အဆင့်ချိုးဖြတ်။ ဥပဒေသကောင်းကင်အရှင်ပထမအဆင့်။ ကမ္ဘာဦးတာအိုသစ်သီး
Vol. 28 Ch. 408
မသိလိုက်စွာဖြင့် ချီမင်သည် အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်စနစ်ထဲတွင် ရက်ပေါင်းသန်း(၁၀၀)လောက်ကုန်ဆုံးခဲ့၏။ သူက မဟာတာအိုသစ်သီးအပိုင်းအစ(၁၂၉၆၀၀)လုံးကို နားလည်ဆင်ခြင်ခဲ့သည်။ သူ့ခန္ဓာကိုယ်ထဲမှအနက်ရှိုင်းဆုံးအပိုင်းတွင် မဟာတာအိုသစ်သီးအပိုင်းအစအားလုံးက ဖြေးညှင်းစွာဖြင့်ပေါင်းစပ်သွားခဲ့သည်။
ထိုအခိုက်တွင် မဟာတာအိုသစ်သီးက ပေါင်းစပ်သွားခဲ့သည်။
ရက်ပေါင်း(သန်းတစ်ရာ)သည် နှစ်ပေါင်း(၃၀၀၀၀၀၀)နီးပါးရှိသည်။
"မဟာတာအိုသစ်သီး။"
အတွေးတစ်ချက်ဖြင့် ချီမင်သည် မဟာတာအိုသစ်သီးကိုသုံးပြီး အနှစ်သာရများကို နားလည်ဆင်ခြင်လိုက် သည်။ဖရိုဖရဲမဟာတာအိုကျမ်း:တာအိုသစ်သီးအခန်းက လှည့်ပတ်လာသည်။
တာအိုသစ်သီးဆိုသည့်နာမည်အတိုင်း ၎င်းက တာအိုကျင့်ကြံသူတစ်ဦး၏တာအိုရယူခြင်းနယ်ပယ် ဖြစ်သည်။
သူက တာအိုသစ်သီးကိုအောင်မြင်စွာ မပေါင်းစပ်နိုင်ခဲ့လျှင် သူက ကျင့်ကြံရာမှရရှိခဲ့သောကုသိုလ်များ ကို ဆုံးရှုံးသွားမည်ဖြစ်သည်။ သူ၏ကျင့်ကြံမှုများကိုလည်းဆုံးရှုံးသွားမည်ဖြစ်သည်။
တာအိုသစ်သီးကိုသိပ်သည်းခြင်းက အင်မတန်အန္တရာယ်များသည်။ သူမအောင်မြင်ပါက သူ၏တာအိုလည်းပျက်သုဉ်းပြီးနေရာမှာတင်သေသွားနိုင်သည်။
ဥပမာအနေဖြင့် အထူးဂိမ်းမြေအောက်စခန်းတာအိုသစ်သီးဆန်းကြယ်မှုထဲတွင် ချီမင်ကြုံတွေ့ဖူးခဲ့သည်။ သူ၏အသိစိတ်က ကောင်းကင်အရှင်ဖန်သားအဖြစ် ပြန်ဝင်စားစဉ်ကဖြစ်သည်။ ကောင်းကင်အရှင်ဖန်သားက အဆင့်ရှစ်တာအိုသစ်သီးအဖြစ်အဆင့်မြင့်တင်မှုကို ကျရှုံးသွားခဲ့သောကြောင့် သေသွားခဲ့သည်။
သူက တာအိုသစ်သီးကိုသိပ်သည်းချင်ပါက တာအိုသစ်သီး၏ဆန်းကြယ်မှုများကို နားလည်ထားရန်လိုသည်။ သူတွင်လုံလောက်သည့်ကျင့်ကြံခြင်းအဆင့်ရှိလျှင် စိတ်ခံစားချက်ခုနစ်ပါးနှင့်လိုအင်ဆန္ဒခြောက်ပါးမှ လွတ်မြောက်နိုင်မည်ဖြစ်သည်။ ထိုခံစားချက်များက သူ့ကိုမထိန်းချုပ်နိုင်ပေ။ ထိုအစား သူက ခံစားချက်များမှလွတ်မြောက်ကာ လွတ်လပ်မှုကိုပိုင်ဆိုင်နိုင်မည်ဖြစ်သည်။
ဥပမာအနေဖြင့် အတိတ်ဘဝတွင် ဆင်းရဲပြီး ကြွေးမြီးများစွာတင်ခဲ့သူတစ်ဦးရှိသည်။ ထိုသူက ပြန်မဆပ်နိုင်တော့သည့်အတွက် ကြွေးပြေးသွားခဲ့သည်။
သူက လူသူကင်းမဲ့သည့်နေရာသို့ပြေးသွားခဲ့ပြီး ထိုနေရာ၌မတော်တဆသေတ္တာလွတ်တစ်လုံးကို ကောက်ရခဲ့သည်။ ၎င်းအထဲတွင် ရတနာများနှင့်ပြည့်နှက်နေခဲ့သည်။သို့သော် အထဲတွင်ရတနာများကိုဖုံးကွယ်ထားသည့်မှန်တစ်ချပ်ရှိသည်။
ဆင်းရဲသည့်ထိုသူက ရတနာသေတ္တာကိုမြင်တော့ သဘာဝအတိုင်းပျော်ရွှင်သွားခဲ့သည်။ သူက ချက်ချင်းပဲဖွင့်ကြည့်လိုက်တော့ မှန်ထဲ၌လူတစ်ယောက်ကိုတွေ့လိုက်ရသည်။ ထိုသူက ချက်ချင်းပဲ ထိတ်လန့်ကြောက်ရွံ့သွားတော့သည်။ သူကလျင်မြန်စွာဖြင့်လက်သီးစုပ်ကာဆိုသည်။"ဒါက သေတ္တာလွတ်ကြီးထင်ခဲ့တာ။ အထဲမှာ ဘာမှမရှိဘူးထင်ခဲ့တာ။မင်းရှိနေမယ်လို့မထင်ထားခဲ့ဘူး။ စိတ်မဆိုးပါးနဲ့။"
လောကရှိ သက်ရှိသတ္တဝါအားလုံးသည် ပျော်ရွှင်မှု၊ ဒေါသ၊ ဝမ်းနည်းမှု၊ သာယာမှုစသည့် မိမိတို့၏ စိတ်ခံစားချက်များကြောင့် လွှမ်းမိုးခံရပြီး ဆုံးဖြတ်ချက်အမှားများ ချမှတ်တတ်ကြသည်။
ဥပမာအားဖြင့်၊ ပုံပြင်ထဲမှ ဆင်းရဲသားအတွက်မူ သူသည် အကြွေးမှလွတ်ရန် ထွက်ပြေးခဲ့သော်လည်း မမျှော်လင့်ဘဲ အဖိုးမဖြတ်နိုင်သော ရတနာကို ကောက်ရခဲ့သဖြင့် ကံကောင်းခဲ့သည်။ ဤသည်မှာ ကောင်းသော အရာဖြစ်သော်လည်း သူက မှန်ထဲမှ မိမိ၏ ပုံရိပ်ကိုပင် ပြန်မမှတ်မိခဲ့ပေ။
အကြောင်းမှာ ရုတ်တရက် ရတနာများစွာကို ရရှိလိုက်ခြင်းက သူ့ကို အသိဉာဏ်မဲ့သွားစေပြီး မိမိကိုယ်ကိုနှင့် မိမိ၏ပင်ကိုယ်သဘာဝကို မေ့လျော့သွားစေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူရရှိတော့မည့် ရတနာများကို အဆုံးတွင် မရရှိနိုင်တော့ပေ။
အလွန်အမင်း ပျော်ရွှင်ခြင်းနှင့် အလွန်အမင်း ဝမ်းနည်းခြင်းတို့သည် လူတစ်ဦးကို နတ်ဆိုးတစ်ကောင်အဖြစ် အလွယ်တကူ ပြောင်းလဲသွားစေနိုင်သည်။
ဤကမ္ဘာကြီးထဲမှလူအချို့မှာလည်းထိုအတိုင်းပင်။ သူတို့က အချို့သောကိစ္စလေးများကြောင့် ရှုပ်ထွေးခဲ့ရသည်။ အဆုံးမှာတော့ သူတို့က သူတို့ကိုယ်သူတို့ဆုံးရှုံးသွားရသည့်အပြင် ငွေများလည်းဆုံးရှုံးသွားခဲ့ရသည်။
တာအိုသစ်သီးကိုသိပ်သည်းသွားပြီးသည့်နောက်မှာတော့ ခံစားချက်များကို ထိန်းချုပ်နိုင်သွားမည် ဖြစ်သည်။ သူတို့က ပျော်ရွှင်မှုသို့မဟုတ် ဝမ်းနည်းမှုကိုမခံစားရသည့်အဆင့်သို့ ရောက်သွားမည်ဖြစ်သည်။
၎င်းက နှလုံးသားကင်းမဲ့ခြင်း၏နယ်ပယ်ဖြစ်သည်။
နှလုံးသားကင်းမဲ့ခြင်းက ရက်စက်ခြင်းမမည်ပေ။
ထိုအစား စိတ်ခံစားချက်ကိုသာ အလုံးစုံထိန်းချုပ်နိုင်ခြင်းဟုဆိုရမည်။
တာအိုသစ်သီးကိုသိပ်သည်းသွားပြီးနောက်မှာ တာအိုရယူခြင်း၊အံ့ဖွယ်စွမ်းအား၊ဓမ္မစွမ်းအားနှင့် အတိတ်ကသူကျင့်ကြံခဲ့သည့်အရာမှန်သမျှသည် တာအိုသစ်သီးအဖြစ်သိပ်သည်းသွားမည်ဖြစ်ပြီး မြင့်မြတ်သည့်နှစ်ခြင်းကိုခံယူရမည်ဖြစ်သည်။
သူ၏ဓမ္မစွမ်းအားများသည် တာအိုစွမ်းအားအဖြစ်ပြောင်းလဲသွားမည်ဖြစ်သည်။
ကောင်းကင်နှင့်မြေကြီးတွင် မဟာတာအိုကလည်ပတ်လာသည်။ ကမ္မကုသိုလ်နှင့်အကုသိုလ်တို့က ကောင်းကင်နှင့်မြေကြီးကပ်ဘေးချီကိုဖြစ်စေသည်။ ကပ်ဘေးဖြစ်ပေါ်လာတိုင်း ကောင်းကင်နှင့်မြေကြီးကပ်ဘေးချီသည် မိုးမြေတစ်ခွင်ပြည့်နှက်သွားခဲ့ပြီး သက်ရှိများကိုဖိနှိပ်သောကြောင့် သက်ရောက်ခံရသူတို့၏စိတ်ခံစားချက်မှာ ဖရိုဖရဲဖြစ်ကုန်ပြီး ဒေါသထွက်လွယ်လာသည်။ သူတို့က ဆုံးဖြတ်ချက်မှားများကို အလွယ်တကူချမှတ်လာမည်ဖြစ်ကာ ကပ်ဘေးဒုက္ခများအောက်တွင် ပြာဖြစ်သည့်အထိလောင်ကျွမ်းခံရမည်ဖြစ်သည်။
"လောကအားလုံး၏ အရင်းအမြစ်၊ အရာခပ်သိမ်း၏ အခြေခံအုတ်မြစ်၊ အလုံးစုံတို့၏ ကနဦးအစ၊ မဟာတာအို၏ မူလဘူတ၊ ကမ္ဘာဦးဖရိုဖရဲ။"
ချီမင်က တီးတိုးရေရွတ်လိုက်သည်။ သူ၏ခန္ဓာကိုယ်ပေါ်တွင် ကမ္ဘာဦးခရမ်းရောင်အလင်းများတောက်ပလာသည်။ မယှဉ်သာလောက်အောင် ခမ်းနားတောက်ပလှသည်။ ကောင်းကင်နှင့်မြေကြီးမဟာတာအို၏စွမ်းအားက သူ၏တစ်ကိုယ်လုံးတွင် ပဲတင့်ထပ်လာခဲ့သည်။ အဆုံးမဲ့စွမ်းအားတို့မှ ဖရိုဖရဲကြာပန်းစိမ်းတို့ပွင့်လန်းလာခဲ့သည်။ ကမ္ဘာဦးဖရိုဖရဲထဲတွင် အချိန်၊နေရာလွတ်၊အသက်နှင့်ပြန်လည်ဝင်စားခြင်းတို့ကို ပြသလာခဲ့သည်။
သူက ကမ္ဘာဦးဖရိုဖရဲထက်တွင်ထိုင်ကာ အရာခပ်သိမ်းကိုဖိနှိပ်လိုက်သည်။
ချက်ချင်းပဲ အရပ်မျက်နှာအနှံ့၌ မရေမတွက်နိုင်သော အလင်းများတောက်ပလာကာ ချီမင်၏ခန္ဓာကိုယ်ထက်၌ စုစည်းလာခဲ့သည်။ သူတို့က ကမ္ဘာဦးတာအိုသစ်သီးကိုစုစည်းလိုက်သည်။ သူ၏စိတ်ထဲသို့နားလည်မှုများတိုးဝင်လာခဲ့သည်။သူက မိုးမြေ၊အသင်္ချေကမ္ဘာနှင့်နက်နဲမှုများစွာကို နားလည်သွားခဲ့သည်။
ထိုအခိုက်တွင် ချီမင်သည် အရာခပ်သိမ်း၏မူလဘူတ၊အလုံးစုံတို့၏ကနဦးအစ၊ရင်းမြစ်ပင်ရင်းတို့ကို နားလည်သွား၏။ ချီမင်၏ခန္ဓာကိုယ်ပေါ်တွင် ကမ္ဘာဦးအလင်းများတောက်ပလာသည်။
ကမ္ဘာဦးတာအိုသစ်သီးထဲသို့ ထိုအရာအားလုံးပေါင်းစပ်သွားခဲ့သည်။
ချီမင်က သူ၏ကမ္ဘာဦးတာအိုသစ်သီးကို စစ်မှန်စွာသိပ်သည်းပြီးသွားခဲ့သည်။ သူကမဟာတာအိုအင်မော်တယ်ဘုရင်နှလုံးသား၊မဟာတာအိုသစ်သီးတို့ကိုစုပ်ယူပြီး ဖရိုဖရဲမဟာတာအိုကျမ်း:တာအိုသစ်သီး၏စစ်မှန်ရည်ရွယ်ချက်များနှင့်ပေါင်းစပ်လိုက်သည်။
တစ်ချိန်တည်းမှာ ကမ္ဘာဦးတာအိုသစ်သီးကလည်း ချီမင်နားလည်ထားသည့်ကမ္ဘာဦးစစ်မှန်ရည်ရွယ်ချက်တို့နှင့် ပေါင်းစပ်သွားခဲ့သည်။
ချီမင်၏ကောင်းကင်နှင့်မြေကြီးမဟာတာအိုနားလည်မှုတို့သည် ပြီးပြည့်စုံခြင်းအသေးစားနားလည်မှုအဆင့်သို့ ချိုးဖြတ်သွားပြီး ပို၍မြင့်သောအဆင့်သို့ရောက်သွားတော့သည်။ ထိုအဆင့်က ပထမအဆင့်တာအိုနှလုံးသားဖြစ်သည်။
ထိုသည်ကနေကြည့်လျှင် သိသာပါ၏။တာအိုနှလုံးသားက တာအိုသစ်သီးဖြစ်နိုင်သည်။သို့ပေမဲ့ တာအိုသစ်သီးက တာအိုနှလုံးသားဖြစ်မလာနိုင်ပေ။
ထိုအခိုက် ကမ္ဘာဦးတာအိုသစ်သီးက သိပ်သည်းသွားတော့သည်။ ပုံရိပ်ယောင်ဆန်နေသေးပေမဲ့ ၎င်းက ချီမင်၏ခန္ဓာကိုယ်ထဲတွင် စစ်မှန်စွာတည်ရှိနေခြင်းဖြစ်သည်။၎င်းက ကမ္ဘာဦးခရမ်းရောင်အလင်းများ တောက်ပနေသော အလင်းလုံးကြီးတစ်လုံးဖြစ်သည်။
ကမ္ဘာဦးတာအိုသစ်သီးသည် တာအိုသစ်သီးနယ်ပယ် အဆင့်တစ်ကဖြစ်သည်။
ဘုန်း ဘုန်း ဘုန်း
ချီမင်က စတင်အဆင့်ချိုးဖြတ်တော့သည်။ သူ၏အရှိန်အဝါက လျင်မြန်စွာဖြင့်တိုးတက်လာပြီး အထက်ကမ္ဘာအင်မော်တယ်ဘုရင်အဆင့်သို့ ကျော်လွန်ချိုးဖြတ်သွားတော့သည်။ သူက အင်မော်တယ်နယ်ပယ်သို့ချိုးဖြတ်ပြီး ပို၍မြင့်မားသောအဆင့်သို့ရောက်သွားတော့သည်။
ကောင်းကင်အရှင်နယ်ပယ်။
သူက ဥပဒေသကောင်းကင်အရှင်နယ်ပယ်ဖြစ်သွားသည်။
ချီမင်၏ခန္ဓာကိုယ်ထဲတွင် ကမ္ဘာဦးတာအိုသစ်သီးကိုဗဟိုပြုကာ ကမ္ဘာဦးတာအိုစွမ်းအားမှာ ကမ္ဘာဦးခရမ်းရောင်အလင်းတို့တောက်ပလျက် မွေးဖွားလာခဲ့သည်။ ၎င်းက ဖြည်းညှင်းစွာလှုပ်ရှားလာက သူ၏တစ်ကိုယ်လုံးသို့ဖြတ်ကာ စီးဆင်းသွားတော့သည်။ အပိုင်းအစ(၁၂၉၆၀၀)တို့မှာ အင်မတန်ပြည့်စုံလေသော စက်ဝန်းတစ်ခုအဖြစ်စုဖွဲ့သွားသည်။
တစ်ချိန်တည်းမှာ ချီမင်၏ခန္ဓာကိုယ်၊ဝိညာဉ်၊စစ်မှန်ဝိညာဉ်နှင့်အသိစိတ်မှာ ကမ္ဘာဦးတာအိုသစ်သီး၏လွှမ်းမိုးမှုအောက်တွင် မမျှော်လင့်ထားသောပြောင်းလဲမှုကို ကြုံတွေ့လိုက်ရသည်။
အချိန်ကုန်ဆုံးသွားသည်။
ချီမင်က အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်ထဲတွင်ရက်ပေါင်း(၂၅၉၉၉၉၉၉)ကြာ ကုန်ဆုံးခဲ့ပြီး သူ၏အသွင်ပြောင်းခြင်းကို အဆုံးသတ်လိုက်သည်။
သေချာသည်ကတော့ သူက ကျင့်ကြံခြင်းအဆင့်တက်သွားပြီးနောက်မှာ အခြေခိုင်အောင်လုပ်လိုက်သည်။
ချီမင်သည် ဥပဒေသကောင်းကင်အရှင်ပထမအဆင့်သို့ တက်သွားတော့သည်။
သူအောင်မြင်သွားခဲ့သည်။
တင်း!
"အဆင့်နိမ့်တာအိုမူလအစ(၁၂၅၉၉၉၉၉၉)သုံးစွဲခဲ့ပါတယ်။ သင် အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်ထဲတွင်ရက်ပေါင်း(၁၂၅၉၉၉၉၉၉)ကြာဖြတ်သန်းခဲ့ပါတယ်။"
"အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်က ပိတ်သွားပါပြီ။"
အသိပေးချက်တစ်ခုပေါ်လာသည်။
ချီမင်က နေရာလွတ်ထဲမှပြောင်းလဲမှုကိုခံစားလိုက်ရသည်။ ခုခံစွမ်းအားမဲ့စေသော အားတစ်ခုက နေရာလွတ်မှထွက်လာခဲ့သည်။သူက အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်မှ အတင်းအကြပ်နေရာရွှေပြောင်းခံလိုက်ရသည်။
သူက ကမ္ဘာအစစ်သို့ပြန်သွားခဲ့သည်။
ချီမင်က ဥပဒေသကောင်းကင်အရှင်ပထမအဆင့်သို့ရောက်သွားတော့သည်၊။ ကမ္ဘာဦးတာအိုသစ်သီးသိပ်သည်းသွားပြီးနောက်မှာတောင် သူက ထိုအားကိုမခုခံနိုင်ဘဲ အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်မှဖယ်ထုတ်ခံလိုက်ရသည်။
ထိုသည်ကနေကြည့်လျှင်သိသာပါ၏။အလိုအလျောက်ကျင့်ကြံခြင်းစနစ်က ခန့်မှန်းရမလွယ်သေးပေ။
၎င်း၏နောက်ခံကိုမသိနိုင်ပေ။
"ဒါက..."
ချီမင် သူ၏လက်ချောင်းများဖြင့်တွက်ချက်ကာ စဉ်းစားလိုက်သည်။ "အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်မှာ နေတာကြာသွားတာပဲ။ဒါပေမဲ့အပြင်ကမ္ဘာမှာ တစ်ရက်ပဲကြာသွားတယ်။"
"တကယ့်ကိုကြောက်ဖို့ကောင်းတဲ့စွမ်းအားပဲ။" ချီမင်က ချီးကျူးလိုက်သည်။
တစ်ချိန်တည်းမှာ ချီမင်သည် အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်မှထွက်လာပြီးမကြာခင်မှာပဲ သူက ကမ္ဘာဦးတာအိုသစ်သီးကိုသိပ်သည်းနိုင်သွားခဲ့လျက် ကောင်းကင်အရှင်နယ်ပယ်သို့ ခြေချနိုင်ခဲ့ခြင်းဖြစ်ကာ ဥပဒေသကောင်းကင်အရှင်တစ်ဦးဖြစ်လာသည်။
အထက်ကမ္ဘာကောင်းကင်တာအိုက ၎င်းကိုချက်ချင်းအာရုံခံမိသွားသည်။
ကောင်းကင်နှင့်မြေကြီးထူးခြားဖြစ်စဉ်များပေါ်လာသည်။
ကောင်းကင်ဉာဏ်အလင်းလောကထဲမှ အဆုံးမဲ့လေဟာနယ်တွင် သိပ်သည်းသည့်ကမ္ဘာဦးခရမ်းရောင်အလင်းများတဖြည်းဖြည်းတိုးမြှင့်လာခဲ့သည်။ မိုင်ပေါင်း(၃၀၀၀၀၀၀)အကွာ အရှေ့အရပ်မှ ခရမ်းရောင်ချီများရောက်လာသည့်အတိုင်း မယှဉ်သာလောက်အောင်ခမ်းနားတောက်ပလာခဲ့သည်။
ထူးခြားဖြစ်စဉ်က ပေါ်လာသည့်အခိုက်မှာပဲ အရှေ့ပိုင်းအံ့ဖွယ်အောင်ခြင်းပြည်နယ်ကို ဖုံးအုပ်သွားတော့သည်။ ချီမင်၏အရှေ့ပိုင်းအံ့ဖွယ်အောင်ခြင်းပြည်နယ်ကိုဗဟိုပြုကာ အဆက်မပြတ်ပျံ့နှံ့သွားခဲ့သည်။
သိပ်မကြာခင်မှာပဲ ကောင်းကင်ဉာဏ်အလင်းလောကတစ်ခွင်ကိုဖုံးအုပ်သွားခဲ့သည်။
"ဒါက..."
"ဘာဖြစ်တာလဲ။"
"ဘုရားရေ။"
"ဒီအရှိန်အဝါက။ ထူးခြားဖြစ်စဉ်.. စွမ်းအားက။"
"ဥပဒေသကောင်းကင်အရှင်။ ဥပဒေသကောင်းကင်အရှင်ပေါ်ထွန်းခြင်းပဲ။"
"ဟူး..."
"အဲ့နေရာက..."
"အရှင်ကောင်းကင်ဧကရာဇ်ပဲ။ အရှင်မင်းကြီးက တာအိုသစ်သီးကိုသိပ်သည်းပြီး ဥပဒေသကောင်းကင်အရှင်နယ်ပယ်ထဲခြေချနိုင်ခဲ့ပြီ။ အဲ့ဒါကြောင့် ထူးခြားဖြစ်စဉ်ပေါ်လာတာပဲ။"
"အရှင်မင်းကြီ။"
“…”
ပြည်နယ်များစွာ၏အရှင်များ၊အင်မော်တယ်အရာရိများ၊အထက်ကမ္ဘာအင်မော်တယ်ဘုရင်များ၊မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်များနှင့်သက်ရှိများမှာကောင်းကင်ကိုကြည့်ပြီး ချီမင်ရှိနေသော ဦးတည်ရာဘက်သို့ ဦးညွှတ်အရိုအသေပြုလိုက်၏။
သူတို့က ပေါ်ထွန်လားသည့်ဖြစ်တည်မှုကို ဦးညွှတ်နေကြခြင်းဖြစ်သည်။
ထူးခြားဖြစ်စဉ်က အစသာရှိသေးသည်။ ကမ္ဘာဦးခရမ်းရောင်အလင်းထဲတွင် စုစုပေါင်းပွင့်လွှာသုံးဆယ့်ခြောက်သွယ်ရှိသည့်ဖရိုဖရဲကြာပန်းစိမ်းပေါင်း(၁၂၉၆၀၀)ပွင့်ပေါ်လာသည်။
ဖရိုဖရဲကြာပန်းစိမ်းတိုင်းကနေ ဖရိုဖရဲနတ်ဆိုးဘုရားတစ်ပါးမွေးဖွားလာတော့မည့်ဟန်ရှိသည်။
တစ်ချိန်တည်းမှာ ထူးခြားဖြစ်စဉ်၏အလယ်ဗဟို၌ အထွတ်အထိပ်ဖြစ်တည်မှုတစ်ခုပေါ်လာသည်။ ကောင်းကင်အရှင်ဓမ္မရုပ်တုများပေါ်လာခဲ့ပြီး ကောင်းကင်နှင့်မြေကြီးမဟာတာအိုအလင်းများဖြင့် ဖုံးအုပ်သွားခဲ့သည်။ ၎င်းက ချီမင်၏ပုံစံဖြစ်သည်။
ချီမင်သည် ရှေးဦးကမ္ဘာကိုဦးဆောင်လျက် အရာခပ်သိမ်းကိုဖိနှိပ်လိုက်သည်။
"လောကအားလုံး၏ အရင်းအမြစ်၊ အရာခပ်သိမ်း၏ အခြေခံအုတ်မြစ်၊ အလုံးစုံတို့၏ ကနဦးအစ၊ မဟာတာအို၏ မူလဘူတ၊ ကမ္ဘာဦးဖရိုဖရဲ။"
နောက်တခဏမှာ ချီမင်၏အသံသည် တာအိုအသံဖြစ်ပြောင်းသွားကာ သက်ရှိအားလုံး၏နားထဲသို့ ဝင်ရောက်သွားတော့သည်။ ၎င်းက သူတို့၏ဝိညာဉ်အတွင်းထဲသို့တိုင် ရောက်သွားခြင်းဖြစ်ပြီး လူတိုင်းထိုအချင်းအရာကိုကြားနိုင်သည်။
၎င်းက ချီမင်၏တာအိုသက်သေပြခြင်းပေတကား။