သတင်းပို့ပြီးပြီလား
Vol. 8 Ch. 111
ညီလာခံအတွင်းက အမတ်တွေအားလုံး အံ့ဩသွားကြသည်။ သူတို့တွေအားလုံး တိတ်တဆိတ်ခေါင်းငြိမ့်လိုက်ကြသည်။
ရှကျိုးယွီရဲ့ အကြံအစည်ဆိုတာ တကယ်ပဲ ဖြစ်နိုင်သည်။ စာစောင်ကို ကြည့်လိုက်တာနဲ့ သံသယဝင်စရာမလိုတော့ဘူး။ ရှကျိုးယွီက အိမ်နီးချင်းတိုင်းပြည်တွေကို သူ့ရဲ့အာဏာကို ထုတ်ပြလိုက်တာပဲ။
ဒီကူးသန်းမှုက အပေါ်ယံကြည့်မယ်ဆိုရင် တိုင်းပြည်တွေကြားရှိ ကုန်သွယ်မှုတစ်ရပ်နဲ့ဆင်တူသည်။ ဒါပေမဲ့ လက်တွေ့မှာတော့ သူ့ရဲ့ကြီးမားတဲ့ အကြံအစည်ပဲ!
အခုအချိန်မှာ အကုန်လုံးလက်ခံလိုက်ကြသည်။ ရှကျိုးယွီက အကြံအစည်များတဲ့ သူတစ်ဦးဖြစ်တဲ့အပြင် သတ္တိလည်းတော်တော်ရှိသည် ပြောရမည်။
ကျန်းနန်မြို့ရဲ့ ရေကြီးတဲ့ကိစ္စကို ဖြေရှင်းပုံကိုကြည့်လိုက်ရုံနဲ့ မြင်နိုင်သည်။ မဟာမိတ်ကောင်းတစ်ခုကို ရယူနိုင်လိုက်ရုံတင်သာမပဲ တရှားတိုင်းပြည်ရဲ့ အခြေအနေကလည်း မြင့်တက်သွားခဲ့သည်။
တိုင်းပြည်ရဲ့ ကံကြမ္မာအမှတ်တစ်ချို့ကို စတေးပြီး ကျန်းနန်မြို့ရဲ့ ရေကြီးမှုကို ပြီးပြည့်စုံစွာ ထိန်းချုပ်ခဲ့သည်။
ဒီလိုယုံကြည်မှုမျိုး....ဒီလိုသတ္တိမျိူးကို....ဝေ့ဘုရင်ထံမှာတောင်မတွေ့ရဘူး။
ရှကျိုးယွီထက် နှိမ့်ကျသည်ဆိုသော အချက်ကို ဝေ့ဘုရင်လည်း လက်ခံလိုက်ရသည်။
"ရှကျိုးယွီက ဘယ်လောက်ပဲ မောက်မာပါစေ။ အခုလိုမျိုးမလုပ်သင့်ဘူးလို့ ငါထင်တယ်။ ယူအိမ်တော်ကအင်အားကြီး အိမ်တော်တစ်ခုလို့ဆိုပေမဲ့ သူတို့ရဲ့ သန်မာမှုက အကန့်အသတ်ရှိတယ်။ ဒါပေမဲ့ အခုလိုမျိုး အိမ်နီးချင်းတိုင်းပြည်တွေ အားလုံးကို ပေါ်ပေါ်ထင်ထင် ရန်စလိုက်တာက တရှားတိုင်းပြည်အတွက် များစွာတဲ့ အာရုံစိုက်မှုတွေကို ခေါ်ဆောင်လာလိမ့်မယ်"
စစ်သူကြီးမူရုံ ခဏလောက်တွေးပြီးနောက်မှာ ဝေ့ဘုရင်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။
သူရဲ့နှလုံးသားထဲမှာ သံသယတစ်ချို့ရှိနေပေမဲ့ မယုံကြည်နိုင်သေးဘူး။
ရုံးတော်ရဲ့ အမတ်တွေအားလုံးလည်း ထောက်ခံစွာ ခေါင်းငြိမ့်လိုက်ကြသည်။ မယုံကြည်နိုင်ဘူးဆိုတာထက် ထိုကိစ္စတစ်ခုလုံးက အရမ်းကိုအံ့ဩဖွယ်ရာ ကောင်းနေသည်ဟုပြောရမည်။
'ဒီကိစ္စကို ရှကျိုးယွီတကယ်ပဲ လုပ်ခဲ့တာလား။ သူဘာလို့ အဲ့လောက်အထိ ယုံကြည်မှုရှိနေရတာလဲ။ အခုလိုမျိုး ရဲစွမ်းသတ္တိရနေအောင် ဘယ်သူက ပေးခဲ့တာလဲ?’
အဆုံးမှာတော့ မေးခွန်းတွေအားလုံးက ဘာလို့လဲဆိုသည့် ကိစ္စနဲ့ပဲ အဆုံးသတ်သွားခဲ့သည်။
ယူအိမ်တော်ရဲ့ ထောက်ပံ့မှုတစ်ခုထဲနဲ့ အိမ်နီးချင်း တိုင်းပြည်တွေ အားလုံးကိုရန်စခဲ့သည်။ ဒါကသေချာပေါက် လုံလောက်တဲ့ အကြောင်းအရင်း မဟုတ်ဘူး!
"တကယ်တော့ အရှင်မင်းကြီး မသိသေးတဲ့ သတင်းတစ်ခုရှိပါတယ်။ ထျန်းချီတာဝါဖက်က ကျွမ်းကျင်ကျင့်ကြံသူတစ်ယောက် စေလွှတ်ခဲ့ပေမဲ့ အဲ့ဒီလူကို ရှကျိုးယွီက ထိုက်အန်းမြို့တော်မှာ အကြာကြီးစောင့်နေစေခဲ့တယ်လို့ ပြောပါတယ်။ သတင်းပေးတွေရဲ့ ပြောဆိုပုံအရ ဆယ်ရက်ကျော်ခဲ့ပြီတဲ့!”
ဝေ့ဘုရင်က ချက်ချင်းပဲ စစ်သူကြီးမူရုံကို လှမ်းကြည့်လိုက်သည်။ သူ့ရဲ့အကြည့်က နက်ရှိုင်းနေ၏။ ဝေ့ဘုရင်ရဲ့ အကြည့်မှာ ခက်ခဲမှုတွေကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ပြီးသော အဖိုးအိုတစ်ယောက်လိုမျိုး ရင့်ကျက်မှုတွေ ရှိသည်။
သူရဲ့အကြည့်ထဲမှာ ခံစားချက် မရှိတော့ဘူး။
အစပိုင်းတော့ သူလည်းပဲ ဒေါသထွက်ခဲ့သည်။ ဒါပေမဲ့ ကောင်းမွန်တဲ့ ဖြေရှင်းချက်ကို ရှာတွေ့နိုင်ဖို့ တည်ငြိမ်စွာနေဖို့ပဲ ရွေးချယ်လိုက်တာပင်။
"ဘာ? ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?"
"အရှင်မင်းကြီး ဘာဖြစ်လို့ပါလဲ?"
အမတ်တွေ အားလုံးစိုးရိမ်ပူပန်စွာ မေးလိုက်ကြသည်။
ဒါပေမဲ့ ဝေ့ဘုရင်က ခေါင်းယမ်းပြလိုက်လေကာ
"ငါလည်းပဲ အဲ့ဒီသတင်းကို ရခဲ့တယ် ဒါပေမဲ့ သာမန် စနောက်နေတာလို့ပဲ ထင်ခဲ့တာ။ ဒါပေမဲ့ ကျန်းနန်မြို့ရဲ့ အခြေအနေကိုကြည့်လိုက်မယ်ဆိုရင် အဲ့ဒီသတင်းကအမှန်ဖြစ်လောက်တယ်။ ဒါဆိုရင် တရှားတိုင်းပြည်က ငါတို့ထင်ထားတာထက် ပိုပြီး ကြောက်ဖို့ကောင်းနေတာလား။ သူတို့ရဲ့ နောက်ကွယ်မှာ ဘယ်သူရှိနေတာလဲ?”
"အခုအချိန်မှာ ငါ အဖြေမရှာနိုင်တဲ့ တစ်ခုတည်းသော အရာက မဟာတံတိုင်းတည်ဆောက် နေတာပဲ။ ရှကျိုးယွီက မဟာတံတိုင်း တည်ဆောက်ပြီး ဘာလုပ်မလို့လဲ? ငါတို့ရဲ့ ဝေ့တိုင်းပြည်ကို တိုက်ခိုက်ဖို့ဆိုရင် မလိုအပ်ဘူး။ အကယ်လို့ ဝေ့တိုင်းပြည်ကို တိုက်ခိုက်ဖို့ မဟာတံတိုင်း တည်ဆောက်နေတာ မဟုတ်ဘူးဆိုရင် အနာဂတ်မှာ ကြုံလာရမဲ့ စစ်ပွဲများစွာအတွက်လား!”
“ဒါဆိုရင် ဖြစ်နိုင်တာက"
ဝေ့ဘုရင် ပြောနေတာ ရပ်သွားခဲ့သည်။
ရှကျိုးယွီဖက်က ဝေ့တိုင်းပြည်ကို တိုက်ခိုက်ဖို့ မဟာတံတိုင်းတည်ဆောက်နေတာ မဟုတ်ဘူးဆိုရင် ဖြစ်နိုင်တာက အနာဂတ်မှာ ဝေ့တိုင်းပြည်က ဖျက်ဆီးခံရလိမ့်မည်။ မဟာတံတိုင်းရဲ့ တကယ့်ရည်ရွယ်ချက်က ဝေ့တိုင်းပြည် ကြုံတွေ့လာရမဲ့ စစ်ပွဲအန္တရာယ်ကနေ သက်ရောက်မှု မကြုံတွေ့ စေရဖို့ပဲ။ ထိုအခြေအနေက ဝေ့ဘုရင်အတွက် မျှော်လင့်ထားတဲ့ အခြေအနေတစ်ခု မဟုတ်ခဲ့ဘူး။ ဒါပေမဲ့ ရှကျိုးယွီရဲ့ လုပ်ရပ်တွေက အဖြေတစ်ခုကို ပေးနေခဲ့သည်။
"အရှင်မင်းကြီး အဲ့ဒါ ဘာကိုဆိုလိုတာလဲ? ရှကျိုးယွီရဲ့ မဟာတံတိုင်းက ဝေ့တိုင်းပြည်ကို ခုခံဖို့မဟုတ်ပဲ ဝေ့တိုင်းပြည်ရဲ့ အပြင်မှာရှိတဲ့ တခြားအင်အားကြီး တိုင်းပြည်တွေကို ခုခံဖို့လား!"
"ဒီလိုဆိုရင် တရှားက ဝေ့တိုင်းပြည်ကို ဘယ်လိုတွေးနေတာလဲ?"
"ဒီကိစ္စက အရမ်းကိုမရိုးရှင်းတဲ့ ကိစ္စတစ်ခုပဲ!"
စစ်သူကြီးမူရုံ မနေနိုင်စွာ ဝင်ပြောလိုက်သည်။ သူရဲ့ မျက်လုံးထဲမှာ မယုံကြည်နိုင်မှု့တို့ ပြည့်နေ၏။ စစ်သူကြီးမူရုံရဲ့ မျက်လုံးတွေက ဆန်းကျယ်သော ကွန်ယက်တစ်ခုလို ရှုပ်ထွေးနေခဲ့သည်။ နှလုံးသားထဲမှာ ဖြစ်တည်လာသော အဖြေကို လက်မခံချင်ခဲ့ဘူး!
တရှားတိုင်းပြည်က တကယ်ပဲ ဘာတွေ ကြံစည်နေတာလဲ?
"ထူးဆန်းတာတွေ မထူးဆန်းတာတွေ ငါကိုယ်တော် မသိချင်ဘူး။ ဒါပေမဲ့ ဒီကိစ္စက သေချာပေါက် မရိုးရှင်းတာတော့ ငါကိုယ်တော် သိတယ်။ ဒါကြောင့် ငါတို့ဘက်က အသေးစိတ် စုံစမ်းရမယ်!
ဝေ့ဘုရင်က စစ်သူကြီးမူရုံကို တည်တံ့စွာ ကြည့်လိုက်သည်။
"ဒီလိုဆိုရင်ရော ငါတို့ရဲ့ မူလကုန်သွယ်မဲ့ အစီအစဉ်ကို ပြန်လုပ်မယ်။ အဲ့ဒီအစီအစဉ် ပြီးသွားတာနဲ့ ရလဒ်က ဘယ်လိုပဲဖြစ်နေပါစေ။ စစ်သူကြီးမူရုံ မင်းက ကိုယ်တိုင်ဦးဆောင်ပြီးတော့ ဝေ့တိုင်းပြည်ရဲ့ သံတမန်အနေနဲ့ တရှားကိုသွားရမယ်။ တရှားရဲ့ နန်းတော်ထဲအထိ ဝင်ပြီး ရှကျိုးယွီနဲ့ တွေ့ခဲ့။ အရင်ဦးဆုံး မင်းလုပ်ရမဲ့အရာက အခြေအနေကို အတည်ပြုဖို့ပဲ။ တရှားတိုင်းပြည်ရဲ့ လက်ရှိအခြေအနေကို အတတ်နိုင်ဆုံး အတည်ပြုခဲ့!”
"ရှကျိုးယွီရဲ့ နောက်ကွယ်မှာရှိတဲ့ သူကို ရှာတွေ့နိုင်တော့ အကောင်းဆုံးပဲ။ ကုန်သွယ်မဲ့ ကိစ္စကိုတော့ ငါတို့ဖက် ပြီးပြည့်စုံနေအောင် စီစဉ်ထားရမယ်"
ဝေ့ဘုရင်ရဲ့ မျက်နှာထားက အနည်းငယ် ထိတ်လန့်နေခဲ့သည်။
.........
ထိုမုန်တိုင်းက တောမီးလိုပဲ လျင်မြန်စွာ ပျံ့နှံ့သွားလေ၏။
ဝေ့တိုင်းပြည်တင်မကပဲ တရှားရဲ့အိမ်နီးချင်း တိုင်းပြည်တွေအကုန်လုံး လီလင်ပုထံမှ စာတစ်စောင်ကို လက်ခံရရှိခဲ့သည်။
အစပိုင်းမှာ အကုန်လုံး ဒေါသထွက်သွားခဲ့ကြပေမယ့်.. အကြိမ်ကြိမ် ဆန်းစစ်ပြီးနောက်မှာ သူတို့လည်းပဲ အကြောင်းအရင်းကို နားလည်သွားခဲ့သည်။
ယူအိမ်တော်ရဲ့ တရှားတိုင်းပြည်ကို ဝင်ရောက်ကူညီခဲ့ပုံကို သတင်းကြားခဲ့တာနဲ့ ဒေါသထွက်နေသော ဘုရင်တွေအားလုံး တွန့်ဆုတ်သွားခဲ့ကြသည်။
ထို့ကြောင့် ဘုရင်အများစုက လီလင်ပုနဲ့ အပေးအယူလုပ်ဖို့ ဆုံးဖြတ်လိုက်ကြသည်။
သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ တရှားတိုင်းပြည်ထံမှ သတင်းရယူရန်ဖြစ်သည်။
တိုင်းပြည် အသီးသီးက သူလျှိုတွေ စေလွှတ်ပြီး တရှားတိုင်းပြည်ရဲ့ လက်ရှိအခြေအနေကို အတတ်နိုင်ဆုံး နားလည်နိုင်အောင် လုပ်ဖို့ အမိန့် ထုတ်ပြန်ခဲ့ကြသည်။
သေချာသည်ကတော့ တရှားတိုင်းပြည်ရဲ့ သန်မာမှုကို သူတို့အားလုံး ကြောက်ရွံ့သွားကြတာပင်။ တရှားတိုင်းပြည်ဘက်က ထပ်မံ ဖုံးကွယ်မှုတွေ ပြုထားမှာကို စိုးရိမ်ခဲ့ကြသည်။
.............
ထိုက်အန်း မြို့တော်အတွင်းမှာ နေ့စဉ် မှတ်တမ်းတွေကို စစ်ဆေးနေရင်း လီလင်ပု မျက်မှောင်ကြုတ်နေ၏။ ထိုအချိန်မှာပဲ အရာရှိတစ်ယောက်က အလောတကြီးဝင်ရောက်လာခဲ့သည်။
"ဘာကိစ္စ အလောတကြီး ဝင်လာရတာလဲ? ငါခိုင်းထားတဲ့ ကိစ္စ လုပ်ပြီးပြီလား?"
လီလင်ပု ချက်ချင်းပဲ ထိုလူကို စိုက်ကြည့်လိုက်သည်။
ထိုအရာရှိ တုန်လှုပ်သွားကာ
"အမတ်လီ ညွှန်ကြားထားသလိုမျိုး ကျွန်တော်မျိုးတို့ စာစောင်တွေ နှစ်ခုစီ ဖန်တီးခဲ့ပါတယ်။ တစ်ခုကို တိုင်းပြည်ထဲမှာ သိမ်းထားပြီး ကျန်တဲ့ တစ်ခုကိုတော့ တိုင်းပြည်အသီးသီးကို ပို့လိုက်ပါပြီ။ အခုဆိုရင် တိုင်းပြည်တွေ အားလုံးကို ရောက်သွားလောက်ပြီ"
"တော်တယ်"
လီလင်ပု ထိုင်ခုံမှရပ်လိုက်လေကာ ထိုအရာရှိကို အဓိပ္မာယ်ပါပါ ကြည့်လိုက်သည်။
"အမတ်လီ ဒါကတကယ်ပဲ ပုန်ကန်မှုမဟုတ်တာ သေချာရဲ့လား? ကျွန်တာ်မျိုးတို့ စာစောင်ကို ပုံတူကူးပြီး သိမ်းထားခဲ့တာက သက်သေအဖြစ် ရှိနေလိမ့်မယ်!"
ထိုအရာရှိက မနေနိုင်စွာ အတည်ပြုလိုက်သည်။
"ပုန်ကန်မှုဟုတ်လား? ဒါကို ဘယ်လိုလုပ် ပုန်ကန်မှုလို့ ခေါ်လို့ရမှာလဲ? ရက်တစ်ချို့နေရင် တိုင်းပြည်တွေဘက်က စာပြန်လာလိမ့်မယ်။ သူတို့စာပြန်လာတာနဲ့ ငါကအရှင်မင်းကြီးကို ကိုယ်တိုင်သွားတွေ့မှာ။ ငါ့ရဲ့လုပ်ရပ်ကို အရှင်မင်းကြီး လုံးဝကျေနပ်နေမယ်လို့ ယုံကြည်တယ်! သေချာမှတ်ထား ငါတို့မှားနေတာ တစ်ခုမှ မလုပ်ရသေးဘူး။ ငါတို့က အရှင်မင်းကြီးအတွက် အလုပ်လုပ်ပေးနေတာ တိုင်းပြည်အတွက် အလုပ် လုပ်ပေးနေတာပဲ။ မင်းရောငါရော ဒီအချက်ကို ကောင်းကောင်း နားလည်ထားရင် ကောင်းတယ်!"
"ဒါပေမဲ့....."
အရာရှိက တစ်ခုခုပြောချင်ခဲ့သည်။
ဒါပေမဲ့ လီလင်ပုက တားမြစ်လိုက်သည်။
"ကဲပါ ကဲပါ မင်းစိတ်ပူနေတာ ငါသိတယ်။ ဒါပေမဲ့ အဲ့ဒီတိုင်းပြည်က လူတွေကို အရူးလို့ထင်နေလို့လား? ဘာတွေဖြစ်နေလဲဆိုတာ သူတို့ ကောင်းကောင်းနားလည်တယ်။ ငါတို့မှာ လက်ရှိ ရှိထားတဲ့အင်အားက သူတို့ ဦးညွှတ်လာအောင် လုပ်ဖို့ မလုံလောက်သေးဘူး။ အရှင်မင်းကြီးရဲ့ ထောက်ပံ့မှုသာမရှိဘူးဆိုရင် သူတို့ဆီက ပိုက်ဆံကို ယူနိုင်မယ်လို့ မင်းထင်လား? ငါတို့က အရှင်မင်းကြီးရဲ့ နောက်ခံကို အသုံးပြုပြီး သူတို့ကို လှည့်စားဖို့ လုပ်နေတာပဲ”
လီလင်ပုက ထိုကောင်လေးကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်သည်။
"ဒါနဲ့ ကျန်းပိုင်မင်းသားဆီ ငါသတင်းပို့ခိုင်းတဲ့ ကိစ္စကရော ဘယ်လိုဖြစ်သွားပြီလဲ?"