← Chapters

ဗာကီရီ အဖွဲ့ဝင်များ (၁၅)

Vol. 119 Ch. 1664

ဗာကီရီ အဖွဲ့ဝင်များ (၁၅)

Vol. 119 Ch. 1664

အခြားတစ်ဖက်တွင်တော့...

ဝှစ်... ဝှစ်...

စန်းယွန်းလီမှာ အလျှင်မြန်ဆုံးသော နှုန်းထားဖြင့် ပျံသန်းရင်း နှလုံးသွေးများ ယိုစီးနေသလို ခံစားနေရ၏။ ၎င်းမှာ အစစ်အမှန် စွမ်းအားမျိုး မဟုတ်ပဲ လောကရှန့်ထို အဆင့်ကို တုပသည့် အော်ရာ တစ်မျိုးသာ ဖြစ်သည်။ သူမမှာ ထိုကဲ့သို့ စွမ်းအားမျိုးကို သုံးကြိမ်သာ အသုံးပြုနိုင်ပြီး နှစ်ကြိမ်ကို ယခင်ကတည်းက အသုံးပြုခဲ့ပြီး ဖြစ်သည်။

တစ်ကြိမ်ကို ချိပ်ပိတ်နယ်မြေ ဟင်းလင်းပြင် သတ္တဝါကြီး တစ်ကောက်ထံမှ ရတနာ တစ်ခုကို ရယူရန် အတွက် ဖြစ်ကာ နောက်တစ်ကြိမ်ကိုတော့ သူမ အစောပိုင်း နေ့ရက်များ ကတည်းက လျှို့ဝှက် ဝိညာဉ် အဆင့် အဘိုးကြီး တစ်ဦး၏ စိတ်အတွင်း ကြောက်ရွံ့မှုများ ရိုက်သွင်းရန် အသုံးပြုခဲ့ခြင်းဖြစ်သည်။

ဤသည်မှာ သူမ၏ တတိယ အကြိမ် ဖြစ်ပေသည်။

“…”

စန်းယွန်းလီမှာ ပျံသန်းရင်း လျင်မြန်စွာ တွေးတောနေခဲ့၏။ တဖြည်းဖြည်းနှင့် သူမ ဖန်တီးထားသည့် အတုအယောင် အော်ရာမှာ မှေးမှိန်သွားလိမ့်မည် ဖြစ်ကာ မကောင်းဆိုးဝါး စောင့်ကြပ်သူမှာ ထပ်ချပ်မကွာ လိုက်လာပေလိမ့်မည်။ လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်ကို ပိုင်ဆိုင်ထားသည့် မြေကြီးရှန့်ထို တစ်ဦးထံမှ ပုန်းအောင်းရန် ဤလောကနယ်မြေ၌ မဖြစ်နိုင်ပါချေ။ ပတ်ဝန်းကျင် ပေါင်းစည်းခြင်း ကျင့်စဉ်များကို သုံးလျှင်ပင် သူက မြင်နိုင်ပေလိမ့်မည်။

“နင်က ငါ့ သားကောင်ကို ခိုးယူရဲလောက်အောင် သတ္တိကောင်းနေတယ်ပေါ့...”

စန်းယွန်းလီ အတွေးမဆုံးခင်မှာပင် နောက်မှ ပြင်းထန်သည့် ဟိန်းဟောက်သံ တစ်ခု ထွက်ပေါ်လာခဲ့၏။ မိန်းကလေး၏ မျက်နှာက ချက်ချင်းပင် ပျက်စီး သွားခဲ့သည်။ ထိုအရာက... အလားတူ ကျင့်ကြံခြင်း အခြေခံကို ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူများနှင့် သူမ ရင်မဆိုင်ချင်ရသည့် အကြောင်းရင်း ဖြစ်သည်။ တိုက်ခိုက်ဖို့၊ သတ်ဖြတ်ဖို့ ဦးတည်၍ ဖန်တီးထားသည့် မကောင်းဆိုးဝါး စောင့်ကြပ်သူများ ဆိုလျှင် ဆိုစရာပင် မရှိတော့ချေ။

“အစ်မကြီး ယွန်းလီ... ကျွန်တော်တို့ ဘာလုပ်ကြမလဲ...”

ယီယွင်မှာ အကင်းပါးသူ တစ်ယောက် ဖြစ်လေရာ စန်းယွန်း၏ အခြေအနေက သူ မျှော်လင့်ထားသလို မဟုတ်ကြောင်း သဘောပေါက်လိုက်သည်။

စန်းယွန်းလီ စိတ်ထဲမှ ကျိန်ဆဲ လိုက်မိ၏။ ဘယ်လောက်တောင် ရူးနှမ်းသည့် မေးခွန်းနည်း။ သူမက အချိန်သခင် တစ်ယောက်မျှသာ ဖြစ်သည်။ လျှို့ဝှက်တာအိုကို ထိတွေ့ဖို့ များစွာ လိုပေသေးသည်။ စောစောပိုင်းက ယီယွင်ကို ကယ်တင်ရန် အနည်းငယ် လောသွားသည်ဟု သူမ ခံစားလိုက်ရ၏။

ယီရွှယ်ဟန်မှာ ကယ်တင်ရှင်ကို တိတ်တဆိတ်ပင် လေ့လာ နေခဲ့၏။ ထိုမိန်းကလေး ထုတ်လွှတ်နေသည့် အရှိန်အဝါက အစပိုင်းတွင် ရင်သပ်ရှုဖွယ် ကောင်းလွန်းသည်ဟု သူမ အစပိုင်း၌ ခံစားခဲ့ရသည်။ သို့သော်လည်း သူမ၏ အရှိန်အဝါကို ပို၍ အာရုံခံမိလေလေ... တည်ငြိမ်မှု နည်းပါးလာလေလေ ဟု သူမ ခံစားလာရသည်။ သူမက အဘယ်ကြောင့် ထိုမျှ အားနည်းလာရသနည်း။

ဝှစ်...

ရုတ်တရက် စန်းယွန်းလီမှာ နောက်ကြောဘက်မှ လေတိုးသံ တစ်ခုကို ခံစားလိုက်ရ၏။ အလွန်တရာ ကြီးမာသည့် လက်ကြီး တစ်ဖက်မှာ ပြင်းထန်သည့် ဆာလောင်မှုများနှင့် အတူ သူမ၏ လည်ဂုတ်ထံသို့ လှမ်းလာခဲ့သည်။ မီးသွေးရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူ ကျင့်ကြံထားသည့် ရည်ရွယ်ချက်မှာ အမဲလိုက်ခြင်းပင် ဖြစ်သည်။ ၎င်းက ကျူဟိုင် နားလည်ထားသည့် ရည်ရွယ်ချက်နှင့် အတူတူပင်...။

မိန်းကလေးက ပုံမှန် မဟုတ်သည့် အမြန်နှုန်းဖြင့် သူမ၏ ဖိနပ်ကို သုံးကြိမ်တိတိ ပုတ်လိုက်၏။ မီးခိုးရောင် အလင်းတန်း တစ်ခုက လက်ခနဲ ဖြစ်သွားကာ ဟင်းလင်းပြင် စွမ်းအင်လှိုင်းများ ဖြာထွက်သွားခဲ့သည်။

ဘုန်း...

လက်ကြီးမှာ လေကိုသာ ဆုပ်ကိုင်လိုက်မိ၏။

“ဘာလဲ...”

မီးသွေးရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူ စိတ်ရှုပ်ထွေးသွားခဲ့သည်။ သို့သော်လည်း... သူ၏ လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်က လောကတစ်ခြမ်းကို ချက်ချင်း သိမ်းပိုက်လိုက်ကာ ယီယွင်၏ သေမျိုး အော်ရာကို မှတ်သားလိုက်သည်။ သူက သားရဲ တစ်ကောင် အလား ဟိန်းဟောက်ရင်း နေရာရွှေ့ပြောင်းခြင်း စွမ်းအင်ကို ထုတ်ဖော်လိုက်၏။

ဝှစ်...

စန်းယွန်းလီမှာ လက်တစ်ဖက် တစ်ချက်မှ လူနှစ်ဦးကို ဆုပ်ကိုင်ကာ သဲကန္တာရ ဒေသ တစ်ခုတွင် ပေါ်လာခဲ့သည်။ သူမက တုန့်ဆိုင်းခြင်း မပြုပဲ ဖိနပ်များကို ထပ်မံ ပုတ်လိုက်၏။ တဖန် သူမ၏ ခန္ဓာကိုယ်က ပျောက်ကွယ်သွားခဲ့ပြန်သည်။

မိုက်ခရို စက္ကန့် တစ်စက္ကန့်မျှ အကြာတွင်ပင် မီးသွေးရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူမှာ လျှို့ဝှက် အော်ရာကို ဖြန့်ကျက်ရင်း စန်းယွန်းလီ၏ လှုပ်ရှားမှုများကို ပိတ်ဆို့ကာ ထိုနေရာသို့ ငွေရောင် အလင်းတန်းဖြင့် ဆင်းသက်လာခဲ့၏။ သူ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့သော်လည်း လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်ကို ထုတ်လွှတ်ကာ ယီယွင်၏ အော်ရာကို နောက်တစ်ဖန် ရှာဖွေ လိုက်ပြန်သည်။

ထို့အပြင်... ကယ်တင်ရှင်၏ အရှိန်အဝါမှာ အတုအယောင်သာ ဖြစ်ကြောင်း သူ သဘောပေါက် နေခဲ့ပြီ ဖြစ်သည်။ အနည်းငယ် အာရုံစိုက်ရုံဖြင့်ပင် အရှိန်အဝါမှာ တဖြည်းဖြည်းချင်း အားနည်း လာနေကြောင်း လွယ်ကူစွာ မြင်နိုင်ပေသည်။

“ငါ မင်းတို့ အားလုံးကို စားပစ်မယ်ကွ...”

သူက နောက်တစ်ဖန် နေရာ ရွှေ့ပြောင်းခြင်းမပြုမီ ဟိန်းဟောက်လိုက်၏။

“သောက်ကျိုးနဲ...”

စန်းယွန်းလီ တစ်ယောက် စိတ်ထဲမှ ပြင်းထန်စွာ ကျိန်ဆဲ လိုက်မိသည်။ ဟင်းလင်းပြင် ဖြတ်ကျော် ဖိနပ်များမှာ အကန့်အသတ်ထိ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ ၎င်းမှာ ချိပ်ပိတ်နယ်မြေ သမိုင်း မတင်မီ ခေတ်ကတည်းက ကျန်ရှိနေခဲ့သည့် ထွက်ပြေးရေး ရတနာ တစ်ခု ဖြစ်ကာ အပျက်အစီး နယ်မြေတစ်ခုမှ သူမ ရရှိခဲ့သည်။ ၎င်းကို အနာဂတ်တွင် ဧကရာဇ် တစ်ဦးက ပိုင်ဆိုင်လာလိမ့်မည်ဟု ယူဆရသည်။ ထိုဧကရာဇ်၏ နာမည်ကတော့ သူမ၏ ကောင်းကင်လမ်းစဉ် စာအုပ်ထဲတွင် မရှိချေ။

စန်းယွန်းလီ တစ်ယောက် အခြေအနေကို နားလည် သဘောပေါက် သွားခဲ့ပြီ ဖြစ်သည်။ မကောင်းဆိုးဝါး စောင့်ကြပ်သူမှာ သူတို့ကို ရေမြေအဆုံး လိုက်ပေလိမ့်မည်။ သို့သော်လည်း... သူမမှာ နည်းလမ်း မရှိသည့် ကျင့်ကြံသူ တစ်ဦး မဟုတ်ပါချေ။ ပိုမို အရေးပါသည့် အခြေအနေ တစ်ခု အတွက် ချွေတာလိုခဲ့ခြင်း ဖြစ်သည်။ ကံဆိုးစွာပင်... သူမ တွန့်ဆုတ်နေ၍ မရတော့ချေ။

စန်းယွန်းလီ လက်ထဲရှိ လူနှစ်ဦးကို အားကုန်သုံး၍ ပစ်လိုက်၏။

“သူ့ကို ခေါ်သွား...”

သူမ၏ အသံက လောကနယ်မြေ တစ်ခွင် ပျံ့နှံ့သွားခဲ့သည်။ တစ်ချိန်တုန်း၌ သူမ၏ ကြယ်တာရာ အမြုတေမှာ ရောင်စဉ်လှိုင်းများနှင့် တောက်ပ၍ အသက်ဝင်လာခဲ့သည်။ တဒင်္ဂ အတွင်းမှာပင် မိန်းကလေး၏ ခန္ဓာကိုယ်မှာ လောက၏ မန်နာနှင့် လုံးဝ သဟဇာတ ဖြစ်သည့် ထူးခြားသော အော်ရာများကို ထုတ်လွှတ်လာခဲ့၏။

အစစ်အမှန် လောက ပဲ့တင်ထပ် ခန္ဓာကိုယ်...

ယီယွင် တစ်ယောက် ထိုမြင်ကွင်းကို လည်ပြန်ကြည့်ကာ အံ့အားသင့်သွားခဲ့၏။ အခြားတစ်ဖက်၌... ယီရွှယ်ဟန်မှာ လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်၏ ဖိနှိပ်မှုအောက်မှ လွတ်မြောက်သွားပြီးဖြစ်လေရာ အမြင့်ဆုံး အမြန်နှုန်းဖြင့် တုံ့ပြန်လာခဲ့သည်။ သူမက ယီယွင်ကို ဆုပ်ကိုင်လိုက်ကာ လျှို့ဝှက် တစ်ပိုင်း အဆင့်ကို အသက်သွင်းလိုက်၏။ သူမ၏ ခန္ဓာကိုယ်ကို လေနှင့် လျှပ်စီးတို့က ရစ်ပတ်လာကာ အသားအရေမှာ မိုးတိမ်အလား နူးညံ့လာခဲ့သည်။ ထို့နောက်... သူမ စတင်ကာ ပြေးလေတော့၏။

ဟူး... ဟူး...

“မင်းတို့ ထွက်ပြေးနိုင်မယ် ထင်နေတာလား”

မီးသွေးရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူမှာ ငွေရောင် အလင်းတန်းနှင့် အတူ ချက်ချင်း နီးပါး ဆင်းသက်လာခဲ့၏။

“နင်ရော အသက်ရှင်နိုင်မယ်လို့ ထင်လား”...

စန်းယွန်းလီ၏ လောကနယ်မြေမှာ အကန့်အသတ်အထိ ပျံ့နှံ့လာခဲ့၏။ သူမ၏ တိုက်ခိုက်ရန် စိတ်ပိုင်းဖြတ်မှုများက ပိုမို၍ ခိုင်မာလာခဲ့ပြီ ဖြစ်သည်။

မီးသွေးရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူမှာ မျက်လုံးများအတွင်း အနည်းငယ် အံ့အားသင့်သည့် အရိပ်အယောင်ဖြင့် ဆံပင်ဖြူ မိန်းမလှလေးကို စိုက်ကြည့်လိုက်လေ၏။

...

“ဘယ်လောက်တောင် ထူးခြားလိုက်တဲ့ အသွေးအသား ခန္ဓာကိုယ်လဲ... လောကရဲ့ မန်နာနဲ့ မကြုံစဖူး ညီညွှတ်နေတယ်... နောက်ပြီး သူ့ မျက်လုံးတွေထဲက အရောင်ကလည်း ထူးခြားတဲ့ စိတ်ခွန်အားရဲ့ လက္ခဏာတွေကို ဖော်ပြနေတယ်... ဒီမိန်းကလေးက ဘယ်လို စိတ်ဝိညာဉ်မျိုးကို ပိုင်ဆိုင်ထားတာလဲ... နောက်ပြီး သူ့ရဲ့ ကြယ်တာရာ အမြုတေ... အဲဒါက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ကြီးနိုင်တာလဲ... အရမ်း အရသာ ရှိမှာ သေချာတယ်”

မကောင်းဆိုးဝါး စောင့်ကြပ်သူမှာ စိတ်ထဲမှ တွေးလိုက်မိ၏။ စန်းယွန်းလီ၏ ပြင်းပြသော စိတ်ဆန္ဒနှင့် မြေကြီး ရှန့်ထို တစ်ဦးနှင့် တိုက်ခိုက်ရန် အတွက်ပင် မယိမ်းယိုင်သည့် စိတ်ဓာတ်တို့က မကောင်းဆိုးဝါး စောင့်ကြပ်သူကို အံ့အားသင့်စေခဲ့ခြင်း မဟုတ်ပါချေ။ သူမ၏ ထူးခြားသည့် ခန္ဓာကိုယ်နှင့် ကျင့်ကြံခြင်း အစိတ်အပိုင်းများကသာ သူ့ အာရုံ စူးစိုက်မှုကို ဆွဲဆောင်ခဲ့ခြင်း ဖြစ်သည်။ ပြတင်းဘောင်ထက်တွင် အရသာ ရှိသည့် အသားကင် တစ်ခုကို တွေ့လိုက်ရသလိုမျိုး သူ မည်ကဲ့သို့ အံ့အား မသင့်ပဲ နေနိုင်ပါမည်နည်း။ မည်သူက မယူပဲ နေနိုင်ပါမည်နည်း။ စားချင်စိတ်မဖြစ်ပေါ်ပဲ နေနိုင်ပါမည်နည်း။

မီးသွေးရောင် အသားအရေနှင့် မကောင်းဆိုးဝါး စောင့်ကြပ်သူမှာ ဆာလောင် မွတ်သိပ်သည့် အငတ်ဘေးနှင့် ရင်ဆိုင် နေရသည့် လူတစ်ယောက် အလား နှုတ်ခမ်းများကို လျှာဖြင့် သပ်လိုက်သည်။ လျှို့ဝှက် အာဏာရှင် အဆင့်ကို တက်လှမ်းခဲ့ပြီး ကတည်းက သေမျိုး တစ်ဦး အပေါ် ထိုကဲ့သို့ စိတ်အားထက်သန်မှုမျိုး သူ တစ်ကြိမ်တစ်ခါမှ မခံစားခဲ့ရချေ။ ထွက်ပြေးနေသည့် ကြွက်နှစ်ကောင် အပေါ် သူ အာရုံမလာတော့ချေ။ သူတို့၏ အော်ရာများကို မှတ်သားထားပီး ဖြစ်လေရာ နောက်မှသာ ထိုသရေစာလေးများကို စားဖို့ သူ ဆုံးဖြတ်လိုက်၏။

အဝေးတစ်နေရာမှ စောင့်ကြည့်နေသည့် ဝမ်မင်ယာ၏ ဝတ်ရုံများမှာ လေပြည်ညင်းနှင့် အတူ လွင့်ပါနေခဲ့သည်။ သူမက ကောင်းကင်ဘုံ၏ ကံကောင်းခြင်းနှင့် ကံဆိုးခြင်းတို့ ပေါင်းစပ်ထားသည့် အလား ထူးခြားသည့် အလှတရား တစ်ခုကို ပိုင်ဆိုင်ထားသည်။ မိန်းကလေး၏ နှုတ်ခမ်းထက်တွင်တော့ သိမ်မွေ့သည့် အပြုံးတစ်ခု ရှိနေကာ မကြာသေးမီကမှ ဆွဲထားသည့် ပန်းချီကားကို ဝေဖန်နေသည့် ပန်းချီဆရာ တစ်ယောက်လိုမျိုး ကျေနပ် နေပုံ ရသည်။ သူမက အချိန်၊ ကံကြမ္မာနှင့် စိတ်စွမ်းအင်တို့ကို သုံး၍ ဝိညာဉ် ဆက်သွယ်မှု တစ်ခုကို စန်းယွန်းလီထံ ပေးပို့လိုက်သည်။ မီးသွေးရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူပင် ထိုအချင်းအရာကို သတိမထားမိပါချေ။

“ငါ ဘာကူညီပေးရမလဲ...”

"ရတယ်... ငါ ကိုင်တွယ်လိုက်မယ်"

မကောင်းဆိုးဝါး စောင့်ကြပ်သူက ခန္ဓာကိုယ် တစ်ခုလုံးအား ဝါးမြိုဖို့ အကောင်းဆုံး နည်းလမ်းအား စဉ်းစားနေချိန်တွင် စန်းယွန်းလီက လေ၏ အလျင်ဖြင့် တုန့်ပြန်လိုက်လေတော့သည်။

***

All Chapters