← Chapters

မဟာတာအိုသစ်သီးအပိုင်းအစ

Vol. 28 Ch. 406

မဟာတာအိုသစ်သီးအပိုင်းအစ

Vol. 28 Ch. 406

ချီမင်၏ကွဲထွက်လာခဲ့သောအသိစိတ်က အထူးမြေအောက်စခန်းထဲသို့ ဝင်လာသည်။ ၎င်းက ပြန်လည်မွေးဖွားလာကာ ဘဝအတွေ့အကြုံသစ်ကိုခံယူသည်။

"အူဝဲ...အူဝဲ..."

ကလေးငိုသံထွက်ပေါ်လာသည်။ အတော်လေးကျယ်သည်။

"ဒါက..."

ချီမင်သည် ဂိမ်းမျက်နှာပြင်ကို ကြည့်လိုက်၏။ ကောင်းကင်အရှင်ချုံးယန်နှင့်ပတ်သက်သော အချက်အလက်များသည် ချီမင်၏စိတ်ထဲသို့ တိုးဝင်လာသည်။သူဖြည်းညှင်းစွာဖြင့် လက်ခံလိုက်သည်။

"ကောင်းကင်အရှင်ချုံးယန်က သတ္တမအထက်ကမ္ဘာမှာမွေးဖွားလာတာပဲ။ အချိန်အရဆို လွန်ခဲ့တဲ့ခေတ်ပေါင်းသန်း(၁၀၀)လောက်ကဖြစ်မယ်။"

ချီမင်က တွေးတော ကာဆိုသည်။"ခေတ်တစ်ခေတ်မှာ နှစ်တစ်ထရီလီယန်ရှိတယ်။ခေတ်နှစ်သန်း(၁၀၀)က တစ်ရာကွင်ဒရီလီယန်နဲ့ညီမျှတယ်။"

"တော်တော်လေးကိုရှေးကျတာပဲ။"

"ကောင်းကင်အရှင်ချုံးယန်က သာမန်ပဲမွေးလာတာ။ သူ့ရဲ့မိဘတွေက သာမန်ပြီးပြည့်စုံခြင်းအင်မော်တယ်တွေပဲ။သူ့အရည်အချင်းက အတော်လေးသာမန်ဆန်တယ်။ ဒါပေမဲ့ သူ့ဘဝက အတော်လေးအံ့ဩဖို့ကောင်းတယ်။ သူက ကပ်ဘေးဒုက္ခပေါင်းစုံကိုကြုံခဲ့ရပြီး မတူညီတဲ့အခွင့်အရေးတွေရခဲ့တယ်။"

"နောက်ဆုံးမှာတော့ ကောင်းကင်အရှင်ချုံးယန်က ခေတ်ကာလဆယ်ခေတ်ကြာပြီးနောက်မှာ အင်မော်တယ်နယ်ပယ်ရဲ့အကန့်အသတ်ကိုချိုးဖြတ်နိုင်ခဲ့ပြီး အရှင်နယ်ပယ်ကိုခြေချနိုင်ခဲ့တယ်။သူက ဥပဒေသကောင်းကင်အရှင်တစ်ပါးဖြစ်လာခဲ့တယ်။"

"ဒါပေမယ့်"

"ကောင်းကင်အရှင်ချုံးယန်က ဥပဒေသကောင်းကင်အရှင်တတိယအဆင့်ထိပဲရောက်ခဲ့တယ်။ တာအိုသစ်သီးက အဆင့်သုံးပဲရောက်ခဲ့တယ်။ တိုက်ပွဲအတွင်းမှာ ကောင်းကင်အရှင်ချုံးယန်က တစ်ဖက်နတ်ဆိုးတာအိုကောင်းကင်အရှင်တွေရဲ့လက်ထဲမှာ သေသွားခဲ့တယ်။"

အချိန်အရဆို ကောင်းကင်အရှင်ချုံးယန်က ခေတ်ကာ(၁၀၀)ကြာရှင်သန်ခဲ့သည်။

ချီမင်၏ကွဲထွက်လာခဲ့သည့်အသိစိတ်က ကောင်းကင်အရှင်ချုံးယန်၏အတွေ့အကြုံအားလုံးကို ကြုံခဲ့ရသည်။တာအိုသစ်သီး၏ဆန်းကြယ်မှုများကိုလည်း နားလည်ခဲ့ရသည်။

"အထူးမြေအောက်စခန်းဆိုတဲ့အတိုင်းပဲ။ သတ္တမအထက်ကမ္ဘာမှာဖြစ်ခဲ့တဲ့ လွန်ခဲ့တဲ့ခေတ်ပေါင်းသန်း(၁၀၀)ရာလောက်ကကိစ္စကို ပြန်လည်သိမ်းဆည်းထားတာပဲ။"

ချီမင်က ဂိမ်းမျက်နှာပြင်ကိုကြည့်လိုက်၏။ အသိစိတ်တစ်စိတ်တစ်ပိုင်းက ကောင်းကင်အရှင်ချုံးယန်အဖြစ် အောင်မြင်စွာ ပြန်လည်ဝင်စားခဲ့သည်။ မွေးကင်းစကလေးက ကြမ်းပေါ်တွင်အိပ်နေသည်။

အထူးမြေအောက်စခန်းမှ အရာအားလုံးက လွန်ခဲ့သောခေတ်ကာလပေါင်းသန်း(၁၀၀)လောက်က သတ္တမအထက်ကမ္ဘာတွင်ဖြစ်ခဲ့သောအရာများဖြစ်သည်။

ချီမင်၏အမြင်တွင်တော့ ဂိမ်းဇာတ်ကွက်များက အရှိန်မြင့်ထားသောအရာများဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်းမှာ နှစ်ပေါင်းများစွာကုန်သွားခဲ့သည်။ ချီမင်၏ကွဲထွက်သွားသောအသိစိတ်က ကိစ္စရပ်များစွာ ကြုံတွေ့ခဲ့သည်။

အတွေးတစ်ချက်ဖြင့် ချီမင်က ဂိမ်းမျက်နှာပြင်ကိုပိတ်ကာ အာရုံထားမနေတော့ပေ။ အာရုံထပ်စိုက်ရန်လည်းမလိုအပ်ပေ။ သူက အထူးမြေအောက်စခန်း၏ဆုလဒ်ကို စောင့်ရန်သာလိုသည်။

အချိန်ကုန်ဆုံးသွားသည်။

ရက်တစ်ရာ ကုန်သွားသည်။

တင်း!

"ဂုဏ်ပြုပါတယ်။လက်ခံသူ။ သင်အထူးမြေအောက်စခန်း:တာအိုသစ်သီးဆန်းကြယ်မှုတွင် ခေတ်ကာလတစ်ရာကြုံတွေ့ခဲ့ပါတယ်။ တကယ့်ကမ္ဘာတွင် ရက်တစ်ရာကြာသွားခဲ့ပါတယ်။ သင် ကောင်းကင်အရှင်ချုံးယန်ရဲ့ဘဝကိုဖြတ်သန်းပြီး ထိုသူနှင့်ပတ်သက်သော အရာအားလုံးကိုနားလည်ဆင်ခြင်ခဲ့ပါတယ်။ သင် တာအိုသစ်သီး၏ဆန်းကြယ်မှုကို နားလည်ခဲ့ပြီး အထူးမြေအောက်စခန်း:တာအိုသစ်သီးဆန်းကြယ်မှုကို တစ်ကြိမ်ရှင်းလင်းခဲ့ပါတယ်။"

"သင် မဟာတာအိုသစ်သီးအပိုင်းအစ(၁/၁၂၉၆၀၀)နှင့် အဆင့်နိမ့်တာအိုမူလအစ (၁၀၀၀)ရရှိခဲ့ပါတယ်။"

အသိပေးချက်တစ်ခုပေါ်လာသည်။

"ငါ ရှင်းလင်းပြီးသွားပြီပဲ။"

ချီမင်၏မျက်နှာတွင် အပြုံးတစ်ခုပေါ်လာပြီး သူက မဟာတာအိုသစ်သီးအပိုင်းအစနှင့် တာအိုမူလအစတို့ကို လျင်မြန်စွာဖြင့်စစ်ဆေးလိုက်သည်။

ပစ္စည်း: မဟာတာအိုသစ်သီးအပိုင်းအစ။

ဖော်ပြချက်:အထူးမြေအောက်စခန်း:တာအိုသစ်သီးဆန်းကြယ်မှုမှရရှိသောအထူးပစ္စည်းဖြစ်သည်။ တာအိုသစ်သီးဆန်းကြယ်မှုနှင့်ပတ်သက်သောအချက်အလက်များပါဝင်သည်။ သင် မဟာတာအိုသစ်သီးအပိုင်းအစ(၁၂၉၆၀၀)တို့ကိုစုစည်းနိုင်လျှင် သင် ယင်းတို့ကို မဟာတာအိုသစ်သီးအဖြစ်သိပ်သည်းနိုင်ပါသည်။

…

ပစ္စည်း: အဆင့်နိမ့်တာအိုမူလအစ။

ဖော်ပြချက်:အထူးမြေအောက်စခန်း:တာအိုသစ်သီးဆန်းကြယ်မှုမှရသော ပစ္စည်းဖြစ်သည်။ တာအိုမူလအစ၏စွမ်းအားများပါဝင်သည်။ အင်မော်တယ်သလင်းကျောက်နှင့်ဝိညာဉ်ကျော်တုံးကဲ့သို သော စွမ်းအင်သလင်းကျောက်ဖြစ်သည်။ သို့ပါသော်လည်း တာအိုမူလအစတွင် တာအိုစာလုံးများပါဝင်ပြီး ဖရိုဖရဲကိုမွေးဖွားပေးနိုင်သည်။ ကောင်းကင်အရှင်အဆင့်များကျင့်ကြံရာ၌သုံသောအရာဖြစ်သည်။

…

သာမန်အားဖြင့် တာအိုမူလအစတွင် တာအိုစာလုံးများပါဝင်သည့်အပြင် စွမ်းအင်အရ အဆင့်နိမ့်တာအိုမူလအစတစ်ခုသည် ထိပ်တန်းအဆင့်အင်မော်တယ်သလင်းကျောက် တစ်ထရီလီယန်နှင့်ညီမျှသည်။

တာအိုမူလအစတွင် တာအိုစာလုံးပါဝင်သောကြောင့် အင်မော်တယ်သလင်းကျောက်နှင့်တာအိုမူလအစ တို့ကိုယှဉ်၍မရပေ။

သူတို့က လုံးဝကိုမတူညီသည့်အဆင့်ကပေ။

ကောင်းကင်အရှင့်အဆင့်များက အင်မော်တယ်သလင်းကျောက်ကိုစုပ်ယူရင်း သူတို့၏အင်အားကိုပြန်လည်မဖြည့်တင်းနိုင်ပေ။ သူတို့က တာအိုမူလအစသို့မဟုတ် ဖရိုဖရဲစွမ်းအင်များကို စုပ်ယူရန်လိုသည်။

ချီမင်က အဆင့်နိမ့်တာအိုမူလအစတစ်ခုကိုထုတ်ယူလိုက်သည်။ ၎င်းက လက်ဝါးအရွယ်စိန်ပွင့်လေးဖြစ်ကာ ဖရိုဖရဲမြူခိုးအလင်းများနှင့်ပေါင်းစပ်လျက် မမြင်နိုင်သည့် မဟာတာအိုစာလုံးအပိုင်းအစများ သယ်ဆောင်ထားသည်။

သေချာကြည့်ရင် အဆင့်နိမ့်တာအိုမူလအစပေါ်တွင် အဖြူနှင့်အနက်အမှတ်အသားများရှိသည်။

"ငါ အဆင့်နိမ့်တာအိုမူလအစတစ်ခုထည့်ပြီး အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်ကို အသက်သွင်းမယ်။"

တင်း!

"အဆင့်နိမ့်တာအိုမူလအစတစ်ခုကို အောင်မြင်စွာဖြည့်သွင်းခဲ့ပါတယ်။"

"အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်ကိုအောင်မြင်စွာအသက်သွင်းနိုင်ခဲ့ပါတယ်။"

"အဆင့်နိမ့်တာအိုမူလအစတစ်ခုထည့်လိုက်သောကြောင့် အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်သည် အချိန်နှစ်ဆမြန်သွားပါတယ်။"

အသိပေးချက်တစ်ခုပေါ်လာသည်။

ချီမင်၏ရှေ့တွင်တံခါးတစ်ချပ်ပေါ်လာသည်။ သူက အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်ထဲသို့ လျှောက်ဝင်သွားသည်။ အထဲတွင် ဗလာကျင်းနေကာ အချိန်ကာလကိုမသိနိုင်ပေ။

မျက်စိတစ်မှိတ်အတွင်းမှာ ချီမင်က အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်တွင် နှစ်ရက်ကြာနေပြီးနောက်မှာ အလိုအလျောက်ပြန်ထွက်လာရသည်။ သူက ကမ္ဘာအစစ်ထဲသို့ပြန်ရောက်လာသည်။အပြင်ကမ္ဘာတွင်တစ်ရက်သာကုန်သေးသည်။

"အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်က အရမ်းကောင်းတယ်။" ချီမင်သည် အင်မတန်စိတ်ကျေနပ်သွား၏။

တာအိုမူလအစသာလုံလောက်နေသရွေ့ ချီမင်က အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်ကို အသက်သွင်းပြီး အချိန်စီးဆင်းနှုန်းကိုတိုးမြင့်ကာ အချိန်တိုလေးအတွင်းမှာ ကျင့်ကြံခြင်းအဆင့်တိုးမြှင့်၍ရသည်။

"ဆက်လုပ်မယ်။" ချီမင်ကဆိုသည်။"ငါ ထိပ်တန်းအဆင့်အင်မော်တယ်သလင်းကျောက် သန်းတစ်သောင်းထည့်မယ်။အထူးမြေအောက်စခန်း:တာအိုသစ်သီးဆန်းကြယ်မှုထဲဝင်မယ်။"

တင်း!

"ဖြည့်သွင်းခြင်းအောင်မြင်ပါတယ်။"

"အသိစိတ်ခွဲထုတ်ခြင်းအောင်မြင်ပါတယ်။"

"အထူးမြေအောက်စခန်း:တာအိုသစ်သီးဆန်းကြယ်မှုထဲဝင်နေပါတယ်။ ကောင်းကင်အရှင်ဖန်သားအဖြစ် ပြန်လည်ဝင်စားပါလိမ့်မယ်။"

အသိပေးချက်တစ်ခုပေါ်လာသည်။

ချီမင်၏ရှေ့တွင် ဂိမ်းမြင်ကွင်းများပေါ်လာသည်။ ကွဲထွက်သွားသည့်အသိစိတ်တစ်စိတ်တစ်ပိုင်းက အထူးမြေအောက်စခန်း:တာအိုသစ်သီးဆန်းကြယ်မှုထဲသို့ ဝင်ရောက်သွားပါသည်။ ယခင်တုန်းကအတိုင်းပင် ကောင်းကင်အရှင်ဖန်သားနှင့်ပတ်သက်သော အရာအားလုံးကိုကြုံတွေ့ခဲ့ရပြီး တာအိုသစ်သီးဆန်းကြယ်မှုများကိုနားလည်ဆင်ခြင်ခဲ့သည်။

ချီမင်၏စိတ်ထဲသို့ ကောင်းကင်အရှင်ဖန်သားနှင့်ပတ်သက်သော အခြေခံအကြောင်းအရာ များဝင်လာသည်။

ပထမဆုံး ကောင်းကင်အရှင်ဖန်သားက ကောင်းကင်အရှင်ချုံးယန်ကဲ့သို့ပင်။ နှစ်ယောက်လုံးက သတ္တမအထက်ကမ္ဘာတွင်မွေးဖွားလာတာဖြစ်သည်။သို့ပေမဲ့ ကောင်းကင်အရှင်ဖန်သားကတော့ ခေတ်(၁၀၀၀)ရှင်သန်ခဲ့သည်။ သူက ဥပဒေသကောင်းကင်အရှင်သတ္တမအဆင့်အထိရောက်ခဲ့ပြီး သူ၏တာအိုသစ်သီးက အဆင့်ခုနစ်ဖြစ်သည်။ သူက ကောင်းကင်အရှင်ချုံးယန်ထက် များစွာသန်မာသည်။

ကောင်းကင်အရှင်ဖန်သားက တာအိုသစ်သီးအဆင့်ရှစ်သို့ချိုးဖြတ်ရန်ကြိုးစားရင်း သေဆုံးသွားခဲ့တာဖြစ်သည်။ သူက အပြည့်အဝမပြင်ဆင်ခဲ့သည့်အတွက် အဆင့်ရှစ်သို့မရောက်ခဲ့ပေ။ နောက်ဆုံးမှာ တာအိုသစ်သီးက အက်ကွဲသွားခဲ့ပြီး အရာအားလုံးက ပျက်သုဉ်းသွားခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာ ရက်တစ်ထောင်ကုန်သွားသည်။

တင်း!

"ဂုဏ်ပြုပါတယ်။လက်ခံသူ။ သင် အထူးမြေအောက်စခန်း:တာအိုသစ်သီးဆန်းကြယ်မှုတွင် ခေတ်တစ်ထောင်ကြာ ကြုံတွေ့ခဲ့ပါတယ်။ ကမ္ဘာအစစ်တွင် ရက်တစ်ထောင် ကုန်လွန်ခဲ့ပါတယ်။ သင် ကောင်းကင်အရှင်ဖန်သားရဲ့ဘဝကိုဖြတ်သန်းပြီး ထိုသူနှင့်ပတ်သက်သော အရာအားလုံးကို နားလည်ဆင်ခြင်ခဲ့ပါတယ်။ သင် တာအိုသစ်သီးဆန်းကြယ်မှုကိုနားလည်ခဲ့ပြီး အထူးမြေအောက်စခန်း:တာအိုသစ်သီးဆန်းကြယ်မှုကိုတစ်ကြိမ်ရှင်းလင်းခဲ့ပါတယ်။"

"မဟာတာအိုသစ်သီးအပိုင်းအစ(၂/၁၂၉၆၀၀)နှင့်အဆင့်နိမ့်တာအိုမူလအစ(၁၀၀၀)ရရှိခဲ့ပါတယ်။"

အသိပေးချက်တစ်ခုပေါ်လာသည်။

"နောက်ထပ်မဟာတာအိုသစ်သီးအပိုင်းအစ။"

ချီမင်ကဆိုသည်။"မဆိုးဘူး။"

"ဒီလိုဆိုရင် ငါအထူးမြေအောက်စခန်း:တာအိုသစ်သီးဆန်းကြယ်မှုကို အကြိမ်(၁၂၉၆၀၀)ရှင်းရမှာ။ ကောင်းကင်အရှင်(၁၂၉၆၀၀)ရဲ့ဘဝတွေ ကိုကြုံတွေပြီးသွားရင် မဟာတာအိုသစ်သီးအပိုင်းအစတွေ အကုန်ရနိုင်တယ်။"

"အဲ့ဒီအချိန်ကျရင်..."ချီမင်က ခဏလောက်တွေးကာဆိုသည်။"ငါအဆင့်ချိုးဖြတ်ပြီး မဟာတာအိုသစ်သီးကိုနားလည်ဆင်ခြင်ရမယ်။ ဥပဒေသကောင်းကင်အရှင်နယ်ပယ်ထဲကိုခြေချနိုင်ပြီး ငါ့အင်အားကလည်း အတော်လေးတိုးတက်လာလိမ့်မယ်။"

"ပြီးတော့.."ချီမင်ကဆက်၍ပြောသည်။"အချိန်ကွာခြားချက်အရဆို အထူးမြေအောက်စခန်း:တာအိုသစ်သီးဆန်းကြယ်မှုကိုရှင်းလင်းဖို့ ဂိမ်းမြေအောက်စခန်းထဲမှာ တစ်ခေတ်ကြာတယ်ဆို ကမ္ဘာအစစ်မှာ တစ်ရက်ပဲကြာတယ်။"

နောက်ပိုင်းအချိန်တွေမှာ ချီမင်က အခြေခံအားဖြင့် ကောင်းကင်ဉာဏ်အလင်းဧကရာဇ်မင်းဆက်၏ ကောင်းကင်နန်းတော်များ၌နေထိုင်ခဲ့သည်။ သူက ကောင်းကင်နန်းတော်၌ သီးသန့်ကျင့်ကြံနေခဲ့ပြီး နေရက်တိုင်း၌ အထူးမြေအောက်စခန်း:တာအိုသစ်သီးဆန်းကြယ်မှုကို ရှင်းလင်းခဲ့သည်။

တစ်ချိန်တည်းမှာ ကျန်းထိုက်ယွီက ကောင်းကင်ပညာရှိလောကအကြောင်းကို စုံစမ်းနေခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာ နှစ်တစ်သောင်းကြာသွားခဲ့သည်။

ကောင်းကင်ဉာဏ်အလင်းလောကနှင့်ကောင်းကင်ပညာရှိလောကသည် အပြည့်အဝ ချိတ်ဆက်သွားခဲ့ တော့၏။ ကောင်းကင်တားမြစ်ဇုံထဲတွင် ပုံသေဟင်းလင်းပြင်လမ်းကြောင်းတစ်ခုတည်ဆောက်ခဲ့သည်။ နှစ်ဖက်က မကြာခဏဆက်သွယ်ခဲ့သည်။

ချီမင်က ကောင်းကင်ဉာဏ်အလင်းဧကရာဇ်မင်းဆက်ကိုတည်ထောင်ခဲ့ပြီး ကောင်းကင်ဉာဏ်အလင်းလောကကိုစုစည်းခဲ့သည်။ ကောင်းကင်ဉာဏ်အလင်းလောကထဲမှ ဂိုဏ်းအဖွဲ့အစည်းအင်အားစုအားလုံးက ချီမင်ကိုလေးစားရသည်။

ကောင်းကင်ပညာရှိလောကတွင် ကောင်းကင်ပညာရှိအရှင်က ကောင်းကင်ပညာရှိမဟာမိတ်ကိုတည်ထောင်ခဲ့ပြီး ကောင်းကင်ပညာရှိလောကထဲမှအဖွဲ့အစည်းအားလုံးကို စုစည်းခဲ့ပြီး မဟာမိတ်ကြီးကိုဖွဲ့စည်းခဲ့သည်။ ထိုသူက ကောင်းကင်ပညာရှိမဟာမိတ်၏မဟာမိတ်ခေါင်းဆောင်ဖြစ်သည်။

ကောင်းကင်ဉာဏ်အလင်းလောကနှင့်ကောင်းကင်ပညာရှိလောက ဆက်ဆံရေးကောင်းတစ်ခုမတည်ဆောက်ခင် နှစ်ဖက်ကြားတွင်နှစ်(၅၀၀၀)ကြာ စစ်ပွဲဖြစ်ပွားခဲ့သည်။

ကောင်းကင်ဉာဏ်အလင်းလောကသည် ခေတ်ကာလကပ်ဘေးဒုက္ခကိုကြုံခဲ့ရပြီး ကျွမ်းကျင်သူများစွာသေဆုံးခဲ့ရသည်။ မရေမတွက်နိုင်သောအထက်ကမ္ဘာအင်မော်တယ်ဘုရင်များ၊ မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်များ၊ရွှေအင်မော်တယ်များစသဖြင့်သေဆုံးခဲ့သည်။

ကောင်းကင်ပညာရှိလောကသည်တော့ ခြားနားသည်။ ၎င်းက အထွတ်အထိပ်အဆင့်၌ရောက်နေချိန် ဖြစ်သည်။ ထိုအခြေအနေအောက်တွင် ကောင်းကင်ပညာရှိမဟာမိတ်က ကောင်းကင်ဉာဏ်အလင်းလောက၏နောက်ခံကို အကြိမ်ပေါင်းများစွာ စစ်ဆေးခဲ့ပြီး တိုက်ခိုက်ရန်ရည်ရွယ်ခဲ့သည်။

ထို့ကြောင့် ကြီးမားသည့်စစ်ပွဲများဖြစ်ပွားခဲ့သည်။

နောက်ဆုံးမှာတော့ ချီမင်ကိုယ်တိုင်တိုက်ခိုက်ခဲ့သည်။ သူက စွမ်းအားကြီးနည်းစနစ်များကိုသုံးကာ ကောင်းကင်ပညာရှိအရှင်အပါအဝင် ကျွမ်းကျင်သူများကိုဖိနှိပ်ခဲ့သည်။ ကောင်းကင်ပညာရှိမဟာမိတ်က ချီမင်၏ခွန်အားကိုလေးစားသွားခဲ့သည့်အတွက် သူတို့က ထပ်မံမတိုက်ခိုက်ရဲတော့ပေ။

နှစ်တစ်သောင်းအတွင်းမှာ ချီမင်က အထူးမြေအောက်စခန်း:တာအိုသစ်သီးဆန်းကြယ်မှုကို အကြိမ်ပေါင်းများစွာရှင်းလင်းခဲ့ပြီး မဟာတာအိုသစ်သီးအပိုင်းအစများစွာရခဲ့သည်။

တင်း!

"ဂုဏ်ပြုပါတယ်။လက်ခံသူ။ သင် အထူးမြေအောက်စခန်း:တာအိုသစ်သီးဆန်းကြယ်မှုတွင် ခေတ်(၁၂၀)ကြာ ကြုံတွေ့ခဲ့ပါတယ်။အပြင်ကမ္ဘာတွင်ရက်(၁၂၀)ကြာသွားခဲ့ပါတယ်။ သင်ကောင်းကင်အရှင်လီကိုးပါး၏ဘဝကိုဖြတ်သန်းခဲ့ပါတယ်။ သင် ထိုသူ၏အရာအားလုံးကိုနားလည်ဆင်ခြင်ခဲ့ပါတယ်။တာအိုသစ်သီး၏ဆန်းကြယ်မှုများကိုနားလည်ခဲ့ပါတယ်။သင် အထူးမြေအောက်စခန်း:တာအိုသစ်သီးဆန်းကြယ်မှုကိုတစ်ကြိမ်ရှင်းလင်းခဲ့ပါတယ်။"

"မဟာတာအိုသစ်သီးအပိုင်းအစ(၁၀၀/၁၂၉၆၀၀)နှင့်အဆင့်နိမ့်တာအိုမူလအစ(၁၀၀၀)ရရှိခဲ့ပါတယ်။"

…

တင်း!

"ဂုဏ်ပြုပါတယ်။လက်ခံသူ။ သင် အထူးမြေအောက်စခန်း:တာအိုသစ်သီးဆန်းကြယ်မှုတွင် ခေတ်(၈၀၀)ကြာ ကြုံတွေ့ခဲ့ပါတယ်။ အပြင်ကမ္ဘာတွင်ရက်(၈၀၀)ကြာသွားခဲ့ပါတယ်။ သင်ကောင်းကင်အရှင် ကိုး ဘဝ၏ဘဝကိုဖြတ်သန်းခဲ့ပါတယ်။ သင် ကောင်းကင်အရှင် ကိုး ဘဝ၏အရာအားလုံးကိုနားလည်ဆင်ခြင်ခဲ့ပါတယ်။တာအိုသစ်သီး၏ဆန်းကြယ်မှုများကိုနားလည်ခဲ့ပါတယ်။သင် အထူးမြေအောက်စခန်း:တာအိုသစ်သီးဆန်းကြယ်မှုကိုတစ်ကြိမ်ရှင်းလင်းခဲ့ပါတယ်။"

"မဟာတာအိုသစ်သီးအပိုင်းအစ(၂၀၀၀/၁၂၉၆၀၀)နှင့်အဆင့်နိမ့်တာအိုမူလအစ(၁၀၀၀)ရရှိခဲ့ပါတယ်။"

…

တင်း!

"ဂုဏ်ပြုပါတယ်။လက်ခံသူ။ သင် အထူးမြေအောက်စခန်း:တာအိုသစ်သီးဆန်းကြယ်မှုတွင် ခေတ်(၂၀၀၀)ကြာ ကြုံတွေ့ခဲ့ပါတယ်။ အပြင်ကမ္ဘာတွင်ရက်(၂၀၀၀)ကြာသွားခဲ့ပါတယ်။ သင်ကောင်းကင်အရှင်မဟာ၏ဘဝကိုဖြတ်သန်းခဲ့ပါတယ်။ သင် ထိုသူ၏အရာအားလုံးကို နားလည်ဆင်ခြင်ခဲ့ပါတယ်။တာအိုသစ်သီး၏ဆန်းကြယ်မှုများကိုနားလည်ခဲ့ပါတယ်။သင် အထူးမြေအောက်စခန်း:တာအိုသစ်သီးဆန်းကြယ်မှုကိုတစ်ကြိမ်ရှင်းလင်းခဲ့ပါတယ်။"

"မဟာတာအိုသစ်သီးအပိုင်းအစ(၇၅၀၀/၁၂၉၆၀၀)နှင့်အဆင့်နိမ့်တာအိုမူလအစ(၁၀၀၀)ရရှိခဲ့ပါတယ်။"

…

ပြန်လည်မွေးဖွားသည့်အကြိမ်တိုင်းက ခြားနားသည်။သူရှင်းလင်းပြီးသည့်အချိန်ကလည်းကွဲပြားသည်။ ပျမ်းမျှအားဖြင့်တော့ ရက်(၅၀၀)လောက်လိုအပ်သည်။

နှစ်တစ်သောင်းအတွင်းမှာ ချီမင်သည် မြေအောက်စခန်းကိုအကြိမ်ရေ(၇၅၀၀)ကြိမ် ရှင်းလင်းခဲ့သည်။ သူက မဟာတာအိုသစ်သီးအပိုင်းအစ(၇၅၀၀)ရရှိခဲ့သည်။ သူက (၁၂၉၆၀၀)ခု ရရန်တော့ အင်မတန်ဝေးကွာ နေပါသေးသည်။

All Chapters