← Chapters

ဗာကီရီ အဖွဲ့ဝင်များ (၁၃)

Vol. 119 Ch. 1662

ဗာကီရီ အဖွဲ့ဝင်များ (၁၃)

Vol. 119 Ch. 1662

မီးသွေးရောင် အသားအရေနှင့် မကောင်းဆိုးဝါး စောင့်ကြပ်သူမှာ လျှို့ဝှက် အာဏာရှင် အဆင့်တစ်မှ အဆင့်သုံး အထိ မကောင်းဆိုးဝါး စောင့်ကြပ်သူ ခြောက်ဆယ့်သုံးဦးနှင့် အတူ ချီတက် လာခဲ့၏။ သူ၏ မျက်နှာထက်တွင်တော့ နတ်ဆိုးတစ်ကောင် ကဲ့သို့ အပြုံးတစ်ခု ရှိနေခဲ့သည်။ သူတို့၏ အရှိန်အဝါများမှာ ကျင့်ကြံခြင်း အခြေခံများထက် ပိုမို၍ အားကောင်းကာ ပြင်းထန်စွာ ဖျက်ဆီးနိုင်သည့် အငွေ့အသက်များကို ထုတ်ဖော် နေကြ၏။

ထိုမကောင်းဆိုးဝါး စောင့်ကြပ်သူများကို ထူးဆန်းသည့် စွမ်းအား တစ်ခုခုက အားဖြည့်ပေးထားပုံ ရ၏။ ၎င်းတို့၏ ဆိုးညစ်သည့် အရှိန်အဝါများက ချက်ချင်းပင် ရွေးချယ်ခံများ၏ အသိစိတ်ပင်လယ်များ အတွင်း ထိုးဖောက် ဝင်ရောက်လာကာ အာရုံ စူးစိုက်မှု အားလုံးကို မှောက်လှန်ပစ်လိုက်ကြသည်။

အချို့က ချက်ချင်းပင် အန်ချလိုက်ကြကာ အချို့မှာလည်း ဒွါရခုနစ်ပေါက်မှ သွေးများ စီးကျလာခဲ့ကြ၏။

“အင်းလေ... ခုနကလောက် လွယ်နေရင်လည်း ဘယ်အဓိပ္ပာယ် ရှိမှာလဲ...”

ရွှယ်ရီဖေးက ရယ်မောလိုက်၏။ သူမ၏ မျက်လုံးများ အတွင်း၌ သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်များက ဖျပ်ခနဲ လက်သွားခဲ့သည်။

“ရား...”

အားနူကလည်း ဟိန်းဟောက်လိုက်ရင်း တိုက်ခိုက်ရန် အဆင်သင့် ဖြစ်နေသည့် အလား နဂါးအင်အားများကို ထုတ်ဖော်လိုက်၏။

“တခြားသူတွေကို လွှတ်မထားနဲ့ဦး... လူတိုင်းက ငါတို့ရဲ့ ရန်သူပဲ”

ဝူပိုင်ကျိုးက နာ့ရှင်းရီ အခွင့်ကောင်း ယူခံရမည်ကို စိုးရိမ်သည့် အလား သတိပေးလိုက်၏။ နာ့ရှင်းရီက ထိုအရာကို သိရှိပြီးသား ဖြစ်ဟန်ဖြင့် မျက်လုံးလှန်ပြလိုက်သည်။

မကောင်းဆိုးဝါး စောင့်ကြပ်သူများမှာ အတားအဆီးတစ်ခုမျှသာ ဖြစ်သည်။ အာရုံပျံ့လွင့်မှုတစ်ခုမျှသာ ဖြစ်သည်။ ထာဝရ သရဖူ၏ တောက်ပမှုကို ပျက်စီးစေရန် အဟန့်အတား တစ်ခုမျှသာ ဖြစ်သည်။

နာ့ရှင်းရီက အခြားလူ နှစ်ယောက်ကို ကြည့်ရင်း သတိပေးလိုက်၏။

“သူတို့ရဲ့ လျှို့ဝှက် ဝိညာဉ်တွေကို မဖျက်ဆီးကြနဲ့ဦးနော်...”

“ဟား... ဟား... သေချာတာပေါ့”

ရွှယ်ရီဖေးက ပြုံးရင်း ခေါင်းညိတ်လိုက်၏။ ဝေ့ဝူယင်၏ စကားလုံးများထဲ၌ ကွယ်ဝှက်ထားသည့် သဲလွန်စများကို သူမ သတိပြုမိပြီးသား ဖြစ်သည်။ ထို့ကြောင့်ပင် ကိုယ်ပိုင် ရည်မှန်းချက်များအတွက် မကောင်းဆိုးဝါး စောင့်ကြပ်သူအချို့ကို စုဆောင်းရန် သူမ စိတ်ပိုင်းဖြတ်ထားနှင့်ပြီး ဖြစ်သည်။

မကောင်းဆိုးဝါး စောင့်ကြပ်သူများမှာ လောကအတွင်းသို့ အလုံလိုက် အရင်းလိုက် ဝင်ရောက်လာကာ အဖွဲ့များအဖြစ် လျင်မြန်စွာ ပြန့်ကျဲသွားခဲ့ကြ၏။ အကြီးဆုံး အဖွဲ့များထဲမှ တစ်ခု၏ ထိပ်ဆုံးတွင်တော့ မီးသွေးရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူမှာ မိုင်ထောင်ပေါင်း များစွာ အကွာတွင် ရပ်နေသည့် မိန်းကလေး တစ်ဦးကို စိုက်ကြည့် နေခဲ့သည်။ သူမက ရင့်ကျက်ကာ ဆွဲဆောင်မှုရှိသည့် အလှတရားကို ပိုင်ဆိုင်ထားသည်။

“ဟီး... ဟီး... နင့်ကို ကြည့်ရတာ အရသာ ရှိမယ့်ပုံပဲ... ငါ နင့်ကို အရင်ဆုံး ယူမယ်”

မီးသွေးရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူက သူ၏ ပထမဆုံး ပစ်မှတ်ကို သတ်မှတ်လိုက်၏။ သေမျိုးတစ်ပိုင်း အရှင် အဆင့် နှစ်ဦး၊ လျှို့ဝှက် ဝိညာဉ် အဆင့် လေးဦး၊ လျှို့ဝှက် ကြယ်တာရာ အဆင့် ကျင့်ကြံသူ လေးဦးတို့၏ ဝန်းရံမှုနှင့် အတူ လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်ကို ထုတ်ဖော်ရင်း လေထုအတွင်း ရဲဝံ့စွာ ပျံသန်း သွားခဲ့၏။

ယီယွင်မှာ သူ့ဘေးနားရှိ မိန်းကလေးအား မကောင်းဆိုးဝါး စောင့်ကြပ်သူ ပစ်မှတ်ထားနေသည်ကို ခံစားမိလေရာ မျက်နှာ တစ်ခုလုံး ဖြူရော် သွားခဲ့၏။

“ပြေး...”

မိန်းကလေးမှာ မီးသွေးရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူက သူမကို ပစ်မှတ်ထားနေပြီ ဖြစ်ကြောင်း သိရှိလိုက်ရာ မျက်လုံးများ အဆုံးစွန်ထိ ကျဉ်းမြောင်း သွားခဲ့၏။ ယီယွင်၏ သတိပေးချက်ပင် မလိုပါချေ။ သူမ၏ အရှိန်အဝါက ချက်ချင်းပင် ပေါက်ကွဲ ထွက်ပေါ်လာကာ လက်ကို ဆန့်တန်းရင် ယီယွင်၏ ခါးကို ဆုပ်ကိုင်လိုက်၏။ ထို့နောက်တွင်တော့ လေ၏ လျှင်မြန်မှုနှင့် အတူ ပြေးထွက် သွားခဲ့တော့သည်။

သူမ၏ နာမည်က ယီရွှယ်ဟန်ဟု ခေါ်သည်။ သူမနှင့် ယီယွင်တို့မှာ မျိုးရိုးချင်း တူညီသည့် စာလုံးကို ပိုင်ဆိုင်ထားသော်လည်း သွေးသားဆက်နွယ်မှု မရှိပါချေ။ သို့သော်လည်း ထိုအရာကပင် ယီရွှယ်ဟန်ကို ကံကြမ္မာ၏ ထူးဆန်းသော တိုက်ဆိုင်မှု တစ်ခု ဖြစ် ခံစားစေခဲ့ရကာ ယီယွင်ကို ပုံမှန်ထက် ပိုမို၍ အာရုံစိုက်မိစေခဲ့သည်။ ယီယွင်ကို အသက် ချမ်းသာပေးဖို့ လင်းကန်အား အကြံပြုခဲ့သူမှာလည်း သူမပင် ဖြစ်သည်။

ဝှစ်... ဝှစ်...

ယီရွှယ်ဟန်မှာ အဆင့်နိမ့် ခြေချခြင်း လှုပ်ရှားမှု နည်းလမ်း တစ်ခုကို ထုတ်လွှတ်ထား၏။ လေနှင့် လျှပ်စီး စွမ်းအင် နှစ်မျိုးအား ပူးပေါင်း အသုံးပြုမှုမှာ သူမကို ထူးခြားသော အမြန်နှုန်းအား ပေးစွမ်းခဲ့ကာ မုန်တိုင်း တစ်ခုလို လျှင်မြန်စေခဲ့သည်။

“ငါးပေါက်လေးက အရမ်း မြန်တာပဲ... ဟီး... ဟီး...”

မီးသွေးရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူမှာ ထိုအရာကို မြင်တွေ့ရသောအခါ ထူးဆန်းသည့် ရယ်မောသံကို ထုတ်လွှတ်လိုက်၏။

သူ၏ နှုတ်ခမ်းများက သွေးစွန်းနေသည့် အပြုံးများကို လှစ်ခနဲ ပြသလိုက်ကာ လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်ကို ထုတ်ဖော်လိုက်၏။ လျှို့ဝှက် တာအို၏ တစ်စိတ်တစ်ပိုင်းမှ ဆင်းသက်လာသည့် အာဏာဆန်သော ဆန္ဒတစ်ခုမှာ လေထုအတွင်း စိမ့်ဝင် ပျံ့နှံ့သွားခဲ့သည်။ လျှို့ဝှက် အာဏာရှင် တစ်ဦး၏ မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် ယီရွှယ်ဟန်မှာ ထိုဆန္ဒ၏ သက်ရောက်ခံနေရကြောင်း ကိုယ့်ကိုယ်ကို ရှာဖွေ တွေ့ရှိလိုက်သည်။

ဘုန်း... ဘုန်း...

ချက်ချင်းပင်... ပတ်ဝန်းကျင် စွမ်းအင်များနှင့် အမတေများမှာ သူမကို ပြင်းထန်စွာ ခုခံလာခဲ့၏။

“သတိထား...”

ရုတ်တရက် အရှေ့၌ စွမ်းအင် နံရံ တစ်ခု ပေါ်လာသလို ခံစားလိုက်ရရာ ယီယွင် ထိတ်လန့်တကြား အော်ဟစ်လိုက်၏။ အခြားတစ်ဖက်၌... ယီရွှယ်ဟန်မှာလည်း သူမ၏ ကိုယ်ပိုင် လျှို့ဝှက် အင်အား စီးဆင်းမှုနှင့် လည်ပတ်မှုတို့မှာ ပတ်ဝန်းကျင် အတွင်း ကျူးကျော်လာသည့် အင်အား၏ ဟန့်တား ခံလိုက်ရကြောင်း တွေ့ရှိလိုက်ရသည်။ ၎င်းအား ခုခံရန် အတွက် သူမထံတွင် လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်နှင့် လောကနှလုံးသား ရည်ရွယ်ချက်များလည်း မရှိပါချေ။ အလယ်အလတ် အဆင့် နိုးထခြင်း အဆင့် ရည်ရွယ်ချက်များမှာလည်း သူမကို ခရုတစ်ကောင်၏ အမြန်နှုန်း၊ အင်အားတို့နှင့် ရွေ့လျားရန်သာ ထောက်ပံ့ပေးနိုင်ခဲ့လေသည်။

ယီရွှယ်ဟန်၏ ခန္ဓာကိုယ်မှာ ပြင်းထန်သည့် ဖိအားများကြောင့် စတင်ကာ ဖြူဖျော့လာခဲ့၏။ သူမက ယီယွင်၏ သေမျိုး အဆင့် ခန္ဓာကိုယ်ကို ကာကွယ်ရန် ခန္ဓာကိုယ်ကို အသုံးပြုရင်း အရှေ့၌ ကာဆီးနေသည့် နံရံကို ပခုံးဖြင့် တိုက်ချလိုက်သည်။

ဘုန်း...

ပြင်းထန်သည့် တုန်ခါသံ တစ်ခု ထွက်ပေါ်လာသော်လည်း သူမ နံရံကို ဖောက်မထွက်နိုင်ခဲ့ချေ။ နံရံကြီး အတွင်းရှိ စွမ်းအင်များမှာ စိတ်ကူးမယဉ်နိုင်လောက်အောင် ခိုင်ခံ့ကာ ပတ်ဝန်းကျင်ရှိ မန်နာ၊ အမတေနှင့် စွမ်းအင်တို့က စဉ်ဆက်မပြတ် အားဖြည့်ထားသည်။ ထို့ကြောင့်ပင် သူမ၏ ကြိုးပမ်းမှုက သေမျိုးတစ်ယောက် သံမဏိ နံရံကို ကျော်လွန်ဖို့ ကြိုးပမ်းနေသည်နှင့်ပင် တူပေသည်။ မိန်းကလေး၏ ပခုံးထက်ရှိ အရိုးအချို့မှာ ချက်ချင်းပင် အက်သွားခဲ့ကာ အတွင်း ဒဏ်ရာကြောင့် နှုတ်ခမ်းမှ သွေးများ စီးကျ လာခဲ့၏။

မည်သို့ပင် ဆိုစေ... သူမမှာ သေမျိုးတစ်ပိုင်း အရှင် အဆင့် တစ်ယောက်မျှသာ ဖြစ်သည်။ မိန်းကလေးမှာ လျှို့ဝှက် တစ်ပိုင်း အဆင့် အတွင်း အတင်းအကြပ် ဝင်ရောက်ဖို့ ကြိုးပမ်းလိုက်သော်လည်း ခန္ဓာကိုယ် အတွင်းရှိ စွမ်းအင်များမှာ လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်၏ ပြင်းထန်စွာ နှောက်ယှက်မှုကို ခံနေရသည်။

သူမ လုပ်နိုင်သမျှက အဆင့်နိမ့် ခြေချခြင်း အဆင့် လှုပ်ရှားမှု ကျင့်စဉ် တစ်ခုကို မနည်း ထုတ်လွှတ်ခြင်းသာ ဖြစ်သည်။ ယီရွှယ်ဟန် တစ်ယောက် စိတ်ပျက်မှုများအတွင်း နစ်မြုပ် နေခဲ့၏။ အစစ်အမှန် မြေကြီး ရှန့်ထို ဖြစ်သည့် တန်ဘူမာပင်လျှင် လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်ကို အာရုံခံမိပြီးနောက် ထိတ်လန့် ကြောက်ရွံ့နေလျှင် သူမမှာ မည်ကဲ့သို့ မကြောက်ပဲ နေနိုင်မည်နည်း။ သို့သော်လည်း... ထိုကြောက်မက်ဖွယ် တည်ရှိမှုမှာ ထောင်ပေါင်းများစွာသော လူများထဲ၌ သူမ တစ်ဦးတည်းကို ပထမဆုံး ပစ်မှတ်ထားလိမ့်မည်ဟု ထင်မှတ် မထားခဲ့သည်ကတော့ အမှန်ပင် ဖြစ်သည်။

မည်မျှ ကံဆိုးလိုက်သနည်း။

ယီယွင်မှာ ယီရွှယ်ဟန်၏ ကာကွယ်မှု အောက်တွင်ပင် ဆက်လက်၍ ရှိနေခဲ့၏။ အကယ်၍ သူမသာ ကာကွယ် မထားပါက ပြေးဝင်လာသည့် အမြန်နှုန်း၊ နံရံနှင့် ထိပ်တိုက် တွေ့ဆုံသည့် ပြင်းအားတို့ အောက်တွင် သူလေ့ကျင့်ထားသည့် သန့်စင်လှသော ရုပ်ခန္ဓာ ပင်လျှင် ပေါက်ကွဲ သွားလိမ့်မည် ဖြစ်သည်။ သူ သေသွားနိုင်သည်။

ဝှစ်... ဝှစ်...

ထိုအခိုက်တွင်ပင် နံရံအတွင်းမှ လက်များ တိုးထွက်လာကာ ယီရွှယ်ဟန်၏ ခန္ဓာကိုယ်ကို ဖမ်းချုပ် လိုက်ကြ၏။ ယီယွင်မှာ ထိုလက်များကို တိုက်ခိုက်ဖို့ အလျှင်အမြန် ကြိုးပမ်းလိုက်သော်လည်း ၎င်းတို့ ပြန်လည် ဖွဲ့စည်းလာသည့် နှုန်းများက ပြောမပြနိုင်လောက်အောင် မြန်ဆန်လှသည်။ ထို့အပြင် သူ၏ အမြန်နှုန်းမှာ သေမျိုး ကန့်သတ်ချက်များအတွင်း၌ ရှိနေဆဲ ဖြစ်သည်။ သူ လက်တစ်ခုအား ဟန့်တားနေချိန်တွင် နောက်ခုနစ်ခုခန့်မှာ ယီရွှယ်ဟန်ကို ဆုပ်ကိုင်ခဲ့ပြီး ဖြစ်သည်။

ထိုအချိန်တွင်ပင် အေးစက်စက် ခံစားမှုတစ်ခုမှာ သူ၏ လည်ပင်းနှင့် ကျောရိုးများထံသို့ ကျဆင်းလာခဲ့၏။ လှည့်ကြည့် လိုက်သောအခိုက်၌... ကြောက်ရွံ့မှုက သူ၏ စိတ်နှလုံး တစ်ခုလုံးကို သိမ်းပိုက်သွားခဲ့တော့သည်။

***

All Chapters