← Chapters

ဖုန်းရင်ကျွန်းသို့ သွားရန် ပြင်ဆင်ခြင်း

Vol. 64 Ch. 957

ဖုန်းရင်ကျွန်းသို့ သွားရန် ပြင်ဆင်ခြင်း

Vol. 64 Ch. 957

နန်းတွင်းအစေခံ၏ အကြောင်းကြားမှုကို ကြားပြီးနောက် ယနေ့တွင် စစ်ရေးအစည်းအဝေးတစ်ခု ရှိကြောင်း လုချန်း သတိရသွားသည်။ အဓိကအားဖြင့် စစ်တပ်သစ်၏ ပြုပြင်ပြောင်းလဲရေးနှင့် မြူခိုးဒေသမှ အဓိကအင်အားကြီးများနှင့် ဖြစ်ပွားမည့် စစ်ပွဲအကြောင်း ဆွေးနွေးရန် ဖြစ်သည်။

သူ၏ တာဝန်များကို ရက်ပေါင်းများစွာ လစ်လျူရှုခဲ့ပြီးနောက် အခု အလေးအနက်ထားရမည့် ကိစ္စများနှင့် အလုပ်ရှုပ်ရမည့်အချိန် ရောက်ပြီဖြစ်သည်။ ထိုသို့တွေးရင်း လုချန်းက မုယန်စီ၏ မျက်နှာကို ညင်သာစွာ ပွတ်သပ်ကာ သူမ၏ မျက်ဝန်းများကို စိုက်ကြည့်ရင်း

“သခင်မလေး။ ကျွန်‌တော့်မှာ ဒီနေ့ အရေးကြီးအစည်းအဝေးတစ်ခုရှိတယ်။ ဒါကြောင့် မင်းကို ဆက်ပြီး အဖော်ပြုပေးနိုင်တော့မှာ မဟုတ်ဘူး။”

“အခု မင်း ကောင်းကောင်း အနားယူသင့်တယ်။”

မုယန်စီက ညင်သာစွာဖြင့်

“အင်း”

သူမသည် နောက်ထပ် ဘာမှမပြောခဲ့ပါ။ လုချန်း အလုပ်များနေသောကြောင့် သူ့ကို ထပ်မံ စိန်ခေါ်ရန် အချိန်မဟုတ်ပေ။ စဉ်ဆက်မပြတ် စိန်ခေါ်ခြင်းသည် လုချန်းက သူမကို ပိုမိုနှိပ်စက်ခြင်းသို့ သေချာပေါက် ဦးတည်သွားပေလိမ့်မည်။

ထိုအခိုက်တွင် လုချန်းက မုယန်စီ၏ ခါးကို ဖကိလိုက်ပြီး ကိုင်းညွှတ်၍ သူမ၏ နှုတ်ခမ်းများကို ညင်သာစွာ နမ်းရှိုက်လိုက်သည်။

ခဏအကြာတွင် လုချန်း မုယန်စီနားမှ ထကာ ရေချိုးခန်းသို့ တန်းသွားလိုက်သည်။ မုယန်စီသည်လည်း ထရန် စီစဉ်ခဲ့သော်လည်း သူမ ထလိုက်သည်နှင့် သူမ၏ ခန္ဓာကိုယ် ပျော့ခွေသွားပြီး ပြန်လည် လဲကျသွားသည်။

သူတို့ချင်း ရင်းနှီးသော အခိုက်အတန့်များအတွင်း လုချန်းသည် မုယန်စီ၏ ဒဏ်ရာများကို ကုသရန် ပြန်လည်သန်စွမ်းစေ‌သောစွမ်းအားကို စဉ်ဆက်မပြတ် အသုံးပြုခဲ့ပြီး သူမ၏ အင်အားအချို့ကို ပြန်လည်ရရှိရန် ကူညီပေးခဲ့သော်လည်း သူ ယူဆောင်လာသော ခံစားမှုများသည် ရုပ်ပိုင်းဆိုင်ရာသက်သက် မဟုတ်ခဲ့ပေ။

သူမ၏ စိတ်ဝိညာဉ်သည် အမြဲတမ်း ပြင်းထန်သော စိတ်လှုပ်ရှားမှု အခြေအနေတွင် ရှိနေခဲ့ပြီး ယခု သူမ စိတ်လျှော့လိုက်သောအခါ သူမ၏ ခန္ဓာကိုယ်သည်လည်း လုံးဝ ပျော့ခွေသွားသည်။

အားအင်လုံးဝ ကင်းမဲ့နေသည့် သူမ၏ အဖြစ်ကို သတိပြုမိသောအခါ လုချန်း၏ ထွက်ခွာသွားသော ပုံရိပ်ကိုသာ ငေးကြည့်ရင်း ခါးသီးစွာဖြင့်

“သွားနှင့်ပါဦး မင်းကြီး။”

လုချန်း ရေချိုးခန်းထဲသို့ ဝင်သွားပြီးနောက် မုယန်စီ ညင်သာစွာ သက်ပြင်းချလိုက်သည်။ ဒါက ပထမဆုံးအကြိမ်ဖြစ်သော်လည်း ရက်ပေါင်းများစွာ ဆက်တိုက် ဖြစ်ခဲ့သည်။

ရှေ့ဆက်ရမည့် နေ့ရက်များသည် ရှည်လျားလှပြီး အနာဂတ်တွင် သူမ မည်သို့ ခံနိုင်ရည်ရှိမှာလဲဟု သူမ တွေးမိသည်...

လုချန်းသည် ကျင့်စဉ်ကျင့်ကြံနေသကဲ့သို့ ထင်ရသော်လည်း သူ၏ တကယ့်ရည်ရွယ်ချက်မှာ သာယာမှုအတွက်ဖြစ်ကြောင်း သူမ ခံစားမိနိုင်သည်။ သူသည် ကာမဂုဏ်ကို နှစ်သက်သော ယောက်ျားတစ်ယောက် ဖြစ်သည်။

လုချန်း၏ မျက်စိထဲတွင် သူမ ကစားစရာတစ်ခု ဖြစ်သွားသည်မှာ သံသယ ဖြစ်စရာ မရှိပေ။ လွန်ခဲ့သော ရက်များကကဲ့သို့ လုချန်းက သူမကို ထပ်နှိပ်စက်မည်ကို တွေးကြည့်ရင်း သူမ၏ စိတ်အတွင်း၌ ဖော်မပြနိုင်သော စိတ်ခံစားမှုတစ်ခုကို ခံစားလိုက်ရသည်။

အနည်းငယ် ဝမ်းနည်းသလို ခံစားရသော်လည်း မျှော်လင့်ချက်တစ်ခုလည်း ရှိနေသည်။

နေပါးဦး... မျှော်လင့်ချက်လား။

သူမက ဘာဖြစ်လို့ သူနှိပ်စက်တာကို မျှော်လင့်နေရတာလဲ။

ထိုသို့ တွေးမိသောအခါ နောက်ထပ် မသင့်လျော်သော အတွေးများ မတွေးမိစေရန် မုယန်စီ သူမ၏ ခေါင်းကို အမြန်ခါယမ်းလိုက်သည်။

သူမသည် ဤလူယုတ်မာကို သူမ၏ ခန္ဓာကိုယ်အား စိုးမိုးခွင့်ပေးနိုင်သော်လည်း သူမ၏ စိတ်နှလုံးကိုမူ လုံးဝ သိမ်းပိုက်ခွင့် မပြုနိုင်ပေ။

ချက်ချင်းပင် သူမ၏ ကျင့်စဉ်ကို စတင်ကျင့်ကြံလိုက်ပြီး သူမ၏ ခန္ဓာကိုယ်မှ အညစ်အကြေးများကို ထုတ်ပယ်လိုက်သည်။ အဆိပ်အတောက်များ ဖယ်ရှားပြီးသည်နှင့် သူမ၏ ဝမ်းဗိုက်သည် ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားသည်။

သူမ၏ ပြားချပ်သော ဝမ်းဗိုက်ကို ကြည့်ရင်း မုယန်စီသည် သက်ပြင်းချလိုက်သည်။ တစ်စုံတစ်ခု ဖြစ်ပွားခဲ့ပြီဟု သူမ ထင်ခဲ့သော်လည်း ကံကောင်းစွာဖြင့် စုပုံနေသော အညစ်အကြေးအချို့သာ ဖြစ်သည်။

သူ၏ မိန်းမများကို တစ်ညတည်းဖြင့် ကိုယ်ဝန်ရစေနိုင်ခြင်းဆိုသည့် အထူးစွမ်းရည်တစ်ခုကို လုချန်း ပိုင်ဆိုင်ထားကြောင်းနန်းတွင်းအစေခံများထံမှ သူမ အမြဲကြားခဲ့ရသည်။

အစောပိုင်းက သူမ၏ ဝမ်းဗိုက်အခြေအနေကို ကြည့်ပြီး ပြဿနာတစ်ခုပေါ်ပေါက်ခဲ့ပြီဟု သူမထင်မှတ်နေခဲ့သည်။

အခုတော့ အကြောင်းမဲ့ စိုးရိမ်ခဲ့ခြင်းသာ ဖြစ်ကြောင်း ထင်ရှားသွားသည်။ မည်သို့ပင်ဖြစ်စေ သူမသည်လည်း မူလအစကမ္ဘာ၏ နယ်ပယ်မှ ဖြစ်သည်။ လုချန်းလည်း အတူတူပင် ဖြစ်သည်။ ကိုယ်ဝန်ရရန် ထိုမျှ လွယ်ကူမည် မဟုတ်ပေ။

လုချန်း ရေချိုးပြီး နန်းတွင်းအစေခံများ၏ အကူအညီဖြင့် ဝတ်စားဆင်ယင်ပြီးနောက်နန်းတွင်းစာကြည့်ခန်း၏ တံခါးဝသို့ ရောက်ရှိရန် အလင်းအရိပ်ကို ချက်ချင်း အသုံးပြုလိုက်သည်။

ထိုအချိန်တွင် ကျူးကဲ့ကျုံကောင်းနှင့် အခြားသူများ နန်းတွင်းစာကြည့်ခန်း၏ တံခါးဝတွင် စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။ လုချန်း ရောက်ရှိလာသည်ကို မြင်သောအခါ သူတို့အားလုံးက အရိုအသေပြု ဦးညွှတ်ကာ

“မင်းကြီးကို ဂါရဝပြုပါတယ်။ သက်တော်ရာကျော် ရှည်ပါစေ။”

လုချန်းက ခပ်ပေါ့ပေါ့ ပြောလိုက်သည်။ “ထုံးစံတွေ ထားလိုက်တော့။ အထဲဝင်ကြပါ။”

ထို့နောက် လုချန်း နန်းတွင်းစာကြည့်ခန်းထဲသို့ ဦးဆောင်ဝင်ရောက်သွားပြီး အခြားသူများအားလုံးလည်း အလျင်အမြန် လိုက်ပါသွားကြသည်။

နန်းတွင်းစာကြည့်ခန်းအတွင်းသို့ ရောက်သောအခါ အချိန်က နည်းပါးပြီး တာဝန်များက အရေးကြီးသောကြောင့် တပ်သစ်၏ လေ့ကျင့်ရေးဆိုင်ရာ ပြဿနာအချို့ကို ပထမဆုံး ဆွေးနွေးကြသည်။ ရှနိုင်ငံတော်နှင့် မြူခိုးဒေသမှ အင်အားစုများ ညှိနှိုင်းဆွေးနွေးရန်အချိန် နီးကပ်လာပြီဖြစ်သည်။ ထိုအချိန်တွင် နဂါးတပ်မတော်၏ ပထမဆုံးတိုက်ပွဲကို စတင်ရန် လိုအပ်သောကြောင့် နဂါးတပ်မတော်အတွက် လေ့ကျင့်ရေးအချိန်ဇယားသည် အလွန်ဖိအားများနေသည်။

ရှနိုင်ငံတော်နှင့် မြူခိုးဒေသမှ အင်အားစုများ ညှိနှိုင်းဆွေးနွေးမှုများ မစတင်မီ နဂါးတပ်မတော် ပထမ အသုတ်၏ တိုက်ခိုက်ရေးစွမ်းရည်ကို တည်ဆောက်ရန် လိုအပ်သည်။

နဂါးတပ်မတော်၏ လေ့ကျင့်ရေးပြဿနာများကို ဆွေးနွေးပြီးနောက် သူတို့ နောက်ထပ် ပြဿနာတစ်ခုနှင့် ကြုံတွေ့လိုက်ရသည်။ ၎င်းမှာ နဂါးတပ်မတော် မည်သို့လျင်မြန်စွာ တပ်ဖြန့်ချီတက် နိုင်မလဲ ဟူသော အချက်ဖြစ်သည်။

ညှိနှိုင်းဆွေးနွေးပွဲနားအထိ အင်းကွက်အမြောက်များကဲ့သို့သော လက်နက်ကြီးများကို တိုက်ရိုက် ယူဆောင်လာ၍ မဖြစ်နိုင်‌ပေ။ မြူခိုးဒေသမှ အင်အားစုများသည် လူမိုက်များ မဟုတ်ကြပေ။ သူတို့နှင့် ညှိနှိုင်းရန် လာပါက ရှနိုင်ငံတော်၏ လက်နက်ကြီးများကို အဘယ်ကြောင့် ယူဆောင်လာမည်နည်း။ တစ်စုံတစ်ခု မှားယွင်းနေသည်ကို သူတို့ ကောင်းကောင်းကြီး သိသွားနိုင်စရာ ရှိသည်။

မြူခိုးဒေသနှင့် ဆက်ဆံရန် သွားသော အရပ်ဘက်အရာရှိများနှင့်အတူ ရှနိုင်ငံတော်၏ ထောက်လှမ်းရေးတပ်အချို့ လိုက်ပါ စောင့်ရှောက်ကြသည်။ ထို့ကြောင့် ရှနိုင်ငံတော်၏ သေနတ်များသည် မြူခိုးဒေသမှ လူများအတွက် လျှို့ဝှက်ချက်တစ်ခု မဟုတ်တော့ပေ။

အင်းကွက်လက်နက်များသည် သေနတ်များမဟုတ်ပဲ သေနတ်များထက် ပိုမိုအားကောင်းသော်လည်း မြူခိုးဒေသမှ ထိုအင်အားစုများ၏ မျက်စိထဲတွင်တော့ သေနတ်များအား ရှနိုင်ငံတော်၏ အပြင်းထန်ဆုံး လက်နက်များအဖြစ် မြင်ထားကြသည်။ ထို့ကြောင့် ရှနိုင်ငံတော်၏ အပြင်းထန်ဆုံး လက်နက်များကို ညှိနှိုင်းဆွေးနွေးပွဲသို့ ယူဆောင်လာခြင်းသည် မသင့်တော်ဟု ထင်ရသည်။

အရေးကြီးသောအချက်မှာ မြူခိုးဒေသမှ ထိုကျူးကျော်သူများ အားလုံး ညီညွတ်ခြင်း အဆင့်တွင် ရှိကြခြင်းဖြစ်သည်။ ၎င်းတို့အားလုံး၏ အစွမ်းသည် ဤကမ္ဘာရှိ အရိပ်အယောင် ကောင်းကင်လူသားများနှင့် ညီမျှကာ အာရုံခံနိုင်စွမ်းလည်း အလွန်အားကောင်းကြသည်။

ထို့ပြင် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေစဉ်တွင် အမျိုးမျိုးသော အင်အားစုများက အစောင့်များကို သေချာပေါက် စေလွှတ်ကြပေလိမ့်မည်။

ထိုကဲ့သို့သော အခြေအနေမျိုးတွင် နဂါးတပ်မတော် အနေနှင့် စစ်မြေပြင်သို့ ဝင်ရောက်ရန် လွယ်ကူမည် မဟုတ်ပေ။

ဟုတ်ပါသည်။ နောက်ထပ် ပြဿနာတစ်ခု ရှိသေးသည်။ အင်းကွက်အမြောက်များကို လျှို့ဝှက် ဖြန့်ကျက်သည်ထားဦး ထိုအမြောက်များ ပစ်ခတ်သည့်အချိန် ပထမဆုံး မှိုပွင့်တိမ်တိုက် ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူတို့ လှည့်စားခံခဲ့ရကြောင်း ထိုအင်အားစုများ သေချာပေါက် သိရှိသွားမည်ဖြစ်သည်။ အင်အားကြီးမားသော အင်းကွက်အမြောက်များနှင့် ရင်ဆိုင်ရပါက သူတို့သည် မလွဲမသွေ တစ်ကွဲတပြား ထွက်ပြေးကြပေလိမ့်မည်။

နဂါးတပ်မတော်တွင် အဆင့်ကိုး စစ်သားများ ပါဝင်သော်လည်း အဆင့်ကိုး သိုင်းပညာရှင်များသည် ညီညွတ်ခြင်း အဆင့် ကျင့်စဉ်ကျင့်သူများကို အင်းကွက်အမြောက်များဖြင့် လိုက်လံဖမ်းဆီးနိုင်စွမ်း မရှိသေးပေ။

ကျင့်စဉ်ကျင့်သူများနှင့် စစ်တပ်မှ သိုင်းပညာရှင်များကြားရှိ ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် ကွာခြားမှုက အတော်လေး များနေသည်။ အထူးသဖြင့် ကျင့်စဉ်ကျင့်သူများ၏ ခန္ဓာကိုယ်များတွင် စိတ်ဝိညာဉ် စွမ်းအားများဖြင့် ပြည့်နှက်နေသည့်အခါတွင် ဖြစ်သည်။

အကယ်၍ အဓိကအင်အားစုများ၏ တပည့်များကို ထွက်ပြေးခွင့်ပြုလိုက်ပါက သူတို့သည် သူတို့၏ ဒေါသများကို ဖြေဖျောက်ရန် ရှနိုင်ငံတော်၏ သာမန်ပြည်သူများကို မလွဲမသွေ သတ်ဖြတ်ကြပေလိမ့်မည်။ ထိုအခါ သာမန်ပြည်သူများအတွက် နောက်ထပ် ဘေးအန္တရာယ်တစ်ခု ဖြစ်လာလိမ့်မည်။ ပြည်သူများသည် ဤဘေးအန္တရာယ် ဖြစ်ပေါ်ခြင်းအတွက် ရှနိုင်ငံတော် နန်းတွင်းအပေါ် အပြစ်တင်နိုင်သည်။ ထိုဖြစ်ရပ်မျိုးဖြစ်ပေါ်လာပါက ပြည်သူ့အမြင်တွင် မည်သို့မှ ကောင်းမည် မဟုတ်ပေ။

ကြာမြင့်စွာ ဆွေးနွေးကြသော်လည်း ကောင်းမွန်သော နည်းလမ်းတစ်ခုကို စစ်ဗိုလ်ချုပ်များ မစဉ်းစားနိုင်ခဲ့ကြပေ။ ထိုအခိုက်တွင် လုချန်းက တံခါးဝရှိ နန်းတွင်းအစေခံအား ပြောလိုက်သည်။

“တပ်မှူးချင်ကို ခေါ်လိုက်။”

“ဟုတ်ကဲ့ပါ မင်းကြီး။”

လုချန်း၏ စကားကို ကြားသောအခါ နန်းတွင်းစာကြည့်ခန်းထဲရှိ စစ်ဗိုလ်ချုပ်များ အနည်းငယ် စိတ်ရှုပ်ထွေးသွားကြသည်။ အဘယ်ကြောင့် ဤအချိန်တွင် အထူးကိုယ်ရံတော် တပ်မှူးကို ခေါ်ရသနည်း။

အထူးကိုယ်ရံတော်များသည် ထောက်လှမ်းရေးအတွက်သာ တာဝန်ရှိပြီး တိုက်ခိုက်ရန်အတွက် မဟုတ်ပေ။

လူတိုင်း ပဟေဠိ ဖြစ်နေစဉ်တွင် ချင်ယူရှန် နန်းတွင်းစာကြည့်ခန်းသို့ ရောက်ရှိလာသည်။

“မင်းကြီးကို ဂါရဝပြုပါတယ်။သက်တော်ရာကျော် ရှည်ပါစေ။”

လုချန်းက

“ထုံးစံတွေ ထားလိုက်တော့။”

ချင်ယူရှန်လည်း ချက်ချင်း ထလိုက်ပြီးနောက် နန်းတွင်းစာကြည့်ခန်းထဲရှိ စစ်ဗိုလ်ချုပ်များကို တစ်ချက်ကြည့်လိုက်သည်။

စစ်ရေးအစည်းအဝေးတစ်ခု ကျင်းပနေတာဖြစ်ကြောင်း သူ ချက်ချင်း သိလိုက်သည်။ ဧကရာဇ်က အဘယ်ကြောင့် ဤအချိန်တွင် အထူးကိုယ်ရံတော် တပ်မှူးဖြစ်သော သူ့ကို ခေါ်လိုက်တာလဲဟု သူလည်း ပဟေဠိ ဖြစ်နေသည်။

ထို့နောက် လုချန်းက

“တပ်မှူးချင်။ အခု ရန်ခရိုင်ကနေ အမြန်ဆုံးနှုန်းနဲ့ ထွက်မယ်ဆိုရင် ဖုန်းယင်ကျွန်းကို ရောက်ဖို့ ဘယ်လောက်ကြာမလဲ။”

ချင်ယူရှန်က ချက်ချင်းပင်

“မင်းကြီး။ ကျွန်တော်တို့ အထူးကိုယ်ရံတော်တွေရဲ့ သတင်းပို့သမားတွေက ဖုန်းယင်ကျွန်းကနေ လဝက်အတွင်း ပြန်ရောက်နိုင်ပါတယ်။”

“အခုဆိုရင် ရထားလမ်းက အရှေ့တောင်ဘက်ကမ်းရိုးတန်းအထိ ပေါက်နေပါပြီ။ ပင်လယ်ထဲမှာလည်း ရေနွေးငွေ့သင်္ဘောတွေ ရှိနေပြီဖြစ်လို့ ခရီးသွားချိန်က အရင်ကထက် အများကြီး လျော့နည်းသွားပါတယ်။”

လုချန်း ခဏခန့် စဉ်းစားပြီးနောက်

“ သိပြီ။”

ထို့နောက် လုချန်းက နန်းတွင်းစာကြည့်ခန်းထဲရှိ လူများအား ပြောလိုက်သည်။

“အခုလောလောဆယ် ကောင်းမွန်တဲ့ ဖြေရှင်းချက်တစ်ခုကို မစဉ်းစားနိုင်သေးတဲ့အတွက် ဒီပြဿနာတွေကို ခဏဘေးဖယ်ထားပြီး တပ်သစ်တွေကို လေ့ကျင့်ပေးဖို့ကိုပဲ အရင် အာရုံစိုက်ကြရအောင်။ တရားဝင်ညှိနှိုင်းမှုတွေ မစခင်မှာ တပ်သစ်က တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်နေအောင် သေချာလုပ်ရမယ်။”

“ကျွန်တော် နောက်တစ်လအတွင်း ဖုန်းယင်ကျွန်းကို သွားလည်မယ်။”

ဒါက...

လုချန်း၏ စကားကို ကြားသောအခါ လူတိုင်း ခဏခန့် မှင်တက်သွားကြသည်။

ဒီလို အရေးကြီးတဲ့ အချိန်အခါမျိုးမှာ ဧကရာဇ်က ဘာလို့ ဖုန်းယင်ကျွန်းကို သွားရတာလဲ။

ဖုန်းယင်ကျွန်းကို သွားလည်ရတဲ့ ရည်ရွယ်ချက်က ဘာလဲ။

လုချန်း ခဏစဉ်းစားပြီးနောက် ဆက်လက်၍

“ဒီ ဖုန်းယင်ကျွန်းခရီးစဉ်ကို ကျွန်တော်ရယ်

မုနဲ့လျှို မိဖုရားတို့ပဲ သွားမယ်။ အခြားဘယ်အခြွေအရံမှ မပါဘူး။”

လုချန်း၏ စကားကို ကြားသောအခါ လူတိုင်းက ထိုသို့သော ခရီးစဉ်မှ ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကို ထုတ်ပြော၍ ကန့်ကွက်မှုများ ပြုလုပ်ရန် တွေးလိုက်မိကြသည်။ သို့သော် လက်ရှိ ထျန်းချန်ကမ္ဘာ၌ သူတို့၏ ဧကရာဇ်ကို ခြိမ်းခြောက်နိုင်သူ တစ်ယောက်မှ မရှိကြောင်း သူတို့ သတိရသွားကြသည်။

အရပ်ဘက်အရာရှိများနှင့်မတူပဲ ဤစစ်ဗိုလ်ချုပ်များကတော့ လုချန်း၏ အင်အားကို ကောင်းစွာ သိကြသည်။

နောက်ဆုံးတွင် မည်သူမှ လုချန်းကို တားမြစ်ရန် မကြိုးစားခဲ့ကြပေ။

ဧကရာဇ်က ဤအချိန်တွင် ဖုန်းယင်ကျွန်းသို့ သွားမည်ဆိုပါက သူ့တွင် အရေးကြီးကိစ္စများ ရှိသည်ဟု အဓိပ္ပာယ်ရသည်။ သူတို့ ဖုန်းရင်ကျွန်းမှ ရရှိခဲ့သော အထူးသတ္တုပစ္စည်းများကို ထည့်သွင်းစဉ်းစားပါက အစောပိုင်းက သူတို့ ဆွေးနွေးခဲ့သော ပြဿနာများကို ဖြေရှင်းနိုင်မည့် တစ်စုံတစ်ခု ထိုကျွန်းပေါ်တွင် ရှိရမည်ဟု လူတိုင်း ခန့်မှန်းလိုက်ကြသည်။

ထိုစဉ် လုချန်းက

“ဒီနေ့ စစ်ရေးအစည်းအဝေးအတွက်တော့ ဒီလောက်ပါပဲ။ ကျွန်တော့်ရဲ့ ချစ်လှစွာသော ဗိုလ်ချုပ်တို့က တပ်အသစ်ရဲ့ တည်ဆောက်ရေး ပြဿနာတွေကို ဆက်ပြီး စဉ်းစားကြပါ။ အကြံကောင်းတွေ ရလာရင် ချရေးပြီး တင်ပြကြပါ။ ကျွန်တော် ဖုန်းယင်ကျွန်းက ပြန်လာပြီးရင် ဖြည်းဖြည်းချင်း ပြန်စစ်ဆေးမယ်။”

သူ၏ စကားဆုံးပြီးနောက် လုချန်း ထိုနေရာတွင်ပင် ပျောက်ကွယ်သွားသည်။ စစ်ဗိုလ်ချုပ်များလည်း လုချန်း ထိုင်ခဲ့သော နေရာသို့ ဦးညွှတ်ကာ

“မင်းကြီးကို နှုတ်ဆက်ပါတယ်။”

နန်းတွင်းစာကြည့်ခန်းမှ ထွက်ခွာပြီးနောက် လုချန်း ချင်းချိုနန်းဆောင်သို့ တိုက်ရိုက် သွားလိုက်သည်။ ထိုအခိုက်တွင် လျှိုချင်းချိုသည် အဆောင်ငယ်လေးတစ်ခုတွင် တရားထိုင်နေသည်။ ထိုစဉ် လုချန်း၏ တည်ရှိမှုကို သူမ အာရုံခံမိပြီး ချက်ချင်း မျက်လုံးဖွင့်လိုက်သည်။

ထို့နောက် လျှိုချင်းချိုက မတ်တပ်ရပ်ကာ လုချန်းကို အကဲခတ်ရင်း

“မင်းကြီးက အိမ်နီးချင်း အလှမယ် အသစ်ကို အဖော်မပြုပဲ ကျွန်မရဲ့ နန်းဆောင်ကို ဘာကိစ္စနဲ့ ရောက်လာတာလဲ။”

လုချန်းက ပြုံးလျက်

“သခင်မလေးက သဝန်တိုနေတာလား။”

လျှိုချင်းချိုက ညင်သာစွာ ရယ်မောကာ

“ကျွန်မက ဘာလို့ သဝန်တိုရမှာလဲ။”

“ပြောပါဦး။ ကျွန်မရဲ့ နန်းဆောင်ကို ဘာကိစ္စနဲ့ ရောက်လာတာလဲ။”

လုချန်း သူမထံသို့ ထိုရည်ရွယ်ချက်များဖြင့် လာလေ့ရှိသည်ကို သိသော်လည်း သူနှင့်

မုယန်စီ ရက်ပေါင်းများစွာ ညပေါင်းများစွာ အတူတူ ဖြတ်သန်းခဲ့ပြီး ခါစဖြစ်သည်ကို ထည့်သွင်းစဉ်းစားပါက သူ ထိုအကြောင်းကို ဤမျှ မြန်မြန် ထပ်မံစဉ်းစားနိုင်စရာ မရှိပေ။

သူသည် ခုနက နန်းတွင်းစာကြည့်ခန်းတွင် ရှိနေခဲ့သည်။ ထို့ကြောင့် ကိစ္စ တစ်စုံတစ်ခု ပေါ်ပေါက်လာတာ ဖြစ်နိုင်သည်။ သူမထံ ယခု သူလာရောက်ခြင်းက အရေးကြီး ကိစ္စတစ်ခုနှင့် အမှန်တကယ် ပတ်သက်နေနိုင်သည်။

လျှိုချင်းချို၏ စကားကို ကြားသောအခါ လုချန်းက ရယ်မောကာ

“ကိုယ်က သခင်မလေးကို လွမ်းလို့ လာတွေ့တာ မဖြစ်နိုင်ဘူးလား။”

လျှိုချင်းချိုက မကျေမနပ်ဖြင့်

“ကျွန်မက မင်းကြီးရဲ့ မိဖုရားဆောင်ထဲက တခြား ဇနီးတွေနဲ့ မတူဘူး။ မင်းကြီးရဲ့ ချိုချိုသာသာ စကားတွေကို ကျွန်မ မယုံတတ်ဘူး။”

All Chapters