သံမည်းမြို့တော်က ချန်မိသားစု
Vol. 48 Ch. 712
ဤမြင်ကွင်းကိုမြင်သောအခါ ချန်ရှောင်မေ့သည် ပါးစပ်ကိုအုပ်ကာ မျက်ရည်များ တသွင်သွင်စီးကျလာသည်။
ချန်အားတု၏ မျက်လုံးများထဲမှ အလင်းရောင်သည် ပိုလို့ပင် အားကောင်းလာသည်။
ရုတ်တရက်ဆိုသကဲ့သို့..
ချန်အားတုသည် မြေပြင်မှ ခုန်ထလိုက်ပြီး သူ၏မျက်နှာသည် ခက်ထန်စွာဖြင့် အော်လိုက်သည်ယ
"ငါ့ညီမကို နာကျင်အောင်လုပ်ရဲတယ်၊ ငါမင်းကို အသက်နဲ့လဲပြီးတိုက်မယ်"
သူ စကားပြောနေစဉ်မှာပင် အင်အားကြီးသော ဓားသွားတစ်ခုမှာ နံရံတစ်ဝက်ကို ခုတ်ပိုင်းသွားသည်။
ထို့နောက် ချန်အားတုသည် အနည်းငယ်ယိမ်းယိုင်သွားပြီး မြေပြင်ပေါ်သို့ တစ်ဖန်မေ့လဲကျသွားသည်။
"သခင်ကြီး၊ ကျွန်မအစ်ကို ဘာဖြစ်သွားတာလဲ၊ သူ ဘာလို့ ပြန်မေ့လဲသွားတာလဲ"
ချန်ရှောင်မေ့သည် သတိလစ်နေသော ချန်အားတုကို ပွေ့ဖက်ရန် အရှေ့သို့ပြေးသွားပြီး စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။
ရွှယ်အန်းကမူ ရယ်မောလာသည်။
"မင်း အစ်ကို ဘာမှမဖြစ်ဘူး၊ တကယ်တော့ အဲ့တာက ဆန့်ကျင်ဘက်ပဲ၊ သူက ပို အင်အားကြီးတဲ့ ဓားသိုင်းပါရမီတစ်ခုကို နိုးထလာခဲ့တာ၊ သူက ဒီစွမ်းအားကို လောလောဆယ် မထိန်းချုပ်နိုင်သေးလို့ အားအလွန်အကျွံသုံးမိပြီး မေ့လဲသွားတာပဲ"
ရွှယ်အန်းက ပြောလာချိန်မှ ချန်ရှောင်မေ့သည် အနည်းငယ် စိတ်သက်သာရာရသွားသော်လည်း ချန်အားတုကို စိုးရိမ်တကြီး ကြည့်နေဆဲဖြစ်သည်။
ခဏအကြာတွင် ချန်အားတုသည် တစ်ဖန်သတိပြန်လည်လာသည်။
သို့သော် ဤတစ်ကြိမ်တွင် သူသည် ယခင်ကဲ့သို့ စိတ်တက်ကြွနေပုံမရဘဲ ချန်ရှောင်မေ့ကို ဗလာနတ္ထိမျက်၀န်းများဖြင့် ကြည့်နေသည်။
"အစ်ကို နိုးပြီလား"
ချန်ရှောင်မေ့က ရင်တထိတ်ထိတ်ဖြင့် ပြောလိုက်သည်။
"ရှောင်... ရှောင်မေ့၊ မင်းက ဘယ်လိုဖြစ်ပြီး..."
ချန်အားတုသည် စောစောက ဖြစ်ပျက်ခဲ့သမျှကို ဘာမှမမှတ်မိခဲ့ပေ။
သူနောက်ဆုံးမှတ်မိသည်မှာ သူ၏ညီမသည် ရက်စက်စွာ အရိုက်ခံနေရသည်ကို အကူအညီမဲ့စွာ ကြည့်နေခဲ့ရခြင်းဖြစ်သည်။
သူသည် ဒေါသနှင့် စိုးရိမ်ပူပန်မှုတို့ကြောင်ပ အဆုံးတွင် သွေးအန်ကာ သတိလစ်သွားခဲ့သည်။
သူ နိုးလာသောအခါ ရှောင်မေ့သည် သူ့ရှေ့တွင် အကောင်းအတိုင်း မြင်တွေ့ရခြင်းသည် သူ၏မျှော်လင့်ချက်ထက် ကျော်လွန်နေသည်။
ထိုမျှသာမက သူမ၏မျက်လုံးနှင့် မျက်နှာပေါ်မှ ဒဏ်ရာများသည်လည်း ပျောက်ကင်းသွားပြီဖြစ်သည်။
ချန်အားတုက မအံ့ဩဘဲ ဘယ်နေနိုင်မည်နည်း...
ချန်ရှောင်မေ့က ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ချန်အားတုအား ပြန်ပြောပြပြီးနောက် သူသည် တွေဝေခြင်းမရှိဘဲ ရွှယ်အန်းရှေ့တွင် ဒူးထောက်ကာ သူ၏ခေါင်းကို မြေပြင်နှင့် အကြိမ်ကြိမ်ထိခတ်ကာ အရိုအသေပေးလိုက်သည်။
"သခင်ကြီး၊ ကျွန်တော် ချန်အားတာက သခင်ကြီးရဲ့ ကျေးဇူးကို နှလုံးသားထဲမှာ အမြဲမှတ်ထာမှာပါ"
ရွှယ်အန်းက လေသံအေးအေးဖြင့် ပြောလိုက်သည်။
"မင်းကိုကယ်ခဲ့တာ ငါမဟုတ်ဘူး၊ မင်းညီမနဲ့ မင်းကိုယ်တိုင်ပဲ"
ချန်အားတုက ခေါင်းခါသည်။
"သခင်ကြီးရဲ့ ကယ်တင်မှုသာမရှိရင် ကျွန်တော်နဲ့ညီမလေး သေတာကြာပါပြီ"
ချန်ရှောင်မေ့သည်လည်း သူ၏ဘေးတွင် ဒူးထောက်လိုက်သည်။
"ကျွန်မအစ်ကိုပြောတာမှန်ပါတယ်၊ သခင်ကြီးသာမရှိရင် ကျွန်မတို့သေတာကြာလှပြီ"
ရွှယ်အန်းက ပြုံးလိုက်ပြီးနောက် သူ၏အကြည့်ကို ပြတင်းပေါက်ဘက်သို့လှည့်ကာ ညင်သာစွာပြောလိုက်သည်။
"ထပါ"
ချန်မောင်နှမသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် ထရပ်ကာ ဘေးတွင် လေးစားစွာ နေရာယူလိုက်သည်။
"မင်းတို့ကိုယ်ထဲမှာ တစ်ခုခုပြောင်းလဲသွားတာကို ခံစားမိလား" ရွှယ်အန်းက ချန်အာထူကို မေးလိုက်သည်။
ချန်အားတုသည် အံ့အားသင့်သွားပြီး အနီးကပ်ခံစားကြည့်သောအခါ သူ၏မျက်နှာတွင် အံ့ဩမှုအရိပ်အယောင်တစ်ခု တဖြည်းဖြည်းပေါ်လာသည်။
"သခင်ကြီး၊ ဒါက..."
ချန်ရှောင်မေ့က ပြုံးကာပြောလိုက်သည်။
"အစ်ကို... သခင်ကြီးက အစ်ကို့ရဲ့ ကံဆိုးမှုက ကောင်းချီးဖြစ်သွားပြီး ပိုအားကြီးတဲ့ ပါရမီတစ်ခုကို နိုးထလာခဲ့တယ်လို့ ပြောတယ်"
ချန်အားတု၏မျက်နှာတွင် အလွန်အမင်းဝမ်းမြောက်မှုဖြင့် ပြည့်နှက်သွားသည်။
သူသည် ပထမအဆင့် ဆာမူရိုင်းတစ်ယောက်ဖြစ်ရန် အိပ်မက်မက်ခဲ့သော်လည်း သူနိုးလာသောအခါ ဒုတိယအဆင့် ဆာမူရိုင်းတစ်ယောက်ဖြစ်လာမည်ဟု မည်သူထင်မည်နည်း။
ဤသည်ကိုမြင်သောအခါ ရွှယ်အန်းက ပြုံးလိုက်သည်။
"မင်းမှာ ပါရမီကောင်းရှိတာပဲ၊ နောက်ဆို ငါမင်းကို ပိုပြီးကူညီပေးနိုင်တယ်"
"ကျေးဇူးတင်ပါတယ် သခင်ကြီး"
မကြာမီ မြစ်ကမ်းဘေးမြို့သည် ဂယက်ရိုက်သွားသည်။
အဘယ်ကြောင့်ဆို ရွာသူကြီး၊ အသားသတ်သမားနှင့် အရက်ဆိုင်ပိုင်ရှင် ဖုန်းဖန်ကျစ်တို့သည် သေဆုံးသွားသောကြောင့်ဖြစ်သည်။
၎င်းတို့သည် မြစ်ကမ်းဘေးမြို့ရှိ ထင်ရှားသော ပုဂ္ဂိုလ်များဖြစ်ကြသည်။
သူတို့တစ်ပြိုင်နက် သေဆုံးခြင်းသည် လူများကို ကြောက်လန့်စေပြီး တရားခံမှာ မည်သူဖြစ်နိုင်သည်ကို ခန့်မှန်းနေကြသည်။
ထို့နောက် နောက်ထပ်သတင်းတစ်ခု ပျံ့နှံ့လာသည်။
တိုက်ခိုက်သူသည် ဖြတ်သွားဖြတ်လာ အဆင့်မြင့်ဆာမူရိုင်းတစ်ဦးဖြစ်သည်ဟု ပြောကြသည်။
ထို့အပြင် ၎င်းသည် စတုတ္ထ သို့မဟုတ် ပဉ္စမအဆင့် အဆင့်မြင့်ဆာမူရိုင်းတစ်ဦးဖြစ်နိုင်သည်ဟု သံသယရှိကြသည်။
ဤသတင်းသည် မြစ်ကမ်းဘေးမြို့တစ်လျှောက်ကို ချက်ချင်းပင် ဂယက်ရိုက်သွားစေသည်။
ထိုနေရာရှိ လူအများအပြားသည် သူတို့၏ဘဝတစ်လျှောက်လုံးတွင် ဒုတိယအဆင့် ဆာမူရိုင်းတစ်ဦးကိုပင် မမြင်ဖူးကြပေ။
ယခုအခါ ရုတ်တရက် စတုတ္ထ သို့မဟုတ် ပဉ္စမအဆင့် အဆင့်မြင့်ဆာမူရိုင်းတစ်ဦး ပေါ်ထွက်လာသည်။
၎င်းသည် လူတိုင်းကို သဘာဝအတိုင်း စူးစမ်းလိုစိတ်များစွာကို ဖြစ်ပေါ်စေသည်။
သို့သော် စူးစမ်းလိုစိတ်သာရှိသော်လည်း မည်သူမျှ ချဉ်းကပ်ဝံ့ခြင်းမရှိပေ။
အဘယ်ကြောင့်ဆို မြစ်ကမ်းဘေးမြို့ရှိ လူအများအပြားသည် အခြေအနေကို ကောင်းစွာသိသောကြောင့်ဖြစ်သည်။
ရွာသူကြီးနှင့် ဖုန်းဖန်ကျစ်တို့ အသတ်ခံရခြင်းမှာ ထိုမျှကြီးမားသောကိစ္စမဟုတ်ပေ။
သို့သော် ဤအဆင့်မြင့်ဆာမူရိုင်းသည် သံမည်းမြို့တော်မှ တော်၀င်အမျိုးသမီးငယ်တစ်ဦးကိုပင် သတ်ခဲ့သည်။
ဤကိစ္စသည် သေချာပေါက် လွယ်လွယ်ကူကူနှင့် ပြီးဆုံးသွားမည်မဟုတ်ချေ။
ထို့ကြောင့် မြို့ငယ်လေးရှိ လူတိုင်းသည် ရွှယ်အန်းတို့အား လေးစားစွာ အကွာအဝေးတစ်ခုတွင် နေကြသည်။
ထိုကိစ္စကြောင့် ရွှယ်အန်းသည် ပြုံးရုံသာပြုံးနေပြီး အလေးအနက်မထားခဲ့ပေ။
မြစ်ကမ်းဘေးမြို့သည် ဤအဖြစ်အပျက်ကြောင့် လှုပ်လှုပ်ရှားရှားဖြစ်နေစဉ်...
မြစ်ကမ်းဘေးမြို့မှ ကီလိုမီတာ နှစ်ရာကျော်အကွာတွင် မြို့တစ်မြို့တည်ရှိသည်။
ဤမြို့စည် လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်မြို့တစ်မြို့ဖြစ်ပြီး မြို့ရိုးများကို ကြီးမားသော သံမည်းကျောက်တုံးကြီးများဖြင့် တည်ဆောက်ထားသည်။
၎င်းသည် ကီလိုမီတာတစ်ထောင်အတွင်းရှိ တစ်ခုတည်းသော ဧရာမမြို့ကြီးဖြစ်သော
သံမည်းမြို့တော်ပင်ဖြစ်သည်။
သံမည်းမြို့တော်၏ အလယ်ဗဟိုတွင် ကြီးမားသော အိမ်ဝောာ်ကြီးတစ်ခုရှိသည်။
ဖြတ်သွားဖြတ်လာသူများသည် ၎င်းတို့၏ခြေလှမ်းများကို အရှိန်မြှင့်ကာ အလျင်အမြန် ဖြတ်ကျော်သွားကြသည်။
အဘယ်ကြောင့်ဆို ၎င်းသည် သံမည်းမြို့တော်၏ အရှင်သခင်ဖြစ်သော ချန်မိသားစု၏ အိမ်တော်ဖြစ်သောကြောင့်ဖြစ်သည်။
နေထွက်ချိန်တွင်..
ချန်မိသားစု၏ တံခါးစောင့်သည် သမ်းဝေလိုက်ပြီး တံခါးများကို ဖွင့်ရန်ပြင်လိုက်သည်။
၎င်းသည် သူတို့၏ နေ့စဉ်အလုပ်ဖြစ်ပြီး မိုးရွာသည်ဖြစ်စေ နေပူသည်ဖြစ်စေ လုပ်ဆောင်ရသည်။
သို့သော် ယနေ့တွင် သူတို့၏အလုပ်သည် မမျှော်လင့်ထားသော အံ့အားသင့်စရာတစ်ခုကို မြင်လိုက်ရသည်။
အဘယ်ကြောင့်ဆိုသော် သူတို့တံခါးများကို ဖွင့်လိုက်သည်နှင့် လူပုံသဏ္ဌာန်အရာတစ်ခုသည် တံခါးဘောင်တွင် ချိတ်ဆွဲလျက်ရှိသောကြောင့်ဖြစ်သည်။ တံခါးများပွင့်သွားသောအခါ ထိုပုံရိပ်သည် ယိမ်းထိုးစပြုလာပြီး ဖြည်းညှင်းစွာ မျက်နှာလှည့်လာသည်။ အိမ်အစေခံများသည် ကြောက်လန့်တကြားဖြင့် ဘောင်းဘီထဲတွင်ပင် သေးပေါက်ချလုမတတ် ဖြစ်သွားကြသည်။ အဘယ်ကြောင့်ဆို ဤလူပုံသဏ္ဌာန်သည် သိပ်မကြာခင်ကမှ ပြင်ပကမ္ဘာကို စစ်ဆေးရန် သံမည်းမြို့တော်မှ ထွက်ခွာသွားသော ချန်မိသားစု၏ သခင်မငယ် ချန်ရှီယာမှလွဲ၍ အခြားသူမဟုတ်သောကြောင့်ဖြစ်သည်။
သို့သော် ဤအချိန်တွင် ချန်ရှီယာသည် သူမ၏ မျက်နှာမှာ မောက်မာမှုများပျောက်ဆုံးနေပြီး သူမ၏မျက်လုံးများတွင် ကြောက်လန့်မှုအရိပ်အယောင်တစ်ခုသာ ကျန်ရစ်နေသည်။
သူမ၏အသားသည် အရိုးများနှင့် ကပ်နေပြီး သွေးအားလုံး ဆုံးရှုံးသွားသည့်ပမာ ထင်ရသည်။
သူမသည် ရေဓာတ်ခန်းခြောက်ပြီး အခြောက်ခံထားရသော ပစ္စည်းတစ်ခုပမာထင်ရသည်။
"တစ်ယောက်... တစ်ယောက်ယောက် အမြန်လာကြပါ၊ ဒီမှာ တစ်ခုခုဖြစ်သွားပြီ"
အဆုံးတွင် တုံ့ပြန်မှုမြန်သော တံခါးစောင့်သည် အရေးကြီးသောအရာတစ်ခု ဖြစ်ပျက်သွားသည်ကို သိရှိပြီး ကျယ်လောင်စွာ အော်လိုက်သည်။
ဤသို့သော ဖရိုဖရဲနှင့် ရှုပ်ထွေးသောကမ္ဘာကြီးတွင် ချန်မိသားစုကဲ့သို့သော ကြီးမားသော မျိုးနွယ်စုတွင် သဘာဝအတိုင်း အလွန်မြင့်မားသော အာရုံခံစားမှုများ ရှိကြသည်။
ထို့ကြောင့် တံခါးစောင့်များ၏ အော်ဟစ်သံများကို ကြားသောအခါ ချန်မိသားစုသည် ချက်ချင်းပင် လှုပ်ရှားလာကြသည်။
ထိုသည် အလွန်လျင်မြန်လှသည်။
အရှေ့အိမ်တော်၏ အိမ်တော်ထိန်းသည် ပထမဆုံး ပြေးလာသူဖြစ်သည်။
သူသည် သူ့ရှေ့မှ မြင်ကွင်းကိုမြင်သောအခါ အသက်ရှူမှားသွားပြီး ထိုနေရာကို ချက်ချင်း ပိတ်ဆို့ရန် အမိန့်ပေးလိုက်သည်။
သူသည် သေချာစွာ စစ်ဆေးပြီးနောက် ထိုနေရာတွင် ချိတ်ဆွဲခံထားရသော ချန်ရှီယာကို ဖြုတ်ယူကာ တစ်စုံတစ်ခုဖြင့်ထုပ်ပိုးပြီး အနောက်အိမ်တော်သို့ အလျင်အမြန် ပြေးသွားသည်။
ချန်မိသားစု၏ အဓိကအဖွဲ့ဝင်အများအပြားသည် ထိုနေရာကို စုရုံးရောက်ရှိလာကြသည်။
ချန်ရှီယာ၏ သနားစရာကောင်းသောအခြေအနေကို မြင်သောအခါ သူတို့၏အမူအရာများလည်း ပြောင်းလဲသွားသည်။
"ဘာဖြစ်တာလဲ"
မေးလိုက်သူမှာ ချန်မိသားစု၏ ဒုတိယသခင်ကြီးဖြစ်သော ချန်ကျင်းယီဖြစ်သည်။
"ကျွန်တော်လည်း မသိဘူး၊ အပြင်ဘက်ရ အိမ်အစေခံတွေရဲ့ အော်သံကိုကြားလို့ သွားကြည့်တော့ သခင်မလေးကို အဲ့မှာချိတ်ဆွဲထားတာ တွေ့ခဲ့တာထ ကျွန်တော် အဲ့ဒီက အိမ်အစေခံတွေကို မေးကြည့်တော့ သူတို့က ဒီမနက်တံခါးဖွင့်မှ တွေ့တာတဲ့"
"အပြင်ဘက်နေရာကို သေချာစစ်ဆေးပြီးပြီလား"
"သူတို့ ရှာဖွေနေပါတယ်၊ ဒါပေမဲ့ ဘာမှတွေ့မယ်မထင်ဘူး"
သူတို့စကားပြောနေစဉ်မှာပင် အပြင်ဘက်မှ တစ်စုံတစ်ယောက်က သတင်းပို့ရန် ရောက်လာသည်။
"ဒုတိယသခင်ကြီး အပြင်ဘက်ကို စစ်ဆေးပြီးပါပြီ၊ ဘာသဲလွန်စမှ မရှိပါဘူး"
"သောက်ချီးပဲ၊ မင်းပြောချင်တာက သခင်မလေးက သူ့ဘာသာသူ အဲ့ဒီမှာ ချိတ်ဆွဲထားတယ်လို့လား"
ချန်ကျင်းယီက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
ထိုစဉ် အပြင်ဘက်တွင် ဆူညံသံတစ်ခု ထွက်ပေါ်လာသည်။
ထို့နောက် တံခါးပွင့်လာပြီး ခန့်ညားသောမျက်နှာနှင့် ခမ်းနားသောဝတ်စုံကို ဝတ်ဆင်ထားသည့် အသက်ငါးဆယ်အရွယ် အမျိုးသားတစ်ဦး ဝင်ရောက်လာသည်။