← Chapters

တက်သုတ်ရိုက် ဈေးဝယ်ခြင်း

Vol. 6 Ch. 72

တက်သုတ်ရိုက် ဈေးဝယ်ခြင်း

Vol. 6 Ch. 72

ရွှမ်ယွမ်ချန် တို့သည် နတ်ဆိုးစေတီ၏ တံဆိပ်တော်အား အခက်အခဲမရှိ အောင်မြင်စွာဖြင့် ခိုင်ခံ့လာအောင် ပြုလုပ်နိုင်ခဲ့ကြသည်။ မည်သည့် အမှားအယွင်းမျှ မရှိခဲ့သည့်အတွက် ရွှမ်ယွမ်ချန်တို့ သုံးဦးသားသည် စိတ်သက်သာရာ ရစွာဖြင့် ပင့်သက်ရှိုက်မိ ကြတော့သည်။

ယခုအခါတွင် တစ္ဆေဘုရင် မျက်လုံး တစ်ရာပင့်ကူသည် သေဆုံးသွားပြီး ဖြစ်သလို နတ်ဆိုးစေတီ၏ တံဆိပ်တော်အား အောင်မြင်စွာဖြင့် အားဖြည့်ပြီး ဖြစ်သဖြင့် အန်လင်းတို့၏ သေမျိုးကမ္ဘာတွင် ထမ်းဆောင်ရမည့် တာဝန်မှာ ပြီးမြောက်သွားပြီဟု ဆိုရပေမည်။

ပြိတ္တာဧကရာဇ်နှင့် သွေးနတ် ဘုရားတို့သည် သူတို့၏ နောက်ထပ် လှုပ်ရှားမှုများကို အကွက်ချ ကြံစည်နေခြင်း ဖြစ်သဖြင့် ထိုကိစ္စများသည် အန်လင်းတို့၏ တတ်နိုင်သည့် ဘောင်အတွင်းမှ ကျော်လွန်နေပြီ ဖြစ်သည့်အတွက် ကောင်းကင်ဘုံ ပိုင်နက်သို့သာ အခြေအနေကို တင်ပြရမည် ဖြစ်သည်။

တာဝန်ပြီးမြောက်သည့် အခါတွင် ကျင့်ကြံသူ အားလုံးတို့သည် အန်လင်းတို့ အဖွဲ့အား နှုတ်ဆက်ကာ သက်ဆိုင်ရာ ဂိုဏ်းအသီးသီးသို့ ပြန်လည် ထွက်ခွာ သွားကြသည်။

ဟောင်ရှန့်ရှန့်သည် အန်လင်းတို့အား တာဝန်၏ ဆုံချက်ဖြစ်သည့် ပိုင်ရန် ဘုရားကျောင်းသို့ ခေါ်ဆောင်သွားသည်။

ပိုင်ရန် ဘုရားကျောင်းသည် ရုံမြို့ အစွန်အဖျားရှိ တောင်တစ်လုံးပေါ်တွင် တည်ရှိပြီး မန္တန်ဝင်္ကဘာဖြင့် ကာကွယ် ဖုံးအုပ်ထားသည်။

အပြင်ဘက်မှ ကြည့်လျှင် ပိုင်ရန် ဘုရားကျောင်းသည် အခြားသော ပုံမှန် ဘုရားကျောင်းများနှင့် ခြားနားခြင်း မရှိဘဲ အတော်လေး အေးချမ်းပုံရသည်။ သို့သော်လည်း ဘုရားကျောင်း အတွင်းတွင် တည်နေရာ ရွှေ့ပြောင်းသည့် မန္တန်ဝင်္ကဘာတစ်ခု ရှိနေကာ ကျင့်ကြံသူများအား ကောင်းကင်ဘုံ ပိုင်နက်နှင့် သေမျိုးကမ္ဘာသို့ ရွှေ့ပြောင်း ပို့ဆောင်ပေးနိုင်သည်။

ကောင်းကင်ဘုံ ပိုင်နက်သည်သာလျှင် တည်နေရာ ရွှေ့ပြောင်းခြင်းအား စတင်လုပ်ဆောင်ခွင့် ရှိသည်။ အဓိပ္ပာယ်မှာ တည်နေရာ ရွှေ့ပြောင်းခြင်းသည် တစ်လမ်းသွားသာ မောင်းနှင်နိုင်ခြင်း ဖြစ်သည်။

သေမျိုးကမ္ဘာသည် ကောင်းကင်ဘုံ ပိုင်နက်နှင့် ဆက်သွယ်လိုပါက သူတို့ လုပ်ဆောင်နိုင်သည့် တစ်ခုတည်းသော အရာမှာ ဘုရားကျောင်း အတွင်းရှိ ကျောက်စိမ်းဖြူ ဆက်သွယ်ရေး နံရံကို အသုံးပြုကာ သတင်း အချက်အလက်များအား ပို့ဆောင် ဆက်သွယ်နိုင်ပေသည်။

အန်လင်းက ကျောက်စိမ်းဖြူနံရံတွင် တာဝန်နှင့် ပတ်သက်သည့် အကြောင်းအရာများကို ရေးသား အစီရင်ခံလိုက်သည်။ ပြိတ္တာဧကရာဇ်နှင့် သွေးမျိုးနွယ်စုတို့ ပတ်သက်နေသည့် အချက်အလက် များကိုပါ ထည့်သွင်း ပြောကြားလိုက်သည်။ ထိုပြဿနာကို ကိုင်တွယ် ဖြေရှင်းရန်မှာ အနည်းဆုံး ကောင်းကင်ဘုံပိုင်နက်ရှိ အင်မော်တယ် တစ်ဦး လိုအပ်ပေသည်။

“ပြီးပြီ …”

အကြောင်း ကြားပြီးသည့်နောက်တွင် အန်လင်းသည် စိတ်သက်သာရာ ရစွာဖြင့် အသက်ရှူထုတ် လိုက်တော့သည်။ သူ့ပုခုံးပေါ်တွင် ထမ်းထားရသည့် ဝန်ထုတ်ကြီး ပြုတ်ကျ သွားသကဲ့သို့ပင်။

“ဟဟ … ငါတို့ကတော့ အခုကစပြီး လဝက်လောက် စိတ်ရှိသလို နေလို့ရပြီပေါ့ …” စုရှောင်လန်က စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ် လိုက်သည်။

သူမက သေမျိုးကမ္ဘာတွင် ကုန်ဆုံးရသည့် နေ့ရက်တိုင်းကို အလွန်အမင်း သဘောကျ၏။ ထို့အပြင် သူမ၏ တိုတောင်းလှသည့် အားလပ်ရက်များမှာ သူမ မျှော်မှန်း ထားသည်ထက်ပင် ပို၍ ပျော်စရာ ကောင်းနေသေးသည် မဟုတ်ပါလား။

ရွှမ်ယွမ်ချန်၏ မျက်နှာတွင်လည်း နွေးထွေးလှသည့် အပြုံးတစ်ခု ပေါ်လာသည်။ “အဲတော့ မင်းတို့မှာ ဘာအစီအစဉ်တွေ ရှိကြလဲ … ငါကတော့ ကာကွယ်ရေးဌာနကို သွားပြီး စစ်လက်နက် တွေကို လေ့လာမလို့ စီစဉ်ထားတယ် … အဲဒီလို လေ့လာတာက ငါ့လက်နက်တွေ သန့်စင်တဲ့အခါမှာ အများကြီး အထောက်အကူ ဖြစ်နိုင်တယ် …”

စုရှောင်လန်က ပျော်ရွှင်စွာ ရယ်မောလိုက်ပြီးနောက် “ငါ့မှာ ဘာအစီအစဉ်မှ မရှိဘူးရယ် … ငါ့ကိုယ်ငါ အပြည့်အဝ ပျော်ဖို့ပဲ စဉ်းစားထားတယ် …”

အန်လင်း သည်လည်း သဘောတူစွာဖြင့် ခေါင်းညိတ် လိုက်သည်။ “ငါရောပဲ … ကျန်နေသေးတဲ့ ဈေးဝယ်တဲ့ ကိစ္စတွေ ပြီးသွားရင်တော့ ငါ့ကိုယ်ငါ အပြည့်အဝ ပျော်ပစ်လိုက်မယ် …”

ဟောင်ရှန့်ရှန့်သည် အန်လင်းနှင့် စုရှောင်လန် တို့အား ကြည့်ကာ အနည်းငယ် ဆွံ့အ နေမိသည်။

ရွှမ်ယွမ်ချန်ကို ကြည့်ပါဦး … လေ့လာဖို့ အတွက် အရမ်းကို စိတ်အားထက်သန်ပြီး သူ့ကိုယ်သူ တိုးတက်လာအောင် ကြိုးစားချင်နေတယ် … နင်တို့ကျတော့ကော …။

“အင်မော်တယ် သံတမန်ကြီး ရွှမ်ယွမ် … ကာကွယ်ရေးဌာနကို သွားလေ့လာချင်ရင် ဘယ်အချိန်မဆို ကျွန်မကို ခေါ်လို့ ရပါတယ်နော် … တစ်ခုခု စီစဉ်ပေးချင်ပါတယ် …” ဟောင်ရှန့်ရှန့်က ရွှမ်ယွမ်ချန်အား ပြောလိုက်သည်။

“ဟုတ်ပါပြီ … ကျေးဇူးပါ …”

ရွှမ်ယွမ်ချန်က ဟောင်ရှန့်ရှန့်အား နွေးထွေးစွာဖြင့် ပြုံးပြလိုက်ပြီးနောက် ကျေးဇူးတင်သည့် အမူအရာဖြင့် ခေါင်းညိတ် လိုက်သည်။

ရွှမ်ယွမ်ချန်၏ တောက်ပသည့် အပြုံးအား ကြည့်နေရင်း ဟောင်ရှန့်ရှန့်မှာ ငေးမော မိသွားတော့သည်။ ထို့နောက်တွင် သူမခေါင်းကို ငုံ့လိုက်ပြီး ရှက်သွေး ဖြာလာသည်။

သူမ နှလုံးသားလေးမှာ ထိန်းချုပ် မရတော့လောက်အောင် ခုန်လှုပ် နေတော့သည်။

ဘုရားရေ … အခုလို ပိုးစိုးပက်စက် ခန့်ညားတဲ့ လူသားတစ်ဦး တကယ်ကြီး ရှိနေတာလား …

ကိုရီးယားနဲ့ တရုတ်မှာရှိတဲ့ မော်ဒယ်တွေ အကုန်လုံး ဒိုးလိုက်တော့ … သူတို့အတွက် နေရာ မရှိတော့ဘူး …

ကိုကိုရွှမ်ယွမ်ကမှ ပြည့်စုံတာထက် ကျော်လွန်နေသေးတယ် … ကိုကိုကပဲ ငါ့ရဲ့ နံပါတ်တစ် မင်းသားလေး …

ဟောင်ရှန့်ရှန့်သည် ဆုံးဖြတ်ချက် ချမှတ်လိုက်ပြီ ဖြစ်သည်။ သူမသည် ရွှမ်ယွမ်ချန် အတွက် နွေးထွေးသည့် ကုတ်အင်္ကျီလေး ဖြစ်ချင်သည်။ သူဘယ်သွားသွား နွေးထွေးမှုကို ပေးမည်။

ဗြဲ …။ အဲလိုမဟုတ်ဘူး … သူမက ရွှမ်ယွမ်ချန်ရဲ့ ကိုယ်ရေးအရာရှိ ဖြစ်ချင်သည်။ သူ့ဘေးကနေ ဘယ်တော့မှ ထွက်ခွာ မသွားတော့ပါ။

ဟွန့် … အဲဒါလည်း နည်းနည်းတော့ မဟုတ်သေးဘူး …။

ဘာပဲဖြစ်ဖြစ် …။ သူမသည် ကိုကိုရွှမ်ယွမ် ဘယ်သွားသွား တကောက်ကောက် လိုက်လိုမိသည်။

ဟောင်ရှန့်ရှန့်၏ ရှက်သွေး ဖြာနေသည့် မျက်နှာအားကြည့်ကာ ရွှမ်ယွမ်ချန်မှာ ပြုံးနေရင်း အနည်းငယ် ကိုးရိုးကားယား ဖြစ်လာသည်။

သူ့အပြုံးကို မြင်လိုက်ရသည့် အတွက် ဟောင်ရှန့်ရှန့်မှာ ရှက်သွေးဖြာလာခြင်း ဖြစ်သည်။ ထို့အပြင် သူမ၏ နားရွက် များသည်ပင်လျင် နီရဲလာတော့သည်။

ဟောင်ရှန့်ရှန့်၏ အချစ်စိတ်မွှန်နေသည့် အနေအထားအား ကြည့်ကာ အန်လင်းနှင့် စုရှောင်လန်တို့မှာ အံ့အားသင့် နေကြသည်။

ဟောင်ရှန့်ရန့်သည် အလုပ်ကြိုးစားပြီး အေးစက်ကာ ပရော်ဖက်ရှင်နယ် ပီသလွန်းသည်။ သို့ပေမဲ့လည်း ထိုအရာအားလုံးသည် ရွှမ်ယွမ်ချန်၏ တောက်ပသည့် အပြုံးတစ်ပွင့်ကြောင့် ပြတင်းပေါက်မှနေ၍  ထွက်ပြေး သွားပုံရသည်။

ထျန်းလင်းလင်းသည် တိတ်ဆိတ်စွာဖြင့် ရပ်နေလျက် ထိုအမှတ်တရ အဖြစ်အပျက်အား သူမ၏ ဖုန်းဖြင့် အလျင်အမြန် မှတ်တမ်း တင်လိုက်တော့သည်။

အံ့ဩဖို့ ကောင်းလိုက်တာ။ ယောက်ျားလျာ ဟောင်ရှန့်ရှန့်က အမျိုးသား တစ်ယောက်ရဲ့ အပြုံးကို မြင်လိုက်ရလို့ ရှက်သွေးဖြာ သွားတယ်တဲ့လား …။ (Tomboy ကို ယောက်ျားလျာ လို့ပဲ သုံးလိုက်တယ်နော် …)

အဲဒါက သူမရဲ့ တာဝန်တစ်စိတ် တစ်ပိုင်းများလား … ဒါမှမဟုတ် သူမရဲ့ နှလုံးသားလေးက တကယ်ကြီး ဖမ်းစား ခံလိုက်ရတာလား …။

ထျန်းလင်းလင်း၏ မျက်လုံး တောက်တောက်များသည် စိတ်လှုပ်ရှားမှုကြောင့် အရောင်လက်နေသည်။ သူမသည် ထိုနှစ်ယောက်အတွက် စိတ်ကူးယဉ်ဝတ္ထု ရေးသားရန်ပင် ဇာတ်လမ်း စတင် စဉ်းစားနေပြီ ဖြစ်သည်။

ထျန်းလင်းလင်းမှာ အလွန် ပျော်ရွှင်နေမိသည်။ ထိုအချက်သည် ဟောင်ရှန့်ရှန့်အား အရှုံးပေးလာအောင် ဖိအားပေးနိုင်မည် မဟုတ်ပါလား။

***

အန်လင်းတို့သည် အနားယူဖို့ရန် အတွက် ဟိုတယ်သို့ ပြန်ရောက် လာကြသည်။

အန်လင်းက ခုံပေါ်တွင် ထိုင်ချ လိုက်ပြီးနောက် သိုလှောင် လက်စွပ်အတွင်းရှိ ကျန်ရှိနေသေးသည့် ဈေးဝယ်စာရင်းအား ထုတ်ယူလိုက်သည်။

ကျန်ရှိနေသည့် စာရင်းသည် အခက်ခဲဆုံးအပိုင်း ဖြစ်သည်ကြောင့် နောက်ဆုံးအဖြစ် ကျန်ရှိနေခြင်း ဖြစ်သည်။

ထိုစာရင်းတွင် ပါရှိသည့် အရာများမှာ များများစားစား မဟုတ်ပေ။ ပြောရမည်ဆိုလျှင် သုံးခုသာလျှင် ဖြစ်သည်။

၁ - သေမျိုးကမ္ဘာတွင် ရှိသည့် လှပသော အမျိုးသမီး ကျင့်ကြံသူများ၏ နေ့စဉ်ဘဝ အကြောင်း ဓာတ်ပုံ ၅၀ခန့် စုဆောင်းကာ အယ်လ်ဘမ်တစ်ခု ပြုလုပ်ရန်။

၂ - သေးငယ်သည့် အကွာအဝေးအတွင်း ပစ်ခတ်နိုင်သည့် ဒုံးကျည်တစ်ခု ယူလာရန်။

၃ - တုန်ဖန်ရွှယ် ကိုယ်တိုင်ရေး ထိုးပေးထားသည့် လက်မှတ်ယူခဲ့ရန်။

အန်လင်းသည် ကမ္ဘာပေါ်မှ ကျင့်ကြံသူများ အားလုံး စုပေါင်းကာ ကမ္ဘာကြီးအား ကာကွယ်ကြမယ် ဂရုပ်အတွင်း ဝင်ရောက်ထားပြီး ထိုအထဲတွင် အမျိုးသမီး ကျင့်ကြံသူ ဒါဇင်အနည်းငယ် ရှိသည်။

သို့သော်လည်း သူတို့၏ အကောင့်များသို့ ဝင်ကြည့်လိုက်သည့် အခါတွင်မူ ပုံအနည်းငယ်သာလျှင် ရှာတွေ့ခဲ့သည်။

အမျိုးသမီးကျင့်ကြံသူ အများစုသည် ဆဲလ်ဖီရိုက်ရခြင်းအား ကြိုက်နှစ်သက်ပုံ မရပေ။

အန်လင်းက မည်သို့ လုပ်သင့်သည်ကို စဉ်းစားမရနိုင်ဘဲ ရှိနေစဉ်မှာပင် အတွေးတစ်ခုသည် ရုတ်တရက် ဆိုသလို သူ့ခေါင်းထဲ ပေါ်လာခဲ့သည်။ ထျန်းလင်းလင်း ဆိုရင်ကော …။

အဆုံးတွင် အန်လင်းသည် ထိုခက်ခဲလွန်းလှသည့် တာဝန်အား ထျန်းလင်းလင်းထံသို့ လွှဲပြောင်း ပေးလိုက်တော့သည်။

ထျန်းလင်းလင်းသည် အဖိုးအခအဖြစ် စိတ်ဝိညာဉ်ကျောက်တုံး နှစ်ဆယ်အား လက်ခံရရှိသည့် အခါတွင် စိတ်လှုပ်ရှားနေသည့် ယုန်ပေါက်လေး ကဲ့သို့ ခုန်ဆွခုန်ဆွ လုပ်နေလေသည်။ ထို့နောက်တွင် ပျော်ရွှင်စွာဖြင့် အန်လင်း ပေးလိုက်သည့် တာဝန်အား လက်ခံ လိုက်တော့သည်။

သေမျိုးကမ္ဘာတွင် စိတ်ဝိညာဉ် ကျောက်တုံးများ အသုံးပြုကာ ဖြေရှင်းနိုင်သည့် ပြဿနာများကို ပြဿနာ အစစ်ဟုပင် မသတ်မှတ်နိုင်ချေ။

အန်လင်းသည် ထျန်းလင်းလင်းအား မည်သည့် အခါတွင်မျှ ပြောဖြစ်မည် မဟုတ်သည့် အရာမှာ ထိုလူများသည် သူ့အား ထိုဓာတ်ပုံများအတွက် အဖိုးအခ အနေဖြင့် စိတ်ဝိညာဉ် ကျောက်တုံး ၆၀၀ ပေးလိုက်ခြင်းပင်။

စာရင်းတွင် ရှိနေသည့် ပထမဆုံး တာဝန် ပြီးမြောက်သွားပြီ ဖြစ်သည်ကြောင့် ဒုတိယ တစ်ခုအား ကြည့်လိုက်သည်။

ဒုံးကျည် ကဲ့သို့သော အရာများသည် ပြည်သူ့လုံခြုံရေးနှင့် ဆက်နွယ်နေသည့် အတွက်ကြောင့် အလွယ်တကူ မရရှိနိုင်ပေ။

သို့ပေမဲ့လည်း အန်လင်းသည် ရွှမ်ယွမ်ချန်၏ အကူအညီအား တောင်းခံရန် ဆုံးဖြတ်လိုက်သည်။ ရွှမ်ယွမ်ချန်က မကြာမီအချိန်တွင် ဟွားနိုင်ငံ၏ စစ်လက်နက်များအား သွားရောက် လေ့လာဖို့ရန် ရှိသည် မဟုတ်ပါလား။

ရွှမ်ယွမ်ချန်က သူ့တောင်းဆိုချက်အား ချက်ချင်းပင် လက်ခံလိုက်သည်။ အင်မော်တယ် သံတမန်ဟူသည့် အချက်အား သုံးမည်ဆိုလျှင် သေးငယ်သည့် အကွာအဝေး အတွင်း ပစ်ခတ်နိုင်သည့် ဒုံးကျည်တစ်ခု ရရှိရန်မှာ ခက်ခဲသည့်ကိစ္စ မဟုတ်ပေ။ သူတို့နှင့် ညှိနှိုင်းရန်သာ လိုအပ်သည်။

ထိုသို့ဖြင့် ဒုတိယ တစ်ခုမှာလည်း အဆင်ပြေသွားခဲ့သည်။

အန်လင်းက စာရင်းထဲရှိ နောက်ဆုံး တစ်ခုအား ကြည့်လိုက်သည်။ တုန်ဖန်ရွှယ်၏ လက်မှတ်အား ရယူရန် …။

ထိုအချက်အား တုန်ဖန်ရွှယ်၏ ပရိသတ် အကြီးစားမှ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။ ထိုလူသည် တုန်ဖန်ရွှယ်၏ ဖျော်ဖြေပွဲ တစ်ခုအား တက်ရောက်ခဲ့ပြီးနောက် သူမအား အရူးအမူး စွဲလမ်းခဲ့ပြီး ကောင်းကင်ဘုံ ပိုင်နက်သို့ပင် ပြန်ရန် ငြင်းဆန်ခဲ့ကြောင်း သိခဲ့ရသည်။

သူ၏ အဖွဲ့ခေါင်းဆောင်မှ ကောင်းကင်ဘုံ ပိုင်နက်သို့ အတင်းပြန်လည် ဆွဲခေါ်သွားခြင်း မရှိခဲ့လျှင် ထိုသူသည် သေမျိုး ကမ္ဘာတွင်သာ နေထိုင်ကျန်ရစ်မည် ဖြစ်သည်။

တုန်ဖန်ရွှယ် ဆိုသည်မှာ အဆိုတော်တစ်ဦး ဖြစ်သည်။ သို့ပေမဲ့လည်း အဆိုတော် တစ်ဦးထံမှ လက်မှတ်ရရှိရန် လွယ်ကူသည့် အလုပ်တစ်ခုဟု ယူဆမည်ဆိုပါက အကြီးကြီး မှားသွားပေလိမ့်မည်။

တုန်ဖန်ရွှယ်သည် သာမန် အဆိုတော်တစ်ဦး မဟုတ်။ သူမ၏ ဖျော်ဖြေပွဲများမှအပ မည်သည့်ပွဲတွင်မျှ ဖျော်ဖြေခြင်း မရှိသလို လူလုံးထွက်ပြခြင်းလည်း မရှိချေ။

ထို့အပြင် သူမသည် မည်သည့် အခြေအနေမှာမဆို သီချင်း ငါးပုဒ်တိတိသာ ဖျော်ဖြေလေ့ရှိသည်။ ထို့ထက် ပိုလည်းမပိုသလို လျော့လည်း မလျော့ချေ။

သို့သော်လည်း သူမ၏ ပရိသတ်များသည် သူမအား ရူးသွပ်လုနီးနီး ကြိုက်နှစ်သက်ကြဆဲ ဖြစ်ပြီး သူမ၏ ဖျော်ဖြေပွဲ လက်မှတ်များသည် အမြဲတမ်း ကုန်သွားသည်သာ ဖြစ်သည်။

အန်လင်း ပြန်သတိရမိသည့် အရာမှာ ဟွားနိုင်ငံမှ ထိုနာမည်ကြီး အဆိုတော်သည် လေနှင့်တူလှသည်။

သူမသည် မည်သူမျှ ခြေရာခံမရအောင် ရောက်လာပြီး ပြန်သွားလေ့ရှိသည်။ သူမဘဝအား သူမစိတ်ကြိုက် နေထိုင်နေခြင်းပင်။

တိုင်ကွန်း များသာမက ဩဇာကြီးမားသည့် အစိုးရ အဖွဲ့ဝင်များပါ မကျန် မည်သည့် အဆင့်အတန်းကို ပိုင်ဆိုင်ထားသူ ဖြစ်စေကာမူ သူမသည် ထိုသူတို့အား လူချင်း တွေ့ဆုံရန် ငြင်းပယ် ခဲ့သည်ချည်းသာ ဖြစ်သည်။

အရေးအကြီးဆုံး အချက်မှာ သူမတွင် ပရိသတ် သန်းနှင့်ချီ ရှိသည်။ သို့သော်လည်း ထိုပရိသတ်များထဲမှ တစ်ဦး တစ်ယောက် သည်ပင်လျှင် သူမလက်မှတ်အား ရရှိခဲ့ဖူးသူ မရှိချေ။

ဘယ်သောအခါမျှ လက်မှတ် ရေးထိုးပေးခြင်း မရှိခဲ့ဖူးသည့် အဆိုတော် တစ်ဦးထံမှ လက်မှတ်ရရှိရန် ကြိုးစားခြင်းသည် ခက်ခဲသည်ထက် ပိုမိုခက်ခဲပေသည်။

အန်လင်း၏ အထက်တန်းလွှာ လူကြီးမင်းသည် အင်မော်တယ်သံတမန် ဟူသည့် ဂုဏ်ပုဒ်ဖြင့် သေမျိုးကမ္ဘာသို့ ရောက်ရှိလာခဲ့သော်ငြား တုန်ဖန်ရွှယ်သည် သူနှင့် တွေ့ဆုံဖို့ရန် ငြင်းပယ် ခဲ့လေသည်။

ထို့ကြောင့် သူကိုယ်တိုင် မအောင်မြင်ခဲ့သဖြင့် သူ၏ မျှော်လင့်ချက်အား အန်လင်းထံ နှင်းအပ်လိုက်ခြင်း ဖြစ်သည်။

ရိုးရိုးသားသား ဝန်ခံရမည်ဆိုလျှင် မြောက်များလှစွာသော အဖိုးအခ ပေးပါမည်ဆိုသော ကတိစကားကြောင့်သာ မဟုတ်လျှင် အန်လင်းသည် ထိုအလုပ်အား လက်ခံလိုစိတ် မရှိပေ။

“ဟူး …” အင်မော်တယ် သံတမန်ဆိုသည့် ဂုဏ်ပုဒ်သည်ပင်လျှင် ထိုသူအား အနည်းငယ်မျှတောင် မျက်နှာသာ မရစေခဲ့လျှင် သူ့အနေဖြင့် ဘာများ တတ်နိုင်တော့မည်နည်း။ သူမအား ထိုးကြိတ် ရိုက်နှက်ကာ အညံ့ခံခိုင်းရမည်လား။

အင်အားကို မှီခိုနေခြင်းက ကောင်းမွန်သည့် နည်းလမ်း မဟုတ်သော်ငြား အရာရာတိုင်းတွင် ခြွင်းချက် တစ်ခုတော့ ရှိစမြဲ မဟုတ်ပါလား။

မဟုတ်ဘူး … မဟုတ်သေးဘူး …

အန်လင်းက ခေါင်းအား ဘယ်ညာယမ်းကာဖြင့် ထိုကဲ့သို့ ဆိုးဝါးလှသည့် နည်းလမ်းအား စဉ်းစားမိခဲ့သဖြင့် သူ့ကိုယ်သူ အပြစ်ပေး နေတော့သည်။

ထိုနည်းလမ်းအား အသုံးပြုလိုက်မည် ဆိုလျှင် သူ၏ စိတ်အစုံအား လေးလံ စေမည်သာမက သူမကိုယ်တိုင် ရေးထိုးပေးမည့် လက်မှတ်အား ရရှိစေရေး ရည်ရွယ်ချက်မှာလည်း ပျက်ပြားသွားမည် ဖြစ်သည်။

“ဘာလုပ်ရမလဲ …”

အန်လင်းက ထိုင်ခုံတွင် မှီလိုက်ရင်း သက်ပြင်းချ နေမိသည်။

“ဘာဖြစ်နေတာလဲ …” ကြွပ်ဆတ်ဆတ် အသံတစ်ခုကို ကြားလိုက်ရသည်။

ထျန်းလင်းလင်းက အန်လင်းဘေးသို့ ရောက်လာပြီး အန်လင်း ကိုင်ထားသည့် စာရင်းအား စပ်စုသည့် မျက်လုံးများဖြင့် ငုံ့ကြည့် လိုက်သည်။

သူမက ဂရုအတွင်းရှိ အမျိုးသမီး ကျင့်ကြံသူများထံမှ ဓာတ်ပုံများရရှိရန် ဖျောင်းဖျနေခြင်း ဖြစ်သည်။

အန်လင်း၏ သက်ပြင်းချသံကို ကြားလိုက်ရသဖြင့် ချက်ချင်း ဆိုသလို အပြေး ရောက်လာသည်။ အကယ်၍ သူမကူညီနိုင်သည့် အရာဖြစ်ပါက စိတ်ဝိညာဉ် ကျောက်တုံးများစွာ ရရှိနိုင်သည် မဟုတ်ပါလား။

“ဟမ် … မမတုန်ဖန်ရဲ့ ကိုယ်တိုင် ရေးထိုးပေးတဲ့ လက်မှတ်တဲ့လား …” အန်လင်း၏ စာရင်းအား ကြည့်လိုက်သည့် အခါတွင် ထျန်းလင်းလင်း၏ အမူအရာမှာ အနည်းငယ် ခပ်တန်းတန်း ဖြစ်သွားသည်။

တုန်ဖန်ရွှယ်အား ‘မမတုန်ဖန်’ ဟု ခေါ်ဆိုလိုက်သည်ကို ကြည့်ခြင်းဖြင့် ထျန်းလင်းလင်းသည် သူမနှင့် သေချာပေါက် သိလိမ့်မည်။ ထို့ကြောင့် အန်လင်းသည် ချက်ချင်း ဆိုသလိုပင် စိတ်လှုပ်ရှားကာ လန်းဆန်း လာတော့သည်။

“နင်က တုန်ဖန်ရွှယ်ကို သိနေတာလား … သူမရဲ့ လက်မှတ်လေး ယူပေးလို့ ရမလား …”

***

All Chapters