← Chapters

အရှင်မင်းကြီးရဲ့ အစီအစဥ်က ဘာလဲ

Vol. 8 Ch. 109

အရှင်မင်းကြီးရဲ့ အစီအစဥ်က ဘာလဲ

Vol. 8 Ch. 109

ဝေ့ဘုရင်ရဲ့ မျက်နှာကအလွန် ပျက်ယွင်းနေခဲ့သည်။ ထိုစာစောင်ထဲတွင် တရှားတိုင်းပြည်ဘက်က ဝေ့တိုင်းပြည်နဲ့ ပူးပေါင်းချင်တယ်ဟူ၍ အတိအလင်းကြေညာထား၏။

တရှားတိုင်းပြည်ဘက်က အရင်းအမြစ်တွေကို ရောင်းချပေးမည်.. တိုင်းပြည်နှစ်ခုကြား ကုန်သွယ်ရေးလမ်းကြောင်းဖြင့်

ဝေ့တိုင်းပြည်အတွက်လည်း အကျိုးအမြတ် ယူဆောင်ပေးမည်ဟု ပြောဆိုထားသည်။

ဝေ့တိုင်းပြည်ရဲ့ သူလျှို့တစ်ချို့ကိုတောင်မှ တရှားတိုင်းပြည်ရဲ့ ရုံးတော်ထဲမှာ နေရာချနိုင်သည်ဟူ၍ အရိပ်အမြွက်ပြောပြထားသည်။

စာတစ်စောင်လုံး ဖတ်ကြည့်လိုက်ရင် အခြေအမြစ်မရှိတဲ့ အရာတွေကို စုပေါင်းထားသလိုမျိုးပဲ…။

စစ်သူကြီး မူရုံလည်း တော်တော်လေး တွန့်ဆုတ်နေခဲ့သည်။အခြေခံစည်းမျဥ်းတွေနဲ့ ဆန့်ကျင်နေတဲ့ ဒီစာစောင်ကို ပို့လာပြီးတော့ တရှားတိုင်းပြည်ရဲ့ ဘုရင်က ဘာလုပ်လို့ စဥ်းစားနေတာလဲ?

"ဒီစာကို ဘယ်သူပို့လိုက်တာလဲ? ဘယ်နေရာက လာခဲ့တာလဲ?”

စစ်သူကြီး မူရုံက ဝေ့ဘုရင်ကို ချက်ချင်းကြီး မဖြေကြားသေးဘဲနဲ့ အနီးက တပ်သားဘက်ကို လှည့်ကြည့်ကာ မေးလိုက်၏။

"စစ်သူကြီး ဒီစာက ထိုက်အန်းမြို့က ရောက်လာခဲ့တာပါ၊ အမတ်လီလင်ပု ရေးခဲ့တာ၊ ကျွန်တော်တို့ဝေ့တိုင်းပြည်နဲ့ အမတ်ချန်ရှုံးရဲ့ကြားမှာ ယခင်က ရှိခဲ့ဖူးတဲ့ လျှို့ဝှက်ကုန်သွယ်ရေး လမ်းကြောင်းကတဆင့် ပေးပို့လာခဲ့တာပါ"

ထိုတပ်သားလေးက အမြန်ဖြေကြားလိုက်သည်။

"ထိုက်အန်းမြို့တော်...လီလင်ပု...?"

စစ်သူကြီးမူရုံ အနည်းငယ် ရှုပ်ထွေးသွားခဲ့သည်။

လီလင်ပုဆိုတာ ဘယ်သူလဲ? တရှားတိုင်းပြည်ရဲ့ အမတ်ချုပ်လေ! ရုံးတော်ရဲ့ ဒုတိယအမြင့်ဆုံးလူ ဖြစ်ပြီး သူ့လက်အောက်မှာ လက်အောက်ငယ်သားတွေ အများကြီးရှိသည်။

'ဒီစာစောင်က တကယ်ပဲ အမှန်လား? တရှားတိုင်းပြည်က ဘာကြောင့် အခုလို ပြုမူရတာလဲ?’

စစ်သူကြီးမူရုံ ပိုပြီးရှုပ်ထွေးလာရသည်။

ထိုအချိန်မှာပဲ ဝေ့ဘုရင်ရဲ့ အော်ဟစ်သံကို ကြားလိုက်ရ၏။

"ဒါ အရမ်းလွန်သွားပြီ! အရမ်းလွန်သွားပြီ!”

“တရှားတိုင်းပြည်လို သေးငယ်တဲ့တိုင်းပြည်က ဒီလောက်ကို မောက်မာပြနေတာ! ဒီစာပို့လာပြီး ငါကိုယ်တော်ရဲ့ ဝေ့တိုင်းပြည်ကို အထင်သေးလိုက်တာမလား?"

"လာကြစမ်း!"

ထိုအချိန်မှာပဲ စစ်သူကြီးမူရုံက တားမြစ်လိုက်သည်။

" အရှင်မင်းကြီး စိတ်လျှော့တော်မူပါ၊ အရှင်မင်းကြီး ဒီကိစ္စမှာ သံသယဝင်စရာ ရှိနေတယ်”

"သံသယ ဝင်စရာ...ဟုတ်လား?! မင်းက ငါ့ကိုသံသယဝင်ဖို့ ပြောနေတာလား? ဒီစာစောင်မှာ သံသယ ဝင်စရာအချက်ရှိနေတယ်လို့ မင်းဆိုလိုတာလား?"

ဝေ့ဘုရင်က ချက်ချင်းပဲ နဂါးပလ္လင်ထက်မှ မတ်တပ်ရပ်လိုက်လေကွာ စစ်သူကြီးမူရုံကို စိုက်ကြည့်လိုက်သည်။

လီလင်ပုရဲ့ လုပ်ရပ်ကြောင့် သူတော်တော်လေး ဒေါသထွက်နေရ၏။ အမတ်တစ်ယောက်အနေနဲ့ အခုလိုပူးပေါင်းဖို့ စာစောင်ကို လျှို့ဝှက်ပို့ဆောင်ခဲ့တာက မောက်မာမှုကို ပြလိုက်တာပဲ..

ဝေ့တိုင်းပြည်ကို အထင်သေးတယ်ဆိုတာကို ဘယ်သူမဆို စာဖတ်ကြည့်လိုက်တာနဲ့ သိနိုင်သည်!

"အရှင်မင်းကြီး...အရှင်မင်းကြီး စဥ်းစားခဲ့ဖူးလား? ဒါကကျွန်တော်တို့ ဝေ့တိုင်းပြည်အတွက် အခွင့်အရေးတစ်ခု ဖြစ်လာနိုင်တယ်"

စစ်သူကြီး အမြန်ရှင်းပြလိုက်သည်။ ဝေ့ဘုရင်ပိုပြီး မျက်မှောင်ကြုတ်လာ၏။

"အခွင့်အရေး ဟုတ်လား? မင်းဘာကိုဆိုလိုတာလဲ? ဘာအခွင့်အရေးလဲ?”

ဝေ့ဘုရင်ရှုပ်ထွေးနေခဲ့၏။

"အရှင်မင်းကြီး ဒီကိစ္စက မရှိရှင်းပါဘူး၊ တိုင်းပြည်တွေကြားမှာ ကုန်သွယ်မှုဆိုတာ အရင်ကတည်းက ရှိခဲ့တယ်”

“ဒါပေမယ့် တစ်ခါမှ ပွင့်ပွင့်လင်းလင်း ကုန်သွယ်ဖူးတာမျိုး မရှိခဲ့ဖူးဘူး၊ တရှားတိုင်းပြည်ကနေ အခုလိုမျိုး လက်ဦးမှုရယူပြီးတော့ ရန်သူတိုင်းပြည်တစ်ခုကို ပူးပေါင်းဖို့ စာပို့လာခဲ့တာက မဖြစ်နိုင်တဲ့အရာပဲ"

"ဘာလဲ? တရှားတိုင်းပြည်က ဒီလောက်ထိ မောက်မာမှု ပြခဲ့တာကို မင်းကသူတို့အတွက် စကားပြောပေးချင်နေတာလား?"

စစ်သူကြီးမူရုံရဲ့ စကားတွေကြောင့် ဝေ့ဘုရင် အနည်းငယ်အံ့သြသွားခဲ့သည်။ သူ့ရဲအကြည့်က အေးစက်လာတော့၏။

စစ်သူကြီး မူရုံကိုစိုက်ကြည့်ကာဖြင့် တည်ငြိမ်စွာ ပြောလိုက်သည်။

"အရှင်မင်းကြီး အထင်မှားနေပါပြီ၊ ဒီစာစောင်ကို ကြည့်လိုက်မယ်ဆိုရင် ဘယ်သူမဆို ဒေါသထွက်စရာကိစ္စ တစ်ခုမှန်းသိနိုင်တယ်”

“လီလင်ပုဆိုတာ သေးငယ်တဲ့အမတ်အဆင့်ကနေ ဒုတိယအမတ်ချုပ်ဖြစ်လာခဲ့ပြီး တရှားဘုရင်ရဲ့ မျက်နှာသာပေးမှုကို ရထားခဲ့တယ်”

“အခုလိုမျိုး ကျွန်တော်မျိုးတို့ဘက်က ဒေါသထွက်မဲ့ အခြေအနေကို မစဥ်းစားမိဘူး ဆိုတာ ဖြစ်နိုင်ပါ့မလား?

“ဒါကြောင့် ဒီသတင်းက အမတ်လီလင်ပုဆီက မဟုတ်ဘဲ တရှားရဲ့ဘုရင်ကိုယ်တိုင် ညွှန်ကြားထားတယ်လို့ ကျွန်တော်မျိုး ထင်မိတယ်"

"အဲ့လိုဆိုရင်ကော ဘာဖြစ်လဲ? ငါကိုယ်တော်က အဲ့ဒီကောင်ကို ကြောက်နေရမှာလား?"

ဝေ့ဘုရင်က မူရုံကိုအလွန်အင်အားကြီးစွာဖြင့် စိုက်ကြည့်လိုက်သည်။ သူ့ရဲအကြည့်ထဲမှာ မနှစ်မြို့မှုတို့ ပါဝင်နေ၏။

ဝေ့ဘုရင် နားမလည်နိုင်ဘူး။ '

စစ်သူကြီးမူရုံရဲ့ အပြုအမူက ဒီနေ့ ဘာလို့အရမ်းထူးဆန်းနေတာလဲ?’

'ရန်သူတိုင်းပြည်ဘက်က ငွေလက်ခံထားလို့ များလား? ဘာလို့တရှားတိုင်းပြည်လို ရန်သူတိုင်းပြည်အတွက် အမြဲတမ်းဝင်ပြောပေးနေတာလဲ?’

"အကယ်လို့ အရှင်မင်းကြီး ဒေါသထွက်တော်မူပြီး တပ်သားတွေ စေလွှတ်ခဲ့မယ်ဆိုရင် ရှကျိုးယွီရဲ့ အကြံအစည်ထဲကို ကျရောက်သွားမှာမလား?

“အရှင်မင်းကြီး မှတ်မိပါသေးသလား? ရှကျိုးယွီက လက်ရှိမှာ ငွေတွေအမြောက်အမြား အသုံးပြုပြီး မဟာတံတိုင်းဆောက်ဖို့ လုပ်နေတယ်”

“အခုကျတော့ ရဲတင်းတဲ့ အပြုအမူတွေကို တိုက်ရိုက်ထုတ်ပြလာပြီ။ ကျွန်တော်တို့ဘက်က စစ်သားတွေ လွှတ်လာမှာကို မျှော်လင့်နေလို့ပဲ ဆိုတာ မသိသာဘူးလား?"

စစ်သူကြီး မူရုံချက်ချင်းပဲ ရှင်းပြလိုက်သည်။ သူ့ရဲ့မျက်လုံးတွေက တည်ငြိမ်နေ၏။

"တပ်သားစေလွှတ်တဲ့ ကိစ္စက ကြောက်စရာကိစ္စမဟုတ်ဘူး။ ဒါပေမယ့် ရန်သူဘက်က ကိုယ်တိုင် တပ်သားတွေစေလွှတ်ဖို့ တောင်းဆိုခဲ့တယ်ဆိုရင်တော့.... ကြောက်စရာကိစ္စ ဖြစ်သွားပြီ”

“ဒါကိုကျွန်တော်မျိုးတို့ဘက်က မစဥ်းစားဘဲ စေလွှတ်ခဲ့မိရင် ရန်သူရဲ့ လှည့်ကွက်ထဲကို ကျရောက်သွားမှာပဲမလား?"

“ဒါ့အပြင် လက်ရှိမှာ ကျူးကောလုံက ဘဏ္ဍာငွေအမြောက်အများကို ထုတ်ယူပြီး လူသိရှင်ကြား မဟာတံတိုင်းအကြီးကြီးကို ဆောက်လုပ်နေပါတယ်”

“ဒါပေမယ့် အဲ့ဒီနေရာမှာ မဟာတံတိုင်းမဆောက်ဘဲ ဘာတွေလုပ်နေမလဲဆိုတာ ဘယ်သူ အတိအကျပြောနိုင်မှာမလို့လဲ?”

“တပ်သားတွေကို အခုချိန်မှာ စေလွှတ်လိုက်မယ်ဆိုရင် ကျားပါးစပ်ထဲကို စေလွှတ်လိုက်သလိုမျိုး ဖြစ်ရလိမ့်မယ်"

နောက်ဆုံးတော့ ဝေ့ဘုရင်တည်ငြိမ်သွားခဲ့သည်။

'ဟုတ်တယ် ငါအခုချိန်မှာ တပ်သားတွေ စေလွှတ်လိုက်ရင် ရှကျိုးယွီရဲ့ လှည့်ကွက်ထဲ ကျရောက်သွားလိမ့်မယ်’

'ဖြစ်နိုင်တာက တရှားတိုင်းပြည်က နယ်စပ်မှာ လက်ရွေးစင်တပ်သားတွေနဲ့ စစ်သူကြီးတွေကို စေလွှတ်ထားပြီး ငါ့ရဲ့တပ်သားတွေကို စောင့်နေတာများလား?’

ချက်ချင်းပဲ ဝေ့ဘုရင်ရဲ့ မျက်နှာက တည်တံ့သွားခဲ့သည်။ ထိတ်လန့်မှုကြောင့် သူ့ရဲ့နဖူးပြင်မှာ ချွေးများထွက်လာရတော့၏။

"ရှကျိုးယွီ ဘာကိုဆိုလိုချင်တယ်လို့ မင်း ထင်လဲ?"

နောက်ဆုံးတော့ ဝေ့ဘုရင် တည်ငြိမ်သွားလေသည်။ အနီးမှာရပ်နေသော စစ်သူကြီးမူရုံကို လှမ်းကြည့်ကာ ရှုပ်ထွေးစွာဖြင့် မေးလိုက်၏။

"ကျွန်တော်မျိုး မသိပါဘူး"

စစ်သူကြီးမူရုံ ခေါင်းယမ်းလိုက်သည်။ သူလဲပဲ နားမလည်နိုင်ဘူး။

'တရှားတိုင်းပြည်ရဲ့ အကြောင်းအရင်းက ဘာလဲ?’

ဒါပေမယ့် မကြာခင်မှာပဲ စစ်သူကြီးမူရုံ အရင်ရက်က အဖြစ်အပျက်ကို သတိရမိသွားသည်။

ရှကျိုးယွီကို လုပ်ကြံဖို့ရန် ဝေ့တိုင်းပြည်ဘက်က လုပ်ကြံသူများ စေလွှတ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး၊

စေလွှတ်ခဲ့သော မဟူရာနတ်ဘုရားတပ်ဖွဲ့ကိုလည်း အသက်ရှင်လျက် ပြန်လွှတ်ပေးခဲ့သည်။

"အရှင်မင်းကြီး မဟူရာနတ်ဘုရား တပ်သားတွေနဲ့ သက်ဆိုင်နေလောက်လား? ဒါမှမဟုတ် ရှကျိုးယွီဘက်က ကုန်သွယ်ရေး လမ်းကြောင်းကို အသုံးပြုပြီးတော့ အစီအစဥ်ကြီးတစ်ခုကို ဆွဲနေတာများလား?"

စစ်သူကြီးမူရုံရဲ့ မျက်နှာထားက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

ချက်ချင်းပဲ ဝေ့ဘုရင်ကိုလှမ်းကြည့်လိုက်၏။ ဝေ့ဘုရင်လည်း အတွေးများသွားတော့သည်။

'အရင်ရက်က ပြန်ရောက်လာတဲ့ မဟူရာတပ်သားတွေနဲ့ သက်ဆိုင်နေလား?’

'အဲ့ဒီတပ်သားတွေကို ပြန်လွှတ်ပေးခဲ့ပေမယ့် တရှားတိုင်းပြည်ဘက်က တစ်ခုခုကြံစည်ထားခဲ့တာလား?’

အခုဆိုရင် မဟူရာနတ်ဘုရားတစ်ဖွဲ့လုံးကို မြေအောက် အကျည်ထောင်မှာ နှိပ်စက်ခိုင်းထားခဲ့သည်။

တကယ်ပဲ ဒီကိစ္စက စစ်သူကြီးမူရုံ ပြောထားသလို ဖြစ်နေပြီဆိုရင် ရှကျိုးယွီဘက်က အကြံအစည်တစ်ခုခု ရှိနေပြီလို့ဆိုလိုတာပဲ။

"စစ်သူကြီးမူရုံ ပြောတာဖြစ်နိုင်တယ်၊ ဘာကိစ္စပဲ ဖြစ်ဖြစ် သေချာပေါက်အသေးစိတ် စုံစမ်းရမယ်၊ ရှကျိုးယွီက ကစားချင်နေတယ်ဆိုမှတော့ ငါကိုယ်တော်က ကစားပေးရမှာပေါ့!"

ဝေ့ဘုရင်က မျက်နှာကိုမဲ့လိုက်သည်။ သူ့ရဲ့မျက်လုံးတွေက ချက်ချင်းပဲ လင်းသွား၏။ မျှော်လင့်ချက်တွေ ပြည့်နှက်လာခဲ့သည်။

"အရှင်မင်းကြီး ဘာဆက်လုပ်မလို့ပါလဲ?"

စစ်သူကြီးမူရုံ အခုမှပဲ သက်ပြင်းချနိုင်တော့၏။

"မြေအောက် အကျဥ်းထောင်ကိုသွားပြီး အခုထိ အသက်ရှင်ကျန်သေးတဲ့ တပ်သားတွေကို သွားခေါ်လိုက်၊ ပြီးရင် ငွေကိုအသင့်ပြင်ထား”

“လီလင်ပုဘက်က အပေးအယူလုပ်နေတာမလား? ဒါဆိုရင် ငါတို့ဘက်ကလုပ်ပေးရမှာပေါ့”

“ငါကိုယ်တော်ရဲ့ ဝေ့တိုင်းပြည်ကိုများ တပ်သားစေလွှတ်ဖို့ မလိမ့်တပတ်နဲ့ တောင်းဆိုရဲတယ်၊ တော်တော်လေး တုံးအတဲ့ လှည့်ကွက်ပဲ!"

"အရှင်မင်းကြီး အပေးအယူကို ချက်ချင်းကြီး လုပ်လိုက်တာက အနည်းငယ်အလောတကြီး ဆန်နေပါတယ်"

စစ်သူကြီးမူရုံ မနေနိုင်စွာ တားမြစ်လိုက်သည်။ ဒါပေမယ့် ဝေ့ဘုရင်က ယုံကြည်မှုရှိစွာဖြင့် ပြောလိုက်လေ၏။

"အလောတကြီး ဆန်တယ်ဟုတ်လား? ငါကိုယ်တော်က မျှတတဲ့ ကိစ္စတစ်ခုကို လုပ်မလို့ပဲ! တရှားတိုင်းပြည်ရဲ့ အကြောင်းကို ငါကိုယ်တော်ဖော်ထုတ်ရမယ်"

"အဲ့ဒီတပ်သားတွေကို သွားခေါ်ဖို့ ငါကိုယ်တော် အမိန့်မပေးထားဘူးလား? သွားကြစမ်း!"

……….

All Chapters