← Chapters

ဗစ်တိုးရီးယားမြို့နှင့် ဖြစ်လာတော့မည့် တိုက်ပွဲ  

Vol. 25 Ch. 373

ဗစ်တိုးရီးယားမြို့နှင့် ဖြစ်လာတော့မည့် တိုက်ပွဲ  

Vol. 25 Ch. 373

"ဒီမှာ။ ဒီမှာ။ ဒီမှာ ကျောက်တုံးတွေ ပိုထည့်လိုက်။"

နဂါးမျိုးနွယ်သားသည် မြို့ရိုး တစ်ခုပေါ်တွင် ရပ်နေပြီး အစည်းအရုံးဝင် များအား ကျောက်တုံးများကို သတ်မှတ်ထားသော နေရာများသို့ ရွှေ့ပြောင်းရန် ညွှန်ကြား နေသည်။ သူတို့သည် သူတို့၏ အစည်းအရုံးဖြစ်သော 'ရှားလော့ခ်နဲ့အတူ ထိုညအတွက်'အား တာဝန် ပေးအပ် ထားသည့် မြို့ရိုး၏ အပိုင်း တစ်ပိုင်းကို တည်ဆောက်နေကြခြင်း ဖြစ်သည်။

ယခင် သစ်သားမြို့ရိုးကို တောရိုင်းသားရဲကောင်များ ရန်မှ ကာကွယ်ရန် ယာယီ အသုံးပြုခဲ့သည်။ ထိုအရာ မပြီးစီးမီကပင် ဂိမ်းမာများသည် သစ်သားမြို့ရိုးများကို မကျေနပ်ခဲ့ကြချေ။ ခမ်းနားထည်ဝါသော ဗစ်တိုးရီးယားမြို့သည် မြို့ရိုးများ ပြုလုပ်ရန် သစ်သားကို အဘယ်ကြောင့် အသုံးပြု ရမည်နည်း။

သူတို့သည် ကျောက်တုံးများကို အသုံးပြု သင့်သည်။

ဂိမ်းမာများသည် ဖိုရမ်တွင် ဤအချက်ကို စတင် အဆိုပြု ခဲ့ကြသည်။ ဒီဇိုင်နာ ဂိမ်းမာများသည် မြို့ရိုးများ အတွက် ရိုးရှင်းသော ဆောက်လုပ်ရေး နည်းလမ်း တစ်ခုကို တီထွင်ခဲ့ကြပြီး မြို့၏ အရွယ်အစားပေါ် မူတည်၍ တည်နေရာကိုလည်း စီစဉ် ခဲ့ကြသည်။

ဤကိစ္စကို မြို့စားကတော် လီလိုနှင့် ဆွေးနွေး ရမည် ဖြစ်သည်။ သို့မဟုတ်ပါက မြေနေရာ ဝယ်ယူရန် ငွေကုန်ကျမည် ဖြစ်သည်။

လီလိုသည် မြေနေရာ အသုံးပြုမှုနှင့် ပတ်သက်၍ စိတ်မဝင်စားခဲ့ချေ၊ သူမသည် ဂိမ်းမာများကို အင်အား ကြီးမားလာစေရန်နှင့် ရှားလော့ခ်အား မှော်ဖန်လုံးဖြင့် ချောင်းမြောင်း ကြည့်ရှုရန်သာ စိတ်ဝင်စားခဲ့သည်။

မြေနေရာအသုံးပြုရန် လျှောက်လွှာများနှင့် ပတ်သက်၍မူ လီလိုသည် အားလုံးကို အတည်ပြု ပေးခဲ့သည်။

ဆုလာဘ်များ မရှိသော်လည်း ဂိမ်းမာများသည် သူတို့၏ အလုပ်တွင် စိတ်အားထက်သန်စွာ လုပ်ဆောင်ခဲ့ကြသည်။ တည်ဆောက်ရေး ဂိမ်းမာများ အတွက်မူ ပြဿနာ တစ်ခု မဟုတ်ခဲ့ချေ။

ဗစ်တိုးရီးယားမြို့တွင် ဂိမ်းမာများ စူးစမ်းရှာဖွေရန် အော့ခ်ခံတပ် ကန့်သတ်ဒန်ဂျင်နယ်မြေ၊ သက်ပြင်းချလွင်ပြင်နှင့် ပင့်ကူဂူတို့သာ ရှိခဲ့သည်။

အော့ခ်ခံတပ် အတွက် လိုအပ်ချက်များမှာ အလွန် မြင့်မားလှသည်။ နဂါးမျိုးနွယ်သားသည် အရည်အချင်း ပြည့်မီသော်လည်း သူ၏ ဂုဏ်သတင်း အဆင့်မှာမူ မပြည့်မီခဲ့ချေ။ အချိန်တိုအတွင်း ဗစ်တိုးရီးယားမြို့မှ မည်သည့် ဂိမ်းမာမျှ အော့ခ်ခံတပ်သို့ ဝင်ရောက်နိုင်ဦးမည် မဟုတ်ပေ။ ကန့်သတ် ဒန်ဂျင်နယ်မြေ အသစ်ကို ထာဝရတိုင်းပြည်မှ ဂိမ်းမာများ အတွက် ပြုလုပ်ပေးထားခြင်း ဖြစ်သည်။

"နဂါးမျိုးနွယ်သား။ ဆွေးနွေးပွဲဖိုရမ်က ပို့စ်တွေကို မင်း တွေ့ပြီးပြီလား။ လူဆိုးလေးရဲ့ လက်နက်အဆင့်က ၁၀ တဲ့ ။"

လူသား တစ်ဦးသည် နဂါးမျိုးနွယ်သားထံသို့ အလျင်အမြန် ပြေးလာပြီး အော်ဟစ်လိုက်ရာ အခြား ဂိမ်းမာများ၏ အာရုံစိုက်မှုကို ဆွဲဆောင်လိုက်သည်။

"မဖြစ်နိုင်ဘူး။ လူဆိုးလေးက လက်ရှိ ဖမ်းဆီး ခံထားရပြီး ကျွန်အဖြစ် ထိန်းသိမ်း ခံထားရတာ မဟုတ်ဘူးလား။ ကျွန် တစ်ယောက်က သူ့ရဲ့ လက်နက်အဆင့်ကို ဘယ်လို လေ့ကျင့်နိုင်မှာလဲ။ ပြီးတော့ သူ့ရဲ့ လက်နက်အဆင့်က အာသာထက်တောင် မြင့်နေတယ် ဟုတ်လား။ သူက လိမ်ညာနေတာလား။" လှံထိုးခံရသူက မထီမဲ့မြင်ဖြင့် မှတ်ချက် ပြုလိုက်သည်။

"ဟုတ်တယ်၊ သူက နေ့တိုင်း အွန်လိုင်းတက်ပြီး သူ့ရဲ့ တိုက်ခိုက်ရေး စွမ်းရည်တွေကိုပဲ လေ့ကျင့်နေခဲ့တာ ဖြစ်နိုင်တယ်။ သူက တခြားဘာမှ မလုပ်ခဲ့ဘူးလား။ ငါ မယုံဘူး။"

ဖျံခေါင်းလင်ချောင်းသည် သံသယ ဝင်နေသော်လည်း ပို့စ်ကိုဖတ်ခဲ့သူက "တကယ်ပဲ။ ဖိုရမ်ပို့စ်မှာ သူ့ရဲ့ အရည်အချင်းတွေရဲ့ စခရင်ရှော့ ပါတယ်လေ။ လူဆိုးလေးရဲ့ ပို့စ်ကို ကြည့်လိုက်ကြစမ်းပါ။"ဟု အော်ဟစ်လိုက်သည်။

"ကြည့်ကြရအောင်။"

လှံထိုးခံရသူသည် ကြည့်ရှုရန် အော့ဖ်လိုင်း သွားရန် ရည်ရွယ်လိုက်သည်။ ထိုအချိန်တွင်ပင် သူသည် "ရှူး" ဟူသော အသံ တစ်ခုကို ကြားလိုက်ရပြီး သူ၏ ရှေ့တွင် သွေးများ ဖြာထွက် သွားသည်ကို မြင်တွေ့လိုက် ရသည်။ မြားတစ်စင်းသည် သူ၏ ရင်ဘတ်ကို ထိုးဖောက် ဝင်ရောက် သွားခဲ့သည်။

"သေစမ်းကွာ..."

လှံထိုးခံရသူသည် ကျိန်ဆဲလိုက်ပြီး ကျောက်တုံးပုံ တစ်ခုပေါ်တွင် ဖြည်းညှင်းစွာ ထိုင်ကျသွားသည်။ ကြောက်မက်ဖွယ် ကောင်းသော သွေးများသည် နေရာအနှံ့ စီးကျနေပြီး သူသည် သေဆုံးသွားခဲ့သည်။

မြင်းခွာသံများ ထွက်ပေါ်လာသည်။ သစ်တောအတွင်း၌ ကတ်ကြေးလက် အက်ဒဝပ်သည် လေး တစ်လက်ကို ကိုင်ဆောင် ထားပြီး မြို့ရိုးပေါ်ရှိ နဂါးမျိုးနွယ်သားကို ချိန်ရွယ်ထားသည်။ "ရှူး" ဟူသော အသံ နှင့်အတူ မြားသည် နဂါးမျိုးနွယ်သား၏ လည်ချောင်းကို ထိုးဖောက် ဝင်ရောက်သွားပြီး သူသည် မြေပြင်ပေါ်သို့ လဲကျသွားသည်။

ကတ်ကြေးလက် အက်ဒဝပ်သည် နဂါးမျိုးနွယ်သားမှာ သူတို့၏ ခေါင်းဆောင် ဖြစ်ကြောင်း သတိပြုမိလိုက်သည်။ သူသည် မြို့ရိုးများ တည်ဆောက်ရန် မြို့နယ်နိမိတ် အပြင်ဘက်သို့ ထွက်သွားခြင်းမှာ ပေါ့ဆမှု ပင်တည်း။

ကတ်ကြေးလက် အက်ဒဝပ်သည် အခွင့်အရေးကို ဆုပ်ကိုင်ထား ရမည် ဖြစ်ကြောင်း သိရှိသောကြောင့် သူ၏ ဓားပြများကို ဦးဆောင်ကာ အသာစီးရနေစဉ် တိုက်ခိုက် ထွက်ခွာခဲ့သည်။ ကတ်ကြေးလက် အက်ဒဝပ် မှန်ကန်ခဲ့သည်၊ အကြောင်းမှာ ဗစ်တိုးရီးယားမြို့မှ စစ်ကူများ မရှိသောကြောင့်ပင်။

'ရှားလော့ခ်နဲ့အတူ ထိုညအတွက်' အစည်းအရုံးတွင် အဖွဲ့ဝင် ၁၀၀သာ ရှိပြီး အဖွဲ့ဝင် ၅၀ မပြည့်မီသာ မြို့ရိုးများ တည်ဆောက် နေကြသည်။ ထိုနေရာသည် နယ်စပ်ဒေသ ဖြစ်သောကြောင့် ဗစ်တိုးရီးယားမြို့နှင့် ဝေးကွာလှသည်။ သစ်တောတွင် တောရိုင်း သားရဲကောင်များ မရှိသောကြောင့် ဂိမ်းမာများသည် ထိုနေရာသို့ သွားရောက်မည် မဟုတ်ချေ။ ဂိမ်းမာ အများစုမှာ ပစ္စည်းများ ရယူရန်၊ ဂုဏ်သတင်း ရမှတ်များ ရယူရန်၊ မစ်ရှင်များ ပြီးမြောက်ရန်နှင့် သူတို့၏ လက်နက်အဆင့်များကို တိုးမြှင့်ရန် နေရာရွှေ့ပြောင်း ဝင်ပေါက်မှ တစ်ဆင့် သက်ပြင်းချလွင်ပြင် သို့မဟုတ် ပင့်ကူဂူသို့ ခရီးသွားရောက်ကြသည်။

မြို့ရိုးများ တည်ဆောက်ရန် မစ်ရှင် ခွဲဝေပေးခံရသော ဂိမ်းမာများနှင့် စိတ်ဝင်စားသော တစ်ဦးချင်း ဂိမ်းမာများသာ ဤနေရာတွင် ရှိနေကြမည် ဖြစ်သည်။

ကတ်ကြေးလက် အက်ဒဝပ်သည် ရက်စက်ကြမ်းကြုတ် လှသည်။ ဓားပြ ဆယ်ဂဏန်းမျှဖြင့် သူသည် အကျဉ်းသားတစ်ဦးမှ လွဲ၍ အားလုံးကို သတ်ဖြတ်ခဲ့သည်။

သူ၏ ခေါင်းအထက်တွင် အစိမ်းရောင် သင်္ကေတများ ရှိသော ထိုလူသားသည် သွေးများ အန်ထုတ်ရင်း မြေပြင်ပေါ်တွင် လဲလျောင်းနေသည်။ သူသည် အားစိုက်ထုတ်၍ လက်ကို မြှောက်လိုက်ပြီး ဓားမြောင် တစ်ချောင်းဖြင့် သူ့ အသက်ကို အဆုံးသတ် လိုသော်လည်း သူ၌ အင်အားအလုံအလောက် မရှိခဲ့ချေ။ သူက "သေစမ်းကွာ၊ ဘာလို့ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးတာတို့ သတ်သေတာတို့ လုပ်လို့ မရ,ရတာလဲ။ သူတို့က ငါ့ကို ဖြည်းဖြည်းချင်း သေစေချင် နေတာလား။"ဟု ကျိန်ဆဲလိုက်သည်။

"ဟေ့၊ မြန်မြန် သေချင်ရင် ငါတို့ မေးခွန်းတွေကို ဖြေ။ မဟုတ်ရင်တော့ မင်းကို ရက်အနည်းငယ်လောက် ဒုက္ခပေးပြီးမှ သေခိုင်းမယ်။"

ကတ်ကြေးလက် အက်ဒဝပ်သည် ထိုင်ချလိုက်ပြီး သူ၏ ကြီးမားသော ကတ်ကြေးများဖြင့် ထိုလူ၏ လက်ချောင်းများကို ဖြတ်တောက်လိုက်သည်။ ကတ်ကြေးလက် အက်ဒဝပ်သည် သူနာကျင်စွာ ညည်းညူမည်ဟု မျှော်လင့် ထားသော်လည်း ထိုသို့ မဖြစ်ခဲ့ချေ။ ထိုလူသည် သူ၏ ဖြတ်တောက် ခံထားရသော လက်ချောင်းများကို စစ်ဆေး ကြည့်ရှုပြီး ကတ်ကြေးလက် အက်ဒဝပ်ကို ငေးကြောင်စွာ ကြည့်ကာ "ဘာဖြစ်တာလဲ။ ထူးဆန်းတဲ့ တွေ့ကြုံမှု မစ်ရှင်လား။"ဟု ပြောလိုက်သည်။

"ရိုးသားစမ်း။ ငါတို့ ခေါင်းဆောင်ကို ဖြေစမ်း။" အခြားဓားပြတစ်ဦးက ကျယ်လောင်စွာ အော်ပြောလိုက်သည်။

"ကျွန်တော် နားလည်ပါတယ်၊ ခင်ဗျားတို့နဲ့ ပူးပေါင်း ဆောင်ရွက်ပါ့မယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ဖမ်းဆီးပြီး ကုသပေးပါ၊ ပြီးရင် ကျွန်ကုန်သည် တစ်ယောက်ဆီ ရောင်းချလိုက်ပါ။ ကျွန်တော်က အင်အားကြီးမားတဲ့ စစ်သည်တော် တစ်ယောက် ဖြစ်လာမှာပါ။ ကျွန်တော့်ကို လေ့ကျင့်ခွင့်ပေးပါ။ ကျွန်တော်က လူဆိုးလေးလို လက်နက်အဆင့် ၁၀ ရှိလာမှာပါ— " သေလုမျောပါး လူသားဂိမ်းမာက ဆက်လက် အော်ဟစ်နေသည်။

"ဒါက ဘယ်လို အခြေအနေမျိုးလဲ။ သူက လူဆိုးလေး အကြောင်း ဘယ်လို သိနေတာလဲ။ သူက ငါတို့က လူဆိုးလေးကို ကျွန်ကုန်သည် တစ်ယောက်ဆီ ရောင်းချခဲ့တယ် ဆိုတာရော ဘယ်လို သိနေတာလဲ။" ကတ်ကြေးလက် အက်ဒဝပ်သည် သူ့အား ဒေါသတကြီး ကြည့်လိုက်သည်။ သူသည် အလွန် အံ့အားသင့် နေခဲ့သည်။

သစ္စာဖောက် တစ်ယောက် ရှိရမည်။ သစ္စာဖောက် ဓားပြတစ်ဦးက အရာအားလုံးကို ဗစ်တိုးရီးယားမြို့သို့ ထုတ်ဖော် ပြောကြားခဲ့ခြင်း ဖြစ်ရမည်။ သို့မဟုတ်ပါက ဗစ်တိုးရီးယားမြို့က မည်သို့ သိနိုင်မည်နည်း။

လူဆိုးလေးက သူတို့နှင့် လျှို့ဝှက်စွာ ဆက်သွယ်ရန် အထူးနည်းလမ်း တစ်ခု အသုံးပြုခဲ့ခြင်း ဖြစ်နိုင်ပါသလား။ သို့သော် ထိုအရာမှာ မဖြစ်နိုင်ချေ။

"ကျွန်တော် ခင်ဗျားတို့ကို အကုန် ပြောပြမယ်။ ကျွန်တော်တို့မှာ မြို့သူမြို့သား ၅၀၀၀ ရှိတယ်၊ သူတို့ အများစုက သက်ပြင်းချလွင်ပြင်မှာ ရှိနေကြတယ်။ မြို့က အခု ဗလာကျင်းနေပြီ။ ခင်ဗျားတို့ တောင်ဘက်ကို မိနစ် နှစ်ဆယ်လောက် လျှောက်သွားရင် မြို့ကို ရောက်လိမ့်မယ်။ ကျွန်တော့်ကို ယုံပါ။ မနက် ၄ နာရီကနေ ၅ နာရီအတွင်းမှာ လူအနည်းဆုံး ရှိလိမ့်မယ်လို့ ကျွန်တော် အာမခံတယ်။ ကျွန်တော့်ကို ခေါ်သွားပါ၊ ကျေးဇူးပြုပြီး။ ကျွန်တော့်ကို ကျွန်ဖြစ်ခွင့် ပေးပါ။ ကျွန်တော့်ကို ကျွန်ဖြစ်ခွင့် ပေးပါ... ကျွန်..."

ဂိမ်းမာ၏ အသံမှာ တဖြည်းဖြည်း အားနည်းသွားပြီး သူ အသက်ရှု ရပ်သွားသည် အထိပင်။ သူ သေဆုံးခြင်း မရှိဘဲ သူ၏ ကြီးမားသော မျက်လုံးများဖြင့် အက်ဒဝပ်နှင့် ဓားပြများကို စိုက်ကြည့်ရင်း ရံဖန်ရံခါ အသက်ရှုမဝဘဲ ဟောဟဲလိုက်နေသည်။

"ခေါင်းဆောင်၊ သူပြောတာက လူဆိုးလေး ပြောစကားနဲ့ ကိုက်ညီတယ်။ လူဆိုးလေးက သူတို့မှာ လူ ၅၀၀၀ ရှိတယ်လို့ ပြောပြီး မနက် ၄ နာရီကနေ ၅ နာရီအတွင်း တိုက်ခိုက်ဖို့ ငါတို့ကို အကြံပြုခဲ့တယ်။ ငါတို့ ဘာလုပ်သင့်လဲ။" ဓားပြတစ်ဦးက လျှောက်လာပြီး မေးလိုက်သည်။

ကတ်ကြေးလက် အက်ဒဝပ်သည် ခဏစဉ်းစားပြီး "ငါတို့မှာ ဓားပြဘယ်လောက်ရှိလဲ။"ဟု မေးလိုက်သည်။

"ငါတို့ ခံတပ်မှာ အရပ်ရပ်ကနေ စုရုံးထားတဲ့ လူ ၂၀၀၀ ရှိတယ်။"

"ဓားပြနှစ်ထောင်... လုံလောက်တယ်။ ဒီည ပြင်ဆင်ပြီး မနက် ၄ နာရီမှာ ဗစ်တိုးရီးယားမြို့ကို တိုက်ခိုက်ဖို့ ထွက်ခွာကြမယ်။ သေလုမျောပါး လူတစ်ယောက်က ငါတို့ကို လိမ်ညာဖို့ အကြောင်း မရှိဘူး။ ဒါက အခွင့်အရေးကောင်း တစ်ခုပဲ။ ငါတို့ အောင်မြင်ခဲ့ရင် ဗစ်တိုးရီးယားမြို့ရဲ့ စည်းစိမ်ဥစ္စာနဲ့ ကျွန်ထောင်ပေါင်း များစွာက ငါတို့ အပိုင်ဖြစ်လာလိမ့်မယ်။"

အက်ဒဝပ်သည် သူ၏ လက်များကို မြှောက်လိုက်ပြီး ရက်စက် ကြမ်းကြုတ်စွာ ပတ်ပတ်လည် ကြည့်ကာ ပြောလိုက်သည်။ "ငါတို့ နောက်ဆုံး တိုက်ခိုက်မှု အပြီးမှာ မင်းတို့ စိုးရိမ်နေကြတယ်ဆိုတာ ငါ သိတယ်၊ ဘာလို့လဲဆိုတော့ ငါတို့ သူတို့ကို မနိုင်ခဲ့ဘူးလေ။ ဒါပေမဲ့ ငါတို့မှာ ဓားပြ ၂၀၀ ပဲရှိခဲ့တာ။ ဒီတစ်ခါတော့ ငါတို့မှာ ၂၀၀၀ ရှိတယ်။ သူတို့က ငါတို့ ပြိုင်ဘက် မဟုတ်တော့ဘူး။ သူတို့က ကြောက်ရွံ့ခြင်း မရှိရင်လည်း ဘာဖြစ်လဲ။ ငါတို့က ငါတို့ လေးတွေနဲ့ သူတို့ အားလုံးကို သတ်ပစ်မယ်။"

"ခေါင်းဆောင်ပြောတာ မှန်တယ်။"

"သူတို့ အားလုံးကို သတ်ပစ်ကြ။"

"သူတို့ကို လုယက်ကြ။ သူတို့ကို ကျွန်အဖြစ် ဖမ်းဆီးကြ။"

ဓားပြများသည် ကတ်ကြေးလက် အက်ဒဝပ် ဦးဆောင်၍ ထွက်ခွာမသွားမီ ရိုင်းစိုင်းစွာ အော်ဟစ်ကြသည်။ အချိန် ကျရောက်လာပြီ ဖြစ်သည်။ သက်ပြင်းချလွင်ပြင် မည်သည့် နေရာတွင် ရှိသည်ကို သူတို့ မသိသော်လည်း လူသားများ၊ ဖယ်ရီများနှင့် အက်လ်ဖ်အုပ်စု လှုပ်ရှား သွားလာနေသည်ကို သူတို့ မမြင်ခဲ့ကြချေ။ ဤသည်မှာ အကောင်းဆုံး အခွင့်အရေးပင်။

ဓားပြများသည် သေလုမျောပါး ဂိမ်းမာအား အလျင်အမြန် ကိစ္စဖြတ်ပြီးနောက် ထွက်ခွာ သွားကြသည်။

ဓားပြများ မသိခဲ့သည်မှာ ဂိမ်းမာ သေဆုံးပြီးနောက် သူသည် နေရာရွှေ့ပြောင်း ဝင်ပေါက်မှ အဝတ်ဗလာဖြင့် ထွက်လာပြီး အချက်ပေးသံ တီးလိုက်ခြင်းပင်။ ထို့နောက် သူသည် မြေပြင်ပေါ်သို့ လဲကျသွားသည်။ သူသည် ဆွေးနွေးပွဲဖိုရမ်တွင် ပို့စ် တစ်ခု ဖန်တီးရန် အော့ဖ်လိုင်း သွားခဲ့ခြင်း ဖြစ်သည်။

ဗစ်တိုးရီးယားမြို့မှ ဂိမ်းမာများသည် စိတ်လှုပ်ရှား နေကြသည်။ သူတို့သည် ဂိမ်းထုတ်လုပ်သူများက သူတို့ကို မေ့လျော့သွားပြီဟု ထင်ခဲ့ကြသည်။ ယခင် ဓားပြတိုက်ခိုက်မှုတွင် ဂိမ်းမာများသည် မြင်းအနည်းငယ် ဖမ်းဆီးရမိ ခဲ့သည်။ ဤတစ်ကြိမ်တွင်မူ ဂိမ်းမာများသည် မြင်းများ ပိုမို လိုချင်ကြသည်။ အမှန်စင်စစ် ထိုမြင်းများမှာ အလကား ရသော မြင်းများပင်။

ကတ်ကြေးလက် အက်ဒဝပ်သည် အိပ်မက်ဆိုး တစ်ခုက သူတို့ကို စောင့်ကြိုနေသည်ကို မသိခဲ့ရှာချေ။

...

လန်ဆလော့သည် မြောင်းများ တူးခြင်း၊ ထောင်ချောက်များ ဆင်ခြင်းနှင့် မြို့လယ်တွင် မီးလောင်လွယ်သော ပစ္စည်းများ စုဆောင်းခြင်းဖြင့် စစ်ပွဲ အတွက် စိုးရိမ်တကြီး ပြင်ဆင်နေသည်။ တံခါးများ၏ သစ်သားပျဉ်ပြားများကို မြားများ ရန်မှ ကာကွယ်ရန် ဒိုင်းများအဖြစ် အသုံးပြုရန် ဖြုတ်ယူထားသည်။ မီးဘေး တိုက်ဖျက်ရန် သဲနှင့် ရေအိုးများလည်း ရှိနေသည်။ အသုံးအများဆုံး တိုက်ခိုက်မှု ပုံစံမှာ မီးရှို့တိုက်ခိုက်ခြင်း ဖြစ်သည်။ လန်ဆလော့သာ ကတ်ကြေးလက် အက်ဒဝပ်ဖြစ်ပါက သူသည် မီးရှို့မြားများ တစ်သုတ် ပစ်လွှတ်လိမ့်မည်။ ပရမ်းပတာ အခြေအနေ ဖြစ်ပေါ်လာသည့် အခါ မြင်းစီးသူရဲများနှင့် တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ကြမည် ဖြစ်သည်။

ထို့ကြောင့် ကာကွယ်ရေး အစီအမံ အားလုံးကို ပြုလုပ်ထား ရမည်။

လန်ဆလော့သည် သူတို့ ရှုံးနိမ့်မည်ကို စိုးရိမ်ခြင်း မရှိခဲ့ချေ။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာ ခံစားရပြီး ကြောက်ရွံ့ခြင်း ကင်းမဲ့သော ဗစ်တိုးရီးယားမြို့မှ မြို့သူမြို့သား ၅၀၀၀နှင့် တိုက်ခိုက်ရန် ဓားပြများတွင် အဖွဲ့ဝင် ၂၀၀၀သာ ရှိသည်။ ဓားပြများ အောင်ပွဲ ရရှိရန် အခွင့်အလမ်း မရှိချေ။

ထိုအရာမှာ လန်ဆလော့ ယုံကြည်သောအရာ ဖြစ်သည်။

All Chapters