ဖရိုဖရဲမဟာတာအိုကျမ်း:တာအိုသစ်သီးအခန်း
Vol. 28 Ch. 407
ချီမင်က ကောင်းကင်ဉာဏ်အလင်းလောကကိုစောင့်ကြပ်နေသောကြောင့် ကောင်းကင်ပညာရှိအရှင်များနှင့် ကျန်သောသူများက အလောတကြီးမလုပ်ရဲပေ။ ကောင်းကင်ဉာဏ်အလင်းလောက နှင့်ကောင်းကင်ပညာရှိလောကတို့ တရားဝင်ချိတ်ဆက်ပြီးနောက်မှာ သူတို့က ကောင်းကင်စည်းမျဉ်းများကိုချမှတ်ခဲ့သည်။
အရာအားလုံးက အဆင်ပြေလာခဲ့သည်။
နှစ်တစ်သန်းကြာသွားခဲ့သည်။
ကောင်းကင်ဉာဏ်အလင်းဧကရာဇ်မင်းဆက်။
ကောင်းကင်ခံတပ်။
ကျင့်ကြံခြင်းခန်းမထဲတွင်။
ယနေ့မှာတော့။
တင်း!
"ဂုဏ်ပြုပါတယ်။လက်ခံသူ။ သင် အထူးမြေအောက်စခန်း:တာအိုသစ်သီးဆန်းကြယ်မှုတွင် ခေတ်ကာလ(၃၀၀၀)ကြာတွေ့ကြုံခဲ့ပါတယ်။အပြင်ကမ္ဘာတွင် ရက်သုံးထောင်ကြာသွားခဲ့ပါတယ်။ သင် ကောင်းကင်အရှင်အထွတ်အထိပ်၏ဘဝကိုတွေ့ကြုံခံစားခဲ့ပါတယ်။ထိသူနှင့်ပတ်သက်သောအရာအားလုံးကိုနားလည်ဆင်ခြင်ခဲ့ပါတယ်။ သင် တာအိုသစ်သီး၏ဆန်းကြယ်မှုကို နားလည်ခဲ့ပြီး အထူးမြေအောက်စခန်း:တာအိုသစ်သီးဆန်းကြယ်မှုကို တစ်ကြိမ်ရှင်းလင်းခဲ့ပါတယ်။"
"မဟာတာအိုသစ်သီးအပိုင်းအစ(၁၂၉၆၀၀/၁၂၉၆၀၀)နှင့်အဆင့်နိမ့်တာအိုမူလအစ(၁၀၀၀)ရရှိခဲ့ပါတယ်။"
အသိပေးချက်တစ်ခုပေါ်လာသည်။
ချီမင်ကခေါင်းအသာမော့ကာ သူ့ရှေ့မှအသိပေးချက်များကိုကြည့်လိုက်သည်။ သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာသည်။"နှစ်တစ်သောင်းကုန်သွားခဲ့ပြီ။"
"မဟာတာအိုအပိုင်းအစ(၁၂၉၆၀၀)ကို စုစည်းခဲ့ပါတယ်။ သင် အထူးမြေအောက်စခန်း:တာအိုသစ်သီး ဆန်းကြယ်မှုကို အကြိမ်ရေ(၁၂၉၆၀၀)ကြိမ်ရှင်းလင်းခဲ့ပါတယ်။သင် (၁၂၉၆၀၀)ကြိမ် ပြန်လည်မွေးဖွားခြင်း ကိုခံယူခဲ့ပါတယ်။"
"ငါနောက်ဆုံးတော့ လိုချင်တာရခဲ့ပြီ။"
"ပြောရမယ်ဆိုရင်..."ချီမင်ကခဏလောက်တွေးကာဆိုသည်။"ကောင်းကင်အရှင်အထွတ်အထိပ်က ငါပြန်လည်ဝင်စားခဲ့တဲ့ ဥပဒေသကောင်းကင်အရှင်(၁၂၉၆၀၀)ယောက်ထဲမှာ အချိန်ကြာဆုံးရှင်သန်ခဲ့တဲ့သူပဲ။"
"သူက ခေတ်ကာလ(၃၀၀၀)လောက်ရှင်သန်ခဲ့တယ်။"
"အရေးကြီးဆုံးက ကောင်းကင်အရှင်အထွတ်အထိပ်က ဥပဒေသကောင်းကင်အရှင်တွေထဲမှာ အဆင့်မြင့်ဆုံးနဲ့အသန်မာဆုံးပဲ။ သူက နဝမအဆင့်ဥပဒေသကောင်းကင်အရှင်အဆင့်ရောက်နေပြီ။ သူ့ရဲ့တာအိုသစ်သီးက အဆင့်ကိုးရောက်သွားပြီး ပြီးပြည့်စုံနေပြီ။"
"ကောင်းကင်အရှင်အထွတ်အထိပ်က စည်းမျဉ်းကောင်းကင်အရှင်အဆင့်ကို ဝိုးတဝါးနားလည်ခဲ့တယ်။ သူက အရမ်းစွမ်းအားကြီးတယ်။ ဒါပေမဲ့ ကောင်းကင်အရှင်အထွတ်အထိပ်က ဒုတိယအထက်ကမ္ဘာဗုဒ္ဓကမ္ဘာရဲ့ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် ကိုစော်ကားခဲ့မိတယ်။ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်က အထွတ်အထိပ်အံ့ဖွယ်စွမ်းအားသုံးပြီး တိုက်ရိုက်သတ်ဖြတ်ခဲ့တယ်။ မဟုတ်ရင် ကောင်းကင်အရှင်အထွတ်အထိပ်က စည်းမျဉ်းကောင်းကင်အရှင်နယ်ပယ်ကိုချိုးဖြတ်နိုင်လိမ့်မယ်။"
အတွေးတစ်ချက်ဖြင့် ချီမင်က သူ၏ပစ္စည်းစာရင်းကိုဖွင့်လိုက်သည်။ သူက စုစုပေါင်းမဟာတာအိုသစ်သီးအပိုင်းအစ(၁၂၉၆၀၀)နှင့် အဆင့်နိမ့်တာအိုမူလအစ(၁၂၉၅၉၉၉၉၉)တို့ကို တွေ့လိုက်ရသည်။
“ဟားဟား..."
ချီမင်က စိတ်အခြေအနေကောင်းစွာဖြင့် ကျယ်လောင်စွာရယ်မောလိုက်သည်။"နှစ်တစ်သန်းအတွင်းမှာ ငါအထူးမြေအောက်စခန်း:တာအိုသစ်သီးဆန်းကြယ်မှုကို အကြိမ်များစွာရှင်းလင်းခဲ့တယ်။ မဟာတာအိုသစ်သီးအပိုင်းအစအားလုံးကိုစုစည်းပြီးသွားပြီ။အဆင့်နိမ့်တာအိုမူလအစတွေလည်းအများကြီးရလိုက်တယ်။"
တင်း!
"ဖရိုဖရဲကောင်းကင်နှင့်မြေကြီးမဟာတာအိုစာလုံးကို အဆတစ်ကွင်ဒရီလီယန်မြှင့်တင်မှုအောက်တွင် နှစ်သန်းကျော်ကြာကျင့်ကြံခဲ့ပါတယ်။ ဖရိုဖရဲမဟာတာအိုကျမ်းကို အဆတစ်ကွင်ဒရီလီယန်မြှင့်တင်မှုအောက် တွင် နှစ်တစ်သန်းကြာ တွက်ချက်ခဲ့ပါတယ်။"
"ဂုဏ်ပြုပါတယ်။လက်ခံသူ။ သင် ဖရိုဖရဲကောင်းကင်နှင့်မြေကြီးမဟာတာအိုစာလုံး၏စစ်မှန်သည့် အနှစ်သာရရည်ရွယ်ချက်ကို အပြည့်အဝသဘောပေါက်ခဲ့ပါတယ်။ ဖရိုဖရဲမဟာတာအိုကျမ်း:တာအိုသစ်သီးအခန်းကိုတွက်ချက်နိုင်ခဲ့ပါတယ်။"
သိပ်မကြာခင်မှာပဲ နောက်ထပ်အသိပေးချက်တစ်ခုပေါ်လာသည်။
"ဒါက..."
ချီမင်က အံ့ဩဝမ်းသာသွားသည်။"ငါ ဖရိုဖရဲကောင်းကင်နှင့်မြေကြီးမဟာတာအိုစာလုံးကို အပြည့်အဝ နားလည်ဆင်ခြင်ခဲ့ပါတယ်။ ငါ ဖရိုဖရဲမဟာတာအိုကျမ်း:တာအိုသစ်သီးအခန်းကိုဖန်တီးနိုင်ခဲ့ပြီ။"
"ငါ ကောင်းကင်အရှင်နယ်ပယ်ကို ခြေချဖို့အခွင့်ရေးများသွားပြီ။ ငါ့ရဲ့အောင်မြင်နှုန်းက အရင်တုန်းက (၆၀)ရာခိုင်နှုန်းပဲရှိတယ်။ အခုတော့ (၈၀)ကနေ (၉၀)ရာခိုင်နှုန်းလောက်ထိရှိတယ်။"
ချီမင်က တင်ပျဉ်ခွေချိတ်ထိုင်လိုက်သည်။သူ၏စိတ်ထဲသို့ နားလည်မှုများတိုးဝင်လာခဲ့သည်။ သူ၏ခန္ဓာကိုယ်အနက်ရှိုင်းဆုံးထဲတွင် ဖရိုဖရဲကောင်းကင်နှင့်မြေကြီးမဟာတာအိုစာလုံးများ ပေါ်လာသည်။
ထိုအခိုက်တွင် ဖရိုဖရဲကောင်းကင်နှင့်မြေကြီးမဟာတာအိုစာလုံးများက မရေမတွက်နိုင်သော အလင်းစီးကြောင်းများအဖြစ်ပြောင်းလဲသွားခဲ့သည်။ ၎င်းတို့က မဟာတာအိုစစ်မှန်ရည်ရွယ်ချက်များ သယ်ဆောင်လျက် အဆက်မပြတ်စီးဆင်း လည်ပတ်လာသည်။ချီမင်က အပြည့်အဝနားလည်သွားခဲ့ သည်။
ချီမင်က သူ၏ကောင်းကင်နှင့်မြေကြီးမဟာတာအိုစာလုံးအပေါ်နားလည်မှုများကို မိုးမြေမဟာတာအို၏အလုံးစုံကိုနားလည်ရန်အသုံးပြုခဲ့သည်။ သူ၏ကောင်းကင်နှင့်မြေကြီးမဟာတာအို နားလည်မှုသည် ကောင်းကင်နှင့်မြေကြီးအဆင့်၏အကန့်အသတ် ထိ ချိုးဖြတ်သွားတော့သည်။
တစ်ချိန်တည်းမှာ ချီမင်သည် အင်မော်တယ်ဘုရင်နှောင်းပိုင်းအဆင့်၏အကန့်အသတ်သို့ ရောက်သွား တော့သည်။
အကန့်အသတ်ကိုရောက်ရှိနေပြီဖြစ်၏။
၎င်းကထပ်မံမတိုးတက်နိုင်တော့ပေ။
သူက အဆင့်ချိုးဖြတ်ချင်ပါက ချီမင်သည် ကောင်းကင်အရှင်နယ်ပယ်သို့ခြေချရမည်ဖြစ်သည်။
ချီမင်က ဖရိုဖရဲကောင်းကင်နှင့်မြေကြီးမဟာတာအိုစာလုံး၏စစ်မှန်ရည်ရွယ်ချက်တို့ကို သိသွားခဲ့သည်။
နဝမအထက်ကမ္ဘာ၏ဖရိုဖရဲခေတ်ကာလတွင် ခေတ်ပေါင်းမည်မျှကြာခဲ့သည်ကိုမသိခဲ့ကြပေ။ ခန့်မှန်းဖို့ခက်ခဲသည်။
ထိုအချိန်တုန်းက နဝမအထက်ကမ္ဘာသည် အဆုံးမဲ့ဖရိုဖရဲများနှင့်သာပြည့်နှက်နေခဲ့သည်။ ဖရိုဖရဲထဲတွင် ဖရိုဖရဲနတ်ဆိုးဘုရားများမွေးဖွားလာခဲ့သည်။ အင်မတန်စွမ်းအားကြီးကြကာ အားအနည်းဆုံးကတောင် ဥပဒေသကောင်းကင်အရှင်တစ်ပါးပေ။
စွမ်းအားကြီးဖရိုဖရဲနတ်ဆိုးဘုရားများက ထာဝရအထွတ်အထိပ်အရှင်နယ်ပယ်သို့ ရောက်နေကြပြီဖြစ်သည်။
အထွတ်အထိပ်ကောင်းကင်အရှင်နတ်ဆိုးဘုရား(၃၀၀၀)ရှိပီး ပထမဆုံးကတော့ ဖရိုဖရဲအထွတ်အထိပ်ကောင်းကင်အရှင်ဖြစ်သည်။ ထိုသူက ထာဝရအထွတ်အထိပ်အရှင်နယ်ပယ်၏အဆင့်ကိုးတောင် အကန့်အသတ်သို့ရောက်နေပြီဖြစ်သည်။
ဖရိုဖရဲအထွတ်အထိပ်ဘုရင်က နောက်တစ်ဆင့်တက်လှမ်းကာ အထက်ကမ္ဘာကောင်းကင်တာအိုအဆင့်သို့ ချိုးဖြတ်ချင်ခဲ့သည်။ သူက ကောင်းကင်နှင့်မြေကြီးမဟာတာအိုကိုနားလည်ချင်ခဲ့ကာ ဖရိုဖရဲမဟာတာအိုအဖြစ်ပြောင်းလဲပြီး နောက်ဆုံးသောကုန်းမြေသို့ဝင်ရောက်ချင်ခဲ့သည်။
ကံမကောင်းသည်ကတော့ ဖရိုဖရဲအထွတ်အထိပ်ကောင်းကင်အရှင်က ကျဆုံးသွားခဲ့သည်။ ထိုနောက်ဆုံးအခိုက် အောင်မြင်တော့မည့်အချိန်တွင် တခြားသော အထွတ်အထိပ်ကောင်းကင်အရှင်နတ်ဆိုးဘုရားများက သူကိုဝိုင်းတားခဲ့သည်။
ထိုတိုက်ပွဲက နဝမအထက်ကမ္ဘာများကိုပျက်စီးသွားစေလုနီးပါးပင်။ နဝမအထက်ကမ္ဘာကို ဖရိုဖရဲများအဖြစ်ပြောင်းလဲစေခဲ့သောတိုက်ပွဲလည်းဖြစ်သည်။
နောက်ဆုံးမှာတော့ ဖရိုဖရဲအထွတ်အထိပ်ကောင်းကင်အရှင်ကသေဆုံးသွားခဲ့ပြီး အခြားသောအထွတ်အထိပ်ကောင်းကင်အရှင်နတ်ဆိုးဘုရား(၂၉၉၉)မှာလည်း သေဆုံးခဲ့သည်။ အားလုံးသေဆုံးခဲ့သည်။
နဝမအထက်ကမ္ဘာ၏ဖရိုဖရဲခေတ်က အဆုံးသတ်သွားခဲ့ပြီး ခေတ်သစ်သို့ရောက်လာခဲ့သည်။
ဖရိုဖရဲအထွတ်အထိပ်ကောင်းကင်အရှင်ကို အခြားသောအထွတ်အထိပ်ကောင်းကင်အရှင်နတ်ဆိုးဘုရားများက ဝိုင်းတားခဲ့ရခြင်းမှာ အဓိကအားဖြင့် နဝမအထက်ကမ္ဘာ၏ကောင်းကင်တာအိုကြောင့်ဖြစ်သည်။
နဝမအထက်ကမ္ဘာ၏ကောင်းကင်တာအိုသည် ဖရိုဖရဲအထွတ်အထိပ်ကောင်းကင်တာအိုကိုအောင်မြင်ခွင့်မပေးခဲ့ပေ။
ဖရိုဖရဲကောင်းကင်နှင့်မြေကြီးမဟာတာအိုစာလုံးက ဖရိုဖရဲအထွတ်အထိပ်ကောင်းကင်အရှင်ထံမှဆင်းသက်လာခြင်းဖြစ်သည်။ သူသေပြီးနောက်မှာ သူ၏ဖရိုဖရဲတာအိုသစ်သီးက (၁၂၉၆၀၀)အဖြစ်ပြိုကွဲသွားခဲ့ပြီး အလင်းစီးကြောင်းများ အဖြစ်ပြောင်းလဲကာ အရပ်မျက်နှာအနှံ့သို့ပျံ့နှံ့သွားခဲ့သည်။ သူတို့က ကမ္ဘာ၏အရံအတားကို ဖြတ်ကျော်လျက် လေဟာနယ်စကြဝဠာပင်လယ်ထဲသို့ကျဆင်းလာခဲ့သည်။
ထိုအလင်းစီးကြောင်း(၁၂၉၆၀၀)ထဲတွင် အချို့မှာ အထွတ်အထိပ်ရတနာများဖြစ်လာကြသည်။အချို့မှာ လေဟာနယ်စကြဝဠာထဲတွင် ကမ္ဘာများအဖြစ်ပြောင်းလဲသွားခဲ့သည်။အချို့မှာ အံ့ဖွယ်စွမ်းအားကျောက်စိမ်းစလစ်များဖြစ်လာကာ အချို့မှာ အသိဉာဏ်ရလာခဲ့သည်။
ချီမင်ရလိုက်သည့် ဖရိုဖရဲကောင်းကင်နှင့်မြေကြီးမဟာတာအိုစာလုံးက အလင်းစီးကြောင်း(၁၂၉၆၀၀) ထဲမှတစ်ခုဖြစ်ကာ ဖရိုဖရဲအထွတ်အထိပ်ကောင်းကင်အရှင်၏တာအိုသစ်သီးဆန်းကြယ်မှုများ ကိုသယ်ဆောင်ထားခဲ့သည်။
"ဖရိုဖရဲအထွတ်အထိပ်ကောင်းကင်အရှင်။နဝမအထက်ကမ္ဘာ။"
ချီမင်က ခဏလောက်တွေးကာ ဟက်ခနဲရယ်မောလိုက်သည်။ "ဖရိုဖရဲအရောင်ကောင်းကင်နှင့်မြေကြီး မဟာတာအိုစာလုံးမှာ ဒီလိုရှေးကျပြီးဆန်းကြယ်တဲ့ဇာစ်မြစ်ရှိမယ်လို့မထင်ထားခဲ့ဘူး။ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်တစ်ပါးနဲ့သက်ဆိုင်နေတာပဲ။"
မျက်စိတစ်မှိတ်အတွင်းမှာ လတစ်ဝက်ကြာသွားခဲ့သည်။ချီမင်က သူ၏အခြေအနေကို အထွတ်အထိပ်သို့ရောက်အောင်ချိန်ညှိလိုက်သည်။ သူက ဖရိုဖရဲမဟာတာအိုကျမ်း:တာအိုသစ်သီးအခန်းကို နားလည်သွားသည်။သို့ပေမဲ့ အထဲမှစစ်မှန်ရည်ရွယ်ချက်များကိုတော့ နားမလည်ခဲ့ပေ။
မဟုတ်ရင် ချီမင်သည်ကောင်းကင်အရှင်နယ်ပယ်သို့ရောက်သွားတာကြာပြီဖြစ်သည်။
ပစ္စည်းစာရင်းကိုဖွင့်လိုက်သည်။
"ငါ အဆင့်နိမ့်တာအိုမူလအစ(၁၂၉၅၉၉၉၉၉)ထည့်မယ်။"
ချီမင်ကဆိုသည်။"အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်ကိုအသက်သွင်းမယ်။"
တင်း!
"ဖြည့်သွင်းခြင်းအောင်မြင်ပါတယ်။"
"အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်ကိုအောင်မြင်စွာအသက်သွင်းနိုင်ခဲ့ပါတယ်။"
"သင် အဆင့်နိမ့်တာအိုမူလအစ(၁၂၉၅၉၉၉၉၉)တို့ကိုဖြည့်သွင်းခဲ့သောကြောင့် အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်၏အချိန်စီးဆင်းနှုန်းက အပြင်ကမ္ဘာနှင့်ယှဉ်လျှင်(၁၂၉၅၉၉၉၉၉)နှုန်းမြန်လာခဲ့ပါတယ်။"
အသိပေးချက်တစ်ခုပေါ်လာသည်။
နောက်တခဏမှာ ချီမင်၏ရှေ့မှနေရာလွတ်ကပုံပျက်သွားပြီး ဝဲဂယက်ပုံစံအနက်ရောင်တံခါးတစ်ချပ် ပေါ်လာသည်။ ချီမင်က အသက်ပြင်းပြင်းရှုကာ စိတ်ကိုထိန်းညှိပြီး အလိုအလျောက်စိုက်ပျိုးခြင်း နေရာလွတ်ထဲ သို့ဝင်သွားလိုက်သည်။
အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်ထဲတွင် အရာအားလုံးကဗလာဖြစ်နေသည်။သူက အချိန်၏သဘောတရားကိုလည်း အာရုံမခံနိုင်ပေ။
"ငါ ထိပ်တန်းအဆင့်အင်မော်တယ်သလင်းကျောက်သန်း(၁၀၀)ထည့်ပြီး အင်မော်တယ်သလင်းကျောက်:တာအိုသစ်သီးအခန်းကိုကျင့်ကြံမယ်။"
တင်း!
"ဖရိုဖရဲမဟာတာအိုကျမ်း:တာအိုသစ်သီးခန်းကို အဆတစ်ကွင်ဒရီလီယန်မြှင့်တင်မှုအောက်တွင် ကျင့်ကြံနေပါတယ်..."
အသိပေးချက်တစ်ခုပေါ်လာသည်။
ချီမင်သည် အလိုအလျောက်ကျင့်ကြံမှုထဲသို့ဝင်သွားတော့သည်။ သူက ဖရိုဖရဲမဟာတာအိုကျမ်း:တာအိုသစ်သီးအခန်းကို အချိန်ပြည့်ကျင့်ကြံခဲ့ပြီး အတွင်းမှလျှို့ဝှက်ဆန်းကြယ်မှုများကိုဆင်ခြင်ခဲ့သည်။
ချီမင်က သူ၏ပစ္စည်းစာရင်းကိုဖွင့်လိုက်သည်။
အတွေးတစ်ချက်ဖြင့် မဟာတာအိုသစ်သီးအပိုင်းအစအားလုံးပေါ်လာတော့သည်။ ကြယ်များအလားတောက်ပနေကာ ချီမင်အနားတွင်မျောလွင့်နေသည်။
စုစုပေါင်း(၁၂၉၆၀၀)ရှိသည်။
မဟာတာအိုသစ်သီးအပိုင်းအစများက တာအိုသစ်သီး၏နက်နဲဆန်းကြယ်မှုများကို သယ်ဆောင်ထားသည့် အလားခမ်းနားသည့်အလင်းများထွက်ပေါ်နေသည်။
ချီမင်က အကုန်လုံးကိုမပေါင်းစပ်ခင် မဟာတာအိုသစ်သီးအပိုင်းအစတစ်ခုချင်းစီကို နားလည်ရမည်ဖြစ်သည်။
အတင်းအကြပ်ပေါင်းစပ်ရင်တော့ ကျရှုံးသွားမည်ဖြစ်သည်။
သူကျရှုံးသွားရင် ချီမင်က အထူးမြေအောက်စခန်း:တာအိုသစ်သီးဆန်းကြယ်မှုကို ဆက်၍ ရှင်းရမည်ဖြစ်သည်။
"ငါ ထိပ်တန်းအဆင့်အင်မော်တယ်သလင်းကျောက်သန်း(၁၀၀)ထည့်ပြီး မဟာတာအိုသစ်သီးအပိုင်းအစတို့ကို နားလည်ဆင်ခြင်မယ်။"
တင်း!
"ဖရိုဖရဲမဟာတာအိုသစ်သီးအပိုင်းအစများကို အဆတစ်ကွင်ဒရီလီယန်မြှင့်တင်မှုအောက်တွင် နားလည်ဆင်ခြင်နေပါတယ်။"
အသိပေးချက်တစ်ခုပေါ်လာသည်။
မဟာတာအိုသစ်သီးအပိုင်းအစတစ်ခုက ကျဆင်းလာကာ အလင်းများဖြတ်ခနဲတောက်ပသွားသည်။ ၎င်းက ချီမင်၏ခန္ဓာကိုယ်ထဲသို့ သူ၏မျက်ခုံးကြားမှတစ်ဆင့်တိုးဝင်သွားသည်။သူက နက်နဲမှုများကို နားလည်ဆင်ခြင်လိုက်သည်။
ပထမဆုံး မဟာတာအိုသစ်သီးအပိုင်းအစက ကောင်းကင်အရှင်ချုံးယန်နှင့်သက်ဆိုင်သည်။ သူက တာအိုသစ်သီးဆန်းကြယ်မှုများကိုနားလည်ဆင်ခြင်လိုက်သည်။
သိပ်မကြာခင်မှာပဲ ချီမင်က ပထမဆုံးမဟာတာအိုသစ်သီးအပိုင်းအစကိုဆင်ခြင်ပြီးသွားသည်။
ချက်ချင်းဆိုသလိုပဲ ဒုတိယ၊တတိယ၊စတုတ္ထ...
…
အခု(၁၀၀၀)မြှောက်...
…
အခု(၃၀၀၀)မြှောက်...
…
အခု(၁၀၀၀၀)မြှောက်...
…
ချီမင်က ထိပ်တန်းအဆင့်အင်မော်တယ်သလင်းကျောက်များကိုသုံးစွဲကာ မဟာတာအိုသစ်သီးအပိုင်းအစများကို နားလည်ဆင်ခြင်ပြီးပေါင်းစပ်နေခဲ့သည်။
သိပ်မကြာခင်မှာပဲ ချီမင်၏ဘေးတွင် ကြီးမားသည့်အလင်းလုံးကြီးပေါ်လာသည်။
ထိုအလင်းလုံးက ဖရိုဖရဲဖြစ်သည်။သို့ပေမဲ့ ၎င်းတွင် သိပ်သည်းသည့်ကမ္ဘာဦးခရမ်းရောင်အလင်းများ ပြည့်နှက်နေသည်။ ကောင်းကင်နှင့်မြေကြီးမဟာတာအိုမှသည် ဖြတ်ခနဲလက်သွားလျက် ဖရိုဖရဲမဟာတာအိုစာလုံးစစ်မှန်ရည်ရွယ်ချက်များသည် ထွက်ပေါ်လာသည်။
အင်မတန်တောက်ပလာသည်။
တစ်ချိန်တည်းမှာ ချီမင်က ဖရိုဖရဲမဟာတာအိုကျမ်း:တာအိုသစ်သီးအခန်းကိုလည်ပတ်လိုက်သည်။ မသိလိုက်စွာဖြင့် သူက အင်မတန်နက်နဲသည့်အခြေအနေထဲသို့ဝင်သွားတော့သည်။
ထိုအခြေအနေတွင် ချီမင်က အဖိုးတန်အရင်းအမြစ်များကိုအသုံးပြုကာ သူ၏တာအိုသစ်သီးကို စတင်ကျင့်ကြံတော့သည်။