← Chapters

ရက်စက်ကြမ်းကြုတ်သော မြင်ကွင်း

Vol. 48 Ch. 706

ရက်စက်ကြမ်းကြုတ်သော မြင်ကွင်း

Vol. 48 Ch. 706

ရှီယာသခင်မ၏ စကားကို ကြားသောအခါ ရွာသူကြီး၊ အသားသတ်သမားနှင့် အခြားလူများအားလုံး တိတ်ဆိတ်သွားသည်။

ဟုတ်တယ်..

ဤမြို့ငယ်လေးတွင် ဒုတိယအဆင့် ဆာမူရိုင်းတစ်ယောက်သည် အလွန်အင်အားကြီးသော်လည်း မြို့တော်ထဲတွင်မူ ၎င်းသည် ဘာမှမဟုတ်လောက်ပေ။ ထိုအခိုက်တွင် ရှီယာသည် သူမနှုတ်ခမ်းများကိုသပ်လိုက်ပြီး သူမ၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုဖြင့် သွေးဆာနေသောအလင်းရောင်တို့ကြောင့် တလက်လက်တောက်ပလာသည်။

"ငါ ဒီကျိန်စာတိုက်ခံထားရတဲ့နေရာကို ရောက်လာကတည်းက နေ့တိုင်း ပျင်းလွန်းလို့ သေတော့မယ်၊ ဒီနေ့တော့ တစ်ယောက်ယောက်က တံခါးလာခေါက်မှတော့ သတ်ဖြတ်ပွဲကြီးတစ်ခု စလိုက်ကြရအောင်"

ရွာသူကြီးနှင့် အသားသတ်သမားတို့သည် ထိုသခင်မလေးကို ကြည့်ကာ အချင်းချင်း မျက်စပစ်ပြပြီးနောက် ကောက်ကျစ်စွာ ပြုံးလိုက်ကြသည်။

"သခင်မ သဘောအတိုင်းပါပဲ"

တဲများထဲရှိ ချန်အားတုနှင့် ချန်ရှောင်မေ့တို့ မောင်နှမနှစ်ယောက်သည် ယခုထိတိုင် နိုးနေကြဆဲဖြစ်သည်။

ချန်အားတုသည် အနည်းငယ် စိတ်လှုပ်ရှားနေသောကြောင့် ယနေ့ရရှိခဲ့သော ပစ္စည်းများကို စစ်ဆေးကာ စကားများ မဆဲနိုင်အောင်ပြောနေသည်။

"ရှောင်မေ့၊ ဒါကို စစ်ဝတ်ရုံလို့ခေါ်တယ်၊ ကိုင်ကြည့်... အရမ်းနူးညံနေတာပဲမလား၊ ဒါနဲ့ဆိုရင် ငါ တောနက်ထဲကို ပိုနက်နက်ဝင်ပြီး ပစ္စည်းတွေ ပိုရှာနိုင်ပြီ"

"ဒါက ညပုလဲလေ၊ တန်ဖိုးကြီးတဲ့ မီးတစ်မျိုးပဲ၊ ဖယောင်းတိုင်မလိုဘဲတောင် လင်းနိုင်တဲ့ အစစ်အမှန်ရတနာပဲ၊ ဒါနဲ့ဆိုရင် ငါ ညဘက်တောင် တောထဲဝင်ပြီး ပစ္စည်းတွေ စုဆောင်းလို့ရပြီ"

ချန်ရှောင်မေ့သည် တိတ်ဆိတ်စွာ နားထောင်ရင်း ရံဖန်ရံခါ ပြုံးနေသည်။

သို့သော် ချန်အားတု စကားများဆုံးချိန်

အခါ သူမသည် လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

"အစ်ကိုကြီး ဒီနေ့ အိမ်ကိုတောင် မပြန်လာနိုင်တော့တဲ့အထိဖြစ်သွားတာလေ"

ထိုအရာကိုကြားသောအခါ ချန်အားတုသည် တစ်ချက်တုန်သွားပြီးနောက် ဟန်ဆောင်ကာ ရယ်လိုက်သည်။

"ငါထင်တာက တစ်ကောင်တည်းနေနေတဲ့ ဝံပုလွေတစ်ကောင်ကို ဖမ်းနိုင်မယ်လို့ ထင်ထားခဲ့တာ၊ ဒါပေမဲ့ အဲ့ဝံပုလွေက အရမ်းကောက်ကျစ်ပြီး ထောင်ချောက်တွေတောင် ဆင်ထားမယ်မှန်း ဘယ်သူသိမှာလဲ၊ ကံကောင်းလို့ သခင်ကြီးက အချိန်မီရောက်လာလို့ပဲ၊ မဟုတ်ရင်တော့ နည်းနည်းခက်ခဲသွားလိမ့်မယ်"

ချန်အားတုသည် ထိုကိစ္စကို သာမန်အရာတစ်ခုပမာ ပေါ့ပေါ့တန်တန်ဖြစ်အောင် အစွမ်းကုန် ကြိုးစားပြောနေသည်။ သို့သော် ချန်ရှောင်မေ့၏ မှိန်ဖျော့နေသော မျက်လုံးများတွင် မျက်ရည်များ ပြည့်လျှံလာပြီး တုန်ယင်သောလေသံဖြင့် ပြောလိုက်သည်။

"ဒီတစ်ခါတော့ အစ်ကိုကြီး ကံကောင်းလို့ သခင်ကြီးဆီက ကယ်တင်ခံခဲ့ရတာ၊ ဒါပေမဲ့ နောက်တစ်ခါဆိုရင်ရော ညီမတို့ ကံကိုပဲ အားကိုးနေရမှာလား"

ချန်အားတုသည် ခေါင်းငုံ့ကာ တိတ်ဆိတ်နေသည်။ ချန်ရှောင်မေ့သည် သူမ၏ ထက်မြက်သော အလိုလိုသိစိတ်ကြောင့် ချန်အားတု၏ ပါးပြင်ကို ညင်သာစွာ ထိကိုင်လိုက်သည်။

"ညီမအတွက်နဲ့ နောက်တစ်ခါ စွန့်စားမှုတွေ မလုပ်တော့ဘူးလို့ ကတိပေးပါနော်၊ နော်... အစ်ကိုကြီး၊ တောစပ်မှာ သူများကျန်တဲ့ အမှိုက်ကောက်ရရင်တောင်မှ အထဲကို ထပ်မဝင်ပါနဲ့တော့ အထဲမှာ အရမ်းအန္တရာယ်များတယ်"

"အင်း"

ချန်အားတုသည် ညင်သာစွာ ပြန်ဖြေလိုက်သည်။

"တကယ်တော့ ဒီနေ့ ညီမတို့တွေ့ခဲ့တဲ့ သခင်ကြီးက နောက်လိုက်တစ်ယောက် လိုအပ်လောက်တယ်၊ အစ်ကို သူ့ကိုမေးကြည့်ပါလား ဒါဆို..."

"ဆက်မပြောနဲ့တော့"

ချန်အားတုသည် သူ့ညီမ၏စကားကို ဖြတ်တောက်လိုက်ပြီး သူ့လေသံထဲမှာ ပြတ်သားစွာထွက်လာသည်။

"ငါ မင်းကိုစွန့်ပစ်ပြီး ထွက်သွားမှာမဟုတ်ဘူး"

ချန်ရှောင်မေ့သည် ချန်အားတု၏ အဖြေကို မျှော်လင့်ထားသည့်ပမာ ညင်သာစွာ သက်ပြင်းချလိုက်သည်။

"အစ်ကိုကြီး..."

"ဒီအကြောင်းတွေ ထပ်မပြောကြနဲ့တော့! ညဉ့်နက်နေပြီ၊ အိပ်ကြရအောင်"

ချန်အားတုသည် ခပ်တိုးတိုးအသံဖြင့် ပြောပြီးနောက် နောက်ဘက်ရှိ ၎င်းတို့၏ အိပ်စရာနေရာလေးဆီသို့ ပြန်သွားရန် ထရပ်လိုက်သည်။ ချန်ရှောင်မေ့သည် ထိုနေရာတွင် ကြောင်ငေးစွာ ထိုင်နေပြီး အတော်ကြာမှ သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်သည်။ ထိုစဉ်မှာပင် အိပ်စက်အနားယူတော့မည့် ချန်အားတုသည် ရုတ်တရက် ထထိုင်လိုက်ပြီး သူ၏အကြည့်မှာ တံခါးဘက်သို့ ရွေ့သွားသည်။

"ဘယ်သူလဲ"

သူ ပြောပြီးသည်နှင့် ကျိုးပျက်နေပြီဖြစ်သော သစ်သားတံခါးသည် ကွဲအက်ထွက်သွားပြီး အသားသတ်သမားသည် အရိုးလှီးဓားနှစ်ချောင်းကို ကိုင်ဆောင်ကာ ဖြည်းညှင်းစွာ ဝင်လာသည်။ ၎င်းသည် ချန်မောင်နှမနှစ်ယောက်ကို ကြည့်ကာ လှောင်ပြောင်ရယ်မောလိုက်သည်။

"မင်္ဂလာညနေခင်းပါ၊ ချန်မောင်နှမတွေ"

ချန်အားတုလည်း လန့်သွားပြီး ထရပ်ကာ တစ်စုံတစ်ခုပြောရန် ပြင်လိုက်စဉ်မှာပင် ရွာသူကြီးနှင့် အခြားကိုယ်ရံတော်များစွာသည် အသားသတ်သမားနောက်မှ ဝင်လာသည်ကို မြင်လိုက်ရသည်။ ရွာသူကြီးနောက်တွင်လည်း အခြားလူတစ်ယောက် ရပ်နေသည်။

"ယောင်ရှောင်ဖေး"

အားတုသည် ကျောရိုးထဲတွင်ပင် အေးစက်သော ခံစားမှုတစ်ခု ဖြတ်သန်းသွားပြီး မကောင်းသော နိမိတ်တစ်ခုကို ခံစားလိုက်ရသည်။ ထိုစဉ် အပြင်ဘက်မှ အထက်စီးဆန်သော မိန်းမတစ်ယောက်၏ အသံထွက်ပေါ်လာသည်။

"ဒီနေရာက ရွံစရာကောင်းလောက်အောင် ညစ်ပတ်နေတာပဲ၊ ငါဒီကိုလာရတာ အလဟဿမဖြစ်ပါစေနဲ့လို့ မျှော်လင့်ပါတယ်" ရှီယာသည် စကားပြောနေစဉ်မှာပင် ဖြည်းညှင်းစွာ ဝင်လာသည်။

အားတုသည် ခမ်းနားစွာဝတ်ဆင်ထားသော မိန်းမငယ်လေးကြောင့် သူ့သွေးများ အေးခဲသွားသလို ခံစားရသည်။ အဘယ့်ကြောင့်ဆိုသော် သူမ၏နောက်တွင် အလွန်ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများစွာကို ခံစားမိသောကြောင့် ဖြစ်သည်။ သူသည် ချန်ရှောင်မေ့ကို သူ့နောက်တွင် အလိုအလျောက် ကာဆီးလျက် ကာကွယ်လိုက်ပြီး တည်ငြိမ်အောင် အစွမ်းကုန်ကြိုးစားကာ ပြောလိုက်သည်။

"ဂုဏ်သရေရှိတဲ့ သခင်တို့က ကျွန်တော့်ဆီကို ဘာကိစ္စရှိလို့လာတာပါလဲ"

ရှီယာသည် တခစ်ခစ် ရယ်မောလိုက်သည်။

"ကောင်လေး၊ ဟန်ဆောင်ကောင်းနေတုန်းပဲလား၊ သန့်စင်ရေကို အခုချက်ချင်းထုတ်ပေးစမ်း၊ မဟုတ်ရင်တော့..."

အားတုသည် မျှော်လင့်ချက်မဲ့ခြင်းလှိုင်းလုံးကြီးတစ်ခု သူ့အပေါ် လွှမ်းမိုးသွားသလို ခံစားလိုက်ရသည်။ သူ အကြောက်ဆုံးအရာသည် ဖြစ်ပျက်လာခဲ့လေသည်။ သို့သော် သူ့မျက်နှာအမူအယာမှာ မပြောင်းဘဲ ပြောလိုက်သည်။

"မမလေး ခင်ဗျားတို့ လူမှားနေလောက်ပြီ၊ ကျွန်တော်တို့က ဒုတိယအဆင့်ရေတစ်ပုလင်းတောင် မဝယ်နိုင်တဲ့ ငမွဲတွေပါ၊ သန့်စင်ရေဆိုတာ ဝေးရောပေါ့"

သို့သော် သူစကားဆုံးသည်နှင့် ယောင်ရှောင်ဖေးသည် စိတ်မရှညခစွာဖြင့် ပြောလိုက်သည်။

"ချန်အားတု၊ မသိချင်ယောင်ဆောင်မနေနဲ့၊ ငါ အားလုံးကို ကိုယ့်မျက်စိနဲ့ကိုယ် မြင်ခဲ့တာ၊ မင်းဆီမှာ အကောင်းဆုံးအဆင့် သန့်စင်ရေက သောက်ဖို့တင်မကဘူး၊ မင်းရဲ့ မိစ္ဆာညီမ ဒဏ်ရာတွေကို ဆေးဖို့တောင် သုံးခဲ့သေးတယ်"

အားတု၏ မျက်နှာလည်း ပြောင်းလဲသွားသည်။

"ယောင်ရှောင်ဖေး၊ မင်း ငါ့ကို မဟုတ်မမှန် မစွပ်စွဲနဲ့"

သူ့ စကားမဆုံးမီမှာပင် ကြီးမားသော စွမ်းအားတစ်ခုသည် သူ့ဆီ ရုတ်တရက် တိုး၀င်လာသောကြောင့် အားတု လွင့်ထွက်သွားသည်။

"အစ်ကိုကြီး"

ချန်ရှောင်မေ့သည် ထိန်လန့်စွာ အော်ဟစ်လိုက်သည်။ ရှီယာသည် ချန်ရှောင်မေ့၏ ရုပ်ဆိုးအကျည်းတန်သော မျက်နှာကို ရွံရှာစွာကြည့်လိုက်ပြီးနောက် အေးစက်စွာ ပြောလိုက်သည်။

"ငါက မင်းကို သန့်စင်ရေထုတ်ပေးဖို့ ပြောနေတာ၊ ဘယ်သူက မင်းကို အဓိပ္ပာယ်မရှိတဲ့စကားတွေ ပြောခွင့်ပေးလို့လဲ"

အားတုသည် ပြင်းထန်စွာ အရိုက်ခံရသောကြောင့် အသက်ရှူမဝစွာ ရင်ဘတ်ထဲမှ နာကျင်နေသော်လည်း သူမ၏စကားကို ကြားသောအခါ ခေါင်းယမ်းလိုက်သည်။

"ကျွန်တော် တကယ်မသိပါဘူး သခင်တို့ရယ်..."

အားတုသည် ဤအချိန်တွင်သာ ထုတ်ပေးလိုက်ပါက သူ သေချာပေါက် သေမည်ဖြစ်ပြီး သူသာ ဆက်ငြင်းဆန်ပါက အသက်ရှင်သန်ရန် အခွင့်အရေးအနည်းငယ် ရနိုင်သည်ကို ကောင်းစွာသိသည်။ သို့သော် သူ၏စကားကိုကြားသောအခါ ရှီယာသည် ရယ်မောကာ နှုတ်ခမ်းသပ်လိုက်သည်။

"ကောင်းပြီလေ၊ မင်းမပြောမှတော့ မင်းနဲ့မင်းညီမအတွက် ငါပြင်ဆင်ထားတဲ့ ညစာကို နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်"

ထိုစကားများနှင့်အတူ ရှီယာသည် ချန်ရှောင်မေ့ထံသို့ ဖြည်းညှင်းစွာ ချဉ်းကပ်သွားသည်။

"မင်း... မင်းဘာလုပ်မလို့လဲ၊ ငါ့ညီမကို လွှတ်စမ်း"

အားတုသည် ဒေါသတကြီး အော်ဟစ်ကာ ထရန်ကြိုးစားသည်။ သို့သော် ရွာသူကြီးသည် ဘယ်ကမှန်းမသိ သူ့ရှေ့သို့ ရောက်နေပြီဖြစ်သည်။ ၎င်းသည် အားတုကို ကန်ချလိုက်ပြီး သူ့မျက်နှာကို နင်းထားလိုက်သည်။

"ချန်ကောင်လေး၊ ကံမကောင်းတာက မင်းအပြစ်ပဲ"

ထိုအချိန်တွင် ရှီယာသည် ချန်ရှောင်မေ့ အနားသို့ ရောက်ရှိနေပြီဖြစ်ပြီး သူမ၏ မျက်နှာအမူအယာတွင် ရွံရှာမှုနှင့် စိတ်လှုပ်ရှားမှုတို့ ရောယှက်နေသည်။

"ကောင်မလေး၊ မကြောက်ပါနဲ့... သိပ်မနာပါဘူး"

သူမ စကားမဆုံးမီမှာပင်… မိန်းကလေးတစ်ယောက်၏ အော်ဟစ်သံသည် ဆင်းရဲသားရပ်ကွက်တစ်ခုလုံးကို ပဲ့တင်ထပ်သွားသည်။ ထို့နောက် ချန်အားတု၏ ဒေါသထွက်နေသောအသံမှာ ထွက်ပေါ်လာသည်။

"ရှောင်မေ့ကို လွှတ်စမ်း၊ အားးးး"

သူ အော်ဟစ်လိုက်ရခြင်းမှာ ရှီယာသည် ချန်အားတု၏ အော်သံကို အလွန်စိတ်အနှောင့်အယှက်ဖြစ်သောကြောင့် သူမ၏ ခေါင်းညိတ်ပြမှုတစ်ခုအောက်တွင် သားသတ်သမားသည် ရက်စက်စွာပြုံးလိုက်ပြီး ရှေ့သို့တိုးကာ တစ်ချက်တည်းဖြင့် ချန်အာထူ၏ လက်ဖဝါးကို ထိုးဖောက်ပြီး မြေပြင်ပေါ်တွင် ရက်စက်စွာ ဖိထားလိုက်သည်။

ချန်အားတုသည် နာကျင်မှုကြောင့် လူးလွန့်နေသော်လည်း ရွာသူကြီးသည် သူ့ခေါင်းကို ခြေထောက်ဖြင့် နင်းထားလျက် ဆေးလိပ်ကို အေးဆေးစွာထုတ်၍ မီးညှိကာ အားရပါးရ ရှိုက်ဖွာလိုက်သည်။

"ချန်ကောင်လေး၊ မင်း ကြည့်... သခင်မ ရှီယာက မြို့ထဲမှာတောင် အရမ်းတော်တဲ့ အနုပညာရှင်တစ်ယောက်လို့ သတ်မှတ်ခံရတာ၊ သွေးက သူ့ရဲ့ ပန်းချီစုတ်တံပဲ၊ အော်သံတွေဆိုတာ သူ့ရဲ့ ဖန်တီးမှုအရင်းအမြစ်ပဲ၊ ဘယ်လောက်တောင် ကြည့်ကောင်းတဲ့ မြင်ကွင်းလဲ"

ရွာသူကြီး၏ စကားများသည် ချီးကျူးစကားများဖြင့် ပြည့်နှက်နေသော်လည်း ချန်အားတု၏ မျက်လုံးများမှာ သွေးနီရောင်သို့ ပြောင်းနေပြီဖြစ်သည်။

All Chapters