← Chapters

ဇနီးမောင်နှံကြားမှ ချိုမြိန်မှုလေးများ

Vol. 36 Ch. 538

ဇနီးမောင်နှံကြားမှ ချိုမြိန်မှုလေးများ

Vol. 36 Ch. 538

"ရှင် ကျွန်မကို ဘယ်လောက်ချစ်တယ်ဆိုတာ သက်သေပြလေ"

ရှောင်းကျဲယွိက စူးချင်းကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။ သူက သူ့ဇနီးကို နောက်ပြောင်နေခဲ့သော်လည်း အထူးသဖြင့် စူးချင်း၏ဗိုက်လေးကို မထိမိစေရန် သူ့လုပ်ရှားမှုများကို သတိထားနေခဲ့သည်။

သူက သူ့မွေးစားဖခင်နောက်သို့ လိုက်ကာ ဆေးပညာကို နှစ်အတော်ကြာ သင်ကြားလေ့လာခဲ့သူ ဖြစ်သည်။ အထူးသဖြင့် ကြီးမားသည့် လှုပ်ရှားမှုများ မဟုတ်လျှင် ဇနီးမောင်နှံအချင်းချင်း ရင်းနှီးမှု ရယူနိုင်သည်ကို သူ သိထားသည်။ သို့သော်လည်း ရှောင်းကျဲယွိက စောင့်ထိန်းနေဆဲဖြစ်ကာ ပါးစပ် အရသာခံ စနောက်နေခြင်းသာ ဖြစ်သည်။

“ကောင်းပြီလေ၊ ဒါဆို အခုပဲ သက်သေပြလိုက်မယ်”

စူးချင်းက ယခုအချိန်တွင် သူမကိုယ်သူမ ထိန်းသိမ်းရမည်ဟု သိထားသည်။ သို့သော်လည်း ရှောင်းကျဲယွိ၏ မျက်လုံးများမှ ညစ်ကျယ်ကျယ်အပြုံးများကို မြင်လိုက်ရသောကြောင့် သူမက သူ့ကို တမင်တကာ စနောက်နေခြင်း ဖြစ်သည်။ ဇနီးမောင်နှံနှစ်ဦးက အချင်းချင်း ပွေ့ဖက်ကာ ပရောပရီလုပ်နေကြပြီး ပို၍ ရင်ခုန်စိတ်လှုပ်ရှားလာကြသည်။

စူးချင်းက သူ့အပေါ် အကျောမခံ ဖြစ်နေသည်ကို မြင်လိုက်ရသောကြောင့် ရှောင်းကျဲယွိတစ်ယောက် ထိတ်လန့်သွားပြီး ဆက်မစနောက်ရဲတော့ပေ။

သူ ဘယ်လောက်ပဲ ဆန္ဒရှိပြီး သူ ဘယ်လောက်ပဲ စိတ်အားထက်သန်နေပါစေ ချင်းအာနဲ့ သူမရဲ့ဗိုက်ထဲက ကလေးလေး ထိခိုက်မှာကို သူ မလိုလားပါဘူး။

နောက်ဆုံးတွင် ရှောင်းကျဲယွိက စူးချင်း၏ လှပသော အပြုံးလေးများကို ကြည့်နေရင်း သူ့ခေါင်းကို ခိုကိုရာမဲ့ ခါယမ်းကာ သက်ပြင်းချလိုက်သည်။

"ကျစ်၊ ထားလိုက်ပါတော့၊ လနည်းနည်းလောက်ပဲ စောင့်ရမှာပါ"

သို့သော်လည်း သူ သူမကို ဘာမှမလုပ်နိုင်လျှင်ပင် သူ သူမကို စိတ်ကြိုက်နမ်းနိုင်သေးသည်။ သူ့ရင်ခွင်ထဲမှ အလှလေးကို ငုံ့ကြည့်နေသည့် ရှောင်းကျဲယွိ၏မျက်လုံးများက နက်မှောင်လာပြီး သူက သူ့ခေါင်းကို ထပ်ငုံ့ကာ စူးချင်း၏နှုတ်ခမ်းလေးများကို နမ်းရှိုက်လိုက်သည်။ လေထုထဲတွင် ချိုမြိန်မှုများ ပြည့်နှက်နေပြီး ရှောင်းကျဲယွိကတော့ မီးထဲသို့ ပစ်ချခံလိုက်ရသလို ခံစားနေရသည်။

"သခင်ငယ်ကို သတင်းပို့ပါတယ်၊ လုံလင်း ပြန်သတိရလာပါပြီ"

ရှောင်းကျဲယွိ သူ့အင်္ကျီကို ဆွဲချွတ်ခါနီးတွင် အပြင်ဘက်မှ သတင်းပို့လိုက်သည့် စစ်သည်တစ်ယောက်၏အသံကို ကြားလိုက်ရသည်။

“သိပြီ”

ရှောင်းကျဲယွိက သူ့အဝတ်အစားများ သပ်ရပ်သွားအောင် အမြန်ပြန်ပြင်လိုက်ပြီး သဲစားပွဲပေါ်ကို မှီနေသော စူးချင်းကို လှမ်းကြည့်လိုက်သည်။ စူးချင်းကလည်း ချစ်စရာကောင်းသော အပြုံးဖြင့် သူ့ကို ပြန်ကြည့်နေပြီး သူမ၏ ထိုအပြုံးက ဆိုးသွမ်းသော ချစ်စရာ ကြောင်ပေါက်လေးကို မြင်ယောင်စေသည်။

သူမ ဘာမှပြောစရာဘဲ ထိုသို့မှီကာ ပြုံးနေရုံဖြင့် သူမ၏တောက်ပသော မျက်လုံးများက ရှောင်းကျဲယွိအား ဆွဲဆောင်ရန် လုံလောက်နေပြီ ဖြစ်သည်။

တကယ်တော့ ချင်းအာသာ လိုချင်ရင် သူမက ဒီကမ္ဘာပေါ်မှာရှိတဲ့ ယောက်ျားတိုင်းကို ဆွဲဆောင်နိုင်မှာ သေချာတယ်။ ယောက်ျားတစ်ယောက်က ဘယ်လောက်ပဲ သန်မာနေပါစေ သူမရဲ့ ကြည်လင်လင်းလဲ့နေတနဲ့ အကြည့်လေးတွေကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူးလေ။

ရှောင်းကျဲယွိတစ်ယောက် တဲထဲမှ ထွက်သွားခဲ့သော်လည်း စူးချင်းကို ပြန်လှည့်မကြည့်ဘဲ မနေနိုင်ပြန်ပေ။

သူရဲ့ ဒီလှပတဲ့နွေဦးလေးကို အခြားသူတွေ လိုချင်တပ်မက်လာမှာကို သူ စိုးရိမ်တယ်။ သူမအကြောင်းက လွဲရင် ဘာမှ မတွေးချင်‌တော့ဘူး။ အလုပ်တွေလည်း မလုပ်ချင်တော့ဘူး။

ကံကောင်းထောက်မစွာဖြင့် သူ ပြန်လှည့်ကြည့်လိုက်ချိန်တွင် စူးချင်းက တည့်တည့်မတ်မတ် ပြန်ထိုင်နေပြီ ဖြစ်သည်။ သူမက ချုပ်လက်စ ကလေးအဝတ်များကို ကောက်ယူကာ ဆက်ချုပ်နေလေသည်။ ရှောင်းကျဲယွိက သူမအတွက် စိုးရိမ်နေဆဲ ဖြစ်ပြီး သူမကို သဲစားပွဲပေါ်မှ ဆင်းခိုင်းရန် ပြန်လျောက်လာခဲ့သည်။

“ဒီစားပွဲက အရမ်းမြင့်တယ်။ ပြုတ်ကျမှာ မကြောက်ဘူးလား?"

ရှောင်းကျဲယွိ၏ ရင်ခွင်ထဲသို့ ရောက်သွားပြန်သော စူးချင်းက သူ့၏ချောမောသော မျက်နှာကို ကြည့်နေပြီး ညင်ညင်သာသာ ပြုံးကာ တုံ့ပြန်လိုက်သည်။

"အင်းပါ၊ နောက်ဆို ကျွန်မ သတိထားပါ့မယ်"

ယခုအချိန်တွင် စူးချင်းက စစ်မြေပြင်၌ လူများကို မညှာမတာ သတ်လေ့ရှိသည့် စစ်နတ်ဘုရားမ မဟုတ်တော့ဘဲ ချစ်မြတ်နိုးရသူ၏ ရင်ခွင်ထဲမှ ဇနီးလိမ္မာလေးတစ်ဦးသာ ဖြစ်သည်။

ရှောင်းကျဲယွိက စိတ်မထိန်းနိုင်ဘဲ သူမ၏နဖူးလေးကို ထပ်နမ်းလိုက်သည်။

"ကိုယ် ပြန်လာတာကို စောင့်နေ။ ခဏနေရင် ကိုယ်ပြန်လာခဲ့မယ်"

“အင်း”

စူးချင်းက သူမ အပြုံးလေး တုံ့ပြန်လိုက်သည်။ သို့သော်လည်း သူမက ရှောင်းကျဲယွိ တဲထဲမှ ထွက်သွားသည်ကို ကြည့်နေရင်း မျက်ခုံးများ တွန့်ချိုးနေပြန်သည်။

တကယ်တော့ သူမမှာ အနားယူဖို့ အချိန်မရှိဘူး။ သူမ မော်တာကျည်တွေ လုပ်ဖို့ အလျင်လိုနေပြီ။

ရှောင်းကျဲယွိက မော်တာကျဉ်ခွံလေးခုသာ ထုလုပ်ပေးထားခဲ့သည်။ အကြောင်းရင်းမှာ သူ့ထံတွင် နေ့စဥ်ရက်ဆက် လုပ်စရာများ ရှိနေတတ်ပြီး လူတိုင်းက သူ့ထံသို့ အဆက်မပြတ် သတင်းပို့ကာ နောက်ထပ် ဆက်လုပ်ရမည့်အစီအစဥ်များအတွက် အမိန့်များ လာတောင်းလေ့ရှိကြသည်။ ထို့ကြောင့် သူ အလုပ်မတွင် ဖြစ်နေခြင်းပင်။

လုံလင်း၏တပ်မကြီးတစ်ခုလုံး ပျက်သုဉ်းသွားသည်ကို သိပြီးနောက် မြို့တော်မှ လူများ ထပ်လွှတ်မည်ကို စူးချင်း စိုးရိမ်နေခဲ့သည်။ မော်တာကျည်များ နှင့် လက်ပစ်ဗုံးများ မရှိလျှင် သူမတို့က ဝမ်မိသားစုစစ်တပ်၏ မြင်းစစ်သည်တပ်ဖွဲ့ကို တွန်းလှန်ရန် မြို့တွင်းရှိ စစ်သည်တစ်ထောင်နှင့် သာမန်ပြည်သူများကိုသာ အားကိုးကြရလိမ့်မည်။ ထိုအရာက ကျောက်တောင်ကို ကြက်ဥနှင့် ပစ်ပေါက်သလိုသာ ဖြစ်နေပေလိမ့်မည်။

ထို့ကြောင့် သူမ ခဲယမ်းမီးကျောက်များနှင့် လက်ပစ်ဗုံးများ ပြုလုပ်ရန် ဤအချိန်ကို အကောင်းဆုံး အသုံးချရမည်ဟု စူးချင်း ဆုံးဖြတ်လိုက်သည်။ စနစ်ထဲတွင် လက်ပစ်ဗုံး အလုံးနှစ်ဆယ်ကျော်သာ ကျန်ရှိနေပြီး ဝမ်မိသားစု၏စစ်သည် ထောင်ပေါင်းများစွာကို တိုက်ချင်ရန် မလုံလောက်တော့ပေ။ ထို့ကြောင့် စူးချင်းက ရှောင်းကျဲယွိ မအားလပ်သည်ကို အခွင့်ကောင်းယူကာ မော်တာကျည်များ ထပ်လုပ်ရန် ထွက်သွားတော့သည်။

မြို့တော်ဘက်တွင်လည်း ဝမ်ယွိလင်က နဂါးပလ္လင်ပေါ်တွင် ထိုင်နေပြီး နန်းတော်ခန်းမထဲမှ အရာရှိများကို မှုန်မှိုင်းသောမျက်နှာဖြင့် ကြည့်နေလေသည်။

ညီလာခံထဲက အရပ်ဘက်နဲ့ စစ်ဘက်အရာရှိတွေ အားလုံး ဘာမှ အသုံးမကျဘူးလို့ သူခမည်းတော် ပြောလေ့ရှိတာ အံ့သြစရာ မဟုတ်တော့ဘူး။ အခု ဒီအရေးကြီးတဲ့အခိုက်အတန့်မှာ ဘယ်သူကမှ အကြံဥာဏ်ကောင်းတွေ မပေးနိုင်ကြတော့ဘူး။

"အရှင်မင်းမြတ်၊ စစ်သူကြီးလုံ တစ်ခုခု ဖြစ်နေပြီလို့ ကျွန်တော်မျိုး တွေးထင်မိပါတယ်၊ အဲ့ဒါကြောင့်ပဲ စစ်ရေးအစီရင်ခံစာကို အချိန်မီ မပေးပို့နိုင်တာ ဖြစ်ပါလိမ့်မယ်"

“မှန်ပါတယ် အရှင်မင်းမြတ်၊ နှစ်ဦးနှစ်ဘက် စစ်ဖြစ်နေလို့ ရှုပ်ထွေးနေပြီး စစ်ရေးသတင်းတွေ ပို့ဖို့နောက်ကျနေတာလည်း ဖြစ်နိုင်ပါတယ်”

ရာထူးဝန်ဌာနမှ ဝန်ကြီးက ဦးစွာ လျောက်တင်လာသည်။ သူက လုံလင်း၏ ယောက္ခမ ဖြစ်သောကြောင့် လုံလင်းအတွက် စကားလုံးကောင်းများ လျောက်တင်နေလေသည်။

ပုံမှန်ဆို တပ်မှူးတာဝန်ကို ယူထားတဲ့ စစ်သူကြီးက နေ့စဉ် စစ်ရေးအစီရင်ခံစာတွေ ပေးပို့ရတယ်။ ခြောက်ရက်၊ ခုနစ်ရက်အထိ ရုတ်တရက် သတင်းတွေ မရောက်လာခဲ့ရင် ဧကရာဇ်က ဒေါသဖြစ်လာလိမ့်မယ်။ အခုလည်း ဧကရာဇ်က လုံလင်းကို အပြစ်တင်မှာ သူ ကြောက်တယ်လေ၊ ဒါပေမယ့်လည်း သူ တက်နိုင်သမျှက ဒီလိုစကားကောင်းတွေ ပြောပေးဖို့ပဲ။

သူ ပါးစပ်ကို ဖွင့်လိုက်သည်နှင့် ထုံးစံအတိုင်း သူ့နောက်လိုက်များက လိုက်လျောက်တင်လာကြသည်။ မည်သို့ပင်ဆိုစေကာမူ မည်သူကမျှ အဖိုးတန်သော အကြံဉာဏ်များကို မပေးနိုင်ကြချေ။

ဝမ်ယွိလင်က နဂါးပလ္လင်၏လက်တန်းများကို သူ့လက်နှစ်ဖက်ဖြင့် တင်းနေအောင် ဆုပ်ကိုင်လိုက်သည်။ သူ့မျက်နှာက မည်းမှောင်လွန်းနေပြီး မှင်များ ထွက်ကျတော့မယောင် ဖြစ်နေလေသည်။

ဒီလူအိုကြီး‌‌တွေက ညီလာခံမှာ လာကစားနေကြတာလား?

သူအမုန်းဆုံးက သူ့အောက်က အရာရှိတွေက သူ့ကို လှည့်စားတာပဲ။

ဒီဝန်ကြီးကျန်းက သူရဲ့ပြောင်းပြန်ကြေးခွံကို ထိဝံ့တယ်ပေါ့။

ဝမ်ယွိလင်က သံသယများသော စရိုက်ရှိသူ ဖြစ်ပြီး ဝန်ကြီးကျန်းနှင့် လုံလင်းတို့နှစ်ဦးစလုံးက အရပ်ဘက်နှင့် စစ်ဘက်တွင် အရေးကြီးသော ရာထူးများတွင် တာဝန်ယူထားကြသည်ဟု သူ ရုတ်တရက် အတွေးဝင်လာခဲ့သည်။

သူတို့က သူတို့ဘာသာ တပ်ဖွဲတွေ ဖွဲ့စည်းခဲ့ပြီး ပုန်ကန်ချင်နေတာတောင် ဖြစ်နိုင်သေးတယ်။

သံသယများ ဝင်လာသည်နှင့်တပြိုင်နက် ဝမ်ယွိလင်က သူတို့နှစ်ယောက်ကို အရေးပါသည့် နေရာများ မပေးထားချင်တော့ပေ။ သူက ဝန်ကြီးကျန်းနှင့် ပညာရှင်လီ၏ မျက်နှာများကို တစ်လှည့်စီကြည့်နေကာ သူမျက်နှာပေါ်၌ ကောက်ကျစ်သောအကြည့်များ ဖြတ်ပြေးသွားသည်။ ထိုအကြည့်များတွင် အဆိပ်များ ပြည့်နေပုံရပြီး ပညာရှင်လီနှင့် ဝန်ကြီးကျန်းတို့နှစ်ယောက်စလုံး တုန်လှုပ်သွားကြသည်။ သူတို့က ထိုအကြည့်ကို ရင်ဆိုင်ရန် နေနေသာသာ ပြန်ပင်မတွေ့ရဲကြတော့ပေ။

"လာကြစမ်း၊ သူတို့ကို ပြစ်ဒဏ်စီရင်ရေးဌာနဆီ ဆွဲခေါ်သွားလိုက်"

ထိုလူနှစ်ယောက်က သူ့အကြည့်များကို ရင်မဆိုင်ရဲလေလေ ဝမ်ယွိလင်က သူတို့ထံတွင် သစ္စာမဲ့သည့် ရည်ရွယ်ချက်များ ရှိနေသည်ဟု တွေးလေလေ ဖြစ်နေခဲ့သည်။ သူက သူ့အင်္ကျီလက်အနားစကို ဝှေ့ရမ်းလိုက်ပြီး တော်ဝင်သက်တော်စောင့်များအား အမိန့်ပေးကာ ထိုလူများကို တရားရေးနှင့် ပြစ်ဒဏ်စီရင်ရေးဌာန၌ အကျဥ်းချခိုင်းလိုက်သည်။

ဝန်ကြီးကျန်းနှင့် ပညာရှင်လီတို့ကလည်း သူတို့ လုံလင်းအတွက် စကားကောင်းတစ်ခွန်းပြောပေးရုံဖြင့် စစ်ဆေးခံရန် စစ်ကြောရေးဌာနသို့ ခေါ်ဆောင်သွားခံရမည်ဟု မမျှော်လင့်ထားကြပေ။

အဲဒါက ဘယ်လိုနေရာမျိုးလဲ? အန္တရာယ်ရှိတဲ့ သရဲတစ္ဆေတွေတောင် အဲ့နေရာက မရုန်းထွက်နိုင်ကြဘူး၊ သူတို့ဆိုရင် အရေခွံတောင် အခွာခံရနိုင်တယ် မဟုတ်ဘူးလား?

"အရှင်မင်းမြတ် ခွင့်လွှတ်ပေးတော်မူပါ၊ ကျွန်တော်မျိုးတို့ကို သက်ညှာပေးတော်မူပါ"

ပညာရှင်လီနှင့် ဝန်ကြီးကျန်းတို့က ကြမ်းပြင်ပေါ်သို့ ဒူးထောက်ထိုင်ချကာ ဦးတိုက် တောင်းပန်နေကြသည်။ သူတို့၏နဖူးမှ သွေးများ ထွက်လာသောလည်း သူတို့ လုံးဝ မရပ်တန့်ရဲဘဲ ဆက်တိုက်ဦးတိုက်ကာ တောင်းပန်နေကြသည်။

သူတို့ ဦးတိုက်တောင်းပန်လို့ ခေါင်းကွဲသွားရင် ပြန်ကုသလို့ ရတယ်လေ။ ခေါင်းပြုတ်သွားရင်တော့ တစ်ခါတည်းလမ်းဆုံးပြီ။

ဝမ်ယွိလင်က သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး တော်ဝင်သက်တော်စောင့်များက သူတို့ကို ညီလာခံခန်းမထဲမှ ခွေးသေကောင်ကဲ့သို့ ဆွဲထုတ်သွားကြသည်။

ညီလာခံခန်းမကြီးက လုံးဝ တိတ်ဆိတ်နေပြီး ဝန်ကြီးများ အားလုံး ထိတ်လန့်နေပုံရကာ မည်သူမျှ ခေါင်းမထောင်ရဲကြတော့ပေ။ သူတို့က ရိုရိုသေသေ ဦးညွှတ်နေသည့် ကိုယ်ဟန်အနေအထားကိုသာ ထိန်းသိမ်းထားကြသည်။ သူတို့ ပင်ပန်းလာလျှင်ပင် ကျော ဆန့်ရန် ကြောက်နေကြတော့သည်။

ထိုမြင်ကွင်းက ဝမ်ယွိလင်ကို ပို၍ ဒေါသထက်လာစေသည်။ သူ စိတ်မငြိမ်မသက် ဖြစ်လာသောကြောင့် သူ့မျက်လုံးများတွင် ရန်လိုမှုများ ပြည့်နှက်လာသည်။ သူက မတ်တပ်ထရပ်ကာ အမိန့်ပေးလိုက်သည်။

“ကျန်းအတွက် တပ်ဖွဲ့တွေ အဆင်သင့်ပြင်ထား၊ ဒီတိုက်ပွဲကို ကျန်းကိုယ်တိုင် ဦးဆောင်မယ်” (ကျန်း- ငါကိုယ်တော်)

"အရှင်မင်းမြတ် ပြန်စဥ်းစားတော်မူပါ၊ ပြန်စဥ်းစားတော်မူပါ"

လက်ရှိ လက်ဝဲရံအမတ်ချုပ်ကြီးက ဝမ်ယွိလင်၏ယောက္ခမဖြစ်ပြီး ဝမ်ယွိလင်က သူ့ကို အလွန်လေးစားသည်။ သူ့သားမက်က စစ်တိုက်ရန် ဦးစီးမည်ဟု ကြားလိုက်ရချိန်တွင် အဘိုးအိုက အသေကောင်လို ဆက်မနိုင်တော့ပေ။ ထို့သို့မဟုတ်လျှင် သူ့သမီးက မုဆိုးမ ဖြစ်သွားပေးလိမ့်မည်။

“လက်ဝဲရဲအမတ်ကြီး၊ မောင်မင်း ထပ်မပြောနဲ့တော့”

ဤတစ်ကြိမ်တွင် ဝမ်ယွိလင်က ယောက္ခမဖြစ်သူ၏မျက်နှာကိုပင် ဂရုမစိုက်တော့ပေ။ သူက စစ်တပ်ကို ကိုယ်တိုင်ဦးဆောင်ပြီး ရှောင်းမိသားစု၏မျိုးဆက်သစ်ကို သတ်ရန်သာ စိတ်အားထက်သန်နေတော့မည်။

ရှောင်းကျဲယွိက သူ့ကို မစားနိုင် မအိပ်နိုင် ဖြစ်အောင် လုပ်ထားပြီး ရှောင်းကျဲယွိက အခြားမှ ကျူးကျော်ဝင်ရောက်နေသည့် တိုင်းပြည်ငယ်များ ပေါင်းစည်းမှုထက် သူ့ကို ပို၍ ခြိမ်းခြောက်နိုင်သည်။

ဝမ်ယွိလင်က အစောပိုင်းတွင် ဖခင်ဖြစ်သူ၏စကားကို နားမမိခဲ့သည့်အတွက် နောင်တရနေခဲ့သည်။

တကယ်တော့ သူက ပြည်တွင်းရန်ကို သတိမမူမိဘဲ တိုင်းတစ်ပါးရန်သူတွေကို အရင် ရင်ဆိုင်ခဲ့တယ်။ ဒါပေမယ့် နောက်ဆုံးမှာ သူ ပြည်ပက ရန်သူတွေကို ချေမှုန်းနိုင်ခဲ့ပေမယ့် ပြည်တွင်းရန်ကတော့ သူ့အတွက် ခြိမ်းခြောက်မှုကြီးတောင် ဖြစ်လာပြီ။

ပုရွက်ဆိတ်လေးတစ်ကောင်ကို လွယ်လွယ်နဲ့ ဖိသတ်လို့ရတယ်။ ဒါပေမယ့် ပုရွက်ဆိတ်က ဆင်တစ်ကောင် ဖြစ်လာရင်တော့ သူ့ကိုတောင် ခြေဖဝါးတစ်ဘက်တည်းနဲ့ ပြားသွားအောင် ပြန်နင်းသွားလိမ့်မယ်။

ဤအခိုက်အတန့်တွင် ဝမ်ယွိလင်က သူ ရန်သူကို လျှော့တွက်ခဲ့ပြီး ပုရွက်ဆိတ်မှ ဆင်အဖြစ် ပြောင်းလဲရန် အချိန်ပေးလိုက်မိကြောင်း နားလည်သွားခဲ့သည်။ အကယ်၍ သူ ထိုကောင်လေးအား အချိန်မီ မဖျက်ဆီးနိုင်ခဲ့လျှင် သူ ဤနဂါးပလ္လင်ပေါ်၌ ခိုင်မြဲစွာ ထိုင်နေနိုင်တော့မည် မဟုတ်ပေ။

ယခုနှစ် စာမေးပွဲ၌ အမှတ်အများဆုံးဆုရှင်ကို လျန်ပိုင်ချွန်းဟု ခေါ်ပြီး သူက အရာရှိငယ်လေးအဖြစ် စတင်တာဝန်ထမ်းဆောင်နေပြီ ဖြစ်သည်။ ယခု သူလည်း ညီလာခံခန်းမထဲ၌ ရှိနေသည်။ သူ့အသက်က နှစ်ဆယ့်သုံးနှစ်သာ ရှိသေးသော်လည်း သူက ဇွဲကောင်းကောင်းဖြင့် ခက်ခဲပင်ပန်းမှုများကို ကြံ့ကြံ့ခံကာ ယနေ့ သူ ရှိနေသည့်နေရာသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။

လက်ရှိ သူ့အဆင့်အတန်းက တစ်စိတ်တစ်ပိုင်းအားဖြင့် သူ့ဘိုးဘေးများ၏ ကောင်းချီးမင်္ဂလာကြောင့် ဖြစ်ပြီး ကျန်တစ်ဝက်ကတော့ သူ့၏အလိုက်သိမှုကြောင့် ဖြစ်သည်။ သူ့အိမ်တော်တွင် အထက်တန်းအရာရှိများနှင့် မှူးမတ်များအတွက် လှပသော မိန်းမပျိုလေးများ လုံလုံလောက်‌လောက် ရှိနေသည်။ ထို့ကြောင့် လူတိုင်းက သူ့အတွက် ထောက်ခံပေးပြီး သူ့အတွက် စကားကောင်းများ ပြောပေးသောကြောင့် သူ့၏ရာထူးက ချက်ချင်းနီးပါး မြင့်တက်လာခြင်း ဖြစ်သည်။ ယခု သူက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ဝမ်ယွိလင်ကို တစ်စုံတစ်ခု လျောက်တင်ရန် ကြမ်းပြင်ပေါ်သို့ ဒူးထောက်ချလိုက်သည်။

"အရှင်မင်းမြတ်ကို လျောက်တင်ပါတယ်။ အစွမ်းထက်တဲ့ လူသတ်လက်နက်ကြီးတွေ လုပ်နိုင်တဲ့လူကို ကျွန်တော်မျိုး သိပါတယ်"

All Chapters