ပထမအဆင့်ကို တက်နိုင်ခဲ့ပြီ
Vol. 8 Ch. 103
ဘယ်သူမှ သတိမထားမိလိုက်ခင်မှာပဲ တော်ဝင်နန်းဆောင်အတွင်းရှိ အနက်ရောင်ဥအပေါ်သို့ ရွှေရောင်အလင်းတန်းတွေ ဖြာကျလာခဲ့သည်၊
ထိုအလင်းတန်းတွေက အဆုံးမှာ ကံကြမ္မာအမှတ်နဲ့ ဆက်နွယ်သွားပြီး ကျန်းနန်မြို့ဆီသို့ အဆုံးမရှိတဲ့ ရေစီးကြောင်းတစ်ခုလို အားပြင်းစွာ ပျံ့နှံ့သွားလေ၏။
အချိန်တိုအတွင်းမှာပဲ ကျန်းနန်မြို့မှာရှိတဲ့ အခြေအနေကို ပြောင်းလဲပေးခဲ့သည်။
ထိုအချိန်က ယူလျိုရှား အတော်လေးရုန်းကန်နေရသော အချိန်ဖြစ်သည််၊ ကောင်းကင်ဘုံက အကူအညီပေးလိုက်သည့်နှယ် သူမရဲ့ခန္ဓာကိုယ်တစ်ခုလုံးက ရွှေရောင်တွေ လင်းသွားခဲ့သည်။
"ဒါက... မြို့တော်မှာတုန်းက ငါရခဲ့တဲ့ ဆန်းကြယ်တဲ့ စွမ်းအင်ပဲ!”
“ဒါဆိုရင် တရှားတိုင်းပြည်မှာ အစောင့်အရှောက်သားရဲက တကယ်ပဲ ရှိတာပေါ့၊ အခု ဒီသားရဲရဲ့ အစွမ်းကြောင့် ငါအဆင့်တက်တော့မယ်!"
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? ဘာတွေဖြစ်နေတာလဲ?"
"ဟုတ်တယ် ရှကျိုးယွီ! ရှကျိုးယွီ ငါ့ကိုကူညီနေတာပဲ! ငါအခု ပထမအဆင့်ကို အာရုံခံလို့ရနေခဲ့ပြီ"
ထိုအချိန်မှာ ယူလျိုရှားရဲ့ ခန္တာကိုယ်အတွင်းမှ အချက်ပြသံတစ်ခု ထုတ်ပေးလာခဲ့သည်။
ထိုထူးဆန်းတဲ့ ဖြစ်စဥ်ပြီးတာနဲ့ ပတ်ဝန်းကျင် တစ်ခုလုံးတိတ်ဆိတ်သွားတော့၏။
ရုတ်တရက်ဆိုသလို အလင်းတန်းတွေက ကောင်းကင်ယံထက် ထိုးတက်သွားခဲ့ပြီး ရွှေရောင်ထောက်တိုင်ကြီးတစ်ခုသဖွယ် ဖန်တီးလိုက်သည်။
ထိုအလင်းတန်းရဲ့ အစွမ်းကြောင့် ကမ္ဘာပေါ်မှာရှိတဲ့ စွမ်းအင်တွေကို သူမ စုပ်ယူနိုင်ခဲ့လေကာ ပထမအဆင့်ကို တက်လှမ်းနိုင်တော့သည်။
သူမရဲ့ ပတ်ပတ်လည်ရှိ မြေကြီးတလျှောက်မှာလည်း ရွှေရောင်ပုံစံကွက်တွေ ပေါ်လာခဲ့သည်။ အလင်းတန်းကလည်း မျက်စိကျိန်းလောက်အောင် လင်းလာတော့၏။
ကျန်းနန်မြို့မှာရှိသော မြင့်တက်လာသည့် ရေငွေ့အားလုံးကို ရွှေရောင်အလင်းတန်းက ဖိနှိပ်ပေးခဲ့သည်။
ထိုထူးဆန်းတဲ့ ဖြစ်စဥ်ကို အကုန်လုံး အသက်မရှုနိုင်စွာ ကြည့်နေမိကြသည်။
ပတ်ဝန်းကျင်တစ်ခုလုံးလည်း တိတ်ဆိတ်နေခဲ့ပြီး ကျန်းနန်မြို့မှာရှိတဲ့ ရေကြီးမှုကို ပြီးပြည့်စုံစွာ ဖြေရှင်းနိုင်ခဲ့လေပြီ။
ရွှေရောင်အလင်းတန်းမှ ရနေသော နတ်စွမ်းအင်က လူတွေအားလုံးရဲ့စိတ်ကို တည်ငြိမ်စေသည်။
လူတွေကိုသာမကဘဲ ရေကြီးမှုကိုပါ ငြိမ်သက်စေလိုက်လေဟန် ရှိသည်။
"ဘာတွေ ဖြစ်နေတာလဲ?"
အချိန်အကြာကြီး နေတဲ့အခါမှ တစ်စုံတစ်ယောက်က မေးခွန်းထုတ်လိုက်လေ၏။ ထိုလူက ကောင်းကင်ပေါ်ကို မယုံကြည်နိုင်စွာ ကြည့်နေခဲ့သည်။
ဒီလိုဖြင့် ကျန်တဲ့သူများအားလုံးရဲ့ မေးခွန်းသံအသီးသီး ထွက်ပေါ်လာတော့သည်။
"ဒီထောက်တိုင်လို အလင်းတန်းကြီးက ဒဏ္ဍာရီလာ ပစ္စည်းတစ်ခုနဲ့ တူတယ်"
"ဘာဒဏ္ဍာရီလာ ပစ္စည်းလဲ?"
"ဒါက ဒဏ္ဍာရီထဲမှာပြောကြတဲ့ ပင်လယ်ကို ငြိမ်သက်စေနိုင်တဲ့ ရွှေထောက်တိုင်ဆိုတာမလား?"
"နေအုံး! မင်းပြောသလိုဆိုရင် အဲ့တာကို ယူအိမ်တော်ကပဲ ပိုင်တာလေ၊ အခုဘာလို့ ဒီမှာရောက်နေတာလဲ?"
ထိုသူရဲ့မျက်နှာက ချက်ချင်းရှုပ်ထွေးသွားခဲ့သည်။
အမှန်တော့ ယူအိမ်တော်က ပျောက်ကွယ်သွားခဲ့တာ ကြာခဲ့ပြီ၊ ထို့ကြောင့် ဒီရွှေရောင် အလင်းတန်းပေါ်ပေါက်လာမှုနဲ့ ပတ်သတ်ပြီး ဘယ်သူမှ နားမလည်နိုင်ခဲ့ဘူး။
ဒါပေမယ့် အကုန်လုံး သေချာပေါက် နားလည်တဲ့ အရာတစ်ခုက... တရှားတိုင်းပြည်ရဲ့ အခြေအနေကို ကယ်တင်နိုင်ခဲ့ပြီ!
"ဒါဆိုရင် အရှင်မင်းကြီး ဖိတ်ပေးခဲ့တဲ့ အဲ့ဒီမိန်းကလေးက ယူအိမ်တော်ရဲ့ မျိုးဆက်များလား?"
တစ်စုံတစ်ယောက်ရဲ့ မေးခွန်းသံ ထွက်ပေါ်လာခဲ့သည်။
ထိုမေးခွန်းကြောင့် အကုန်လုံး အံ့သြကာ ပင့်သက်ရှိုက်လိုက်ကြ၏၊ ချက်ချင်းပဲ လူတွေအားလုံးရဲ့ မျက်လုံးက နက်ရှိုင်းသွားတော့သည်။
"ယူအိမ်တော်ရဲ့ မျိုးဆက်တဲ့လား?"
"သူမက တကယ်ပဲ ယူအိမ်တော်ရဲ့ ဒုတိယအဆင့် ကျင့်ကြံသူဖြစ်ခဲ့မယ်ဆိုရင် အရှင်မင်းကြီး ဘာလို့တာဝန်ပေးခဲ့လဲဆိုတဲ့ကိစ္စကို ငါတို့ နားလည်နိုင်ပြီ”
“တကယ်လို့ ယူအိမ်တော်ကသာ သူတို့ကိုယ်သူတို့ ရေကြီးမှုထိန်းချုပ်တဲ့နေရာမှာ ပထမအဆင့်လို့ ပြောခဲ့မယ်ဆိုရင် ဘယ်သူက ဒုတိယပါလို့ ငြင်းဆိုချက်ထုတ်နိုင်ခဲ့လို့လဲ?"
အပြုံးတစ်ခုနဲ့ ပြောလိုက်တဲ့ ထိုလူရဲ့စကားသံအဆုံးမှာ နေရာတစ်ခုလုံး ထပ်မံ တိတ်ဆိတ်သွားပြန်သည်။
ရေကို ထိန်းချုပ်နိုင်သော မိသားစုကြီး ဆယ်ခုရှိသည်။ ဒါပေမယ့် ထိုအထဲမှာ ယူအိမ်တော်က အသန်မာဆုံးဖြစ်သည်။
ယူအိမ်တော်ရဲ့ ပင်လယ်ကိုငြိမ်သက်စေနိုင်သော ရွှေထောက်တိုင် အလင်းတန်းက တစ်ကမ္ဘာလုံးကို မှင်သက်စေခဲ့တဲ့အရာပဲ။
ထိုကြောင့် လူတွေအားလုံး အံ့သြမှင်သက်စွာဖြင့် ရွှေရောင်အလင်းတန်းကို မျက်လုံး မလွှဲနိုင်စွာ ကြည့်နေကြသည်။
"အရှင်မင်းကြီးက တကယ်ကို ရဲစွမ်းသတ္တိနဲ့ ပြည့်စုံလိုက်တာ! ယူအိမ်တော်ရဲ့ ပုဂ္ဂိုလ်ကို ဖိတ်ခေါ်နိုင်ခဲ့ရုံ သာမကဘဲ တိုင်းပြည်ရဲ့ ကံကြမ္မာအမှတ်ကိုလည်း ငါတို့အတွက် စတေးပေးခဲ့တယ်"
လူအုပ်ထဲမှ တစ်ယောက်က မနေနိုင်စွာ ရေရွတ်လိုက်သည်။ ထိုအချိန်မှာ အကုန်လုံး သဘောပေါက်သွားခဲ့ကြသည်။
ယူအိမ်တော်က မိန်းကလေးရဲ့ ပထမအဆင့်အဖြစ် အဆင့်တက်နိုင်မှုက တိုင်းပြည် ကံကြမ္မာအမှတ်ရဲ့ ပံ့ပိုးမှုအများကြီး ပါဝင်သည်။
တရှားတိုင်းပြည်မှာ အန္တရာယ်တစ်စုံတရာ ပေါ်ပေါက်ခဲ့တာနဲ့ သူမတို့ဘက်က မလွှဲမသွေ ကူညီရမှာပဲ..
ကံကြမ္မာအမှတ်ကို သူမတို့ဆီ ပေးအပ်ထားသည်မလို့ ကူညီရမှာက သူမတို့အတွက် တာဝန်တစ်ရပ် ဖြစ်သွားခဲ့သည်။
"အဲ့ဒီ ကောင်မလေးက ယူအိမ်တော်ရဲ့ မျိုးဆက်လို့ တကယ်ပဲ ဘယ်သူက တွေးမိခဲ့မှာလဲ? အခုကြည့်လိုက်အုံး..ဒဏ္ဍာရီလာ ရွှေရောင် ထောက်တိုင်ကိုလည်း ဆင့်ခေါ်နိုင်ခဲ့တယ်!”
“ယူအိမ်တော်ရဲ့ မျိုးဆက်ထံကနေ အကူအညီရခဲ့တယ် ဆိုတဲ့သတင်း ပျံ့သွားရင်တောင် ငါတို့ အရမ်းကြီး အကျိုးအမြတ်ရသွားမှာ မဟုတ်ဘူး”
“ဒါပေမယ့် ယူအိမ်တော်က ပင်လယ်ကိုငြိမ်သက်စေနိုင်တဲ့ ရွှေရောင်ထောက်တိုင်ကို အသုံးပြုပေးခဲ့တယ်ဆိုတဲ့ သတင်းပျံ့သွားတာနဲ့ ဘယ်တိုင်းပြည်မဆို ငါတို့ကိုကျူးကျော်ဖို့အတွက် နှစ်ခါပြန်စဥ်းစားရလိမ့်မယ်”
လူတစ်ယောက်က မနေနိုင်စွာ ပြောလိုက်လေသည်။
သဘာဝဘေးကို ဆန့်ကျင်တဲ့အခုလို ကိစ္စရပ်အတွက် ကံကြမ္မာအမှတ်အများကြီးကို သူမ ယူသုံးခဲ့ရသည်။
အခု သူမလည်း တရှားတိုင်းပြည်ရဲ့ တစ်စိတ်တပိုင်း ဖြစ်လာခဲ့ပြီး တရှားတိုင်းပြည်နဲ့ သူမရဲ့ကြားမှာ ရှောင်လွှဲမရတဲ့ ဆက်နွယ်မှုတွေ ဖြစ်ပေါ်လာခဲ့ပြီ..
အခုလိုမျိုး ပထမအဆင့်ကို တက်နိုင်တာ ပင်ကိုယ်ပါရမီ ရှိခြင်းကြောင့်လို့ ဆိုနိုင်သော်လည်း တိုင်းပြည်ရဲ့ ထောက်ပံ့မှု များစွာနဲ့လည်း သက်ဆိုင်နေသေးသည်။
များစွာသော ကံကြမ္မာအမှတ်တွေ ဆက်တိုက်ကုန်ဆုံးနေချိန်မှာ ရှကျိုးယွီဘက်က တားမြစ်ခဲ့ခြင်း မရှိဘူး၊ သူ့ရဲ့အကြွင်းမဲ့တဲ့ ယုံကြည်မှုကို ပြသလိုက်တာပဲ...
ထို့အပြင် နောက်ဆုံးအချိန်မှာ ရလိုက်သော ဆန်းကြယ်တဲ့ စွမ်းအင်က ရှကျိုးယွီဘက်က အကူအညီပဲဖြစ်သည်။
ဘယ်လိုပဲတွေးပါစေ ဒီကိစ္စက ကျိုးကြောင်းသင့်သော ကိစ္စပဲ... အခုကစပြီး သူမလည်းပဲ တရှားတိုင်းပြည်ရဲ့ လူတစ်ယောက် ဖြစ်လာခဲ့ပြီ။
"သခင်..ပထမအဆင့်ကို တက်နိုင်သွားပြီ မလား?”
ရွှမ်းအာ ထပ်မံအတည်ပြုလိုက်သည်။ သူမက ယူလျိုရှားရဲ့ ခန္တာကိုယ်ကို စစ်ဆေးလိုက်သေး၏၊ သူမရဲ့ မျက်လုံးထဲမှာ ပျော်ရွှင်မှုတို့ ပြည့်နှက်နေခဲ့သည်။
"အင်း"
ယူလျိုရှား ခေါင်းငြိမ့်လိုက်သည်။ သူမ အများကြီး မပြောလိုက်ဘူး၊ ကောင်းကင်ဘုံမှာရှိတဲ့ ရွှေရောင်အလင်းတန်းကနေ သူမအခုထိ အကြည့်မခွာနိုင်သေးပေ။
"သတင်းတွေက အမှန်ဖြစ်နေမယ်လို့ ငါမထင်ခဲ့မိဘူး? ပင်လယ်ကိုတည်ငြိမ်စေနိုင်တဲ့ ရွှေထောက်တိုင်က တကယ်ပဲ ပင်လယ်သေ နတ်သိုင်းထဲမှာ ဖုံးကွယ်နေခဲ့တာပဲ"
ယူလျိုရှား ခပ်တိုးတိုးရေရွတ်လိုက်သည်။
"သခင်မလေးက အရမ်းကိုရဲရင့်ပြီး ပါရမီရှိတာပဲ၊ ဒီမှာရှိတဲ့ လူများစွာရဲ့ ကိုယ်စား ကျေးဇူးတင်မိပါတယ်"
ထိုအချိန်မှာပဲ ရှထိုက်အန်းရဲ့ စကားသံကို ကြားလိုက်ရသည်။
သူမ မော့ကြည့်လိုက်ချိန်မှာ ရှထိုက်အန်းရဲ့ မျက်နှာကို ထင်ရှားစွာ မြင်လိုက်ရသည်။ ရှကျိုးယွီနဲ့ အနည်းငယ် ဆင်တူသော ထိုမျက်နှာကြောင့် သူမချက်ချင်းပဲ မှတ်မိသွားသည်။
ဒါ့အပြင် အရှေ့က ပုဂ္ဂိုလ်ရဲ့ အဝတ်အစားကလည်း တော်ဝင်ဆန်သည်၊ ဆန်းကြယ်တဲ့ နောက်ခံနှင့် မြင့်မားသော ဒုတိယအဆင့် ကျင့်ကြံမှုကြောင့် ဘယ်သူဆိုတာကို သူမ ချက်ချင်းပဲ သဘောပေါက်သွားသည်။
"ချင်မင်းသားကို အရိုအသေပေးပါတယ်"
"ချင်မင်းသားရဲ့ ထူးချွန်တဲ့ အုပ်ချုပ်မှု အရည်အချင်းကို ကျွန်တော်မျိုးမ ကြားခဲ့ရတာ ကြာပါပြီ”
“အခုလိုမျိုး လူကိုယ်တိုင်မြင်တွေ့လိုက်ရတော့ ဂုဏ်သတင်းတွေက အမှန်ဆိုတာ ကျွန်တော်မျိုးမ သဘောပေါက်သွားပြီ"
ယူလျိုရှား နူးညံ့စွာဖြင့် နှုတ်ဆက်လိုက်လေ၏။
………