ရေပွဲတော် - ဒီညလှုပ်ရှားမယ်
Vol. 48 Ch. 720
ခရိုလီယာသည် သူမ၏လက်ကို ဝှေ့ယမ်းလိုက်ရာ သူမနောက်ရှိ အဖွဲ့သည် ချက်ချင်း ရပ်တန့်သွားပြီး အစောင့်များသည် ချက်ချင်း ပြေးတက်လာကာ အားတုနှင့် ရွှယ်အန်းကို စိမ်းစိမ်း၀ါး၀ါး ကြည့်ကာ စက်ဝိုင်းခြမ်းပုံစံ ဖွဲ့စည်းလိုက်ကြသည်။
အားတု၏ နှလုံးသား ထိတ်လန့်သွားပြီးနောက် သူသညအ ရွှယ်အန်းဘက်သို့ လှည့်ကြည့်လိုက်သည်။
ရွှယ်အန်းသာ စကားတစ်ခွန်း ပြောလိုက်ပါက သူ ချက်ချင်း တိုက်ခိုက်မည် ဖြစ်သည်။
သူသည် ငွေရောင်မြို့တော်ကို လိုက်လာခြင်းမှာ အပျော်အပါးကြောင့် အားတု ကောင်စွာ သိသည်။
အကယ်၍ သခင်သည် သံမည်းမြို့တော်ရှိ မျိုးရိုးမြင့်များကို ချေမှုန်းခဲ့သည်ဆိုလျှင် ငွေရောင်မြို့တော်ကိုလည်း လွှတ်ထားနိုင်မည်နည်း။
ထို့ကြောင့် ဤနေရာသို့ ဝင်ရောက်ခြင်းသည် နဂါးဂူ၊ကျားလိုဏ်ခေါင်းထဲသို့ ခြေချခြင်းနှင့် တူညီသည်။
သို့သော် အားတုသည် အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်း မခံစားရပေ။
မည်သို့ပင်ဆိုစေကာမူ သူ၏အသက်ကို သခင်က ပေးထားခြင်း ဖြစ်သည်။
ယခုအခါ သူ၏ညီမလေးသည် သခင်၏ စွမ်းအားကြီးလှသော အဆောင်ထဲတွင် ရှိနေပြီး သူ့နောက်တွင် စိုးရိမ်စရာ တစ်စုံတစ်ရာမှ မရှိတော့သည့်အတွက် ဘာကို ကြောက်စရာ ရှိတော့မည်နည်း။
သို့သော် ရွှယ်အန်းကမူ ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီးနောက် အားတုကို ညင်သာစွာ ခါယမ်းပြကာ မဆင်မခြင် မလုပ်ရန် အချက်ပြလိုက်သည်။
ထိုအချိန်တွင် ခရိုလီယာက သူမ၏မြင်းကို ရှေ့သို့ တိုးပြီး ဘေးဘက်ရှိ ရွှယ်အန်းကို လျစ်လျူရှုကာ အားတုအပေါ်သို့သာ အာရုံစိုက်ထားလိုက်သည်။
"ဆာမူရိုင်းကောင်လေး မင်းနာမည် ဘယ်လိုခေါ်လဲ"
ခရိုလီယာက အထက်စီးဆန်စွာ မေးလိုက်သည်။
အားတုသည် ဤလူများမှာ သူတို့ကို ဒုက္ခပေးတော့မည်ဟု ထင်ထားသောကြောင့် ထိုမေးခွန်းကိုကြားချိန် အံ့အားသင့်သွားသော်လည်း တည်ငြိမ်စွာ တုံ့ပြန်လိုက်သည်။
"ကျွန်တော့်နာမည် အားတုပါ၊ ခင်ဗျားက ဘယ်သူလဲ၊ ဘာလို့ ကျွန်တော်တို့ကို ဝိုင်းထားတာလဲ"
ခရိုလီယာ၏ နောက်မှ အစောင့်တစ်ဦးက ဒေါသတကြီး ပြောလိုက်သည်။
"ရိုင်းစိုင်းလိုက်တာ၊ သူတော်စင်မကို ဒီလို ပြောရဲတယ်ပေါ့"
ခရိုလီယာက လက်ကို ဝှေ့ယမ်းကာ သူမ၏ လက်အောက်ငယ်သားများကို တိတ်ဆိတ်နေရန် အချက်ပြလိုက်ပြီးနောက် သူမသည် တိုးညင်းစွာ ပြောလိုက်သည်။
"အားတု... ခစ်ခစ် နင်က ငွေရောင်မြို့တော်က လူမဟုတ်ဘူးမလား"
"မဟုတ်ပါဘူး။"
"နင့်ရဲ့ အရည်အချင်းကို ငါ သဘောကျတယ်၊ ငါ့ရဲ့ အစောင့်တပ်ထဲ ဝင်ချင်လား"
ခရိုလီယာက အပြုံးဖြင့် မေးလိုက်သည်။
ဤစကားကို ကြားသောအခါ အနီးအနားမှ လူအများအပြား မျက်လုံးအစုံပြူးသွားကြသည်။
ငွေရောင်မြို့တော်သို့ ဝင်ရောက်ခြင်းသည်ပင် အလွန်ခက်ခဲလှပြီး သူတော်စင်မ၏ အစောင့်တပ်သို့ ဝင်ရောက်နိုင်ခြင်းမှာ ကောင်းကင်ဘုံသို့ ခုန်တက်သွားသလို ကံကောင်းခြင်းမျိုး ဖြစ်ပေသည်။
ယခုအချိန်တွင် လူဘယ်နှစ်ယောက်တောင် သူ့ကို မနာလိုစွာကြည့်နေရကြမည်မှာ ရေတွက်လို့ပင်မရချေ။
သို့သော် အားတုသည် ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်သည်။
"ကျွန်တော် ဆန္ဒမရှိပါဘူး"
ဘာ
လူအုပ်ကြီးသည် သူတို့ နားကြားမှားသည်ဟု ထင်လိုက်ကြသည်။
ခရိုလီယာကိုယ်တိုင်ပင် အနည်းငယ် အံ့အားသင့်သွားသည်။
"ဘာဖြစ်လို့လဲ၊ ငါ့အစောင့်တပ်ထဲ ဝင်လိုက်ရင် နင် ရေပွဲတော်ကို ပါဝင်ဆင်နွှဲနိုင်ရုံသာမကပဲ တိုးတက်ဖို့ အခွင့်အရေးတွေလည်း ပိုရလာလိမ့်မယ်ဆိုတာ သိသင့်တယ်"
ခရိုလီယာက သူ့ကို ဆက်လက်ဖြောင်းဖျနေ သော်လည်း အားတုသညမ ခေါင်းခါမြဲ ခါနေဆဲဖြစ်သည်။
"ကျွန်တော့်မှာ ဆန္ဒမရှိဘူး၊ ဘာလို့ဆို ကျွန်တော့်သခင်နောက်ကိုပဲ ဆက်လိုက်ချင်လို့ပါ"
သခင်
ခရိုလီယာသည် ထိုအခါမှ ဘေးတွင် ရွှယ်အန်းကို လှည့်ကြည့်၍ မျက်မှောင်ကြုတ်လိုက်သည်။
သူမ၏ စိတ်ထဲတွင် ဤလူသည် သာမန်မျှသာဖြစ်ပြီး အခြေခံအကျဆုံး မွေးရာပါစွမ်းရည်ကိုပင် မဖွင့်နိုင်သေးသူဖြစ်ရာ သူမသည် အစပိုင်းတွင် ရွှယ်အန်းကို လျစ်လျူရှုထားခဲ့ခြင်း ဖြစ်သည်။
ခရိုလီယာအား သူတော်စင်မဟု လူသိများသောအချက်မှာ သူမသည် ငွေရောင်မြို့တော်သခင်၏ နံပါတ်တစ် အစေခံဖြစ်သောကြောင့် ဖြစ်သည်။
ဒုတိယအချက်မှာ သူမ၏ ထူးခြားသော စွမ်းရည်ကြောင့် ဖြစ်သည်။
သူမသည် တဖက်လူ မည်သည့်စွမ်းရည်မျိုး ဖွင့်ထားသည်ကို အာရုံခံစားနိုင်သည်။
ဤစွမ်းရည်သည် အနည်းငယ် ကြောက်စရာကောင်းလှသည်။
အဘယ်ကြောင့်ဆို ပြိုင်ဘက်တစ်ဦးနှင့် မရင်ဆိုင်မီမှာပင် သူမသည် အသာစီးရနေပြီဖြစ်သောကြောင့် မည်သည့်အခြေအနေတွင်မဆို အားသာသော အနေအထားသို့ ရောက်စေနိုင်သည်။
သို့သော် ဤစွမ်းရည်မှလွဲကာ ခရိုလီယာတွင် အခြား တိုက်ခိုက်ရေးစွမ်းရည်များ မရှိသဖြင့် သူမသည် ကူညီပံ့ပိုးပေးရသည့် ကိစ္စများအတွက် အသင့်တော်ဆုံး ဖြစ်သည်။
ဤသည်မှာလည်း ငွေရောင်မြို့တော်သခင်က သူမကို အလွန်တန်ဖိုးထားရသည့် အကြောင်းရင်း ဖြစ်သည်။
သူမသည် ခုနက လမ်းပေါ်မှ ဖြတ်သွားစဉ် လမ်းသွားလမ်းလာများထဲမှ အားကောင်းသော မွေးရာပါစွမ်းရည်ကို ရုတ်တရက် ခံစားလိုက်မိသဖြင့် ထိုသူကို စုဆောင်းရန် မျှော်လင့်ချက်ဖြင့် မြင်းစီးကာ ချဉ်းကပ်လာခြင်း ဖြစ်သည်။ သို့သော် အားတုက သူမထံ ငြင်းဆန်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ဤအချိန်တွင် ခရိုလီယာနောက်မှ လိုက်ပါလာသော အစောင့်တပ်မှူးသည် မထိန်းနိုင်တော့ပဲ ရှေ့သို့တက်လာပြီး ကြမ်းတမ်းသောအသံဖြင့် ပြောလိုက်သည်။
"ကောင်လေး... သသူတော်စင်မက မင်းကို နေရာတစ်ခု ကမ်းလှမ်းတာက မင်းရဲ့ကံကောင်းမှုပဲ၊ မင်း ဘယ်လိုဖြစ်ပြီး ဒီလောက်တောင် ငြင်းဆန်ရဲရတာလဲ၊ မင်း အသက်မရှင်ချင်တော့ဘူးလား"
အားတုသည် အဆင့်လေး အစောင့်တပ်မှူးနှင့် ရင်ဆိုင်ရသော်လည်း ကြောက်ရွံ့သည့် အရိပ်အယောင်မပြဘဲ အေးစက်စွာ ပြောလိုက်သည်။
"အသက်မရှင်ချင်တဲ့သူက မင်းပဲ ဖြစ်ရမယ်လို့ ငါထင်တယ်"
ဤစကားများကို ကြားသောအခါ အစောင့်တပ်မှူး၏ မျက်နှာရောင်သည် သိသိသာသာ ပြောင်းလဲသွားပြီး ဒေါသပေါက်ကွဲတော့မည်ဖြစ်သည်။
ခရိုလီယာက ပြောလိုက်သည်။
"ရှုန်းဟိုင် နောက်ဆုတ်လိုက်"
အစောင့်တပ်မှူး၏ မျက်နှာသည် မကျေနပ်မှုများဖြင့် ပြည့်နေကာ နောက်ဆုတ်လိုက်သော်လည်း သူ၏မျက်လုံးထဲရှိ နာကြည်းမှုကို ရှင်းလင်းစွာ ပြသနေသည်။
ထိုအခါမှ ခရိုလီယာက ပြောလိုက်သည်။
"နင့်ရဲ့စွမ်းရည်က အရမ်းကောင်းတယ်၊ ငါ့အစောင့်တပ်ထဲ ဝင်လိုက်ရင် နင့်မှာ ဖြစ်နိုင်ခြေတွေ အများကြီး ရှိလာလိမ့်မယ်၊ ပြီးတော့ ဒါက နင့်အတွက် အသင့်တော်ဆုံး ရွေးချယ်မှု ဖြစ်လိမ့်မယ်။ ဒါကြောင့် နင် သေချာစဉ်းစားသင့်တယ်လို့ ငါထင်တယ်။
"
"စဉ်းစားဖို့ မလိုပါဘူး၊ ကျွန်တော် အားတုက ကျွန်တော့်သခင်ကို ဘယ်တော့မှ စွန့်ခွာမှာ မဟုတ်ဘူး"
အားတုက ပြတ်သားစွာ ပြောလိုက်သည်။
ခရိုလီယာက သူမဘေးတွင် တိတ်ဆိတ်နေသော ရွှယ်အန်းကို တစ်ချက်ကြည့်၍နောက် လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီလေ၊ နင် ဒီလို ပြေ။နေမှတော့ ငါလည်း အတင်းမတိုက်တွန်းတော့ပါဘူး၊ ရှုန်းဟိုင်..."
"သူတော်စင်မ..."
ရှုန်းဟိုင် ရှေ့သို့ တက်လာသည်။
"သူတို့ကို ရေပူဇော်ပွဲအတွက် လက်မှတ်နှစ်စောင် ပေးလိုက်ပါ"
ရှုန်းဟိုင်က သူ နားကြားမှားသည်ဟု ထင်လိုက်သည်။ သူမက အငြင်းခံရတာတောင် ဘာလို့ ဝင်ခွင့်လက်မှတ်တွေ ပေးရတာလဲ
လူတိုင်းသည် မှောင်ခိုဈေးကွက်တွင် ရေပူဇော်ပွဲလက်မှတ်တစ်စောင်ကို အဆင့်ငါးရေ ဆယ်ပုလင်းဖြင့် လဲလှယ်နိုင်ကြောင်း သိထားကြသည်။
"ဒါပေမဲ့ သူတော်စင်မ..."
"ငါပြောတာ မကြားဘူးလား"
ခရိုလီယာက ခက်ထန်စွာ ပြောလိုက်သည်။
ရှုန်းဟိုင်က အကူအညီမဲ့စွာ ခေါင်းငုံ့လိုက်သည်။
"ဟုတ်ကဲ့ပါ"
ထို့နောက် သူသည် လှပစွာ ပြုလုပ်ထားသော တံဆိပ်နှစ်ခုကို ထုတ်ယူပြီး မကျေမနပ် မျက်နှာထားဖြင့် ကမ်းပေးလိုက်သည်။
ထိုအချိန်တွင် ခရိုလီယာက သူမ၏မြင်းကို လှည့်ကာ အားတုကို ပြုံးပြလိုက်သည်။
"ဆာမူရိုင်းလေး... ရေပူဇော်ပွဲကို ကြည့်၍ မင်း ငါ့ကို အဖြေတစ်ခု ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်၊ ဘာပဲဖြစ်ဖြစ် ပွဲတော်ကို ကိုယ်တိုင်ကြုံဖူးသူတွေမှသာ ငွေရောင်မြို့တော်ရဲ့ ကြီးကျယ်ခမ်းနားမှုကို နားလည်နိုင်လိမ့်မယ်"
ခရိုလီယာက ဂုဏ်ယူစွာ ပြောပြီးနောက် သူမ၏မြင်းကို ဒုန်းစိုင်းကာ ထွက်ခွာသွားသည်။
ရှုန်းဟိုင်သည် အားတုနှင့် ရွှယ်အန်းကို ခြိမ်းခြောက်စွာ စိုက်ကြည့်၍ မကျေနပ်စွာပြောလိုက်သည်။
"ကောင်လေး မင်း စောင့်ကြည့်နေလိုက်စမ်း"
ထို့နောက် သူလည်း ထွက်ခွာသွားသည်။
အားတုသည် သူ၏နေရာတွင် ရပ်လျက် လက်ထဲတွင် တံဆိပ်နှစ်ခုကို ကိုင်က။ ရှုပ်ထွေးစွာ ပြောလိုက်သည်။
"သခင်... အဲ့မိန်းကလေးး ဘာပြောချင်တာလဲ"
ရွှယ်အန်းက ပြုံးလိုက်သည်။
"အဲ့မိန်းကလေးက အရမ်းထက်မြက်တယ်၊ ပြီးတော့ မင်းရဲ့ စွမ်းရည်တွေကို သူ ထွင်းဖောက်မြင်နိုင်တယ်၊ ဒါကြောင့် သူက မင်းကို သူ့ဘက် ဆွဲသွင်းချင်တာပေါ့"
"ကျွန်တော်တို့ မနက်ဖြန် သွားကြမှာလား"
ရွှယ်အန်းသည် ခရိုလီယာနောက်ကျောပြင်ကို ကြည့်၍ ပြောလိုက်သည်။
"သွားရမှာပေါ့၊ သွားကိုသွားရမှာ"
ထိုအချိန်မှာပင်...
ရှုန်းဟိုင်သည် ခရိုလီယာကို သန့်ရှင်းသောမျှော်စင်သို့ ပြန်ပို့ပြီးနောက် ညှိုးငယ်သော မျက်နှာဖြင့် ရှုံးအိမ်ဝောာ်သို့ ပြန်လာခဲ့သည်။
ငွေရောင်မြို့တော်တွင် ရှုန်းမျိုးနွယ်သည်လည်း အင်အားကြီးမျိုးနွယ်တစ်စုဟု သတ်မှတ်ခံရခြင်းကြောင့်သာ မဟုတ်လျှင် သူလည်း ခရိုလီယာ၏ ကိုယ်ပိုင်အစောင့်တပ်မှူး ဖြစ်လာမည်မဟုတ်ပေ။
"အဖေ"
ရှုန်းဟိုင်က လေးစားစွာ နှုတ်ဆက်လိုက်သည်။ ရှုန်းမျိုးနွယ်၏ မျိုးနွယ်ခေါင်းဆောင်မှာ ထိုနေ့အစောပိုင်းက ငွေရောင်ကောင်စီတွင် ရှိနေခဲ့သော လူလတ်ပိုင်းအရွယ် အမျိုးသား ဖြစ်သည်။
သူက ခေါင်းညိတ်လိုက်သည်။
"ဒီနေ့ ကင်းလှည့်ရင်း ဘာတွေတွေ့ခဲ့လဲ"
ရှုန်းဟိုင်က အံ့ကြိတ်လိုက်သည်။
"အဖေ... ဒီနေ့ သူတော်စင်မက လမ်းပေါ်မှာ လူငယ်တစ်ယောက်နဲ့ တွေ့ပြီး သူ့ကို အစောင့်တပ်ထဲ ဝင်ဖို့ အကြိမ်ကြိမ် ဖိတ်ခေါ်ခဲ့တယ်"
"အိုး"
ရှုန်းရှီ၏ မျက်ခုံးများသည် ထိုစကားကို ကြားသောအခါ တွန့်ချိုးသွားသည်။
"လူငယ်တစ်ယောက် ဟုတ်လား"
"ဟုတ်ပါတယ်"
"သူတော်စင်မက တခြားသူတွေရဲ့ စွမ်းရည်ကို အာရုံခံနိုင်တယ်၊ ဒါကြောင့် ဒီလူငယ်က သာမန်မဟုတ်တာတော့ သေချာတယ်"
ထိုအချိန်တွင် ရှုန်းဟိုင်၏ မျက်နှာသည် ညိုမည်းသွားပြီး ရှေ့သို့တက်ကာ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
"အဖေ အဲ့လူငယ်က ဒီမြို့ကမဟုတ်ဘူး၊ ပြီးတော့ သူ့စွမ်းရည်တွေက အားကောင်းတော့ ကျွန်တော်တို့... "
ရှုန်းရှီက ခဏစဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။
"မင်းအစ်ကို ရှုံးလေ့က သံမည်းမြို့တော်မှာ သေဆုံးခဲ့တယ်၊ ပြီးတော့ အပြောင်းအလဲကြီးတစ်ခု ဖြစ်လာတော့မယ်လို့ ငါနိမိတ်ဖတ်မိနေတယ၊ အခုချိန်မှာ အင်အားတိုးတက်ဖို့က မရှိမဖြစ်လိုအပ်တာပဲ"
"ဒါဆို အဖေပြောချင်တာက..."
"ဒီညပဲ လှုပ်ရှားမယ်"
"နားလည်ပါပြီ”