← Chapters

ဒါကို ဘယ်လိုဖြေရှင်းလို့ရလဲ

Vol. 8 Ch. 101

ဒါကို ဘယ်လိုဖြေရှင်းလို့ရလဲ

Vol. 8 Ch. 101

အချိန်ကြာလာတာနှင့်အမျှ စိတ်ဝိဉာဥ်စွမ်းအင်တွေက အရှိန်အဟုန်ပြင်းစွာဖြင့် ယူလျိုရှား၏ ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာခဲ့သည်။

ကမ္ဘာကြီးရဲ့ တည်ငြိမ်မှုကို ဆုတ်ဖြဲလိုက်သည့်နှယ် စွမ်းအင်တွေ လှိုင်းထလာခဲ့သည်။ အရိုင်းဆန်စွာဖြင့် ကောင်းကင်နှင့်မြေကြီးကြားမှာ ပြေးလွှားနေတော့၏။

တိမ်စိုင်တွေကြားရှိ ရေငွေ့တွေက စွမ်းအင်တုံ့ပြန်မှုကို ပြန်လည် တိုက်ခိုက်နေကြသည်။

အသံတစ်ချို့တောင် ထွက်လာ၏။

ထိုအချိန်မှာပဲ ယူလျိုရှားရဲ့ ခန္ဓာကိုယ် ပတ်ပတ်လည်ကို ဝန်းရံထားတဲ့ နတ်အရှိန်အဝါက ရုန်းကန် နေတဲ့ရေငွေ့တွေကို ထိန်းသိမ်းလိုက်သည်။

ထိုအချိန်မှာ သူမက ကောင်းကင်နှင့်မြေကြီး၏ကြားမှာ ဗဟိုချက်တစ်ခုသဖွယ် ရပ်တည်နေခဲ့သည်။

ကံကြမ္မာ အမှတ်ရဲ့ တဇွတ်ထိုး စီးဝင်နေမှုကြောင့် သူမရဲ့ခန္ဓာကိုယ်က စွမ်းအင်ဗဟိုချက်အဖြစ် ပြောင်းလဲသွားလေကာ သူမအနား မှာချက်ချင်းပဲ လေပြင်းတွေ ဝန်းရံလာခဲ့သည်။

“သခင်!!!”

ရွှမ်းအာထိတ်လန့်စွာ အော်ဟစ်လိုက်သည်။

ဒါပေမဲ့ ထိုအချိန်မှာပဲ ယုလျိုရှားကို ဝန်းရံထားတဲ့လေပြင်းတွေက သူမကိုမီတာပေါင်းများစွာအထိ တွန်းပို့လိုက်သည်။ ချက်ချင်းပဲ ရပ်ကြည့်နေတဲ့ လူအုပ်ကြီးကြားထဲကို ရွမ်းအာ ပြုတ်ကျသွားခဲ့သည်။

ထိုအချိန်မှာ ယူလျိုရှားက ကောင်းကင်နှင့်မြေကြီး၏ ထောက်တိုင်တစ်ခုသဖွယ် တည်ငြိမ်စွာ ရပ်တန့်နေခဲ့သည်။

သူမ၏ မျက်ဝန်းတွေလည်း တင်းကြပ်စွာ ပိတ်ထား၏။ သူမကို ဝန်းရံထားတဲ့ လေပြင်းတွေက တဖြည်းဖြည်းများပြား သိပ်သည်းလာကာ ဦးတည်ရာဘက်အားလုံးကို ကျယ်ပြန့်လာတော့သည်။

………………………..

အုပ်ချုပ်သူစံအိမ်အတွင်းမှာ ရှထိုက်အန်းတစ်ယောက် စိတ်လှုပ်ရှားစွာဖြင့် အရှေ့နှင့်အနောက် သွားလာနေသည်။

ထိုအချိန်မှာပဲ ကောင်းကင်ပေါ်ကို ထိုးတက်လာတဲ့ အလင်းတန်းတစ်ခုကို သူမြင်လိုက်ရသည်။ ကောင်းကင်ပေါ်က တိမ်မည်းတွေကို တစ်ခုခုကတွန်းကန်နေသလိုမျိုးပဲ။

ရှထိုက်အန်း အံ့ဩသွားတော့သည်။

“ဒါက ပင်လယ်သေ နတ်သိုင်းမလား!!”

“ရေကြီးမှုကိုထိန်းချုပ်နေတဲ့သူက ဘယ်သူလဲ?”

ပင်လယ်သေ နတ်သိုင်းဆိုတာ ထူးဆန်းတဲ့ အစီအရင်တစ်ခုပဲ။ တော်ဝင်စာကြည့်တိုက်ထဲမှာ သူမြင်ဖူးခဲ့သည်။ ဒီအစီအရင်ရဲ့ အလုပ်လုပ်ပုံက ဆန်းကြယ်သည်။

မထိန်းချုပ်နိုင်လောက်အောင် များပြားတဲ့ရေငွေ့တွေကို ကောင်းကင်နှင့် မြေကြီးကြားမှာ ပိတ်လှောင်လိုက်ပြီး စွမ်းအင်ကို ဆက်တိုက်အသုံးပြုရင်း ရေငွေ့ကိုလေအဖြစ် ပြောင်းလဲခြင်းဖြစ်စဥ် ဖြစ်သည်။

တိမ်စိုင်ကြားမှာ တည်ရှိနေတဲ့ အလင်းတန်းတွေက ပြောင်းလဲမှုကို လုပ်ဆောင်ပေးတဲ့ အခြေခံပစ္စည်းတွေပဲ။

အခုလိုမျိုး ဆန်းကြယ်တဲ့ အစီအရင်ကို ကမ္ဘာပေါ်မှာရှိတဲ့အိမ်တော်တစ်ခုပဲ ပိုင်ဆိုင်သည်။

ယူအိမ်တော်!

ယူအိမ်တော်ရဲ့ တယွီဆိုသောပုဂ္ဂိုလ်သည် ပင်လယ်သေနတ်သိုင်းကို ဖန်တီးနိုင်ခဲ့ပြီး အကောင်းမွန်ဆုံးသော အစီအရင် အစွမ်းကို ထုတ်သုံးနိုင်ခဲ့သည်။

'တရှားမှာ ဘယ်လိုလုပ် ပင်လယ်သေ နတ်သိုင်း အစီအရင်ပေါ်လာခဲ့တာလဲ?’

ရှထိုက်အန်း ရှုပ်ထွေးနေသည်။ ရှုပ်ထွေးနေမှုကြောင့် မေးခွန်းလည်း ထပ်မထုတ်နိုင်တော့ဘူး။ ထိုအချိန်မှာ သူ အတွေးပေါက်သွားခဲ့သည်။

“အဲ့ဒီ ဒုတိယအဆင့် ကျင့်ကြံသူက ယူအိမ်တော်ကလား? ဒါဆိုရင် အကုန်အဓိပ္ပာယ်ရှိသွားပြီ”

“လာကြစမ်း!”

ရှထိုက်အန်း အသက်တစ်ချက်ရှုသွင်းကာ ချက်ချင်းပဲ အပြင်ဘက်ကို အော်ခေါ်လိုက်သည်။

အုပ်ချုပ်သူစံ အိမ်အတွင်းမှ တပ်သားတွေအားလုံး ချက်ချင်း ရောက်လာ၏။

“ကျွန်တော်မျိုးတို့ ရှိပါတယ်!”

“အမြန် အကုန်လုံးကို သတင်းပေးလိုက် ဒီပင်လယ်သေ နတ်သိုင်း စတင်တာနဲ့ ကမ္ဘာပေါ်က ရေငွေ့တွေအားလုံး ပြောင်းလဲမှု ကြုံတွေ့ရလိမ့်မယ်။ ချက်ချင်းပဲ ရေကြီးမှုဖြစ်လာနိုင်တယ်။ အကုန်လုံးကို နေရာပြောင်းဖို့ သတင်းပေးလိုက်။ ထိခိုက်မှုကို အတတ်နိုင်ဆုံး လျှော့ချရမယ်။ ပြီးရင် ရေလွှတ်ချနိုင်မယ့် နေရာတွေကိုလည်း အမြန်ဆုံးရှာဖွေထား။ ဒီရေတွေကို သိုလှောင်ရမယ်!”

ရှထိုက်အန်း အမိန့်တွေဆက်တိုက် ပေးလိုက်သည်။

စစ်သားတွေအားလုံး ကြောက်လန့်စွာဖြင့် ဖြေကြားလိုက်၏။

“အမိန့်တော်အတိုင်းပါ”

တပ်သားတွေအားလုံး ထွက်သွားမှသာ ရှထိုက်အန်း စိတ်သက်သာစွာဖြင့် သက်ပြင်းချနိုင်တော့သည်။ ထို့နောက်မှာ သူလည်းပဲအရိပ်အဖြစ်ပျောက်ကွယ်သွားပြီး အလင်းစုဝေးရာနေရာကို ဦးတည်လိုက် တော့၏။

…………………..

ထိုအချိန်မှာ အလင်းတန်း၏ဗဟိုချက်နေရာ၌ ယူလျိုရှား ရပ်နေခဲ့သည်။ သူမ၏သွေးကြောအတွင်းမှာ လှည့်ပတ် သွား လာနေတဲ့ အင်အားကြီးနဂါးတစ်ကောင်ရဲ့အစွမ်းကို အာရုံခံမိသည်။ ကြီးမားတဲ့ အင်အားကြောင့် သူမရဲ့ကိုယ်တွင်းက စွမ်းအင်တွေ မတည်ငြိမ်နိုင်တော့ဘူး။

ပင်လယ်သေ နတ်သိုင်းကို သူမ တတ်မြောက်သည် ဆိုသော်ငြား ငယ်ရွယ်သေးသည့်အတွက် သူမ၏ သိုင်းပညာအပေါ် နားလည်မှုက မမြင့်မားသေးဘူး။

ထို့ကြောင့် သူမ၏ခန္ဓာကိုယ်တစ်ခုလုံး မထိန်းချုပ်နိုင်စွာ တုန်လှုပ်နေခဲ့သည်။

ကံကြမ္မာအမှတ်၏ လွမ်းမိုးနိုင်စွမ်းရှိသော စွမ်းအင်ကိုလည်း သူမ၏ခန္ဓာကိုယ်က မတောင့်ခံနိုင်ဘူး။ ပြင်းထန်တဲ့ အရှိန်အဝါကို အတတ်နိုင်ဆုံး ထိန်းချုပ်နေရသည်။

တစ်ခုခုမှားယွင်း သွားခဲ့တာနဲ့ သူမကြိုးစားခဲ့ရသမျှ သဲထဲရေသွန်ဖြစ်ရလိမ့်မည်။

အခုဆိုရင် ရေငွေ့တွေအားလုံးကို သိမ်မွေ့တဲ့နည်းလမ်းနှင့် ထိန်းချုပ်ထားပြီးပြီ။ သူမ၏ထိန်းချုပ်မှု ပျက်ယွင်းသွားခဲ့တာနဲ့ များပြားတဲ့သေဆုံးမှုတွေ ဖြစ်ပေါ်စေလိမ့်မည်။

ကံကောင်းသည်က အခုအချိန်မှာ တရှားတိုင်းပြည်ရဲ့ ကံကြမ္မာအမှတ်ကို သူမခံစားလို့ရသည်။ သိမ်မွေ့တဲ့ ခံစားချက် ဆိုပေမယ့် လေထုရဲ့ကြားက ထိုအရှိန်အဝါကို သူမ မှတ်မိသည်။ ရှကျိုးယွီ ထံကလည်း ခွင့်ပြုချက်ရခဲ့ပြီဖြစ်၍ သူမအသုံးပြုဖို့ ဆုံးဖြတ်လိုက်တော့သည်။

“ကျန်းနန်မြို့ရဲ့အခြေအနေကို ငါ အထင်သေးခဲ့မိတာပဲ။ ကံကြမ္မာအမှတ်ရဲ့ ထောက်ပံ့မှုသာမရှိဘူးဆိုရင် ဖိအားတွေကြောင့် ငါ့ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲထွက်သွားမှာတောင် စိုးရတယ်!”

သူမ နူးညံ့စွာ သက်ပြင်းချလိုက်သည်။

အခုအချိန်မှာ သူမရဲ့လက်တွေက အဆက်မပြတ်တုန်လှုပ်နေခဲ့သည်။ ခန္ဓာကိုယ်တစ်ခုလုံးလည်း ခွေကျနေချင်ပြီ။

သူမ စိတ်လျှော့လိုက်တာနဲ့…

ပင်လယ်သေ နတ်သိုင်းက တန်ပြန်မှုတွေ ဖြစ်လာပြီး… အတင်းအကျပ် ထိန်းချုပ်ထားတဲ့ ရေငွေ့တွေအားလုံးက ချက်ချင်းပဲစုဝေးလာမည်။ မြို့တစ်မြို့လုံးကို ရေလွှမ်းမိုးပစ်လိမ့်မည်။

ပေးဆပ်ရမည့်တန်ကြေးက မနည်းဘူး!

လူပေါင်းများစွာရဲ့ အသက်နဲ့ ရင်ဆိုင်နေရချိန်မှာ သူမအနေနဲ့ အောင်မြင်အောင် လုပ်ရုံကလွဲပြီး တခြားရွေးချယ်စရာ မရှိတော့ပေ။

တစ်ခုခုမှားသွားခဲ့တာနဲ့ တရှားတိုင်းပြည်တစ်ခုထဲ နစ်နာမှာ မဟုတ်ဘူး။ နှစ်ရာချီကြာတဲ့အထိ ယူအိမ်တော်ရဲ့ ဂုဏ် သတင်းလည်း ဆုတ်ယုတ်သွားမည်။

ပင်လယ်သေ နတ်သိုင်းကို ယူအိမ်တော်က ပိုင်ဆိုင်ထားတယ်ဆိုတာ တစ်လောကလုံးသိသည်!

“ငါ တောင့်ခံရမယ်!”

ယူလျိုရှား အံကြိတ်ကာပြောလိုက်သည်။ သူမ၏လက်ကျန်စွမ်းအင်တွေကို စုစည်းပြီး တိမ်စိုင်ကြားရှိ ပြောင်းလဲ ပေးနေသော အလင်းတန်းတွေကြားကို ပို့လွှတ်လိုက်သည်။

ချက်ချင်းပဲ ထို အလင်းတန်းတွေက ဧရာမအလင်းတန်း စီးကြောင်းကြီးအဖြစ် ပြောင်းလဲသွားသည်။ ရေတွေကို အဆက် မပြတ်ဆုတ်ယူနေပြီး အဆုံးမရှိတဲ့ပြောင်းလဲမှုတွေကို ဖန်တီးနေ၏။

“ဘန်း!”

ကျယ်လောင်တဲ့ ပဲ့တင်သံကြီးက ကောင်းကင်နှင့်မြေကြီးတစ်လျှောက် ပဲ့တင်ထပ်သွားသည်။ ချက်ချင်းပဲ မိုးရွာကျလာလေ၏။ မိုးရေစက်တွေက ပဲစေ့တစ်စေ့ခန့် ကြီးမားသည်။ ကောင်းကင်တစ်ခွင်လုံး ချက်ချင်းပဲ လေထန်လာသည်!

“အစီအရင်ပျက်တော့မယ့် အရိပ်အရောင်ပဲ!”

“ကျွန်မတို့ဘာလုပ်ရမလည်း?” ရွှမ်းအာ မနေနိုင်စွာရေရွတ်လိုက်သည်။

ထိုအချိန်မှာ ရှထိုက်အန်းလည်း ရောက်လာခဲ့ပြီ။

“ဒါကို ဘယ်လိုဖြေရှင်းလို့ရလဲ?”

ရှထိုက်အန်း သူမကိုကြည့်ကာ မေးလိုက်သည်။

မေးခွန်းကို ကြားနေပေမယ့် ရွှမ်းအာက လှည့်မကြည့်ခဲ့ဘူး။ ဒီအခြေအနေရောက်မှတော့ သူမရဲ့ သခင်မလေးကို ကယ်တင်နိုင်မဲ့သူ မရှိတော့ဘူး။

“အခု တရှားတိုင်းပြည်ရဲ့ ကံကြမ္မာအမှတ်က ဘယ်လောက် တောင့်ခံနိုင်မလည်း ဆိုတာအပေါ်ပဲ မူတည်တော့တယ်။ အဲ့ဒါသာ တောင့်ခံနိုင်ရင် သခင်မလေးအောင်မြင်စွာနဲ့ ပထမအဆင့်ကိုတက်နိုင်လိမ့်မယ်။ ဒါဆိုရင် အစီအရင်ကိုလည်း တည်ငြိမ်အောင် ထိန်းချုပ်နိုင်လိမ့်မယ်”

“တစ်ကယ်လို့ ကံကြမ္မာအမှတ်က မတောင့်ခံနိုင်ရင်ကော?”

ရှထိုက်အန်း ချက်ချင်းဆိုသလို မျက်မှောင် ကြုတ်သွားသည်။

ထိုမေးခွန်းကြောင့် ရွှမ်းအားလည်း မျက်မှောင် ကြုတ်သွား၏။

“မအောင်မြင်ရင်တော့ ပြောစရာမလိုတော့ဘူး.. တစ်မြို့လုံးကို ရေတွေဖုံးလွှမ်းပစ်မှာ! ကျန်းနန်မြို့တင်မဟုတ်ပဲ တရှား တိုင်းပြည်တစ်ခုလုံးကိုပါ ရေတွေက ဖျတ်ဆီးပစ်မှာ စိုးရတယ်!”

“ဘာကွ!”

………..

All Chapters