← Chapters

ဗာကီရီ အဖွဲ့ဝင်များ (၁၇)

Vol. 119 Ch. 1666

ဗာကီရီ အဖွဲ့ဝင်များ (၁၇)

Vol. 119 Ch. 1666

တိုက်ပွဲနှင့် မိုင်ထောင်ပေါင်းများစွာ ကွာဝေးသည့် တစ်နေရာတွင်တော့ ဝမ်မင်ယာက အနည်းငယ် မျက်မှောင်ကြုတ် လိုက်၏။

ကောင်းကင် တာအို၏ လွှမ်းမိုးမှုများမှာ မီးသွေးရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူ အပေါ် ပြင်းထန်စွာ သက်ရောက်နေကြောင်း သူမ မြင်နိုင်ပေသည်။ ရွှေရောင် တဖျပ်ဖျပ် တောက်ပနေသည့် မျက်ဝန်းများနှင့် အတူ လူမည်းကြီး၏ ဦးခေါင်းတစ်ဝိုက် ထန်နေသည့် လှိုင်းများကို သူမ သတိထားမိ နေခဲ့သည်။

မီးသွေးရောင် မကောင်းဆိုးရွား စောင့်ကြပ်သူက စန်းယွန်းလီကို နောက်တစ်ကြိမ် ကြည့်လိုက်ရင်း မျက်မှောင်ကြုတ်လိုက်၏။ သူ၏ အရှိန်အဝါ တစ်ဖန် ပြန်လည် ရပ်တန့် သွားခဲ့သည်။

“မင်း အဲ့ဒီ ထူးဆန်းတဲ့ ခါးပတ်ကို ဘယ်က ရခဲ့တာလဲ..."

သူက သိချင်စိတ်ဖြင့် မေးလိုက်၏။ မိန်းကလေး၏ ကြယ်တာရာ ခြေချခြင်း ခါးပတ်ကို သူ သတိပြုမိလိုက်သည်။ ၎င်းမှာ ဖြည်းညင်းစွာ လည်ပတ်ရင်း သူ၏ လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်ကို စုပ်ယူ နေခဲ့သည်။ ထိုကြောင့်ပင် လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်၏ စွမ်းအားမှာ စန်းယွန်းလီ အပေါ် သက်ရောက်မှု မရှိနေခြင်း ဖြစ်သည်။

“ဒီသောက်ကောင်...”

ဝမ်မင်ယာ စိတ်တိုလာခဲ့၏။ သူမ၏ မျက်လုံးများက အနည်းငယ် ပိုမို တောက်ပလာခဲ့ကာ ဝတ်ရုံများထဲ၌ လက်တစ်ဖက်ကို ဝှက်ရင်း လက်ဟန်ချိပ်စည်း အများအပြားကို ပုံဖော်လိုက်သည်။ ထိုကဲ့သို့ လုပ်လိုက်သည်နှင့်အမျှ သူမ၏ မျက်နှာ အသားအရေမှာ ပိုမို၍ ပိုဖြူဖျော့လာခဲ့၏။

"နင် မပြောရင် ငါ ကိုယ်တိုင် ရှာရမှာပေါ့..."

မကောင်းဆိုးဝါး စောင့်ကြပ်သူ၏ အမူအရာက ပြောင်းလဲ သွားကာ အော်ဟစ်လိုက်ပြန်၏။ သူ၏ အသံမှာ အလွန်ပင် ကျယ်လောင်လွန်းရကား ကောင်းကင်နှင့် မြေကြီးပင် တုန်ဟီး သွားလေသည်။ ထို့နောက် သူက ရှေ့ကို ခြေတစ်လှမ်း တိုးလိုက်ပြန်၏။

စန်းယွန်းလီက လက်ဖဝါးကို ရှေ့သို့ ဆန့်ထုတ်ကာ ကြယ်တာရာ စွမ်းအင်များကို သွန်းလောင်းထည့်လိုက်သည်။ သူမ၏ လက်ချောင်းထိပ်များတွင် မှိန်ဖျော့၍ လှပသည့် အဖြူရောင် မီးတောက်များ ထွက်ပေါ်လာခဲ့၏။ တစ်ခုချင်းစီတွင် လျှို့ဝှက် သင်္ကေတ တစ်ခုစီ ပါဝင်နေသည်။ အကယ်၍ သေချာ သတိထားကြည့်မည် ဆိုပါက မိန်းကလေး၏ လက်ညိုးထိပ်ရှိ သင်္ကေတမှာ ကောင်းကင် ရှန့်ထိုအဆင့် အရှိန်အဝါကိုပင် မှိန်ဖျော့စွာ ထုတ်လွှတ်နေကြောင်း‌ တွေ့မြင်ရလိမ့်မည် ဖြစ်သည်။

ဘုန်း...

တစ်ချိန်တည်းတွင်ပင် သူမ၏ ကြယ်တာရာ အမြုတေ အတွင်းရှိ မူလအဆင့်မှာ နိုးထလာကာ ထူးခြားသော စွမ်းအားများကို အသုံးပြု၍ လက်ညိုးထိပ်ရှိ သင်္ကေတနှင့် ချိတ်ဆက် သွားခဲ့၏။

ကောင်းကင် သင်္ကေတ...

မန်နာ လွှမ်းမိုးမှု...

လောက အကျဉ်းထောင်...

ကောင်းကင်ဓာတ်ကို ဆုံးရှုံးပြီး နောက်တွင် စန်းယွန်းလီမှာ ကောင်းကင်ဘုံ လမ်းစဉ် စာအုပ်၏ ညွှန်ပြမှု အတိုင်း ယွင်ချွဲ၏ ကံကြမ္မာ တစ်ခုကို ရှာဖွေ တွေ့ရှိခဲ့သည်။ သူမ ထိုအရာကို မတုန့်မဆိုင်းပင် ရယူခဲ့သည်။ ၎င်းမှာ အလွန် အားကောင်းခြင်း မရှိသော်လည်း ကောင်းကင်ရှန့်ထို တစ်ဦး ထားကဲ့သို့ လျှို့ဝှက် သင်္ကေတ လေးခုကို သိမ်းပိုက်ရာတွင် ပိုမို၍ အသာစီး ရရှိစေခဲ့သည်။

“ဘာလဲ...”

ရုတ်တရက်... မီးသွေးရောင် မကောင်းဆိုးရွား စောင့်ကြပ်သူမှာ အံ့အားသင့်သွားခဲ့၏။ သူ၏ နှာခေါင်းမှ အနီရောင် သွေးစီးကြောင်း တစ်ခု စီးကျလာခဲ့သည်။ သူက ပုံမှန် မဟုတ်စွာပင် လှုပ်ရှားမှုကို ရပ်တန့် လိုက်၏။ ဝမ်မင်ယာကတော့ လူမည်းကြီး၏ ဦးခေါင်း တစ်ဝိုက်၌ ရွှေရောင်လှိုင်းများ အတိုင်းအဆမဲ့ ပမာဏ အထိ တိုးမြင့်လာသည်ကို တွေ့မြင်လိုက်ရလေသည်။

မီးသွေးရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူမှာ ပတ်ဝန်းကျင်ရှိ မန်နာ ထိန်းချုပ်မှုမှ လုံးဝ လွတ်ကင်းသွားသလို ခံစားလိုက်ရသည်။ သူ ထိန်းချုပ်နိုင်သည့် စွမ်းအားများမှာ စိန်ခေါ်ခံနေရပြီ ဖြစ်သည်။ သူ ရှုံးနိမ့် နေခဲ့ပြီလော။

ဝမ်မင်ယာက နောက်တစ်ကြိမ် လှုပ်ရှားလိုက်ပြန်၏။ သူမက လက်ဟန်ချိပ်စည်း အများအပြားကို ပုံဖော်လိုက်သည်။ မိန်းကလေး၏ ကံကြမ္မာ စွမ်းအင်များမှာ မကြုံစဖူး နှုန်းဖြင့် ကုန်ခန်းသွားခဲ့၏။ သူမ၏ မျက်နှာက သုံးဆမျှ အထိ ပိုမို၍ ဖြူဖျော့ သွားခဲ့သည်။ သွေးများက လည်ချောင်းအတွင်း ပြို့တက်လာသော်လည်း သူမ ပြန်လည်၍ မျိုချလိုက်ရ၏။ ဝမ်မင်ယာ ရွှေရောင် ဆေးရည် တစ်ခုကို ထုတ်ယူကာ သောက်ချလိုက်သည်။ ချက်ချင်းနီးပါးပင် သူမ၏ အသားအရေမှာ ပုံမှန် ပြန်ဖြစ်လာခဲ့၏။

"သေစမ်း..."

မီးသွေးရောင် မကောင်းဆိုးရွား စောင့်ကြပ်သူမှာ ပြင်ပ အတွေးများအ တွင်းမှ ပြန်လည်၍ ရုန်းထွက်လာကာ သူ၏ အစစ်အမှန် ဗီဇနှင့် ဆန္ဒကို ပြန်လည်၍ ပြသလာခဲ့ပြန်သည်။ မည်သည့် လွှမ်းမိုးမှုမှ မရှိဘဲ သူ နှလုံးသား၏ လမ်းညွှန်မှုကို အတိအကျပင် လိုက်နာလာခဲ့၏။ သူက လက်သီးကို ဆုပ်လိုက်ကာ ရုပ်ပိုင်းဆိုင်ရာ ခွန်အားများကို စုစည်းလိုက်သည်။ ထို့နောက် အဆင့်သုံး တိုက်ခိုက်ရေး ကျင့်စဉ် တစ်ခုကို ဖော်ထုတ်လိုက်တော့၏။

ဘုန်း...

အလွန်တရာ ကြီးမားလှသည့် မီးခိုးနက်ရောင် လက်ဖဝါးကြီး တစ်ခု ပေါ်လာခဲ့သည်။ ၎င်းမှာ စန်းယွန်းလီကို အုပ်မိုးထားခဲ့၏။ ၎င်းက မိုင်ထောင်ပေါင်းများစွာ ကျယ်ပြန့်လှသော ကောင်းကင်ကို တောင်ကြီးတစ်လုံးစဖွယ် ဖုံးအုပ်ထားသည်။ လက်ဖဝါးကြီးမှာ စန်းယွန်းလီကို ကြိတ်ချေတော့မည် ဖြစ်သည်။

ထိုသေမျိုး မိန်းကလေးမှာ အလွန် ခြိမ်းခြောက်နိုင်စွမ်း ရှိသူ တစ်ယောက် ဖြစ်လေရာ သူမကို အလွတ်ပေးလို့ မရတော့ချေ။ အကယ်၍ အပိုင်းပိုင်း အစစ ပျက်စီးသွားမည် ဆိုလျှင်ပင် သူ တစ်ခုချင်းစီကို လိုက်ရှာ၍ စားသုံးမည် ဖြစ်သည်။

အလွန် အစွမ်းထက်သည့် တိုက်ခိုက်မှုတစ်ခုကို မြင်တွေ့လိုက်ရလေရာ စန်းယွန်းလီ ၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့၏။ သူမက ချက်ချင်းပင် ထိုခြိမ်းခြောက်မှုကို ဖယ်ရှားရန် အတွက် အခြား ရတနာ တစ်ခုကို ထုတ်သုံးဖို့ ပြင်လိုက်သည်။ ထိုအခိုက်တွင်ပင် လျှို့ဝှက် ဆန်းကြယ်သည့် အလင်းတန်း တစ်ခုမှာ မီးသွေးရောင် မကောင်းဆိုးရွား စောင့်ကြပ်သူထံသို့ ဦးတည်၍ တိုးဝင် လာခဲ့၏။

"ဘာလဲ..."

လူမည်းကြီးမှာ အံ့အားသင့် သွားခဲ့သည်။ ထိုတိုက်ခိုက်မှုက အချိန်ကိုက် လွန်းပေသည်။ သူက ခြေချခြင်း အဆင့် စွမ်းအင်ကို ထုတ်လွှတ်လိုက်ရုံမျှသာ ရှိပေသေးသည်။ ယခုတစ်ဖန် ခုခံရန် အကြောင်းပေါ်လာသော အခါ သူ သုံးဆယ် ရာခိုင်နှုန်းမျှဖြင့်ပင် လုပ်ဆောင်နိုင်ခဲ့၏။

ဘုန်း...

ပြင်းထန်သည့် ထိပ်တိုက်တွေ့ဆုံမှုတစ်ခု ဖြစ်ပေါ်လာကာ လူမည်းကြီးမှာ နောက်သို့ လွင့်ထွက်သွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်ကြီးမှာ မိုင်ထောင်ပေါင်းများစွာ ကွာဝေးသော တစ်နေရာသို့ ရောက်ရှိသွားခဲ့၏။

သူ့ကို ထိမှန်ခဲ့သည့် လျှို့ဝှက် လျှို့ဝှက် အလင်းရောင်မှာ နောက်မှ အဆက်မပြတ် လိုက်လံနေဆဲ ဖြစ်သည်။ ၎င်းက အဆင့်ခြောက် ခြေချခြင်း ကျင့်စဉ် တစ်ခုကို သုံးကာ လှံတစ်စင်းကိုပင် ထုတ်လွှတ်လိုက်၏။ ၎င်းက တဒင်္ဂအတွင်းမှာပင် မိုင်ပေါင်း ဆယ်နှင့်ချီ ကြီးမားသည့် မီးတောက်လှံကြီး တစ်ခု ဖြစ်လာကာ မီးသွေးရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူကို ရိုက်ခတ်လိုက်လေသည်။

စန်းယွန်းလီ စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်မိ၏။ နောက်ဆုံး၌ သူတို့က စတင် လှုပ်ရှားလာခဲ့ပြီ ဖြစ်သည်။

"...”

ဝမ်မင်ယာ၏ မျက်လုံးများက အနည်းငယ် ပြူးကျယ်သွားခဲ့၏။ သို့သော်လည်း သူမက လျင်မြန်စွာပင် စန်းယွန်းလီကို ထူးခြားသော ဝိညာဉ် ဆက်သွယ်မှုမှ တစ်ဆင့် အသံပို့လွှတ်လိုက်သည်။

"အဲ့ဒါကို လုပ်ဖို့ အတော်လေး ခက်ခဲတယ်"

စန်းယွန်းလီမှာ နောက်ဆုံး အချိန်လေးတွင် ဝမ်မင်ယာ၏ ကံကြမ္မာ အော်ရာကို သတိပြုမိခဲ့သည်။ သူမက ထိုစွမ်းအားဖြင့် ဘာလုပ်ရန် ရည်ရွယ်နေသည်ကို သူမ သံသယ ဝင်ခဲ့မိသည်။

သို့သော်လည်း ထိုစကားကို ကြားပြီးနောက်တွင်တော့... သူမ၏ သံသယ အားလုံးက ရှင်းလင်း သွားခဲ့ပြီ ဖြစ်သည်။ သူမက ကျေးဇူးတင်သည့် အရိပ်အယောင်ဖြင့် ဝမ်မင်ယာဘက်ကို လှမ်းကြည့်လိုက်၏။ ဖြစ်စဉ်များကို လွှမ်းမိုးနိုင်သည့် ကောင်းကင် နိမိဖတ် ပညာရှင်များ၏ စွမ်းရည်မှာ အတော်လေး ထူးခြားလှသည်။ စန်းယွန်းလီ အပြည့်အဝ နားမလည်သော်လည်း ကောင်းကင် နိမိတ်ဖိတ် ပညာရှင်များမှာ လူတစ်ဦး၏ ကံကောင်းခြင်းကို ဆောင်ကျဉ်းနိုင်သလို အချိန်မတန်မီ သေဆုံးမှုကိုလည်း တိုက်ရိုက် ဦးတည်သွားစေနိုင်ကြောင်း သိရှိခဲ့သည်။ ထိုအကြောင်းအရာကို မင်ရှုဖုန်းထံမှ သူမ လေ့လာခွင့် ရရှိခဲ့သည်။

"ကျေးဇူးတင်ပါတယ်..."

စန်းယွန်းလီ နှလုံးသားအတွင်းမှ ရိုးသားစွာ ပြောကြားလိုက်၏။ သို့သော်လည်း သူမ ထိုနေရာတွင် ဆက်နေရန် မဝံ့ရဲလေရာ ပတ်ဝန်းကျင် ပေါင်းစည်းခြင်း ဝတ်ရုံ၏ အစွမ်းကို အသုံးပြုကာ ထွက်ပြေးလေတော့သည်။ ၎င်းနှင့် ဆိုပါက မကောင်းဆိုးဝါး စောင့်ကြပ်သူမှာ သူမကို လုံးဝ ရှာတွေ့တော့မည် မဟုတ်ပါချေ။

ထိုဝတ်ရုံကို ဗလာဝတ်ရုံဟု ခေါ်ကာ ရှေးဟောင်းနယ်မြေ တစ်ခု၌ ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ လျှို့ဝှက် လောကအဆင့် ရတနာ တစ်ခု ဖြစ်သော်လည်း စတင်တွေ့ရှိခဲ့သည့် အချိန်တုန်းက ဆိုးဆိုးရွားရွား ပျက်စီးနေခဲ့သည်။ ၎င်းအား ပြုပြင်ရန် အတွက် ဝိညာဉ်ကျောက်စိမ်း အတွင်းမှ ရှေးဟောင်း ဝိညာဉ်၏ အကူအညီကိုပင် စန်းယွန်းလီ ယူခဲ့ရသည်။ ထိုဝတ်ရုံ၏ အကူအညီဖြင့်ပင် သူမ ယီယွင်တို့ အနားသို့ တိတ်တဆိတ် ချဉ်းကပ်သွားနိုင်ခဲ့ခြင်း ဖြစ်သည်။ ကံဆိုးတာ တစ်ခုက ထိုဝတ်ရုံမှာ သူမ တစ်ဦးတည်း အတွက်သာ အလုပ်ဖြစ်ခြင်းပင်။

ဝှစ်...

နေရောင်ခြည်နှင့် ထိတွေ့လိုက်ရသည့် အရိပ်တစ်ခုလိုမျိုး မိန်းကလေး၏ တည်ရှိမှု တစ်ခုလုံးမှာ မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် ပျောက်ကွယ်သွားခဲ့၏။

ဝမ်မင်ယာကတော့ မီးသွေးရောင် မကောင်းဆိုးဝါး စောင့်ကြပ်သူနှင့် တိုက်ခိုက်နေသည့် ပုံရိပ်ကို လှမ်း၍ အကဲခတ် နေခဲ့သည်။ ထိုပုဂ္ဂိုလ်မှာ မျိုးနွယ်များမှ သဘောတူညီထားသည့် မြေကြီးရှန့်ထို ကိုးဦးထဲမှ မဟုတ်ပါချေ။ သို့သော်လည်း... မီးစွမ်းအင် အပေါ် သူမ၏ ကျွမ်းကျင်မှုက လောကကိုပင် တုန်လှဒပ်စေနိုင်စွမ်း ရှိသည်။ သူမက လူမည်းကြီးကို သိသိသာသာပင် အသာစီးယူ တိုက်ခိုက် နေခဲ့သည်။ အကယ်၍ ထူးခြားသော အသားအရေကို ပိုင်ဆိုင်ထားခြင်းကြောင့်သာ မဟုတ်ပါက လူမည်းကြီးမှာ မီးကျွမ်းမှုကြောင့် မည်းတူး နေလောက်ပြီ ဖြစ်သည်။

ရုတ်တရက် ဝမ်မင်ယာက တောက်ပစွာ ပြုံးလိုက်၏။ သူမ၏ မျက်ဝန်းများအတွင်း ယှဉ်ပြိုင်လိုသော အလင်းရောင် တစ်ချက် လက်သွားကာ အပြောကျယ်လှသော ကောင်းကင်ကို မော့ကြည့်လိုက်သည်။

‘နောက်တစ်ကြိမ် ငါ နည်းနည်း ပိုကြိုးစားရတော့မယ် ထင်တယ်’

***

All Chapters