← Chapters

ကိုယ်ပိုင်လက်နက်များပါသော နတ်လှေ

Vol. 64 Ch. 960

ကိုယ်ပိုင်လက်နက်များပါသော နတ်လှေ

Vol. 64 Ch. 960

လုချန်းက သူမကို နာမည်ပေးသည်ကို ကြားသောအခါ အနီရောင်ဝတ်စုံနှင့် မိန်းကလေး၏ မျက်နှာအမူအရာ ပြောင်းလဲမှုမရှိသော်လည်း သူမက နောက်တစ်ကြိမ် ဦးညွှတ်ကာ

“နာမည်ပေးတဲ့အတွက် သခင်ကြီးကို ကျေးဇူးတင်ပါတယ်။”

လုချန်း အပိုစကားများ ဆက်မပြောတော့ပေ။ သူက ဟုန်ဟုန်ကို ချက်ချင်း ပြောလိုက်သည်။

“ဟုန်ဟုန်။ အနောက်မြောက်ဘက်ကို ဦးတည်”

လုချန်း၏ အမိန့်ကို ကြားသောအခါ လှေဝိညာဉ် ဟုန်ဟုန်က

“ဟုတ်ကဲ့ပါ သခင်ကြီး။”

ထို့နောက် ဟုန်ဟုန်လည်း တစ်ဖက်လှည့်ကာ နတ်လှေကို ထိန်းချုပ်လိုက်ပြီး ရန်ခရိုင်ဘက်သို့ ပျံသန်းသွားသည်။ ထိုအချိန်မှာပင် လုချန်း၏ စိတ်ထဲ၌ စနစ်၏ အသိပေးချက် ထွက်ပေါ်လာသည်။

“သခင်သည် ဖေးဟုန် နတ်လှေနှင့် ဆက်နွယ်မှုရှိသွားပြီဖြစ်သည်။ သင်၏ စိတ်ထဲမှ တွေးလိုက်ရုံဖြင့် နတ်လှေဝိညာဉ်က သင်၏ အတွေးများကို သိရှိနိုင်သည်။ ရှင်းလင်းစွာ အမိန့်ပေးရန် မလိုအပ်ပါ။”

စနစ်၏ အချက်ပေးသံကို ကြားပြီးနောက် လုချန်းလည်း ဟုန်ဟုန်၏ ကျောပြင်ကို ကြည့်ရင်း ပိုကျေနပ်သွားသည်။ ဝိညာဉ်ပါသော နတ်‌လှေတစ်စင်းကို ပိုင်ဆိုင်ရခြင်းက ဤမျှ အဆင်ပြေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

သို့သော် လုချန်း မသိသောလိုက်သောအချက်မှာ ဟုန်ဟုန် လှည့်ထွက်သွားပြီးနောက် သူမ၏ အမူအရာကင်းမဲ့သော မျက်နှာတွင် ခပ်ဖျော့ဖျော့ ပြောင်းလဲမှုတစ်ခု ပေါ်လာပြီး သူမ၏ နှုတ်ခမ်းထောင့်များ အကြိမ်အနည်းငယ် လှုပ်သွားသကဲ့သို့ ဖြစ်နေသည်။

လုချန်းက ဝိညာဉ်ကို ရန်ခရိုင်သို့ ပျံသန်းရန် အမိန့်ပေးနေသည်ကို ကြည့်ရင်း လျှိုချင်းချိုက ဘေးမှ ပြောလိုက်သည်။

“မင်းကြီးကို ကျွန်မတို့က လှေထိန်းချုပ်နည်း သင်ပေးစရာ မလိုတော့ဘူးထင်တယ်။ ဟုတ်တယ်မလား။”

လုချန်းက ပြုံးလျက်

“မလိုအပ်တော့ပါဘူး။ ဒီနတ်‌လှေက လူကိုယ်တိုင် ထိန်းချုပ်စရာမလိုပဲ ပျံသန်းနိုင်လိမ့်မယ်လို့ ကိုယ် မထင်ထားခဲ့ဘူး။”

မုယန်စီက ဘေးမှ ဖြည့်စွက်ပြောလိုက်သည်။

“မင်းကြီး။ နတ်လှေတိုင်းက ဒီလောက် အဆင်ပြေတာ မဟုတ်ပါဘူး။ မင်းကြီးရဲ့ နတ်လှေလို ဝိညာဉ်ရှိတဲ့ လှေတွေမှသာ လူကိုယ်တိုင် ထိန်းချုပ်စရာ မလိုတာပါ။”

ထိုအချိန်တွင် လုချန်းလည်း လှေဦးပိုင်းသို့ သွားကာ အဝေးမှ ကျယ်ပြန့်သော သမုဒ္ဒရာကို ကြည့်ရင်း အလွန် စိတ်လက်ပေါ့ပါးနေသည်။ ဤနတ်လှေ ရှိနေပါက မြူခိုးဒေသမှ ရန်သူများကို လိုက်လံတိုက်ခိုက်ရန် လွယ်ကူပေလိမ့်မည်။

မြူခိုးဒေသမှ ညီညွတ်ခြင်းအဆင့် တပည့်များ လျင်မြန်စွာ ထွက်ပြေးကြသည့်တိုင် နတ်လှေထပ် ပိုမြန်နိုင်မည်မဟုတ်ပေ။ အချိန်ကျလာသောအခါ နတ်လှေပေါ်တွင် အင်းကွက်အမြောက်များကို တပ်ဆင်ပြီး မြူခိုးဒေသမှ ရန်သူများကို ဗုံးကြဲတိုက်ခိုက်မည်ဖြစ်သည်။

ထိုမြင်ကွင်းကို တွေးကြည့်ရင်း လုချန်း အလွန်စိတ်လှုပ်ရှားနေသည်။

ထိုအချိန်တွင် လုချန်း တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပြီး စနစ်ကို မေးလိုက်သည်။

“စနစ်။ ဒီနတ်လှေပေါ်မှာ လက်နက်တွေ ပါသေးလား။”

ဖုန်းယင်ကျွန်းပေါ်တွင် တွေ့ရှိခဲ့သော လူသတ်လှံတံကို လုချန်း သတိရသွားသောကြောင့်ဖြစ်သည်။ လူသတ်လှံတံနှင့် ဖေးဟုန် နတ်လှေတို့သည် တစ်နေရာတည်းတွင် ပေါ်ထွက်ခဲ့သောကြောင့် ထိုလှံတံသည် နတ်လှေပေါ်မှ ပြုတ်ကျသွားသော လက်နက်တစ်ခု ဖြစ်နိုင်ခြေများသည်။

ဖေးဟုန်ကဲ့သို့ ကြီးမားသော နတ်လှေတွင် လူသတ်လှံတံကဲ့သို့သော တစ်ဦးချင်းသုံး လက်နက်များအပြင် အခြားလက်နက်များလည်း တပ်ဆင်ထားသင့်သည် မဟုတ်ပါလား။

လုချန်း ထိုသို့တွေးနေစဉ်မှာပင် စနစ်၏ အသိပေးချက် ထပ်မံထွက်ပေါ်လာသည်။

“ဖေးဟုန် နတ်‌လှေတွင် ကောင်းကင်အဆင့် တိုက်ခိုက်ရေးပုံစံ တပ်ဆင်ထားသည်။ သင့်ထံတွင် ဝိညာဉ်ကျောက်တုံးများ သို့မဟုတ် စိတ်ဝိညာဉ် စွမ်းအား ပေါများစွာရှိနေသမျှ ဖေးဟုန် နတ်လှေ၏ တိုက်ခိုက်ရေးပုံစံကို အဆက်မပြတ် အသုံးပြုနိုင်သည်။”

စနစ်၏ အဖြေကို ကြားပြီးနောက် လုချန်း ဝမ်းသာသွားသည်။ သူ ထင်ထားသည့်အတိုင်းပင် ဖေးဟုန် နတ်လှေပေါ်၌ ကိုယ်ပိုင်လက်နက်များ ရှိနေသည်။

သူက ချက်ချင်း မေးလိုက်သည်။

“တိုက်ခိုက်ရေးပုံစံကို တစ်ကြိမ်သုံးဖို့ ဝိညာဉ်ကျောက်တုံး ဘယ်လောက်လိုလဲ။”

စနစ်က

“စွမ်းအားအဆင့်ပေါ်မူတည်ပြီး အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်သောင်းကနေ တစ်သန်းအထိ ကုန်ကျနိုင်ပါတယ်။”

လုချန်း တိတ်ဆိတ်သွားသည်။

အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်သောင်းမပြောနှင့် သူ့ထံတွင် အခု အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သောင်းပင် မရှိပေ။ ဤမျှများပြားသော အဆင့်မြင့် ဝိညာဉ်ကျောက်တုံးများကို သူ ဘယ်က သွားရှာရမည်နည်း။

ထားလိုက်တော့။

ဒီတစ်ကြိမ်တွင် မြူခိုးဒေသမှ ကျူးကျော်သူများကို ရှင်းလင်းရန် နတ်လှေ၏ ကိုယ်ပိုင်လက်နက်များကို အသုံးပြုနိုင်မည့်ပုံ မရပေ။

နတ်လှေ၏ ဦးပိုင်းတွင် ခဏရပ်ကာ ရှုခင်းကို ကြည့်ပြီးနောက် လုချန်း စိတ်မဝင်စားတော့ပေ။ အဆုံးမဲ့သော ပင်လယ်ပြင်ကြီးသာရှိပြီး ကြည့်စရာ များများစားစား မရှိချေ။

ထို့နောက် အလင်းအရိပ် လှုပ်ရှားမှုတစ်ခုဖြင့် မုယန်စီနှင့် လျှိုချင်းချိုတို့၏ ဘေးတွင် လုချန်း ပေါ်လာသည်။ သူက လှပသော အမျိုးသမီးနှစ်ဦး၏ ခါးကို ဖက်လိုက်ပြီး နတ်လှေပေါ်ရှိ နန်းဆောင်များဆီသို့ သူတို့နှင့်အတူ လျှောက်သွားသည်။

လမ်းလျှောက်နေရင်း သူက

“သခင်မလေးတို့။ နတ်‌လှေထဲမှာ ဘာတွေရှိလဲ လျှောက်ပတ်ကြည့်ကြရအောင်။”

အမျိုးသမီးနှစ်ဦးလည်း များများစားစားမတွေးဘဲ လုချန်းနှင့်အတူ လိုက်ပါသွားကြတော့သည်။

နတ်လှေအတွင်းရှိ နန်းဆောင်များသည် မယုံနိုင်လောက်အောင် ခမ်းနားထည်ဝါပြီး ရွှေရောင်များ တလက်လက်တောက်ပနေ၏။ ရွှေဖြင့် ပြုလုပ်ထားပုံရသော်လည်း ရွှေထက် များစွာပို၍ အဖိုးတန်သော ပစ္စည်းများဖြင့် ပြုလုပ်ထားကြောင်း ထင်ရှားသည်။

နတ်လှေ၏ အလျားတစ်ခုလုံးသည် မီတာတစ်ထောင်ကျော်ရှည်လျားပြီး အတွင်းရှိ အခန်းအရေအတွက်မှာ မရေမတွက်နိုင်အောင် များပြားသည်။ သူတို့သုံးဦး အချိန်အတော်ကြာ လျှောက်ပတ်နေခဲ့သော်လည်း နတ်လှေတစ်ခုလုံးကို မကြည့်ရှုရသေးပေ။

နောက်ဆုံးတွင် သူတို့သည် နတ်‌လှေ၏ အလယ်ဗဟိုရှိ အဓိကနေရာသို့ ရောက်ရှိလာ၏။ ထိုနေရာတွင် ခန်းမကြီးတစ်ခုရှိသည်။ ခန်းမထဲတွင် ဧကရာဇ်တစ်ပါး၏ နဂါးပလ္လင်ကဲ့သို့ တောက်ပနေသော ရွှေနဂါးခေါင်းပလ္လင်တစ်ခု ရှိသည်။

ထို့နောက် လုချန်းက လျှိုချင်းချိုနှင့် မုယန်စီတို့ကို ခေါ်ဆောင်ကာ ခန်းမထဲသို့ ဝင်သွားသည်။ အခန်းပတ်ပတ်လည်ကို ကြည့်ရှုပြီးနောက် သူ၏ စိတ်ဝိညာဉ် စွမ်းအားကို ထုတ်လွှတ်လိုက်ရာ ခန်းမကြီးဘေးတွင် အိပ်ခန်းတစ်ခုရှိပြီး အရာအားလုံး အစုံအလင် တပ်ဆင်ထားသည်ကို တွေ့ရှိလိုက်သည်။

အိပ်ရာခင်းများ၊ စောင်များ၊ အားလုံး အသင့်ရှိနေသည်။

ထို့စဉ် လုချန်းက မုယန်စီနှင့် လျှိုချင်းချိုတို့ကို

“ယန်စီ၊ ချင်းချို ကိုယ်တို့ ဒီလောက်ကြာအောင် လျှောက်ပတ်နေတာ မောနေလောက်ရောပေါ့။ နားချိန်ရောက်ပြီ။”

ဤရက်ပိုင်းအတွင်း သူတို့ လမ်းခရီး၌ အလုပ်များနေခဲ့ပြီး မည်သည့် ရင်းနှီးသော လှုပ်ရှားမှုမျှ မပြုလုပ်ခဲ့ရပေ။ ယခု ခရီးသွားရန် နတ်လှေရှိနေပြီဖြစ်သောကြောင့် သူတို့ကောင်းကောင်းအနားယူနိုင်ပြီဖြစ်သည်။

လုချန်း၏ စကားကို ကြားသောအခါ အမျိုးသမီးနှစ်ဦးစလုံး သူ၏ ရည်ရွယ်ချက်ကို ချက်ချင်း သဘောပေါက်သွားကြသည်။ ဤယောက်ျားသည် မည်သည့်နေရာတွင်မဆို ထိုကိစ္စအတွက် အသင့်ရှိနေတတ်သည်။

ထိုရင်းနှီးသော အပြုအမူများကို ရက်အတော်ကြာ မပြုလုပ်ခဲ့ရသောကြောင့် သူ့တွင် အတွေးအကြံအချို့ရှိနေသည်မှာ ရှင်းနေသည်။

အမျိုးသမီးနှစ်ဦးစလုံး ကန့်ကွက်ခြင်းမရှိပေ။ သူတို့သည် လုချန်း၏ လက်ထဲသို့ ကျရောက်ပြီးသားဖြစ်၍ ကန့်ကွက်ခြင်းသည် အချည်းနှီးပင်။

ထို့အပြင် ကြီးမားလှသော နတ်လှေကို မြင်ပြီးနောက် လုချန်းအပေါ် သူတို့၏ လေးစားမှုများ ပို၍တိုးလာခဲ့သည်။

အမျိုးသမီးများထံမှ စကားတစ်ခွန်းကိုပင် မစောင့်ပဲ လုချန်းက နှစ်ဦးစလုံးကို ပွေ့ဖက်ကာ အနီးရှိ အိပ်ခန်းသို့ ခေါ်ဆောင်သွားပြီးနောက် အိပ်ခန်းထဲရှိ ကုတင်ကြီးပေါ်တွင် ချပေးလိုက်သည်။

ထိုကုတင်သည် အလွန်ကြီးမားပြီး လူခုနစ်ဦး၊ ရှစ်ဦး အတူတကွ လှဲအိပ်နိုင်ပြီး လှုပ်ရှားရန် နေရာပင် ကျန်သေးသည်။

စနစ်က ထိုကုတင်ကြီးကို သူ့အတွက် ကြိုတင်ပြင်ဆင်ပေးထားခြင်းလားဟုပင် လုချန်း သံသယဝင်လာသည်။

ကုတင်သည် သူ နန်းတော်ထဲတွင် ရှိသော ကုတင်နှင့် တစ်ပုံစံတည်းနီးပါး တူညီသည်။

အမျိုးသမီးနှစ်ဦးကို နူးညံ့သော အိပ်ရာပေါ်တွင် ချပေးပြီးနောက် မုယန်စီ၏ နှုတ်ခမ်းများကို နမ်းရှိုက်လိုက်သည်။

ထိုအချိန်တွင် လျှိုချင်းချိုသည် ဘေးတွင် ကြည့်ရှုသူအဖြစ် ရပ်နေသည်။ ခဏအကြာတွင် လုချန်း စိတ်ပါလာသောအခါ လျှိုချင်းချိုဘက်လှည့်ကာ ပြုံးလျက် ကြည့်ပြီး

“ချင်းချို။ ကိုယ် ယန်စီကို ဘယ်လို အပြစ်ပေးမလဲဆိုတာ မင်း ကြည့်ချင်တယ် မဟုတ်လား။ ဒီနေ့ သေချာကြည့်ထား။”

ထိုသို့ပြောပြီးနောက် လုချန်း မုယန်စီကို အပြစ်ပေးခြင်းအား စတင်လိုက်သည်။ သူ၏ အပြစ်ပေးမှုအောက်တွင် မုယန်စီ လုံးဝသတိလစ်သွားပြီး လုချန်း၏ ရက်စက်စွာ ညှဉ်းပန်းနှိပ်စက်မှုကိုသာ ခံနေရတော့သည်။

ရန်မြို့တော် နန်းတော်ထဲတွင် ရှိစဉ်က လုချန်းက မုယန်စီကို အပြစ်ပေးနေသည်ကို လျှိုချင်းချို ချောင်းကြည့်ခဲ့ဖူးသည်။ သို့သော် ထိုအချိန်က အပြင်မှဖြစ်ပြီး ယခုကဲ့သို့ အနီးကပ် မဟုတ်ပေ။

သူမ၏ ယခင်မဟာမိတ် မုယန်စီ လုချန်း၏ ညှဉ်းပန်းနှိပ်စက်မှုကို ခံနေရပြီး အောက်တန်းကျသော အစေခံ တစ်ယောက်ကဲ့သို့ သေခြင်းနှင့် ရှင်ခြင်းကြားတွင် လူးလွန့်နေသည်ကို မြင်ရသောအခါ လျှိုချင်းချို အလွန်ကျေနပ်မှု ရရှိသွားသည်။ လုချန်းထံမှ မုယန်စီ လွတ်မြောက်သွားစဉ်က သူမ ခံစားခဲ့ရသော နာကြည်းမှုများလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

လုချန်း၏ လက်ထဲတွင် လုံးဝကျရှုံးခဲ့ရသည့်အတွက် သူမ ဝမ်းနည်းနေခဲ့ပြီး မုယန်စီ၏ အေးဆေးတည်ငြိမ်သော အမူအရာကို မြင်ရခြင်းက သူမကို ပို၍ပင် နာကျင်စေခဲ့သည်။

ယခု မုယန်စီလည်း အလားတူ နာကျင်မှုကို ခံစားနေရသောအခါ သူမ ပို၍ နေသာထိုင်သာ ရှိသွားသည်။

……

ထိုအချိန်တွင်…

နတ်လှေ ထိန်းချုပ်ရေးပုံစံ၌…

ဟုန်ဟုန်သည် ရန်ခရိုင်ဘက်သို့ ပျံသန်းနေသော နတ်လှေကို သေသေချာချာ ထိန်းချုပ်နေဆဲဖြစ်သည်။ သူမ၏ မျက်နှာအမူအရာတွင် ပြောင်းလဲမှုမရှိဟု ထင်ရသော်လည်း သူမ၏ မျက်ခွံများမှာမူ တရွရွ လှုပ်နေသည်။

အကယ်၍ လုချန်းသာ ဤနေရာတွင် ရှိနေပြီး ထိုအချင်းအရာကို မြင်ပါက လှေဝိညာဉ်တစ်ဦး၏ မျက်ခွံများ အဘယ်ကြောင့် ဤသို့ လှုပ်ခတ်နေရသနည်း အလွန်သိချင်နေပေလိမ့်မည်။ သူမ တစ်စုံတစ်ခုအတွက် စိတ်ပျက်နေပုံရသည်ဟု လုချန်း ယူဆမိမည်ဖြစ်သည်။

ထိုအချိန်တွင် နတ်လှေ၏ အရှိန် တိုးလာပြီး ပတ်ဝန်းကျင်မှ အာကာသက ပို၍ပို၍ ဝေဝါးလာသည်။ အပြင်မှ တစ်စုံတစ်ယောက် ကြည့်နေပါက မျဉ်းကြောင်းများအဖြစ်သာ မြင်ရပေလိမ့်မည်။

မုယန်စီအပေါ်တွင် ရှိနေဆဲဖြစ်သော လုချန်းက‌တော့ နတ်လှေ အရှိန် မြင့်တက်လာသည်ကို လုံးဝမသိပေ။ လုချန်းသာမက အနီးရှိ လျှိုချင်းချိုပင် မသိရှိခဲ့ပေ။

နတ်လှေအား အကာအကွယ်တစ်ခုဖြင့် ကာကွယ်ထားသဖြင့် ၎င်းမည်မျှ မြန်မြန်သွားသည်ဖြစ်စေ အတွင်းမှ လူများ အနေနှင့် အရှိန်ကို မခံစားရနိုင်ချေ။

မကြာမီတွင် လုချန်းလည်း မုယန်စီ မခံနိုင်တော့သည်ကို မြင်လိုက်ပြီး သူ၏ အာရုံကို ပြောင်းရန် ပြင်လိုက်စဉ် ရုတ်တရက် အသံတစ်သံက သူ၏ စိတ်ထဲသို့ တိုက်ရိုက်ဝင်ရောက်လာသည်။

“သခင်ကြီး။ ကျွန်မတို့ ရန်ခရိုင်ကို ရောက်ပါပြီ။”

ဟုန်ဟုန်၏ အသံကို ကြားသောအခါ လုချန်းသည် ခဏခန့် ကြောင်သွားသည်။

ရောက်ပြီလား...

ဒီလောက်မြန်လား...

ဘယ်လောက်ကြာသွားလို့လဲ.....

သူတို့ ရန်ခရိုင်ကို ရောက်သွားပြီ ဖြစ်သော်လည်း မုယန်စီကို အပြစ်ပေးလို့ မပြီးသေးပေ။

သူတို့ တကယ်ရောက်သွားပြီလား။

နတ်လှေ ဤမျှ လျင်မြန်သော အရှိန်ဖြင့် ရွေ့လျားနေသည်ကို သူ လုံးဝမခံစားလိုက်ရပေ။

လုချန်းက ပိုးသားကဲ့သို့ နူးညံ့သော မျက်လုံးများရှိသည့် လျှိုချင်းချိုကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။

“ကိုယ် အပြင်ကို ခဏသွားကြည့်လိုက်ဦးမယ်။ ခဏနေ နန်းတော်ပြန်ရောက်ရင် ဆက်ကြတာပေါ့။”

သူ၏ စကားဆုံးသည်နှင့် ချက်ချင်း အဝတ်အစားများကို အမြန်ဝတ်ဆင်ကာ နတ်လှေ အပေါ်ပိုင်းသို့ တက်သွားလိုက်သည်။ အောက်သို့ ငုံ့ကြည့်လိုက်သောအခါ အမှန်တကယ်ပင် အောက်တွင် ရန်မြို့တော် နန်းတော် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

သို့သော် ဤမျှကြီးမားသော နတ်လှေကြီး ရန်ခရိုင်အပေါ်တွင် ပေါ်လာခြင်းကြောင့် မြို့မှ မည်သည့် တုံ့ပြန်မှုမှ ရှိပုံမရပေ။

အပြင်မှ လူများထံမှ အဘယ်ကြောင့် တုံ့ပြန်မှုမရှိသည်ကို အံ့ဩနေစဉ်မှာပင် စနစ်၏ အသိပေးချက် ထွက်ပေါ်လာသည်။

“နတ်‌လှေသည် လုံးဝမမြင်နိုင်အောင် ပြုလုပ်နိုင်ပြီး ပတ်ဝန်းကျင်နှင့် တစ်သားတည်းကျအောင် ပေါင်းစပ်နိုင်သည်။ တိုက်ခိုက်မှုတစ်ခုခုနှင့် ထိမှန်ခြင်းမရှိပါက လူအများစုသည် နတ်လှေကို ရှာဖွေတွေ့ရှိရန် ခက်ခဲသည်။”

လုချန်းက

“သြော် ဒီလိုကိုး။ ဒါဆိုရင် မြူခိုးဒေသက ညီညွတ်ခြင်းအဆင့် တပည့်တွေကို ရှင်းဖို့ ပိုလွယ်သွားတာပေါ့။”

နတ်လှေဖြင့် နဂါးတပ်မှ လူထောင်ပေါင်းများစွာကို ညှိနှိုင်းဆွေးနွေးမည့်နေရာအပေါ်အထိ မမြင်နိုင်အောင် သယ်ဆောင်သွားနိုင်ပြီး မြူခိုးဒေသမှ အင်အားစုများ ရောက်လာသည်ကို စောင့်ဆိုင်းနေနိုင်သည်။ သူတို့ ပေါ်လာသည်နှင့်တစ်ပြိုင်နက် ချက်ချင်းတိုက်ခိုက်ပြီး လုံးဝအငိုက်ဖမ်းနိုင်ပေလိမ့်မည်။

ဤလှည့်ကွက်သည် မြူခိုးဒေသမှ ညီညွတ်ခြင်းအဆင့် တပည့်များအတွင်သာ မဟုတ်ပေ။ အနာဂတ်တွင် မြူခိုးဒေသမှ အင်အားစုအမျိုးမျိုးကို တိုက်ခိုက်ရန်လည်း အသုံးပြုနိုင်သည်။

လုချန်း ဆက်မတွေးတော့ပေ။ ထို့နောက် နတ်လှေပေါ်ရှိ အိပ်ခန်းသို့ သူပြန်လာ၏။ သူ ဝင်သွားသည်နှင့်တစ်ပြိုင်နက် လျှိုချင်းချိုက မုယန်စီအား လှောင်ပြောင်သော လေသံဖြင့် ပြောနေသည်ကို ကြားလိုက်ရသည်။

“မိန်းမပျက်တစ်ယောက်ရဲ့ အနံ့အသက်တွေ ရှင့်ဆီက ထွက်နေတာပဲ။ မြင့်မြတ်လှပါတယ်ဆိုတဲ့ လွင်ပြင်ဒေသ နတ်ဘုရားမက ဘယ်လိုဖြစ်ပြီး ဒီလိုအခြေအနေထိ ရောက်သွားရတာလဲ။”

“ရှင့်ဗိုက်ကို ကြည့်စမ်း။ မသိတဲ့သူတွေက ရှင်က အဲ့ဒီယောက်ျားရဲ့ ကလေးကို လွယ်ထားတယ်လို့ ထင်သွားဦးမယ်။”

လျှိုချင်းချို၏ လှောင်ပြောင်မှုကို တုံ့ပြန်သည့်အနေဖြင့် မုယန်စီက မထူခြားသလိုဟန်ဖြင့်

“ကျွန်မက မင်းကြီးရဲ့ မိဖုရားဖြစ်ရတာ ဂုဏ်ယူတယ်။ မင်းကြီးရဲ့ ကျင့်ကြံရေး မီးဖို ဖြစ်ရရင်တောင် ကျွန်မ သဘောတူတယ်။”

“ကျွန်မက မင်းကြီးရဲ့ အစွမ်းကို နောက်ကျပြီးမှ သိခဲ့ရတာ။ ရှင်ကတော့ မင်းကြီးလက်ထဲ ရောက်ပြီး အသုံးတော်ခံပြီးသွားတာတောင် မင်းကြီး တကယ် ဘယ်သူဘယ်ဝါဆိုတာ အခုထိ မသိသေးဘူး။”

လျှိုချင်းချိုက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

“အရှက်မရှိတဲ့ မိန်းမဆိုတာ ဒါမျိုးကို ခေါ်တာပဲ၊။ အပျိုရည် ပျက်စီးသွားပြီး အစေခံမ တစ်ယောက်လို ညှဉ်းပန်းနှိပ်စက်ခံရတာကို ရှက်ရမယ့်အစား ဂုဏ်ယူနေသေးတယ်။”

မုယန်စီက

“ကျွန်မက ဒီလိုဖြစ်နေတယ်ဆိုတော့ ရှင်ကရော ဘာထူးလို့လဲ။”

အမျိုးသမီးနှစ်ဦး ရန်ဖြစ်တော့မည့်ပုံ ပေါက်နေစဉ်မှာပင် လုချန်း၏ အသံက ဝင်လာသည်။

“ကိုယ်ရဲ့ မိဖုရားနှစ်ယောက် ဘာတွေ ဆွေးနွေးနေကြတာလဲ။”

All Chapters