← Chapters

ဗာကီရီ အဖွဲ့ဝင်များ (၁၁)

Vol. 119 Ch. 1660

ဗာကီရီ အဖွဲ့ဝင်များ (၁၁)

Vol. 119 Ch. 1660

တန်ဘူမာမှာ သေမျိုးများ၏ ပြင်းထန်သည့် တိုက်ပွဲ အထူးသဖြင့်... နာ့ရှင်းရီ၏ တိုက်ခိုက်ပုံ၊ ရွေ့လျားပုံများကို မျက်တောင်မခပ် ငေးမောကြည့် နေခဲ့သည်။ သူမ၏ ဆွဲဆောင်မှုရှိသည့် ခန္ဓာကိုယ်၊ အထူးသဖြင့် ပြည့်ဖြိုးသည့် အသားအစိုင်အခဲများနှင့် နတ်ဘုရားမ တစ်ပါး အလား လှပသည့် မျက်နှာတို့က တိုက်တန်ကြီးအား ထုံးတမ်းစဉ်လာများကို စွန့်လွှတ်ပြီး လူသား မျိုးနွယ်ဝင် တစ်ယောက်နှင့် လက်ထပ်ချင်အောင် တိုက်တွန်း ဆွဲဆောင်လျှက် ရှိပေသည်။

ဝှစ်...

သို့သော်လည်း လေပြင်းတစ်ချက်မှာ ရုတ်တရက် သူ့အသားများကို ဖြတ်ကျော်သွားခဲ့၏။ သူ၏ အရိုးများထဲရှိ လျှို့ဝှက် အမြုတေမှာ တုန်ရီသွားကာ မိုးကြိုးထစ်ချုန်း သကဲ့သို့ အသံများကို ကြားလိုက်ရလေ၏။

“လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်...”

ထိတ်လန့် တုန်လှုပ်မှုက စိတ်နှလုံး အတွင်း အရှိန်အဟုန် ပြင်းထန်စွာ ရိုက်ခတ်လာကာ သူ ကျယ်လောင်စွာ အော်ဟစ် လိုက်သည်။ လျှို့ဝှက် အကာအကွယ်မှာ အလိုအလျောက်ပင် ထွက်ပေါ်လာ၏။ လျှို့ဝှက်အင်အားသည်လည်း ခန္ဓာကိုယ် အတွင်း ပြင်းထန်စွာ လှည့်ပတ်လာကာ တစ်ခဏအတွင်းမှာပင် တုန့်ပြန်ရန် အဆင်သင့် ဖြစ်နေခဲ့သည်။

အခြားတစ်ဖက်၌... တရှန်း၏ နားများမှာ တန်ဘူမာ၏ မိုးချုန်း သကဲ့သို့ အော်ဟစ်သံကြောင့် အနည်းငယ် အူသွားခဲ့၏။ သူမ တန်ဘူမာကို စိုက်ကြည့်လိုက်သော်လည်း လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်က သူမ၏ အာရုံကို အခြားတစ်နေရာသို့ ချက်ချင်း ဆွဲခေါ်သွားခဲ့သည်။ သူမ၏ နှလုံးသားမှာ လေပြင်းထံမှ သယ်ဆောင်လာသည့် ခံစားမှုကြောင့် ပြင်းထန်စွာ ခုန်နေခဲ့၏။

အပြောကျယ်လှသည့် လောကနယ်မြေ တစ်လျှောက် လူပေါင်းများစွာမှာ ချက်ချင်းပင် အရှိန်အဝါ၏ ဆွဲဆောင်မှုကို ခံလိုက်ကြရပြီ ဖြစ်သည်။ ဤနေရာတွင် လောကရှန့်ထို တစ်ဦး ရှိနေသည်လား။

အခြားတစ်ဖက်၌... ဝူပိုင်ကျိုး၏ လောက နှလုံးသား ရည်ရွယ်ချက် သုံးခုမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် အင်အားကြီးမားနေဆဲ ဖြစ်သည်။

ဝှစ်...

မိန်းကလေးက လှံကို တစ်ချက် ဝှေ့ယမ်းလိုက်၏။ အစစ်အမှန် မွေးဖွားခြင်း ခေါင်းဆောင်၏ လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်အား ရင်ဆိုင်ရန် လောက နှလုံးသား ရည်ရွယ်ချက်များကို အသုံးပြုသည့် ဝေ့ဝူယင်၏ နည်းလမ်းကို ပုံတူ ကူးယူလိုက်ခြင်းပင်။

ဘုန်း... ဘုန်း... ဘုန်း...

ချက်ချင်းပင် သူမ၏ သတ္တု၊ ဓားနှင့် လှံ နှလုံးသား ရည်ရွယ်ချက်များမှာ ချဉ်းကပ်လာသည့် အမဲရောင် အလင်းတန်းကို ခုတ်ထစ် ဖျက်ဆီးလိုက်ကြ၏။ အနီးအနား၌ ရှိနေသည့် ကံဆိုးသော အချိန်သခင် အဆင့် အာဏာရှင် တစ်ဦးမှာ ထိုထိပ်တိုက် တွေ့ဆုံမှု၏ သက်ရောက်မှုများကို ခံရကာ နေရာတွင်ပင် အပိုင်းပိုင်းပြတ် သေဆုံး သွားခဲ့သည်။

ရွှယ်ရီဖေးက နာ့ရှင်းရီနှင့် ဝူပိုင်ကျိုးတို့ထံသို့ အလျင်အမြန် စာပို့လိုက်၏။

“ငါ့ရဲ့ ယောက်ျားက အကျိုးကျေးဇူးတွေ မရှိဘဲနဲ့ ဒီအတားအဆီးတွေ ပေါ်လာခွင့် ပေးမှာ မဟုတ်ဘူး... သတိထားပါ”

ထို့နောက် သူမက ဆေးလုံးတစ်လုံးကို ထုတ်ယူကာ အလျင်အမြန် သောက်လိုက်၏။

“ဝေ့ဝူယင်ရဲ့ လက်ချက်လား...”

နာ့ရှင်းရီ အံ့အားသင့်သွားခဲ့၏။ ထိုအရှိန်အဝါမှာ အမြုတေသို့ ရောက်သည် အထိ ဆိုးညစ်နေသည်ဟု ခံစားရသည်။ ဝေ့ဝူယင်က ဤကိစ္စတွင် ပါဝင်နေသည်လား။

သို့သော်လည်း... ဝူပိုင်ကျိုးမှာ ချက်ချင်းပင် သဘောပေါက်သွားခဲ့၏။ သူမက နာ့ရှင်းရီထံ ဝိညာဉ် ဆက်သွယ်မှု တစ်ခုကို ပေးပို့လိုက်သည်။

“ရှင်းရီ... နင် တတ်နိုင်သမျှ များများ သတ်... သူတို့ ပိုင်ဆိုင်တဲ့ ဘာကိုမဆို ယူလိုက်...”

နာ့ရှင်းရီမှာ ဝူပိုင်ကျိုးနှင့် ရွှယ်ရီဖေးတို့လိုမျိုး ဖျတ်လတ်သည့် တွေးခေါ်မှုနှင့် ပရိယာယ်များကို ပိုင်ဆိုင် မထားသော်လည်း သူမ ကိုယ်တိုင်မှာ ဉာဏ်ကောင်းသူ တစ်ယောက် ဖြစ်နေဆဲ ဖြစ်သည်။ ချက်ချင်းပင် သူမ အရာအားလုံးကို စုစည်းမိကာ သဘောပေါက် သွားခဲ့၏။

“ထာဝရ သရဖူ...”

မိန်းကလေးက ခပ်တိုးတိုး ရေရွတ်လိုက်၏။ ထိုအခိုက်တွင်ပင် မရေမတွက်နိုင်သည့် လူများ၏ မေးခွန်းများနှင့် သံသယ အားလုံးကို ဖြေကြားလိုက်သည့် အလား ခမ်းနားသည့် အသံ တစ်ခုမှာ ကောင်းကင်ယံမှ ဆင်းသက်လာခဲ့၏။

“မကောင်းဆိုးဝါးတွေကသာလျှင် ထာဝရ သရဖူရဲ့ တောက်ပမှုကို ပျက်စီးစေနိုင်တယ်”

စာတစ်ကြောင်းတည်းသာ ဖြစ်သော်လည်း ဝင်ရောက် ယှဉ်ပြိုင်နေကြသူ အားလုံးမှာ အမှန်တရားကို သိရှိနားလည်သွားခဲ့ကြသည်။ မကောင်းဆိုးဝါး စောင့်ကြပ်သူများမှာ အတားအဆီးတစ်ခုမျှသာ မဟုတ်ဘဲ၊ သူတို့ အတွက် စိန်ခေါ်မှုတစ်ခု ဖြစ်သည်။ ထာဝရ ဧကရာဇ် သရဖူကို ရရှိရန် လိုအပ်သော အဖိုးတန် ပစ္စည်းများ ဖြစ်ကြသည်။

ဝေ့ဝူယင်မှာ အချိန်ကို ကန့်သတ်ထားလေရာ ၎င်းက မည်ကဲ့သို့ လွယ်ကူနိုင်ပါမည်နည်း။ သူက လောကကို ရှုပ်ထွေးမှုအတွင်း ကျရောက်စေလိုခဲ့ခြင်း ဖြစ်သည်။

နတ်မိမယ် နှစ်ဦးနှင့် တိုက်ခိုက်နေကြသည့် အာဏာရှင်များမှာ ရပ်တန့်သွားကြကာ တစ်ယောက်နှင့် တစ်ယောက် အကြည့်ချင်း ဖလှယ်ရင်း ဝိညာဉ် ဆက်သွယ်မှုများ ပြုလုပ်လိုက်ကြ၏။်သူတို့ အနေဖြင့် ချဉ်းကပ်လာသည့် မကောင်းဆိုးဝါး စောင့်ကြပ်သူများကို တိုက်ခိုက်သင့်သလော။ ထိုအတွက် နတ်မိမယ်များနှင့် ပူးပေါင်းသင့်ပါသလား။

ဘုန်း...

ရုတ်တရက် လှံတစ်ချောင်းမှာ အာဏာရှင်တစ်ဦး၏ ခေါင်းကို ထိုးဖောက်သွားကာ အသက်ကို ချက်ချင်း ရိတ်သိမ်းလိုက်၏။

“ငါ ပြောပြီးပြီ... မင်းတို့ ဘယ်သူမှ ဒီနေရာကနေ အသက်ရှင်လျက် ထွက်သွားရမှာ မဟုတ်ဘူး”

ဝူပိုင်ကျိုး၏ လေသံက အဆုံးစွန်ထိ အာဏာရှင် ဆန်နေခဲ့၏။ သူမ၏ စကားလုံး တစ်လုံးချင်းစီတိုင်းက ကောင်းကင်ဘုံ၏ ဥပဒေသ ဖြစ်ပုံ ရသည်။ ထို့အပြင် သူမက နောက်ပြန်ဆုတ်ရန် လမ်းမရှိတော့ကြောင်း ကြေညာလိုက်ခြင်းပင် ဖြစ်သည်။

အာဏာရှင် အားလုံး၏ အာရုံများမှာ သူတို့၏ အရှေ့ရှိ မဟာ ဧကရာဇ် အပေါ်သို့ အပြည့်အဝ ပြန်လည် ကျရောက်လာခဲ့၏။ သူတို့၏ မျက်လုံးများက အေးစက်နေကာ အဆုံးသတ်ထိ တိုက်ခိုက်ရန် အဆင်သင့် ဖြစ်နေကြသည်။ သူတို့မှာ သူမကို ချေမှုန်းရန် ရွေးချယ်ခဲ့ကြလေရာ ထိုသို့ လုပ်ဆောင်ရန်မှတစ်ပါး အခြား ရွေးချယ်စရာ မရှိတော့ပေ။

ဒုတိယမြောက် မဟာ အသွင်ပြောင်းလဲခြင်း...

ဘုန်း...

ချက်ချင်းပင် ဝူပိုင်ကျိုးမှာ အင်ပါယာ ကောင်းကင် အော်ရာ၏ အနက်ရှိုင်းဆုံး အပိုင်းထိ ထိတွေ့လိုက်၏။ အင်ပါယာ ဖိအားမှာ ဒေါသအရှိန်အဟုန်ဖြင့် ပေါက်ကွဲ ထွက်ပေါ်လာခဲ့သည်။ သူမ၏ မျက်ဝန်းများ အတွင်း အဆုံးမဲ့ ကျယ်ပြန့်လှသည့် ကြယ်တာရာ ကောင်းကင် တစ်ခု ပေါ်လာခဲ့သည်။ ၎င်းမှာ အဆုံးမဲ့ အမှောင် ဟင်းလင်းပြင် အလား လှပပြီး ခမ်းနားနေခဲ့၏။

“အစွမ်းကုန် တိုက်ကြ...”

မိန်းကလေးနှင့် ရင်ဆိုင်နေကြသည့် အာဏာရှင်များမှာ ချက်ချင်းပင် သတိအနေအထားသို့ ဝင်ရောက် သွားခဲ့ကြ၏။ သူတို့မှာ အင်ပါယာ ကောင်းကင် နည်းလမ်းကို သိပ်မသိသော်လည်း ဝူပိုင်ကျိုးထံမှ အရှိန်အဝါက မည်မျှ ကြီးမားကြောင်း သူတို့ ခံစားနိုင်ပေသည်။ ဝူပိုင်ကျိုး၏ သေးငယ်သည့် ခန္ဓာကိုယ်လေးမှာ လောကများကို ဖျက်ဆီးနိုင်ကာ နေကြယ်များကိုပင် ငြိမ်းသတ်နိုင်သည့် အင်အားကိုပင် ထုတ်လွှတ်နိုင်ပုံ ရသည်။

“ယား...”

ဝူပိုင်ကျိုးက အဆုံးစွန်သော အင်အားများ ပါဝင်နေသည့် အော်ဟစ် မာန်သွင်းသံ တစ်ခုကို ထုတ်လွှတ်လိုက်ကာ လက်ထဲတွင် လှံကို ကိုင်လျှင် ရှေ့သို့ ပြေးတက်ရင်း ဘယ်နှင့်ညာကို မညှာမတာ သတ်ဖြတ်လေတော့၏။ အာဏာရှင်များမှာ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့ကြသော်လည်း ကြယ်တာရာ သခင် အဆင့်အောက် ကျင့်ကြံသူများမှာ ဝူပိုင်ကျိုး၏ လှံချက်များကို သုံးချက်ထက် ပိုမို၍ မခုခံနိုင်ခဲ့ချေ။

ကြယ်တာရာ အမြုတေ အဆင့် ကျင့်ကြံသူများကတော့ ဝူပိုင်ကျိုး အတွက် ကိုင်တွယ်ဖြေရှင်းရန် ပိုမိုခက်ခဲခဲ့သည်။ သူတို့က လောကချည်နှောင် ကြယ်တာရာ နယ်မြေများကို အပြည့်အဝ အသက်သွင်း ထားကြကာ ရာစုနှစ်ပေါင်းများစွာ အတူတကွ လေ့ကျင့်ထားသည့် စစ်တပ်တစ်ခုလိုမျိုး ပူးပေါင်းဆောင်ရွက်မှဖြင့် ကာကွယ်ရန်နှင့် တိုက်ခိုက်ရန် အပြည့်အဝ လုပ်ဆောင် နေကြ၏။

ဝူပိုင်ကျိုး၏ ကြောက်မက်ဖွယ် တိုက်ခိုက်မှုမှာ စုံလင်သည့် နည်းလမ်းများနှင့် တန်ပြန်မှုကို ခံလိုက်ရ၏။ သို့သော်လည်း... လောကနှလုံးသား ရည်ရွယ်ချက် သုံးခုဖြင့်ပင် ပြိုင်ဘက်ကင်း အနေအထားကို ပိုင်ဆိုင်ထားပြီ ဖြစ်လေရာ ဝူပိုင်ကျိုးမှာ သူတို့ကို မဖိနှိပ်နိုင်စရာ အကြောင်း မရှိပါချေ။ ဝေ့ဝူယင် ပြုစုပျိုးထောင်ထားသည့် အာဏာရှင် တစ်ဦးချင်းစီမှာ နာမည်နှင့် ထိုက်တန်စွာပင် ထူးခြားသော နည်းလမ်းများနှင့် ပြန်လည် တိုက်ခိုက်ခဲ့သော်လည်း နောက်ဆုံး၌ ဝူပိုင်ကျိုး၏ ကိုင်တွယ် ဖြေရှင်းခြင်းကိုသာ ခံခဲ့ရသည်။

သူတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ထွက်မပြေးခဲ့ကြပေ။ ဝူပိုင်ကျိုး၏ တိုက်ခိုက်ရေး ပုံစံမှာ ထွက်ပြေးနေသူများကို ပိုမို၍ အလွယ်တကူ သတ်ဖြတ်နိုင်ကြောင်း သူတို့ သိပေသည်။ အကယ်၍ သူတို့သာ ခုခံတိုက်ခိုက်ခြင်း မပြုပဲ ပိုးဟပ်များလို ပြန့်ကျဲ ထွက်ပြေးခဲ့ပါက အဆုံးမဲ့ ဧကရာဇ် ဂိုဏ်းချုပ် အတွက် ပိုမို၍ လွယ်ကူသွားလိမ့်မည် ဖြစ်သည်။

ရွှယ်ရီဖေးမှာ ဝူပိုင်ကျိုး၏ တိုက်ပွဲကို လေ့လာခဲ့၏။ အာဏာရှင်များ၏ ပြင်းထန်သော တန်ပြန်တိုက်ခိုက်မှု၊ အထူးသဖြင့် သူတို့၏ သတ္တိရှိမှုကို အသိအမှတ်ပြုသည့် အလား ခေါင်းတစ်ချက် ညိတ်လိုက်သည်။ အာဏာရှင် တစ်ဦးချင်းစီ၏ တိုက်ခိုက်ရေး ဗီဇနှင့် တိုက်ပွဲ အသိဉာဏ်တို့မှာ ကောင်းစွာ ဖွံ့ဖြိုးပြီး ဖြစ်သည်။ သူတို့ထဲမှ အချို့မှာ အင်ပါယာ ဖိအား၊ လောက ဖိအားတို့ အောက်၌ များစွာ ဖိနှိပ်ခံထားရသည့်တိုင် ဘယ်လိုမှ မဖြစ်နိုင်သည့် တိုက်ခိုက်မှုများမှ ရှောင်တိမ်းနိုင်ခဲ့ကြသည်။

သူမပင်လျှင် သူတို့၏ လေ့ကျင့်မှုကို အံ့အားသင့်ခဲ့ရသည်။ ဝေ့ဝူယင်မှာ အာဏာရှင် အဖွဲ့ဝင်များကို ဗာကီရီများနှင့် ခြားနားစွာ လေ့ကျင့် ပေးထားခြင်း ဖြစ်သည်။ ဝေ့ဝူယင်မှာ ဗာကီရီ အဖွဲ့ဝင်များ အတွက် ကျင့်ကြံခြင်း လမ်းစဉ်ကို လွတ်လပ်စွာ ကိုယ်တိုင် ရွေးချယ်ခွင့် ပေးထားကာ ကျိုးကြောင်းဆီလျော်သည့် မည့်သည့် တောင်းဆိုချက်ကို မဆို ဖြည့်ဆည်းပေးခဲ့သည်။ ဥပမာအားဖြင့်... ရွှယ်ရီဖေး ဆိုလျှင် သိုင်းပညာနှင့် သွေးလမ်းစဉ်တို့ကို အထူးပြု ကျင့်ကြံထားသည့် လျှို့ဝှက် အာဏာရှင် အဆင့် အများအပြား အောက်တွင် လေ့ကျင့်ခဲ့ဖူးသည်။ သူတို့ထဲမှ တစ်ဦးမှာ သေမျိုးတစ်ပိုင်း အရှင် သွေးစီးကြောင်းပင်။ ဝေ့ဝူယင်မှာ ထိုကဲ့သို့ပင် သူတို့ အတွက် ဆီလျော်သည့် ကိစ္စ အများအပြားကို ဖြည့်ဆည်းပေးခဲ့သည်။

သို့သော်လည်း... လူငယ်မှာ အာဏာရှင် အဖွဲ့ကိုတော့ စစ်တပ်တစ်ခုနှင့် ဆင်တူသော နည်းလမ်းများဖြင့်သာ လေ့ကျင့်ကာ ပြုစုပျိုးထောင်ပေးခဲ့သည်။ သူတို့က စည်းလုံးမှု ရှိသလို ယှဉ်ပြိုင်မှုများလည်း ရှိကြသည်။ မတူညီသည့် တပ်ရင်းများမှ ဖြစ်သော်လည်း လိုက်လျောညီထွေ ပူးပေါင်းဆောင်ရွက်နိုင်ခြင်းကို ကြည့်ပါက သူတို့ အားလုံး၏ လေ့ကျင့်မှုများက ဆင်တူကြောင်း တွေ့မြင်နိုင်သည်။ သေဆုံးရတော့မည့် အချိန်တွင်ပင် သူတို့မှာ နောက်ဆုံးသော အင်အားကို ထုတ်လွှတ်ကာ မဟာမိတ်များကို ကူညီရန် အတွက် လဲလှယ်ခဲ့ကြသည်။ စနစ်တကျ လေ့ကျင့်ထားသည့် စိတ်ဓာတ်များ မရှိပါက မည်သူမှ ထိုကဲ့သို့ မဟာမိတ်များ အတွက် စတေးကြလိမ့်မည် မဟုတ်ချေ။

နောက်ဆုံး၌ ဝူပိုင်ကျိုးမှာ သူမကို စိန်ခေါ်ခဲ့သည့် အာဏာရှင် အားလုံးကို ရှင်းလင်းပြီးစီး သွားခဲ့ပြီ ဖြစ်သည်။ သူမက သူမ ကိုယ်တိုင် ကြေညာခဲ့သည့် ဟောကိန်းကို ပြည့်စုံစေခဲ့သည်။ သူတို့ထဲမှ တစ်ဦးတစ်ယောက်မှ အသက်ရှင် ကျန်ရစ် မနေခဲ့တော့ချေ။

***

All Chapters