ဗာကီရီ အဖွဲ့ဝင်များ (၅)
Vol. 119 Ch. 1654
ရွှယ်ရီဖေးမှာ ဦးချိုပါ ကောင်းကင် နဂါး၏ မွေးရာပါ စွမ်းရည်များကို ထုတ်လွှတ်လိုက်ပြီ ဖြစ်လေသည်။ ကောင်းကင် ယင်ယန် လှောင်အိမ်မှာ အာကာသ လှောင်အိမ်၏ မျိုးကွဲတစ်ခုဖြစ်သည်။ သို့သော်လည်း သူမမှာ ထူးခြားသော စွမ်းအားများကို ထိုလှောင်အိမ်၌ ထည့်သွင်းထားလေရာ ခိုင်ခံ့မှုက မြေကြီး ရှန့်ထိုများကိုပင် ခြိမ်းခြောက်နိုင်သည် အထိ တိုးတက်လာခဲ့သည်။
အမြီးမှာ ထွက်ပြေးဖို့ ကြိုးစားလိုက်သော်လည်း ပိတ်ပင် တားဆီးခံထားရသည်ကို တွေ့ရှိလိုက်ရ၏။ အဆုံးမဲ့ အနက်ရောင်နှင့် အဖြူရောင် လင်းတန်းများမှာ မိစ္ဆာစွမ်းအင်များကို လွှမ်းခြုံရင်း သူ့ကို ပြေးစရာ နယ်မြေ မရှိတော့သည် အထိ ဖိနှိပ်ထားသည်။ ကောင်းကင် မျိုးနွယ်ဝင်မှာ သိသိသာသာပင် ရုန်းကန် နေရ၏။ ခန္ဓာကိုယ် မရှိတော့လေရာ အမြီးသက်သက်ဖြင့် သူက အလွန် အားနည်း နေပေသည်။
"ရှင်သာ သေချာ အာရုံစိုက်ပြီး တိုက်ခိုက်ခဲ့မယ်ဆိုရင် ဒီတိုက်ပွဲက ပိုခက်ခဲလိမ့်မယ်"
ရွှယ်ရီဖေးက ရုန်းကန်နေသည့် အမြီးဘေးသို့ ပျံသန်းလာရင်း မှတ်ချက်ချလိုက်၏။ ထိုအခိုက်တွင်ပင် အဝေးဆီမှ အလင်းတန်း ဆယ်ချီမှာ တဟုန်ထိုး ပျံသန်း လာသည်ကို တွေ့ရှိလိုက်ရသည်။ သူတို့ထဲမှ အချို့မှာ သေမျိုးတစ်ပိုင်း အဆင့်တွင် ရှိနေပေသည်။ သူတို့အားလုံးမှာ ကောင်းကင်မျိုးနွယ်များ ဖြစ်ကြသည်။
ဂါး...
အားနူက ကောင်းကင်ကိုပင် လှုပ်ခတ်စေနိုင်သည့် ဟိန်းဟောက်သံကို ထုတ်လွှတ်လိုက်ရင်း ထိုအလင်းများထံသို့ ပျံသန်းသွားကာ ဆီးကြိုလိုက်လေသည်။ သူမ၏ မျက်ဝန်းများက သတ်ဖြတ်လိုသည့် ရည်ရွယ်ချက် များဖြင့် ပြင်းထန်စွာ တောက်လောင်နေ၏။ ရွှယ်ရီဖေးက လက်တစ်ဖက်ကို ဝှေ့ယမ်းရင်း အမြီးကို အပြည့်အဝ ချိပ်ပိတ်လိုက်၏။
သူမ လုံးဝ ပင်ပန်းနွမ်းနယ်နေခဲ့သည်။ ထိုအခိုက်၌ မိန်းကလေးမှာ မိစ္ဆာနဂါးချပ်ဝတ်ကို ထိန်းသိမ်းထားရန်ပင် မတတ်နိုင်တော့ပေ။ ထိုအရာမှာ ခွန်အားအားလုံးကို စုစည်းပြီး ထုတ်လွှတ်ခြင်း၏ အဖိုးအခဖြစ်သည်။ သူမက ကုန်ဆုံးသွားသည့် စွမ်းအင်များကို ပြန်လည် ဖြည့်တင်းရန် အတွက် လေထုထဲ၌ ရှိနေသည့် ကြယ်တာရာစွမ်းအားကို လျင်မြန်စွာ စုဆောင်းဖို့ ကြိုးစားလိုက်၏။ ကံကောင်း ထောက်မစွာပင် သူမ၏ ကြယ်တာရာ စွမ်းအင်များတွင် ထာဝရ တည်မြဲမှု စွမ်းအား ရှိနေပေသည်။
မိန်းကလေးက ဖြည်းညင်းစွာပင် အဝေးဆီကို လှမ်းကြည့်လိုက်၏။ ယင်စွမ်းအားနှင့် အင်ပါယာ ကောင်းကင် အော်ရာတို့၏ ပြင်းထန်သော အတက်အကျများကို သူမ ခံစားမိလေရာ ဖြူရော်စွာ ပြုံးလိုက်မိ၏။ ဤမြေကြီးရှန့်ထို အဆင့် လူမိုက်နှင့် နှိုင်းယှဉ်ပါက အာဏာရှင်များကို ကိုင်တွယ်ရသည်မှာ မလွယ်ကူပေ။
ရွှယ်ရီဖေး ကောင်းကင်ကို မော့ကြည့်လိုက်၏။ ထိုနေရာ၌ နေကြယ် တစ်ရာနီးပါးခန့် ရှိနေကာ ၎င်းတို့အားလုံးမှာ အသွေးစုံသော ရောင်စဉ်များကို ထုတ်လွှတ်နေသည်။ ၎င်းတို့အားလုံးမျာ လောကချည်နှောင် နေကြယ်များ ဖြစ်ကြသည်။
"ငါ့ယောက်ျားက ဒီလိုမိစ္ဆာဆန်တဲ့ ကျင့်ကြံသူတွေကို မွေးထုတ်ထားနိုင်တာပဲ..."
ဘာမှမရှိသည့် အခြေအနေမှနေ၍ အာဏာရှင်သောင်းပေါင်းများစွာကို တစ်ဦးတည်းနီးပါး မွေးထုတ်ပေးနိုင်ခဲ့သည့် ဝေ့ဝူယင် အကြောင်းကို ပြန်လည် တွေးလိုက်မိသောအခါ သူမ ဂုဏ်ယူမိသည်။
တစ်ချိန်တည်း၌ နာ့ရှင်းရီနှင့် ဝူပိုင်ကျိုးတို့ နှစ်ယောက်မှာလည်း သူတို့ ဘဝတွင် အပြင်းထန်ဆုံးသော တိုက်ပွဲကို ဆင်နွှဲ နေခဲ့ကြလေသည်။
...
လွန်ခဲ့သည့် စက္ကန့် အနည်းငယ်ခန့်က...
ရွှယ်ရီဖေးနှင့် အားနူတို့ နှစ်ယောက် အလွှာအပြင်က လူများကို ရင်ဆိုင်ရန် ထွက်ခွာသွားခဲ့ချိန်တွင် အစွန်းရောက်ယင် နတ်မိမယ်နှင့် အဆုံးမဲ့ ဧကရာဇ် ဂိုဏ်းချုပ်တို့မှာလည်း လက်နက်များကို မြဲမြံစွာ ဆုပ်ကိုင်ရင်း အာဏာရှင် မဟာမိတ် အဖွဲ့ကို ရင်ဆိုင်ရန် သတ္တိရှိရှိ ချီတက်သွားကြလေသည်။
ချက်ချင်း ဆိုသလိုပင် သူတို့မှာ နတ်ဆိုး၊ အယ်ဗန်၊ လူသား၊ ရှို့ရန်နှင့် အခြား မျိုးစပ်များစွာ ပေါင်းစပ် ဖွဲ့စည်းထားသည့် အင်အားစုကြီးနှင့် ရင်ဆိုင်ခဲ့ရလေသည်။
ဘုန်း...
ဝူပိုင်ကျိုးမှာ မတုန့်မဆိုင်းပင် အင်ပါယာ ကောင်းကင်စွမ်းအင်ကို ထုတ်လွှတ်လိုက်၏။ တည်ရှိမှု တစ်ခုတည်းဖြင့်ပင် သူမမှာ လောကို ဖိနှိပ်ကာ စစ်နတ်ဘုရားမ တစ်ပါး၏ ပုံရိပ်ကို ထုတ်ဖော်ခဲ့သည်။ သူ၏ လက်ထဲရှိ လှံက တိကျမှု၊ ခွန်အားတို့နှင့် အတူ တချွင်ချွင် တုန်ခါနေ၏။ ၎င်းမှာ ပထမ အမြင်တွင်ပင် နတ်ဆိုးများကို ခြိမ်းခြောက်ကာ တစ္ဆေများကို ထွက်ပြေးစေနိုင်သည်။
အခြားတစ်ဖက်၌... နားရှင်းရီကတော့ လက်ချောင်းနှစ်ချောင်းကို ယင်ဓားအဖြစ် ဖွဲ့စည်းကာ လှပစွာ လွှဲလိုက်ရင်း အမှောင်ယင်နှင့် တောက်ပသောယန်တို့၏ နက်ရှိုင်းသော စည်းမျဉ်းများကို သက်ရောက်စေခဲ့၏။ သူမ၏ လှုပ်ရှားမှုမှာ နူးညံ့သိမ်မွေ့သော်လည်း တစ်ချိန်တည်း၌ မယုံနိုင်လောက်အောင် အာဏာရှင်ဆန်သည်။ လေ့လာနေသူများမှာ မိန်းကလေး၏ ဓားကကြိုးကို ကြည့်ရင်း အလှအပ၌ နစ်မြောသွားကြ၏။
အသက်တစ်ရှိုက်စာ အတွင်းမှာပင် နယ်မြေတစ်ခုလုံးမှာ မယုံကြည်နိုင်လောက်စရာ ရှုပ်ထွေးမှု အခြေအနေ အတွင်း ကျရောက်သွားခဲ့၏။ မယုံကြည်စရာ ကောင်းလောက်အောင် သန့်စင်လှသည့် စွမ်းအင်များမှာ လေထုအတွင်း ထိပ်တိုက် တွေ့ဆုံ လာကြ၏။
နောက်ထပ် အသက်တစ်ရှိုက်စာ အတွင်းမှာပင် အရွယ်အစား အမျိုးမျိုး ရှိသည့် နေကြယ် ဒါဇင်ပေါင်းများစွာမှာ ရောင်စုံ အလင်းတန်းများနှင့် ကောင်းကင်ကို အလှဆင်လာခဲ့ကြ၏။
နောက်ထပ် တစ်သက်တစ်ရှိုက်စာ အကြာတွင်တော့...
ဘုန်း... ဘုန်း... ဘုန်း...
အာဏာရှင်များထံမှ အံ့မခန်း စွမ်းအင် မုန်တိုင်းတစ်ခုမှာ ပစ်မှတ်တစ်နေရာတည်းထံသို့ ဦးတည်ကာ အလျင်အမြန် ရောက်ရှိလာတော့ခဲ့သည်။
သူတို့ ပစ်မှတ်၏ ဦးတည်ရာတွင်တော့ ထူးခြားသော မိန်းကလေး နှစ်ဦး…
တစ်ဦးက ရဲရင့်ကာ အထင်ကြီးစရာ ကောင်းသည်။ နောက်တစ်ဦးကတော့ လှပပြီး အာဏာရှင်ဆန်သည်။ သူတို့ နှစ်ယောက်မှာ တစ်ယောက်နှငိ့ တစ်ယောက် ကျောချင်းကပ် ရပ်နေကြကာ သူတို့၏ လက်နက်များမှာ တိုးဝင်လာနေသည့် စွမ်းအင်များကြောင့် တုန်ခါနေသည်။
ရွှမ်း… ရွှမ်း…
သူတို့၏ လက်နက်များမှာ စတင် လှုပ်ရှားလာကာ ဓားမုန်တိုင်းကို နှစ်ပိုင်း ဖြတ်လိုက်သည်။ ထို့နောက် ကြယ်တာရာ အကာအကွယ်ကို ပုံဖော်လိုက်ကြ၏။
မိန်းကလေး နှစ်ယောက်၏ ကြယ်တာရာ အကာအကွယ်များမှာ အံ့သြစရာ ကောင်းလောက်အောင် လှပလှသည်။ တစ်ခုက ကြယ်တာရာ ကောင်းကင် ကဲ့သို့ လှပကာ နောက်တစ်ခုကတော့ မြူခိုးများ အလား လွင့်မျောနေသည့် ဆွဲဆောင်မှုရှိသော မီးခိုးရောင် ယင်အလင်း ဖြစ်သည်။ သူတို့ နှစ်ယောက်မှာ တစ်ဦးကိုတစ်ဦး အလားတူ အားဖြည့်ပေးနေခဲ့၏။ သဟဇာတ ဖြစ်လှသော လှုပ်ရှားမှုများကို ကြည့်ရုံဖြင့်ပင် မိန်းကလေး နှစ်ယောက်မှာ တစ်ကြိမ်ထက်ပို၍ အတူတကွ တိုက်ခိုက်ခဲ့ကြကြောင်း ထင်ရှားသည်။
"..."
မိန်းကလေး နှစ်ယောက်မှာ ကြယ်တရာ စွမ်းအားများကို လက်ဖဝါးထံသို့ ပို့လွှတ်ကာ အာဏာရှင်များ ထုတ်လွှတ်လိုက်သော နောက်ဆက်တွဲ တိုက်ခိုက်မှုများကို ပြန့်ကျဲစေလိုက်၏။ သူတို့ နှစ်ယောက်၏ ပူးပေါင်းဆောင်ရွက်မှုက ပြစ်ချက်ကင်းသည်။
နာ့ရှင်းရီနှင့် ဝူပိုင်ကျိုးတို့ နှစ်ယောက်၏ မျက်လုံးများမှာ အဆုံးမရှိ တောက်ပနေ၏။ သို့သော်… အာဏာရှင်များမှာလည်း လုံးဝ ရိုးရှင်းခြင်း မရှိပေ။ သူတို့၏ တိုက်ခိုက်မှုများမှာ အကန့်အသတ်မဲ့စွာဖြင့် မိန်းကလေး နှစ်ယောက် အပေါ် ကျရောက် နေခဲ့၏။ ထိုအင်အားများကို ကာကွယ်ရန် အတွက် မိန်းကလေး နှစ်ယောက်မှာ စွမ်းအင် ပမာဏ မြောက်များစွာကို သုံးစွဲ နေရ၏။
"အလွှာအပြင်က လူတွေ ဘာလို့ ငါတို့ကို မကြာခဏ ကျိန်ဆဲလဲဆိုတာ ငါ နားလည်လာပြီ"
ဝူပိုင်ကျိုးက ပြုံးရင်း မှတ်ချက်ပေး၏။ သူမက လှံကို အရှိန်အဟုန်ဖြင့် လှည့်ပတ်ကာ ခုခံကာကွယ်သည့် နည်းလမ်းတစ်ခုကို ပြောင်းလဲ လိုက်သည်။ ထိုနည်းလမ်းက သူမ အတွက် စွမ်းအင် သုံးစွဲမှုကို လျော့ကျစေသည်။
မိန်းကလေး၏ ဗျူဟာ အပြောင်းအလဲကြောင့် အာဏာရှင်များမှာ အနည်းငယ် အံ့အားသင့် သွားကြ၏။ သို့သော်လည်း သူတို့၏ သတ်ဖြတ်လိုစိတ်များမှာ ကောင်းကင်ထိ ဟိန်းဟောက်နေဆဲ ဖြစ်သည်။ အနည်းငယ်လေးမျှ နိမ့်ကျသွားခြင်း မရှိပါသေးချေ။
"သူ ဘာကိုပဲဖြစ်ဖြစ် ဘယ်တော့မှ ပေါ့ပေါ့တန်တန် မလုပ်ခဲ့ဘူး"
နာ့ရှင်းရီက ယင်ဓားကို လွှဲယမ်းလိုက်ရင်း မီးခိုးရောင် အလွှာတစ်ခုကို ဖန်တီးလိုက်၏။ ပိုမိုများပြားသည့် ကြယ်တာရာ စွမ်းအင်များမှာ အဆက်မပြတ် ကျရောက်ခဲ့သော်လည်း မီးခိုးရောင် အလွှာမှာ ယန်ကို စုပ်ယူကာ ယင်ကို လက်ခံသဖြင့် စက္ကန့်ပိုင်းအတွင်း ပိုမို အားကောင်းလာ ပုံရသည်။
ထိုအခိုက်၌ အာဏာရှင် ရာနှင့်ချီမှာ နာ့ရှင်းရီနှင့် ဝူပိုင်ကျိုးတို့ကို ဝန်းရံ တိုက်ခိုက်နေကြခြင်း ဖြစ်သည်။ သူတို့ တစ်ဦးချင်းစီတွင် မတူညီသော နည်းဗျူဟာများနှင့် စွမ်းအင်များ ရှိသည်။ ထို့ကြောင့်ပင် သူတို့၏ ပူးပေါင်း ဆောင်ရွက်မှုမှာ ဗာကီရီ အဖွဲ့ဝင် နှစ်ဦးစလုံးကို အနည်းငယ် ခေါင်းမူးစေခဲ့သည်။
မိန်းကလေး နှစ်ယောက်မှာ ကျောခိုင်းကပ်နေရင်းမှ တစ်ယောက်ကို တစ်ယောက် တွန်းကန်လိုက်ကြရင်း အားယူကာ ဆန့်ကျင်ဘက် အရပ်မျက်နှာများသို့ ရွေ့လျား သွားကြသည်။ ထို့နောက် သူတို့မှာ အပြန်အလှန် မှီခိုခြင်း မပြုကြတော့ပဲ ကိုယ်ပိုင် စွမ်းအားဖြင့် အာဏာရှင်များကို ရင်ဆိုင်ခဲ့ကြသည်။
ဝူပိုင်ကျိုးမှာ သူမ၏ လောကချည်နှောင် နေကြယ်ကို မဆင့်ခေါ်ခဲ့ချေ။ သို့သော်လည်း သူမမှာ အာဏာရှင်များကို ရင်ဆိုင်ရန် အတွက် အင်ပါယာ ကောင်းကင်စွမ်းအင်နှင့် ပထမ မဟာ အသွင်ပြောင်းခြင်းမှ ဖြစ်ပေါ်လာသည့် အင်ပါယာ ဖိအားတို့ကိုသာ ရိုးရှင်းစွာ အသုံးပြုခြင်း မဟုတ်ခဲ့ချေ။ ထို့အစား... ပြင်းထန်သည့် ပေါက်ကွဲမှုများနှင့် အတူ ရည်ရွယ်ချက် တစ်ခုမှာ လောကသို့ ဆင်းသက် လာခဲ့၏။
"သတိထား... လောက နှလုံး ရည်ရွယ်ချက်..."
အာရုံခံရာတွင် ပါရမီပါသည့် အာဏာရှင် တစ်ဦးက လူတိုင်းကို အော်ဟစ် သတိပေးလိုက်၏။ ချက်ချင်းပင် အာဏာရှင်ပေါင်း များစွာမှာ သူတို့၏ နိုးထခြင်း အဆင့် ရည်ရွယ်ချက်များကို တန်ပြန် ထုတ်ဖော် လိုက်ကြသည်။ မျက်တောင်တစ်ခပ်စာ အတွင်းမှာပင် ရည်ရွယ်ချက် ရာနှင့်ချီမှာ လေထုအတွင်း ထွန်းတောက်လာခဲ့ကာ ပတ်ဝန်းကျင်ရှိ မန်နာများနှင့် ထိပ်တိုက် တွေ့ရင်း ထိန်းချုပ်မှုကို ယှဉ်ပြိုင်ရန် ကြိုးပမ်း လာခဲ့ကြ၏။
သူတို့၏ နည်းဗျူဟာများမှာ ကြည့်ရှုသူများကို ပါးစပ်အဟောင်းသား ဖြစ်စေခဲ့သည်။ အာဏာရှင်များမှာ လောက နှလုံး ရည်ရွယ်ချက်ကို ကိုင်တွယ်ရာတွင် အလွန် ကျွမ်းကျင်သည်။ သူတို့က ထိုအတွက် ရည်ရွယ်၍ လေ့ကျင့်ဖူးကြတာ ထင်ရှားသည်။
ဝူပိုင်ကျိုးကတော့ အာဏာရှင်များ၏ တုံ့ပြန်မှုကြောင့် အံ့အားသင့်ခြင်း မရှိပါချေ။ ထို့အစား သူမ၏ လောက နှလုံး ရည်ရွယ်ချက်ကိုသာ ဆက်လက် ထုတ်ဖော်နေခဲ့၏။ ငွေရောင် သတ္တု အလင်းက လောကအတွင်း စိမ့်ဝင် ပျံ့နှံ့လာခဲ့သည်။ ၎င်းတို့မှာ ပတ်ဝန်းကျင်ရှိ စွမ်းအင်၊ အမတေနှင့် မန်နာတို့ကို ထိန်းချုပ်ကာ စတင် ပြောင်းလဲလာနေခဲ့၏။ သို့သော်လည်း အာဏာရှင်များမှာ တန်ပြန်အစီအမံများကို လုပ်ဆောင်ပြီးသား ဖြစ်သည်။
သူတို့က ချက်ချင်းပင် လောက၏ ကိုးဆယ် ရာခိုင်နှုန်းမျှသော အင်အားများကို သိမ်းပိုက်လိုက်၏။ သူတို့မှာ ၎င်းကို အသုံးမပြုနိုင်သော်လည်း ဝူပိုင်ကျိုးသည်လည်း အသုံးပြုနိုင်လိမ့်မည် မဟုတ်ပေ။ နိုးထခြင်း အဆင့် ရည်ရွယ်ချက် ရာနှင့်ချီ၏ ရောင်စုံ အလင်းများမှာ ပတ်ဝန်းကျင်တွင် ပေါ်ထွက်နေကာ အပြန်အလှန် စပ်ယှက်နေကြ၏။
တစ်ချိန်တည်း၌ ဝူပိုင်ကျိုးမှာ သတ္တု နှလုံးသား ရည်ရွယ်ချက်ကို အဆုံးစွန်သော အတိုင်းအတာအထိ ဆက်လက်၍ မြှင့်တင် နေခဲ့၏။ သူမ၏ ခန္ဓာကိုယ်မှာ နတ်ဘုရား အလား သတ္တု အလင်းများကို ထုတ်လွှတ်လာခဲ့၏။ ထိုအလင်း အတွင်း၌ လောကတွင် တည်ရှိ နေသမျှသော သတ္တုတိုင်း ပါဝင်နေပုံရသည်။ ရှားပါးသည် ဖြစ်စေ… ပေါများသည် ဖြစ်စေ… အဖိုးတန်သည် ဖြစ်စေ… သာမန် ဖြစ်စေ… ကိစ္စ မရှိပါချေ။
သတ္တုစုံ ရည်ရွယ်ချက်…
***