ကံကြမ္မာအမှတ်တွေ လျော့သွားတာလား? အမလေး ငါအရမ်းကြိုက်တယ်
Vol. 8 Ch. 105
“ဘယ်လို ဒါဆိုရင်…”
ရွှမ်းအားရဲ့ တည်ငြိမ်တဲ့မျက်နှာက ချက်ချင်းပဲ ပုံပျက်သွားခဲ့သည်။
“သခင်မလေးအခုပြောနေတာက သခင်မလေးရဲ့ ပထမအဆင့် တတ်သွားတဲ့ကိစ္စအပြင် ရေကြီးမှုကိုထိန်းချုပ်တဲ့နေရာမှာပါ ရှကျိုးယွီရဲ့အကူအညီ ရှိနေခဲ့တာလို့လား? ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ရှကျိုးယွီက အရမ်းကိုဝေးတဲ့ ထိုက်အန်းမြို့တော်မှာ ရှိနေတာလေ။ ဘယ်လိုလုပ် အဲ့လောက်အဝေးကြီးကနေ ကူညီနိုင်မှာလဲ? သခင်မလေးအထင်မှားနေတာပါ”
ရွှမ်းအားရဲ့မျက်လုံးထဲမှာ သံသယတစ်ချို့ဝင်ရောက်လာခဲ့သည်။ သူမတည်ငြိမ်စွာပြောလိုက်တော့၏။
ယူလျိုရှား အများကြီးမရှင်းပြခဲ့ဘူး။ သူမကရိုးရှင်းစွာပဲ ခေါင်းယမ်းပြလိုက်သည်။
“ဒီကိစ္စက သံသယဝင်စရာများတဲ့ကိစ္စပဲ ငါလည်းပဲ သေချာနားမလည်ဘူး။ ငါသာလက်တွေ့မကြုံခဲ့ဘူးဆိုရင် ရှကျိုးယွီက အဲ့လောက်အဝေးကြီးကနေ ယူအိမ်တော်ရဲ့စွမ်းအင်တွေ ထွက်ပေါ်လာနိုင်အောင် တွန်းအားပေးပြီး ကျန်းနန်မြို့ဆီ ငြိမ်းချမ်းမှုတွေ ခေါ်ဆောင်လာပေးတဲ့ ကိစ္စကိုဘယ်လိုမှ ယုံကြည်နိုင်မှာမဟုတ်ဘူး”
“အခုဆိုရင် ပင်လယ်ကိုငြိမ်သက်စေနိုင်သော ရွှေထောက်တိုင် ပေါ်ပေါက်ခဲ့တဲ့ သတင်းက တိုင်းပြည်တွေအားလုံးကို ပျံ့နှံ့သွားလောက်ပြီ။ အကုန်လုံးသိသွားတဲ့အချိန်ကျရင် ရွှေအဆင့်သတ်မှတ်ချက်စာရင်းထွက်ပေါ်ခဲ့တဲ့ အချိန်တုန်းကထက်တောင်မှ တရှားတိုင်းပြည်တစ်ခုလုံးက ပြည်သူတွေအကုန်အံ့ဩကုန်ကြလိမ့်မယ်!”
ယူလျိုရှားရဲ့ မျက်လုံးတွေကတည်ငြိမ်နေခဲ့သည်။ ထို့နောက်မှာ တစ်ခုခုကိုတွေးမိသွားသည့်နှယ် သူမကချက်ချင်းပဲ ရွှမ်းအာကိုလှည့်ကြည့်လိုက်ပြီး..
“ဒါမှမဟုတ်ဖြစ်နိုင်တာက ဒါကရှကျိုးယွီရဲ့ တကယ့်ရည်ရွယ်ချက်လား? ကျန်းနန်မြို့ရဲ့ ရေကြီးမှုကို အသုံးချပြီး တိုင်းပြည်တွေအားလုံးရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်ခြင်းလား!”
ရွှမ်းအာတော်တော်လေး အံ့ဩသွားခဲ့သည်။ ဒါဆိုရင် ရှကျိုးယွီကအခု သူ့ရဲ့ပန်းတိုင်ကို ရသွားခဲ့ပြီပေါ့။ အောင်မြင်မှုကိုရခဲ့ရုံတင်မကပဲ ယူအိမ်တော်ကပါကျေးဇူးကြွေးတင်သွားခဲ့ပြီ။ အခုအခြေအနေက ယူအိမ်တော်ကိုတရှားတိုင်းပြည်ရဲ့ လက်အောက်ရောက်အောင် သိမ်းသွင်းလိုက်နိုင်ပြီလို့တောင် ပြောလို့ရပြီ!
ရွှမ်းအာမနေနိုင်စွာ ကောင်းကင်ပေါ်ကိုပြန်လှည့်ကြည့်လိုက်သည်။ ကောင်းကင်ရဲ့အထက်မှာ ရွှေရောင်အလင်းတစ်ချို့ ကျန်ရှိနေဆဲပဲ။
“ဒါဆိုရင် ဒါတွေအားလုံးက ရှကျိုးယွီရဲ့ကစားပွဲပေါ့။ သူကအဲ့လောက်တောင် အင်အားကြီးတာလား?”
ရွှမ်းအာ ရှုပ်ထွေးနေခဲ့သည်။ သိုပေမဲ့ ကောင်းကင်အထက်က တောက်ပပြီးတည်ငြိမ်တဲ့ စွမ်းအင်က သူမအတွက်တော့ ခိုင်မာသောအဖြေတစ်ခုကို ပြောပြနေ၏။
“ငါလည်းပဲမသိဘူး”
ယူလျိုရှားနူးညံ့စွာ ဖြေပေးလိုက်၏။ သူမလည်းတကယ်မသိတာပင်။ သူမရဲ့နှလုံးသားထဲမှာ ခံစားချက်တစ်ချို့ရှိနေပေမဲ့ အတိအကျကိုတော့သူမနားမလည်နိုင်ခဲ့ဘူး။
ထို့ကြောင့် အသက်တစ်ချက်ရှူသွင်းလိုက်ကာ ယူလျိုရှား ဆုံးဖြတ်ချက် ချလိုက်တော့သည်။ ထိုက်အန်းမြို့တော် တည်ရှိရာဖက်ကို လှည့်ကြည့်လိုက်ပြီး
“ငါသူတို့အပေါ် ကျေးဇူးကြွေး တင်သွားခဲ့ပြီး။ တရှားတိုင်းပြည်အတွက် ငါပြန်ပေးဆပ်ရမယ်”
ယူလျိုးရှား နူးညံ့စွာပြောလိုက်သည်။
သူမ မစဉ်းစားပဲ ပြောခဲ့တာမဟုတ်ဘူး။
အခုဆိုရင် တရှားတိုင်းပြည်ရဲ့ကံကြမ္မာက သူမနဲ့ဆက်နွှယ်သွားခဲ့ပြီ။ ပထမအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လာခဲ့ပြီးမှ တရှားတိုင်းပြည်အပေါ် သူမ သစ္စာဖောက်မယ်ဆိုရင် စွမ်းအင်တန်ပြန်မှုကို မလွဲမသေကြုံတွေ့ရမှာဖြစ်သည်။ သူမရဲ့ ကျင့်ကြံဆင့်အပေါ် ကြီးမားတဲ့ အဟန့်အတားတစ်ခု သယ်ဆောင်လာနိုင်ရုံသာမကပဲ ယူအိမ်တော်တစ်ခုလုံးပါ အကျိုးဆက်ကို ရင်ဆိုင်ရနိုင်သည်။
ထို့အတွက်ကြောင့် တရှားတိုင်းပြည်အပေါ် အလုပ်လုပ်ပေးရုံအပြင် သူမမှာရွေးစရာမရှိတော့ပေ။
“သခင် ဒါပေမဲ့ တရှားတိုင်းပြည်ရဲ့ဘုရင်က…”
ရွှမ်းအာ တားမြစ်ချင်ခဲ့သည်။
ထိုအချိန်မှာပဲ ယူလျိုရှားကအေးစက်စွာ ကြည့်လိုက်ပြီး သူမကိုအော်လိုက် တော့သည်။
“ငါဆုံးဖြတ်ပြီးပြီ! ထပ်ဆွေးနွေးစရာအကြောင်းမရှိတော့ဘူး။ ငါ့ရဲ့နောက်မှာ ယူအိမ်တော်ရှိနေတယ်။ သေချာပေါက် တရှားတိုင်းပြည်ရဲ့ရုံးတော်အတွင်းမှာ ခိုင်မာတဲ့နေရာတစ်ခုကို ရယူနိုင်မှာပဲ။ ပြီးတော့အခုချိန်မှာ ယူအိမ်တော်ရဲ့လက်ရှိအခြေအနေထက် ငါပိုပြီး စိတ်ဝင်စားတာက ထျန်းချီတာဝါရဲ့အကြောင်းပဲ”
ယူလျိုရှားက ပြောရင်းနဲ့ ရွှမ်းအာ ကိုလှည့်ကြည့်လိုက်သည်။
ရွှမ်းအာရှုပ်ထွေးသွားပြီး
“ထျန်းချီတာဝါက ဘာဖြစ်လို့လဲ?”
'ထျန်းချီတာဝါနဲ့ တရှားတိုင်းပြည်ရဲ့ပူးပေါင်းမှု သတင်းကပျံ့နေခဲ့တာ လတစ်ချို့တောင်ကြာခဲ့ပြီ။ ဒါပေမဲ့ အဲ့ဒီနေ့က ထျန်းချီတာဝါရဲ့ အဆင့်မြင့်ပုဂ္ဂိုလ် နေထိုင်နေရတဲ့ ပုံစံကို နင်ရောငါရော တွေ့ခဲ့တာပဲ။ ဘယ်လိုမှ ပူးပေါင်းနေတဲ့ အခြေအနေတစ်ခုမဟုတ်ဘူး”
ရွှမ်းအာ မှင်သက်သွားခဲ့သည်။ လမ်းလျှောက်နေတာရပ်သွားခဲ့ပြီး ထိုနေ့က ထျန်းချီတာဝါကပုဂ္ဂိုလ်နဲ့ တွေ့ခဲ့ရတဲ့အချိန်ကို ပြန်စဉ်းစားမိလိုက်သည်။
ထိုအချိန်မှာပဲ ယူလျိုရှားရဲ့အသံ ထပ်မံထွက်ပေါ်လာလေ၏။
“မပူးပေါင်းရသေးဘူးဆိုပေမဲ့ ထျန်းချီတာဝါက ပုဂ္ဂိုလ်က ထိုက်အန်းမြို့တော်မှာ စိတ်ရှည်ရှည်နဲ့ စောင့်နေခဲ့တယ်။ ငါအရင်ကတော့ အကြောင်းအရင်းကို အဖြေရှာလို့မရခဲ့ဘူး။ ဒါပေမဲ့ကြည့်ရတာ ထျန်းချီတာဝါကို အခုလိုမျိုးနေအောင် လုပ်နိုင်တဲ့အထိ တရှားတိုင်းပြည်မှာ ဆွဲဆောင်မှုတစ်ခုခု ရှိနေတာပဲဖြစ်ရမယ်”
ထိုစကားတွေကြောင့် ရွှမ်းအာ တိတ်ဆိတ်သွားခဲ့သည်။ သူမအကြာကြီး တိတ်ဆိတ်နေခဲ့ပြီး စကားပြန်မပြောနိုင် တော့ပေ။ အဆုံးမှာတော့ ရွှမ်းအာ နူးညံ့စွာပြောလိုက်သည်။
“သခင်မလေး ဆုံးဖြတ်ချက်ချပြီးပြီ ဆိုမှတော့ ထိုက်အန်းမြို့ကို ပြန်ကြမယ်လေ”
“ကောင်းပြီ”
ယူလျိုရှား ပျော်ရွှင်စွာ ဖြေကြားလိုက်သည်။ ထို့နောက်မှာ တစ်ခုခုကိုတွေးမိသွားသည်နှယ် ပြောလိုက်၏။
“ဒါနဲ့ သတိထားအုံး၊ ရှကျိုးယွီကိုတွေ့တဲ့အချိန်ကြရင် လေးလေးစားစားဆက်ဆံ၊ မရိုင်းနဲ့ ရှကျိုးယွီရဲ့ပုံစံက ဘာကိုမှမသိသလို လုပ်နေပေမဲ့ ဒါတွေအကုန်လုံးက ဟန်ဆောင်နေတာ လက်တွေ့မှာ သူကအရမ်းကို သတိကြီးတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲ။ ငါကလဲ ကံကြမ္မာအမှတ်ကို တော်တော်များများ သုံးထားမိတယ်”
“ဒါပေမဲ့ အရမ်းတော့အရေးမကြီးပါဘူး။ ရှကျိုးယွီဖက်က ယုံကြည်မှုရှိရှိနဲ့ ငါ့ကိုတာဝန်ပေးခဲ့ပြီး ကူညီမှုတွေပါ ပေးလာတယ်ဆိုမှတော့ ကုန်သွားတဲ့ကံကြမ္မာအမှတ်ကိုလည်း ပြန်တက်အောင်လုပ်နိုင်ဖို့ သူ့မှာနည်းလမ်းရှိမှာပဲ!”
............
ကံကြမ္မာအမှတ်တွေ ဘယ်လောက်ပဲကုန်ဆုံးသွားပါစေ။ ရှကျိုးယွီကတော့ မျက်စိပိတ်နားပိတ်ဖြင့် နေနေလေရဲ့။
အချိန်တစ်ခဏအတွင်းမှာပဲ ကံကြမ္မာအမှတ် စုစုပေါင်းကိုးထောင် သာ ကျန်တော့သည်!
ရှကျိုးယွီရဲ့ နှလုံးသားတစ်ခုလုံး စိတ်လှုပ်ရှားနေခဲ့သည်။
“ကိုးထောင် ဟ...ဟား... နောက်ဆုံးတော့အမှတ်တွေ ကိုးထောင်ပဲ ကျန်တော့တယ်ကွ တကယ်ကိုငါကိုယ်တိုင်ရွေးထားတဲ့သူက တော်တော်လေးအရည်အချင်းရှိတာပဲ”
“ရေကြီးမှုအတွက်နဲ့ ကံကြမ္မာအမှတ်ကို ကိုးထောင်ပဲကျန်အောင် စုပ်ယူပစ်လိုက်တယ်လို့ကွာ။ တကယ်ကိုလုပ်နိုင်စွမ်းရှိတဲ့ ကောင်မလေးနှစ်ယောက်ပဲ တော်တယ်! ငါ့ရဲ့နေ့ရက်တွေတော့ သက်သောင့်သက်သာ ရှိတော့မှာပဲ”
ရှကျိုးယွီရဲ့ မျက်နှာတစ်ခုလုံးမှာ ဂုဏ်ယူမှုတို့ပြည့်နှက်လာ၏။
ထို့နောက်မှာ စားပွဲပေါ်ရှိ အနက်ရောင်ဥကို လှမ်းကြည့်လိုက်သည်။
“ဒီပစ္စည်းလေးကလည်း မဆိုးဘူး။ ရွှေဥဥတဲ့ ငန်းမဟုတ်ပေမဲ့ ရွှေစားတဲ့ငန်းလို့ပြောရမယ်!”
“အခုလိုမျိုး ကံကြမ္မာအမှတ်ကို အချိန်နဲ့အမျှ ထိုင်စားပေးနေတဲ့ အရာရှိတာ ငါ့အတွက်တော်တော်လေး လုံခြုံစိတ်ချစရာ ကိစ္စတစ်ခုပဲ။ ငါတခြားဘာမှလုပ်စရာ မလိုတော့ဘူး။ သုံးလအတွင်းရှိတဲ့ ကံကြမ္မာအမှတ်တွေ အကုန်ပြောင်သွားလိမ့်မယ်! ဒါဆိုရင် ငါကပြာပုံထဲကထလာတဲ့ ဖီးနစ်ငှက်တစ်ကောင်လို ကောင်းကင်ဘုံကို ပျံတက်တော့မယ်ကွ!”
ထိုအချိန်မှာပဲ ရှကျိုးယွီ တွေးမိသွားခဲ့သည်။
“နေအုံး ဒီဥထဲမှာ ဘာအကောင်ရှိနေတာလဲ? နောက်ဆုံး အကောင်ပေါက်လာတဲ့အချိန်ကျမှ ကံကြမ္မာအမှတ်တွေအများကြီး ထိုးတက်သွားရင်ကော?? မဖြစ်ဘူး မဖြစ်ဘူး! မင်းအကောင်မပေါက်ခင် အမှတ်တွေအကုန် ကုန်သွားအောင်စုပ်ယူပစ်လိုက်မှ ဖြစ်မယ်။ မြန်မြန်စုပ်ယူပစ်လေ၊ ကောင်းလေပဲ!”
ရှကျိုးယွီ ခေါင်းယမ်းကာ မဖြစ်နိုင်တဲ့အတွေးကို စွန့်လွှတ်လိုက်သည်။
ထို့နောက်မှာ ကံကောင်းတဲ့ အနက်ရောင်ဥလေးကို လက်ထဲတွင် ပွေ့ပိုက်ထားလိုက်၏။ သူ့ရဲ့ မျက်လုံးထဲမှာ အလင်းတွေဖြာထွက်နေခဲ့သည်။
..............
ထိုက်အန်းမြို့တော်၏ စားသောက်ဆိုင်အတွင်းမှ လီဖူထွက်လာခဲ့သည်။ သူ့ရဲ့မျက်နှာထက်မှာ စိတ်လှုပ်ရှားမှု တစ်ချို့ရှိသည်။ အမှန်တော့ စိတ်လှုပ်ရှားမှုဆို သည်ထက်....လေးစားမှုလို့ ပြောလို့ရနိုင်သည်။ ဒီလိုနဲ့ လီဖူတစ်ယောက် နန်းတော်ရှိရာကို ခပ်ဖြည်းဖြည်း ဦးတည်သွားလေတော့၏။
………