍ ကျင့်ကြံရန် ရည်ရွယ်ချက်အတွက်သာ ဖြစ်ပါက တရားထိုင်ခြင်းက လုံလောက်၏။ ကိုယ်ဟန်အနေအထားများကို မကြာခဏ ပြောင်းလဲရန် မလိုအပ်ပေ။
သို့သော် ဒီလူက နည်းလမ်းပေါင်းစုံကို သုံးခဲ့သည်။ ထို့ကြောင့် ဒါက ကျင့်ကြံခြင်းအတွက်သက်သက် မည်သို့ ဖြစ်နိုင်မည်နည်း။ ယခု သူမသည် သူမ၏ ဝမ်းဗိုက်ထဲတွင် အလွန်ပြည့်အင့်နေသည်ဟု ခံစားရပြီး သူ၏ ကလေးကို ကိုယ်ဝန်လွယ်ထားရပြီလားဟုပင် တွေးမိသည်။
ထိုအခိုက်တွင် မုယန်စီ အသာအယာ သက်ပြင်းချလိုက်သည်။
“ဧကရာဇ်ကြီးရဲ့ သားတော်တစ်ပါးလက်ထဲ ရောက်သွားရတဲ့ ကျွန်မရဲ့ကံကြမ္မာက တကယ်ကို ကြမ်းတမ်းတာပဲ။”
လုချန်းက
“မင်း တခြား သားတော်တွေလက်ထဲ မရောက်သွားတာကို ကံကောင်းတယ်လို့ စဉ်းစားသင့်တယ်။ သူတို့က မင်းကို ကိုယ့်လို ကြင်ကြင်နာနာ ဆက်ဆံမှာ မဟုတ်ဘူး။”
လုချန်း၏ စကားဆုံးသည်နှင့် အပြင်ဘက်မှ အစေခံတစ်ဦး၏ အသံထွက်ပေါ်လာသည်။
“မင်းကြီး။ ပညာရှိကြီးနဲ့ တခြားသူတွေက တွေ့ဆုံခွင့်တောင်းနေပါတယ်။ စစ်ရေးအစည်းအဝေးကို ရွှေ့ဆိုင်းသင့်ပါသလား။”