မျှတသော ကုန်သွယ်မှု
Vol. 48 Ch. 708
သူ့ အသံနှင့်အတူ တံခါးအပြင်ဘက်မှ အလန့်တကြားအသံတစ်ခု ထွက်ပေါ်လာပြီး တံခါးပွင့်လာချိန်တွင် လှပသောကိုယ်လုံးကိုယ်ပေါက်နှင့် အဝတ်အစားနည်းပါးစွာ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် ဖြည်းညှင်းစွာ ဝင်ရောက်လာသည်။
သူမမှာ ကချေသည်မှလွဲ၍ အခြားသူမဟုတ်ပေ။
ရွှယ်အန်းသည် ထိုင်ခုံပေါ်တွင် တိတ်ဆိတ်စွာထိုင်ရင်း သူမကို တည်ငြိမ်စွာ ကြည့်နေသည်။
ကချေသည်မှာအထဲသို့ဝင်လာသောအခါ အံ့အားသင့်သွားသည်။
သူ့ ဘေးတွင်ထိုင်နေသော အန်းယန်နှင့် ကလေးမလေးနှစ်ယောက်ကို မြင်ရသောအခါ သူမ အံ့ဩသွားသည်။
ထိုသားအမိသုံးယောက်၏ ရင်သပ်ရှုမောဖွယ်အလှသည် သူမကိုပင် တုန်လှုပ်စေခဲ့သည်။
သူမ စိတ်တည်ငြိမ်အောင် ခဏအချိန်ယူလိုက်ပြီးနောက် ရွှယ်အန်းဘက်သို့ လှည့်ကြည့်လိုက်သည်။
"ဒုတိယအဆင့် ဆာမူရိုင်းတစ်ယောက်က ငါ့ရဲ့ ပုန်းကွယ်မှုကို ထွင်းဖောက်မြင်နိုင်ခဲ့တယ်၊ နင့်မှာ တကယ်ကို ထူးခြားတဲ့စွမ်းအားရှိတာပဲ"
ကချေသည် အရိပ်များကြားမှ တိတ်တဆိတ်ချဉ်းကပ်လာခဲ့သောကြောင့် သူမ၏တည်ရှိမှုကို ရွှယ်အန်းသည် စကားတစ်ခွန်းတည်းဖြင့် ဖော်ထုတ်လိုက်လိမ့်မည်ဟု မမျှော်လင့်ထားသောကြောင့် အံ့ဩမိသည်မှာ သဘာဝကျသည်။
သူမ၏စကားကိုကြားသောအခါ ရွှယ်အန်းသည် ပြုံးရုံသာပြုံးလိုက်သည်။
သူ၏နတ်အာရုံသည် ပတ်ဝန်းကျင်၏ ဓာတ်ရောင်ခြည်ကြောင့် အနှောင့်အယှက်ဖြစ်နေသော်လည်း ဤအဆောက်အအုံလေးကို လွှမ်းခြုံထားနိုင်ရန်မှာ လုံလောက်နေဆဲဖြစ်သည်။
ထို့ကြောင့် ကချေသည် အဆောက်အအုံအနီးသို့ ရောက်လာသည်နှင့် သူသိနှင့်ပြီးဖြစ်သည်။
သို့သော် ကချေသည်မှာ ရွှယ်အန်း၏မျက်နှာပေါ်ရှိ အပြုံးကို မြင်သောအခါ သူမ၏နှလုံးသားထဲတွင် မသက်မသာဖြစ်မှုကို ခံစားလိုက်ရပြီး အေးစက်စွာ လှောင်ရယ်လိုက်သည်။
"ဒါပေမဲ့ မင်းမှာ စွမ်းအားရှိပေမဲ့ မင်း ဒုက္ခတစ်ခုနဲ့ ရင်ဆိုင်ရတော့မယ်ဆိုတာ သိရဲ့လား"
ကချေသည်၏အမြင်တွင် ဤစကားကိုကြားလျှင် ထိုဒုတိယအဆင့် ဆာမူရိုင်း ကြောက်လန့်သွားမည်မှာ သေချာသည်။ သို့သော် မမျှော်လင့်စွာ ရွှယ်အန်းသည် သူ၏မျက်ခုံးကို အနည်းငယ်သာပင့်လိုက်ပြီး သူ၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။
"အိုး ဟုတ်လို့လား၊ ဒါဆို မင်းက ဗေဒင်လည်းဟောတတ်တာပေါ့"
သူမသည် ဗေဒင်ဟောခြင်းဆိုသည်ကို နားမလည်သော်လည်း ရွှယ်အန်း၏ အနည်းငယ်လှောင်ပြောင်ဟန်ပုံပေါ်သော အပြုံးကိုမြင်သောအခါ ကောင်းသောအရာ မဟုတ်ကြောင်း သိလိုက်သည်။
ကချေသည်မှာ သူမ၏ရင်ထဲမှ ဒေါသကို အတင်းအကျပ်ဖိနှိပ်လိုက်ပြီး အေးစက်စွာပြောလိုက်သည်။
"နင် ဘာကြောင့် ဒီလောက်တောင် မကြောက်မရွံ့ဖြစ်နေလဲတော့ ငါမသိဘူး၊ ဒါပေမဲ့ ဒုတိယအဆင့် ဆာမူရိုင်းတစ်ယောက်ရဲ့ စွမ်းအားနဲ့ မြစ်ကမ်းဘေးမြို့မှာ ထင်တိုင်းကြဲလို့ရမယ်လို့ ထင်နေရင်တော့ နင်မှားသွားပြီ"
"ငါ တည့်တည့်ပဲပြောလိုက်မယ်၊ တဲရပ်ကွက်က မောင်နှမကို နဂ် အဆင့်အမြင့်ဆုံး သန့်စင်ရေ ပေးခဲ့တာကို ရွာသူကြီးတွေနဲ့ တခြားသူတွေ သိသွားပြီ၊ ငါခန့်မှန်းရသလောက်တော့ သူတို့အခု ဒီကိုလာနေကြပြီ"
ဤစကားကိုကြားသောအခါ ရွှယ်အန်း၏အကြည့်သည် ပိုလို့ပင်အေးစက်လာသည်။
သူ ချန်အားတုအား ပစ္စည်းများပေးစဉ် ဤအကြောင်းကို စဉ်းစားခဲ့ပြီးဖြစ်သည်။
ချန်အားတုသည် ထိုသို့ဒေသတွင် ကြီးပြင်းလာသူဖြစ်၍ သတိလျော့တတ်မည်ဟု ထင်ခဲ့သော်လည်း ဤမျှလျင်မြန်စွာ အသိခံရလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
"ပြီးတော့ မင်းနဲ့အတူ ဒီလောက်လှပတဲ့ မိသားစုဝင်တွေလည်း ပါလာသေးတယ်၊ ရွာသူကြီးတွေနဲ့ အသားသတ်သမားတွေက သူတို့ကိုကိုမြင်သွားရင် ဖြစ်လာမယ့်အကျိုးဆက်တွေကို စဉ်းစားကြည့်လို့ရပါတယ်"
ရွှယ်အန်းသည် သူ၏ထိုင်ခုံကို အေးဆေးစွာမှီလိုက်ပြီး ကချေသည်ကိုကြည့်လိုက်သည်။
"ငါ သိချင်တာ မင်းဘာလို့ ငါ့ကို လာပြောနေရတာလဲ"
ကချေသည်၏မျက်လုံးများထဲတွင် လောဘရိပ်တစ်ခု ဖြတ်ပြေးသွားသည်။
"ငါ သေချာကြည့်၍ပြီ၊ နင့်မှာ ပစ္စည်းတွေ အများကြီးပါမလာပေမဲ့ ဟိုမောင်နှမကို သန့်စင်ရေတွေ အများကြီးပေးခဲ့တယ်၊ ဒါဆို မင်းဒီပစ္စည်းတွေကို ဘယ်လိုသယ်လာတာလဲ"
"ဒါကြောင့်... ငါခန့်မှန်းရတာက မင်းဆီမှာ ပစ္စည်းတွေအများကြီး သိုလှောင်နိုင်တဲ့ ရတနာတစ်ခုခု ရှိရမယ်"
ရွှယ်အန်းသည် သူ၏လက်ချောင်းများကို ကစားနေရင်း ခေါင်းပင်မော့မကြည့်ပဲ ပြောလိုက်သည်။
"ငါ့မှာရှိတယ်ဆိုရင်ရော"
"အရမ်းလွယ်ပါတယ်၊ နင် အဲ့ဒီပစ္စည်းကို ငါ့ကို ပေး၊ ငါ နင့်ကို အခုချက်ချင်း ဒီကနေ ခေါ်ထုတ်သွားပေးမယ်"
ရွှယ်အန်းသည် ကချေသည်ကို မော့ကြည့်လိုက်သည်။
"ငါတို့ကို ခေါ်ထုတ်သွားမယ်"
ကချေသည် ခေါင်းညိတ်ပြသည်။
"ငါ့မှာ မြစ်ကမ်းဘေးမြို့ကနေ ဘေးကင်းကင်းနဲ့ ထွက်သွားနိုင်မယ့် လျှို့ဝှက်လမ်းတစ်ခုကို သိတယ်"
ရွှယ်အန်းသည် ကချေသည်ကို ခပ်ပြုံးပြုံးဖြင့် တိတ်ဆိတ်စွာကြည့်နေသည်။
"နင် လက်မလွှတ်ချင်ဘူးဆိုတာ ငါသိပါတယ်၊ ဒါပေမဲ့ ဒါက နင့်ရဲ့ တစ်ခုတည်းသော အခွင့်အရေးပဲ၊ ဘာလို့လဲဆိုတော့ ဒီတစ်ခါလာတာက ရွာသူကြီးတွေနဲ့ အသားသတ်သမားတွေတင်မဟုတ်ဘူး၊ မြို့တော်က တော်၀င်မျိုးနွယ်တစ်ယောက်လည်း ပါတယ်၊ မင်းရဲ့ ဒုတိယအဆင့် ဆာမူရိုင်းစွမ်းအားက သူတို့ရှေ့မှာ ဘာမှမဟုတ်ဘူး"
"ပြီးတော့ ဒါက မျှတတဲ့ ကုန်သွယ်မှုတစ်ခုပဲ၊ နင်က ပစ္စည်းကိုပေး၊ ငါက နင့်မိသားစုရဲ့ ဘေးကင်းမှုကို အာမခံတယ်၊ ပစ္စည်းတွေက တန်ဖိုးကြီးပေမဲ့ အသက်မရှိရင် အရာအားလုံးက အဓိပ္ပာယ်မရှိဘူး"
ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
"ယုတ္တိရှိသားပဲ၊ ဒါပေမဲ့ မင်းလာပြောတာ နည်းနည်း နောက်ကျသွားပြီထင်တယ်"
ကချေသည်လည်း လန့်သွားသည်။
"ဟမ်"
ရွှယ်အန်းသည် သူ၏ခေါင်းကို မှန်ပြတင်းပေါက်ဘက်သို့ လှည့်ကာ တည်ငြိမ်စွာပြောလိုက်သည်။
"သူတို့ ရောက်လာကြပြီ"
ကချေသည်၏ မျက်နှာရောင်ပြောင်းသွားပြီး သူမလည်း ချဉ်းကပ်လာသော ခြေသံများကို ကြားလိုက်ရသည်။ ထို့နောက် သသူမ အံ့ကိုကြိတ်လျက် ပြောလိုက်သည်။
"အခု ငါနဲ့လိုက်ခဲ့တော့၊ နင်အသက်ရှင်နိုင်သေးတယ်"
ရွှယ်အန်းက ခေါင်းခါလိုက်ပြီး အပြုံးတစ်ခုဖြင့်ပြောလိုက်သည်။
"စိတ်မကောင်းပါဘူး၊ ငါက တော်တော်ကပ်စေးနဲတဲ့သူလေ၊ ဒါကြောင့် ပစ္စည်းတွေကိုလည်း ဆက်သိမ်းထားပြီး ငါ့အသက်ကိုလည်း ပေးဖို့ အစီအစဉ်မရှိဘူး"
ကချေသည်မှာ ထပ်ပြောချင်သေးသော်လည်း အပြင်ဘက်မှ ခြေသံများသည် ပိုမိုနီးကပ်လာသည်။ သူမသည် စိတ်ပျက်စွာဖြင့် ခြေဆောင့်လိုက်ပြီး အေးစက်စွာပြောလိုက်သည်။
"နင် ဘယ်လိုဒုက္ခမျိုးထဲ ရောက်နေလဲဆိုတာ မသိဘူးပဲ"
ထို့နောက် သူမ ခုန်လိုက်သည်နှင့် ထောင့်တစ်နေရာသို့ ပျောက်ကွယ်သွားသည်။
သူမ၏ပုံရိပ် ပျောက်ကွယ်သွားသည်နှင့်
သစ်သားနံရံများသည် ဘန်းခနဲမြည်သံနှင့်အတူ ကွဲအက်ထွက်သွားသည်။
ထို့နောက်တွင် ဖုန်းဖန်ကျစ်သည် ရွေ့လျားနေသော အသားတောင်ကြီးပမာ ဝင်ရောက်လာသည်။
သူ၏နောက်တွင် မောက်မာသောဟန်ပန်ဖြင့် ရွာသူကြီးနှင့် မကောင်းဆိုးဝါးဆန်စွာ ပြုံးနေသော အသားသတ်သမားတို့လည်း ပါလာသည်။
ဤလူများသည် အခန်းထဲသို့ အလုံးအရင်းဖြင့် ဝင်ရောက်လာပြီး စကားမပြောမီမှာပင် အားလုံး ရပ်တန့်သွားကြသည်။
အဘယ်ကြောင့်ဆို ၎င်းတို့သည် အထဲတွင် ရွှယ်အန်းတစ်ယောက်တည်းကိုသာမက နောက်ထပ်အမျိုးသမီးတစ်ဦးကိုပါ တွေ့လိုက်သောကြောင့်ဖြစ်သည်။
သူမသည် အလွန်လှပသော အမျိုးသမီးတစ်ဦးဖြစ်သည်။
သူတို့၏ဘဝတစ်လျှောက်တွင် ဤမျှ တုနှိုင်းမရအောင်လှပပြီး ကျက်သရေရှိသော အမျိုးသမီးတစ်ဦးကို မမြင်ဖူးခဲ့ကြပေ။
ထိုအမျိုးသမီး၏ဘေးတွင် ကျောက်စိမ်းဖြင့်ထုဆစ်ထားကဲ့သို့ထင်ရသော မိန်းကလေးနှစ်ယောက် ရပ်နေပြီး ၎င်းတို့သည်သားအမိများဖြစ်ပုံရသည်။
ထိုမိန်းကလေးသုံးယောက် အတူတကွရပ်နေခြင်းမှာ ရင်သပ်ရှုမောဖွယ်လှပသော ပန်းချီကားတစ်ချပ်ကို ဖန်တီးလိုက်သလိုဖြစ်သည်။
၎င်းက ဤယောက်ျားများကို လုံးဝမှင်တက်သွားစေသည်။
ခဏအကြာမှ သူတို့သည် အချင်းချင်း မျက်စပစ်လိုက်ကြပြီးနောက် အားလုံး၏မျက်နှာတွင် စိတ်လှုပ်ရှားမှုနှင့် လောဘအရိပ်အယောင်များ ပေါ်လာသည်။
"ကျစ်ကျစ်၊ ဒီဒုတိယအဆင့် ဆာမူရိုင်းက သူ့မိသားစုကိုပါ ခေါ်လာလိမ့်မယ်လို့ ငါ မထင်ထားဘူး"
အသားသတ်သမားသည် လှောင်ပြောင်သရော်သလို ပြောလိုက်သည်။
ရွာသူကြီးသည် ရဲရဲဝံ့ဝံ့ ရှေ့တိုးလာပြီး မောက်မာစွာပြောလိုက်သည်။
"ဒုတိယအဆင့်ဆာမူရိုင်း၊ မင်းရဲ့ ပစ္စည်းတွေအားလုံးကို ထုတ်ပေး၊ ပြီးတော့..."
သူသည် အန်းယန်ဆီကို လက်ညှိုးထိုးပြလိုက်သည်။
"ဒီအမျိုးသမီးကို ထားခဲ့၊ ငါ မင်းကို မြစ်ကမ်းဘေးမြို့ကနေ အရှင်လတ်လတ် ထွက်သွားခွင့်ပေးမယ်"
ရွှယ်အန်းသည် သူ့ကို လုံးဝလျစ်လျူရှုလိုက်ပြီး သက်ပြင်းတစ်ချက်ချကာ ဘေးရှိ အန်းယန်ကို လှည့်ကြည့်လိုက်သည်။
"ယန်အာ ငါ မကြာသေးခင်က အရမ်းသိုသိုသိပ်သိပ်နေခဲ့မိတာလား၊ မဟုတ်ရင် ဘယ်သူက ငါ့ရှေ့မှာ ဒီလောက်တောင် ရိုင်းရိုင်းစိုင်းစိုင်းလုပ်ရဲမှာလဲ"
ဤစကားကိုပြောလိုက်သောအခါ ရွာသူကြီးနှင့် ဖုန်းဖန်ကျစ်တို့၏ မျက်နှာများအားလုံး မည်းမှောင်သွားသည်။
ရွာသူကြီးသည် အေးစက်စွာ ရယ်မောလိုက်ပြီး စကားပြောရန် ပြင်လိုက်သည်။
ထိုစဉ် စိတ်လှုပ်ရှားနေသော မိန်းမတစ်ယောက်၏အသံမှာ ဝင်ရောက်လာသည်။
"သူတို့က အမြွှာလေးတွေလား၊ ဟီးဟီး... အမြွှာလေးတွေက ငါအကြိုက်ဆုံးပဲ၊ သူတို့က ငါ့ရဲ့ စုဆောင်းမှုထဲမှာ အကောင်းဆုံး အစိတ်အပိုင်းဖြစ်လာလိမ့်မယ်"
ရှီယာသည် မျက်နှာပေါ်တွင် သွေးစက်များစွန်းထင်းနေသေးပြီး သွေးစွန်းနေသောဝတ်စုံကို ဝတ်ဆင်ထားလျက် အခန်းထဲသို့ ဝင်လာသည်။
သူမ၏နောက်ရှိ အစေခံနှစ်ယောက်မှာ အထုပ်တစ်ထုပ်စီကို သယ်ဆောင်လာသည်။
ရွာသူကြီးနှင့် ဖုန်းဖန်ကျစ်တို့သည် လေးစားစွာဖြင့် ဘေးဖယ်ပေးလိုက်ကြသည်။
"သခင်မ"
ရှီယာသည် ရွှယ်အန်းကို စိုက်ကြည့်ကာ နှုတ်ခမ်းကိုသပ်လိုက်ပြီး ပြုံးလိုက်သည်။
"နင်က အဲ့အောက်တန်းစားတွေကို အရည်အသွေးမြင့်ရေတွေ ပေးခဲ့တဲ့ ဆာမူရိုင်းလား"
ရွှယ်အန်း၏ မျက်နှာအမူအရာသည် ရေအလား ငြိမ်သက်နေသည်။
သို့သော် ရှီယာသည် အရူးအမူးရယ်မောလိုက်သည်။
"ဟီးဟီး ကောင်းတယ်၊ နောက်ထပ် စကားနည်းတဲ့ကောင်တစ်ကောင်ပဲ၊ ဒီလောက်ပျော်စရာကောင်းတာမျိုး မကြုံရတာကြာပြီပဲ၊ ပြောရမယ်ဆိုရင် အဲ့အောက်တန်းစားနှစ်ယောက်လုံးက ငါ့စိတ်ကြိုက်ပဲ၊ အခု ငါ့ရဲ့လက်ရာကို ကြည့်စမ်း…”