← Chapters

မမျှော်လင့်ထားသော လာဘ်လာဘ

Vol. 12 Ch. 280

မမျှော်လင့်ထားသော လာဘ်လာဘ

Vol. 12 Ch. 280

ဥပမာအားဖြင့် ယခင်က ကောက်ညှင်းအေးတုံးသည် သရေစာတစ်ခုသာ ဖြစ်သည်။

အခြားစားသောက်ဆိုင်များ ရောင်းသည်ဖြစ်စေ၊ မရောင်းသည်ဖြစ်စေ သူတို့ ရူယီစားသောက်ဆိုင်အတွက် သက်ရောက်မှု မကြီးမားပေ။

သို့သော် ကင်မ်ချီကတော့ မတူပေ၊ ကင်မ်ချီကို ဟင်းချက်ရာတွင်ပါဝင်ပစ္စည်းအဖြစ်ပါ အသုံးပြုနိုင်ပြီး ဟင်းထဲသို့ ထည့်ပြီးနောက် ဟင်းကို ပိုမိုအရသာရှိစေသည်။ ဒါကိုသာ သေချာအသုံးချနိုင်ပါက တန်ဖိုးမှာ ကြီးမားလေသည်။

ကြီးကြပ်သူလျန်သည် အမှန်ပင် စိတ်လှုပ်ရှားနေသည်။

သူတို့သခင်ကြီးသည် ချင်းရှီမြို့တွင်သာ စီးပွားရေးလုပ်ကိုင်တာ မဟုတ်တာကြောင့် ကင်မ်ချီကို ကောင်းမွန်စွာ အသုံးပြုနိုင်လျှင် ဒေသအသီးသီးမှ စီးပွားရေးများပင် ကောင်းမွန်လာနိုင်သည်။

အရေးကြီးဆုံးမှာ ကင်မ်ချီသာ လက်ထဲတွင်ရှိနေလျှင် နောင်တစ်ချိန်တွင် သခင်ကြီး စားသောက်ဆိုင်လုပ်ငန်းကို ချဲ့ထွင်လိုပါက ပိုပြီးလွယ်ကူသွားပေမည်။

နောင်တစ်ချိန်တွင် ရူယီစားသောက်ဆိုင်ဟူသော နာမည်သည် သာ့ယန်နိုင်ငံ၏ အကျော်ကြားဆုံး စားသောက်ဆိုင်အဖြစ် တစ်ဟုန်ထိုး တိုးတက်သွားနိုင်သည်ကို စဉ်းစားမိသောအခါ ကြီးကြပ်သူလျန်၏ စိတ်ထဲတွင် ပူလောင်လာသည်။

တစ်ချိန်တည်းမှာပင် သူသည် လင်းရှောင်ယွဲ့အတွက် အနည်းငယ် ကံကောင်းသည်ဟု ခံစားမိသည်။

ယနေ့ လာရောက်သည်မှာ သူမတစ်ယောက်တည်းသာ ဖြစ်ခဲ့လျှင် သူတောင်းဆိုသည်မှာ ကုန်ပစ္စည်းမဟုတ်ဘဲ ပြုလုပ်နည်းသာဖြစ်ပေလိမ့်မည်။

ကျိုးရှီကို သူသိသည်၊ ယခင်က လျိုအိမ်သို့ စားသောက်ပွဲသွားစဉ် ဟိုင်ကန်းက မိတ်ဆက်ပေးခဲ့သည်။

ကျိုးမိသားစု၏ မျိုးဆက်ခွဲဖြစ်ပြီး အမျိုးသမီးတစ်ဦးဖြစ်သော်လည်း ကျိုးမိသားစုဝင် ဖြစ်သည်။

ကိစ္စကြီးသွားလျှင် ကျိုးမိသားစုက အခြေအနေကို သိရှိသွားပြီး ထိုအခါ အလွန်ပင် ရှုပ်ထွေးသွားမည်။ ဤသို့ဆိုလျှင် စပ်တူလုပ်ငန်းဝင်ရန် ကြိုးစားခြင်းက ပိုကောင်းသည်။

မည်သို့ပင်ဆိုစေ ကျိုးရှီသည်လည်း စပ်တူလုပ်ငန်းဝင်သည် မဟုတ်လား။

သူ၏ လေ့လာချက်အရ လက်ရှိတွင် ယွဲ့အာနှင့် ကျိုးရှီကြားမှ ပူးပေါင်းဆောင်ရွက်မှုကို ကျိုးမိသားစုက မသိသေးပေ။

သူသည် အခုချိန်ကတည်းက စပ်တူလုပ်ငန်းထဲပါဝင်ထားလျှင် ကျိုးမိသားစုဝင်များ၏ တားဆီးမှုမရှိဘဲ သေချာပေါက် အောင်မြင်နိုင်သည်။

ထို့နောက် နှစ်ယောက်သားနှင့် စာချုပ်ချုပ်ဆိုပြီး ကင်မ်ချီအားလုံးကို လက်ဝယ်ပိုင်ဆိုင်လိုက်မည်။

ထိုအခါ ကင်မ်ချီလုပ်ငန်းသည် သူတို့ ရူယီစားသောက်ဆိုင်၏ လုပ်ငန်း ဖြစ်သွားတော့မည်။

ဟဟ၊ သာ့ယန်နိုင်ငံတွင် စားသောက်ဆိုင်နှင့် စားသောက်ဆိုင်ငယ်များစွာ ရှိသောကြောင့် လက်ထဲမှ ကင်မ်ချီများ ရောင်းမထွက်မည်ကိုတော့ စိုးရိမ်စရာမလိုပေ။

လင်းရှောင်ယွဲ့နှင့် ကျိုးရှီတို့ အံ့အားသင့်သွားကြသည်။

"အိုး၊ ရူယီစားသောက်ဆိုင်က ငွေစ၂၀၀၀ ထုတ်နိုင်တယ်၊ သုံးဆယ်ရာခိုင်နှုန်း အကျိုးအမြတ် လိုချင်တယ်၊ စီမံခန့်ခွဲမှုမှာ မပါဝင်ဘူး။ လုပ်ထားတဲ့ ကင်မ်ချီတွေကို ငါတို့ရူယီစားသောက်ဆိုင်ကိုပဲ အကုန်ရောင်းချပေးဖို့ပဲ တောင်းဆိုတယ်။"

ကျိုးရှီ၏ မျက်လုံးများသည် ပြူးကျယ်သွားပြီး လက်သည် အလိုအလျောက် လင်းရှောင်ယွဲ့၏ လက်ကိုဆုပ်ကိုင်လိုက်သည်။

ဘာပြောလိုက်တယ်။ ငွေစ၂၀၀၀နဲ့ သုံးဆယ်ရာခိုင်နှုန်း အကျိုးအမြတ်ပဲယူမယ်တဲ့လား။

သူမအရင်က ယွဲ့အာကို ငွေစ ၁၀၀၀ပဲ ပေးဖို့ ပြောခဲ့ခြင်းဖြစ်သည်။

လင်းရှောင်ယွဲ့သည် ကျိုးရှီကို တစ်ချက်ကြည့်ပြီး အေးအေးသက်သာပြုံးပြလိုက်လေသည်။

ထို့နောက်မှ ကြီးကြပ်သူလျန်ကို ထပ်မံကြည့်လိုက်သည်။

"ကင်မ်ချီအားလုံးကို လက်ဝယ်ပိုင်ဆိုင်ဖို့က ဒီလောက်မလွယ်ဘူး။ ကြီးကြပ်သူလျန်၊ ဦးလေးက ဒီဆုံးဖြတ်ချက်ကို ချနိုင်တာ သေချာလား။" ဟု လင်းရှောင်ယွဲ့က ပြုံး၍ မေးသည်၊ လေသံကို ပေါ့ပါးအောင် အတတ်နိုင်ဆုံး ကြိုးစားနေသည်။

ကိစ္စသည် အခုအခြေအနေထိရောက်ရှိလာပြီဖြစ်တာကြောင့် အချို့သောကိစ္စများကို သူမ ဆက်စပ်မတွေးတတ်လျှင် ရူးနေလို့သာဖြစ်မည်။

ကြီးကြပ်သူလျန် ဒီလောက်လေလုံးထွားနိုင်နေခြင်းမှာ ဤရူယီစားသောက်ဆိုင်၏ နောက်ကွယ်မှ သခင်သည် မရိုးရှင်းတာသေချာသလောက်ပင်။

ထို့အပြင် ယခင်က သူမသည် ကိစ္စများကို ပေါ့ပေါ့လေးသာတွေးခဲ့မိသည်။

ကင်မ်ချီ သို့မဟုတ် ငရုတ်သီး၏ ဆွဲဆောင်မှုသည် ဤမျှလောက် ကြီးမားလိမ့်မည်ဟု မသိရှိခဲ့ပေ။

ကျိုးရှီကို တစ်ချက်ကြည့်ရင်း လင်းရှောင်ယွဲ့၏စိတ်ထဲတွင် ကြောက်ရွံ့စိတ်တစ်ခု ဖြစ်ပေါ်လာသည်။ ကံကောင်း၍သာ ကျိုးရှီကို သူမနှင့်အတူ စပ်တူလုပ်ငန်းတွင်ပါစေခဲ့ပြီး ရူယီစားသောက်ဆိုင်သို့ အတူခေါ်လာမိလို့ပင်။ မဟုတ်ပါက ကြီးကြပ်သူလျန်သည် သူမကို ဒီလောက်ဖော်ဖော်ရွေရွေ စကားပြောနေလောက်မည်မဟုတ်။

ကြီးကြပ်သူလျန်၏ မျက်လုံးများတွင် အရောင်တောက်လာပြီး လင်းရှောင်ယွဲ့ကို ကြည့်သော အကြည့်တွင် ပိုမိုအထင်ကြီးလေးစားမှုများ ပါဝင်လာသည်။

ထို့နောက် မျက်လုံးများတွင် တွေဝေသော အရိပ်အယောင်များ ပေါ်လာသည်။

လင်းရှောင်ယွဲ့သည် ပြုံးလိုက်ပြီး ဆက်ပြောသည်၊ "တကယ်တော့ ဒီကင်မ်ချီအပြင် နောက်ပိုင်းမှာ ကျွန်မတို့ ပဲငါးပိနဲ့ ငရုတ်နှစ်တွေလည်း လုပ်ဖို့ ပြင်ဆင်နေတယ်။ ဒီပစ္စည်းတွေက ဟင်းခတ်အမွှေးအကြိုင်အဖြစ် သုံးရင် ဟီးဟီး၊ ပြောရရင် ကင်မ်ချီထက် ပိုကောင်းတယ်။"

"တကယ်လား။" ထင်သည့်အတိုင်းပင် လင်းရှောင်ယွဲ့၏ ဤစကားဆုံးသည်နှင့် ကြီးကြပ်သူလျန်သည် သူမအား ဝမ်းမြောက်စွာ မေးသည်။

"တကယ်ပါ။" ဟု လင်းရှောင်ယွဲ့က ပြုံး၍ ခေါင်းညိတ်သည်။

ပြုံးရွှင်စွာဖြင့် ကြီးကြပ်သူလျန်ကို ကြည့်လိုက်သည်။

ကြီးကြပ်သူလျန်သည် အနည်းငယ် ထပ်မံတွေဝေပြီးနောက် ထိုင်ခုံလက်တန်းကို လက်ဖြင့်ရိုက်ချလိုက်သည်။

"ကောင်းပြီ၊ သုံးရက်ကြာရင် ငါ့သခင်ကြီးနဲ့အတူ ကိုယ်တိုင်အိမ်ကို လာပြီး မင်းနဲ့ အသေးစိတ်ဆွေးနွေးမယ်။"

လောလောဆယ်တွင် သခင်ကြီးသည် နန်အန်းခရိုင်မြို့မှာရှိနေသောကြောင့် ဒီနေ့ သတင်းပို့လိုက်လျှင် အစောဆုံး မနက်ဖြန်လောက် ရောက်လာနိုင်ပြီး သုံးရက်ပင် မကြာနိုင်ပေ။

ဘေးမှ စားဖိုမှူးလျို ကြောင်သွားရကာ မျက်လုံးပြူးမျက်စံပြူးဖြင့် သူများနားကြားမှားသွားလားဆိုပြီး ကြီးကြပ်သူလျန်ကို အလန့်တကြားကြည့်လိုက်မိသည်။

ထို့နောက် သူသည် ကြီးကြပ်သူလျန်က သူ့ကို မျက်စောင်းထိုးသည်ကို တွေ့လိုက်ရသည်။

လင်းရှောင်ယွဲ့သည် ခေါင်းညိတ်လိုက်သည်။

"ဦးလေးတို့ရဲ့သခင်ကို ကြိုအသိပေးလို့ရပါတယ်၊ ငရုတ်သီးလုပ်ငန်းအားလုံးမှာ အစုရှယ်ယာဝင်မယ်ဆိုရင် သုံးဆယ်ရာခိုင်နှုန်း အကျိုးအမြတ်အတွက် ကျွန်မတို့ ငွေစ၅၀၀၀ပဲ လိုချင်ပါတယ်။ နောက်ပြီး ဒီနှစ်ဆောင်းရာသီအတွက် ကင်မ်ချီကို ဈေးနှုန်းသင့်တော်ရင် ကျွန်မတို့ ရူယီစားသောက်ဆိုင်ကို အကုန်ရောင်းချပေးနိုင်ပါတယ်။

ဒါပေမဲ့ လာမယ့်နှစ်မှာ ကျိုးကုန်သွယ်ရေးလုပ်ငန်းကလည်း စိတ်ဝင်စားတယ်ဆိုရင် ရူယီစားသောက်ဆိုင်နဲ့ ခွဲယူနိုင်မယ်။ ဒါပေါ့၊ ရောင်းချမှုအသေးစိတ်ကိုတော့ ဦးလေးတို့နှစ်ဖက် ကိုယ်တိုင်ဆွေးနွေးနိုင်ပါတယ်။"

သုံးဖွဲ့တွင် သူမသည် အင်အားအနည်းဆုံးဖြစ်ပြီး ပြောဆိုခွင့်အနည်းဆုံးဖြစ်သည်။

လောလောဆယ် အင်အားအကြီးဆုံးဖြစ်နေသည့် နှစ်ဖွဲ့ကို အပြန်အလှန်ထိန်းချုပ်စေကာမှ သူမအတွက် လုံခြုံပေမည်။

နှစ်ဖက်စလုံးအား သုံးဆယ်ရာခိုင်နှုန်း အကျိုးအမြတ်စီ ပေးပြီး သူမကတော့ လေးဆယ်ရာခိုင်နှုန်း ယူသည်။ သို့သော် ဤလေးဆယ်ရာခိုင်နှုန်းသည် ထုတ်လုပ်မှုအဆင့်တွင်သာဖြစ်ပြီး သူတို့အပြင်တွင် လက်လီရောင်းချ၍ ရရှိသော အကျိုးအမြတ်နှင့် နှိုင်းယှဉ်လျှင် အလွန်ပင်နည်းပါးသည်။

ဤသို့ဆိုလျှင် သူတို့လည်း သူမကို အလွန်အကျွံ အခက်တွေ့အောင် လုပ်ရန်မလိုအပ်တော့ပေ။

ကြီးကြပ်သူလျန်သည် မျက်မှောင်ကြုတ်သွားပြီး လင်းရှောင်ယွဲ့ကို ကြည့်သော အကြည့်တွင် လေးစားမှုများ ပါဝင်နေသည်။

ထို့နောက်ဘေးမှ အတွေးနက်နေသော ကျိုးရှီကို တစ်ချက်ကြည့်လိုက်သည်။

စိတ်ထဲတွင် သိလိုက်သည်မှာ ကျိုးမိသားစုသည် လောလောဆယ်ဤကိစ္စကို မသိသေးသော်လည်း သူတို့ ရူယီစားသောက်ဆိုင် စပ်တူလုပ်ငန်းဝင်လိုက်သည်နှင့် ကျိုးမိသားစုဘက်က စပ်တူလုပ်ငန်းဝင်သည်မှာလည်း အချိန်မကြာတော့ပေ။

"ကောင်းပြီ။ မင်းပြောတဲ့အတိုင်း ငါ့သခင်ကြီးကို ပြန်ပြောပြလိုက်မယ်။"

ထို့နောက် လင်းရှောင်ယွဲ့နှင့် စကားအနည်းငယ်ပြောပြီး နောက်ဆုံးတွင် လင်းရှောင်ယွဲ့အား ငွေငွေစ ၁၀၀၀တန် ငွေစက္ကူတစ်ရွက် ပေးပြီးမှ လင်းရှောင်ယွဲ့ကို ထွက်ခွာစေခဲ့သည်။

ဘာလို့ငွေပေးလိုက်တာလဲ။

လင်းရှောင်ယွဲ့က ငွေလိုအပ်ကြောင်း၊ အလုပ်ရုံဖွင့်၍ ကင်မ်ချီပြုလုပ်ရန် ငွေများစွာလိုအပ်ကြောင်း ငိုယိုတောင်းပန်ပြနေသောကြောင့် ဖြစ်သည်။

ရူယီစားသောက်ဆိုင်မှ ထွက်လာပြီးနောက် ကျိုးရှီနှင့် လင်းရှောင်ယွဲ့တို့ နွားလှည်းပေါ်သို့ တက်ပြီး လမ်းကြားမှ ထွက်ခွာသွားပြီးမှ သတိပြန်ဝင်လာသည်။

သတိပြန်ဝင်လာသော ကျိုးရှီသည် အလျင်အမြန်ပင့် လင်းရှောင်ယွဲ့ကို သူမအား ဟိုင်အိမ်တော်သို့ ပို့ဆောင်စေသည်။

နေရာသို့ ရောက်သောအခါ ကျိုးရှီသည် လင်းရှောင်ယွဲ့ကို တံခါးဝသို့ ဆွဲခေါ်သွားပြီး ကြိုဆိုနေသည့် အစေခံကိုပင်ဂရုမစိုက်အားဘဲ သူမ၏ အခန်းသို့ ခေါ်ဆောင်သွားသည်။

"ယွဲ့အာ၊ ရူယီစားသောက်ဆိုင်... အဲ့ဒီကြီးကြပ်သူလျန်က တကယ်ပဲဘယ်လိုဖြစ်တာလဲ။" ဟု ကျိုးရှီက စိုးရိမ်စွာဖြင့် လင်းရှောင်ယွဲ့အား မေးသည်။

သူမသည် အချို့သောအရာများကို နားလည်သလိုလို၊ နားမလည်သလိုလို ဖြစ်နေသည်။

ရူယီစားသောက်ဆိုင်၊ အို မဟုတ်ဘူး၊ ရူယီစားသောက်ဆိုင်၏ နောက်ကွယ်မှ သခင်သည် ယွဲ့အာ၏ငရုတ်သီးလုပ်ငန်းတွင် သုံးဆယ်ရာခိုင်နှုန်းအစုဝင်ရန် ငွေစ၅၀၀၀ ထည့်လိုသည်။

ထို့အပြင် ဈေးနှုန်းပင်မမေးဘဲ ကုန်ပစ္စည်းအားလုံးကို လက်ဝယ်ပိုင်ဆိုင်လိုသည်။

သို့သော် ညီမလေးယွဲ့အာက သဘောမတူခဲ့ပေ။ ယခုနှစ်၏ ကင်မ်ချီကိုသာ ရူယီစားသောက်ဆိုင်အား အကုန်ပေးပြီး နောက်နှစ်၏ ကုန်ပစ္စည်းကို ကျိုးကုန်သွယ်ရေးလုပ်ငန်းနှင့် မျှဝေမည်ဟု ဆိုသည်။

ဒီအတွက်အကြောင်းရင်းကိုတော့ သူမသိသည်၊ ညီမလေးယွဲ့အာ၏ လက်ထဲတွင် ငရုတ်သီး အကန့်အသတ်ရှိသောကြောင့် ကင်မ်ချီအမြောက်အမြား ပြုလုပ်နိုင်မည် မဟုတ်ပေ။

ယခုနှစ်ထွက်သမျှကို ရူယီစားသောက်ဆိုင်နှင့် ကျိုးကုန်သွယ်ရေးလုပ်ငန်းတို့ မျှယူခိုင်းလိုက်လျှင် နှစ်အိမ်လုံးမလောက်မငှဖြစ်သွားကြပေမည်။

သို့သော် သူမသည် ယွဲ့အာနှင့် ပူးပေါင်းဆောင်ရွက်သော်လည်း ကျိုးကုန်သွယ်ရေးလုပ်ငန်းကို ကိုယ်စားမပြုပေ။ ထို့အပြင် သူမတွင် ကျိုးကုန်သွယ်ရေးလုပ်ငန်းကို ကိုယ်စားပြုရန် အရည်အချင်း မရှိပေ။

ယွဲ့အာ ဘာတွေစဉ်းစားနေတာလဲ။

ကျိုးရှီဘက်ကအရင် လင်းရှောင်ယွဲ့နှင့် စကားမပြောလျှင်ပင် လင်းရှောင်ယွဲ့သည်လည်း ကျိုးရှီနှင့် စကားပြောရန် ပြင်ဆင်နေသည်။

လင်းရှောင်ယွဲ့သည် ကျိုးရှီ၏ လက်ကိုဆုပ်ကိုင်၍ အခြေအနေကို ရှင်းပြတော့သည်။

"ဒီနေ့ အစ်မကို ကျေးဇူးတင်ပါတယ်။ အစ်မသာ ကျွန်မနဲ့အတူ ဒီတစ်ခေါက် လိုက်မလာခဲ့ရင် ကျွန်မပြဿနာတက်နိုင်လောက်တယ်။"

လင်းရှောင်ယွဲ့သည် မိမိ၏ ခန့်မှန်းချက်ကို ကျိုးရှီအား အသိပေးပြီး မိမိ၏ အတွေးအမြင်နှင့် အစီအစဉ်ကို ပြောပြသည်။

ကျိုးရှီသည် ကြားပြီးနောက် မျက်လုံးများပြူးကျယ်သွားပြီး စိတ်ထဲတွင် အလွန်အံ့အားသင့်သွားသည်။

"ရူယီစားသောက်ဆိုင်က တကယ်တမ်း သဘောကျတာက အဲ့ဒီသုံးဆယ်ရာခိုင်နှုန်း အကျိုးအမြတ် မဟုတ်ဘူး၊ အလုပ်ရုံက ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေပဲ။

ကင်မ်ချီကို ဥပမာထားရရင် အလုပ်ရုံက ထုတ်လုပ်ပြီး တစ်ပေါင်ကို ကြေးနီပြား ၁၀ပြားနဲ့ ရူယီစားသောက်ဆိုင်ကို ရောင်းရင်တောင် အမြတ်က ၆ပြား၇ပြားပဲ ရှိတယ်၊ သုံးဆယ်ရာခိုင်နှုန်း အကျိုးအမြတ်က ၂ပြားလောက်ပဲ ရှိတယ်။

ဒါပေမဲ့ အပြင်ကို ယူသွားပြီး ကင်မ်ချီကို ပါဝင်ပစ္စည်းအဖြစ် ဟင်းထဲထည့်ရင် ဖန်တီးနိုင်တဲ့ တန်ဖိုးက အများကြီးပဲ။ ဒါမှမဟုတ် တိုက်ရိုက် အပြင်မှာ တစ်ပေါင်ကို ပြား ၂၀၊ ၃၀နဲ့ ရောင်းရင် အမြတ်က အလုပ်ရုံဘက်ကထက် အများကြီး ပိုများတယ်။

သူတို့ အစုရှယ်ယာဝင်တာက ကျွန်မလို ထုတ်လုပ်မှုရင်းမြစ်ကို ထိန်းချုပ်ချင်လို့ပဲ။"

လင်းရှောင်ယွဲ့သည် ကျိုးရှီကို ကြည့်လိုက်သည်။

"ရူယီစားသောက်ဆိုင်က ကျွန်မတို့ရဲ့ ဒီငရုတ်သီးလုပ်ငန်းကို သဘောကျမှတော့ ကျိုးကုန်သွယ်ရေးလုပ်ငန်းဘက်ကလည်း စိတ်ဝင်စားမှာ သေချာတယ်။

အစ်မ ဒီတစ်ခါ မိဘအိမ်ပြန်ရင် ဦးလေးနဲ့ တိုင်ပင်ပြီး ဦးလေးကို ကျိုးကုန်သွယ်ရေးလုပ်ငန်းက လူတွေကို ရှာဖွေပေးဖို့ တောင်းဆိုပါ။

ဒီငွေစ၅၀၀၀ကို အဲ့ဒီအခါကျရင် ကျိုးကုန်သွယ်ရေးလုပ်ငန်းဘက်က ထုတ်ခိုင်းလိုက်။ ပြီးတော့ နောင်တစ်ချိန်မှာ ရူယီစားသောက်ဆိုင်ရဲ့ ဈေးနှုန်းအတိုင်း သူတို့ကို အလုပ်ရုံရဲ့ ကုန်ပစ္စည်းတစ်ဝက်ကို ခွဲဝေပေးမယ်လို့ ကတိပေးပါ၊ ဒါပေမဲ့ အလုပ်ရုံရဲ့ သုံးဆယ်ရာခိုင်နှုန်း အကျိုးအမြတ်ကို သူတို့ကို အစ်မကို ပေးခိုင်းရင် သူတို့သဘောတူနိုင်လောက်တယ်။"

ရူယီစားသောက်ဆိုင်နှင့် ကျိုးကုန်သွယ်ရေးလုပ်ငန်းတို့သည် သုံးဆယ်ရာခိုင်နှုန်းစီ အစုရှယ်ယာဝင်ကြပြီး ပေါင်းလိုက်လျှင် သူမ၏ လေးဆယ်ရာခိုင်နှုန်းထက် ကျော်လွန်သွားသည်။

ဒီလိုအင်အားကြီးနှစ်ဖက်ရှိနေလျှင် သူမလည်း လုံခြုံသွားပြီ။

စတုတ္ထမြောက် အဖွဲ့အစည်းတစ်ခု ဤစီးပွားရေးထဲသို့ ဝင်ရောက်လာမည်ကို စိုးရိမ်စရာမလိုတော့ပေ၊ အကြောင်းကတော့ အင်အားကြီးလုပ်ငန်းနှစ်ခုက ခွင့်ပြုမည် မဟုတ်သောကြောင့် ဖြစ်သည်။

ဟားဟား၊ သူမသည်လည်း ဒီအင်အားကြီးလုပ်ငန်းနှစ်ခုကို စီးပွားရေးတစ်ခု ပူးပေါင်းဆောင်ရွက်စေခဲ့သူဖြစ်သွားမယ် မဟုတ်လား။

ကျိုးရှီ၏ မျက်လုံးများသည် အရောင်တောက်လာသည်။

ကျိုးကုန်သွယ်ရေးလုပ်ငန်းက ငွေပေးပြီး သူမက အစုရှယ်ယာ ယူရမယ်။ ဒါ... ငွေစ ၅၀၀၀ တောင်မဟုတ်လား။

"ယွဲ့အာ၊ ဒါ... ဖြစ်... ဖြစ်နိုင်ပါ့မလား။" သူမသည် ယခင်က သူမခင်ပွန်းက ဆိုင်ခန်းအနည်းငယ်ကို လက်လွှဲရောင်းချ၍ ငွေများများရှာသည်ဟု ယူဆခဲ့သည်။

ယခု ယွဲ့အာနှင့် တွေ့ဆုံသောအခါ ဤသည်မှာ ဆိုင်ခန်းရောင်းချခြင်းထက်ပင် ပို၍ ငွေရှာနိုင်သည်ဟု ခံစားရသည်။ ငွေပိုမိုရှာနိုင်ရုံသာမက အရင်းအနှီးပင် မလိုပေ။

ဤကိစ္စသာ အောင်မြင်သွားလျှင် ရက်အနည်းငယ်အတွင်း အရင်းအနှီးတစ်ပြားတစ်ချပ်မှ မကုန်ဘဲ သူမသည် ငွေစ၅၀၀၀ အလကားရရှိမှာမဟုတ်လား။

"ဟုတ်တယ်။ အစ်မ ကျွန်မပြောသလို ဦးလေးကို သွားပြောလိုက်၊ ဘာပြဿနာမှမရှိဘူး။"

ကျိုးကုန်သွယ်ရေးလုပ်ငန်းသည် ကင်မ်ချီကို စိတ်ဝင်စားသည်ဖြစ်စေ၊ မဝင်စားသည်ဖြစ်စေ ရူယီစားသောက်ဆိုင်က ဤမျှလောက်ကြီးမားသော အရင်းအနှီးကို ရင်းနှီးမြှုပ်နှံလိုသည်ကို ကြားလျှင် ဒီလောက် မျက်စိရှေ့တည့်တည့် ပို့ပေးလာသည့် ကိစ္စကောင်းကြီးကို ကျိုးကုန်သွယ်ရေးလုပ်ငန်းဘက်က လျစ်လျူရှုမည် မဟုတ်ပေ။

လင်းရှောင်ယွဲ့သည် စဉ်းစားလိုက်ပြီးနောက် ထပ်ပြောသည်၊ "နွားလှည်းပေါ်က အဲ့ဒီကင်မ်ချီအိုးကိုလည်း ဦးလေးဆီ ယူသွားပေးပြီး မြည်းခိုင်းကြည့်လိုက်ပါ။"

ကျိုးရှီ၏ မျက်လုံးများသည် လှုပ်ရှားသွားပြီး ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ"

"နောက်ပြီး ရူယီစားသောက်ဆိုင်ရဲ့ သခင်က သုံးရက်ကြာရင် သာ့ရှီရွာကို လာမယ့်ကိစ္စကိုလည်း ဦးလေးကို ပြောပြဖို့ မမေ့နဲ့။ အဲ့ဒီအခါကျရင် ကျိုးကုန်သွယ်ရေးလုပ်ငန်းဘက်က လူတွေပါ အတူတူလာရင် အားလုံးမျက်နှာစုံညီ ဆွေးနွေးလို့ကောင်းတာပေါ့။" လင်းရှောင်ယွဲ့က ထပ်ပြီးသတိပေးလိုက်သည်။

ဤသတင်းရှိနေလျှင် ကျိုးကုန်သွယ်ရေးလုပ်ငန်းဘက်က သေချာပေါက် လာရောက်မည်။

လူသာရောက်လာလျှင် ပူးပေါင်းမှုက သေချာသလောက်ပင်။

ကျိုးရှီက အလျင်အမြန် ခေါင်းညိတ်သည်။ "ကောင်းပြီ။"

လင်းရှောင်ယွဲ့သည် ကျိုးရှီအား မှာစရာရှိတာထပ်မှာပြီးနောက် ကျိုးရှီနှင့်လမ်းခွဲကာ လုပ်စရာရှိတာများ ကိုယ်စီဆက်လုပ်ကြသည်။

ကျိုးရှီသည် မိဘအိမ်သို့ ပြန်၍ ဖခင်နှင့် တွေ့ဆုံပြီးနောက် သခင်လေးကျိုးထံသို့ သွား၍ လူဝယ်သည်။

လင်းရှောင်ယွဲ့ကမူ ကျင်းမိသားစု ကုန်စုံဆိုင်သို့ အရင်သွား၍ သူဌေးကျင်းနှင့် တွေ့ဆုံသည်။

စားသောက်ဆိုင်အတွက် မှာယူထားသော စားပွဲခင်းများကို ယူဆောင်သည့်အပြင် အဓိကကတော့ အချဉ်စိမ်အိုးများကို ဝယ်ယူမှာယူရန် ဖြစ်သည်။

သူဌေးကျင်းသည် လင်းရှောင်ယွဲ့၏ မှာယူမှုအသစ်ကို လက်ခံရရှိသောအခါ ပျော်ရွှင်လွန်း၍ မျက်လုံးများပင် ကွေးညွတ်နေတော့သည်။

လင်းရှောင်ယွဲ့က "သူဌေးကျင်း၊ အိုးစက်ရုံဘက်ကို အမြန်ဆုံး စီစဉ်ပေးပါ၊ ကျွန်မဒီပစ္စည်းတွေကို အရမ်းအရေးတကြီး လိုအပ်နေတာ။"

ကြီးကြပ်သူလျန်က သူမအား ငွေငွေစ ၁၀၀၀ ပေးခဲ့သောကြောင့် သူမပြန်သွားသည်နှင့် လုပ်ငန်းစတင်နိုင်ပြီဖြစ်သည်။

အလုပ်ရုံ မတည်ဆောက်ခင်တော့ သူမ၏အိမ်ရှေ့ခြံဝင်ကို အသုံးပြုနိုင်သည်။

အလုပ်သမား ဆယ်ယောက်ကျော်လောက် တခါတည်းခေါ်၍ အတူတကွ လုပ်ဆောင်လျှင် ပြဿနာမရှိပေ။

"ကောင်းပြီ၊ စိတ်ချပါ၊ ငါးရက်ကြာရင် ပစ္စည်းတွေ သေချာပေါက် အိမ်ကို ပို့ပေးမယ်။ မင်းရဲ့ကိစ္စကို လုံးဝမနှောင့်နှေးစေရဘူး။"

လင်းရှောင်ယွဲ့သည် ခေါင်းညိတ်ပြီး သူဌေးကျင်းအား အချက်အနည်းငယ် ထပ်မံမှာကြားကာ စပေါ်ငွေပေးချေပြီးမှ ထွက်ခွာသွားသည်။

စားသောက်ဆိုင်အတွက် လိုအပ်သော ပန်းကန်များကို ပို့ဆောင်ပြီးနောက် လင်းရှောင်ယွဲ့သည် ဆိပ်ကမ်းသို့ သွားရောက်သည်။

တကယ်ကိုပဲ ကျန့်တာဟယ်ရောက်နေပြီဖြစ်သည်။

လင်းရှောင်ယွဲ့သည် အလုပ်ရုံတည်ဆောက်မည့်ကိစ္စကို ပြောပြခဲ့ကာ ကျန်းတာ့ဟယ်လည်း ကြားပြီးနောက် အလွန်ဝမ်းမြောက်သွားပြီး မနက်ဖြန်တွင် လျိုအိမ်သို့ သွား၍ အလုပ်ရုံတည်ဆောက်ရန် လူများကို စီစဉ်မည်ဟု ချက်ချင်း ကတိပေးခဲ့သည်။

လင်းရှောင်ယွဲ့သည် ထိုအခါမှ မြို့ထဲသို့ ပြန်လာခဲ့သည်။

ဆားဆိုင်သို့ သွား၍ ဆားတစ်သုတ် မှာယူပြီး ဆန်ဆိုင်သို့ သွား၍ ကောက်ညှင်းမှုန့် အစရှိသည်တို့ကို မှာယူသည်။

ထို့နောက် ဘဏ်သို့ သွား၍ ငွေစက္ကူနှင့် ငွေစများ၊ ကြေးပြားများ လဲလှယ်ပြီးမှ သာ့ရှီရွာသို့ ပြန်လာသည်။

......

လျိုအိမ်သို့ ပြန်ရောက်သောအခါ လင်းရှောင်ယွဲ့သည် လျိုရှီကို အိမ်နောက်ဘက်သို့ ခေါ်ဆောင်သွားပြီး နောက်လုပ်မည့်အစီအစဉ်များအကြောင်း လျိုရှီအား ပြောပြသည်။

လျိုရှီသည် သမီးဖြစ်သူက ရူယီစားသောက်ဆိုင်၏ သခင်၊ ကျိုးကုန်သွယ်ရေးလုပ်ငန်းမှ လူများနှင့် ပူးပေါင်းဆောင်ရွက်မည်ကို သိရှိသောအခါ အံ့အားသင့်ပြီး ဝမ်းမြောက်သွားသည်။

လင်းရှောင်ယွဲ့သည် မိမိယနေ့ မြို့ပေါ်တွင် လဲလှယ်ခဲ့သော ငွေစ၁၀၀ဖိုး ကြေးပြားများကို ထုတ်ယူလိုက်သည်။

ထို့နောက် ငွေစ၁၀၀တန် ငွေစက္ကူနှစ်ရွက်ကို ထပ်မံထုတ်ယူလိုက်သည်။

"ဒီငွေစ၂၀၀တန် ငွေစက္ကူက အမေ့ကို ပြန်ဆပ်တာ၊ ကျန်တဲ့ဒီ၁၀၀ကတော့ အမေ မုန်ညှင်းဖြူဝယ်တဲ့နေရာမှာသုံးဖို့။"

ရူယီစားသောက်ဆိုင်က ငွေစ၅၀၀၀ဖြင့် သုံးဆယ်ရာခိုင်နှုန်း အစုရှယ်ယာ လိုချင်သည်၊ သူမကင်မ်ချီပြုလုပ်ခြင်း၊ နောက်နှစ်ပျိုးခြံဝယ်ယူခြင်း၊ ၅၀၀၀ပင် မကုန်နိုင်ပေ။ ပိုလျှံသောသမျှသည် သူမအတွက်ဖြစ်သည်။

ကျိုးကုန်သွယ်ရေးလုပ်ငန်းကလည်း အစုရှယ်ယာဝင်လျှင် နောက်ထပ်ငွေစ၅၀၀၀ ရလာဦးမည်။ ဟားဟား၊ ရုတ်တရက်ကြီး ချမ်းသာသွားပြန်ပြီ။ ပြီးတော့ ဒီတစ်ခေါက်က အများကြီးပဲ။

လျိုရှီသည် သမီးဖြစ်သူ ဤတစ်ကြိမ် ငွေများစွာ ရှာဖွေနိုင်မည်ကို သိရှိသောအခါ လင်းရှောင်ယွဲ့နှင့် မငြင်းခုံတော့ဘဲ ငွေကို ဝမ်းမြောက်စွာ လက်ခံလိုက်သည်။

"ငွေစ၁၀၀က များလွန်းမလား။" ဟု မြေကြီးပေါ်တွင် ချထားသော ကြေးပြားသေတ္တာကြီးနှစ်လုံးကို ကြည့်ရင်း လျိုရှီက လင်းရှောင်ယွဲ့အား မေးသည်။

သူတို့အိမ်သည် ဤရက်ပိုင်း မုန်ညှင်းဖြူဝယ်ယူရာတွင် တစ်ပေါင်လျှင် ကြေး၁ပြားဖြင့် ဝယ်ယူသည်၊ ငွေစ၁၀၀ဆိုလျှင် ပေါင်တစ်သိန်းပင် ဝယ်ယူနိုင်သည်။

"အကုန်လုံး မသုံးဖြစ်နိုင်ပါဘူး။ အမေ့ကို များများပေးထားရင် အဆင်ပြေတာပေါ့။"

လင်းရှောင်ယွဲ့သည် လျိုရှီကို ကြည့်လိုက်သည်။

"နောက်ဆိုရင် အရင်ဆုံး သမီးတို့ရွာက မုန်ညှင်းဖြူတွေကို ဝယ်မယ်။ အရေအတွက်နည်းရင် ပေါင် ဆယ်ဂဏန်း၊ ရာဂဏန်းလောက်ဆိုရင် အိမ်ကိုပဲ တိုက်ရိုက်ပို့ခိုင်းလိုက်။ ပေါင်နှစ်ရာကျော်ရင် အမေသူတို့ကို အရင်ဆုံး စာရင်းပေးခိုင်းပြီး သမီးတို့အကြောင်းကြားမှ လယ်ထဲကနေခုတ်ခိုင်း။ အိမ်မှာ နေ့တိုင်း မုန်ညှင်းဖြူ ပေါင်နှစ်ထောင်လောက် ရှိနေအောင်တော့ အတတ်နိုင်ဆုံးကောက်ပေးပါ။

သမီးနောက်မှ ရွာသူကြီးအိမ်ကို တစ်ခေါက်သွားပြီး ကင်မ်ချီလုပ်ဖို့ ကူညီပေးဖို့ ရွာသူကြီးကို လူဆယ်ယောက်ကျော်လောက် ရှာပေးဖို့ သွားပြောလိုက်မယ်။"

"ဒီလောက်လူတွေ ထပ်ထည့်ရမှာလား။ အာ့ယာ၊ နောက်ပြီး အစ်မကျန်းတို့လေးယောက်၊ အမေတို့နှစ်ယောက်နဲ့ ပေါင်းရင် လူအင်အားမနည်းတော့ဘူးလေ။"

လင်းရှောင်ယွဲ့သည် ပြုံးလိုက်သည်။

"အာ့ယာနဲ့ အဒေါ်ကျန်းတို့လေးယောက်ကို စားသောက်ဆိုင်ရဲ့ ကုန်ပစ္စည်းတွေ၊ ငရုတ်သီးသိမ်းတာတွေ ကူညီခိုင်းလိုက်။ ကင်မ်ချီလုပ်တဲ့ကိစ္စကို သူတို့ကို မဝင်ခိုင်းနေနဲ့တော့။

တစ်နေ့ကို မုန်ညှင်းဖြူ ပေါင်နှစ်ထောင် ပြင်ဆင်ရတာ လွယ်တာမဟုတ်ဘူး၊ ဆယ်ယောက်တောင် မနိုင်နိုင်ဘူး။

အရွက်တွေဆေးကြောတာ သုံးယောက်၊ ပြီးတော့ တစ်ယောက်က မုန်ညှင်းဖြူကို လှီးတာ၊ နှစ်ယောက်က လှီးပြီးသား မုန်ညှင်းဖြူကို ဆားနယ်တာ၊ သုံးယောက်က နောက်ဆုံးမှာ အနှစ်သုတ်ပြီး၊ အိုးထဲထည့်တာ၊ အဖုံးပိတ်တာ။ ဒါဆိုရင် ကိုးယောက်ရှိပြီ။

နောက်ပြီး ငရုတ်သီးရှိသေးတယ်။ ငရုတ်သီးမှုန့်ဖြစ်အောင် လုပ်ဖို့ လူလိုသေးတယ်။ ဒီအဆင့်မှာလည်း နှစ်ယောက်လိုတယ်။"

လင်းရှောင်ယွဲ့သည် တွက်ချက်ကြည့်ရာ သူမသည် အနည်းဆုံး ဆယ့်တစ်ယောက်ခန့် ငှားရမ်းရမည်ကို တွေ့ရှိရသည်။

"ငရုတ်သီးမှုန့်ကို အမေတို့ကိုယ်တိုင် လုပ်ကြမလား။" လျိုရှီက ရုတ်တရက် လင်းရှောင်ယွဲ့ကို ကြည့်လိုက်သည်။

လျိုရှီ၏မျက်လုံးများထဲမှ စိုးရိမ်မှုကို လင်းရှောင်ယွဲ့မြင်လိုက်ရသည်။

လင်းရှောင်ယွဲ့၏ နှုတ်ခမ်းထောင့်သည် ကွေးတက်သွားပြီး သူမအမေ အခုလိုစိုးရိမ်တတ်သည်ကို ဝမ်းမြောက်နေမိသည်။

All Chapters