ငွေရောင်မြို့တော်သခင် အင်မော်တယ်ဧကရာဇ်
Vol. 48 Ch. 719
ငွေရောင်မြို့တော်
ခရိုလီယာသည် သူမ၏ရှေ့မှ ကြီးမားလှသော ပုဂ္ဂိုလ်၏ ဧရာမကျောပြင်ကြီးကို ဂရုတစိုက် သုတ်သင်ပေးနေသည်။
ထိုကျယ်ပြန့်သော ပြင်ပေါ်တွင် ကြီးမားသော ဓာတ်ရောင်ခြည်ဒဏ်ရာများသည် ကန့်လန့်ဖြတ် တည်ရှိနေပြီး အရေပြားကပင် ကြောက်မက်ဖွယ်ကောင်းသော ဖြူဖျော့ဖျော့ အလင်းရောင်ကို ထုတ်လွှတ်နေသည်။
တန်ဖိုးကြီးသော ကြည်လင်သည့်ရေဖြင့် စိမ်ထားသော နူးညံ့သည့် ချည်သားစစ်စစ် လက်ကိုင်ပုဝါသည် ထိုကျောပြင်ပေါ် ဖြတ်သန်းသွားသည့်အခါ ရေသည် အောက်သို့ စီးကျချိန်ပင်မရလိုက်ခင်မှာပင် အရေပြားသည် လောဘတကြီး စုပ်ယူလိုက်သည်။
ခရိုလီယာသည် ဤအရေပြားအောက်တွင် တည်ရှိနေသော စွမ်းအားကိုပင် ခံစားနိုင်သည်။
အဆုံးတွင် သူမ သုတ်သင်ပြီးစီးသွားသောအခါ တိတ်ဆိတ်စွာရပ်နေသော အစေခံသည် အလွန်အမင်း ချဲ့ကားထားသည့် ကင်းမြီးကောက်ပုံသဏ္ဌာန် သံချပ်ကာကို ကောက်ကိုင်လိုက်ပြီး ၎င်း ကျောပြင်ပေါ်သို့ ဂရုတစိုက် တပ်ဆင်ပေးလိုက်သည်။
ကလစ်
ကြည်လင်သော အသံနှင့်အတူ
သံချပ်ကာသည် နေရာတကျ တပ်သွားပြီး ကျောပြင်ပေါ်တွင် ခိုင်မြဲစွာ တပ်ဆင်ပြီးသား ဖြစ်သွားသည်။
ခရိုလီယာသည် ကျောဘက်သံချပ်ပြားမှ ရှည်ထွက်နေသော ကင်းမြီးကောက်၏ အမြီးကို မလိုက်ပြီးနောက် ထိုလူ၏ မျက်နှာပေါ်သို့ ညင်သာစွာ ချိတ်ဆွဲပေးလိုက်သည်။
ကင်းမြီးကောက်၏ အမြီးသည် လျင်မြန်စွာ ပုံသဏ္ဌာန်ပြောင်းလဲသွားပြီး မကြာမီမှာပင် ကြောက်မက်ဖွယ်ကောင်းသော သွားများပါရှိသည့် အသက်ရှူကိရိယာတစ်ခုအဖြစ် ပြောင်းလဲသွားကာ ထိုလူ အသက်ရှူလိုက်တိုင်း အလင်းရောင်များ လက်ခနဲ ထွက်ပေါ်နေသည်။
ရုတ်တရက်ဆိုသကဲ့သို့ ထိုလူက မျက်လုံးများ ဖွင့်လိုက်ချိန် ထွက်ပေါ်လာသော စွမ်းအားသည် ကျောဘက်တွင် သံချပ်ပြားကို သန့်ရှင်းရေးလုပ်နေသော အစေခံများကို လွင့်စင်သွားစေခဲ့သည်။
ခရိုလီယာက လေးစားစွာ နောက်ဆုတ်လိုက်သည်။
"အရှင်မင်းကြီး နိုးထလာပြီပဲ"
ထိုလူက ခရိုလီယာကို ကြည့်၍ စက်ရုပ်ပမာ ထူးဆန်းသောအသံဖြင့် ပြောလိုက်သည်။
"ခရိုလီယာငါ ဘယ်လောက်ကြာကြာ အိပ်ပျော်သွားတာလဲ"
"အရှင်မင်းကြီး သုံးလလောက် အိပ်ပျော်သွားပါတယ်"
"သုံးလ... အခု အပြင်မှာ ထူးခြားတာ ရှိနေလား"
ခရိုလီယာက အနည်းငယ် တုံ့ဆိုင်းသွားပြီး ပြောလိုက်သည်။
"အရှင်မင်းကြီး... သတင်းတစ်ခု အခုလေးတင် ဝင်လာပါတယ်၊ သံမည်းမြို့တော်က ချန်မိသားစုနဲ့ တခြားမိသားစုတွေလ အားလုံးလည်း အမြစ်ပြတ် ချေမှုန်းခံလိုက်ရပါတယ်"
"သံမည်းမြို့တော်..."
"ဟုတ်ပါတယ်၊ ပြီးတော့ အဲ့လူရဲ့ ဇာစ်မြစ်ကို မသိရပါဘူး၊ ကျွန်မ သံသယရှိတာကတော့... ပြင်ပကလူ တစ်ယောက်လို့ ထင်ပါတယ်"
ထိုစကားသုံးလုံးကို ကြားသောအခါ ထိုလူ၏ မျက်လုံးထဲတွင် အလင်းရောင်တစ်ခု လက်ခနဲ ဖြစ်သွားပြီး သုံးမီတာမြင့်သော အရပ်ဖြင့် ဖြည်းညင်းစွာ မတ်တပ်ထရပ်လိုက်ရာ ၎င်းကိုကြည့်ပါက လူထွားကြီးတစ်ယောက်နှင့် တူနေသည်။
ခရိုလီယာသည် သူ၏မျက်နှာကို မြင်နိုင်ရန် ခေါင်းကို မော့ကြည့်သည်။
"တခြားမျိုးနွယ်တွေကို အကြောင်းကြားလိုက်၊ ငွေရောင်ကောင်စီကို ဆင့်ခေါ်"
"ဟုတ်ကဲ့ပါ"
ခရိုလီယာသည် အမိန့်ကို ပြောကြရန် ထွက်ခွာသွားသည်။
ထိုလူသည် အခန်းထဲမှ ထွက်လာပြီး မြင့်မားသော စင်မြင့်တစ်ခုပေါ်သို့ တက်လိုက်သည်။
ဤနေရာသည် ငွေရောင်မြို့တော်၏ အမြင့်ဆုံးနေရာဖြစ်ပြီး ထိုနေရာမှ မြို့တော်တစ်ခုလုံးကို အပေါ်စီးမှ ကြည့်ရှုနိုင်သည်။
သူ့ခြေအောက်မှ အဖြူရောင် လျှို့ဝှက်ကျောက်တုံးများဖြင့် တည်ဆောက်ထားသော မြို့တော်နှင့် အဝေးမှ အဝါညိုရောင် တောကန္တာရ၏ ကျယ်ပြန့်မှုကို ငုံ့ကြည့်က ထိုလူက လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
"ပြင်ပကလူ... မင်းက ဒီကမ္ဘာကို ရောက်လာဖို့ ကြယ်တာရာကောင်းကင်ကို ဖြတ်ကျော်နိုင်ခဲ့တယ်၊ မင်းရဲ့အစွမ်းက သေးမှာ မဟုတ်ဘူးဆိုတာ သိသာတယ်၊ ဒါပေမဲ့ ဘာလို့ သံမည်းမြို့တော်ကို ဖျက်ဆီးဖို့ ကြိုးစားရတာလဲ၊ ဖြစ်နိုင်တာက... မင်း တစ်ခုခုကို တွေ့သွားတာလား"
ထိုအချိန်တွင် အောက်ဘက်မှ လူအများအပြားသည် မြင့်မားသောစင်မြင့်ပေါ်တွင် ရပ်နေသော ထိုလူကို သတိပြုမိသွားကြပြီး အံ့အားတသင့် အော်ဟစ်ကြသည်။
"ဘုရင်ကြီး နိုးထလာပြီ"
"ငါတို့ရဲ့ ဘုရင်ကြီး နိုးလာပြီ"
ဆူညံသံများကြားမှ မရေမတွက်နိုင်သော လူများသည် မျှော်စင်၏ အောက်ခြေတွင် စုရုံးလာကြပြီး အပေါ်သို့ စိတ်လှုပ်ရှားစွာ အော်ဟစ်ကြသည်။
"အင်မော်တယ်ဧကရာဇ်"
သူသည် ပြုံးလိုက်ပြီး အသိအမှတ်ပြုသည့်အနေဖြင့် လက်ဝှေ့ယမ်းပြလိုက်သည်။
မကြာမီမှာပင်...
မြို့တော်သခင် နိုးထလာသည့်သတင်းသည် ငွေရောင်မြို့တော်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
ငွေရောင်မြို့တော်အတွင်းရှိ မျိုးနွယ်ကြီးများအားလုံးသည် ကောင်စီခန်းမသို့ အလျင်အမြန် လာရောက်ကြသည်။
ထိုလူသည် အဝင်ဝတွင် ပေါ်လာသောအခါ လူတိုင်း တစ်ညီတစ်ညွတ်တည်း မတ်တပ်ရပ်ကာ ရင်ဘတ်ပေါ် လက်တင်လျက်…
"အရှင်မင်းကြီး ပြန်လည်ကြိုဆိုပါတယ်"
ထိုလူသည် သူ၏နေရာသို့ ဖြည်းညင်းစွာ လျှောက်သွားပြီး လက်ကို ဝှေ့ယမ်းလိုက်သည်။
လူအုပ်သည် နေရာများတွင် ပြန်ထိုင်ကြသည်။
ထို့နောက် ထိုလူသည် စားပွဲကို လက်တစ်ဖက်ဖြင့် ထောက်လိုက်ပြီး သူ၏အကြည့်သည် အခန်းထဲရှိ လူတိုင်း၏ မျက်နှာပေါ်အား ဝေ့ကြည့်လိုက်သည်။
"ငါအိပ်စက်နေတုန်း မင်းတို့ ကောင်းကောင်းလုပ်ခဲ့ကြတယ်"
လူတိုင်း၏ မျက်နှာများ စိတ်လှုပ်ရှားမှုဖြင့် ဝင်းပသွားကြသည်။
ငွေရောင်မြို့တော်သခင်ကသည်ဆက်ပြောသည်။
"ဒါပေမဲ့ ဒါနဲ့ မလုံလောက်သေးဘူး၊ သံမည်းမြို့တော်မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို မင်းတို့အားလုံး သိကြလိမ့်မယ်လို့ ငါယုံကြည်တယ်"
ဤကိစ္စကို ပြောလိုက်သောအခါ ကောင်စီခန်းမထဲတွင် တတိုးပြောသံများ ပျံ့နှံ့သွားသည်။
ထို့နောက် အလွန်ကြမ်းတမ်းသော မျက်နှာထားဖြင့် လတ်ပိုင်းလူတစ်ဦးသညါ မတ်တပ်ထရပ်ပြီး ပြောလိုက်သည်။
"အရှင်မင်းကြီး... အရှင့်ရဲ့ သစ္စာရှိ အစောင့်အရှောက်ဖြစ်တဲ့ ရှုန်းမျိုးနွယ်က ကျွန်တော့်သား ရှုံးလေ့ကလည်း သံမည်းမြို့တော်မှာ သေဆုံးသွားခဲ့ပါတယ်"
"ပြီးတော့ ချန်မိသားစုလည်း အမြစ်ပြတ်ချေမှုန်းခံခဲ့ရပါတယ်၊ အခု သံမည်းမြို့တော်မှာ မျိုးနွယ်အနည်းငယ်ပဲ ရှိပါတော့တယ်"
"တိုက်ခိုက်သူက လူတစ်ယောက်တည်းလို့ ပြောကြပါတယ်"
ဤဆွေးနွေးမှုများကြားတွင် ငွေရောင်မြို့တော်သခင်က လက်ကို ဝှေ့ယမ်းလိုက်သည်။
"ဒီလူက သာမန်လူတစ်ယောက် မဟုတ်တာ
သေချာတယ်၊ ပြင်ပကလူ ဖြစ်ဖို့များတယ်"
'ပြင်ပကလူ' ဟူသော စကားလုံးကို ကြားသောအခါ ကောင်စီခန်းမသည် သင်္ချိုင်းအလား တိတ်ဆိတ်သွားသည်။
၎င်းတို့ မျက်နှာအများအပြားတွင် လေးနက်သော အမူအရာများ ပေါ်လာသည်။
ငွေရောင်မြို့တော်သခင်က ဆက်ပြောသည်။
"ဒါကြောင့် ဒီနေ့ကစပြီး လူတိုင်း ဒီလူကို သတ်ဖို့ အင်အားစုစည်းပြီး အဆင်သင့်ဖြစ်နေရမယ်"
"ဟုတ်ကဲ့ပါ အရှင်မင်းကြီး"
ငွေရောင်မြို့တော်၏ မျိုးနွယ်အများအပြား လှုပ်ရှားလာကြချိန်တွင် ရွှယ်အန်းသည် ငွေရောင်မြို့တော်ထဲသို့ တိတ်တဆိတ် ရောက်ရှိနေပြီးဖြစ်သည်။
သို့သော် ဤအချိန်တွင် သူသည်လည်း ဒေသခံများအတွက် အသုံးအများဆုံးဖြစ်သော ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး သူ့ နောက်တွင် အားတုလည်း လိုက်ပါလာသည်။
သာမန်ကြည့်ရှုသူများအတွက် သူသည် မြို့တော်၏ နေထိုင်သူများနှင့် မည်သည်မျှ ခြားနားပုံမရပေ။
ဤသည်မှာ အားတုသည် ငွေရောင်မြို့တော်သို့ ပထမဆုံးအကြိမ် လာရောက်ဖူးခြင်း ဖြစ်သည်။
ဒဏ္ဍာရီလာ ရွေးချယ်ခံရသူများ၏ မြို့တော်ကို စပ်စုနေသော အားတုသည် စိတ်ဝင်တစားဖြင့် နေရာအနှံ့ ကြည့်ရှုနေမိသည်။
ငွေရောင်မြို့တော်သည် အတိုင်းအတာအရဖြစ်စေ၊ အခြေအနေအရဖြစ်စေ သံမည်းမြို့တော်ထက် များစွာ သာလွန်သည်ဟု ဆိုရပေမည်။
အားတုသည် အလယ်ရှိရင်ပြင်တွင် ရေပန်းတစ်ခုကိုပင် တွေ့လိုက်ရသည်။
ဤအရာသည် အာထူကို လုံးဝ မှင်တက်သွားစေသည်။
အဘယ်ကြောင့်ဆို ရေပန်းမှ ထွက်ကျလာသော ရေများအားလုံးသည် အဆင့်နှစ်ရေများ ဖြစ်သောကြောင့်ပင်ဖြစ်သည်။
အားတုအတွက်မူ ဤသည်မှာ မတွေးဝံ့သော အရာပင်။ ရက်အနည်းငယ်အတွင်း သူနှင့်သူ့ညီမသည် အဆင့်တစ်ရေကိုပင် မသောက်နိုင်ခဲ့သော်လည်း ဤနေရာတွင်မူ အဆင့်နှစ်ရေကို ရေပန်းအတွက် အသုံးပြုနေကြသည်။
ထိုတင်မကသေး...
ခမ်းနားသော ဗိသုကာလက်ရာများနှင့် လမ်းများပေါ်မှ သပ်ရပ်စွာ ဝတ်စားထားသော လူအုပ်များမှာ အာထူကို အံ့အားသင့်စေခဲ့သည်။
သို့သော် ရွှယ်အန်းကမူ မျက်ခုံးအနည်းငယ် တွန့်ချိုးလိုက်မိသည်။
အဘယ်ကြောင့်ဆို သူသည် ဤမြို့၏ ထူးဆန်းမှုကို ခံစားမိနေသောကြောင့် ဖြစ်သည်။
အထူးသဖြင့် မြို့၏အလယ်ဗဟိုတွင် တည်ဆောက်ထားသော မြင့်မားသည့် မျှော်စင်ကို အချိန်အတော်ကြာ စိုက်ကြည့်နေမိသည်။
သူ ငွေရောင်မြို့တော်သို့ လာရခြင်းမှာ ဤကမ္ဘာလောကကြီး ပျက်စီးယိုယွင်းရခြင်း၏ အကြောင်းအရင်းကို အမြန်ဆုံး ရှာဖွေလိုသောကြောင့် ဖြစ်သည်။
ဤမျှော်စင်သည် ရွှယ်အန်း စိတ်ထဲမှ အတွေးများကို ပိုအတည်ပြုပေးလာသည်။
ထိုအချိန်တွင် လမ်းမပေါ်တွင် ရုတ်တရက် ဆူညံသံတစ်ခု ထွက်ပေါ်လာသည်။
လူအုပ်သည် ဘေးတစ်ဖက်တစ်ချက်စီသို့ ကွဲထွက်သွားပြီး တစ်စုံတစ်ယောက်သည် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
"သူတော်စင်မပဲ"
"ငါတို့ သူတော်စင်မကို တွေ့လိုက်ရတယ်"
အော်ဟစ်သံများနှင့်အတူ လှည့်လည်မှုတစ်ခုသည် လမ်းတစ်လျှောက် ထွက်ပေါ်လာသည်။
ရှေ့ဆုံးမှ ထူးဆန်းသော မြင်းပေါ်တွင် အမျိုးသမီးတစ်ဦး ထိုင်နေသည်။
သူမမှာ ငွေရောင်မြို့တော်သခင်၏ ဘေးမှ အစေခံမလေး ခရိုလီယာပင် ဖြစ်သည်။
မြို့တော်သခင်က လူတိုင်းကို အဆင်သင့်ဖြစ်နေရန် အမိန့်ပေးခဲ့သည့်အတွက် ခရိုလီယာသည် ကြော်ငြာရန် ကင်းလှည့်ခြင်း ဖြစ်သည်။
ဤသည်မှာ မကြာမီ ကျင်းပမည့် ရေပွဲတော်ကြောင့်လည်း ဖြစ်သည်။
ငွေရောင်မြို့တော်၏ နေထိုင်သူများသည် မြို့တော်သခင် နိုးထလာသည့်သတင်းကို ကြားရချိန် အလွန်စိတ်လှုပ်ရှားရသည့် အကြောင်းရင်းမှာ မြို့တော်သခင် အိပ်စက်ရာမှ နိုးထလာသည့် အကြိမ်တိုင်းတွင် ရေပွဲတော်တစ်ခု ကျင်းပလေ့ရှိသောကြောင့် ဖြစ်သည်။
ထိုပွဲတော်အတွင်း မြို့တော်သခင်သည် ရေတံခါးများကို ဖွင့်ပေးပြီး အကြိမ်များစွာ စစ်ထုတ်ထားသော၊ ဓာတ်ရောင်ခြည်နီးပါး ကင်းစင်ပြီး သန့်ရှင်းသောရေများကို ထုတ်လွှတ်ပေးသည်။
ဤသည်မှာ ငွေရောင်မြို့တော် နေထိုင်သူများ၏ အထူးအခွင့်အရေးတစ်ခု ဖြစ်သည်။
ဤအကြောင်းကြောင့်ပင် မြို့တော်သခင်သည် ဤသို့သော ပြိုင်ဘက်ကင်းသည့် ဂုဏ်သတင်းကို ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ဤလောကတွင် ရေကို ထိန်းချုပ်နိုင်သူသည် အရာအားလုံးကို ထိန်းချုပ်နိုင်သူ မဟုတ်လား...
ခရိုလီယာသည် ပြင်ပကလူကိစ္စကို စိတ်ထဲတွင် ထားရှိကာ အနည်းငယ် မသက်မသာ ခံစားနေရသည်။
သို့သော် ထိုအချိန်တွင် သူမသည် လမ်းဘေးတွင် ရပ်နေသော အားတုကို ရုတ်တရက် လှမ်းမြင်လိုက်ပြီး ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။
"ဟင် ဒါက…”