ဗာကီရီအဖွဲ့ဝင်များ (၁၄)
Vol. 119 Ch. 1663
“...”
ယီယွင်၏ မျက်လုံးများမှာ နောက်သို့ လှည့်ကြည့်ကာ ကြောက်ရွံ့ထိတ်လန့်မှုများနှင့် အတူ ပြူးကျယ် လာခဲ့၏။ မီးသွေးရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူမှာ သူတို့နှင် ပေဆယ်ဂဏန်းခန့် အကွာအဝေး အတွင်းသို့ ရောက်ရှိနေပြီ ဖြစ်ကာ လေထုထဲတွင် ရပ်နေခဲ့သည်။
သူက ထောင်ချောက်အတွင်း အသက်ရှင်သန်ရန် ရုန်းကန်နေသည့် စိတ်ပျက်ဖွယ် တိရစ္ဆာန်များကို ကြည့်ရှုနေသည့်အလား စပ်စုသော အပြုံးဖြင့် သူတို့ကို စောင့်ကြည့်နေခဲ့၏။
သူ ထိုအတားအဆီးကို ဖန်တီးသည်ဖြစ်စေ၊ မဖန်တီးသည်ဖြစ်စေ၊ ယီရွှယ်ဟန် လျှို့ဝှက်တစ်ပိုင်း အဆင့်ကို ထုတ်ဖော်သည် ဖြစ်စေ၊ မထုတ်ဖော်သည် ဖြစ်စေ... သူ ပစ်မှတ်ထားလိုက်ကတည်းက ထိုမိန်းကလေး အတွက် ထွက်ပြေးရန် မဖြစ်နိုင်တော့ချေ။
“…”
ယီယွင်မှာ အခြေအနေကို ကိုင်တွယ် ဖြေရှင်းဖို့ အတွက် အကောင်းဆုံး နည်းလမ်း တစ်ခုကို အသည်းအသန် ရှာဖွေ နေခဲ့၏။ သို့သော်လည်း သင့်တော်သည့် အဖြေတစ်ခုကို သူ မတွေ့ချေ။ ထိုကဲ့သို့ အန္တရာယ်မျိုး သူ တစ်ခါမှ မကြုံဖူးချေ။ ထိုအခြေအနေက...
သူ ဘာလုပ်သင့်သနည်း။
သူ ဘာလုပ်နိုင်သနည်း။
သူ စိတ်စွမ်းအင်များကို မကြုံစဖူး နှုန်းများဖြင့် ကုန်ဆုံးစေခဲ့သည့်တိုင် သူ၏ အရေးပေါ် အစီအစဉ်များနှင့် အသက်ကယ် ကိရိယာများအားလုံးမှာ လောကရှန့်ထိုတစ်ဦး၏ ရှေ့တွင် အသုံးမဝင်ခဲ့ပေ။ ရီယွင်အတွက်တော့ မီးသွေးရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူမှာ သူ နားမလည်နိုင်သည့် အရှိန်အဝါနှင့် ရည်ရွယ်ချက်တို့ကို ပိုင်ဆိုင်ထားသည့် လောကရှန့်ထိုတစ်ဦး ဖြစ်သည်။
“သူ့ကို လွှတ်ပေးလိုက်ပါ... အဲဒါဆို ကျွန်မ ခုခံမှာ မဟုတ်ဘူး”
ယီရွှယ်ဟန်က ပြင်းထန်သည့် နာကျင်မှုများ ကြားမှပင် အင်အားကို စုစည်းကာ ပြောလိုက်၏။ သူမ၏ ဒဏ်ရာများမှာ အလွန် ပြင်းထန်လှပေသည်။ သူမ၏ ခန္ဓာကိုယ် အတွင်းရှိ အရိုးအားလုံးနီးပါးမှာ ကျိုးပဲ့နေခဲ့သည်။ ထို့အပြင်... သူမ လျှို့ဝှက် အင်အားကို အသုံးပြု၍ နာကျင်မှုနှင့် ဒဏ်ရာများကို သက်သာအောင် လုပ်နိုင်စွမ်းလည်း မရှိပါချေ။ သူမ၏ ခန္ဓာကိုယ် အတွင်းရှိ စွမ်းအင် စီးဆင်းမှု အားလုံးကို လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်က ရက်ရက်စက်စက် ဖိနှိပ်ထားသည်။
သို့သော်လည်း... မိန်းကလေးမှာ ကျေးဇူးတရားနှင့် ရန်ငြိုး နှစ်ခုစလုံးကို တစ်ဘဝလုံး မှတ်သားထားတတ်သူ ဖြစ်ကာ ၎င်းတို့အားလုံးကို ဆယ်ဆ ပြန်ဆပ်လေ့ရှိသည်။ တစ်ချိန်တုန်းက ရီယွင်မှာ အနမ်းဖြင့် သူမ၏ အသက်ကို ကယ်တင်ခဲ့သည်။ သွေးဝံပုလွေများ၏ ဆိုးညစ်သော ဟိန်းသံများနှင့် သတ်ဖြတ်မှုများ အားလုံးကို သူမကို ရှောင်ကွင်းသွားသည့် မြင်ကွင်းက ယီရွှယ်ဟန်၏ စိတ်နှလုံး အတွင်း ထာဝရ ထွင်းထုထားသည်။ ထို့ကြောင့်ပင် ယီယွင်၏ အကြွေးကို သူမ မသေခင် ဆပ်ခဲ့ဖို့ ရည်မှန်းထားခဲ့သည်။
“ရယ်စရာပဲ... သေမျိုးတစ်ပိုင်း အရှင် တစ်ယောက်က သေမျိုးတစ်ယောက်အတွက် ကိုယ့်အသက်ကို စွန့်လွှတ်ဖို့ ဆန္ဒရှိနေတာလား... ဘယ်လောက်တောင် မယုံကြည်နိုင်စရာကောင်းလိုက်တဲ့ စိတ်လှုပ်ရှားစရာ မြင်ကွင်းပါလိမ့်... ဟီး ဟီး...”
မီးသွေးရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူက ရယ်မောရင်း လှောင်ပြောင်သည့် လေသံဖြင့် ပြောလိုက်၏။ တစ်ချိန်တည်း၌... အခြား မကောင်းဆိုးဝါး စောင့်ကြပ်သူများမှာလည်း လောကနှစ်ခုမှ ရွေးချယ်ခံများကို အမဲလိုက်ရန် အတွက် လိုက်လံ ရှာဖွေနေကြပြီ ဖြစ်သည်။ မီးသွေးရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူ၏ နောက်လိုက်များမှာလည်း အမဲလိုက်ရန် ပြန့်ကျဲသွားခဲ့ကြပြီ ဖြစ်ကာ အဖွဲ့ခေါင်းဆောင် အတွက် သူ၏ ပျော်ရွှင်မှုကို အပြည့်အဝ ခံစားခွင့် ပေးထားကြသည်။
“ဟီး... ဟီး...”
မီးသွေးရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူက ဆာလောင်စွာဖြင့် နှုတ်ခမ်းများကို လျှာဖြင့် သပ်လိုက်၏။ ၎င်းမိန်းမငယ်လေး၏ မူလယင်က သူ၏ မျက်လုံးများ အတွင်း အလွန် အရသာရှိလှသည်။ သူမမှာ ယင်အထူးပြု နည်းလမ်း တစ်ခုကို ကျင့်ကြံနေခြင်း မဟုတ်သော်လည်း ကိုယ်ပိုင် ကျင့်ကြံခြင်း အမြန်နှုန်းကို မြှင့်တင်ရန် အတွက် ယင်နှင့် ဆက်နွယ်သည့် အထောက်အကူပြု ကျင့်စဉ် တစ်ခုကိုတော့ ကျင့်ကြံခဲ့ပုံ ရသည်။ ဘယ်လောက်တောင် နှစ်လိုဖွယ် ကောင်းလိုက်သနည်း။
မီးသွေးရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူမှာ တွေးတောရင်း အရသာရှိရှိ ပျော်မွေ့ရန် စိတ်လှုပ်ရှားနေခဲ့လေ၏။
ယီယွင်အတွက်လား...။
ထိုမျိုးမစစ်လေးကိုတော့ ခဲတစ်လုံးလို လွှင့်ပစ်ကာ လုံးဝ လျစ်လျူထားလိုက်ရုံသာ ရှိသည်။ ယင်းမှာ ရှင်းပြ၍ မရနိုင်လောက်အောင် ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည့် သူ၏ အတွေးနှင့် ဆန္ဒတို့ ဖြစ်သည်။ သို့သော်လည်း... ငွေရောင် မျက်လုံးများနှင့် ကြီးကြပ်သူ၏ ရှင်းလင်းသော အမိန့်များကို သူ ပြန်လည် အမှတ်ရလာခဲ့မိ၏။ သူ၏ အမူအရာက အနည်းငယ် ပြောင်းလဲ သွားခဲ့ကာ စောစောပိုင်းက ဆန္ဒကို ပြင်းထန်စွာ ဖိနှိပ်လိုက်သည်။
“ဟီး ဟီး ဟီး...”
မီးသွေးရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူက ပြီတီတီ အပြုံးကို ထုတ်ဖော်လိုက်ရင်း ယီယွင်ဆီသို့ လက်လှမ်းလိုက်၏။ ထိုမျိုးမစစ် သေမျိုးကို သတ်ဖြတ်ရန် သူ့အတွက် အသက် တစ်ရှိုက်စာသာ လိုအပ်ပေသည်။
“မဟုတ်ဘူး...”
ယီရွှယ်ဟန်၏ မျက်လုံးများက ပြူးကျယ်ကာ ထိတ်လန့် တုန်လှုပ်ခြင်းများနှင့် ပြည့်နှက် လာခဲ့၏။ ယီယွင်၏ ခန္ဓာကိုယ်ပေါ်၌ စုစည်းလာနေသည့် အင်အားကို သူမ ခံစားမိပေသည်။ မိန်းကလေးမှာ ခုခံဖို့ ကြိုးပမ်းလိုက်သော်လည်း လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်က သူမကို တားဆီးထား၏။ ခန္ဓာကိုယ်မှာလည်း နံရံရှိ လက်များ၏ ချုပ်နှောင်ထားမှုကို ခံထားရသည်။
ယီယွင်၏ မျက်လုံးများမှာ လပြည့်ဝန်း ကဲ့သို့ ပြူးကျယ်လာကာ ဦးခေါင်းခွံထံမှ ထွက်ကျလုနီးပါး ဖြစ်လာခဲ့၏။ ကြောက်မက်ဖွယ် သေခြင်းတရားက လျှင်မြန်စွာ ချဉ်းကပ်လာသည့် အချိန်တွင် သူ ညီမလေးနှင့် အမေဖြစ်သူတို့ အကြောင်း တွေးလိုက်မိသည်။ သူတို့နှစ်ဦးစလုံးမှာ အာရုဏ်ဦး ကြယ်တာရာ နယ်မြေတွင် လုံခြုံစွာ ရှိနေကြကာ ပဋိပက္ခ မရှိသည့် မြို့များထဲမှ တစ်ခုတွင် နေထိုင် နေကြသည်။ ထိုအတွေးက သူ့ကို အနည်းငယ် စိတ်သက်သာရာ ရစေ၏။ ဝေ့ဝူယင်နှင် အာဏာရှင် အဖွဲ့တို့၏ တည်ရှိမှု အရ သူတို့ အနာဂတ်တွင် ထိခိုက်ခံစားရဖို့ မဖြစ်နိုင်သလောက်ပင်။
သို့သောလည်း... သူ့ထံတွင် နောင်တတွေ အများကြီး ရှိခဲ့သည်။
များသည်။
အလွန်များသည်။
စောစောပိုင်းက ခံစားခဲ့ရသည့် နှစ်သိမ့်မှု ကလေးမှာ ပြင်းထန်သည့် ဝန်ထုပ်ဝန်ပိုးများဖြင့် ပြန်လည် ပြန့်ကျဲ သွားခဲ့၏။ ယီယွင်၏ အကြည့်များက အရှေ့ကို ပြန်လည် ရောက်ရှိသွားခဲ့သည်။ မီးသွေးရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူမှာ သူ့ကို သတ်ဖြတ်တော့မည် ဖြစ်သည်။
ထိုအဘိုးကြီး...။
“တော်လောက်ပြီ...”
ရုတ်တရက် အသံတစ်ခုမှာ ကောင်းကင်မှ အောက်သို့ ကျဆင်းလာခဲ့၏။ ၎င်းက စိတ်ကူး မယဉ်နိုင်လောက်အောင် ပြင်းထန်သည့် ခွန်အားများကို သယ်ဆောင်ထားကာ အထူးတလှယ် ခမ်းနားနေခဲ့သည်။
မီးသွေးရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူမှာ နားများ အူသွားသောကြောင့် ရပ်တန့်သွားခဲ့၏။ သူက ဦးခေါင်းကို ကောင်းကင်သို့ မော့ကြည့်လိုက်ရာ မီးတောက်များနှင့် ဝန်းရံနေသည့် ပုံရိပ် တစ်ခုကို သတိပြုမိလိုက်၏။ ထိုအခိုက်တွင်ပင် ပြင်းထန်သည့် ဝိညာဉ် အင်အားများက သူ၏ လျှို့ဝှက် ဝိညာဉ်အတွင်း လွှမ်းမိုးဝင်ရောက်လာသည်ကို ခံစားလိုက်မိ၏။
မီးသွေးရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူ၏ မျက်နှာက ရှုံ့တွ သွားခဲ့သည်။ ထိန်းချုပ်၍ မရနိုင်သည့် ကြောက်ရွံ့မှု တစ်ခုမှာ သူ့ လျှို့ဝှက် ဝိညာဉ် အတွင်း ဝင်ရောက် လာခဲ့၏။ မသိလိုက်ခင်မှာပင် သူ ကာကွယ်ရေး အနေအထား တစ်ခု အတွင်း ဝင်ရောက် သွားခဲ့ပြီ ဖြစ်သည်။ ထိုအခြေအနေ အတွက် မည်ကဲ့သို့ ကိုင်တွယ်ရမည်ကို သူ့ထံတွင် စဉ်းစားရန် အချိန်ပင် မရလိုက်ချေ။
သူ ထုတ်ဖော်ထားသည့် လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်မှာလည်း အားကောင်းသော ရန်သူကို ခုခံရန် အတွက် အသင့်အနေအထား ပြင်ဆင်ရန် ပြန်လည် ဆုတ်ခွာသွားခဲ့၏။
ယီရွှယ်ဟန်မှာ လွတ်မြောက်သွားခဲ့သည်။ ယီယွင်မှာလည်း ကယ်တင်ခြင်း ခံခဲ့ရ၏။
ဝှစ်...
အဖြူရောင် ဆံပင်ရှည်များနှင့် မိန်းကလေး တစ်ဦးမှာ သူတို့ နှစ်ဦးဘေးသို့ ရောက်ရှိလာခဲ့၏။ သူမက ကျင့်ကြံခြင်း အခြေခံထက် အဆပေါင်းများစွာ ကျော်လွန်နေသည့် မီးတောက် အရှိန်အဝါ တစ်ခုကို ထုတ်လွှတ် နေခဲ့၏။ ထိုမီးတောက် အတွင်း၌ လောကရှန့်ထို တစ်ဦး၏ မှိန်ဖျော့သည့် အော်ရာများပင် ပါဝင်နေသည်။
မိန်းကလေးက ဘာမှ မပြောပဲ သူတို့ နှစ်ဦးစလုံးကို ဆုပ်ကိုင်လိုက်၏။ ထို့နောက် မည်သူ တစ်ဦးတစ်ယောက်ကိုမှ တုန့်ပြန်ရန် အချိန်မပေးတော့ပဲ သွယ်လျသည့် ခန္ဓာကိုယ်နှင့် အတူ ကောင်းကင်ကို ဖြတ်သန်း၍ ပြေးလွှားလေတော့သည်။
ယီယွင် တစ်ယောက် အလွန် အံ့အားသင့် နေခဲ့သော်လည်း ကင်တင်ရှင်က မည်သူ ဖြစ်ကြောင်း သူ သိပေသည်။ ပတ္တမြား ရတနာ အလား မျက်ဝန်းများနှင့် ရွှယ်ရီဖေး၊ နာ့ရှင်းရီတို့ထက် မနိမ့်ကျသည့် အလှတရားကို ပိုင်ဆိုင်ထားသည့် သူမမှာ သူ၏ အစ်မကြီး စန်းယွန်းလီမှ တစ်ပါး မည်သူ ဖြစ်နိုင်မည်နည်း။
“အမကြီး ယွန်းလီ...”
ယီယွင် ပျော်ရွှင်စွာဖြင့် အော်ဟစ်လိုက်မိ၏။ သူ့အတွက်တော့ စန်းယွန်းလီမှာ ငယ်ဘဝကတည်းက နတ်ဘုရားမ တစ်ပါး သဖွယ် ဖြစ်သည်။ ဝေ့ဝူယင်ထက် မနိမ့်ကျသည့် တည်ရှိမှု ဖြစ်သည်။ ယခုတွင်လည်း သူမမှာ လောကရှန့်ထို တစ်ယောက်နှင့်ပင် နှိုင်းယှဉ်နိုင်သည့် ခွန်အားကို အသုံးပြုနေသည်။ သူမက အမြဲတမ်း အံ့ဩဖို့ ကောင်းလှပေသည်။
***