← Chapters

သူက အကုန်ကြိုသိနေတော့တာပဲ

Vol. 8 Ch. 99

သူက အကုန်ကြိုသိနေတော့တာပဲ

Vol. 8 Ch. 99

“တရှားရဲ့ဘုရင်ကို နင်က ဘာမှသတိမထားမိဘူးလို့ ထင်လို့လား?”

“တိုင်းပြည်ရဲ့အမှတ်ကို တစ်လထဲနဲ့ ခြောက်ဆ လောက်တက်အောင်လုပ်နိုင်ခဲ့တဲ့သူက ဘာမှသတိမထားမိဘူးဆိုတာ ဖြစ်နိုင်ပါ့မလား?”

“ ပြီးတော့ ငါစဥ်းစားနေတာ.. နန်းတော်ထဲမှာရှိတဲ့ နဂါး (၉)ကောင် မီးပေါင်းဖိုနဲ့ ပတ်သက်တဲ့ သတင်းတွေကို ငါတို့ဖြန့်လိုက်သင့်လား?”

ယူလျိုရှား ရွှမ်းအားကို လှမ်းကြည့်လိုက်သည်။ သူမရဲ့မျက်လုံးတွေက တည်တံ့နေပြီး မျက်နှာတစ်ခုလုံးခံစားချက် ပြင်းထန်နေလေ၏။

သူမအတွက်တော့ အခုလက်ရှိကျန်းနန်မြို့ရဲ့ အခြေအနေက ထိန်းချုပ်ရအနည်းငယ်ခက်သော အခြေအနေဖြစ်သည်။

'ဒါမှမဟုတ်… ဖြစ်နိုင်တာက ဒါတွေအားလုံးကို ရှကျိူးယွီ ကြိုတင်မှန်းဆ နိုင်ခဲ့တာလား?’

လက်ရှိအခြေအနေက တခြားကျင့်ကြံသူ အတွက်ဆိုရင် တကယ်ကိုခက်ခဲတဲ့ အနေအထားတစ်ခုပဲ။ ဒါပေမဲ့ ယူမိသားစုအတွက်တော့ သေးငယ်တဲ့ခက်ခဲမှုသာဖြစ်သည်။

“သခင်ဘာကိုဆိုလိုတာလဲ?” ရွမ်းအာအနည်းငယ် အံ့ဩသွားသည်။ ချက်ချင်းပဲ ခေါင်းထောင်လာကာ ယူလျိုရှားကို လှမ်းကြည့်လိုက်လေ၏။

“ဘာမှမဟုတ်ပါဘူး တခြားတိုင်းပြည်တွေ ဘယ်လိုတုံ့ပြန်လာလဲဆိုတာကို သိချင်လို့။ တရှားပြည်ရဲ့ နဂါး(၉)ကောင်မီးပေါင်းဖိုနဲ့ပတ်သက်တဲ့ သတင်းကြားရင် သူတို့တွေ ဘယ်လိုများဖြစ်သွားမလဲ ငါသိချင်မိတယ်”

“ပြီးတော့ဘယ်လိုပဲ သတင်းတွေထွက်သွားပါစေ။ တရှားတိုင်းပြည်အတွက်က ဘာမှထူးသွားတာမှ မဟုတ်တာ။ ဘာလို့ဆိုရင် အားလုံးသိတယ် နဂါး(၉)ကောင်မီးပေါင်းဖိုဆိုတာ ရွှမ်ဂိုဏ်းရဲ့အထွဋ်အမြတ်ထားတဲ့ ပစ္စည်းတစ်ခုပဲ။ ရွှမ်ဂိုဏ်းရဲ့ အခြေခံကျတဲ့ပစ္စည်းတစ်ခုလို့တောင် ပြောလို့ရတယ်။

“ဒါကြောင့်မလို့ ဘယ်သူကမှရူးမိုက်ပြီးတော့ တရှားတိုင်းပြည်ထဲကို ကျူးကျော်ရဲမှာ မဟုတ်ဘူး”

“နင်သိထားရမှာက အဲ့ဒီမီးပေါင်းဖိုက အခုသာမာန်ပစ္စည်းတစ်ခု မဟုတ်တော့ဘူး။ တရှားနဲ့ရွှမ်ဂိုဏ်းရဲ့ကြားက အဆက်အသွယ် ပစ္စည်းဖြစ်လာခဲ့ပြီ!”

ယူလျိုရှားရဲ့မျက်လုံးတွေက နက်ရှိုင်းနေသည်။

ကျန်းနန်မြိုကို လာတဲ့လမ်းတစ်လျှောက်မှာ သူမအများကြီး စဉ်းစားတွေးခေါ်ခဲ့သည်။

တရှားတိုင်းပြည်ကလက်ရှိမှာ ကံကြမ္မာအမှတ်ကို ၆ဆတက်အောင် လုပ်နိုင်ခဲ့တဲ့တိုင်းပြည်တစ်ခုပဲ။ ထိုအချက်ကိုက ကျန်တဲ့သူတွေအားလုံးအတွက် အလွန်ကြီးကျယ်တဲ့ကိစ္စရပ်တစ်ခုဖြစ်ခဲ့သည်။

'ပြောရမယ်ဆိုရင် ဘယ်ဘုရင်ကများ အခုလောက်အထိ စွမ်းဆောင်နိုင်လို့လဲ?’

'ဒါကြောင့် အဲ့ဒီကိစ္စရဲ့နောက်ကွယ်မှာ သေချာပေါက် ဂိုဏ်းကြီးတစ်ခုရဲ့ထောက်ပံ့မှု ရှိနေရမယ်!

ကိစ္စတွေက ထင်သလောက်မရိုးရှင်းဘူး’

အရှင်မင်းကြီးရဲ့ ရည်ရွယ်ချက်က မီးပေါင်းဖိုနဲ့ပတ်သက်တဲ့ သတင်းကို ပျံ့သွားစေချင်တာလဲ ဖြစ်လောက်သည်။

သတင်းတွေသာပျံ့သွားခဲ့မယ်ဆိုရင် တိုင်းပြည်အများကြီးရဲ့ အာရုံစိုက်မှုကို ရလာခဲ့မည်။ ဒါပေမဲ့ တိုင်းပြည်တွေရဲ့ ကျူးကျော်မှုကိုခံရမှာမဟုတ်ဘူး။ ထို့ကြောင့် တရှားတိုင်းပြည်အတွက် အကျိုးအမြတ်တွေအများကြီးရလာနိုင်သည်။

“ဒါဆိုရင် သခင်က ဒီသတင်းကိုဖြန့်မလို့လား?” ရွှမ်းအာရှုပ်ထွေးစွာ‌ မေးလိုက်သည်။

ယူလျိုရှားခေါင်းယမ်းပြလိုက်ပြီး…

“အဲ့လိုလုပ်ဖို့က ပြဿနာတစ်ချို့ရှိနေတယ်။ ပြောရရင် သတင်းဖြန့်တာက ကိစ္စကြီးမဟုတ်ဘူး။ ဒါပေမဲ့ စွန့်စားမှုတစ်ချို့ကိုတော့ မဖြစ်မနေလုပ်ရလိမ့်မယ်။ ဒါကြောင့်မလို့ ရေကြီးမှုနဲ့ပတ်သက်ပြီးတော့ပဲ ငါတို့အရင်အာရုံစိုက်သင့်တယ်။ ရေကြီးမှုကို အောင်မြင်စွာထိန်းချုပ်နိုင်တာနဲ့ ကံကြမ္မာအမှတ်တစ်ချို့ကိုလည်း ငါယူသုံးလို့ရသွားမယ်လေ။ အဲ့ဒါဆိုရင် ငါပထမအဆင့်ကိုတက်လှမ်းနိုင်သွားမယ်။ အဲ့အချိန်ကြမှ စဉ်းစားလည်းနောက်မကျသေးပါဘူး”

ယူလျိုရှားရဲ့ စကားတွေကို နားထောင်ပြီးနောက်မှာ ရွှမ်းအာတည်ငြိမ်စွာ ခေါင်းငြိမ့်ပြလိုက်သည်။

“ကျွန်မနားလည်ပြီ ဒါဆိုရင် သခင်ကျွန်မတို့ ဘာဆက်လုပ်ကြမလဲ?”

“အစီအရင်ချတာပေါ့” ယူလျိုရှားကောင်းကင်ဘုံကို‌ မော့ကြည့်ကာပြောလိုက်လေ၏။ ရွှမ်းအာ အံ့ဩသွားတော့သည်။

“သခင်က တည်နေရာရှာတွေ့ပြီလား?”

ထိုစကားကိုကြားသောအခါမှာ ယူလျိုရှားလည်း အနည်းငယ် တွန့်ဆုတ်သွားသည်။

ရေကြီးမှုကိုထိန်းချုပ်ချင်ရင် အဓိကအချက်က ဗဟိုချက်နေရာကို ရှာဖွေဖို့ပဲ! ဗဟိုချက်နေရာ ရှာတွေ့ပြီးသွားပြီရင် အခုလိုမျိုး ကြီးမားတဲ့အစီအရင်ကြီးကို ထိန်းချုပ်ဖို့ နောက်ထပ်များစွာတဲ့ အစီအရင်အခြေခံနေရာတွေလည်း လိုအပ်သေးသည်။

ယူလျိုရှား ချက်ချင်းပဲတည်ငြိမ်စွာပြောလိုက်လေ၏။

“တည်နေရာကို ရှာမတွေ့သေးဘူး။ ဒါပေမဲ့ ကြည့်ဖို့မလိုတော့ဘူး။ ဒီလောက်များတဲ့ မိုးအနေအထားကိုကြည့်မယ်ဆိုရင် ဘယ်လိုနေနေ ထိန်းချုပ်ဖို့ ခက်ခဲတော့မှာ။ ဒီအခြေအနေမှာ အကောင်းဆုံးဖြေရှင်းနည်းက အမြန်ဆုံးလုပ်ဆောင်ဖို့ပဲ။ တည်နေရာကို တစ်ဆင့်ချင်းရှာနေရင် မမှီဘူး။ ဒါကြောင့် ငါ့ဘာသာငါ သတ်မှတ်မယ်!”

ရွှမ်းအာ ချက်ချင်းပဲမျက်မှောင်ကြုတ် သွားခဲ့သည်။

'တည်နေရာကို ကိုယ်ဘာသာကိုယ်ဆုံးဖြတ်မယ်တဲ့လား? ယူအိမ်တော်ကလူတွေတောင် တခါမှမလုပ်ခဲ့ဖူးတဲ့ နည်းလမ်းပဲ’

‘ဒါ့အပြင်သခင့်ရဲ့ကျင့်ကြံမှုက ဒုတိယအဆင့်ပဲ ရှိသေးသည်။ သူမကိုယ်သူမ တည်နေရာဗဟိုချက်အဖြစ်

သတ်မှတ်လိုက်တာက ခက်ခဲတဲ့တာဝန်တစ်ရပ်ပဲ!’

'ဘယ်လိုပဲ ယူအိမ်တော်ကဖြစ်နေပါစေ...ဘယ်လိုပဲ ထူးချွန်ပြောင်မြောက်တဲ့ သိုင်းပညာကိုတတ်မြောက်ထားပါစေ.. ဒါက သေချာပေါက်လွယ်ကူရိုးရှင်းတဲ့ ကိစ္စတစ်ခုမဟုတ်ဘူး!’

“သခင်အရမ်းစွန့်စားလို့မရပါဘူး!”

ရွှမ်းအာ မနေနိုင်စွာပြောလိုက်တော့သည်။

ယူလျိုရှားက တစ်ချက်သာလှမ်းကြည့်လိုက်ပြီး

“ကျန်းနန်မြို့ရဲ့ အခြေအနေကတော်တော်လေး ပြင်းထန်နေတယ်။ ငါ့မှာအချိန်မရှိတော့ဘူး” သူမ တည်ငြိမ်စွာပြောတော့သည်။ တစ်ချိန်ထဲမှာပဲ ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်လေ၏။

“အဲ့မှာကြည့်လိုက် တိမ်မဲတွေအများကြီးရှိ‌နေတယ်။ ဒီတိမ်တွေက ကောင်းကင်တစ်ခုလုံးကိုလွှမ်းမိုးထားပြီး ကမ္ဘာကြီးကိုဖိနှိပ်တော့မယ်!”

ယူလျိုရှား ကောင်းကင်ပေါ်ကို လက်ညိုးထိုးပြလိုက်သည်။

ရွှမ်းအာ ပိုပြီးမျက်မှောင်ကြုတ် လာတော့၏။

သူမလည်းပဲ တိမ်စိုင်တွေကြားမှာရှိနေသော လေးလံတဲ့လေထုကို အာရုံခံမိသည်။

“ဒါပေမဲ့လည်း...”

“တော်ပြီ။ အခု ငါတို့မှာ ရွေးချယ်စရာမရှိတော့ဘူး။ ရတဲ့နည်းနဲ့ကြိုးစားကြည့်ရမှာပဲ!”

ယူလျိုရှား အသက်တစ်ချက် ရှုသွင်းလိုက်သည်။

ချက်ချင်းပဲ သူမရဲ့ လက်ဖဝါးတစ်ဝိုက်ကို လေထုက ဝန်းရံသွားလိုက်၏။ အဆုံးမှာ သူမရဲ့ခြေထောက်ဆီကို ပြောင်းလဲစီးဆင်းသွားပြီး မြေပြင်ပေါ်မှာပုံစံတစ်ခုကို ဖန်တီးလိုက်သည်။ ထိုပုံစံက ယူလျိုရှားကို ဗဟိုပြုပြီး တဖြည်းဖြည်းကြီးမားလာကာ ပျောက်ကွယ်သွားခဲ့သည်။

“ငါ့ရဲ့ ကံကြမ္မာကိုကမ္ဘာကြီးကို ဆုံးဖြတ်ခိုင်းပစ်မယ်!”

ယူလျိုရှားရဲ့မျက်လုံးတွေက အလွန်နက်ရှိုင်းနေခဲ့သည်။ ထိုအချိန်မှာပင် ကောင်းကင်ရဲ့အထက်မှာ နဂါးတစ်ကောင်ရဲ့အရိပ်ထင်ဟပ်လာခဲ့ပြီး ပုံစံခွက်ကိုအတင်းအကျပ်အုပ်မိုးဖို့ ပြင်လိုက်လေ၏။

“ဒါက တရှားတိုင်းပြည်ရဲ့ ကံကြမ္မာအမှတ်ပဲ!”

“ကံကြမ္မာအမှတ်တွေစုဆောင်းနေတာလား? ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ! တရှားတိုင်းပြည်က ဘယ်လောက်တောင်သန်မာတာလဲ? ကံကြမ္မာအမှတ်ကနေ အခုလိုမျိုး နဂါးအရိပ်တစ်ကောင်ကို ဖန်တီးနိုင်တယ်တဲ့လား!”

ရွှမ်းအာတော်တော်လေး ထိတ်လန့်သွားခဲ့သည်။

ထိုအချိန်မှာပင် ဧရာမနဂါးကြီးက ဦးတည်ချက်ကိုရှာတွေ့သွားသည်နှယ်… ယူလျိုရှား ရှိရာကိုပါးစပ်ကြီးဟပြီး တစ်ဟုန်တိုးပြေးဆင်းလာလေရဲ့!

“မဖြစ်ဘူး! ကံကြမ္မာအမှတ်က ပုန်ကန်နေတာလား!!”

ရွှမ်းအာ ချက်ချင်းထိတ်လန့်သွားခဲ့သည်။

ယူလျိုရှားရှိရာကို အမြန်လှမ်းကြည့်လိုက်တော့၏။

ထိုအချိန်မှာပဲ သူမအံ့ဩဖွယ်အရာတစ်ခုကို မြင်‌တွေ့လိုက်ရသည်။ ကြောက်မက်ဖွယ် ဧရာမနဂါးကြီးက အဆုံးမှာ အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး ယူလျိုရှားရဲ့ခန္ဓာကိုယ်ထဲကို ဝင်ရောက်သွားလေရဲ့။

ထိုအချိန်မှာပဲ ယူလျိုရှားရဲ့မျက်လုံးတွေ ပွင့်လာခဲ့သည်။

“သခင်!”

ရွှမ်းအာတော်တော်လေး ထိတ်လန့်နေခဲ့သည်။ သူမအမြန်ပဲ အော်ခေါ်လိုက်သည်။

ယူလျိုရှားကတော့ ပြုံးနေခဲ့သည်။

“ငါအဆင်ပြေတယ်”

သူမခေါင်းမော့ကာ ကောင်းကင်ပေါ်ကို လှမ်းကြည့်မိလိုက်တော့သည်။

“အခုလိုမျိုးငါ့ရဲ့ ကျင့်ကြံမှုကိုအသုံးပြုပြီး ကိုယ်ပိုင်တည်နေရာ သတ်မှတ်မယ်လို့ ရှကျိုးယွီ ကြိုတင် မှန်းဆနိုင်ခဲ့တာပဲ။ ငါတကယ်ပဲ ထင်မထားမိဘူး။ ကံကြမ္မာအမှတ်ကိုအသုံးပြုပြီး သူ့ရဲ့အခုလိုကူညီမှု ကြောင့်သာ မဟုတ်ဘူးဆိုရင် ငါထိန်းချုပ်မှုလွတ်ကင်းပြီး နေရာမှာတင် အသိစိတ်လွတ်နေလောက်ပြီ "

ယူလျိုရှား နူးညံ့စွာရယ်လိုက်သည်။

(ရှကျိုးယွီ be like : ဟင် ငါ ဘယ်တုန်းက ကြိုတွေးမိလို့တုန်း -_- )

ရှကျိုးယွီကို သူမပိုပိုပြီး စိတ်ဝင်စားလာပြီပင်။

တည်နေရာသတ်မှတ်စဥ်တုန်းက သူမရဲ့အသိစိတ်ကို ကောင်းကင်နှင့်မြေကြီးရဲ့ကြားမှာ ဆုံးရုံးရလုနီးနီးဖြစ်ခဲ့ရသည်!

ဘယ်လိုမှမမှီတော့ဘူးလို့ ထင်လိုက်တဲ့အချိန်မှာပဲ ရွှေရောင်နဂါးတစ်ကောင်က နတ်ဘုရားသဖွယ်ဆင်းသက်လာကာ သူမရဲ့လမ်းကြောင်းကို လမ်းပြပေးခဲ့သည်။ ထိုအလင်းတန်းကြောင့်သာ သေမင်းရဲ့နှုတ်ခမ်းဝကနေ သူမရဲ့လမ်းကြောင်းကို ချောမွေ့စွာရှာတွေ့ခဲ့တာပဲ!

“သခင်ဆိုလိုတာက…”

ရွှမ်းအာ အလွန်ထိတ်လန့်နေတာမလို့ ဆက်မပြောနိုင်တော့ဘူး။

ယူလျိုရှား ရယ်ကာပြောလိုက်လေ၏။

“တကယ်ပြောနေတာ။ အခုတင်ငါ အသိစိတ်ပျောက်တော့မလို ဖြစ်သွားခဲ့တာ။ ကယ်တင်ခဲ့တဲ့သူက ရှကျိုးယွီပဲ။ ငါအမှားလုပ်မိမယ်ဆိုတာကို သိနေခဲ့လို့ ငါ့အတွက် ဖြေရှင်းချက်တစ်ခုကို ကြိုတင်ပြင်ဆင်ပေးခဲ့တာလေ။”

……

All Chapters