← Chapters

သေခြင်းထက် ပိုနာကျင်စေခြင်း

Vol. 48 Ch. 710

သေခြင်းထက် ပိုနာကျင်စေခြင်း

Vol. 48 Ch. 710

"မ... မဟုတ်ဘူး... မင်းငါ့ကို ဒီလိုလုပ်လို့မရဘူး၊ ငါက ချန်မိသားစုရဲ့ သခင်မ‌လေးပဲ၊ မင်းငါ့ကို နာကျင်အောင်လုပ်လို့မရဘူး..."

ချန်ရှီယာသည် အလွန်အမင်းကြောက်လန့်တကြားဖြင့် နောက်ဆုတ်လိုက်သည်။

သို့သော် သူမ ခြေလှမ်းအနည်းငယ်မျှသာ ဆုတ်ပြီးနောက်တွင် သူမ၏တစ်ကိုယ်လုံးသည် မမြင်နိုင်သော စွမ်းအားတစ်ခုဖြင့် ချည်နှောင်ခံရသလို လေထဲတွင် ပျံဝဲသွားသည်။

"အား အား အား အား၊ မင်းငါ့ကိုသတ်ရဲရင် ချန်မိသားစုက မင်းကို ဘယ်တော့မှ လွတ်ပေးမှာမဟုတ်ဘူး"

ချန်ရှီယာသည် ကြောက်လန့်တကြားဖြင့် အော်ဟစ်လိုက်သည်။

ရွှယ်အန်းက အေးစက်သောလေသံဖြင့် ပြောလိုက်သည်။

"ငါမင်းကိုသတ်မယ်လို့ ဘယ်သူပြောလို့လဲ"

"ဟမ်"

ချန်ရှီယာသည် အံ့အားသင့်သွားပြီးနောက် သူမ၏မျက်နှာတွင် ပျော်ရွှင်ရိပ်များ ဖြတ်ပြေးသွားသည်။

သို့သော် သူမ၏ ပျော်ရွှင်မှုသည် ရွှယ်အန်း၏ နောက်စကားတစ်ခွန်းအောက်တွင် အေးခဲသွားသည်။

"ငါက မင်းကို တခြားသူတွေအပေါ် မင်းပေးခဲ့တဲ့ နာကျင်မှုကို ပြန်ခံစားစေချင်ရုံလေးပါပဲ၊ ဒါလေးပဲ..."

ချန်ရှီယာသည် သူမ၏တစ်ကိုယ်လုံးရှိ ကြွက်သားများ တောင့်တင်းသွားသလို ခံစားလိုက်ရသည်။

"မင်း..."

ရွှယ်အန်း၏မျက်လုံးများသည် အလင်းရောင်များဖြင့် တောက်နေပြီး သူ၏စွမ်းအားကြီးသော နတ်အာရုံသည် ချန်ရှီယာ၏ စိတ်၀ိဉာဥ်အကာအကွယ်ကို ပုပ် ဖျက်ဆီးပစ်လိုက်သည်။

ချန်ရှီယာ၏မျက်လုံးများသည် ချက်ချင်းပင်ရှုပ်ထွေးသွားပြီး ဗလာနတ္ထိဖြစ်သွားသည်။

ဤအချိန်တွင် ရွှယ်အန်းသည် သူမ၏မှတ်ဉာဏ်များထဲမှ ရက်စက်ကြမ်းကြုတ်ကာ သွေးရဲသန်ရဲ မြင်ကွင်းများကို ပြန်ရှာတွေ့ခဲ့ပြီး အေးစက်စွာ နှာခေါင်းရှုံ့လိုက်မိသည်။

"မင်းက သေတာထက်ပိုဆိုးတဲ့အပြစ်ကို ခံသင့်တယ်"

ထိုစကားနှင့်အတူ ရွှယ်အန်းသည် ချန်ရှီယာ့ ဝိညာဉ်ကို သူမ၏ ကိုယ်ပိုင်မှတ်ဉာဏ်များထဲတွင် ပြန်ထားလိုက်သော်လည်း ယခုအခါတွင် သူမသည် သားကောင်အဖြစ် ပြောင်းလဲသွားသည်။

တစ်ခဏအတွင်းမှာပင်...

ချန်ရှီယာသည် အလွန်အမင်းနာကျင်စွာဖြင့် စတင်အော်ဟစ်တော့သည်။

တစ်ချိန်တည်းမှာ သူမ၏ခန္ဓာကိုယ်ပေါ်တွင် တစ်စုံတစ်ယောက်မှာ သူမ အသားကို ဓားဖြင့် အမှန်တကယ်ခွဲစိတ်နေသည့်ပမာ ဒဏ်ရာများ စတင်ပေါ်လာသည်။

ထို့နောက်တွင် သူမသည် ချန်ရှောင်မေ့အပေါ် တစ်ချိန်က အသုံးပြုခဲ့သော ညှဉ်းပန်းနှိပ်စက်မှုပုံစံအားလုံးသည် သူမပေါ်တွင် အလှည့်ကျ သက်ရောက်လာသည်။

"ငါ့ကိုသတ်လိုက်ပါ၊ ငါမခံနိုင်တော့ဘူး၊ အား အား အား"

ချန်ရှီယာသည် သေလုမတတ်ဖြစ်နေသည်။

သူမ၏အရိုးထဲထိ စိမ့်ဝင်နေသော နာကျင်မှုသည် သူမအား ထိုနေရာတွင်ပင် ချက်ချင်းသေဆုံးလိုစိတ်ကို ဖြစ်ပေါ်စေသည်။

ရွှယ်အန်းသည် သူမအား အရေးမစိုက်ဘဲ ချန်ရှောင်မေ့ကို ငုံ့ကြည့်ကာ ညင်သာစွာ ပြောလိုက်သည်။

"ကြားလား၊ မင်းကိုနာကျင်စေခဲ့တဲ့သူက အခု မင်းခံစားခဲ့ရတဲ့ နာကျင်မှုမျိုးကိုပဲ ခံစားနေရပြီ"

ချန်ရှောင်မေ့သည် မည်သည့်စကားမှမဆိုဘဲ သူမ၏မျက်ဝန်းထောင့်မှ မျက်ရည်အနည်းငယ်သာ ကျဆင်းသွားသည်။

"တောင်းပန်ပါတယ်၊ ကျေးဇူးပြုပြီး ကျွန်မကိုလွှတ်ပေးပါ၊ ကျွန်မတောင်းပန်နေပါတယ်"

ချန်ရှီယာသည် တစ်ကိုယ်လုံးတုန်ယင်လျက် အသနားခံနေသည်။

ထိုအချိန်တွင် သူမသည် ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေပြီး သူမ၏မျက်လုံးများသည် ထူးဆန်းစွာမှိတ်ထားကာ သူမ၏ပါးစပ်သည် ထောင့်များတွင် စုတ်ပြဲနေပြီး တစ်စုံတစ်ခုဖြင့် ချုပ်ထားသည့်ပမာ ဖြစ်လာသည်။

ရွှယ်အန်းက ခေါင်းခါကာ အေးစက်စွာပြောလိယက်သည်။

"ခုခံနိုင်စွမ်းမရှိတဲ့ မိန်းကလေးတစ်ယောက်ကို နှိပ်စက်ထဲက ပြန်ပေးဆပ်ဖို့ အသင့်ပြင်ထားသင့်တယ်၊ ငါကမင်းကို မလွှတ်ပေးတာမဟုတ်ဘူး၊ ဒါတွေအားလုံးက မင်းကိုယ်တိုင်လုပ်ခဲ့တာတွေပဲ"

ချန်ရှီယာသည် မျှော်လင့်ချက်များ ပျောက်ဆုံးသွားသည်။ တစ်ချိန်တည်းပင် သူမ၏အရိုးများသည် တဖြည်းဖြည်းချင်း ကွဲကြေစပြုလာသည်။

မမြင်နိုင်သော ဧရာမလူကြီးတစ်ယောက်သည် သူမ၏အရိုးများကို သံတူငယ်လေးဖြင့် ထုနေသကဲ့သို့ပင် နာကျင်လှသည်။

တစ်ချက်ထုလိုက်တိုင်း သူမသည် တုန်ရီကာ မရပ်မနား အော်ဟစ်နေသည်။

အဆုံးတွင်...

ချန်ရှီယာ၏အရိုးများသည် ကွဲကြေသွားပြီး သူမ၏ခန္ဓာကိုယ်သည် လေထဲတွင် ကြောက်မက်ဖွယ်ကောင်းလောက်အောင် လိမ်ကောက်နေသောပုံစံဖြင့် ဝဲပျံနေသည်။

သူမ၏အမူအရာသည် ထိုင်းမှိုင်းသွားပြီး သူမအကြည့်မှာ ဗလာနတ္ထိဖြစ်ကာ အသက်မရှိသော ဖုတ်ကောင်တစ်ကောင်ကဲ့သို့ပင်ဖြစ်နေသည်။

သူမ၏ဝိညာဉ်သည် ဤမျှကြီးမားသော နာကျင်မှုကို မခံနိုင်တော့ဘဲ ပြိုလဲသွားသည်။

ထို့ကြောင့် အခန်း၏လေထဲတွင် ထူးဆန်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်နေသည်။

ရွာသူကြီး၊ အသားသတ်သမား၊ ဖုန်းဖန်ကျစ်နှင့် တော်၀င်အမျိုးသမီး ချန်ရှီယာတို့အားလုံးသည် ထိုနေရာတွင် တိတ်ဆိတ်စွာ ပျံဝဲနေကြပြီး အချို့မှာ သေဆုံးသွားပြီဖြစ်ကာ အချို့မှာ အသက်ဆက်ငင်ငင် ဖြစ်နေဆဲဖြစ်သည်။

ရွာသူကြီးနှင့် ဖုန်းဖန်ကျစ်တို့ နောက်ကိုလိုက်ပါလာသော လက်အောက်ငယ်သားများသည် တုန်ယင်စွာဖြင့် ရပ်ကြည့်နေကြသည်။

ရွှယ်အန်းက သူတို့ကိုကြည့်လာသောအခါ ဤလူများသည် ကြောက်လန့်တကြားဖြင့် ငိုလုမတတ်ဖြစ်နေသည်။

"ကြီး... ကြီးမြတ်တဲ့သခင်ကြီး၊ ကျွန်တော်တို့အသက်ကို ချမ်းသာပေးပါ"

ရွှယ်အန်းက ညင်သာစွာ သက်ပြင်းချလိုက်သည်။

"စည်းမျဉ်းအရဆိုင်တော့ ခေါင်းဆောင်ကိုသတ်လိုက်ရင် မင်းတို့ကျန်တဲ့သူတွေကို ချမ်းသာပေးသင့်တယ်"

ဤလူများသည် စိတ်သက်သာမှု အနည်းငယ်ရသွားသည်။

"ဒါပေမဲ့ ဒီနေ့ ငါ့စိတ်အခြေအနေက သိပ်မကောင်းဘူး၊ ဒါကြောင့် မင်းတို့အားလုံး သူတို့နဲ့အတူ သေရလိမ့်မယ်"

သူ စကားပြောပြီးသည်နှင့် ဓားအလင်းတစ်ချက်သည် ထိုအုပ်စုကို ဖဲကြိုးကဲ့သို့ တစ်ခဏအတွင်း ဖြတ်သန်းသွားသည်။

ဒုတ် ဒုတ် ဒုတ်...

ခေါင်းများသည် မြေပေါ်သို့ ကျဆင်းသွားသည်။

အလောင်းများသည် မှောက်လျက် လဲကျသွားသည်။

ရွှယ်အန်းသည် ဤလူများ၏အလောင်းများကို ကြည့်လိုက်ပြီး သူ၏မျက်နှာတွင် ဝမ်းနည်းမှုရော ပျော်ရွှင်မှုပါ မရှိခဲ့ပေ။

တစ်ခါတစ်ရံတွင် ခေါင်းဆောင်သည် စက်ဆုပ်ဖွယ်ကောင်းသော်လည်း ထိုအာဏာရှင်ကို အားပေးကူညီသူများသည်လည်း အလားတူ သေထိုက်သည်။

ရွှယ်အန်းသည် ဤလူများ၏လက်များသည်လည်း အပြစ်မဲ့သူများ၏သွေးများဖြင့် စွန်းထင်းနေမည်ဟု အခိုင်အမာပြောနိုင်သည်။

ဤအချိန်တွင် ရွှယ်အန်းသည် သူ၏ခေါင်းကို နံရံထောင့်ရှိ အရိပ်ဘက်သို့ လှည့်ကြည့်ကာ လေသံအေးအေးဖြင့် ဆိုသည်။

"ပွဲကောင်းတစ်ပွဲကြည့်ရတော့ ကျေနပ်ပြီလား"

အရိပ်သည် တုန်ခါသွားပြီးနောက် ဖြူဖျော့သောမျက်နှာနှင့် အမျိုးသမီးတစ်ဦး ထွက်လာသည်။

သူမမှာ စောစောက ကချေသည်ဖြစ်သည်။

ဤအချိန်တွင် သူမ၏နှလုံးသားသည် ကြောက်ရွံ့မှုနှင့် လွှမ်းမိုးနေသည်။

ယခုမှသာ သူမသည် သူမ၏ သဘောတူညီချက်သည် မည်မျှရယ်စရာကောင်းခဲ့သည်ကို သဘောပေါက်သွားသည်။

နတ်ဘုရားလိုလို နတ်ဆိုးတစ်ပါးနှင့်တူသော ဤလူသည် ဖုန်းဖန်ကျစ်နှင့် အခြားသူများကို သူတို့၏အသက်ဖြင့် ပေးဆပ်စေရန် လက်တစ်ဖက်ပင်မမြှောက်ဘဲ ပြုလုပ်နိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသည်။

ထို့အပြင် သူမက သူ့ထံမှ ပစ္စညါးများကို ယူရန် စိတ်ကူးရဲခဲ့သည်။

သူမသည် 'သေခြင်း' ဟူသော စကားလုံးကို မည်သို့ရေးရမှန်း အမှန်တကယ်မသိခဲ့တာဖြစ်နိုင်သည်။

ရွှယ်အန်းသည် ကချေသည်၏အမူအရာမှာ မခန့်မှန်းနိုင်အောင် ပြောင်းလဲနေသည်ကို ကြည့်ကာ ခေါင်းအနည်းငယ်ခါလိုက်သည်။

"မကြောက်နဲ့၊ ငါမင်းကိုသတ်ဖို့ အစီအစဉ်မရှိဘူး"

ကချေသည်ပ တံတွေးကို ခက်ခက်ခဲခဲမျိုချကာ ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြောလိုက်သည်။

"ကျေး... ကျေးဇူးပါပဲ သခင်ကြီး"

သူမသည် အစောထဲက ထွက်ပြေးရန် စဉ်းစားခဲ့သည်။

သို့သော် ရွှယ်အန်း၏ စွမ်းအင်အောက်တွင် သူမ၏ ထွက်ပြေးရန် နည်းလမ်းအားလုံးသည် မအောင်မြင်ခဲ့သောကြောင့် ထောင့်ထဲတွင်သာ တုန်ယင်စွာ ပုန်းအောင်းနေနိုင်ရုံသာတက်နိုင်သည်။

"ငါမင်းကို ဘာလို့မသတ်တာလဲ သိလား"

ကချေသည်မှာသ အသံပင်မထွက်ဝံ့ဘဲ ခေါင်းခါပြရုံသာ လုပ်လိုက်သည်။

"ဘာလို့လဲဆိုတော့ မင်းက လောဘကြီးပေမဲ့ အနည်းဆုံးတော့ တူညီတဲ့လဲလှယ်မှုရဲ့ သဘောထားကို နားလည်တယ်၊ ဒီလူတွေလိုမျိုး လောဘမပြည့်နိုင်ဘဲ အားနည်းသူတွေကို နှိပ်စက်ရတာကို ပျော်မွေ့နေတာမျိုး မဟုတ်ဘူး"

ဤအချိန်တွင် ခန္ဓာကိုယ်ကြေမွသွားသော ရွာသူကြီးသည် နောက်ဆုံးတွင် သူ၏နောက်ဆုံးထွက်သက်ကို ရှူထုတ်လိုက်ပြီး ခန္ဓာကိုယ်လိမ်ကောက်သွားသော အသားသတ်သမားနှင့်အတူ သေဆုံးသွားသည်။

ဖုန်းဖန်ကျစ် တစ်ယောက်တည်းသာ အသက်ရှင်ကျန်ရစ်ဆဲဖြစ်သည်။

သူသည် အလွန်ဝသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ ထို့ကြောင့်ပင် သူသည် သုံးယောက်ထဲတွင် အသက်အရှည်ဆုံးဖြစ်သွားသည်။

သို့သော် ယခုအခါ သူသည်လည်း သူ၏ ကန့်သတ်ချက်အဆုံးသို့ ရောက်နေပြီဖြစ်ပြီး အသက်ဆက်ငင်ငင် ဖြစ်နေသည်။

သို့သော် သူသည် ကချေသည်ကိုမြင်သောအခါ သူ၏မျက်လုံးများမှာ တခဏ တောက်ပသွားပြီး သူ၏ပါးစပ်ကိုဖွင့်ကာ အကူအညီတောင်းရန် ကြိုးစားလာသည်။

ဤအချိန်တွင်မူ ရွှယ်အန်းက သူ၏လက်ကို ပေါ့ပေါ့ပါးပါးဝှေ့ယမ်းလိုက်ရာ ချန်ရှီယာမှလွဲ၍ သေဆုံးသွားသူများနှင့် သေလုမျောပါးဖြစ်နေသူများ၏ ခန္ဓာကိုယ်ပေါ်တွင် မီးတောက်တစ်ခုကို ပစ်ချလိုက်သည်။

တစ်ခဏအတွင်းမှာပင် မီးတောက်များသည် အလောင်းများနှင့် လူအားလုံးကို လွှမ်းခြုံသွားသည်။

ဖုန်းဖန်ကျစ်သည် နာကျင်စွာဖြင့် အကြိမ်အနည်းငယ်အော်ဟစ်ပြီးနောက် မီးတောက်များကြောင့် ဘာမှမကျန်အောင် လောင်ကျွမ်းသွားသည်။ အခန်းသည်လည်း ဗလာဖြစ်သွားသည်။

အကသမားသည် ကြောက်လန့်တကြားဖြင့် စကားပင်မပြောနိုင်ဘဲ သူမ၏တစ်ကိုယ်လုံးသည် ချွေးအေးများဖြင့် စိုရွှဲနေသည်။

"ဒီညစ်ပတ်တဲ့ကမ္ဘာကြီးက တကယ်ကို စိတ်ပျက်စရာကောင်းတာပဲ"

ရွှယ်အန်းက သက်ပြင်းချလိုက်ပြီးနောက် လေထဲတွင် ပျံဝဲနေသော ချန်ရှီယာကို ထပ်ကြည့်လိုက်သည်။

"မင်းက တခြားသူတွေကို အနုပညာလက်ရာတွေအဖြစ် ပြောင်းရတာကို အရမ်းကြိုက်မှတော့ ငါမင်းကို အထူးခြားဆုံးအမျိုးအစားတစ်ခုအဖြစ် ပြောင်းလဲပေးမယ်"

ထိုစကားနှင့်အတူ ရွှယ်အန်းသည် သူ၏လက်ချောင်းကို ပေါ့ပေါ့ပါးပါး ထိုးလိုက်သည်။

ချန်ရှီယာ၏ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်ခါသွားပြီးနောက် သွေးစက်များသည် သူမ၏ခန္ဓာကိုယ်မှ ဖြာထွက်လာသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင်...

ချန်ရှီယာ၏သွေးအားလုံးသည် စုပ်ယူခံလိုက်ရပြီး လေထဲတွင် ဘတ်စကတ်ဘောအရွယ်အစားရှိသော သွေးလုံးတစ်လုံးအဖြစ် ဖွဲ့စည်းသွားသည်။

ချန်ရှီယာမှာမူ သေဆုံးသွားပြီဖြစ်သည်။

သို့သော် သူမ၏အလောင်းသည် ပစ္စည်းတစ်ခုနှင့်တူသော အရာအဖြစ်သို့ ပြောင်းလဲသွားသည်။

သူမ၏မျက်နှာပေါ်မှ အမူအရာပင်လျှင် အနည်းငယ် အသက်ဝင်နေသည်။

ဤမြင်ကွင်းကိုမြင်သောအခါ ကချေသည်မှာ ကျယ်လောင်စွာအော်ဟစ်လုမတတ်ဖြစ်သွားပြီးနောက် သူမ၏ပါးစပ်ကို အမြန်အုပ်လိုက်ကာ အသံတစ်စက်မှမပြုဝံ့ပေ။

ထို့နောက် ရွှယ်အန်းက ပြောလာသည်။

"သူမကို မှတ်မိလား”

All Chapters