ချယ်ရီ၏ မှန်းဆချက်
Vol. 25 Ch. 363
ဘာလဲ။ ထာဝရတိုင်းပြည်က လူသားအဖွဲ့နဲ့ ပူးပေါင်း ကြံစည်နေတာလား။ ထာဝရတိုင်းပြည်က ဒီသတ္တဝါတွေကို လူသားအဖွဲ့ကနေ လွှတ်ပေးလိုက်တာလား။ ထာဝရတိုင်းပြည်က သစ္စာဖောက်သွားပြီလား။
အဖွဲ့နှစ်ဖွဲ့ အဘယ်ကြောင့် ကြီးမားသည့် စစ်ပွဲတွေအစား အသေးစား တိုက်ခိုက်မှုတွေသာ လုပ်နေကြသနည်းဆိုသည်က ချယ်ရီ အတွက် အခုတော့ ထင်ရှားလာပေပြီ။ အဖွဲ့ တစ်ခုစီတွင် အမြင်မတူသော ခေါင်းဆောင်များ ရှိနေ၍ ပူးပေါင်းဆောင်ရွက်ရန် မဖြစ်နိုင်ဘဲ သူတို့ ကိုယ်ပိုင် တိုက်ပွဲတွေ ဖြစ်နေကြခြင်းပင်။
ဒါက ချယ်ရီရဲ့ ကနဦး မှန်းဆချက်မျှသာ ဖြစ်သည်။ သူ ပိုပြီး အသေးစိတ်ကျသည့် စုံစမ်းစစ်ဆေးမှု တစ်ခု လုပ်ပြီးမှပဲ တိကျသေချာသည့် ကောက်ချက်ချနိုင်မှာ ဖြစ်သည်။
အခုက စုံစမ်းစစ်ဆေးမှုရန် အခွင့်အရေးပင်။
ဟမ်းစတားက A4 စာရွက်ကနေ ဖတ်ပြီးသွားသည့် အခါ ဖိုးဉာဏ်ကျယ် ခဏလောက် စဉ်းစားပြီးမှ "ဟုတ်တယ်။ ငါတို့ ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ ငါ ထင်တယ်။ အရှင်ရှားလော့ခ်က ဗစ်တိုးရီးယားမြို့ကို ယုံကြည်လို့ မရဘူးလို့ ပြောခဲ့တယ်၊ ဒါပေမဲ့ ငါ အိုဂါတွေရဲ့ အနာဂတ် ခြိမ်းခြောက်မှုကို မြင်နေရတယ်၊ ငါတို့ တစ်ယောက်တည်းနဲ့ သူတို့ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး"ဟု ပြောလိုက်သည်။
ဟမ်းစတားက "ဟုတ်တယ်။ အခြေအနေတွေကို ဆွေးနွေးကြစို့။ အိုဂါတွေကို အနိုင်ယူပြီးရင် သက်ပြင်းချလွင်ပြင်က ဗစ်တိုးရီးယားမြို့ရဲ့ နယ်မြေ ဖြစ်လာလိမ့်မယ်"လို့ ပြောလိုက်၏။
သက်ပြင်းချလွင်ပြင် ဟုတ်လား။ အဲ့ဒါ ဘယ်မှာလဲ။
ချယ်ရီ နားမလည်နိုင် ဖြစ်နေသည်။ သူ သက်ပြင်းချလွင်ပြင် အကြောင်း အရင်က မကြားဖူးတာ သေချာသည်။ အဲ့ဒါ ထာဝရတိုင်းပြည်ရဲ့ နယ်မြေ တစ်ခုလော။ ဖြစ်နိုင်လောက်သည်။
"မဟုတ်ဘူး၊ ဒီသက်ပြင်းချလွင်ပြင်က ဆောင်းတောင်ကုန်းမြို့နဲ့ မြေအောက်လောက ကုန်သည်မဟာမိတ် အဖွဲ့ပိုင်ပဲ။ အဖွဲ့ မတူပေမဲ့ အရှင်ရှားလော့ခ်က ဆောင်းတောင်ကုန်းမြို့ကို ညီအစ်ကို တစ်ယောက်လို၊ ကုန်သည်မဟာမိတ် အဖွဲ့ကို ငါတို့ထဲက တစ်ယောက်လို အမြဲတမ်း ရှုမြင်ခဲ့တယ်။ ဆောင်းတောင်ကုန်းမြို့ကို ကူညီဖို့ ငါတို့ ပြည်သူ တစ်သန်းကို စတေးရရင်တောင် ငါတို့ လုပ်မှာပဲ" ဖိုးဉာဏ်ကျယ်က သူ့ရဲ့ အတက်အကျ မရှိသောအသံဖြင့် အော်ဟစ်လိုက်သည်။
"ဒါဆို ငါတို့ရဲ့ ညှိနှိုင်းမှု ပျက်စီးသွားပြီလား။ ဒါဆို မင်းတို့ သေရလိမ့်မယ်။" ဟမ်းစတား အော်ဟစ်လိုက်ပြီး အဖွဲ့နှစ်ခု အပြင်းအထန် တိုက်ခိုက် ကြတော့သည်။ ချယ်ရီ တိုက်ပွဲ၏ ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထွက်သံယို မှုကြောင့် တုန်လှုပ်သွားသည်။
တိုက်ပွဲ ပြီးဆုံးသွားလေပြီ။ အာသာက ဂနိုင်သားနဲ့ ရင်မွှေးမီးလောင်တို့ကို စတေးပြီး ဗစ်တိုးရီးယားမြို့က ဂိမ်းမာတွေကို ချေမှုန်းပစ်နိုင်လိုက်သည်။ ၅ယောက်ချင်း တိုက်ပွဲတွင် အာသာ၏ အဖွဲ့က အပြတ်အသတ် အောင်ပွဲ ရရှိခဲ့သည်။ ဗစ်တိုးရီးယားမြို့က သူတို့ရဲ့ အင်အားအကြီးဆုံး စစ်သည်တော်တွေကို မရွေးချယ် လာခဲ့ချေ။ အနည်းဆုံးတော့ သူတို့ နဂါးမျိုးနွယ်သားကို မတွေ့ခဲ့ရပေ။
"ဒါက စစ်ပွဲပဲ။ အစပိုင်းမှာ ငါတို့ ပဋိပက္ခကို ရှောင်ရှားချင်ခဲ့တယ်၊ ဒါပေမဲ့ မင်းတို့ နောင်တ မရဘူးဆိုရင် ငါတို့ စစ်ကြေညာမယ်။ အိုဂါတွေကို ကိုင်တွယ်ပြီး သက်ပြင်းချလွင်ပြင်ကို သိမ်းပိုက်မပြီးခင် ငါတို့ မင်းတို့ အားလုံးကို သတ်ပစ်မယ်။ ငါတို့ ကြည့်ကြသေးတာပေါ့။"
ဟမ်းစတားက A4 စာရွက်ပေါ်က သူ့ရဲ့ စကားတွေကို အော်ဟစ်လိုက်သည်။ ပြီးတော့ သူက ကျသွားသည့် ပစ္စည်းများအား တွန်းလှည်းထဲ ထည့်ပြီး အဝေးမှ ရှေ့တန်းစခန်းဆီကို ပြန်ပြေးသွားသည်။
ဖိုးဉာဏ်ကျယ် သူ့ဘာသာသူ တီးတိုး ရေရွတ်လိုက်သည် "စစ်ပွဲက ရှောင်လွှဲလို့ မရတော့ဘူး ထင်တယ်။ စစ်သည်တော်တို့၊ ငါတို့ စောစောစီးစီး ပြင်ဆင်ရမယ်။ ဗစ်တိုးရီးယားမြို့ကို သူ့ရဲ့ ဆိုးယုတ်တဲ့ အကြံအစည် အောင်မြင်ပြီး အိုဂါတွေကို အနိုင်ယူခွင့် ပြုလိုက်လို့ မဖြစ်ဘူး။ ငါတို့ ဒီလေးလံတဲ့ တာဝန်များကို ထမ်းဆောင်ရမယ်။"
ဖိုးဉာဏ်ကျယ် ဂိမ်းမာများနဲ့ အတူ ထွက်ခွာသွားချိန် ချယ်ရီ အံ့ဩတကြီး ပါးစပ်အဟောင်းသား ကျန်နေခဲ့သည်။
ပုန်းကွယ်နေသည့် ရှားလော့ခ် ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး ဘရုက ပျော်ရွှင်စွာဖြင့် "အရှင်ရှားလော့ခ်၊ ကျွန်တော် အရှင့်ရဲ့ ရည်ရွယ်ချက်ကို နားလည်ပါတယ်။ ချယ်ရီ ကုန်သည်မဟာမိတ် အဖွဲ့ကို ပြန်သတင်းပို့တဲ့ အခါ ထာဝရတိုင်းပြည်က ကုန်သည်မဟာမိတ် အဖွဲ့ဘက်မှာ ရှိတယ်လို့ သူပြောလိမ့်မယ်။ ဗစ်တိုးရီးယားမြို့ရဲ့ ခြိမ်းခြောက်မှုကို အသုံးပြုခြင်းက ဆောင်းတောင်ကုန်းမြို့ကို ကာကွယ်ပြီး အိုဂါတွေကို အနိုင်ယူရာမှာ ကျွန်တော်တို့ရဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ကို သက်သေပြပါတယ်။ ကျွန်တော်တို့ ကုန်သည်မဟာမိတ် အဖွဲ့ဆီက ပိုပြီး ယုံကြည်မှု ရရှိပြီး အရင်းအမြစ်တွေ ပိုရရှိလိမ့်မယ်။ သင့်တော်တဲ့ အချိန်မှာ ဗစ်တိုးရီးယားမြို့နဲ့ ထာဝရတိုင်းပြည်တို့က ဆောင်းတောင်ကုန်းမြို့ကို တိုက်ခိုက်လိမ့်မယ်၊ အဲ့ဒါက ကျွန်တော်တို့ရဲ့ ခံတပ် ဖြစ်လာလိမ့်မယ်"လို့ ပြောလိုက်တယ်။
"ပထမအပိုင်းကတော့ ငါ့ အစီအစဉ်ပဲ"လို့ ရှားလော့ခ်က ပြောလိုက်သည်။ "ဗစ်တိုးရီးယားမြို့က မကြာခင် ဒါမှမဟုတ် နောက်ပိုင်းမှာ ရှာဖွေတွေ့ရှိ ခံရမှာပဲ။ ဖုံးကွယ်ထားမယ့်အစား ချယ်ရီနဲ့ ကုန်သည်မဟာမိတ် အဖွဲ့ကို လမ်းလွှဲလိုက်တာက ပိုကောင်းတယ်၊ သူတို့က အိုဂါတွေနဲ့ ဗစ်တိုးရီးယားမြို့ကို ဆက်လက် တိုက်ခိုက်ဖို့ ငါ့ ဆုံးဖြတ်ချက်ကို ထောက်ခံလိမ့်မယ်။ သူတို့ ဗစ်တိုးရီးယားမြို့ကို ကိုင်တွယ်ဖို့ စစ်တပ် တစ်တပ် လွှတ်လိုက်ရင် ငါတို့ ဂိမ်းမာတွေကို ဆုတ်ခွာ ခိုင်းလိုက်မယ်။"
"ကျွန်တော် နားလည်ပါတယ်။ အရှင်ရှားလော့ခ် ဆောင်းတောင်ကုန်းမြို့ကို သိမ်းပိုက်တာကို ကျွန်တော် မြင်ချင်ပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အင်အားကို စုစည်းတာက ပိုသင့်တော်ပါတယ်။ ကျွန်တော် အရှင်ရှားလော့ခ်ရဲ့ အစီအစဉ်ကို နားလည်ပါတယ်။"
ရှားလော့ခ် ထုပ်ပိုးပြီး ထွက်ခွာသွားသည့် ချယ်ရီကို စိုက်ကြည့်နေသည်။ ပြီးတော့ သူက "ငါတို့ အခုထွက်သွားလို့ ရပြီ။ ကုန်သည်မဟာမိတ် အဖွဲ့ကို သတင်းပို့ဖို့ ချယ်ရီကိုပဲ ချန်ထားခဲ့လိုက်မယ်"လို့ ပြောပြီး ထာဝရတိုင်းပြည် ရှေ့တန်းစခန်းဘက်ကို လျှောက်သွားသည်။
ချယ်ရီ ရှားလော့ခ်ကို စိတ်ပျက်စေခဲ့ခြင်း မရှိပေ။ မြေအောက်လောကနှင့် မြေပေါ်လောက,ကြားက ပဋိပက္ခကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ပြီးနောက် ချယ်ရီ ဆောင်းတောင်ကုန်းမြို့ကို ပြန်သွားသည်။
ဘာလဲ။ စုဆောင်းရရှိတဲ့ ထောက်လှမ်းရေး သတင်းက အရမ်း နည်းနေလို့ စောင့်ကြည့်မှုကို ဆက်လုပ်ရဦးမှာလား။ ထာဝရတိုင်းပြည်နဲ့ ဗစ်တိုးရီးယားမြို့ကနေ ၂၄ နာရီ ဆက်တိုက် ကင်းလှည့်နေ၍ ချယ်ရီ အနီးကပ် စောင့်ကြည့်မှု လုပ်ရန် မဖြစ်နိုင်တော့ဘူးလို့ ခံစားမိသည်။
သူ လွင်ပြင်ထဲ လမ်းလျှောက်သွားပါက ချက်ချင်း ရှာဖွေတွေ့ရှိ ခံရမှာပင်။ ထာဝရတိုင်းပြည်အဖွဲ့၏ လုံခြုံရေးကို ချယ်ရီ အထင်ကြီးမိသည်၊ အနည်းဆုံးတော့ ဧရိယာကို ကင်းလှည့်နေတဲ့ စစ်သည်တော် ထောင်ပေါင်းများစွာ ရှိနေသည်ပင်။
ဒါ့အပြင် သူ လိုအပ်သည့် ထောက်လှမ်းရေး သတင်းကို ရရှိခဲ့ ပြီးလေပြီ။ သူ စုဆောင်း ရရှိခဲ့တာတွေနှင့် သူ ကောက်ချက် တစ်ခု ချမှတ်နိုင်ခဲ့ပြီ။
ဘေးကင်းတဲ့ နေရာကို ရောက် ရှိပြီးနောက် ချယ်ရီ ထောက်လှမ်းရေး အစီရင်ခံစာ တစ်စောင် ရေးသားပြီး မီးလောင်နေသော စာကို ဘွန်းဆီကို ပို့လိုက်သည်။
"ကျွန်တော့်ရဲ့ အပြင်းအထန် စုံစမ်းစစ်ဆေးမှု အပြီးမှာ ကျွန်တော် တုန်လှုပ်စရာ လျှို့ဝှက်ချက် တစ်ခုကို ရှာဖွေတွေ့ရှိခဲ့တယ်။
ဒီတောနက်ထဲမှာ အိုဂါတွေ၊ ပြီးတော့ ထာဝရတိုင်းပြည်နဲ့ ဗစ်တိုးရီးယားမြို့က အင်အားစုတွေ ရှိနေတယ်။ ဗစ်တိုးရီးယားမြို့က မြေအောက်လောကထဲကို ဘယ်လို စိမ့်ဝင်လာသလဲ ဆိုတာ ကျွန်တော် မသိဘူး၊ ဒါပေမဲ့ ထာဝရတိုင်းပြည်က လက်ရှိမှာ သက်ပြင်းချလွင်ပြင်ကို သူတို့ ဆီကနေ ကာကွယ်နေတယ်။
သက်ပြင်းချလွင်ပြင်ရဲ့ တည်နေရာကို ကျွန်တော် မသိသလို တခြား အသေးစိတ် အချက်အလက် တွေကိုလည်း ကျွန်တော် ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိဘူး၊ ဒါပေမဲ့ အိုဂါတွေက သက်ပြင်းချလွင်ပြင်ရဲ့ ဗဟိုနေရာကို သိမ်းပိုက်ထားတယ်ဆိုတာ ကျွန်တော် သေချာတယ်။
သူတို့ သက်ပြင်းချလွင်ပြင်ကို သိမ်းပိုက်မပြီးခင် အိုဂါတွေကို အနိုင်ယူရမယ်လို့ ပြောခဲ့ကြတယ်။
သူတို့ အဆိုအရ၊ သက်ပြင်းချလွင်ပြင်က ကုန်သည်မဟာမိတ် အဖွဲ့ရဲ့ နယ်မြေ အစိတ်အပိုင်း တစ်ခုပဲ။ ကုန်သည်မဟာမိတ် အဖွဲ့မှာ သက်ပြင်းချလွင်ပြင်လို့ ခေါ်တဲ့ နေရာ တစ်ခု ရှိတယ်လို့ ကျွန်တော် မမှတ်မိဘူး၊ ဒါကြောင့် ဒီအချက်ကို ကျွန်တော် ရှင်းပြလို့ မရဘူး။
သက်ပြင်းချလွင်ပြင်မှာ အဖိုးတန်ရတနာ တစ်ခု ရှိတယ်လို့ ကျွန်တော် ကောက်ချက်ချတယ်။"