← Chapters

အလောင်းအစားက အတည်မဟုတ်ပါဘူး

Vol. 8 Ch. 106

အလောင်းအစားက အတည်မဟုတ်ပါဘူး

Vol. 8 Ch. 106

နောက်ဆုံးတော့ ရှကျိုးယွီဘက်ကနေ သူတို့ရဲ့ မဟာမိတ်ပူးပေါင်းမှုကို ဆုံးဖြတ်ပေးတော့မည်။ လီဖူ ဒီနေ့ကိုစောင့်နေခဲ့တာ ကြာပြီပင်။

ဒီရက်ပိုင်းအတွင်းမှာ ကျန်းနန်မြို့က ပြည်သူတွေရဲ့ အသက်နဲ့တ်သက်ပြီး လီဖူ တော်တော်လေး ပူပန်ခဲ့ရသည်။ သို့ပေမယ့် ပင်လယ်ကိုငြိမ်သက်စေနိုင်သော ရွှေထောက်တိုင် ပေါ်လာသည့် အချိန်မှစ၍ လီဖူနားလည်သွားခဲ့သည်။

တော်တော်လေး မှားယွင်းခဲ့သည်ဆိုတဲ့ အချက်ကို သဘောပေါက်သွားတာပင်။

ဒီပင်လယ်ကို ငြိမ်သက်စေနိုင်တဲ့ ရွှေထောက်တိုင် အစွမ်းက မြစ်တွေကိုသာမကပဲ ပင်လယ်တစ်ခုလုံးကို တည်ငြိမ်အောင် ပြုလုပ်ပေးနိုင်သည့် အဆင့်မြင့် နတ်စွမ်းအင်တစ်မျိုးပဲ။

ပင်လယ်သေ နတ်သိုင်းကိုတော့ လီဖူကြားခဲ့ဖူးသည်။

ဒါပေမယ့် ရွှေရောင်ထောက်တိုင်ကိုတော့ တစ်ခါမှ မမြင်ဖူးခဲ့ဘူး။

ဒီလောက်နှစ်တွေ အကြာကြီးအတွင်း ဘယ်တိုင်းပြည်မှာမှ မပေါ်ပေါက် ခဲ့တဲ့အရာတစ်ခုပဲ။ ထို့ကြောင့် ရှကျိုးယွီအနေနှင့် ယူအိမ်တော်နဲ့ အဆက်အသွယ်ရှိမယ်လို့ လီဖူ လုံးဝ မမျှော်လင့်မိခဲ့တာ ဖြစ်သည်။

ဒါပေမယ့် အခုအချိန်မှာ ရှကျိုးယွီရဲ့ဆုံးဖြတ်ချက်က အကောင်းမွန်ဆုံးသော ဆုံးဖြတ်ချက်ဆိုတာကို လီဖူ သဘောပေါက်သွားခဲ့သည်။ ပင်လယ်သေ နတ်သိုင်းရဲ့ အစွမ်းပေါ်ပေါက်ကတည်းက သူ နားလည်ခဲ့တာပင်။

အခု ထိုအစွမ်းရဲ့ ကျေးဇူးကြောင့် ကျန်းနန်မြို့ တစ်ခုလုံးမှာ ရာသီဥတုကောင်းမွန် လာတော့မည်။ နှစ်တစ်ရာခန့် ကောင်းမွန်တဲ့ ရာသီဥတုကို ပိုင်ဆိုင်ရလိမ့်မည်။

တိုင်းပြည်ရဲ့ ကံကြမ္မာအတွက် အကောင်းဆုံးသော ရင်းနှီးမြှုပ်နှံမှုတစ်ခုလို့ ပြောလို့ရသည်။

ပြည်သူတွေအတွက် ကောင်းမွန်တဲ့ စားဝတ်နေရေးနဲ့ ငြိမ်းချမ်းမှုကို နှစ်ရာချီပြီး ပိုင်ဆိုင်နိုင်အောင် ရှကျိုးယွီက ကံကြမ္မာ အမှတ်တွေအများကြီး စတေးခဲ့တာပဲ။

“ရှကျိုးယွီရဲ့ စိတ်ဓာတ်ကို ငါ အထင်သေးခဲ့မိတယ်။ ဒါက တကယ်ပဲ တိုင်ဆိုင်မှုလား၊ ကြိုတင်ကြံစည်မှုလား ဆိုတာတော့ ငါ သိချင်တယ်။ ဒီလောက်ကြီးမားတဲ့ အလောင်းအစားမှာ တစ်ခုခုလွဲချော်တာနဲ့ တရှားတိုင်းပြည် တစ်ခုလုံးဖျတ်ဆီးခံရနိုင်တယ်။ တကယ်ပဲ ရှကျိုးယွီ နည်းနည်းမှ မကြောက်မိဘူးလား?”

လီဖူး ခပ်တိုးတိုး ရေရွတ်လိုက်သည်။

ရှကျိုးယွီအပေါ် သူ့ရဲ့လေးစားမှုတို့က ပိုကြီးလာတော့၏။

တစ်ခါတစ်လေမှာ ပါးစပ်က ထုတ်ပြောလိုက်ပေမယ့် လူတိုင်း ထိုကဲ့သို့ ဖြစ်အောင် မလုပ်ရဲကြဘူး။

အပြောနှင့်အလုပ်ဆိုတာ မတူညီတဲ့ကိစ္စတစ်ခုပဲ။

လီဖူ အနေနှင့် ရှင်ဘုရင်များစွာနှင့် တွေ့ခဲ့ဖူးသည်။

အပေါ်ယံမှာတော့ တိုင်းပြည်နှင့်ပြည်သူ အတွက် လုပ်တာပါဆိုပြီး နာမည်ကောင်း ဟစ်ကြပေမဲ့ လက်တွေ့မှာ ပြည်သူတွေရဲ့ ဂုတ်သွေးစုပ်ကာ အသုံးချနေသော ဘုရင်များစွာ ရှိသည်။

ဒါပေမယ့် ရှကျိုးယွီက ထိုသို့မဟုတ်ဘူး။ ရှကျိုးယွီရဲ့အမိန့်တွေအားလုံးက လီဖူရဲ့အမြင်မှာ တရားမျှတသည့် အမိန့်တွေသာ ဖြစ်ခဲ့သည်။ ဒါ့အပြင်…

ပြည်သူတွေအတွက်လည်း အကောင်းမွန်ဆုံးသော အကျိုးအမြတ်ကို ယူဆောင်လာနိုင်သည်။

ထို့ကြောင့် ရှကျိုးယွီက သူ့ရဲ့ကြီးမားတဲ့ လေးစားမှုနှင့် ထိုက်တန်သည် ဟု လီဖူထင်မြင်မိသည်။

အစကတော့ ထျန်းချီတာဝါဘက်က အမိန့် ကြောင့်သာ လီဖူ ပူးပေါင်းမှုကို ဆောင်ရွက်ချင်ခဲ့သည်။

ဒါပေမယ့် အခုချိန်မှာတော့ သူ့ရဲ့နှလုံးသားကပါ ပူးပေါင်းမှုအတွက် တောင်းဆိုနေတော့၏။

ထျန်းချီတာဝါနဲ့ မသက်ဆိုင်တော့ပဲ သူ့ရဲ့ ကိုယ်ပိုင်ရည်မှန်းချက် တစ်ခုဖြစ်လာသလိုပဲ။

ရှကျိုးယွီ နဲ့ပတ်သက်ပြီး သူ ပိုနားလည်ချင်သည်။

တရှားတိုင်းပြည်ရဲ့ အခြေအနေတွေကို ပိုပြီးသိချင်သည်။

တရှားတိုင်းပြည်မှာ ဘယ်လိုပုဂ္ဂိုလ်မျိုး ရှိနေလို့လဲ?

နောက်ကွယ်မှာ ဘယ်လိုအရာတွေက ထောက်ပံ့ပေးနေလို့လည်းဆိုတာ သူအလွန် သိချင်လှသည်။

အခုလိုပုံစံအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် အနှေးနဲ့အမြန် တိုင်းပြည်ရဲ့ တိုးတက်မှုက ကြီးမားလာတော့မှာပဲ။

လီဖူ ပင့်သက်ရှိုက်လှိုက်ကာ.. အဝေးက နန်းတော်ကို လှမ်းမျှော်ကြည့်လိုက်သည်။

ထို့နောက်မှာ ချက်ချင်းပဲ အလင်းတန်း အဖြစ်ပျောက်ကွယ်ကာ နန်းတော်ရှေ့ သွားလိုက်လေ၏။

…………………

“ ဘယ်သူ့ကိုမှ သတင်းပေးမနေနဲ့။ တိတ်တိတ်လေး ဝင်ခဲ့လိုက်”

နန်းတော် ရှေ့မှာ ရပ်နေတဲ့ လီဖူတစ်ယောက် မှင်သက်သွား၏။

'နန်းတော်ပေါက်မှာပဲ ရှိသေးတာကို ရှကျိုးယွီ ဘယ်လိုသိတာလဲ?’

သူက ပထမအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည့်အပြင် လက်ရှိမှာ အစွမ်းကိုသေချာ ပိတ်ထားခဲ့သည်။ ထိုအချက်ကြောင့် သာမာန် ပထမအဆင့် ကျင့်ကြံသူ ဖြစ်ရင်တောင်မှ သူ့ရဲ့ တည်ရှိမှုကို အာရုံခံနိုင်စရာ အကြောင်း မရှိဘူး။

ဒါပေမဲ့ ရှကျိုးယွီက ဘယ်လိုသိခဲ့တာလဲ?

လီဖူ တွေးနေစဥ်မှာပဲ လွန်ခဲ့တဲ့ရက်ပိုင်းက တွေ့ခဲ့ရသည့် နန်းတော်ထက်က အစီအရင်ကို အမှတ်ရသွားခဲ့သည်။

ထို့ကြောင့် မေးခွန်းမထုတ်တော့ဘဲ တိတ်တဆိတ် ဝင်သွားလိုက်သည်။

တော်ဝင် နန်းစောင်အတွင်းရှိ နဂါးပုလ္လင်ထက်တွင် ရှကျိုးယွီက ဇိမ်ကျစွာဖြင့်ထိုင်နေခဲ့သည်။

ခြေထောက်တစ်ဖက်ကို ခုံပေါ်တင်ထားပြီး ခန္ဓာကိုယ်က အနောက်မှီထားသည်။ သူရဲ့မျက်နှာပေါ်မှာ လှောင်ပြောင်မှု တစ်ချို့ရှိနေသလိုပဲ။

လီဖူကို အလွန်စူးရှသည့် မျက်လုံးများနဲ့ ကြည့်ကာ တိုက်ရိုက် ရန်စနေခဲ့သည်။

လီဖူ နန်းဆောင်ရှေ့မှာရပ်ကာ ဘာစကားမှ မပြောခဲ့ဘူး။ ရှကျိုးယွီကို ပြန်ကြည့်နေခဲ့သည်။

ဒီလိုနဲ့ လေထုက အနည်းငယ် ထူးဆန်းလာတော့၏။

အချိန်တွေ ဘယ်လောက်ကြာသွားမှန်းတောင် မသိခဲ့ဘူး။ နောက်ဆုံးမှာ ရှကျိုးယွီ ထိုင်နေသည့်ပုံစံကို ပြင်လိုက်ပြီး စားပွဲပေါ်ကလက်ဖက်ရည်ခွက်ကို ယူကာ တစ်ငုံသောက်လိုက်သည်။ ထို့နောက်မှာ လီဖူကို လှမ်းကြည့်လိုက်ပြီး

“ငါတို့ရဲ့ အပေးအယူအတွက် မင်းရောက်လာတာမလား?”

လီဖူ နောက်ဆုံးတော့ စိတ်သက်သာစွာဖြင့် သက်ပြင်းချလိုက်ပြီး..

“ဟုတ်ပါတယ်။ ကျွန်တော် အရင်က အရှင်မင်းကြီးရဲ့ ရည်ရွယ်ချက်ကို နားမလည်ခဲ့ဘူး။ ဒါကြောင့် အခု တောင်းပန်ဖို့ ရောက်လာခဲ့တာပါ။ အလောင်းအစား လုပ်ပြီးပြီဆိုမှတော့ အရှင်မင်းကြီး အလောင်းအစားအတိုင်း ဆောင်ရွက်သင့်ပါ တယ်။ ဒါပေမယ့် ကျွန်တော်မျိုးတို့ ထျန်းချီတာဝါမှာ တိုင်းပြည်ရေးကို ဝင်မစွတ်ဖက်ရဘူးဆိုတဲ့ စည်းကမ်းချက် ရှိတယ်။ ဒါကြောင့် အရှင်မင်းကြီး ကျွန်တော်မျိုးတို့အတွက် ခက်ခဲတဲ့တာဝန်တွေ မခိုင်းဖို့မျှော်လင့်ပါတယ်”

လီဖူကပြောပြီးတာနဲ့ ခါးညွတ် အရိုအသေပေး လိုက်သည်။ သူ့ရဲ့မျက်နှာထက်မှာ ငြင်းဆိုမှု တစ်စုံတစ်ရာမရှိခဲ့ဘူး။

သူ့ရဲ့မျက်လုံးတွေက လေးစားမှုတွေ ပြည့်နေခဲ့သည်။

ရှကျိုးယွီ အနည်းငယ်အံ့ဩသွားတော့၏။

'လီဖူ ဘာလို့ အရမ်းနာခံနေရတာလဲ? သူ့မှာ မာန မရှိဘူးလား?’

‘နေရထိုင်ရတောင် မသက်မသာဖြစ်လာပြီ။ တစ်ကယ်ပဲ ဘာတွေဖြစ်နေတာလဲ?’

'ဖြစ်နိုင်တာ လျိုချင်းချန် တစ်ခုခုပြောထားလို့လား?’

ရှကျိုးယွီ ရှုပ်ထွေးသွားခဲ့သည်။ ထို့ကြောင့် စားပွဲပေါ်က လက်ဖက်ရည်ခွက်ကိုယူကာ နောက်တစ်ငုံ သောက်ဖို့ပြင်လိုက်သည်။ ဒါပေမယ့် အလောတကြီး သောက်လိုက်မိတာမလို့…

“အဟွတ် အဟွတ် အဟွတ်!!”

ရှကျိုးယွီ ချက်ချင်းပဲ သီးသွားတော့၏။

ကိုယ့်ကိုကိုယ် တည်ငြိမ်အောင် မနည်းပြန်ထိန်းလိုက်ပြီးမှ လီဖူကို လှမ်းကြည့်လိုက်သည်။

မျက်စိရှေ့မှာရှိနေသာ လီဖူရဲ့မျက်နှာပေးက အလွန်ကိုလေးစားနေဟန်ရှိသည်။ ရှကျိုးယွီ၏ရင်ထဲမှာ တစ်ခုခုမူမမှန်ဘူးလို့ ခံစားနေရ၏။

သူတို့ရဲ့ လောင်းကစားအတိုင်းသာ ထျန်းချီတာဝါနဲ့ တရှားတိုင်းပြည်ကို ပူးပေါင်းမည်ဆိုလျှင် ပြဿနာတစ်ချို့ ဖြစ်လာနိုင်သည်။ ထို့ကြောင့် ပူးပေါင်းမှုကို ကြန့်ကြာထားလိုက်တာက ပိုကောင်းသည့် နည်းလမ်းပဲ။

ရှကျိုးယွီ လီဖူကို စိုက်ကြည့်ကာ အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။

“အရင်တုန်းက အပေးအယူက ငါကိုယ်တော် နောက်လိုက်တာပါ။ မင်းစိတ်ထဲထားစရာမလိုဘူး”

'စိတ်ထဲထားစရာမလိုဘူး?!’

လီဖူ အံ့ဩသွားခဲ့သည်။ သူ့ရဲ့မျက်လုံးထဲတွင် သံသယတွေဝင်ရောက်လာ၏။

ရှကျိုးယွီကို အချိန်အကြာကြီး စိုက်ကြည့်နေခဲ့သည်။

ဘယ်လောက်ပဲ ကြည့်နေပါစေ ရှကျိုးယွီရဲ့ဆိုလိုရင်းကို လီဖူ နားမလည်နိုင်ဘူး။

သူ့ရဲ့စကားတွေကို ရှကျိုးယွီ မကျေနပ်လို့ အခုလိုမျိုးပြောလိုက်သလားဆိုပြီး လီဖူတွေးမိသွားကာ..

“အရှင်မင်းကြီး နားလည်မှုလွဲနေပါပြီ။ ကျွန်တော်တို့ ထျန်းချီတာဝါက တိုင်းပြည်ရေးမှာ ဝင်စွတ်ဖက်လို့ မရဘူးဆိုပေမယ့် သိုင်းလောကအရေးမှာတော့ ပါဝင်လို့ရပါတယ်။ ဒါကြောင့် သိုင်းလောကနဲ့ ပတ်သက်ရင် အရှင်မင်းကြီး ကျွန်တော်မျိုး တို့ကို ပုံအပ်ထားပြီး စိတ်ချလက်ချ နားနေလို့ရပါတယ်”

လီဖူး တည်ငြိမ်စွာ ရှင်းပြလိုက်သည်။

ရှကျိုးယွီဘက်က လစ်လျူရှုခံလိုက်မှာကို သူတစ်ကယ်ပဲ စိုးရိမ်မိသည်။

ဒီရက်ပိုင်း ထိုက်အန်းမြို့တော်ရဲ့ ခြောက်ကပ်နေသော စားသောက်ဆိုင် အတွင်းမှာနေခဲ့ရသည်က တော်တော်လေး အထီးကျန် စရာကောင်းပြီး ကူကယ်ရာမဲ့ခဲ့ရသည်။

အစေခံမပြောနဲ့.. သူငယ်ချင်း တစ်ယောက်တောင် မရှိခဲ့ဘူး။ ဒီပုံအတိုင်းသာ ဆက်နေရင် ရူးသွားမည်ကိုတောင် စိုးရသည်။

ထို့ကြောင့် တရှားတိုင်းပြည်နဲ့ ဆက်ဆံမှုကိုတစ်ကယ်ပဲ တိုးတက်ချင်သည်။

ထို့ကြောင့် သိုင်းလောကနဲ့ ပတ်သက်ပြီး ထုတ်ပြောခဲ့တာပဲ။ ရှကျိုးယွီ ဘက်ကသာ ပူးပေါင်းဖို့သဘောတူနေသ၍ အခြေခံစည်းမျည်းတွေကို မဆန့်ကျင်ဘူးဆိုရင် ဘာကိုမဆို လုပ်ပေးဖို့ လီဖူ ဆန္ဒရှိသည်။

“သိုင်းလောက ဟုတ်လား?”

ရှကျိုးယွီ ချက်ချင်းပဲ စိတ်ဝင်စားသွားသည်။

………

All Chapters