← Chapters

တိတ်တိတ်လေး နားထောင်၊ မင်းတို့ကို နာကျင်စေခဲ့သူတွေရဲ့ အော်ဟစ်သံတွေကို နားထောင်ကြ

Vol. 48 Ch. 709

တိတ်တိတ်လေး နားထောင်၊ မင်းတို့ကို နာကျင်စေခဲ့သူတွေရဲ့ အော်ဟစ်သံတွေကို နားထောင်ကြ

Vol. 48 Ch. 709

အစေခံနှစ်ယောက်သည် အထုပ်ကို မြေပေါ်ချပြီးနောက် ဖွင့်လိုက်ကြသည်။

အန်းယန်သည် တစ်ချက်လှမ်းကြည့်လိုက်ပြီး မျက်မှောင်ကြုတ်ကာ သူမ၏သမီးနှစ်ယောက်ကို ရင်ခွင်ထဲဆွဲသွင်းပြီး မကြည့်မိစေရန် တားဆီးလိုက်သည်။

ထိုအချိန်တွင် ရွှယ်အန်းသည် မြေပေါ်ရှိ နှစ်ယောက်ကို တိတ်ဆိတ်စွာ ကြည့်နေသည်။

တစ်ချိန်က ကြောက်မက်ဖွယ်ကောင်းသော မျက်နှာရှိသော်လည်း နွေးထွေးဖော်ရွေတက်သော မိန်းကလေးသည် ယခုအခါ တစ်ပိုင်းစီ ပြန်ချုပ်ထားသည့် အရုပ်တစ်ရုပ်နှင့် တူနေသည်။

သူမ၏ တစ်ချိန်က မှုန်ဝါးနေသော်လည်း လှပခဲ့သောမျက်လုံးများသည် ယခုအခါ ဖွင့်မရတော့ပေ။

သူမ၏မျက်နှာပေါ်ရှိ အမူအရာသည် မပြောပြနိုင်သော ဒုက္ခဝေဒနာများကို ခံစားပြီးနောက် လွတ်လပ်သွားသည့်ဟန်ပန်ရှိနေသည်။

သူမ၏ဘေးတွင် ချန်အားတုသည် လဲလျောင်းနေသည်။

သို့သော် ချန်အားတု၏ခန္ဓာကိုယ်သည် သွေးနှင့်အသားတို့ဖြင့် ရောနှောက်လျက် ဒေါသစိတ်ကြောင့် ပြူးကျယ်နေသော မျက်လုံးများဖြင့် ငြိမ်သက်စွာ လဲလျောင်းနေသည်။

"ငါအကြိုက်ဆုံးကတော့ အဲ့အောက်တန်းစားမလေးနဲ့လုပ်ထားတဲ့ ငါ့ရဲ့ အနုပညာလက်ရာပဲ၊ သူက အော်သံတစ်ချက်တောင် မထွက်ခဲ့ပေမဲ့ ငါသူ့ကို ဖြည်းဖြည်းချင်းပိုင်းပြီး ပြန်ချုပ်တုန်းက သူ့ရဲ့ထိန်းမနိုင်သိမ်းမရ တုန်ခါနေတဲ့ပုံစံက တကယ့်ကို စိတ်လှုပ်ရှားစရာကောင်းတာပဲ"

"အဲ့တာတင်မကဘူး၊ သူ့အစ်ကိုက သူ့ဘေးမှာ အဲ့အရာတွေကို တောက်လျှောက်ကြည့်နေရတာလေ၊ အဲ့တာတစ်ခုတည်းကတင် ငါ့ကို ကျေနပ်အောင်လုပ်နိုင်တယ်"

ရှီယာသည် ပြောပြီးနောက် ရွှယ်အန်းဘက်သို့လှည့်ကြည့်သည်။

"အခု မင်းရဲ့ ပစ္စည်းတွေအားလုံးကို ထုတ်ပေးပြီး အဲ့သန့်စင်ရေကို ဘယ်လိုရခဲ့လဲဆိုတာ ငါ့ကိုပြောပြ၊ မင်းသာပြောရင် ငါ..."

သူမ၏အသံသည် ရုတ်တရက် ရပ်တန့်သွားသည်။

ရွှယ်အန်းသည် ဖြည်းညှင်းစွာ ခေါင်းမော့လာပြီး သူ၏မျက်လုံးများသည် အလင်းတန်းများဖြင့် တောက်လောင်လာကာ အင်အားကြီးသော ချီစွမ်းအင်တစ်ခုသည် နေရာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။

တစ်ချိန်တည်းမှာပင် မြစ်ကမ်းဘေးမြို့တစ်မြို့လုံးနှင့် တောင်ပိုင်းသတ္တုတွင်းစွန့်ပစ်မြေနေရာကြီးတစ်ခုလုံးသည် ဤစွမ်းအားအောက်တွင် တုန်ခါသွားသည်။

တစ်ချိန်က အင်အားကြီးခဲ့သော သားရဲများအားလုံးသည် မြေပေါ်တွင် ဝပ်တွားနေကြပြီး တစ်ချက်ကလေးမှ မလှုပ်ဝံ့ကြပေ။

အပြင်ဘက်မှာပင် ဤသို့ဖြစ်နေလျှင် ဤအခန်းအတွင်းမှ မြင်ကွင်းကို စဉ်းစားကြည့်၍ရပေသည်။

တော်၀င်မျိုးနွယ်မှ အမျိုးသမီးဖြစ်သူ ရှီယာလွဲ၍ မြို့တော်ဝန်၊ ဖုန်းဖန်ကျစ်နှင့် အသားသတ်သမားများတို့မှာ မြေပြင်ပေါ်လဲကျသွားပြီး ရွှယ်အန်းကို ကြောက်လန့်တကြား ကြည့်နေကြသည်။

ထိုသို့မှသာ ဤလူများသည် ရွှယ်အန်းမှ သူသိုသိုသိပ်သိပ်နေခဲ့တာလားဟူသည့် အဓိပ္ပာယ်ကို နားလည်သွားကြသည်။

"ဘယ်... ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

၎င်းတို့ထဲတွင် ရှီယာသည် အတုန်လှုပ်ဆုံးဖြစ်သည်။

သူမသည် မြို့တော်ထဲတွင် စတုတ္ထအဆင့်နှင့် ပဉ္စမအဆင့်မှ အားကြီးစစ်သည်တော်များစွာကို မြင်ဖူးသည်။

သို့သော် တစ်ယောက်မျှ ဤမျှအားကြီးသော စွမ်းအင်မျိုးကို မပိုင်ဆိုင်ကြပေ။

၎င်းမှာ သူမ၏စိတ်ကူးထဲကထက်ပင် ကျော်လွန်နေသည်။

ဤအခိုက်တွင် ရွှယ်အန်းသည် ဖြည်းညှင်းစွာ ထရပ်လိုက်ပြီး သူ၏လက်ကို ပေါ့ပေါ့ပါးပါးဝှေ့ယမ်းကာ အန်းယန်နှင့် သူမ၏သမီးနှစ်ယောက်ကို နတ်အာရုံဖြင့် ကာကွယ်လိုက်သည်။

ထို့နောက် သူသည် ချန်အားတုနှင့် သူ၏ညီမထံသို့ ဖြည်းညှင်းစွာ ချဉ်းကပ်သွားပြီး မိန်းကလေးကို တိတ်ဆိတ်စွာ ငုံ့ကြည့်လိုက်သည်။

ချန်ရှောင်မေ့၏ ဗလာအတိဖြစ်နေသော မျက်နှာမှာ ရုတ်တရက် အနည်းငယ် တုန်ခါသွားသည်။ သူမ၏မျက်နှာပေါ်တွင် ထူးဆန်းသောအကြည့်တစ်ခု ပေါ်လာပြီးန သူမ၏နှုတ်ခမ်းများသည် အနည်းငယ်ဟသွားကာ အလွန်တိုးညှင်းသောအသံဖြင့် ခပ်တိုးတိုးပြောလိုက်သည်။

"သ... သခင်ကြီးလား"

ရွှယ်အန်းသည် ဟုတ်မှန်ကြောင်း ညင်သာစွာ အသံပြုလိုက်သည်။

ချန်ရှောင်မေ့သည် ပြုံးရန်ကြိုးစားသော်လည်း သူမ၏နှုတ်ခမ်းများမှာ ချုပ်ထားသောကြောင့် ထူးဆန်းသော အပြုံးငယ်လေးတစ်ခုသာ ပြုံးနိုင်ခဲ့သည်။ ထိုသို့တိုင်အောင် ဤချုပ်ထားသောဒဏ်ရာများမှ သွေးများသည် ထပ်မံစိမ့်ထွက်လာသည်။

"စကားမပြောနဲ့တော့၊ မင်းကို နာကျင်စေခဲ့တဲ့သူတွေရဲ့ အော်ဟစ်သံတွေကိုပဲ တိတ်တိတ်လေးနားထောင်နေလိုက်"

ရွှယ်အန်းသည် လေသံမာမာဖြင့် ပြောလိုက်သည်။

ထို့နောက် သူသည် မတ်တပ်ရပ်လိုက်ပြီး အခန်းကို ဝှေ့ကြည့်လိုက်သည်။

အစောက အော်ဟစ်နေခဲ့သော ရှီယာသည် ရွှယ်အန်း၏ အေးစက်သော အကြည့်ဖြင့် အကြည့်ခံရသောကြောင့် ခြေလှမ်းအနည်းငယ် နောက်ဆုတ်မိသွားပြီး သူမ၏မျက်နှာတွင် အလွန်တုန်လှုပ်နေသော အမူအရာတစ်ခု ပေါ်လာသည်။

သူမ၏နောက်မှ အစောင့်အနည်းငယ်သည် ဒေါသတကြီးအော်ဟစ်ကာ ရှေ့သို့ပြေးထွက်လာရန် ပြင်လိုက်ကြသည်။

သို့သော် ထိုအစောင့်များ ခြေတစ်လှမ်းလှမ်းလိုက်သည်နှင့် ပျောက်ကွယ်သွားကြသည်။

ဟုတ်ပေသည်...

မည်သည့်သတိပေးချက်မှမရှိဘဲ ၎င်းတို့သည် ချက်ချင်း လေထဲတွင် ပျောက်ကွယ်သွားကြခြင်းဖြစ်သည်။

ဤမျှ ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကို မြင်တွေ့ရသောအခါ အခန်းထဲရှိ လူတိုင်း၏မျက်နှာများသည် သရဲများအလား ဖြူဖျော့သွားကြသည်။

"သ... သခင်ကြီး၊ ကျွန်တော်တို့ ပြောဆိုညှိနှိုင်းလို့ရပါတယ်၊ ကျွန်... ကျွန်တော်တို့က ခင်ဗျားမှာ ဒီလောက်အင်အားကြီးတဲ့ စွမ်းအားရှိမှန်း တကယ်မသိခဲ့လို့ပါ၊ ကျေးဇူးပြုပြီး..."

ရွာသူကြီး စကားမဆုံးသေးခင်မှာပင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ရုတ်တရက် လေထဲသို့ မြောက်တက်သွားပြီး မမြင်နိုင်သော ဧရာမလက်ကြီးတစ်ဖက်မှ ဆုပ်နယ်လိုက်သလို သူ၏အရိုးများမှာ ကျွတ်ခနဲ အက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာသည်။

"အား"

တစ်ချိန်က ဩဇာအာဏာကြီးမားခဲ့သော ရွာသူကြီးသည် ယခုအခါ အလွန်ပြင်းထန်သော နာကျင်မှုကြောင့် အော်ဟစ်နေသည်။

သူ၏ခန္ဓာကိုယ်ထဲရှိ အရိုးအားလုံးသည် အပိုင်းပိုင်းကွဲမွကြေသွားပြီဖြစ်သည်။

ဤသို့ ကြောက်မက်ဖွယ်ကောင်းသော အော်ဟစ်သံများအောက်တွင် တံခါးနှင့်အနီးဆုံးတွင်ရှိသော အသားသတ်သမားနှင့် ဖုန်းဖန်ကျစ်တို့သည် ချက်ချင်းပင် ထွက်ပြေးရန် ကြိုးစားကြသည်။

ဤအခိုက်အတန့်တွင် သူတို့၏နှလုံးသားများတွင်လည်း ကြောက်ရွံ့မှုဖြင့် အတိလွှမ်းမိုးနေသည်။

အဘယ်ကြောင့်ဆို ရွှယ်အန်း၏စွမ်းအားသည် အလွန်ကြောက်မက်ဖွယ်ကောင်းသောကြောင့်ဖြစ်သည်။

ရွာသူကြီးသည် ဒုတိယအဆင့်ရောက်တော့မည့် စွမ်းအားရှင်ဖြစ်သော်လည်း ခုခံရန်အခွင့်အရေးပင်မရဘဲ ကြေမွသွားသည်။

ဤမျှအားကြီးသော ပြိုင်ဘက်တစ်ဦးနှင့် ရင်ဆိုင်ရသောအခါ တစ်ချိန်က မောက်မာကာ အာဏာပြခဲ့သော ယောက်ျားများသည် ယခုအခါ ကြွက်တွင်းတစ်တွင်းကိုသာ ရှာဖွေပြီး ပုန်းအောင်းလိုက်ချင်တော့သည်။

သို့သော် သူတို့ လှည့်လိုက်သည်နှင့် ခြေတစ်လှမ်းပင်မလှမ်းရသေးခင်မှာပင် ရွှယ်အန်း၏ နတ်အာရုံထိန်းချုပ်မှုအောက်တွင် လေထဲသို့ မြောက်တက်သွားကြသည်။

"မ... မလုပ်ပါနဲ့... ကျေးဇူးပြုပြီး ကျွန်တော့်အသက်ကို ချမ်းသာပေးပါ"

သေခြင်း၊ရှင်ခြင်းကို မကြောက်ဟု အမြဲကြွေးကြော်လေ့ရှိသော အသားသတ်သမားသည် ယခုအခါ နှပ်ရည်၊ မျက်ရည်များဖြင့် ငိုယိုကာ ကျယ်လောင်စွာဖြင့် အသက်ဘေးမှလွတ်ရန် တောင်းပန်နေသည်။

သို့သော် ရွှယ်အန်းသည် ထိုအရာအားလုံးကို မျက်တောင်တစ်ချက်ပင်မခတ်ဘဲ ကြည့်နေသည်။

နောက်တစ်စက္ကန့်တွင် အသားသတ်သမား၏ အပေါ်ပိုင်းနှင့် အောက်ပိုင်းသည် ဆန့်ကျင်ဘက်လားရာသို့ ကွေးစပြုလာသည်။

ကျွတ် ကျွတ် ကျွတ်...

သူ၏ကျောရိုး ကျိုးကြေသံနှင့်အတူ အသားသတ်သမားသည် သွေးများကို အန်ထုတ်ကာ ကြက်သီးထဖွယ်အသံဖြင့် အော်ဟစ်လိုက်သည်။

သို့သော် ဤအရာအားလုံးသည် သူ၏ခန္ဓာကိုယ် ကွေးခံနေရခြင်းကို မရပ်တန့်နိုင်ခဲ့ဘဲ အဆုံးတွင် ကျွတ်ခနဲမြည်သံနှင့်အတူ အသားသမား၏ခန္ဓာကိုယ်သည် အလယ်မှ နှစ်ပိုင်းပြတ်သွားပြီး သွေးနှင့်ကလီစာများသည် မြေပြင်တစ်ခုလုံးတွင် ပြန့်ကျဲသွားသည်။

ထိုသို့တိုင်အောင် သူသည် မသေသေးပေ။

သူသည် လေထဲတွင် နာကျင်စွာ ရုန်းကန်နေဆဲဖြစ်ပြီး သူ၏အောက်ပိုင်းကို လက်ဖြင့်ဆွဲယူကာ ပြန်ဆက်ရန် ကြိုးစားနေသည်။

ဤရက်စက်ကြမ်းကြုတ်သော မြင်ကွင်းသည် ဖုန်းဖန်ကျစ်ကို ကြောက်လန့်တကြားဖြစ်စေပြီး ဆီး(သေး)များပင် ထွက်ကျသွားစေသည်။

ရွှယ်အန်းက သူ့ကိုကြည့်လာသောအခါ သူသည် အသည်းအသန်အော်ဟစ်လိုက်သည်။

"ကျွန်တော့်ကို ချမ်းသာပေးပါ၊ ချမ်းသာပေးပါ သခင်ကြီးရယ်၊ ဒါက ကျွန်တော်နဲ့ ဘာမှမဆိုင်ပါဘူး၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို မသတ်ပါနဲ့..."

သူ စကားမဆုံးခင်မှာပင် သူ၏ပတ်ဝန်းကျင်ရှိ လေထုသည် အတွင်းသို့ ပြင်းထန်စွာ စတင်ကျုံ့ဝင်လာသည်။

အသားတောင်ကြီးတစ်ခုနှင့်တူသော ဖုန်းဖန်ကျစ်သည် ချက်ချင်းပင် အလုံးတစ်လုံးအဖြစ်သို့ ဖိချေခံလိုက်ရသည်။

"အားးးးး၊ ကျေးဇူးပြုပြီး၊ ကျွန်တော်မှားမှန်းသိပါပြီ၊ ကျွန်တော်..."

ဘန်း...

ကျယ်လောင်သောအသံတစ်ခုနှင့်အတူ မရပ်တန့်နိုင်သော စွမ်းအားအောက်တွင် ဖုန်းဖန်ကျစ်၏ အဆီနှင့်အသားများသည် ပေါက်ကွဲထွက်သွားသည်။

အဆီနှင့်ရောနှောနေသော သွေးများသည် မြေပြင်တစ်ခုလုံးတွင် ပြန့်ကျဲသွားပြီး ဖုန်းဖန်ကျစ်သည် လေထဲတွင် မောဟိုက်စွာဖြင့် အသက်ရှူနေကာ တိုးညှင်းစွာ တောင်းပန်နေဆဲဖြစ်သည်။

တစ်ခဏအတွင်းမှာပင်...

အစောက မာန်မာနထောင်လွှားနေခဲ့သော ရွာသူကြီးနှင့် အခြားသူများသည် အလွန်သနားစရာကောင်းသော အခြေအနေသို့ ကျရောက်သွားသည်။

ဤရက်စက်ကြမ်းကြုတ်သော နည်းလမ်းများသည် သွေးနှင့်သတ်ဖြတ်ခြင်းကို နှစ်သက်လေ့ရှိသော ရှီယာကိုပင် တုန်ယင်သွားစေသည်။

ရွာသူကြီးနှင့် ဖုန်းဖန်ကျစ်၏ လက်အောက်ငယ်သားများမှာမှု ကြောက်လန့်လွန်းသောကြောင့် ခြေထောက်များတုန်နေပြီး မော့ပင်မကြည့်ဝံ့ကြပေ။

ထို့နောက် ရွှယ်အန်းသည် သူ၏ခေါင်းကို ရှီယာဘက်သို့လှည့်ကာ လေသံမာမာဖြင့် ပြောလိုက်သည်။

"မင်းကြည့်ရတာ... ကြောက်နေတဲ့ပုံပဲ"

ရှီယာသည် တုန်ယင်သွားပြီး ခြေလှမ်းအနည်းငယ်နောက်ဆုတ်ကာ တစ်စုံတစ်ခုပြောရန် ပြင်လိုက်သည်။

ထိုစဉ် ရွှယ်အန်းက လက်ဝှေ့ယမ်းလိုက်သည်။

"နင်က သတ်ဖြတ်တာရယ်၊ သွေးတွေနဲ့ အနုပညာလက်ရာတွေ ဖန်တီးရတာကို ကြိုက်တယ်မလား"

ထို့နောက် ရွှယ်အန်းသည် မကောင်းဆိုးဝါးဆန်စွာ ပြုံးလိုက်သည်။

"အခု နင်ကိုယ်တိုင် အနုပညာလက်ရာတစ်ခု ဖြစ်လာရမယ့်အလှည့်ပဲ”

All Chapters