← Chapters

ကောင်းကင်ပညာရှိဓားအရှင်။လောကနှစ်ခုပေါင်းစည်းခြင်း။တာအိုမူလအစမိုင်း။ဖရိုဖရဲနတ်ဆိုးဘုရား

Vol. 28 Ch. 409

ကောင်းကင်ပညာရှိဓားအရှင်။လောကနှစ်ခုပေါင်းစည်းခြင်း။တာအိုမူလအစမိုင်း။ဖရိုဖရဲနတ်ဆိုးဘုရား

Vol. 28 Ch. 409

"ဒါ....ဒါက.."

"အရှင်မင်းကြီး..."

"ကမ္ဘာဦး။ ကမ္ဘာဦး။ ကမ္ဘာဦး။”

“…”

ထိုအခိုက်တွင် ကောင်းကင်ဉာဏ်အလင်းလောကထဲမှသက်ရှိများမှာ ချီမင်၏တာအိုကို ကြားလိုက်ရသည်။ပါရမီမြင့်မားသည့်သူများကတော့ မိုးမြေမဟာတာအိုကိုဆင်ခြင်နားလည်မိကြပြီး ဉာဏ်အလင်းဝင်သွားတော့သည်။

ကောင်းကင်ဉာဏ်အလင်းလောကတွင်။

သက်ရှိများစွာက အဆင့်တက်သွားသည်။

"ဂျူနီယာ...ဂျူနီယာညီလေး..."

ချင်ဖေးယွမ်က သူ၏နန်းတော်မှထွက်လာသည်။ သူသည် ကောင်းကင်ယံ၌ မတ်တပ်ရပ်နေသော ချီမင်၏မြင့်တက်လာသော ခမ်းနားကြီးကျယ်သည့်အရှိန်အဝါကိုခံစားခဲ့ရသည်။

သူ၏မျက်လုံးများသည် ထိတ်လန့်မှု၊လေးစားမှုနှင့်မယုံကြည်မှုများနှင့်ပြည့်နှက်သွားခဲ့သည်။ သူ၏နှလုံးသားက မနာလိုမှုများဖြင့် ပြည့်နှက်သွားတော့၏။

ချင်ဖေးယွမ်က အသက်ပြင်းပြင်းရှုလိုက်သည်။" ခေတ်ကာလကပ်ဘေးဒုက္ခပြီးတာ နှစ်တစ်သန်းလောက်ပဲ ရှိပါသေးတယ်။"

"ငါ မထင်ထားဘူး။"

"ဂျူနီယာညီလေးချီမင်။ မဟုတ်ဘူး။ အရှင်မင်းကြီးလို့ပြောသင့်တာ။ ကောင်းကင်ဉာဏ်အလင်းအင်မော်တယ်ဧကရာဇ်က အဆင့်ချိုးဖြတ်တော့မယ်။ သူက အထက်ကမ္ဘာအင်မော်တယ်ဘုရင်အစောပိုင်းအဆင့်ကနေ နှောင်းပိုင်းအဆင့်ထိတက်သွားတာပဲ။"

"အခု တာအိုသစ်သီးကိုရပြီးတော့ အင်မော်တယ်နယ်ပယ်ရဲ့အကန့်အသတ်ကိုကျော်ဖြတ်ပြီး ဥပဒေသကောင်းကင်အရှင်တစ်ပါးဖြစ်လာတော့မှာပဲ။ အဆင့်တက်နှုန်းက မယုံနိုင်စရာကောင်းလောက်အောင်အရမ်းမြန်လွန်းတယ်။"

"ဂုဏ်ပြုပါတယ် သခင်။ သခင် တာအိုသစ်သီးကိုရပြီး ကမ္ဘာဦးဖရိုဖရဲမဟာတာအိုကို ရခဲ့ပါတယ်။ ကောင်းကင်အရှင် ထာဝရတည်တံ့ပါစေ။"

"ဂုဏ်ပြုပါတယ် သခင်။ သခင် တာအိုသစ်သီးကိုရပြီး ကမ္ဘာဦးဖရိုဖရဲမဟာတာအိုကို ရခဲ့ပါတယ်။ ကောင်းကင်အရှင် ထာဝရတည်တံ့ပါစေ။"

“…”

ချက်ချင်းဆိုသလိုပဲ ကမ္ဘာလွတ်လပ်ခြင်းဗုဒ္ဓတို့က ပေါ်လာခဲ့ပြီး ဦးညွှတ်အရိုအသေပြုလာကြသည်။ သူတို့က လေးစားစွာ ဦးညွှတ်အရိုအသေပြုကြသည်။

ချီမင်က မျက်စိတင်းကြပ်နေအောင် မှိတ်ထားသည်။ သူသည် ကမ္ဘာထဲမှအရာအားလုံးကိုနားလည်ဆင်ခြင်လျက် သူ၏တာအိုကိုဆင်ခြင်နေခဲ့သည်။ သူ၏အာရုံများက ကောင်းကင်ဉာဏ်အလင်းလောက၏နယ်ပယ်ကိုဖြတ်ကျော်လျက် အရပ်မျက်နှာအနှံ့သို့ပျံ့သွားခဲ့၏။

ချီမင်သည် ပထမအထက်ကမ္ဘာနှင့်ပတ်သက်သောအရာမှန်သမျှကိုသိသွားခဲ့သည်။

သူ၏အာရုံထဲများထဲမှ ကောင်းကင်ဉာဏ်အလင်းလောကအပြင်ဘက်ဝယ်။

နောက်ကျိသည့်ဖရိုဖရဲများရှိသည်။

ဖရိုဖရဲများရှိသည့်နက်ရှိုင်းသော ပထမအထက်ကမ္ဘာထဲတွင် ဖရိုဖရဲနတ်ဆိုးဘုရားများနှင့်ယှဉ်နိုင်သော ဥပဒေသကောင်းကင်အရှင်များနှင့်စည်းမျဉ်းကောင်းကင်အရှင်များရှိသည်။

ချီမင်သည် ကောင်းကင်ဉာဏ်အလင်းလောကမှထွက်ခွာပြီး ဖရိုဖရဲထဲသို့ဝင်ရောက်နိုင်သည်။ သူက ဖရိုဖရဲထဲတွင် သွားလာလှုပ်ရှားနိုင်သည်။

ကောင်းကင်အရှင်နယ်ပယ်ကျင့်ကြံခြင်းတွင် အထက်ကမ္ဘာအင်မော်တယ်ချီများကို စုပ်ယူခြင်းသည် အသုံးမဝင်တော့ပေ။ ခန္ဓာကိုယ်ထဲသို့ ဖရိုဖရဲချီကိုလက်ခံသည်ဖြစ်စေ ဖရိုဖရဲမှမွေးဖွားလာသောတာအိုမူလအစကိုစုပ်ယူသည်ဖြစ်စေလုပ်ဆောင်ရသည်။

ထိုအခိုက်တွင် ချီမင်ကနားလည်သွားတော့သည်။

ကောင်းကင်အရှင်နယ်ပယ်အောက်သည် အထက်ကမ္ဘာ၏အစောပိုင်းအဆင့်သာဖြစ်၏။ အင်မော်တယ်နယ်ပယ်ကသူများက နေရာအကျဉ်းလေး၌သာလှုပ်ရှားနိုင်သည်။

ကောင်းကင်အရှင်နယ်ပယ်ကိုတက်ပြီးနောက်မှာသာ သူတို့က အချုပ်အနှောင်ကင်းမဲ့သွားခဲ့ပြီ ဖြစ်သည်။ သူတို့က အထက်ကမ္ဘာ၌သွားလာနိုင်ပြီး ဖရိုဖရဲထဲ၌လှည့်လည်နိုင်သည်။

ချီမင် ကောင်းကင်အရှင်နယ်ပယ်သို့မတက်ခင်က အခြေခံအားဖြင့်တော့ ကောင်းကင်ဉာဏ်အလင်းလောက၌သာနေခဲ့သည်။ ကောင်းကင်ဉာဏ်အလင်းလောကမှထွက်ခွာပြီး အထက်ကမ္ဘာ၌ခရီးလှည့်လည်ရသည်မှာ မလွယ်ကူလှပေ။ သူက ဖရိုဖရဲထဲတွင် အချိန်ကာလအင်မတန်ကြာရှည်စွာမနေနိုင်ပေ။

ချက်ချင်းဆိုသလိုပင် မြင်ကွင်းက ထပ်မံပြောင်းလဲသွားတော့သည်။

ချီမင် ကောင်းကင်အရှင်နယ်ပယ်ပထမအဆင့်သို့ချိုးဖြတ်ပြီးနောက်မှာ သူက ကောင်းကင်ဉာဏ်အလင်းလောက၏နယ်နိမိတ်သို့ ဖြတ်ကျော်သွားခဲ့သည်။ သူက ကောင်းကင်ဉာဏ်အလင်းလောကနှင့်ကောင်းကင်ပညာရှိလောကကြားမှဟင်းလင်းပြင်လမ်းကြောင်းအတိုင်းသွားခဲ့သည်။

ကောင်းကင်ပညာရှိလောကတွင် ကမ္ဘာဦးခရမ်းရောင်အလင်းမှာ ညနေခင်းအလင်းလား လျင်မြန်စွာဖြင့် ဖြေးညှင်းစွာပျံ့နှံ့သွားတော့၏။ ကောင်းကင်ပညာရှိလောက၏ထက်ဝက်ကျော်ကို သက်ရောက်သွားသောကြောင့် မရေမတွက်နိုင်သောသက်ရှိတို့သည် ဆွဲဆောင်ခံလိုက်ရတော့၏။

"ဒါက..."

"‌ကြောက်ဖို့ကောင်းလိုက်တဲ့ထူးခြားဖြစ်စဉ်။"

"မဟုတ်ဘူး။ မဟုတ်လောက်ဘူး။"

"ဒီဖြစ်စဉ်က ကောင်းကင်ပညာရှိလောကရဲ့ဖြစ်စဉ်မဟုတ်ဘူး။"

"ကောင်းကင်ဉာဏ်အလင်းလောက။ ဒီထူးခြားဖြစ်စဉ်က ကောင်းကင်ဉာဏ်အလင်းလောက၊ ကပဲ။"

"အိုး ဘုရားရေ။"

"ထိတ်လန့်ဖို့ကောင်းတယ်။ ကမ္ဘာပါလှုတ်ခါနေသလိုပဲ။ တကယ်ကြီး ကောင်းကင်ဉာဏ်အလင်းလောကရဲ့ ကန့်သတ်ချက်တွေကိုပါကျော်လွှားပြီး ငါတို့ကောင်းကင်ပညာရှိလောကကိုပါ သက်ရောက်သွားတာပဲ။ အရမ်းအရမ်းကြောက် ဖို့ကောင်းသွားပြီ။"

"ဟူး..."

ကောင်းကင်ပညာရှိလောကထဲမှ မရေမတွက်နိုင်သောသက်ရှိများထိတ်လန့်သွားခဲ့ရသည်။

"သူပဲ။" ကောင်းကင်ပညာရှိအရှင်က ရှေ့တစ်လှမ်းတိုးကာ ထူးခြားဖြစ်စဉ်၏အရှိန်အဝါကို ခံစားလိုက်သည်။ သူက အတော်လေးရင်းနှီးနေသည်။ "ကောင်းကင်ဉာဏ်အလင်းအင်မော်တယ်ဧကရာဇ်။ သူပဲ။"

"ဟူး..."

"သူတကယ်များ..."

"ကောင်းကင်ဉာဏ်အလင်းအင်မော်တယ်ဧကရာဇ်က တာအိုသစ်သီးကိုရသွားတာဆိုတော့ သူ ဥပဒေသကောင်းကင်အရှင်ဖြစ်လာတာပဲ။"

"ဘယ်လောက်ကြာဦးမှာလဲ။"

"အတော်လေးလန့်ဖို့ကောင်းတယ်။"

"ဒီထူးခြားဖြစ်စဉ်က ကောင်းကင်ပညာရှိလောကကိုပါသက်ရောက်နေတယ်။"

"ဒါ....ဒါက.."

ကောင်းကင်ပညာရှိလောက၏အထက်ကမ္ဘာအင်မော်တယ်ဘုရင်များက ကောင်းကင်ယံမှထူးခြားဖြစ်စဉ်ကိုကြည်ရင်း ထိတ်လန့်နေကြသည်။ သူတို့က မယုံနိုင်ဘူးဟူသောမျက်နှာဖြင့် အံ့ဩစွာကြည့်နေကြသည်။

ချီမင်၏တာအိုသက်သေပြခြင်းသည်လည်း ကောင်းကင်ပညာရှိလောကသို့ကျရောက်လာခဲ့သည်။

"ဒါက..."ကောင်းကင်ပညာရှိအရှင်လည်းကြောင်သွားတော့တယ်။ သူက အံ့ဩသည့်အမူအရာများဖုံးလွှမ်းလျက် ဆိုသည်။"ဒါက ကောင်းကင်ဉာဏ်အလင်းအင်မော်တယ်ဧကရာဇ်ရဲ့ တာအိုသက်သေပြခြင်းလား။”

"လောကအားလုံး၏ အရင်းအမြစ်၊ အရာခပ်သိမ်း၏ အခြေခံအုတ်မြစ်၊ အလုံးစုံတို့၏ ကနဦးအစ၊ မဟာတာအို၏ မူလဘူတ၊ ကမ္ဘာဦးဖရိုဖရဲ။"

ဂလု!

"ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်ဆိုတဲ့အတိုင်းပဲ။”

“…”

ကောင်းကင်ပညာရှိလောက၏အထက်ကမ္ဘာအင်မော်တယ်ဘုရင်များသည် အံ့ဩသွားခဲ့၏။

ထူးခြားဖြစ်စဉ်က အကန့်အသတ်ထိတိုးလာပြီးနောက်မှာ ကောင်းကင်ဉာဏ်အလင်းလောကနဲ့ကောင်းကင်ပညာရှိလောကကို သက်ရောက်လာသည်။ ၎င်းတို့က ဖြေးညှင်းစွာပေါင်းစပ်သွားသည်။ ထူးခြားဖြစ်စဉ်ပေါ်လာပြီး ခမ်းနားမှုက ဖြေးညှင်းစွာထွက်ပေါ်လာလာသည်။

ရုတ်တရက် မထင်ထားခဲ့သည့်ကိစ္စတစ်ခုဖြစ်လာည်။

"အလောကအားလုံး၏ အရင်းအမြစ်။ လောကအားလုံး၏ အရင်းအမြစ်။ အလုံးစုံတို့၏ ကနဦးအစ။ မဟာတာအို၏ မူလဘူတ။ ဟားဟား...ရယ်ဖို့ကောင်းလိုက်တဲ့ကမ္ဘာဦးဖရိုဖရဲ။ မဟာတာအိုရဲ့မူလဘူတလား။"

"‌မောက်မာလိုက်တာ။"

ရုတ်တရက် အသံတစ်သံက အတားအဆီးအလွှာများကိုဖြတ်ကျော်သွားခဲ့ပြီး ကောင်းကင်ဉာဏ်အလင်းလောကနှင့်ကောင်းကင်ပညာရှိလောက အပြင်ဘက်တွင် ထွက်ပေါ်လာခဲ့သည်။ ကောင်းကင်ပညာရှိလောကတွင် ရွှေရောင်အလင်းတန်းများပေါ်လာသည်။

ချက်ချင်းဆိုသလိုပင် ရွှေရောင်ကောင်းကင်တာအိုဓားတစ်ချောင်းပေါ်လာသည်။ ဓားကိုယ်ထည်ပေါ်တွင် မရေမတွင်နိုင်သောရွှေဓားချီနှင့်ဓားအလင်းတန်းတို့မှာ မှိတ်တုတ်၊မှိတ်တုတ်လင်းလာခဲ့သည်။

မရေမတွက်နိုင်သောရွှေရောင်ဓားချီများနှင့်ဓားအလင်းများအဆက်မပြတ်ပေါ်ထွက်လာခဲ့သည်။ ဓားချီသည် နဂါး၊ကျား၊တောင်၊မြစ်၊ဥပဒေသ၊စည်းမျဉ်း၊ကောင်းကင်တာအိုနှင့် အရာခပ်သိမ်းအဖြစ်ပြောင်းလဲသွားတော့သည်။

ဓားတာအိုထူးခြားဖြစ်စဉ်လည်း အကန့်အသတ်ထိရောက်သွားတော့သည်။ ၎င်းက ဥပဒေသကောင်းကင်အရှင်၏စွမ်းအားဖြစ်သည်။

ချီမင်၏ကမ္ဘာဦးဖရိုဖရဲဖြစ်စဉ်က ရုတ်တရက် ဓားတာအိုထူးခြားဖြစ်စဉ်အဖြစ် ပြောင်းလဲသွားတော့သည်။

ကောင်းကင်ဉာဏ်အလင်းလောကနှင့်ကောင်းကင်ပညာရှိလောကတို့ တုန်လှုပ်သွားခဲ့ရသည်။ ကမ္ဘာကကြီးကတုန်ခါသွားခဲ့ပြီး ဖရိုဖရဲချီများ ဝင်ရောက်လာသည်။

"ကောင်းကင်ပညာရှိဓားအရှင်ကို ဂါဝရပြုပါတယ်။"

"ကျွန်တော်တို့ ကောင်းကင်ပညာရှိဓားအရှင်ကို ကြိုဆိုပါတယ်။"

“…”

ကောင်းကင်ပညာရှိမဟာမိတ်တွင် ကောင်းကင်ပညာရှိအရှင်က အထက်ကမ္ဘာအင်မော်တယ်ဘုရင်၊မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်တို့ကိုဦးဆောင်လျက် ရုတ်တရက်ပေါ်လာသည့်ရွှေရောင်ပုံရိပ်ကို ဦးညွှတ်လိုက်သည်။ သူတို့၏အသံများက လေးစားရိပ်များဖြင့် ပြည့်နှက်နေခဲ့သည်။

ဖရိုဖရဲကိုဖြတ်ကာ ကောင်းကင်ပညာရှိလောကသို့ဝင်ရောက်လာသော ရွှေရောင်ပုံရိပ်က ကောင်းကင်ပညာရှိလောက၌ တာအိုသစ်သီးပိုင်ဆိုင်ခဲ့သော ကောင်းကင်ပညာရှိဓားအရှင်ဖြစ်သည်။

"ဂါဝရပြုပါတယ် သခင်။" ကောင်းကင်ပညာရှိအရှင်က ဦးညွှတ်ကာ လေးစားစွာပြောသည်။ "ဆရာသခင် ပြန်လာခဲ့ပြီပဲ။"

ကောင်းကင်ပညာရှိဓားအရှင်က ထိုသူကကိုကြည့်ကာ ထူးမခြားနားစွာပြောသည်။"နှစ်တွေအများကြီးကြာခဲ့ပြီ။မင်းက အများကြီးမတိုးတက်လာသေးဘူးပဲ။ နောက်ဆုံးခေတ်ကာလကပ်ဘေးဒုက္ခမှာ မင်းက ကပ်ဘေးဒုက္ခကိုသုံးပြီး တာအိုသက်သေပြခြင်းသစ်သီးကိုမသိပ်သည်းနိုင်ခဲ့ဘူး။ မင်း ငါ့ကို တကယ်စိတ်ပျက်သွားစေတယ်။"

"ကျွန်တော်က ဉာဏ်နှေးပါတယ်။ ဆရာ ကျေးဇူးပြုပြီး အပြစ်ပေးပါ။" ကောင်းကင်ပညာရှိအရှင်က ကြောက်လန့်တကြားပြောသည်။

"ထားလိုက်တော့။" ကောင်းကင်ပညာရှိဓားအရှင် လက်ခါပြကာဆိုသည်။"ကောင်းကင်ပညာရှိလောက နဲ့ကောင်းကင်ဉာဏ်အလင်းလောက ကရုတ်တရက်ကြီးချိတ်ဆက်သွားတာပဲ။ ဟင်းလင်းပြင်လမ်းကြောင်းတောင်ဖွဲ့စည်းပြီး ပေါင်းစပ်နေကြောင်းဖော်ပြထားတာပဲ။"

"ငါ ထင်တာသာမှန်မယ်ဆိုရင် လောကနှစ်ခုပေါင်းစပ်သွားပြီးရင် သေချာပေါက်တာအိုမူလအစမိုင်းတစ်ခုပေါ်လာလိမ့်မယ်။ တာအိုမူလအစမိုင်းပေါ်လာရင် ဖရိုဖရဲနတ်ဆိုးဘုရားတွေပါ ပေါ်လာလိမ့်မယ်။"

"ငါ ဒီတစ်ကြိမ်ပြန်လာတာက ကောင်းကင်ဉာဏ်အလင်းလောကနဲ့ကောင်းကင်ပညာရှိလောကကို ထိန်းချုပ်ဖို့ပဲ။"

"ငါ မထင်ထားဘူး။"

"ငါပြန်လာတော့မှ ကောင်းကင်ဉာဏ်အလင်းလောကမှာ ဥပဒေသကောင်းကင်အရှင်တစ်ပါး မွေးဖွားလာတယ်။ သူ့ရဲ့တာအိုသက်သေပြခြင်းပွဲကလည်း အရမ်းကိုကြီးကျယ်တယ်။ သူက ပထမအဆင့်ဥပဒေသကောင်းကင်အရှင်ဖြစ်လာတာနဲ့ပဲ မဟာတာအိုကိုစူးစမ်းချင်နေတယ်။"

"သူက ကိုယ့်နေရာကိုယ်မသိဘူး။"

"ကမ္ဘာဦးဖရိုဖရဲ။"

"ရယ်ဖို့ကောင်းတယ်။ ငါ ဘယ်တုန်းကမှ မကြားခဲ့ဖူးဘူး။"

ထိုအခိုက်တွင် ချီမင်၏ကမ္ဘာဦးဖရိုဖရဲထူးခြားဖြစ်စဉ်သည် စုဆုံလာခဲ့ပြီး ကောင်းကင်ပညာရှိဓားအရှင်၏ဓားတာအိုထူးခြားဖြစ်စဉ်လည်း ပျောက်ကွယ်သွားခဲ့သည်။ ကောင်းကင်ဉာဏ်အလင်းလောကနှင့်ကောင်းကင်ပညာရှိလောကတို့က ပုံမှန်အတိုင်းပြန် ဖြစ်သွားဟန်ရှိသည်။

တကယ်တော့ ချီမင်သည် ကောင်းကင်ပညာရှိလောက၌ ဥပဒေသကောင်းကင်ပညာအရှင်ရောက်လာကတည်းက အာရုံခံမိသွားခဲ့တာဖြစ်သည်။

သူက ကောင်းကင်ပညာရှိဓားအရှင်၏လှောင်ပြောင်သောစကားလုံးများကိုကြားလိုက်သည်။

ကောင်းကင်ပညာရှိအရှင်က ချီမင်၏အကြောင်းကို ကောင်းကင်ပညာရှိဓားအရှင်အား ပြောလိုက်သည်။"ကောင်းကင်ဉာဏ်အလင်းဧကရာဇ်က အရမ်းသန်မာတယ်။ သူက အထက်ကမ္ဘာအင်မော်တယ်ဘုရင်အဆင့်တုန်းကဆို သူတစ်ယောက်တည်းနဲ့ ကောင်းကင်ပညာရှိမဟာမိတ်ကိုဖိနှိပ်ခဲ့တာ။"

"အခု သူက ဥပဒေသကောင်းကင်အရှင်တစ်ပါးဖြစ်လာပြီ။ သူ့ခွန်အားက အတော်လေးတိုးလာလောက်တယ်။"

"စိုးရိမ်စရာမလိုဘူး။" ကောင်းကင်ပညာရှိဓားအရှင်က လက်ဝေ့ယမ်းကာဆိုသည်။"ဘယ်လောက်ပဲစွမ်းအားကြီးကြီး သူက ဥပဒေသကောင်းကင်အရှင်ပထမအဆင့်ပဲရှိသေးတယ်။ သူ့ရဲ့တာအိုသစ်သီးက အဆင့်တစ်ပဲရှိသေးတယ်။ငါက အဆင့်နှစ်ရောက်နေပြီ။ ငါက တာအိုသစ်သီးနယ်ပယ်တတိယအဆင့်ကိုရောက်တော့မှာ။ သူ့ကိုဖြေရှင်းဖို့ဆိုတာ လွယ်လွယ်လေးပဲ။"

"အချိန်ကျလာရင်..."

"ငါ တာအိုမူလအစမိုင်းတွင်းပေါ်မလာခင် ကောင်းကင်ပညာရှိလောကနဲ့ကောင်းကင်ဉာဏ်အလင်းလောက ပေါင်းစပ်မှုကို အရှိန်မြင့်ရမယ်။ အဲ့ဒီအချိန်ကျရင် ငါ ဖရိုဖရဲနတ်ဆိုးဘုရားတစ်ပါးကိုတောင် သတ်နိုင်တယ်။"

"ဆရာရဲ့ခွန်အားက ထူးခြားလှပါတယ်။ ဆရာက ကိုယ်တိုင်ဆောင်ရွက်မယ်ဆိုမှတော့ ကျိန်းသေပေါက်လွယ်ကူမှာပါ။ သဘာဝအတိုင်း ကောင်းကင်ဉာဏ်အလင်းအင်မော်တယ်ဧကရာဇ်ကို အလွယ်တကူဖြေရှင်းနိုင်ပါလိမ့်မယ်။" ကောင်းကင်ပညာရှိအရှင်က ချက်ချင်းပဲ ချီးကျူးလိုက်သည်။

"ဟားဟားဟား..."ကောင်းကင်ပညာရှိဓားအရှင်က ရယ်မောလိုက်၏။

သူက ရှေ့တစ်လှမ်းတိုးကာ ရွှေရောင်ဓားအလင်းတစ်ချက်အဖြစ်ပြောင်းလဲသွားခဲ့သည်။ ချက်ချင်းပဲ သူက ကောင်းကင်ပညာရှိလောကမှထွက်ခွာကာ ကောင်းကင်ဉာဏ်အလင်းလောကထဲသို့ဝင်သွားပြီး ချီမင်၏အရှိန်အဝါကိုရှာဖွေလိုက်သည်။

အတွေးတစ်ချက်ဖြင့် ချီမင်က အာရုံခံမိသွားလိုက်သည်။ သူက လက်နှစ်ဖက်ကိုနောက်ပစ်ကာ ရှေ့သို့ကြည့်လိုက်သည်။ သူကလေထုထဲ၌ရွှေရောင်ဓားအလင်းတစ်ချက်ကို ရှင်းလင်းစွာမြင်လိုက်ရသည်။

မျက်စိတစ်မှိတ်အတွင်းမှာ ကောင်းကင်ပညာရှိဓားအရှင်က ချီမင်၏ရှေ့သို့ရောက်လာသည်။

"ဧည့်သည်တစ်ယောက်ရောက်လာတာပဲ။" ချီမင်က သာမန်မျှသာပြောသည်။"ဒါပေမဲ့ ဒီဧည့်သည်က ဧည့်သည်လာလုပ်ရုံပဲမဟုတ်ဘူးထင်တယ်။"

"မင်းက ကောင်းကင်ဉာဏ်အလင်းအင်မော်တယ်ဧကရာဇ်လား။"

ကောင်းကင်ပညာရှိဓားအရှင်၏မထူးမခြားနားသောအကြည့်က ချီမင်ပေါ်သို့ကျရောက်လာသည်။ သူက ဥပဒေသကောင်းကင်အရှင်ပထမအဆင့်သာဖြစ်မှန်းအတည်ပြုပြီးနောက်မှာ သူက လုံးဝစိတ်သက်သာရာရသွားခဲ့သည်။

"အဲ့ဒါက ကျုပ်ပဲ။" ချီမင်က ပြန်ဖြေသည်။

“အရမ်းကောင်းတယ်။” ကောင်းကင်ပညာရှိဓားအရှင်ကဆိုသည်။"မင်းကျင့်ကြံခြင်းအဆင့်က ဒီအထိရောက်လာဖို့ဆိုတာ မလွယ်ဘူး။ငါမင်းကို အသက်ရှင်ဖို့အခွင့်အရေးတစ်ခုပေးမယ်။ အခုချက်ချင်း ကောင်းကင်ဉာဏ်အလင်းလောကထဲကနေထွက်သွား။ ဒီနေ့ကစပြီး ကောင်းကင်ဉာဏ်အလင်းလောကနဲ့ကောင်းကင်ပညာရှိလောက ကငါ့ရဲ့တာအိုနယ်ပယ်ပဲ။"

"မသွားလို့ရှိရင်တော့..."

"ငါ့ရဲ့ကောင်းကင်ဓားသွားနဲ့ မင်းရဲ့တာအိုသစ်သီးကိုဖြတ်တောက်ပစ်မယ်။"

All Chapters