ဆောင်းတောင်ကုန်းမြို့မှ သူလျှို
Vol. 25 Ch. 361
[ဘဝရဲ့ နက်ရှိုင်းဆုံး နေရာမှာ မင်းနဲ့ တွေ့ဆုံခြင်း - ဒီကမ္ဘာကြီး အကြိမ်ပေါင်း များစွာ ပျက်စီးလု နီးပါး ဖြစ်ခဲ့ပြီ။]
[ပြုံးနေတဲ့ နန်ဂေါင် - ပစ္စည်းဆိုတာ ခဏပဲ။ ငါတို့ အဖွဲ့အစည်း ယာဉ်တွေ လိုချင်တယ်။ ဗစ်တိုးရီးယားမြို့မှာ အရမ်း ခန့်ညားတဲ့ အနက်ရောင် မြင်းကြီး တစ်ကောင် ရှိတယ်။]
[ဒါ စိတ်ဝင်စားဖို့ ကောင်းတယ် - ဂိမ်းချို့ယွင်းချက်နဲ့ ကစားနေတာ၊ မင်းက Ubisoft ထက်တောင် ပိုအစွမ်းထက်တယ်ပဲ။]
[ရမ်စကိုင်း - ငါ့ ပစ္စည်း မနေ့က ပျက်စီးသွားတယ်၊ မင်းက အဲ့ဒါ ဂိမ်းချို့ယွင်းချက်လို့ ပြောနေတာလား။]
…
ရှားလော့ခ်သည် ဂိမ်းမာများ အပ်ဒိတ် အသစ်များကြောင့် အလွန် ပျော်ရွှင် နေကြသည်ဟု ခံစားမိသည်။
ဂုဏ်ပြုမှတ်များကို ဘာတွေနဲ့ လဲလှယ် နိုင်မည်နည်။ ရှားလော့ခ် စာရင်း ပြုစုပေးနေသည်။
[ပင့်ကူခြေထောက် ၁ ခု - ဂုဏ်ပြုမှတ် ၁၀၀]
[ပင့်ကူအသား ၁ ခု - ဂုဏ်ပြုမှတ် ၁၀၀]
[ထာဝရတိုင်းပြည် စံမီပစ္စည်း (သာမန် အဖြူရောင် ပစ္စည်း) - ဂုဏ်ပြုမှတ် ၁၀၀၀]
…
"အယ်၊ အရှင်ရှားလော့ခ်။"
ရှားလော့ခ် လဲလှယ်စာရင်းကို ဂရုတစိုက် ပြုစုနေစဉ် ဘရုက ရှားလော့ခ်၏ နား,နားကပ်၍ ပြောလိုက်သည်။
"အမှတ်တွေက အရမ်း မများလွန်းဘူးလား။"
"အရမ်း များတယ် ဟုတ်လား။ ငါကတော့ ကျိုးကြောင်း ဆီလျော်တယ်လို့ ထင်တယ်။ ဒါတွေက လဲလှယ်ဖို့ ပစ္စည်းတွေလေ။ ငါ အမှတ်တွေ လျှော့လိုက်ရင် ငါ ဒေဝါလီ ခံသွားရမှာ စိုးရိမ်တယ်" ဟု ရှားလော့ခ်က လေးနက်စွာ ပြောလိုက်သည်။
"အရှင်ရှားလော့ခ်ရဲ့ ချမ်းသာကြွယ်ဝမှု နဲ့ဆိုရင် အရှင် ဒေဝါလီခံ ရဖို့ မလွယ်ပါဘူး။ အရှင် အမှတ်အများကြီး လိုမှာတွေ ထည့်ထားရင် အရှင့်ခန္ဓာကိုယ်က ခံနိုင်မှာ မဟုတ်လောက်ဘူး" ဟု ဘရုက စိုးရိမ်စွာ ပြောလိုက်သည်။
"အရှင် ပင့်ကူအသားနဲ့ ပင့်ကူခြေထောက်တွေလို သာမန်ပစ္စည်းတွေကို အဲ့စာရင်းထဲ ထည့်လိုက်ရင်လည်း လီလိုနဲ့ အရှင့် ကျန်းမာရေး အတွက် မကောင်းပါဘူး။"
"အင်း… ငါ နားလည်စပြုလာပြီ။" ရှားလော့ခ် ခေါင်းညိတ်လိုက်သည်။
"ပစ္စည်း ကိရိယာတွေနဲ့ ပတ်သက်လို့တော့ ဒင်္ဂါးတွေနဲ့ ဂုဏ်ပြုမှတ်တွေနဲ့ ပေါင်းစပ် ဝယ်ယူနိုင်ပါတယ်။ ထာဝရတိုင်းပြည် စံမီပစ္စည်းလို မျိုးဆိုရင် ဂုဏ်ပြုမှတ် ၁၀၀နဲ့ ငွေဒင်္ဂါး ၃ ပြားနဲ့ နှစ်မျိုးပေါင်း ဝယ်ယူနိုင်ပါတယ်။ ကျွန်တော်က ဆုလာဘ်အဖြစ် အဆင့်မြင့် ပစ္စည်းတွေ ဖန်တီးဖို့ အကြံပြု ချင်ပါတယ်။ နာမည်က အရမ်း မိုက်အောင် လုပ်လို့ ရတယ်၊ ဥပမာ…" ဘရု ခေတ္တမျှ စဉ်းစားပြီးနောက် "စစ်သေနာပတိချုပ်ကြီး၏ ပစ္စည်းအစုံ။ နာမည်ကိုက မိုက်နေပြီ" ဟု ပြောလိုက်သည်။
"ငါ နားလည်ပြီ၊ မင်းရဲ့ အကြံပြုချက်က ကောင်းတယ်။" ရှားလော့ခ် ခေါင်းညိတ်ကာ ပြင်ဆင်မှုများ စတင် ပြုလုပ်လိုက်သည်။
ဒန်ဂျင်အရှင် ခန်းမဆောင်တွင် ရှားလော့ခ် အပြင် ကြက်ဥခေါင်း သည်လည်း လုံ့လဝီရိယ ရှိရှိဖြင့် အလုပ်,လုပ်နေသည်။
ဂိမ်းမာများစွာ တို့သည် သူ့အား နှောင့်ယှက်ရန် တန်းစီ စောင့်ဆိုင်း နေကြသောကြောင့် ကြက်ဥခေါင်းသည် မကျေမချမ်းဖြစ်ကာ သူ၏ ကီးဘုတ်ပေါ်တွင် ဒေါသတကြီး စာရိုက်နေသည်။
ကွန်ပျူတာ ဂိမ်းများ ကစားနိုင်ရန် အတွက် ကြက်ဥခေါင်း မည်မျှပင် နှောင့်ယှက် ခံရသည် ဖြစ်စေ သူသည် စည်းကျော်သော အရာ တစ်ခွန်းတစ်လေမျှ ပြောဆိုခြင်း ၊ ပြုလုပ်ခြင်း ပြုမည် မဟုတ်ချေ။ ကြက်ဥခေါင်းသည် ထိုဂိမ်းမာများကို စိတ်ရှည်စွာ ပြန်လည် ဖြေကြားပေးနေသည်။
["ဒန်ဂျင်" ဝန်ဆောင်မှု ဌာန ကြက်ဥခေါင်း - ချစ်ခင်ရသူလေးရှင့်၊ ငါတို့ လျှို့ဝှက် မစ်ရှင်တွေ မရှိဘူးလို့ ပြောထားတယ်လေ။ မင်းကို သတိလစ်အောင် လုပ်သွားတဲ့ သူက မရှိပါဘူး။]
[ဖင်အေးမြသူ - ဒါပေမဲ့ ကျွန်တော့်ကို အမ်ပီစီ တစ်ယောက်က တကယ် သတိလစ်အောင် လုပ်သွားတာ။ ကြည့်လိုက်ပါဦး။ ကျွန်တော် စခရင်ရှော့တောင် ရိုက်ထားသေးတယ်။ အဲ့ဒါ ကျွန်တော့်ကို သတိလစ်အောင် လုပ်ပြီး ကျွန်တော့် ခန္ဓာကိုယ်ကို ရှာဖွေသွားတဲ့ သတ္တဝါပဲ။ ကျွန်တော့် အစားအစာတွေ အားလုံး ခိုးယူ ခံလိုက်ရတယ်။ အမ်ပီစီတွေက ဂိမ်းမာတွေကို လုယက်ခွင့် ရှိလို့လား။ အဲ့ဒါ ဂိမ်းချို့ယွင်းချက်လား။]
["ဒန်ဂျင်" ဝန်ဆောင်မှု ဌာန ကြက်ဥခေါင်း - ချစ်ခင်ရသူလေးရှင့်၊ မင်း သတိလစ် သွားပြီးနောက် လုယက်ခံရတာ သေချာလို့လား၊ မင်း ကိုယ်တိုင် အစားအစာတွေ စားသုံးလိုက်တာရော မဟုတ်ဘူးလား။]
[ဖင်အေးမြသူ - သေချာပေါက် မဟုတ်ပါဘူး။ ကျွန်တော် စခရင်ရှော့တွေ မပို့ထားဘူးလား။ ကြည့်လိုက်ပါဦး။ ကျွန်တော့်ကို အမ်ပီစီ တစ်ယောက်က လုယက်သွားတာ ပါဆိုနေ။]
ကြက်ဥခေါင်း ဖင်အေးမြသူအား ပြန်လည် ဖြေကြားရန် ပြင်ဆင်နေစဉ် ရှားလော့ခ် သူ၏ နောက်သို့ ရောက်လာပြီး စခရင်ရှော့ကို စစ်ဆေးလိုက်သည်။ အနက်ရောင် ဝတ်စုံ ဝတ်ဆင်ထားသော ဗလတောင့်တောင့် အော့ခ် တစ်ကောင် ရှိနေသည်။
ဤအချိန်တွင် ဖင်အေးမြသူက နောက်ထပ် စာတစ်စောင် ပေးပို့ လိုက်သည်။
[ဖင်အေးမြသူ - ကျွန်တော် ဆွေးနွေးချက် ဖိုရမ်မှာ မေးမြန်းကြည့် ပြီးပြီ။ အဲ့ဒါ ဆောင်းတောင်ကုန်းမြို့ တပ်စောင့် ဗိုလ်ကြီး ချယ်ရီပဲ။ သူက ကျွန်တော်တို့ကို ပိုက်ဆံ ဆုချခဲ့တဲ့ သူပဲ။]
ကြက်ဥခေါင်းသည် စံမီတရားဝင် အဖြေ တစ်ခု ပေးလိုက်ပြီး ရှားလော့ခ်က ကြည့်ရှုခြင်းကို ရပ်တန့် လိုက်သည်။ သူ စဉ်းစားနေစဉ် ဘရုက "အရှင်ရှားလော့ခ်၊ ဒန်ဂျင်အရှင် နီကိုလပ်စ်က အရှင့်အပေါ် အယုံအကြည် မရှိသေးပါဘူး" ဟု ပြောလိုက်သည်။
"မဟုတ်ဘူး၊ သူ နီကိုလပ်စ် အတွက် အလုပ်,လုပ်နေတယ်လို့ ငါ မထင်ဘူး။ ငါ သေဆုံးမှု ၁၀,၀၀၀လို့ သတင်းပို့ခဲ့ပေမဲ့ မှော်ကျောက်တုံး ၂,၀၀၀,၀၀၀ ဆိုတာ နီကိုလပ်စ်ကို အိုဂါ အကျပ်အတည်းနဲ့ ကူညီဖို့ အတွက် ကုန်ကျစရိတ် နည်းနည်းလေးပဲ။ နီကိုလပ်စ် ငါ့ကို စစ်ဆေးနေတယ်ဆိုတဲ့ ထောက်လှမ်းရေး သတင်း ဘာမှ မရရှိခဲ့ဘူး" ရှားလော့ခ်က ခေါင်းခါကာ ပြောလိုက်သည်။
"နေဦး အရှင်ရှားလော့ခ်၊ အရှင် ဘာရွန်နီကိုလပ်စ်ကို စောင့်ကြည့်နေတာလား။" ဘရု အံ့ဩစွာ မေးလိုက်သည်။
"မင်း ဘာလို့ စောင့်ကြည့်တယ်လို့ ခေါ်တာလဲ။ ဒါက သူ့ အတွက် ၂၄ နာရီ အကာအကွယ် ပေးခြင်းပဲ။ နောက်ဆုံးတော့ သူက အရေးကြီးတဲ့ ပူးပေါင်း ဆောင်ရွက်ဖက် တစ်ယောက် ပဲလေ။ အတွင်းသတင်း ရတာကတော့ အကာအကွယ် ပေးခြင်းရဲ့ ဘေးထွက်ပစ္စည်း တစ်ခုပေါ့။"
ရှားလော့ခ်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည် "ဒါက နီကိုလပ်စ်ရဲ့ အစီအစဉ် မဟုတ်ဘူး။ ဖြစ်နိုင်တာကတော့ ကုန်သည်မဟာမိတ် အဖွဲ့က ထာဝရတိုင်းပြည်အကြောင်း သတင်း အချက်အလက်တွေ ရှာဖွေဖို့ စီစဉ်ထားတာ ဖြစ်လိမ့်မယ်။ ငါ ဗိုလ်ကြီး ချယ်ရီကို မေးမြန်းရမယ်။"
ရှားလော့ခ် တံခါးဆီသို့ လျှောက်သွားပြီး ကြက်ဥခေါင်းအား "အိမ်မှာ ဒီကိစ္စတွေကို ဂရုစိုက်လိုက်ပါ ကြက်ဥခေါင်း" ဟု ပြောလိုက်သည်။
ကြက်ဥခေါင်းသည် သူ၏ ကုလားထိုင်တွင် ထိုင်မနေတော့ချေ။ ဤအချိန်တွင် သူသည် ဒန်ဂျင်အရှင် ခန်းမဆောင် အပြင်ဘက်သို့ ပြေးထွက်သွားပြီး ဖင်အေးမြသူဟု ခေါ်သော ဂနိုမ်း တစ်ကောင်ကို မြှောက်တင်ထားသည်။ သူသည် ဂိမ်းမာကို သူ၏ လက်သည်းများဖြင့် လည်ပင်းညှစ်ကာ နံရံသို့ ကပ်ထားပြီး ကြည့်ရှုနေသော ဂိမ်းမာများအား ဒေါသတကြီး တရှူးရှူး တရှဲရှဲဖြင့် အော်ဟစ်လိုက်သည်။ "ဟမ်။ မင်းတို့ အမ်ပီစီက ဂိမ်းမာကို ရိုက်နှက်တာ မမြင်ဖူးဘူးလား။ ငါ ဘာလုပ်နေလဲ မင်းတို့ မြင်လား။ ဟမ်။"
ရှားလော့ခ် သူ၏ ဦးထုပ်ကို ဆောင်းလိုက်ပြီး ဘေးမှ ထွက်ခွာသွားသည်။ ဝန်ထမ်း အချင်းချင်း ဆက်ဆံရေး တိုးတက်စေရန် ရင်းနှီးသော ရန်ပွဲအချို့ ဖြစ်ပွားရခြင်းမှာ သာမန်ပင်။
…
ကျယ်ဝန်းသော တောနက်ထဲတွင် ချယ်ရီသည် သူ၏ ရှည်လျားသော ဝတ်ရုံကို ဝတ်ဆင်ကာ အဝေးမှ လွင်ပြင်ပေါ်တွင် လှုပ်ရှားနေသော သတ္တဝါများကို ငုံ့ကြည့်နေသည်။ သူသည် အိုဂါများ သိမ်းပိုက်ထားသော ခံတပ်ကိုလည်း သတိပြုမိလိုက်သည်။
သူသည် ကုန်သည်မဟာမိတ် အဖွဲ့၏ အမိန့်အရ လျှို့ဝှက် မစ်ရှင် တစ်ခု ဆောင်ရွက်ရန် ထိုနေရာသို့ ရောက်ရှိနေခြင်း ဖြစ်သည်။ သူသည် ထာဝရတိုင်းပြည်နှင့် အိုဂါများကြားမှ တိုက်ပွဲ၏ အသေးစိတ် အချက်အလက်များကို စုံစမ်းစစ်ဆေး ရမည် ဖြစ်သည်။ အဓိကအားဖြင့် ထာဝရတိုင်းပြည်ကို စုံစမ်းစစ်ဆေးရန် ဖြစ်ပြီး ကုန်သည်မဟာမိတ် အဖွဲ့သည် ထာဝရတိုင်းပြည်၏ ကိစ္စရပ်များကို အလွန် စိတ်ဝင်စားပုံ ရသည်။
ကုန်သည်မဟာမိတ် အဖွဲ့သည် ထာဝရတိုင်းပြည်နှင့် ဒန်ဂျင်အရှင် နီကိုလပ်စ်တို့ အကြားတွင် လျှို့ဝှက် သဘောတူညီချက် တစ်ခု ရှိနေသည်ဟုလည်း သံသယရှိနေသည်။
ချယ်ရီလည်း သိရှိ လိုခဲ့သည်။
သူသည် စုံစမ်းစစ်ဆေးရန် ဤနေရာသို့ လာရောက်နိုင်ရန် အတွက် တစ်လတာ အားလပ်ရက်ခွင့် လျှောက်ထားခဲ့သည်။ သူ တောနက်သို့ ရောက်ရှိ လာသည်မှာ ဒုတိယနေ့ ဖြစ်သည်။
တောနက်ထဲတွင် တစ်နေ့ ၂၄ နာရီ ကင်းလှည့်မှုများ ပြုလုပ်နေပြီး သူ တစ်စုံတစ်ရာ ရှာဖွေ တွေ့ရှိနိုင်ခြင်း မရှိခဲ့ချေ။ ရံဖန်ရံခါတွင် ကင်းလှည့်အဖွဲ့များသည် ကြီးမားသော တောရိုင်း သတ္တဝါများနှ၍့် မိမိကိုယ်ကို အသေခံ တိုက်ခိုက်မှုများ ပြုလုပ်ကြသည်။
တောနက်ထဲတွင် လှည့်လည် သွားလာနေသော တောရိုင်းသတ္တဝါများ အရမ်း များပြားနေသလော။
သူ၏ ပထမနေ့တွင်ပင် ချယ်ရီသည် အံ့ဩဖွယ်ရာ အချက် တစ်ချက်ကို ရှာဖွေ တွေ့ရှိခဲ့သည်၊ ထိုအရာမှာ လူသားများပင်။