← Chapters

ဖြစ်လာမည့် အခြေအနေသစ်

Vol. 25 Ch. 372

ဖြစ်လာမည့် အခြေအနေသစ်

Vol. 25 Ch. 372

မော်ဂန်၏ စကားများကြောင့် တွေ့ဆုံပွဲခန်းမ အတွင်းရှိ လေထု အခြေအနေမှာ တင်းမာ သွားသည်။ နီကိုလပ်စ်သည် လေးနက်တည်ငြိမ် သွားပြီး မော်ဂန်ကို ကြည့်ကာ "ခဏနေဦး မစ္စတာမော်ဂန်၊ ဒီနောက်ပြောင်မှုက မရယ်ရဘူး။ ခင်ဗျားက 'တားမြစ်ထားသော တိုင်းပြည်' ပြဇာတ်ထဲက စကားပြောဆိုမှုတွေကို အတုခိုးနေတာလား။"ဟု မေးလိုက်သည်။

" မဟုတ်ဘူး။ ငါက ငါ့ရဲ့ ကိုယ်ပိုင် ဩဇာအာဏာကို အသုံးချပြီး နတ်ဆိုး စီမံခန့်ခွဲရေး ကော်မတီကို ထာဝရတိုင်းပြည်အပေါ် စစ်ကြေညာဖို့ လျှောက်ထား ပြီးပြီ။ မကြာခင်မှာ အရှင်ရှားလော့ခ်က နတ်ဆိုးစီမံခန့်ခွဲရေး ကော်မတီဆီကနေ အသိပေးချက်ကို လက်ခံရရှိ လိမ့်မယ်။ ဒါက တရားဝင် သေသည်အထိ တိုက်ခိုက်ရမယ့် စစ်ပွဲ တစ်ခု ဖြစ်လာလိမ့်မယ်။ ငါ အနိုင်ရပြီးရင် မင်းရဲ့ စည်းစိမ်ဥစ္စာနဲ့ မြို့သူမြို့သား အားလုံးကို ငါ သိမ်းပိုက်မယ်။ ဒါပေမဲ့ သူတို့ကို ငါ မသတ်ဘူး၊ သူတို့ကို ညှဉ်းပန်းနှိပ်စက်ပြီး သူတို့ လုပ်ခဲ့တဲ့ အရာတွေ အတွက် ပြန်ပေးဆပ်ခိုင်းမယ်။" မော်ဂန်က မကောင်းဆိုးဝါးဆန်စွာ ပြောလိုက်သည်။

"ငါ နားမလည်ဘူး။ ငါ့ရဲ့ မြို့သူမြို့သားတွေ..." ရှားလော့ခ်သည် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ ထိန်းချုပ်ထားသော ဂိမ်းမာများ ထံသို့ နောက်ပြန် လှည့်ကြည့်ကာ ပြောလိုက်သည်။ "သူတို့က မင်းရဲ့ မုန်းတီးမှုကို ခံရလောက်အောင် ဘာတွေ လုပ်ခဲ့လို့လဲ။ ငါ မှတ်မိသလောက်တော့ ငါတို့က ဆာမေးလ်ကို တိုက်ခိုက် နေခဲ့တာလေ။ တစ်နည်းအားဖြင့် ပြောရရင် ငါတို့က မင်း အစ်ကို,ကို ကယ်တင်ခဲ့တာပဲ။ အန်ဒရူးက မင်း အစ်ကို မဟုတ်ဘူးလား။ အဲ့ဒါက ငါ စုံစမ်းသိရှိခဲ့တာပဲ။"

"အန်ဒရူးလား။ ငါ သူ့ကို ဂရုမစိုက်ဘူး။ ငါ ပြောနေတာက မင်း၊ ရှားလော့ခ်၊ ငါ မင်းကို လိုချင်တယ်။"

မော်ဂန်သည် ထရပ်လိုက်ပြီး သူ၏ လက်များကို ဆန့်တန်းကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

အော့ခ်သည်လည်း ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်လိုက်ပြီး သူ၏ မျက်နှာကို ဖုံးအုပ် ထားလိုက်သည်။ သူ၏ လက်ချောင်းများကြားမှ ခိုးကြည့်နေသော သူ၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှု နှင့် မျှော်လင့်ချက်တို့ဖြင့် ပြည့်နှက်နေသည်။

"မင်းနဲ့ သူက..."

ကြက်ဥခေါင်းသည် ရှားလော့ခ်နှင့် မော်ဂန်တို့ကို တစ်လှည့်စီ ကြည့်လိုက် ပြီးနောက် ခေါင်းငုံ့ကာ ခေါင်းညိတ်၍ "တောင်းပန်ပါတယ်၊ ကျွန်တော့် အသိုက်ကို နေရာ ရွှေ့လိုက်ပါ့မယ်။"ဟု ပြောလိုက်သည်။

"နားလည်မှု လွဲမှားတာမျိုး မဖြစ်အောင် ငါ ကြိုရှင်းပြရမယ်၊ မင်း ဒါကို မိုက်ကယ်အိန်ဂျယ်လိုရဲ့ အမွေအနှစ်ကြောင့် လုပ်နေတာလား။ ငါ အသတ်ခံရရင်တောင် မင်းက မိုက်ကယ်အိန်ဂျယ်လိုရဲ့ အမွေအနှစ်ကို ရနိုင်မှာ မဟုတ်ဘူး။"

"မင်းက ဒီသေရေးရှင်ရေးစစ်ပွဲ အတွက် အရာအားလုံးကို လောင်းကြေး ထပ်ထားနေမှတော့ နတ်ဆိုးစီမံခန့်ခွဲရေး ကော်မတီက မင်းရဲ့ လျှောက်လွှာကို သဘောမတူရင်တောင် ငါက မင်းရဲ့ တောင်းဆိုချက်ကို သဘောတူလိုက်မယ်။ ငါ့ရဲ့ မြို့သူမြို့သားတွေနဲ့ ငါက ငါ့ ဒန်ဂျင်ထဲမှာ မင်းရဲ့ တိုက်ခိုက်မှုတွေကို စောင့်နေမယ်။ မင်းရဲ့ စုစုပေါင်း ကြွယ်ဝမှုကို ငါ့ကို ထုတ်ဖော်ပြ နိုင်မလား။" ရှားလော့ခ်က ချက်ချင်းပင် ပြောလိုက်သည်။

"ခဏနေဦး။ အရှင်ရှားလော့ခ်၊ ခင်ဗျားက ထာဝရမီးလျှံနဲ့ တိုက်ခိုက်နေတာ။ ဆောင်းတောင်ကုန်းမြို့က ဒီနားလည်မှု လွဲမှားမှုကို ကြားဝင် ဖြေရှင်းပေးပါရစေ။" နီကိုလပ်စ်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ သူသည် ရှားလော့ခ်နှင့် မော်ဂန်တို့ ကြားရှိ ပေါက်ကွဲလုမတတ် လေထု အခြေအနေကို ဖြေလျှော့ရန် ကြိုးစားခဲ့ သော်လည်း မဖြစ်နိုင်ပုံ ရသည်။

"ထာဝရမီးလျှံက မင်းနဲ့ တိုက်ခိုက်မှာ မဟုတ်ဘူး၊ ဒါက ငါ့ရဲ့ ကိုယ်ပိုင်ဒန်ဂျင်ပဲ။ ငါက အနီးအနားက ဒန်ဂျင် တစ်ခုကို ဝယ်ယူထားပြီး ထာဝရတိုင်းပြည်ကို တိုက်ခိုက်ဖို့ အဲ့ဒါကို အသုံးပြုမယ်။"

မော်ဂန်သည် ထရပ်လိုက်ပြီး နီကိုလပ်စ်နှင့် ရှားလော့ခ်တို့၏ ရှေ့ရှိ စားပွဲပေါ်တွင် လက်မှတ် နှစ်စောင်ကို ချထားလိုက်သည်။

"ဒါတွေက မနက်ဖြန် ဖျော်ဖြေပွဲ အတွက် လက်မှတ်တွေပဲ။ ခင်ဗျားတို့ ကျွန်တော့်ကို အားပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ နှုတ်ဆက်ပါတယ်၊ စစ်မြေပြင်မှာ ပြန်တွေ့ကြတာပေါ့ အရှင်ရှားလော့ခ်။"

နီကိုလပ်စ်သည် မော်ဂန်၏ နောက်ကျော ပုံရိပ်ကို မယုံကြည်နိုင်သော အကြည့်ဖြင့် ကြည့်နေသည်။ သူက "မော်ဂန်... သူက သရုပ်ဆောင်ရတာကို ကြိုက်တာပဲ..."ဟု ပြောလိုက်သည်။

သူသည် ရှားလော့ခ်ကို သတိရသွားပြီး အလျင်အမြန်ပင် ပြောလိုက်သည်။ "အရှင်ရှားလော့ခ်၊ အရှင်နဲ့ အရှင့်ရဲ့ စစ်သည်တော်တွေက ရဲစွမ်းသတ္တိ ရှိကြတယ်ဆိုတာ ကျွန်တော် သိပေမဲ့ ဒီလိုအကြောင်းမဲ့ စစ်ပွဲမျိုးကို ဆန့်ကျင် ကန့်ကွက်တာက ပိုကောင်းပါတယ်။ တခြားဒန်ဂျင် အရှင်တွေနဲ့ အထက်တန်းစား နတ်ဆိုးတွေက အရှင့်ရဲ့ ကန့်ကွက်မှုကို ထောက်ခံကြမှာပါ။ ဒီလို အကျိုးသင့်အကြောင်းသင့် မရှိတဲ့ စစ်ပွဲမျိုးကို ရှုတ်ချသင့်တယ်။"

နီကိုလပ်စ်သည် စိတ်လှုပ်ရှားစွာ ပြောဆိုနေသော်လည်း ရှားလော့ခ်ကမူ သဘောမတူခဲ့ချေ။ သူသည် သူ၏ လက်ကို ဝှေ့ယမ်းလိုက်ပြီး ပြောလိုက်သည်။ "စိတ်မပူပါနဲ့ နီကိုလပ်စ်၊ ထာဝရတိုင်းပြည်က တိုက်ပွဲကို ဘယ်တော့မှ ငြင်းဆန်မှာ မဟုတ်ဘူး။ ဟုတ်ပါတယ်၊ မင်းနဲ့ ဆောင်းတောင်ကုန်းမြို့ကို ပါဝင် ပတ်သက်စေဖို့ ငါ့မှာ ရည်ရွယ်ချက် မရှိပါဘူး။ ဘေးကနေ ကြည့်ပေးနေရုံပါပဲ။"

"အရှင်ရှားလော့ခ်..." နီကိုလပ်စ်က စိုးရိမ်စွာ ပြောလိုက်သည်။

သို့သော် ရှားလော့ခ်က သူ၏ လက်ကို မြှောက်လိုက်ပြီး "ငါ့ကို မတားနဲ့။ ဒီလောက် ကောင်းတဲ့ အပေးအယူမျိုးကို ငါ ငြင်းမှာ မဟုတ်ဘူး။ စစ်ပွဲ အတွက် ပြင်ဆင်ဖို့ ငါ ပြန်တော့မယ်။"ဟု ပြောလိုက်သည်။

ရှားလော့ခ်သည် ကြက်ဥခေါင်း၊ ဖိုးဉာဏ်ကျယ်နှင့် ဂိမ်းမာများကို ခေါ်ဆောင်ကာ တွေ့ဆုံပွဲ ခန်းမမှ ထွက်ခွာသွားပြီး အခန်းအတွင်း၌ စိတ်ရှုပ်ထွေးနေသော နီကိုလပ်စ်ကို ချန်ထားခဲ့သည်။

ကောင်းတဲ့ အပေးအယူ ဟုတ်လား။

...

ထာဝရတိုင်းပြည်နှင့် မော်ဂန်တို့ကြား စစ်ပွဲသတင်းသည် ဆွေးနွေးပွဲ ဖိုရမ်တွင် တောမီးကဲ့သို့ ပျံ့နှံ့သွားသည်။

အောက်ပါ ခေါင်းစဉ်များ ပါသော ပို့စ်များစွာ ရှိနေသည်:

[အော့ခ်တွေနဲ့ စစ်ပွဲက မပြီးသေးဘူး၊ ပိုလီယိုနဲ့လည်း မတိုက်ခိုက်ရသေးဘူး၊ ဒါပေမဲ့ ငါတို့က ကန့်သတ်ဒန်ဂျင်နယ်မြေ အသစ်ကို စွန့်လွှတ်ရ တော့မှာလား။]

[ဒန်ဂျင်စစ်ပွဲ တစ်ခု ဖြစ်ပွားတော့မည်။ ဒန်ဂျင်နှစ်ခု၏ ထိပ်တိုက် တွေ့ဆုံမှု ။]

[ဗစ်တိုးရီးယား ဝက်တွေ၊ ငါတို့က အကြောင်းအရာအသစ်ကို မုန်းတီးမှုနဲ့ မနာလိုမှုတွေနဲ့ ဘယ်လို ခံစားရမလဲဆိုတာ ကြည့်လိုက်ကြစမ်းပါ။]

[ဗစ်တိုးရီးယားမြို့ ဂိမ်းမာတွေက အမှားလုပ်မိတာပဲ။ ငါက ဖောက်သည်ဝန်ဆောင်မှု နဂါးနက်ဆီကို တိုင်ကြားချက်တွေ တင်သွင်းမယ်။ ကျေးဇူးပြုပြီး တန်းစီပေးပါ။]

[ဗစ်တိုးရီးယားမြို့ ဂိမ်းမာ တစ်ယောက် အနေနဲ့ ငါက အဖွဲ့ပြောင်းဖို့ စဉ်းစားနေတယ်။]

ပို့စ် များစွာ ကြားတွင် ပုန်းကွယ်နေသော ပို့စ် တစ်ခု ရှိနေသည်:

[ငါက လက်နက်အဆင့် ၁၀ ရှိတဲ့ လူဆိုးလေးပဲ။]

...

လူဆိုးလေးသည် အမှောင်ထဲရှိ မြေပြင်ပေါ်၌ လဲလျောင်းနေသည်။ သူ၏ အသက်ရှုသံမှာ ညီညာနေပြီး သူ၏ ခန္ဓာကိုယ်မှာမူ လှုပ်ရှားမှု မရှိဘဲ တည်ငြိမ်နေသည်။

မုတ်ဆိတ်မွေး ရှည်ရှည် ဓားသင်တန်း ဆရာသည် အမှောင်ထဲတွင် ရပ်နေပြီး မြေပြင်ပေါ်တွင် လဲလျောင်းနေသော လူဆိုးလေးကို ကြည့်နေသည်။ ဓားသင်တန်း ဆရာ၏ စိတ်ထဲတွင် သံသယ များစွာဖြင့် ပြည့်နှက် နေသည်။

အလွန်အမင်း ပုံပျက်နေသော လူဆိုးလေးသည် အဘယ်ကြောင့် ဤမျှ ပြင်းထန်သော စိတ်ဓာတ်စွမ်းအား ပိုင်ဆိုင်ရပါသနည်း။ လေ့ကျင့်မှု မည်မျှပင် ပြင်းထန်ကြမ်းတမ်း စေကာမူ သူသည် ပြီးမြောက် အောင်မြင်အောင် လုပ်ဆောင် နိုင်ခဲ့သည်။ အရိုးများစွာ ကျိုးကြေ သွားလျှင်ပင် သူသည် မည်သည့် အရာမျှ မခံစားရချေ။ သူ၏ ကျိုးကြေသွားသော အရိုးများသည်ပင် သူ၏ အသားထဲမှ ထိုးထွက်နေပြီး သူသည် မာနာဖြင့် ဆယ်ကြိမ် ထက်မနည်း ကုသမှု ခံယူခဲ့ ရသည်။

လူဆိုးလေးသည် မည်သည့် ခံစားချက်မျှ မရှိသကဲ့သို့ပင်၊ သို့သော် ထိုအရာမှာ မဖြစ်နိုင်ချေ။ တိုက်ခိုက်နေစဉ်အတွင်း သူသည် လက်နက်များကြောင့် ဖြစ်ပေါ်လာသော ဒဏ်အမျိုးမျိုးကို ဖော်ပြခဲ့သည်။ ဤသည်မှာ စစ်သည်တော်တစ်ဦး အတွက် အခြေခံ လိုအပ်ချက် တစ်ခု ဖြစ်သည်။ သူသာ ဒဏ်ရာများကို မခံစားနိုင်ပါက မည်သို့ တိုက်ခိုက် နိုင်မည်နည်း။

ငရဲကဲ့သို့သော လေ့ကျင့်ရေး အစီအစဉ် ပြီးနောက် လူဆိုးလေး၏ တိုက်ခိုက်ရေး စွမ်းရည်များမှာ အဆမတန် တိုးတက် လာခဲ့သည်။ သူသည် သေခြင်း၊ နာကျင်ခြင်း သို့မဟုတ် ပင်ပန်းနွမ်းနယ်ခြင်းတို့ကို ကြောက်ရွံ့ခြင်း မရှိဘဲ ပျော်ရွှင်စွာပင် ပြုံးနိုင်ခဲ့သည်။ ဓားသင်တန်းဆရာသည် သူ၏ ဘဝကို အလဟဿ ဖြုန်းတီးခဲ့သည်ဟု ခံစားမိပြီး လူဆိုးလေးကိုပင် ကြောက်ရွံ့မိသည်။

အချိန်တို အတွင်းမှာပင် ဓားသင်တန်း ဆရာသည် ရလဒ်များကို မြင်တွေ့ ခဲ့ရသည်။ လူဆိုးလေးသည် သူ၏ ကန့်သတ်ချက်များကို ချိုးဖျက်နေပြီး သူ၏ လက်ဗလာဖြင့် အစောင့်များကို အနိုင်ယူ နိုင်ခဲ့သည်။ သူ့အား လက်နက် တစ်ခုသာ ပေးအပ် လိုက်ပါက အစောင့်များ သေဆုံးသွားမည်မှာ သေချာသည်။

ဟုတ်ပါသည်၊ လူဆိုးလေးသည်လည်း ပြင်းထန်သော ဒဏ်ရာ ရရှိလိမ့်မည်။

ထိုအရာမှာ အရေးမကြီးချေ။ သူသည် ကျော်ကြားပြီး အောင်မြင် လာနိုင်သည့် လူဆိုးလေး၏ အကန့်အသတ်မဲ့ အလားအလာကို မြင်တွေ့ နေရသည်။ ပြီးတော့ လူဆိုးလေးသည် သူ၏ တပည့်ပင် ဖြစ်သည်။

မုတ်ဆိတ်မွေး ရှည်ရှည် ဓားသင်တန်း ဆရာသည် စိတ်တည်ငြိမ်သ ွားသည်။ သူသည် လူဆိုးလေးကို နှိုးပြီး သင်တန်း ဆက်လက် ပေးလိုသော်လည်း မည်သူမျှ လူဆိုးလေးအား သူ၏ ဆန္ဒနှင့် ဆန့်ကျင်၍ မည်သည့် အရာကိုမျှ အတင်းအကျပ် ပြုလုပ်ခိုင်း၍ မရနိုင်ချေ၊ ဓားသင်တန်းဆရာပင်လျှင် မရနိုင်ပေ။ သူသည်လည်း လူဆိုးလေး နိုးထလာသည်အထိ စောင့်ဆိုင်းနေရုံသာ တတ်နိုင်ခဲ့သည်။ အချိန် နီးကပ်နေပြီ ဖြစ်သည်။

ဓားသင်တန်း ဆရာ မျှော်လင့်ထားသည့် အတိုင်းပင် လူဆိုးလေးသည် ဖြည်းညှင်းစွာ ထထိုင် လိုက်သည်။

"အမလေး၊ ထာဝရတိုင်းပြည်အဖွဲ့က အရမ်း စိတ်ဝင်စားဖို့ ကောင်းတာပဲ။ ငါသာ သူတို့နဲ့ ပူးပေါင်းနိုင်ရင် ကောင်းမှာ။ ငါ့ရဲ့ ဆက်တိုက်မစ်ရှင်တွေ ပြီးသွားရင် အာသာကို ငါ သတ်ပစ်မယ်။" လူဆိုးလေးသည် ထရပ်ရင်း မိမိကိုယ်ကို တီးတိုး ရေရွတ် နေသည်။ ဓားသင်တန်းဆရာသည် သူ၏ ထူးဆန်းသော ပေါက်ကရ စကားများကို ကျင့်သားရနေပြီ ဖြစ်သည်။ သူသည် သွေးထားသော ဓားရှည် တစ်ချောင်းကို လူဆိုးလေးထံ ပစ်ပေးလိုက်သည်။

"လူဆိုးလေး၊ မင်း လေ့ကျင့်ရတဲ့ ပန်းတိုင် ပြောင်းသွားပြီ။ မင်းမှာ အခု ပန်းတိုင် တစ်ခုပဲ ရှိတော့တယ်။" ဓားသင်တန်းဆရာသည် ထိန်းမနိုင် သိမ်းမရသော စိတ်လှုပ်ရှားမှုကြောင့် တုန်ရီနေသည်။

"မင်း သိသမျှ တတ်သမျှ အကုန်သုံးပြီး ငါ့ကို အနိုင်တိုက်စမ်းပါ။"

...

စည်ကားသော ဗစ်တိုးရီးယားမြို့သည် ပြီးစီးလု နီးပါး ဖြစ်နေပြီ။ သစ်သားနှင့် ကျောက်တုံးများဖြင့် ဆောက်လုပ်ထားသော အိမ်များသည် လမ်း၏ တစ်ဖက်တစ်ချက်စီတွင် စီတန်း နေကြသည်။

ဂိမ်းမာများသည် ဟမ်းစတား သုံးကောင်၏ တင်းကျပ်စွာ ကြီးကြပ်ခြင်းကို ခံနေရသောကြောင့် ဆောက်လုပ်ရေး စည်းမျဉ်းစည်းကမ်းများကို သွေဖည်၍ မရနိုင်ချေ။

လူဦးရေ ၅၀၀၀ ရှိသော မြို့သည် တစ်လကျော်ကြာ ဖွံ့ဖြိုးတိုးတက် လာခဲ့ပြီး ဂိမ်းမာ အများစုမှာ သူတို့၏ ကြိုးစားအားထုတ်မှုများဖြင့် ကိုယ်ပိုင်အိမ်များကို တည်ဆောက်နိုင် ခဲ့ကြသည်။

မြေနေရာ ရှားပါးသော ထာဝရတိုင်းပြည်နှင့် နှိုင်းယှဉ်ပါက ဗစ်တိုးရီးယားမြို့တွင် ရရှိနိုင်သော မြေနေရာ ပိုမို များပြားသည်။ ဗစ်တိုးရီးယားမြို့မှ ဂိမ်းမာ တစ်ဦးစီတွင် ဆယ်စတုရန်းမီတာ ရှိသော အိမ်တစ်လုံး ပိုင်ဆိုင်ကြပြီး အနာဂတ်တွင် ချဲ့ထွင်နိုင်မည် ဖြစ်သည်။ သို့သော် ထာဝရတိုင်းပြည်မှ ဂိမ်းမာများမှာမူ ထိုသို့သော ဇိမ်ခံပစ္စည်းမျိုး မရှိကြချေ။ ဤသည်မှာ ဗစ်တိုးရီးယားမြို့မှ ဂိမ်းမာများ အတွက် အကျိုးကျေးဇူး တစ်ခု ဖြစ်သည်။

မြို့၏ အပြင်ဘက် နယ်နိမိတ်တွင် ကတ်ကြေးလက် အက်ဒဝပ်သည် ပုန်းအောင်းရန် သူ၏ ခန္ဓာကိုယ်ကို တတ်နိုင်သမျှ နိမ့်အောင် ဝပ်ထားပြီး စိုးရိမ်တကြီး ကြည့်ရှုနေသည်။

ကတ်ကြေးလက် အက်ဒဝပ်သည် တစ်နေ့နေ့တွင် သစ်တောများ ရှင်းလင်းခံ ရမည်ကို အလွန် စိုးရိမ်နေသည်။ သူသည် ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတစ်ဦး မဟုတ်သော်လည်း သစ်ပင်များ ရှင်းလင်းပြီးနောက် သူ ပုန်းအောင်းရန် နေရာ မရှိတော့မည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။

သူ၏ ခေါင်းအထက်တွင် အစိမ်းရောင် စာလုံးများ မရှိသော အက်လ်ဖ် တစ်ဦးသည် ခွင့်ပြုထားသော ကန့်သတ်ချက်ကို ကျော်လွန် သစ်ခုတ်သည့် သစ်ခုတ်သမား ဂိမ်းမာ အုပ်စု တစ်စုကို ဆူပူကြိမ်းမောင်း နေသည်။ ထို့နောက် သူသည် ဂိမ်းမာများကို အခြား သစ်ခုတ်ဧရိယာ တစ်ခုသို့ ဦးဆောင် ခေါ်သွားသည်။

အက်ဒဝပ်သည် ဤအရာကို ဂရုမစိုက်ခဲ့ချေ၊ အကြောင်းမှာ သူ၏ ပန်းတိုင်မှာ ဗစ်တိုးရီးယားမြို့၏ မြေပုံ တစ်ခုကို မှတ်တမ်း တင်ရန် ဖြစ်သောကြောင့်ပင်။

လွန်ခဲ့သော လအနည်းငယ်အတွင်း ကတ်ကြေးလက် အက်ဒဝပ်သည် အလုပ်မလုပ်ဘဲ မနေခဲ့ချေ။ သူလဲကျသည့် နေရာတွင် သူပြန်ထရမည်။ ထိုအရာမှာ သူ၏ ဆောင်ပုဒ်ပင် ဖြစ်သည်။

All Chapters