← Chapters

ဝဋ်ကြွေးဆိုတာ တစ်နေ့တော့ ပြန်ဆပ်ရစမြဲပဲ

Vol. 48 Ch. 717

ဝဋ်ကြွေးဆိုတာ တစ်နေ့တော့ ပြန်ဆပ်ရစမြဲပဲ

Vol. 48 Ch. 717

သံမည်းမြို့သည် ကြီးမားသော တောင်တန်းကြီးတစ်ခု၏ ဘေးတွင် တည်ရှိကာ ပတ်ဝန်းကျင်တွင် မည်းမှောင်နေသော တောင်များဖြင့် ဝန်းရံထားသည့်အပြင် မြို့ရိုးများကို သံမည်းရိုင်းများဖြင့် တည်ဆောက်ထားသောကြောင့် ဤအမည်ကို ရရှိခဲ့ခြင်းဖြစ်သည်။

တောင်တန်းများ၏ အကာအကွယ်နှင့်အတူ သံမည်းမြို့၏ မြို့ရိုးများဖြင့် ပေါင်းစပ်လိုက်သောအခါ မြို့တွင်းရှိ ဓာတ်ရောင်ခြည်များသည် အပြင်ဘက်ထက် များစွာနိမ့်ကျသည်။

ထို့ကြောင့် ဤမြို့သည် မိုင်တစ်ထောင်အတွင်း တစ်ခုတည်းသော မြို့ဖြစ်လာခဲ့သည်။

ထို့အပြင် ချန်မိသားစုက ထိုမြို့၏ အသက်သွေးကြောဖြစ်သော ရေအရင်းအမြစ်ကို ထိန်းချုပ်ထားသည်။

ဤသို့ ကမ္ဘာပျက်ကပ်ကာလတွင် ရေဆိုသည်မှာ အလွန်အရေးကြီးသော သယံဇာတတစ်ခုဖြစ်သည်။

ရေအရင်းအမြစ်ကို ထိန်းချုပ်နိုင်သူမှာ ထိုမြို့၏ အရှင်သခင်ဖြစ်သည်ဆိုသည်မှာ သံသယရှိစရာမလိုပေ။

ချန်မိသားစုသည် သံမည်းမြို့၏ ထိပ်တန်းမိသားစုဟု ဆိုနိုင်သည်။

သို့သော် ဤရက်ပိုင်းတွင် သံမည်းမြို့၏ လေထုက ပုံမှန်မဟုတ်ဘဲ အနည်းငယ် ထူးခြားနေသည်။

အဘယ့်ကြောင့်ဆို လွန်ခဲ့သောနှစ်ရက်တွင် ချန်မိသားစု၌ ကိစ္စကြီးတစ်ခု ဖြစ်ပွားခဲ့သောကြောင့်ပင်။

ချန်မိသားစုတွင် နာမည်ဆိုးဖြင့် ကျော်ကြားသော ရက်စက်ကြမ်းကြုတ်ကာ သွေးဆာသည့် သခင်မလေး ချန်ရှီယာသည် စမ်းသပ်ခံပစ္စည်းတစ်ခုအဖြစ် ပြောင်းလဲခံလိုက်ရပြီး သူမခန္ဓာကိုယ်အား ချန်မိသားစု၏ ပင်မဂိတ်တံခါးမကြီး အထက်တွင်တောင် ချိတ်ဆွဲခံထားရသည်။

ထိုသတင်းသည် တောမီးပမာ သံမည်းမြို့တစ်မြို့လုံးကို အလျင်အမြန် ပျံ့နှံ့သွားခဲ့သည်။

ချန်မိသားစု၏ နှစ်ပေါင်းများစွာ အနိုင်ကျင့်ဗိုလ်ကျမှုများသည် လူများစွာ၏ နှလုံးသားထဲတွင် စွဲကျန်နေခဲ့သောကြောင့် အောက်ခြေလူတန်းစားများစွာမှာ ထိုကိစ္စကို တိတ်ဆိတ်စွာ ၀မ်းမြောက်နေကြသည်။

သို့သော် ချန်မိသားစုသည် ငွေမြို့တော်မှာ နဂါးအရိပ်အစောင့်တပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နေသော ချန်လျန်ယွီနှင့် ငွေမြို့တော်ရှိ နောက်ထပ် ကျွမ်းကျင်သူတစ်ယောက် ပူးပေါင်းကာ ချန်မိသားစုအား ဂုဏ်သိက္ခာကို စော်ကားရဲသူများကို ချေမှုန်းသုတ်သင်ရန် စေလွှတ်လိုက်သည်။

ထိုအဖြစ်သည် လူတိုင်းကို တိတ်ဆိတ်သွားစေပြီး သူတို့ နှလုံးသားထဲတွင် သက်ပြင်းချသံများသာ ထင်ကျန်တေတော့သည်။

သူတို့စိတ်ထဲတွင် ငွေမြို့တော်နှင့် နဂါးအရိပ်အစောင့်တပ်ဖွဲ့ဆိုသည်မှာ နတ်ဘုရားများပမာ ဖြစ်သောကြောင့်ပင်။

ထိုနာမည်မသိသော ကျွမ်းကျင်သူသည် သေလူဟုသာ သူတို့ တွေးမိကြသည်။

ဤသို့တင်းမာသော လေထုအောက်တွင် ချန်မိသားစုသည် ပျော်ပွဲရွှင်ပွဲများတွင် နစ်မျောနေပြီး ကြီးကျယ်ခမ်းနားသော အိမ်

တော်တစ်လုံးသည် အရှိန်အဝါများ တရှိန်ရှိန်ထွက်နေတော့သည်။

ထိုအချိန်မှာပင်…

ချန်မိသားစု အိမ်တော်မှာ ညစာစားပွဲတစ်ခု ကျင်းပနေခဲ့သည်။

စားသောက်ပွဲခန်းမထဲတွင် အရသာရှိသော အစားအစာများ ခင်းကျင်းထားပြီး မြိန်ရှက်ဖွယ် အစားအစာများသည် မြစ်ရေစီးသလို အဆက်မပြတ်ဝင်လာသည်။

ချန်မိသားစုနှင့် သံမည်းမြို့ရှိ အခြားသြဇာကြီးသော မိသားစုများရှိ လူငယ်လေးများသည် အုပ်စုဖွဲ့ကာ စကားလက်ဆုံကျလျက် ပျော်ရွှင်နေကြသည်။

ဖန်ခွက်ချင်းတိုက်သံများနှင့် ရယ်သံများကြောင့် လေထုမှာ တက်ကြွနေသည်။

"ပြောရရင် ညီလေးလျန်ယွီလည်း မကြာခင် ပြန်ရောက်တော့မှာပဲနော်"

ချမ်းသာသော မိသားစုတစ်ခုရှိ မျိုးဆက်သစ်တစ်ယောက်သည် ရယ်မောလျက် ပြောလာသည်။

"ငါတို့ သံမည်းမြို့ကနေ မြစ်ကမ်းဘေးမြို့အထိ ကီလိုမီတာ နှစ်ရာကျော် ဝေးတယ်၊ သွားလာဖို့က တစ်ရက်ခထက် ပိုကြာတယ်ကွ၊ ဒါပေမဲ့ ညီလေးလျန်ယွီက အခုဆို အားလုံးကို ဖြေရှင်းပြီးလို့ ပြန်လာနေလောက်ပြီဆိုတာ ငါလောင်းရဲတယ်"

နောက်လူငယ်တစ်ယောက်က ဝင်ပြောသည်။

"ဟက်၊ ဘယ်သူ့ကို သွားရန်စရမှန်းမသိ၊ ချန်မိသားစုကိုမှ သွားထိရဲတယ်ပေါ့။ အခုဆိုရင် အဲ့ဒီမြစ်ကမ်းဘေးမြို့က သိပ်မကြာခင် ပျောက်ကွယ်သွားတော့မှာပဲလို့ ငါထင်တယ်" လို့ တစ်ယောက်က မထီမဲ့မြင် ပြောလိုက်တယ်။

"ပြောရရင် ညီတော်လျန်ယွီက တကယ်တော်တာပဲ။ ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ နဂါးအရိပ်အစောင့်တပ်ဖွဲ့ရဲ့ အကြီးအကဲ ဖြစ်နေပြီ။ သူက ငွေမြို့တော်ရဲ့ မြို့တော်ဝန်ကတောင် အလွန်တန်ဖိုးထားခံရတယ်လို့ ကြားတယ်။ အချိန်သာပေးလိုက်ရင် သူ့အနာဂတ်က အတိုင်းအဆမဲ့ပဲ" လို့ တစ်ယောက်က အားကျတဲ့လေသံနဲ့ ချီးကျူးလိုက်တယ်။

သူတို့ ဆွေးနွေးနေကြစဉ်တွင်...

ချန်မိသားစုခေါင်းဆောင် ချန်ကျင်းရှီ၊ ဒုတိယခေါင်းဆောင် ချန်ကျင်းယွီနှင့် တခြားအကြီးအကဲများ ဝင်လာကြသည်။

လူတိုင်းလည်း ချက်ချင်းထပြီး အရိုအသေပေးလိုက်သည်။

"မိသားစုခေါင်းဆောင်ကို အရိုအသေပြုပါတယ်"

"ဒုတိယသခင်ကြီးကို အရိုအသေပြုပါတယ်"

ထိုအသံများသည် လှိုင်းများပမာ မဆဲနိုင်စွာ ထွက်လာသည်။

ချန်ကျင်းရှီလည်း ပြုံးကာ ခေါင်းညိတ်ပြလိုက်ပြီးနောက် ခန်းမထိပ်ရှိ မြင့်မားသော စင်မြင့်ပေါ်ကို တက်သွားသည်။

"ဒီနေ့ အားလုံးကြွရောက်လာကြတဲ့အတွက် ကျွန်တော် အရမ်းကျေးဇူးတင်မိပါတယ်၊ ကျွန်တော့် ချန်မိသားစုမှာ မကြာသေးခင်က မဖြစ်သင့်တဲ့ ကိစ္စရပ်တွေ ဖြစ်ပွားခဲ့ပေမယ့် စိတ်ချကြပါ၊ ကျွန်တော်တို့ ချန်မိသားစုနဲ့ သံမည်းမြို့ကို ဆန့်ကျင်ရဲတဲ့ ဘယ်သူမဆို သေရင်တောင် မြှုပ်စရာမြေမရှိ ဖြစ်သွားလိမ့်မယ်"

သူ့စကားကိုကြားသောအခါ စင်အောက်ရှိ လူအုပ်သည် မိုးခြိမ်းသံအလား သံပြိုင်တုံ့ပြန်ကြသည်။

"မှန်ပါတယ်"

"ချန်မိသားစုကို စိန်ခေါ်တာက သံမည်းမြို့ရဲ့ သြဇာရှိတဲ့ မိသားစုအားလုံးကို စိန်ခေါ်တာနဲ့ အတူတူပဲ"

ထိုမြင်ကွင်းကိုမြင်မှ ချန်ကျင်းရှီလည်း ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

ဤညစာစားပွဲကို ကျင်းပရသော တကယ့်ရည်ရွယ်ချက်မှာ လူထုကို ထိန်းဖို့အပြင် ချန်မိသားစု၏ အင်အားကို ပြသပြီး အခြေအနေကို ဤအခွင့်ကောင်းယူကာ ပြဿနာရှာချင်သူများကိုလည်း ချန်မိသားစုသည် သံမည်းမြို့၏ အစစ်အမှန် အရှင်သခင်ဖြစ်သည်ဆိုတာ သတိပေးရန်ဖြစ်သည်။

သို့သော်ထိုလူများ မြှောက်ပင့်ပြောနေကြချိန် အပြင်ဘက်မှ တည်ငြိမ်သော အသံတစ်ခုမှာ ထွက်ပေါ်လာသည်။

"မြို့ထဲက အဓိကမိသားစုတွေနဲ့ ချန်မိသားစုတွေ အားလုံး ဒီမှာရှိကြလား"

လူအုပ်ကြီးသည် အံ့အားသင့်သွားသလိူ ချန်မိသားစု၏ ဒုတိယခေါင်းဆောင်သည် လေသံခပ်မာမာဖြင့် အော်မေးလိုက်သည်။

"ဘယ်သူလဲ"

သူ့စကားမဆုံးခင်မှာပင် ပစ္စည်းတစ်ခုသည် အပြင်ဘက်မှ ညစာစားပွဲခန်းမထဲကို တန်းတန်းမတ်မတ် ပျံဝင်လာပြီး စားပွဲနှစ်လုံးလည်း ကျိုးသွားကာ လေထဲတွင် ရပ်တန့်သွားသည်။

"ဒါ… ဒါက…"

ထိုအရာကို မြင်လိုက်ရချိန် စားသောက်ပွဲခန်းမထဲရှိ လူများလည်း ချက်ချင်း ပွက်လောရိုက်သွားကြသည်။

အဘယ့်‌ကြောင့်ဆို လေထဲတွင် ပျံဝဲနေသည်မှာ ချန်လျန်ယွီ၏ ခြောက်သွေ့နေသေ အလောင်းဖြစ်သောကြောင့်ဖြစ်သည်။

တစ်ချိန်က ဂုဏ်ယူဝံ့ကြွားပြီး တက်ကြွခဲ့သော လူငယ်လေးသည် ယခုအခါ ပါးများချိုင့်ဝင်လျက် အသက်မဲ့သော မျက်လုံးများသည် ပြူးကျယ်နေကာ သူ၏ နောက်ဆုံးအချိန်အား ထိတ်လန့်မှုနှင့် မကျေနပ်မှုများ ပြည့်နှက်နေဆဲဖြစ်သည်။

ထိုသည်ကိုမြင်ချိန် ချန်မိသားစုတစ်ခုလုံး ဒေါသထွက်သွားကြသည်။

"လျန်ယွီ"

ချန်ကျင်းရှီသည် မေ့လဲမတတ်ဖြစ်သွားသည်။

ချန်ကျင်းရှီသည် ချန်မိသားစု၏ ခေါင်းဆောင်တစ်ယောက်ဖြစ်သောကြောင့် သူ့သားအပေါ်တွင် မျှော်လင့်ချက်ကြီးကြီးထားခဲ့သော်လည်း တစ်နေ့တွင် ဤသို့သေဆုံးသွားလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။

တခြားသူများဆို ပိုလို့တောင် တုန်လှုပ်ပြီး မယုံနိုင်စွာဖြစ်နေကြသည်။

လွန်ခဲ့သော နှစ်သုံးဆယ်အတွင်း သံမည်းမြို့၏ အထူးချွန်ဆုံးနှင့် အစွမ်းအထက်ဆုံးဟု နာမည်ကြီးသော လူငယ်လေးသည် ဤသို့ဆိုးရွားသော နည်းလမ်းဖြင့် သေဆုံးသွားခဲ့သည်လား

အထူးသဖြင့် သူ၏သေဆုံးပုံသည် လွန်ခဲ့ သော ရက်အနည်းငယ်က ချန်ရှီယာ၏ သေဆုံးပုံနှင့် တစ်ပုံစံတည်း တူနေပြီး ပိုလို့တောင် ထိတ်လန့်စရာကောင်းနေခဲ့သည်။

ချန်ကျင်းယွီ၏ မျက်လုံးထဲတွင် ပျော်ရွှင်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသော်လည်း အပြင်ပန်းတွင်တော့ မည်သည့်အမူအရာမှမပြပဲ ဟိန်းဟောက်လိုက်သည်။

"ငါ့တူကို ဘယ်သူသတ်ရဲတာလဲ"

"ငါသတ်တာ"

ရွှယ်အန်းက ဖြည်းညင်းစွာ လျှောက်ဝင်လာပြီး ရှိနေသူအားလုံးကို ဝှေ့ကြည့်လိုက်သည်။ အဆုံးတွင် သူ့အကြည့်မှာ ဖြူဖျော့နေသော ချန်ကျင်းရှီအပေါ် ရောက်သွားပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"ဒီလက်ဆောင်ကို ကြိုက်ရဲ့လား ချန်မိသားစု"

"မင်းက ဘယ်သူလဲ၊ ဘာလို့ ငါ့ချန်မိသားစုကို ဆန့်ကျင်နေရတာလဲ"

သူသည် သားဖြစ်သူကို ဆုံးရှုံးလိုက်ရသော်လည်း ချန်မိသားစု၏ ခေါင်းဆောင်ဖြသ်သောကြောင့် သူ့စိတ်သူ ပြန်ထိန်းခဲ့ကာ လေးနက်သောအသံဖြင့် မေးလိုက်သည်။

တစ်ချိန်တည်းမှာပင် သူဟည် သူ့နောက်ရှိ လူတစ်ယောက်ကို မျက်လုံးဖြင့် တိတ်တဆိတ် အချက်ပြလိုက်ရာ ထိုလူသည် လူအုပ်ကြားထဲမှ တိတ်တဆိတ်ထွက်ကာ ညစာစားပွဲခန်းမထဲမှ ပျောက်ကွယ်သွားသည်။

ရွှယ်အန်းသည်တော့ ထိုအဖြစ်အပျက်များကို မမြင်လိုက်သလို ခေါင်းသာခါလိုက်သည်။

"မင်းတို့ကို ဆန့်ကျင်နေတယ်ဟုတ်လား မှားနေပြီ၊ မင်းတို့ ချန်မိသားစုကို ဆန့်ကျင်ဖို့ ငါ့မှာ ဘာရည်ရွယ်ချက်မှ မရှိဘူး"

"ငါက မင်းတို့ကို ဖြစ်သင့်တဲ့အရ။တစ်ခုကို ပြောပြချင်ရုံပဲ"

"ဘယ်လို ဖြစ်သင့်တဲ့အရာလဲ"

ချန်ကျင်းရှီက ခပ်ထန်စွာမေးလိုက်သည်။

ရွှယ်အန်းက သူ့၏ ဖြူဖွေးသော သွားများကို လှစ်ဟာပြလိုက်ပြီး ကြောက်မက်ဖွယ်ကောင်းစွာ ပြုံးလိုက်သည်။

"အဲ့ဒါက… ဝဋ်ကြွေးဆိုတာ ပြန်ဆပ်ရစမြဲဆိုတာပဲ"

သူ့စကားမဆုံးခင်မှာပင် ညစာစားပွဲခန်းမရှိလူများသည် အပြင်ဘက်မှ ဆူညံသော ခြေသံများကို ကြားလိုက်ရပြီး နေရာကို ဝိုင်းထားလိုက်ကြသည်။ ထို့နောက် ကျွမ်းကျင်သူအချို့လည်း ဝင်လာကြသည်။

ထိုလူများသည် ချန်ကျင်းရှီ၏ နောက်ကို တန်းတန်းမတ်မတ် လျှောက်သွားပြီး ရွှယ်အန်းကို ရန်လိုသော မျက်လုံးများဖြင့် ကြည့်နေကြသည်။

ချန်ကျင်းရှီက အသစ်ရောက်လာသူများကို တွေ့ချိန် သူ့ကျောကိုမတ်လိုက်ပြီး မဲ့ပြုံးပြုံးလိုက်သည်။

"လုပ်ရပ်တိုင်းအတွက် ပေးဆပ်ရမှာ မှန်တယ်၊ ဒါပေမဲ့ မင်းက ချန်မိသားစုဝင်တစ် ယောက်ကို သတ်ခဲ့တယ်၊ အဲ့ဒီအတွက် မင်း အရင်ဆုံး ပေးဆပ်ရမယ်၊ သူ့ကို သတ်လိုက်စမ်း"

သူ အမိန့်ပေးလိုက်သည်နှင့်…

သူ့နောက်တွင်ရပ်နေသော လူများသည် တစ်ချိန်တည်းမှာပင် ပြေးဝင်တိုက်ခိုက်ကြပြီး ၎င်းတို့၏ မွေးရာပါစွမ်းရည်များကို ထုတ်ဖော်သုံးစွဲကာ ရွှယ်အန်းကို သေစေနိုင်လောက်သော တိုက်ခိုက်မှုများဖြင့် တိုက်ကြသည်။

ထိုကျွမ်းကျင်သူများသည် ချန်မိသားစုက မွေးမြူထားခြင်းဖြစ်ပြီး ပြဿနာများပေါ်လာရင် ရှေ့ကို ထွက်တိုက်ခိုက်ဖို့ဖြစ်သည်။

ထို့အပြင် ၎င်းတို့၏ အင်အားကိုလည်း လျှော့တွက်လို့မရပေ။

၎င်းတို့ထဲတွင် အများစုမှာ အဆင့်သုံးဖြစ်ပြီး အဆင့်လေးနား နီးပါးရှိသော လူများတောင် အနည်းငယ် ပါဝင်သည်။

တစ်ခဏအတွင်းမှာပဲ ညစာစားပွဲခန်းမဟာ ပရမ်းပတာဖြစ်သွားပြီး ထူးဆန်းကာ ဆန်းပြားသော စွမ်းရည်များဖြဂ့် ပြည့်နှက်သွားခဲ့သည်။

သို့သော် သူတို့ပစ်မှတ်သည် ရပ်နေသော ရွှယ်အန်းဆီကိုဖြစ်သည်။

ရွှယ်အန်းသည် ထိုလူများ သူ့အနားကို ရောက်ခါနီးတွင် အေးစက်တဲ့ အပြုံးတစ်ခုဖြင့် ခပ်တိုးတိုး ပြောလိုက်သည်။

"ထွက်သွားစမ်း"

သူ အသံသည် ကျယ်လောင်မနေခဲ့ပေ။

သို့သော် ရှေ့ဆုံးရှိ လူများသည် ထိုစကားကို ကြားလိုက်ရုံနှင့် သွေးမှုန်တွေအဖြစ် ပေါက်ကွဲသွားကြတော့သည်။

All Chapters