← Chapters

ရောက်လာမှတော့ အထဲဝင်ခဲ့ပါလား

Vol. 48 Ch. 707

ရောက်လာမှတော့ အထဲဝင်ခဲ့ပါလား

Vol. 48 Ch. 707

အားတုမှကြည့်ပါလျှင် ရှီယာသည် ချန်ရှောင်မေ့အပေါ် တစ်စုံတစ်ခုလုပ်တော့မည်အခိုက်တွင် သူမ၏ စိတ်လှုပ်ရှားနေသောမျက်နှာမှာ ရှင်းလင်းစွာမြင်နိုင်သည်။ သူမ၏လက်မောင်းကို လှုပ်ရှားလိုက်တိုင်း သွေးများပန်းထွက်နေပြီး အချို့မှာ ရှီယာ၏မျက်နှာပေါ်သို့ပင် စင်သွားသည်။

သို့သော် ဤအရာသည် ရှီယာ၏ လှုပ်ရှားမှုကို အဟန့်အတားမဖြစ်ခဲ့ပေ။

သို့သော် ချန်ရှောင်မေ့သည် ပြင်းထန်သောနာကျင်မှုကြောင့် တုန်ယင်နေသော်လည်း အံကိုတင်းတင်းကြိတ်ကာ အော်သံထပ်မထွက်အောင် တင်းခံထားသည်။

"ညစ်ပတ်တဲ့ မျိုးဗီဇပြောင်းတဲ့ဟာမ၊ ဘာလို့ မအော်တော့တာလဲ၊ ဟမ် ဘာလို့လဲ"

ချန်ရှောင်မေ့၏ ခေါင်းမာမှုမှာ ရှီယာကို ဒေါသထွက်စေပြီး သူမကို ဒေါသပေါက်ကွဲစေကာ ရက်စက်စွာ လှောင်ရယ်လိုက်သည်။

"စိတ်မပူပါနဲ့၊ ညကတိုပါတယ်၊ မင်းတို့ မောင်နှမနှစ်ယောက်လုံးကို ငါ ဖြည်းဖြည်းချင်း နှိပ်စက်ပေးမယ်"

ထိုသို့ပြောကာ သူမ၏လှုပ်ရှားမှုများသည် ပိုလို့ပင်မြန်ဆန်လာပြီး ဓားသွားဖြင့် အသားကိုခွဲထုတ်နေသည့်အသံမှာ ကြက်သီးထဖွယ်ကောင်းစွာ ထွက်လာပြန်သည်။

ရွာသူကြီးနှင့် အသားသတ်သမားတို့သည် ဤအရာကို လေးစားသောမျက်နှာဖြင့် ကြည့်ရှုနေကြပြီး ယောင်ရှောင်ဖေးမှာမူ မျက်နှာအနည်းငယ် ဖြူဖျော့သွားကာ အနောက်ခန်းထဲကို တိတ်တဆိတ်ဝင်သွားသည်။

ကျွတ်

ချန်အားတု၏ သွားများသည် အလွန်တင်းကြပ်စွာ ကြိတ်ထားသောကြောင့် ကြေမွသွားပြီး သူ၏ပါးစပ်ထောင့်မှ သွေးများစီးကျလာသည်။

အဘယ်ကြောင့်ဆို သူ၏ညီမသည် စားပွဲကို အလွန်တင်းကြပ်စွာ ဆုပ်ကိုင်ထားရာ စားပွဲပေါ်တွင်ပင် နက်ရှိုင်းသော အရာများထင်ကျန်နေသည်ကို သူမြင်နေရသောကြောင့် ဖြစ်သည်။

၎င်းမှာ သူမ အလွန်နာကျင်နေသည်မှာ ထင်ရှားသည်။

သို့သော် သူမသည် အသံတစ်ချက်မှ မပြုခဲ့ပေ။

ချန်အားတုသည် ဒေါသထွက်နေသော ခြင်္သေ့တစ်ကောင်ကဲ့သို့ ဟိန်းဟောက်ကာ သူ့ကိုဖိထားသော ရွာသူကြီး၏ခြေထောက်အောက်မှ လွတ်မြောက်ရန် ကြိုးစားလိုက်သော်လည်း အသားသတ်သမားထံမှ နောက်တစ်ချက်ထိုးနှက်ခြင်းကိုသာ ရရှိလိုက်သည်။

ဘန်း

သွေးများလည်း ပန်းထွက်သွားသည်။

ချန်အားတုသည် နာကျင်စွာ ညည်းညူလိုက်သည်။

ထိုအသံကိုကြားသောအခါ ချန်ရှောင်မေ့၏ အရောင်မှိန်သောမျက်လုံးများသည် ပင့်ကြည့်လာကာ အားတုရှိရာသို့ လှမ်းကြည့်၍ ညင်သာစွာ ခေါင်းခါပြလိုက်သည်။

ချန်အားတု၏ မျက်လုံးများတွင် သွေးမျက်ရည်များ ပြည့်လျှံလာသည်။ သူနားလည်လိုက်သည်။

သူ၏ညီမက သူ့ကို မလှုပ်ရှားရန် ပြောနေခြင်းဖြစ်သည်။

ထိုအခိုက်အတန့်တွင် ယောင်ရှောင်ဖေးသည် ရွှယ်အန်းက ချန်အာထူအား ပေးခဲ့သော သတ္တုရေပုလင်းကြီးများကို သယ်ဆောင်ကာ နောက်ခန်းမှ စိတ်လှုပ်ရှားစွာ ထွက်လာသည်။

"သခင်တို့၊ ဒါက ကျွန်တော်ပြောခဲ့တဲ့ အဆင့်အမြင့်ဆုံး သန့်စင်ရေပဲ၊ ဓာတ်ရောင်ခြည် လုံးဝမပါဘူး"

လူတိုင်းလည်း ခေါင်းလှည့်ကြည့်လိုက်ကြသည်။

ရှီယာပင်လျှင် သူမ၏ 'ဖန်တီးမှု' ကို ရပ်တန့်လိုက်သည်။

ထိုရေသန့်ပုလင်းများသည် မှိန်ဖျော့သော အလင်းရောင်အောက်တွင် စွဲမက်ဖွယ်ကောင်းစွာ တလက်လက်တောက်ပနေရာ လူတိုင်း ခဏတာ အသက်ရှူရပ်မတက်ဖြစ်သွားသည်။

ရှီယာသည် သူမထံပေးအပ်လာသော သတ္တုတွင်းရေသန့်ပုလင်းများကို အနီးကပ်ကြည့်လိုက်သောအခါ သူမလည်း ခဏတာ မှင်တက်သွားသည်။

အစပိုင်းတွင် သူမသည် အဆင့်အမြင့်ဆုံး သန့်စင်ရေ အမှန်တကယ်ရှိနိုင်မည်ဟု မယုံကြည်ခဲ့ပေ။

သူမ၏အမြင်တွင် ဤနေရာငယ်များမှ ဤလူများသည် ကမ္ဘာကြီးကို များများစားစားမမြင်ဖူးကြသဖြင့် အဆင့်မြင့်ရေတစ်မျိုးကို အဆင့်အမြင့်ဆုံး သန့်စင်ရေဟု အလွယ်တကူ မှားယွင်းစွာထင်မြင်နိုင်သည်ဟု ယူဆခဲ့သည်။

သို့သော် မမျှော်လင့်စွာ ယခုအခါ အစစ်အမှန်ဖြစ်နေပြီး ရေမှာ အလွန်ကြည်လင်နေသည်။

အမှန်အတိုင်းပြောရပါက သူမကဲ့သို့ တော်၀င်အမျိုးသမီးတစ်ယောက်ပင်လျှင် ဤမျှသန့်ရှင်းပြီး ဓာတ်ရောင်ခြည်ကင်းစင်သော အဆင့်အမြင့်ဆုံးရေကို မမြင်ဖူးခဲ့ပေ။

ရွာသူကြီးနှင့် အသားသတ်သမားတို့မှာမူ လုံးဝမှင်တက်နေကြသည်။

ခဏအကြာတွင် ရှီယာသည် တုန်လှုပ်မှုမှ တဖြည်းဖြည်း သတိပြန်ဝင်လာပြီး သူမ၏မျက်နှာမှာ ဝမ်းမြောက်မှုဖြင့် ပြည့်နှက်သွားသည်။

သူမသာ ဤကဲ့သို့သော အဆင့်အမြင့်ဆုံးရေကို ဘုရင်မင်းမြတ်ဆီ ဆက်သနိုင်မည်ဆိုလျှင် သူမ၏မိသားစုထံမှ မျက်နှာသာပေးမှုကို ပိုမိုရရှိနိုင်ပေမည်။

ဤသို့တွေးမိသောအခါ သူမသည် ချန်မောင်နှမဘက်သို့ မကောင်းဆိုးဝါးဆန်စွာကြည့်ကာ ရယ်မောလိုက်ပြီး သူမ၏လက်ထဲမှ ရေသန့်ပုလင်းကို မြှောက်ပြလိုက်သည်။

"ဒါက မင်းညီမရဲ့ဒဏ်ရာတွေကို ဆေးဖို့သုံးခဲ့တဲ့ အဖိုးတန်ရေလား"

ရှီယာသည် ချန်အားတု၏ တုံ့ပြန်မှုကိုမစောင့်ဘဲ သူမ၏လက်ကို နောက်သို့လွှဲကာ ဓားဖြင့် ခုတ်ချလိုက်သည်။

ချန်ရှောင်မေ့သည် နာကျင်စွာ ညည်းညူလိုက်သည်။

"ဟားဟား၊ တကယ့်ကို ဖြုန်းတီးလွန်းတာပဲ၊ ဒီလိုရေမျိုးကို ငါတောင် အများကြီးမသောက်ချင်ဘူး၊ ဒါကို မင်းက ညစ်ပတ်တဲ့ မျိုးဗီဇပြောင်းတစ်ယောက်ရဲ့ ဒဏ်ရာတွေကို ဆေးဖို့သုံးတယ်ပေါ့လေ"

ရှီယာသည် ရက်စက်စွာ ရယ်မောလိုက်သည်။

ချန်အားတုသည် ဒေါသနှင့် အကူအညီမဲ့မှုကို ခံစားလိုက်ရပြီး သွေးတစ်လုပ်အန်ထွက်ကာ တောင်းပန်သလိုလေသံဖြင့် ပြောလိုက်သည်။

"ကျွန်တော့်ကိုပဲသတ်၊ သူမကို လွှတ်ပေးပါ"

"တကယ့်ကို ထိရှတာပဲ၊ ဒါက မောင်နှမသံယောဇဉ်ပေါ့၊ ဒါပေမဲ့ မင်းတို့တစ်ယောက်ကိုမှ ငါမလွတ်နိုင်ဘူး၊ မင်းတို့ကို ဒီရေပို့ပေးတဲ့သူအပါအဝင်ပေါ့၊ မင်း အားလုံးအတူတူပဲ ငရဲသွားရမယ်"

ရှီယာသည် မကောင်းဆိုးဝါးဆန်စွာ ရယ်မောလိုက်ပြီးနောက် ချန်အားတုကို ကျောခိုင်းကာ သူ၏အမြင်ကိုကွယ်လျက် သူမ၏ 'ဖန်တီးမှု' ကို ဆက်လုပ်နေသည်။

ထို့နောက်တွင် ထောင့်ပိတ်မိနေသော သားရဲတစ်ကောင်၏ အသံကဲ့သို့သော အော်သံများသည် ထွက်ပေါ်လာသောကြောင့် တဲစုရပ်ကွက်ရှိ လူအများကို အနှောင့်အယှက်ဖြစ်သွားစေသည်။

ထိုနိမ့်ကျသော ဟိန်းသံသည် အလွန်နာကျင်မှုကြောင့် ငိုကြွေးနေသံနှင့်တူသဖြင့် အခြားသူများ နားထောင်ရန်ပင် မခံနိုင်လောက်အောင် သနားစရာကောင်းလှသည်။

အချို့လူများသည် ချန်မောင်နှမနေထိုင်ရာနေရာသို့ သတိဖြင့် ချောင်းကြည့်ကြသည်။

သို့သော် တံခါးဝတွင် ရပ်ထားသော မြင်းရထားကို မြင်လိုက်သည်နှင့် သူတို့အားလုံး ကြောက်လန့်တကြား နောက်ပြန်ဆုတ်သွားကြပြီး နောက်တစ်ကြိမ် ထွက်မကြည့်ဝံ့တော့ပေ။

ဤနေရာတွင် မြင်းရထားစီးနိုင်သူများအားလုံးသည် အမှန်တကယ် အရေးပါသော ပုဂ္ဂိုလ်များဖြစ်သည်။

တဲစုရပ်ကွက်တစ်ခုလုံးသည် သေလောက်အောင်တိတ်ဆိတ်နေပြီး ညသည်ပင်လျှင် ထိုရက်စက်သောမြင်ကွင်းကို မမြင်လိုသောကြောင့် တိတ်တဆိတ် ပျောက်ကွယ်နေသည့်ပမာပင်ဖြစ်သည်။

ထိုအချိန်တွင် ရွာသူကြီးသည် အစေခံတစ်ယောက်ကို လွှတ်ကာ အရက်ဆိုင်ရှိ ဖုန်းဖန်ကျစ်အား အလွန်ရိုးရှင်းသော စာတစ်စောင်ကို ပေးခိုင်းလိုက်သည်။

မကြာမီ အရက်ဆိုင်သည်လည်း မငြိမ်မသက်ဖြစ်လာသည်။

ထိုအချိန်မှာပင် အရက်ဆိုင်၏ တတိယထပ်ရှိ အခန်းတစ်ခန်းထဲတွင်...

ရွှယ်အန်းသည် သူ့သမီးနှစ်ယောက်ကို အလွန်အခြေခံကျသော မန္တန်အချို့ကို သင်ကြားပေးနေသည်။

ရွှယ်အန်းသည် စက္ကူကြိုးကြာငှက်တစ်ကောင်ကို ခေါက်ပြီးနောက် ညင်သာစွာ မှုတ်လိုက်ရာ စက္ကူကြိုးကြာငှက်လေးသည် တောင်ပံဖြန့်လျက် လေထဲသို့ ပျံတက်သွားသည်ကို မြင်ရသည်။

"ဝါး ပျော်စရာကြီး၊ ဖေဖေ... သမီး ဒါသင်ချင်တယ်"

ကလေးမလေး နှစ်ယောက်သည် တောက်ပသော မျက်လုံးများဖြင့် ပြောလိုက်ကြသည်။

ရွှယ်အန်းလည်း ပြုံးလိုက်သည်။

"ကောင်းပြီလေ၊ ဖေဖေ သင်ပေးမယ်၊ ဒါပေမဲ့ အရင်ဆုံး စက္ကူခေါက်နည်းကို သင်ရမယ်"

"ဟုတ်"

ထို့နောက် ရွှယ်အန်းသည် သူ၏သမီးများကို စက္ကူခေါက်နည်းကို တစ်ဆင့်ချင်း စတင်သင်ကြားပေးပြီး အဆုံးတွင် ရိုးရှင်းသော ဂါထာမန္တန်အချို့ ရေးဆွဲနည်းကို သင်ကြားပေးသည်။

အန်းယန်သည် ဤမြင်ကွင်းကို ပြုံးပြုံးလေးဖြင့် ကြည့်နေသည်။

မကြာခင်မှာပင်...

ရှန်းရှန်းသည် စက္ကူကြိုးကြာငှက်တစ်ကောင်ကို အမြန်ခေါက်နိုင်သွားပြီး လက်နှစ်ဖက်ကို ယှက်ကာ မျက်လုံးကိုမှိတ်လျက် တစ်စုံတစ်ခုကို ရွတ်ဆိုပြီးနောက် ရုတ်တရက် မျက်လုံးဖွင့်ကာ စက္ကူကြိုးကြာငှက်ကို မှုတ်လိုက်သည်။

ဖလပ်!

စက္ကူကြိုးကြာငှက်သည် အနည်းငယ် တုန်ခါသွားပြီးနောက် တောင်ပံခတ်ကာ ခက်ခက်ခဲခဲ လေထဲသို့ ပျံတက်သွားသည်။

၎င်းသည် ပျံတက်ရန် အနည်းငယ်ခက်ခဲနေသော်လည်း လေထဲသို့ရောက်သွားသောအခါ ပုံစံကျသွားသည်။

ဤမြင်ကွင်းကို မြင်သောအခါ...

နျန်နျန်သည် စက္ကူခေါက်ရာတွင် ရုန်းကန်နေရဆဲဖြစ်သောကြောင့် အနည်းငယ် စိတ်မရှည်ဖြစ်လာသည်။ သူမသည် စက္ကူကြိုးကြာငှက်ကို အလျင်အမြန်ခေါက်ပြီး သူမ၏အစ်မအတိုင်း မျက်လုံးမှိတ်ကာ တစ်စုံတစ်ခုကို ရွတ်ဆိုပြီးနောက် မှုတ်ထုတ်လိုက်သည်။

သို့သော် တစ်မိနစ်ပြည့်သွားသည့်တိုင် စက္ကူကြိုးကြာငှက်သည် တစ်လက်မမျှပင် မလှုပ်ရှားလာပေ။

နျန်နျန်သည် မှင်တက်စွာ ကြည့်နေရင်း စက္ကူကြိုးကြာငှက်၏တောင်ပံကို လက်ဖြင့် ထိုးလိုက်သည်။

"ဟေ့ ဘာလို့မပျံတာလဲ"

သူမ မည်မျှထိုးနေပါစေ စက္ကူကြိုးကြာငှက်သည် နေရာတွင်သာ ငြိမ်သက်နေသည်။

အဆုံးတွင် နျန်နျန်သည် အနည်းငယ် စိတ်ဓာတ်ကျသွားပြီး နှုတ်ခမ်းစူကာ အလွန်ဝမ်းနည်းသောလေသံဖြင့် ပြောလိုက်သည်။

"ဟွန့် မပျံချင်လည်းနေပေါ့၊ ခဏနေရင် နင့်ကို မီးဖိုထဲ ပစ်ထည့်ပြီး မီးရှို့ပစ်မယ်"

သူမ စကားမဆုံးမီမှာပင် စက္ကူကြိုးကြာငှက်သည် ချက်ချင်း တောင်ပံခတ်ကာ ယိုင်နဲ့နဲ့ဖြင့် ပျံတက်သွားသည်။

သို့သော် နျန်နျန်သည် စက္ကူကြိုးကြာကို ဖြစ်သလိုခေါက်ထားသောကြောင့် ၎င်းသည် ယိုင်နဲ့နဲ့ပျံသန်းနေသဖြင့် ရှန်းရှန်းကို ရယ်မောသွားစေသည်။

"နျန်နျန်က ငတုံးမလေး၊ နင်က ကြိုကြာငှက်ခေါက်ထားတာမဟုတ်ဘူး၊ ယင်ကောင်ခေါက်ထားတာပဲ"

ရွှယ်အန်းနှင့် အန်းယန်တို့သည် ထိုမြင်ကွင်းကို ကြည့်ကာ ပြုံးမိကြသည်။

ယခုအခါ သူတို့ သမီးနှစ်ယောက်သည် ကြီးလာသည်နှင့်အမျှ ၎င်းတို့၏ စရိုက်လက္ခဏာများသည် တဖြည်းဖြည်းပိုကွဲပြားလာသည်။

အစ်မကြီး ရှန်းရှန်းသည် တက်ကြွပြတ်သားကာ အလွန်လည်း ထက်မြက်သည်။

ညီမငယ် နျန်နျန်မှာမူ ရိုးသားကာ အစားအလွန်ကြိုက်သော်လည်း သူမ၏ အပြုအမှုများသည် နှောင့်နှေးတက်သည်။

ဥပမာဆိုလျှင် ယခုအခါ သူမ၏အစ်မသည် သူမကို စနောက်သည်ကို ကြားသောအခါ နျန်နျန်၏မျက်နှာသည် ဒေါသကြောင့် နီရဲသွားသော်လည်း စကားဖြင့် ပြန်လည်တုံ့ပြန်နိုင်ခြင်းမရှိပေ။

ထိုအခိုက်အတန့်တွင် စက္ကူကြိုးကြာသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

ရှန်းရှန်းသည် ၎င်းကို ကောက်ယူပြီးနောက် ပြုံးကာ ပြောလိုက်သည်။

"လာ ငါ နင့်ကို ခေါက်နည်းသင်ပေးမယ်"

နျန်နျန်သည် စိတ်ပျက်နေရာမှ ဝမ်းသာမှုအဖြစ်သို့ပြောင်းသွားပြီး ခေါင်းညိတ်ပြလိုက်သည်။

"အွန်း"

ထို့နောက် သူမသည် အလေးအနက်ထား၍ စတင်သင်ယူတော့သည်။

ရွှယ်အန်းသညါ ထိုမြင်ကွင်းကို ပြုံးပြုံးလေးဖြင့် ကြည့်နေရာမှ ရုတ်တရက် တစ်စုံတစ်ခုကို ခံစားမိလိုက်ပြီး တံခါးဘက်သို့လှည့်ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

"ရောက်လာမှတော့ အထဲဝင်ခဲ့ပါလား”

All Chapters